《Tomorrow》Tomorrow Part-11 (Z+U)

Advertisement

#ZAWGYI









"No....၀င်​မပြိုင်​ချင်​ဘူး..."






"Yah....."

"Sir....."



"Yes Ros...."




'Chaw ၀င်​ပြိုင်​ပါမယ်​....'


"Pabo...."



"Yah Ros.....Yah မ​ပြေးနဲ့....."










"ငါ​တောင်းပန်​ပါတယ်​..... "

Joy ​ပြောလိုက်​သည်​။











#tbc

#Unicode

စုံညီပွဲတော်နဲ့ ပတ်သက်ပြီး ကျောင်းသား ခေါင်းဆောင်တွေအကုန် Meeting Roomထဲသို့ ရောက်နေကြသည် .....

Advertisement

စုံညီပွဲတော်တွင် သီချင်းဆို ပြိုင်ပွဲလုပ်ပေးပြီး အနိုင်ရသူကို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ကြရာ......Rosမှာ သူတို့ ဒုတိယနှစ် ကျောင်းသူတွေ အနိုင်ရဖို့ Lisaကို သတိရမိသွားသည် ဒါပေမယ့် Lisaက လက်ခံမှာ မဟုတ်ဘူးဆိုတာ သိနေ၏

အတန်းအချိန်တွင် Rosနဲ့ Lisa အတန်းတက်ချိန် တစ်ချိန်တူလေ၏

Lisa ဘေးနား Ros သွားထိုင်တော့ Lisaမှာ စိတ်ထဲ ထူးဆန်းနေသလို ခံစားနေရ၏

ခဏကြာတော့ အတန်းထဲသို့ ဆရာဝင်လာလေသည်။

"မကြာခင် ကျောင်းစုံညီပွဲတော်လုပ်မှာ......ဒီထဲက အစီအစဉ် ကြော်ငြာမယ့်သူနဲ့ အဆိုပြိုင်ပွဲထဲ ဝင်ပါမယ့်သူရှိလား......"

"Lisa နင် ဝင်ပြိုင်သင့်တယ်....."

Ros တိုးတိုးလေး ပြောလိုက်သည်

"No....ဝင်မပြိုင်ချင်ဘူး..."

"ပြိုင်လိုက်ပါ နင်နိုင်မှာသေချာတယ်....."

Lisa ကို Ros ဖျောင်းဖျနေ၏

"နိုင်တာတွေ မနိုင်တာတွေ စိတ်မဝင်စားဘူး မပြိုင်နိုင်ဘူး ok...."

Ros သူ့ဖုန်းကို ထုတ်လိုက်ပြီး jisooဆီက ယူလာတဲ့ ရိုလာကိုစတာစီးတုံးက အသေအကြေအော်နေတဲ့ Lisa ရဲ့ Image ပျက်တဲ့ ပုံတွေ ထုတ်ပြလိုက်သည်

Lisa လွယ်လွယ်နဲ့ လက်မခံမှန်း သိလို့ Jisooဆီက ပုံတွေကို Ros ယူလာခဲ့သည်

"Yah....."

"Sir....."

Ros မတ်တပ်ရပ်လိုက်သည်

အတန်းထဲက ကျောင်းသူအားလုံးက Rosကို ဝိုင်းကြည့်နေကြသည် Lisaကတော့ Rosကို မျက်စောင်းထိုးကာ ကြည့်နေ၏

"Yes Ros...."

" သီချင်းဆို ပြိုင်ပွဲအတွက် တစ်စုံတစ်ယောက်ကို Recommend ပေးချင်လို့ပါ...."

"ဘယ်သူလဲ.. .ကျောင်းသားကောင်စီ ကိုယ်တိုင်က Recommend ပေးတယ်ဆိုတော့ အဲ့တစ်ယောက်က တော်တော်လေး ကောင်းလို့ ဖြစ်မယ်....

Lisaကို Rosကြည့်ပြီး မျက်ခုံးပင့်ပြတော့ Lisa သက်ပြင်းချပြီး မတ်တပ်ထရပ်ကာ

'Chaw ဝင်ပြိုင်ပါမယ်....'

Lisaလည်း ထရပ်ရော တစ်တန်းလုံးက လက်ခုပ်တီးကြလေသည်

"Pabo...."

Lisa တိုးတိုးလေး ပြောလိုက်သည်

အတန်းချိန်လည်းပြီးရော Lisa တစ်ယောက် သူ့ကို လိုက်လုပ်တော့မယ်ဆိုတာ သိလို့ Rosတစ်ယောက် ဆရာလည်းထွက်ရော အိတ်ကို အမြန်ကောက်လွယ်ကာ ပြေးလေ၏

"Yah Ros.....Yah မပြေးနဲ့....."

Rosကတော့ ရယ်ရင်း ပြေးလေ၏

ရုတ်တရက် ပြေးရာမှ Ros ရပ်သွားတယ်.....Lisaကတော့ Rosလက်ထဲက ဖုန်းကို ဆွဲယူပြီး သူ့ပုံတွေဖျက်နေ၏

Lisa ပုံတွေဖျက်ပြီးမှ သတိထားမိတာက သူတို့ရှေ့မှာ ရပ်နေသူက Joy ဖြစ်နေသည်။ ဒါကြောင့်လည်း Rosပြေးနေရာက ရပ်ပြီး သူ့လက်ထဲက ဖုန်းကို ဆွဲယူတာတောင် ပြန်မလုတာကိုး.....

"Ros...ငါတို့ စကားပြောလို့ရလား...."

"Rosရော ဒီမှာ နင့်ဖုန်း ငါ သွားတော့မယ်.. .."

Ros လက်ထဲ ဖုန်းထည့်ပြီး Lisa ထွက်သွားလေ၏

Rosနဲ့ စကားပြောဖို့ Joy တစ်ယောက် ကျောင်းခေါင်မိုးထပ်သို့ တက်လာလေသည်.....

Joy ဘက်က စကား တစ်ခွန်းမှ မပြောဘဲ ငြိမ်နေလို့ သူ့ကို လမ်းခွဲဖို့ စဉ်းစားနေတာလားဆိုပြီး Ros စိုးရိမ်နေ၏ ....

သို့သော် ရုတ်တရက် Joyက သူ့ကို ဆွဲဖက်သောကြောင့် Ros အံ့သြသွားတယ်....

"ငါတောင်းပန်ပါတယ်..... "

Joy ပြောလိုက်သည်။

"No....ငါ့အမှားတွေပါ ငါကသာ တောင်းပန်ရမယ့် သူပါ...."

Ros ရဲ့ မျက်ရည်တွေကို Joy သုတ်ပေးပြီး

"အရူးမလေး ဘာလို့ ငိုနေတာလည်း....."

"နင်....နင် ငါ့ကို လမ်းခွဲဖို့ ပြောမလို့လားဆိုပြီး တွေးမိလို့ပါ.. ..."

"No...ငါ နင့်ကို လမ်းခွဲဖို့ တစ်ခါမှ မတွေးဖူးဘူး ....အရင်ရက်ပိုင်းက နင့်ကို စကားမပြောဘဲ နေမိလို့ ငါ တကယ် တောင်းပန်ပါတယ်...."

"နင့်အမေရဲ့ နှစ်ပတ်လည်ကို ငါ မေ့သွားလို့ တောင်းပန်ပါတယ်....."

တစ်ယောက်နဲ့ တစ်ယောက် တောင်းပန်စကားတွေ ပြောပြီး နောက် ပြန်အဆင်ပြေ သွားကြလေသည်

"Joy....ဒါ ငါတို့ ပထမဆုံး ရန်ဖြစ်တာဘဲနော်......"

'Omm ဟုတ်တယ်....ဒါပေမယ့် ရန်ဖြစ်ပြီးနောက်ပိုင်း နင့်ကို ပိုချစ်လာတယ် Ros......."

Rosရဲ့ နဖူးကို နမ်းပြီး Joy ပြောလိုက်သည်

#TBC

    people are reading<Tomorrow>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click