《Tomorrow》Tomorrow Part-5 (Z+U)

Advertisement

#Zawgyi












"ငါ...ငါလည်း မသိ​တော့ဘူး....."





"မရှိပါဘူး......."





"I'm sorry Ros...."






~~~~±~~~~~~±±~~~~~~±~~~~~~~











"Lisa...."






"Ros....ငါ...."





"Ros...ငါ့စာ ​တွေ့လား....."

"Omm.....​တွေ့တယ်​...."






#tbc

#Unicode

Lisa နဲ့ Ros တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေတာ မိနစ်အနည်းငယ်ကြာနေပြီ.....

Rosဘက်က ပြောမလားဆိုပြီး Lisa စောင့်နေပေမယ့် Rosဘက်က ဘာမှမပြောချေ......

"Seulgi တို့စောင့်နေတာ.....သွားတော့မယ်...."

သူ့ဘေးက ဖြတ်သွားတဲ့ Lisaရဲ့ လက်ကို Ros လှမ်းဆွဲလိုက်သည်။

Advertisement

"Joyက သူ့ချစ်သူဖြစ်နိုင်မလားဆိုပြီး ငါ့ကို မေးတယ်....."

Ros ရဲ့ စကားကြောင့် Lisa ဘာပြန်ပြောရမှန်းမသိပေ......

"အဲ့တာ ငါနဲ့ ဘာဆိုင်လို့ ငါ့ကို လာပြောပြနေတာလည်း...."

Lisa ရုပ်တည်နဲ့ မေးလိုက်သည်။

"ငါ သူ့ကို အဖြေပြန်ပေးလိုက်သင့်လား Lisa...."

Lisaရဲ့ မေးခွန်းကို ပြန်မဖြေဘဲ Ros ထပ်မေးလိုက်သည်။

"အဲ့တာ ငါနဲ့ ဘာဆိုင်လို့လည်း နင့်သဘောလေ....နင်ပေးချင်ပေးပေါ့ "

"ငါ...ငါလည်း မသိတော့ဘူး....."

သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုက ကြီးစိုးလာတယ်......ခဏကြာမှ Ros ရဲ့ ခေါင်းကို Lisa လက်ညှိုးလေးနဲ့ ဖွဖွလေး ထိုးပြီး

"အရူးမ....နင်လည်း သူ့ကို သဘောကျနေတာ မဟုတ်လား....လက်ခံလိုက်လေ....."

Lisa ရဲ့ လက်ကို Ros တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး

"နင်ရော....နင်ရော လိုချင် တာရှိလား...."

"မရှိပါဘူး......."

Lisa မျက်မှောင်ကြုတ်ကာ ဖြေလိုက်သည်။

"ဒါဆို ဘာလို့ ဒီမှာ ရှိနေတာလည်း ...."

"ခုန ပြောသလိုဘဲ ငါ့အမေကို ကူညီပေးရင်း ဒီရှေ့ကဖြတ်သွားတာ Seulgiတို့က ငါ့ကိုတွေ့ပြီး ဒီကိုခေါ်လာတာ ဒါဘဲ...."

Rosရဲ့ လက်ကို ဖယ်ပြီး Lisa အိမ်သာကနေ ထွက်လာလိုက်သည်။

"I'm sorry Ros...."

Lisa အိမ်သာက ထွက်မလာခင် တိုးတိုးလေး ရေရွတ်လိုက်သည်

Seulgiတို့ဆီ ရောက်တော့

"Sorry guys....Ommaက ဖုန်းဆက်ခေါ်နေလို့ သွားတော့မယ်....ကျေးဇူး.. .."

Lisa ပြောပြီး ဆိုင်ထဲက ထွက်လာလိုက်သည်။

Rosကတော့ ဘာကြောင့်မှန်းမသိ ကျလာတဲ့မျက်ရည်တွေကို သုတ်ပြီး Seulgiတို့အတွက် မုန့်တွေပြင်ဆင်ပေးလိုက်သည်။

~~~~±~~~~~~±±~~~~~~±~~~~~~~

P.Eအချိန်တွင် Rosတစ်ယောက် ရေကူးဝတ်စုံနဲ့ ရေကူးလေ့ကျင့်နေ၏

ရေကူးလေ့ကျင့်ပြီး ခဏကြာတော့ ရေကူးကန်ကနေ အပေါ်ကို တက်လာလေ၏

Rosရဲ့ ရေတွေစိုနေတဲ့ ခန္ဓာကိုယ် အလှအပကို ကောင်မလေးတော်တော်များများက ငေးကြည့်နေကျ၏

"Ros.....အရမ်းလှတာဘဲ...မိန်းကလေးချင်းတောင် ကြွေတယ်....."

Rosလည်း lockerဘက်ကို သွားတော့ သူ့ lockerမှာ စာတစ်စောင်ကပ်ထားတာကို တွေ့လိုက်ရသည်

💌Ros.....ငါတို့ ညကျ ငါ့အိမ်မှာ ရုပ်ရှင်ကြည့်ရအောင်...

Joyရဲ့ လက်ရေးမှန်းသိတော့ Ros ပြုံးပြီး စာရွက်ကို သိမ်းလိုက်သည်။

ထိုစဉ် သူ့ကိုယ်ပေါ်သို့ တဘတ်တစ်ထည်ရောက်လာ၏

"Ash....ကျောင်းက ရေကူးဝတ်စုံတွေကလည်း ဘယ်လိုမှန်းမသိ ပါးလိုက်တာ...."

Ros လှည့်ကြည့်တော့ Lisaဖြစ်နေသည်။

"Lisa...."

"ရေစိုကြီးနဲ့ ရပ်မနေနဲ့လေ...ဖျားလိမ့်မယ် အမြန်အဝတ်လဲလိုက်...."

Rosလည်း ခေါင်းညိတ်ပြပြီး အဝတ်လဲခန်းထဲ ပြေးဝင်သွားတယ်

ခဏကြာတော့ ကျောင်းဝတ်စုံဝတ်ပြီး Rosပြန်ထွက်လာ၏

"အာ.....ဟိုတနေ့က ကော်ဖီဆိုင်က ငါ့အပြုအမူတွေ အတွက် တောင်းပန်ပါတယ်....."

Ros တောင်းပန်စကားပြောလိုက်သည်။

"Ros....ငါ...."

"Please မေ့လိုက်ပါနော်....."

Lisa ပြောစရာတွေ ရှိပေမယ့်လည်း Ros စကားကြောင့် ဘာမှပြန်မပြောဘဲ နှုတ်ပိတ်နေမိသွားတယ်....

Rosကလည်း သူပြောချင်တာ ပြောပြီး ထွက်သွားလေသည်။

ထိုစဉ် Joyရဲ့ ကားရောက်လာပြီး ကားထဲကနေ Joy ထွက်လာတယ်....

"Ros...ငါ့စာ တွေ့လား....."

"Omm.....တွေ့တယ်...."

"ဒါဆိုလည်း သွားကြစို့....အဝတ်တွေ ပစ္စည်းတွေ အားလုံးပါတယ် မဟုတ်လား....ဒီက ညနေငါးနာရီကျ သော့ခတ်တယ်လို့ ပြောကြတယ်...."

"အင်း အကုန်လုံး ပါပြီ....သွားကြစို့...."

Rosရဲ့ ပါးဖောင်းဖောင်းလေးကို Joy ဆွဲညှစ်ပြီး ကားတံခါးဖွင့်ပေးလိုက်သည်။

Rosလည်း ရယ်ပြီး ကားပေါ်တက်သွားလေသည်။

Lisaကတော့ သူတို့ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

#TBC

    people are reading<Tomorrow>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click