《A small cloud (Complete )》၁၅
Advertisement
ရှောင်းကျန့်သည် ငှက်မွှေးလေးလိုပေါ့ပါးသည့်စိတ်အစဉ်ဖြင့် တစ်နေကုန် ပျော်ရွှင်နေခဲ့သည်။
ကျောင်းဆင်းချိန်ရောက်သည်နှင့် အတန်းရှေ့မှာ လာရပ်စောင့်နေသည့်
ကိုကို ။
"ကျန့်ကျန့် ဒီနေ့ အိမ်ကလာမကြိုနိုင်ဘူးတဲ့ Driver က လေးရှောင်းရဲ့ဂျပန်က ဧည့်သည်ကို သွားကြိုဖို့ရှိလို့တဲ့ ''
ရှောင်းကျန့်စိတ်ထဲက အပျော်တွေက အပြင်မှာထိ ထွက်ပေါ်လာသည်။
သူ လွမ်းနေသည့် ဦးနဲ့ တွေ့ရတော့မည်
ဦးကို သူသိပ်ကိုခင်ပါသည်။ လိုချင်တာဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပေးရအောင်ဝယ်ပေးသည့် ဦးကို အမှန်အတိုင်းပြောရရင် စိတ်ကစားမိပါသည်။
သို့သော် နောက်ထပ်မမှားချင်တာကြောင့် ဘယ်သူ့ကိုမှ မချစ်မိအောင် ရှောင်းကျန့်က ကိုယ့်ကိုယ်ကို သတိပြန်ပေးတတ်သည်။
"ကျန့်ကျန့် ဘာတွေးနေတာလဲ ကိုကိုနဲ့ ပြန်ရအောင် ''
"အာ ဟုတ် ''
ယွီချန်၏ အပြာရောင်ကားလေးထဲ ရှောင့းကျန့်ဝင်ထိုင်လိုက်သည်။
ကိုကိုက Model လို့မပြောရဘူး အရမ်းအလှမက်တာပဲ ကားထဲမှာလည်း
သခွားမွှေးနံ့လေးကသင်းလို့ ။
"အား အိပ်ချင်တယ် ကိုကို အိမ်ရောက်ရင် ကျန့်ကျန့်ကို နိူးနော် ''
"အင်း ခဏ ''
ယွီချန်က သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးလိုက်သည်။
"ရပြီ အိပ်တော့ ''
"ဟုတ် ''
သွားကြီးဖြီးကာ ရယ်လာသည့် ကောင်လေး၏ ခေါင်းပေါ် လက်တို့က သစ္စာဖောက်ကာ ရောက်သွားသည်။
အမြန်လက်ကိုပြန်သိမ်းပြီး ကားကိုစက်နိူးကာ မောင်းထွက်ခဲ့သည်။
ကျောင်းက လူအချို့က ရှောင်းကျန့်နဲ့ယွီချန်၏ အတွင်းရေးကို စိတ်ဝင်တစား ပြောကြသည်။
ဟဲ့ တွေ့လိုက်လား စီနီယာ ရိပေါ်ကို အပြတ်ချေတဲ့ကောင်လေးက စီနီယာ ယွီချန်ကို ကိုကို လို့ခေါ်တာ
အေး ပြီးတော့ ပြုံးနေတာပဲ
သူကျတော့ ကံကောင်းလိုက်တာ ကျောင်းရဲ့ Kings သုံးယောက်ရဲ့အချစ်တွေကိုရတယ်
အေးဟယ် စီနီယာ လီဟွိုက် တော့ အသည်းကွဲပြီပဲ
ဘာထူးလဲ စီနီယာ ရိပေါ်လည်း
အတူတူပဲလေ
တကျိတ်ကျိတ်ပြောကာ ထွက်သွားသော ကျောင်းသူအုပ်စုကို စိတ်လေသလို ကြည့်နေသူက လီဟွိုက် ။
ငါက အသည်းကွဲရမယ် ရူးနေလို့ အသည်းကွဲရမှာလား အနည်းဆုံးတော့ အချစ်ကိုမရရင်တောင် လူကိုရအောင်လုပ်မှာပေါ့ အဟက်
.....................
ရိပေါ်သည် နေ့ခင်းကတည်းက အိမ်ကိုပြန်လာခဲ့သည် ။
Bunny ကိုအပိုင်ရဖို့ နည်းလမ်းများကို ရှာဖွေပြီး စီမံကိန်းရေးဆွဲနေခြင်းမှာ တစ်နေကုန်ပင်ဖြစ်သည်။
ဘေးအိမ်မှ ကားသံကြား၍ လှမ်းကြည့်လိုက်သည်။
သူ၏ ပြိုင်ဘက်ယွီချန်နှင့်အတူ ကားပေါ်မှာ ခေါင်းစုတ်ဖွား အိပ်ချင်းမူးတူးဆင်းလာသည့် Bunny
ယွိချန် နဲ့ သူက အဲ့လောက်ထိ ရင်းနှီးတာလား ဘာလဲ သူတို့က တစ်အိမ်ထဲ ရှောင်းယွီချန် ရှောင်းကျန့် ဒါဆို သူတို့က ညီအစ်ကိုတွေလား
ယွီချန်ရဲ့ အကြည့်က Bunnyကို ညီတစ်ယောက်လိုကြည့်တာမဟုတ်ဘူး မွေးစားသားတွေလား
ရိပေါ်မှာတော့ အတွေးပေါင်းမြောက်များစွာဖြင့် ခေါင်းရှုပ်နေရသည်။
မကြာမီ ကြားလိုက်ရသည့် ကားသံနဲ့အတူ အသံစူးစူးလေးကြောင့် ရိပေါ် တွေးလက်စကိုရပ်ကာ တစ်ဖက်အိမ်ကိုလှမ်းကြည့်လိုက်သည်။
Bunny သည် ခပ်ချောချောအမျိုးသားတစ်ဦးအား ပြေးဖက်ကာ ကလေးလေးလို ချွဲနေသည်။
ရိပေါ် တံတွေးမျိုချလိုက်မိသည်။
ဒီလူကရော ဘယ်သူလဲ Bunny နဲ့ ဘာတော်စပ်တာလဲ ဘယ်လိုပတ်သတ်နေတာလဲ ကြည့်ရသည်က သိပ်ကိုရင်းနှီးပုံပင်
ယွီချန် ရဲ့မျက်နှာက အလိုမကျမှုတို့အထင်းသား ပေါ်လွင်နေတာကြောင့်
ရိပေါ် နောက်တစ်ဖန် ခေါင်းရှုပ်ရပြန်သည်။
မင်းအကြောင်းတွေက ရှုပ်ထွေးလိုက်တာ Bunny ရာ
ထိုစဉ် ချစ်လှစွာသော ပါးပါးဆီက ဖုန်းဝင်လာသည်။
"ဝေ ဘာလဲ ''
(ဒီနေ့ ည အိမ်ပြန်ခဲ့ မိတ်ဆက်ပေးစရာရှိတယ်)
"ကျွန်တော်က ခင်ဗျားအတွက် အရေးမပါတဲ့လူမလား ဘာလို့ အိမ်ပြန်လာစေချင်တာလဲ ဘယ်သူနဲ့မိတ်ဆက်ပေးဖို့လဲ ဝမ်ဥက္ကဌ ''
(ဝမ်ရိပေါ် ငါ့ကို မရွဲ့နဲ့ ပြန်ခဲ့ဆိုပြန်ခဲ့
ငါ့ကို ဘာမှ အတွန့်တက်အညှောင့်ပေါက်မပြနဲ့)
"ကောင်းပြီ ကျွန်တော်လာခဲ့ပါ့မယ် ဝမ်သူဋ္ဌေးကြီး အမိန့်အတိုင်းပါ ''
တစ်ဖက်က တောက်ခေါက်သံကို ကြားဖြစ်အောင်ကြားလိုက်ရသည်။ တစ်ခစ်ခစ်ရယ်ကာ ပလူးပလဲချွဲနေတဲ့ မိန်းမငယ်လေး ရဲ့ အသံကိုလည်း ရိပေါ်အပိုဆောင်းကြားလိုက်ရပါသည်။
ထို့နောက် ဝူယွမ်တို့နဲ့ချိန်းထားသည့်
Club သို့ အချစ်တော် သမီးလေးကို စီးကာ ထွက်လာခဲ့သည်။
.....................
ရှောင်းကျန့်ရဲ့ အသံလေးက အိမ်ကြီး၏ မြောက်ဘက် ပန်းခြံထဲမှာ တစ်ဆာဆာ ထွက်ပေါ်နေလေသည်။
"ဦး မနက်ဖြန် စနေ တနင်္ဂနွေ ဆိုတော့ ကျန့်ကျန့် ကျောင်းအားတယ် ဦးသွားချင်တဲ့နေရာတွေ ကျန့်ကျန့်လိုက်ပို့မယ်ဘယ်လိုလဲ ''
"ဟုတ်ပြီ ကျန့်ကျန့်လေးလိုက်ပို့တော့ ဦးလည်း လည်ရချည်သေးရဲ့ ''
"တကယ်ပြောတာ ''
"ကျောင်းမှာ စာလိုက်နိုင်ရဲ့လား ကောင်မလေးရနေပြီလား ''
"ဦးက ကျန့်ကျန့်ကို အထင်ကြီးလွန်းတာပဲ ''
"မဟုတ်ဘူးလား ကျန့်ကျန့်က ဒီလောက်ချောပြီး ချစ်စရာကောင်းတာကို ''
"အင်း အမှန်အတိုင်းပြောရရင် ကျန့်ကျန့်ကို မိန်းကလေးတွေထက် ယောကျာ်းလေးတွေ က ကြိုက်တာဆို ပိုမှန်လိမ့်မယ် ကျန့်ကျန့်က ဘယ်သူ့မှ မကြိုက်ပါဘူး အေးအေးဆေးဆေး နေတာ ''
Advertisement
"အင်းပါ လိမ်လိမ်မာမာနေပြီး စာကြိုးစား ကျောင်းအားလပ်ရက်တွေကျရင် တိုကျိုကိုလာလည် ''
"ဟုတ် အာ ဦးနဲ့ မိတ်ဆက်ပေးမယ် ကျန့်ကျန့်ရဲ့သူငယ်ချင်းနဲ့ ''
"ဟုတ်ပါပြီ ''
"ဦးက အိမ်ထောင်မပြုသေးဘူးလားဟင် ''
"ဘာလို့လဲ ကျန့်လေး ''
"လာစားမလို့ ''
"အာ ဒီကလေးလေးကတော့ ''
တဟီးဟီး အော်ရယ်နေတဲ့ ကလေးငယ်ရဲ့ ခေါင်းလေးကိုပုတ်ပေးကာ ယူရှီကို က ခပ်ဖွဖွပြုံးသည်။
"ဦး တကယ်ချစ်တဲ့သူလေးက ငယ်သေးတယ် အသက်တောင်မပြည့်သေးဘူး ဦးက သူ့ကို စောင့်ရအုန်းမယ် ''
ရွှန်းလဲ့တောက်ပသော မျှော်လင့်ချက်မျက်ဝန်းအစုံက ရှောင်းကျန့်ကို အချစ်တွေနဲ့ ပြည့်လျှံစွာကြည့်သည်။
မရဲတရဲ ရှောင်းကျန့်တွေးမိသည်။
ဦးရဲ့ ဆိုလိုချက်က ငါလား
"ဦးရယ် ဘဝကလည်း ဆိုးလိုက်တာ သူကမသိဘူးလား''
"မသိလောက်ဘူးထင်တယ် ဘာလို့လဲ ''
"ချစ်တာတောင် စောင့်နေရတာလေ ''
"သူက ဦးကို ပုံမှန် ခင်တာမျိုးဆိုဘယ်လိုလုပ်မလဲ ဦးကို သူငြင်းမှာစိုးရိမ်တယ် ''
".........''
"ကဲ သွားရအောင် အိမ်ထဲကို အပြင်က မှောင်နေပြီ ''
ရှောင်းကျန့်က နူတ်ဆိတ်စွာပင် လိုက်ခဲ့သည်။
Zawgyi
ေရွာင္းက်န့္သည္ ငွက္ေမႊးေလးလိုေပါ့ပါးသည့္စိတ္အစဥ္ျဖင့္ တစ္ေနကုန္ ေပ်ာ္႐ႊင္ေနခဲ့သည္။
ေက်ာင္းဆင္းခ်ိန္ေရာက္သည္ႏွင့္ အတန္းေရွ႕မွာ လာရပ္ေစာင့္ေနသည့္
ကိုကို ။
"က်န့္က်န့္ ဒီေန႕ အိမ္ကလာမႀကိဳနိုင္ဘူးတဲ့ Driver က ေလးေရွာင္းရဲ႕ဂ်ပန္က ဧည့္သည္ကို သြားႀကိဳဖို႔ရွိလို႔တဲ့ ''
ေရွာင္းက်န့္စိတ္ထဲက အေပ်ာ္ေတြက အျပင္မွာထိ ထြက္ေပၚလာသည္။
သူ လြမ္းေနသည့္ ဦးနဲ႕ ေတြ႕ရေတာ့မည္
ဦးကို သူသိပ္ကိုခင္ပါသည္။ လိုခ်င္တာျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ေပးရေအာင္ဝယ္ေပးသည့္ ဦးကို အမွန္အတိုင္းေျပာရရင္ စိတ္ကစားမိပါသည္။
သို႔ေသာ္ ေနာက္ထပ္မမွားခ်င္တာေၾကာင့္ ဘယ္သူ႕ကိုမွ မခ်စ္မိေအာင္ ေရွာင္းက်န့္က ကိုယ့္ကိုယ္ကို သတိျပန္ေပးတတ္သည္။
"က်န့္က်န့္ ဘာေတြးေနတာလဲ ကိုကိုနဲ႕ ျပန္ရေအာင္ ''
"အာ ဟုတ္ ''
ယြီခ်န္၏ အျပာေရာင္ကားေလးထဲ ေရွာင့းက်န့္ဝင္ထိုင္လိုက္သည္။
ကိုကိုက Model လို႔မေျပာရဘူး အရမ္းအလွမက္တာပဲ ကားထဲမွာလည္း
သခြားေမႊးနံ႕ေလးကသင္းလို႔ ။
"အား အိပ္ခ်င္တယ္ ကိုကို အိမ္ေရာက္ရင္ က်န့္က်န့္ကို နိူးေနာ္ ''
"အင္း ခဏ ''
ယြီခ်န္က သက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေပးလိုက္သည္။
"ရၿပီ အိပ္ေတာ့ ''
"ဟုတ္ ''
သြားႀကီးၿဖီးကာ ရယ္လာသည့္ ေကာင္ေလး၏ ေခါင္းေပၚ လက္တို႔က သစၥာေဖာက္ကာ ေရာက္သြားသည္။
အျမန္လက္ကိုျပန္သိမ္းၿပီး ကားကိုစက္နိူးကာ ေမာင္းထြက္ခဲ့သည္။
ေက်ာင္းက လူအခ်ိဳ႕က ေရွာင္းက်န့္နဲ႕ယြီခ်န္၏ အတြင္းေရးကို စိတ္ဝင္တစား ေျပာၾကသည္။
ဟဲ့ ေတြ႕လိုက္လား စီနီယာ ရိေပၚကို အျပတ္ေခ်တဲ့ေကာင္ေလးက စီနီယာ ယြီခ်န္ကို ကိုကို လို႔ေခၚတာ
ေအး ၿပီးေတာ့ ၿပဳံးေနတာပဲ
သူက်ေတာ့ ကံေကာင္းလိုက္တာ ေက်ာင္းရဲ႕ Kings သုံးေယာက္ရဲ႕အခ်စ္ေတြကိုရတယ္
ေအးဟယ္ စီနီယာ လီဟြိုက္ ေတာ့ အသည္းကြဲၿပီပဲ
ဘာထူးလဲ စီနီယာ ရိေပၚလည္း
အတူတူပဲေလ
တက်ိတ္က်ိတ္ေျပာကာ ထြက္သြားေသာ ေက်ာင္းသူအုပ္စုကို စိတ္ေလသလို ၾကည့္ေနသူက လီဟြိုက္ ။
ငါက အသည္းကြဲရမယ္ ႐ူးေနလို႔ အသည္းကြဲရမွာလား အနည္းဆုံးေတာ့ အခ်စ္ကိုမရရင္ေတာင္ လူကိုရေအာင္လုပ္မွာေပါ့ အဟက္
.....................
ရိေပၚသည္ ေန႕ခင္းကတည္းက အိမ္ကိုျပန္လာခဲ့သည္ ။
Bunny ကိုအပိုင္ရဖို႔ နည္းလမ္းမ်ားကို ရွာေဖြၿပီး စီမံကိန္းေရးဆြဲေနျခင္းမွာ တစ္ေနကုန္ပင္ျဖစ္သည္။
ေဘးအိမ္မွ ကားသံၾကား၍ လွမ္းၾကည့္လိုက္သည္။
သူ၏ ၿပိဳင္ဘက္ယြီခ်န္ႏွင့္အတူ ကားေပၚမွာ ေခါင္းစုတ္ဖြား အိပ္ခ်င္းမူးတူးဆင္းလာသည့္ Bunny
ယြိခ်န္ နဲ႕ သူက အဲ့ေလာက္ထိ ရင္းႏွီးတာလား ဘာလဲ သူတို႔က တစ္အိမ္ထဲ ေရွာင္းယြီခ်န္ ေရွာင္းက်န့္ ဒါဆို သူတို႔က ညီအစ္ကိုေတြလား
ယြီခ်န္ရဲ႕ အၾကည့္က Bunnyကို ညီတစ္ေယာက္လိုၾကည့္တာမဟုတ္ဘူး ေမြးစားသားေတြလား
ရိေပၚမွာေတာ့ အေတြးေပါင္းေျမာက္မ်ားစြာျဖင့္ ေခါင္းရႈပ္ေနရသည္။
မၾကာမီ ၾကားလိုက္ရသည့္ ကားသံနဲ႕အတူ အသံစူးစူးေလးေၾကာင့္ ရိေပၚ ေတြးလက္စကိုရပ္ကာ တစ္ဖက္အိမ္ကိုလွမ္းၾကည့္လိုက္သည္။
Bunny သည္ ခပ္ေခ်ာေခ်ာအမ်ိဳးသားတစ္ဦးအား ေျပးဖက္ကာ ကေလးေလးလို ခြၽဲေနသည္။
ရိေပၚ တံေတြးမ်ိဳခ်လိဳက္မိသည္။
ဒီလူကေရာ ဘယ္သူလဲ Bunny နဲ႕ ဘာေတာ္စပ္တာလဲ ဘယ္လိုပတ္သတ္ေနတာလဲ ၾကည့္ရသည္က သိပ္ကိုရင္းႏွီးပုံပင္
ယြီခ်န္ ရဲ႕မ်က္ႏွာက အလိုမက်မႈတို႔အထင္းသား ေပၚလြင္ေနတာေၾကာင့္
ရိေပၚ ေနာက္တစ္ဖန္ ေခါင္းရႈပ္ရျပန္သည္။
မင္းအေၾကာင္းေတြက ရႈပ္ေထြးလိုက္တာ Bunny ရာ
ထိုစဥ္ ခ်စ္လွစြာေသာ ပါးပါးဆီက ဖုန္းဝင္လာသည္။
"ေဝ ဘာလဲ ''
(ဒီေန႕ ည အိမ္ျပန္ခဲ့ မိတ္ဆက္ေပးစရာရွိတယ္)
"ကြၽန္ေတာ္က ခင္ဗ်ားအတြက္ အေရးမပါတဲ့လူမလား ဘာလို႔ အိမ္ျပန္လာေစခ်င္တာလဲ ဘယ္သူနဲ႕မိတ္ဆက္ေပးဖို႔လဲ ဝမ္ဥကၠဌ ''
(ဝမ္ရိေပၚ ငါ့ကို မ႐ြဲ႕နဲ႕ ျပန္ခဲ့ဆိုျပန္ခဲ့
ငါ့ကို ဘာမွ အတြန့္တက္အေညွာင့္ေပါက္မျပနဲ႕)
"ေကာင္းၿပီ ကြၽန္ေတာ္လာခဲ့ပါ့မယ္ ဝမ္သူ႒ေးႀကီး အမိန့္အတိုင္းပါ ''
တစ္ဖက္က ေတာက္ေခါက္သံကို ၾကားျဖစ္ေအာင္ၾကားလိုက္ရသည္။ တစ္ခစ္ခစ္ရယ္ကာ ပလူးပလဲခြၽဲေနတဲ့ မိန္းမငယ္ေလး ရဲ႕ အသံကိုလည္း ရိေပၚအပိုေဆာင္းၾကားလိုက္ရပါသည္။
ထို႔ေနာက္ ဝူယြမ္တို႔နဲ႕ခ်ိန္းထားသည့္
Club သို႔ အခ်စ္ေတာ္ သမီးေလးကို စီးကာ ထြက္လာခဲ့သည္။
.....................
ေရွာင္းက်န့္ရဲ႕ အသံေလးက အိမ္ႀကီး၏ ေျမာက္ဘက္ ပန္းၿခံထဲမွာ တစ္ဆာဆာ ထြက္ေပၚေနေလသည္။
"ဦး မနက္ျဖန္ စေန တနဂၤႏြေ ဆိုေတာ့ က်န့္က်န့္ ေက်ာင္းအားတယ္ ဦးသြားခ်င္တဲ့ေနရာေတြ က်န့္က်န့္လိုက္ပို႔မယ္ဘယ္လိုလဲ ''
"ဟုတ္ၿပီ က်န့္က်န့္ေလးလိုက္ပို႔ေတာ့ ဦးလည္း လည္ရခ်ည္ေသးရဲ႕ ''
"တကယ္ေျပာတာ ''
"ေက်ာင္းမွာ စာလိုက္နိုင္ရဲ႕လား ေကာင္မေလးရေနၿပီလား ''
"ဦးက က်န့္က်န့္ကို အထင္ႀကီးလြန္းတာပဲ ''
"မဟုတ္ဘူးလား က်န့္က်န့္က ဒီေလာက္ေခ်ာၿပီး ခ်စ္စရာေကာင္းတာကို ''
"အင္း အမွန္အတိုင္းေျပာရရင္ က်န့္က်န့္ကို မိန္းကေလးေတြထက္ ေယာက်ာ္းေလးေတြ က ႀကိဳက္တာဆို ပိုမွန္လိမ့္မယ္ က်န့္က်န့္က ဘယ္သူ႕မွ မႀကိဳက္ပါဘူး ေအးေအးေဆးေဆး ေနတာ ''
"အင္းပါ လိမ္လိမ္မာမာေနၿပီး စာႀကိဳးစား ေက်ာင္းအားလပ္ရက္ေတြက်ရင္ တိုက်ိဳကိုလာလည္ ''
"ဟုတ္ အာ ဦးနဲ႕ မိတ္ဆက္ေပးမယ္ က်န့္က်န့္ရဲ႕သူငယ္ခ်င္းနဲ႕ ''
"ဟုတ္ပါၿပီ ''
"ဦးက အိမ္ေထာင္မျပဳေသးဘူးလားဟင္ ''
"ဘာလို႔လဲ က်န့္ေလး ''
"လာစားမလို႔ ''
"အာ ဒီကေလးေလးကေတာ့ ''
တဟီးဟီး ေအာ္ရယ္ေနတဲ့ ကေလးငယ္ရဲ႕ ေခါင္းေလးကိုပုတ္ေပးကာ ယူရွီကို က ခပ္ဖြဖြၿပဳံးသည္။
"ဦး တကယ္ခ်စ္တဲ့သူေလးက ငယ္ေသးတယ္ အသက္ေတာင္မျပည့္ေသးဘူး ဦးက သူ႕ကို ေစာင့္ရအုန္းမယ္ ''
႐ႊန္းလဲ့ေတာက္ပေသာ ေမွ်ာ္လင့္ခ်က္မ်က္ဝန္းအစုံက ေရွာင္းက်န့္ကို အခ်စ္ေတြနဲ႕ ျပည့္လွ်ံစြာၾကည့္သည္။
မရဲတရဲ ေရွာင္းက်န့္ေတြးမိသည္။
ဦးရဲ႕ ဆိုလိုခ်က္က ငါလား
"ဦးရယ္ ဘဝကလည္း ဆိုးလိုက္တာ သူကမသိဘူးလား''
"မသိေလာက္ဘူးထင္တယ္ ဘာလို႔လဲ ''
"ခ်စ္တာေတာင္ ေစာင့္ေနရတာေလ ''
"သူက ဦးကို ပုံမွန္ ခင္တာမ်ိဳးဆိုဘယ္လိုလုပ္မလဲ ဦးကို သူျငင္းမွာစိုးရိမ္တယ္ ''
".........''
"ကဲ သြားရေအာင္ အိမ္ထဲကို အျပင္က ေမွာင္ေနၿပီ ''
ေရွာင္းက်န့္က ႏူတ္ဆိတ္စြာပင္ လိုက္ခဲ့သည္။
Advertisement
- In Serial20 Chapters
As wild as fire
After the burial of her grandmother, Belle's fire element waiting beside them inside the hospital where Merlinda Smith giving birth on her only daughter, Blair Smith who was the heiress of the fire el...
8 370 - In Serial8 Chapters
Dear Stranger: Letters to Her
"I am a writer. I should have been able to come up with witty ways to express myself to you. And yet. Here I am, rambling on about everything and nothing. Perhaps it's the nervousness, the possibility, the fear of the unknown holding me back? What if you say no??" It started with a blind date. A date she didn't show up in. They do meet later. He sucks at expressing himself. So he pours out his feelings the only way he knows how. Emotions given words. This is my series of letters written to her. Posted with her consent. I hope you bless me with your support.
8 189 - In Serial12 Chapters
Gracie Dearest
Important Note:ALL OF THESE ARE MY OWN - PLEASE DON'T TAKE CREDIT FOR THEM!!! AND IF YOU DO USE THEM, ALL I ASK IS THAT YOU GIVE ME CREDIT!Summary: Poems. Song lyrics. Conversations. Day dreams. Just random things about my first love. The guy who once called me his. The guy who is now a stranger.
8 136 - In Serial53 Chapters
Tomorrow and Tomorrow and Tomorrow
Every Greek tragedy needs an Antigone or a Danaë. Every King Lear needs a Cordelia. Boardwalk Empire positioned itself as both a Greecian tragedy and Shakespearean, and yet forgot that key player who binds everyone together. Not a Boardwalk fan? Don't worry. If you like damaged heroes, the 1920s, Mafia stories, or tales of World War I? Knowledge of the show isn't necessary.Clara Thompson, like everyone around her, is learning to cope in a post-World War I reality. The reality includes Prohibition, which her father (a dirty politician) sees as a chance to consolidate wealth and power. Her pseudo-brother Jimmy is physically back in Atlantic City, but his soul still seems elsewhere. After her father banishes Jimmy to Chicago, Clara chases after him and meets Richard Harrow, a young vet whose war damage isn't confined to his face. Meanwhile, her father's machinations put everyone's lives in danger and contribute to changing familial ties.
8 204 - In Serial53 Chapters
His Flower (Rewritten)
Copyrighted 2018**This is the rewritten version of His Flower. I hope you enjoy!** There was only one word to describe my life: Hell. It was all I had ever known, the only thing I was used to. I didn't want it any other way. Why the fuck couldn't she see that?-&- Having a normal childhood was completely foreign to the two polar opposites Rosalyn Summers and Rex Turner. Both grew up in the closest thing they knew to Hell, each with terrible problems of their own. Perhaps, that is why they were so drawn to each other. Rose might have been that typical shy, quiet girl roaming the school's halls, no friends to speak of and no genuine interest in learning, but even she couldn't deny that attraction towards the school's resident 'bad boy'. The one no one else dared speak to. Rex's anger issues always got the best of him, even when that idiot girl came tumbling into his life. She just wouldn't leave him the fuck alone. No matter how much he liked it. He could convince himself he wasn't good for her as much as he wanted. It didn't matter, she wouldn't let him be and he would soon refuse to let her go. Completely oblivious to her own darkness raging beneath the surface.*WARNING: This story has quite a few very possessive and controlling men. If that kind of thing isn't for you, this book definitely won't be.** There is also talk of anxiety, panic attacks, and some drug-use mentions.ALSO this story will have a LOT of chapters! It's filled with triggers (mentioned above), but also a bunch of cute scenes, fluff moments, adoring toe-curling moments, and a plot you won't see coming!
8 380 - In Serial28 Chapters
How Far the World Will Bend
After having her fortune told by a gypsy, Meg Armstrong moves through a mirror from 1920s England to 1850 Milton--and finds out she has stepped into the shoes of Margaret Hale. She has been sent back in time with a mission to fulfill--to save John Thornton's life. But will she be able to fulfill her mission without losing her heart?
8 71

