《ရင်ခွင်ကောင်းကင်(completed)》Ep- 13
Advertisement
ပီတိအိမ်ရောက်တော့ နောက်ကျလို့အမေကမေးလေသည်။အမေသမီး Iphone ကြီးပေါက်လာတယ်ဟု အိတ်ထဲက ထုတ်ပြပြီးမဲဖောက် မဲ့အစီအစဉ္ကြောင့် နောက်ကျတာဟုပြောမှ ထပ်မမေးတော့ပေ။အမေကိုပြောပြီးတာနဲ့ အခန်းထဲသို့ဝင်လာခဲ့သည်။မှန်တင်ခုံရှေ့ ထိုင်ကာသူမမျက်နှာကိုကြည့်ရင်း နှုတ်ခမ်းဆီအကြည့်ရောက်သွားတော့ သူမနှုတ်ခမ်းက နဂိုထက်နီနေပြီးဖူးယောင်ယောင်လေး ဖြစ်နေသည်။သူနဲ့နမ်းနေစဉ္က အကြောင်းကိုတွေးမိသွားပြီးအောက် နှုတ်ခမ်းကို ဖိကိုက် မိရာ နာသွားသောကြောင့် ကြည့်လိုက်တော့ သူနမ်းနေရင်းကိုက်လိုက်တာကြောင့်ပေါက်သွားခြင်း ဖြစ်လေသည်။တော်တော်ကဲတဲ့လူလို့တွေးရင်း နှုတ်ခမ်းနာရင်လိမ်းတဲ့ဆေး generalog လေးထုတ်လိမ်းလိုက်သည်။ရေမိုးချိုးပြီး ထမင်းစားဖို့
ဆင်းလာလိုက်သည်။
ကောင်းကင်တစ်ယောက် ချာတိတ်ကိုလိုက်ပို့ပြီး အိမ်ပြန်လာခဲ့သည်။သူလဲ ဒီနေ့ပင်ပန်းတာကြောင့် လန်းသွားအောင် ရေချိုးပြီး ထမင်းစားခန်းထဲ ဝင်လာသည်။
"ဟောသား ထမင်းစားတော့မလို့လား "
"ဟုတ်ကြီးနွယ် "
"အေးသား ဟင်းတွေကအသင့်ပဲ ထမင်းပဲခူးရမှာ ဒီနေ့ကြီးနွယ် သားကြိုက်တဲ့ဆိတ်သားချက်ထားတာ အအီပြေအောင်ကင်ပွန်းချဉ္အရည်သောက်လေးရောပဲ များများစားသား"
"ဟုတ် သားကြိုက်တာတွေကြီးပဲ အများကြီးစားပါ့မယ်ကြီးနွယ်"
"သားအမေ သားပြန်မလာခင်လေးတင်ဖုန်းဆက်တယ် ပြန်မရောက်သေးဘူးလို့ပြောလိုက်တော့ သူကိုဖုန်းပြန်ဆက်ပေးပါတဲ့ သားဆက်လိုက်အုံး "
"ဟုတ်ကဲ့ ဆက်လိုက်ပါ့မယ်"
ထမင်းစားပြီးလို့ သူမာမီစီဖုန်းဆက်လိုက်သည်။
" Hello my son မာမီသားမွေးနေ့မှာဘာလိုချင်လဲ မာမီကိုပြောမာမီအားလုံးဖြည့်ဆည်းပေးမယ် "
"သားမှာ လိုချင်တာမရှိပါဘူး မာမီနေကောင်းတယ်မလား မနက်ကဒယ်ဒီဖုန်းဆက်တော့
ပါတီတက်နေတယ်လို့ပြောလို့ "
"ဟုတ်တယ် မာမီတို့ လုပ်ငန်းပါတနာလေ သားသိတယ်မလား ဂျူလီယာ တို့အဖေလေသူကျင်းပတာ သားအဖေကအလုပ်ရုှပ်နေတော့ မာမီပဲသွားလိုက်တာ သားရောနေကောင်းလား သားအဖေအလုပ်တွေပါးရင်တော့ မာမီသားဆီလာအုံးမှာပါ သိတယ်မလား သားအဖေကစိတ်မချရဘူးလေ "
"ရပါတယ် အမေအားမှလာခဲ့ပါ သားလဲနောက်လထဲဘန်ကောက်သွားစရာရှိသေးတယ် "
"အော်အေး သားလိုချင်တာစဉ္းစားထားနော်
မာမီဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့ မာမီ"
သူဖုန်းချလိုက်သည်။သူငယ်ငယ်လေးထဲက သူ့မာမီကနိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ဒယ်ဒီကို စိတ်မချလို့ဆိုပြီး သူ့ကိုအဖွားလက်အပ်ကာ လိုက်သွားသည်။အဖွားဆုံးပြီး တော့ပြန်လာပေမဲ့သူကိုဟိုကိုအပြီးလိုက်ခိုင်းတာမို့သူကတော့မလိုက်ခဲ့ပေ တစ်ခါတစ်ရံအလယ်သဘောမျိုးသာ သွားခဲ့သည်။
ပီတိတစ်ယောက် Fbသုံးနေရင်း cele သတင်း ဆိုတဲ့page ကတင်ထားသော သူ့သတင်းကို ဝင်ကြည့်လိုက်သည်။အနုပညာရှင်လဲ မဟုတ်ဘဲ သူ့သတင်းက line ပေါ်မှာ
သူ့တစ်ခုလုပ်ရင် ခေတ်စားသည်။အရင်ကသူမလဲ သူ့ကgay ဆိုတာ ဒီသတင်းတွေကပဲသိတာဖြစ်သည်။ခုတင်ထားတဲ့ သတင်းခေါင်းစဉ္က[ ရုပ်ချောပြီး ဉစ္စာပေါတဲ့အပြင်
စိတ်ထားကောင်းတဲ့ star ရဲ့ပဲ့ကိုင်ရှင်သူဌေးဉီးကောင်းကင်သစ် ] ဖတ်ကြည့်လိုက်တော့
သူမနေ့ကမွေးနေ့မှာဘိုဘွားရိပ်သာမှာ လှူတဲ့အကြောငိးရယ်မနက်က ဝန်ထမ်းတွေ မဲပေါက်ပေးတဲ့အကြောင်း သူ့ဝန်ထမ်းတွေကို မိသားစုလို သဘောထားပြီးစေတနာကောင်းတဲ့အကြောင်းတွေကို ရေးထားသည်။သူများအမြင်တွေကိုသူမသိချင်တာနဲ့ comments
တွေကိုကြည့်လိုက်သည်။အမယ် ချောလိုက်တာ ကိုကိုရေ ကိုကိုဆီကမင်းသားတွေကိုမကြိုက်တော့ ဘူးကိုကို ကိုပဲချစ်တော့မယ်ဆိုပါလား နောက်တစ်ယောက်က ဉီးမှာရည်းစားရိှလားဟင် ရှိလဲဂရုမစိုက်ဘူး ဉီးမှဉီးပဲ 'အောင်မှာ အလာကြီးပါလား သူ့ရည်းစားငါ့မှအားမနာ' နောက်တစ်ယောက်ကျတော့
သူကဂေးနေတာ ကမတို့ရေ ပုလင်းကွဲရှချင်တဲ့ ပုလဲဝင်းညီမတို့ရဲ့ 'သူဂေးလားမဂေးလား ငါ့သက်သေပြမယ်သိလား တကယ်ပဲ ' နောက်ထပ်လူတွေကတော့ ကောင်းတဲ့အမြင်နဲ့မန့်ထားတာများပါသည်။ ဖတ်ပြီးလို့ ဖုန်းချရုံရှိသေး သူကဖုန်းဆက်လာသည်။
" ဟယ်လို ကိုကို "
" ချာတိတ် ဘာလုပ်နေလဲ "
"ဘာမှ မလုပ်ပါဘူး ခုနကလိုင်းခနသုံးတာ ကိုကို သတင်းတက်လာလို့ဖတ်နေတာ ကိုကိုကဆယ်လီပဲ သိလားlike တွေအများကြီးရတယ် ကိုကို ကိုလေ ကောင်မလေးတွေကချောတယ်တဲ့ အရမ်းတွေသဘောကျနေကျတာ ပြီးတော့လဲရည်းစာရှိလားတဲ့ပြောသေးတယ်'"
"ချာတိတ်က သဝန်တိုတာလား အဲဒါဆို ကိုကိုမှာကောင်မလေး ရှိပါတယ်လို့ ကြော်ညငြာလိုက်ရမလား ဟင် ပြောပါအုံး သည်းတုံးရဲ့"
" လူတွေ အကုန်သိသွားမှာပေါ့ မကြော်ငြာပါနဲ့ ဒီတိုင်းပဲကောင်းတယ် ကိုကိုရဲ့ "
" ဟုတ်ပါပြီ ကိုယ့်ကောင်မလေးက သဝန်တိုနေတော့ကိုယ်က ကိုယ့်မှာပိုင်ရှင်ရှိကြောင်းပြချင်တာပါ"
"ကိုကိုနော် ကလေးကျနေတာပဲ ပြောထားပါရဲ့ ကလေးလုပ်ပြီးချွဲမယ်မကျန်နဲ့ ဒီကချွဲချင်လို့ အဘိုးကြီးကိုချစ်သူတော်ထားတာနော်"
"အဘိုးကြီး မဟုတ်သေးပါဘူး အလတ်ကြီးရှိသေးပါတယ်နော် ချာတိတ်မှကိုယ့်ပေါ်မချွဲတာ ကိုယ့်အပေါ်ကြိုက်သလိုစိုးစမ်းပါ ကိုယ်အလိုလိုက်ချင်လို့ ကိုကိုသူငယ်ချင်းတွေ ဆို သူတို့ကောင်မလေးတွေပူစာသမျှ ဝယ်ပေးနေကျတာ အရင်ကအပိုအလုပ်လို့ထင်တာခုတော့ အချွဲခံပြီး ပူစာသမျှဝယ်ပေးလိုက်ချင်တာပဲ အဲ့တော့ကိုကို ကိုချာတိတ်လိုချင်တာရှိရင်ပြောနော် ကိုယ်လည်းသူတို့ရှေ့မှာ ကြွားချင်လို့နော် "
ကလေးတစ်ယောက်လို သူအပြောကြောင့် သူမရယ်မိသည်။
"ဟုတ်ပါပြီ ကိုကိုရဲ့ပြီးမှမဝယ်ပေးနိုင်တော့ပါဘူးလို့ တော့မညီးနဲ့နော် လိုချင်တာတွေများတယ် ဝယ်ပေးဖို့သာပြင်ထားတော့"
"ချာတိတ်သာ ကိုကိုရေဝယ်ပေးပါလို့ ပြောလိုက် ချက်ချင်းသွားဝယ်ပေးမယ်"
"ဟား ဟား ကိုကိုသည်းလွန်းတယ်နော် "
" လိုတောင်လိုသေးတယ် ပိတ်ရက် မှာအပြင်သွားမှာနော် စားချင်တာတွေစာရင်းလုပ်ထားအုံး ချာတိတ်"
"အစားတစ်လိုင်းကတော့ စိတ်ချ ပြီးမှဝက်ဖြစ်လို့ မချစ်ဘူးမပြောနဲ့နော်"
"ဘာပဲဖြစ်ဖြစ် ချစ်တယ် ချာတိတ်"
"ဟင်"
"ကိုယ့်ကို ပြန်ပြောအုံးလေ"
"ဘာပြန် ပြောရမှာလဲ ကိိုကို"
"ဟာကိုကိုကချစ်တယ်လို့ပြောရင် ချာတိတ်ကပြန်ပြီးပြောရမှာလေ"
" ပီတိလေ ကိုကို ကို အများကြီးချစ်ပါတယ်"
"ကိုကို ကလည်းချာတိတ်ကိုအများကြီးချစ်တယ်နော်မွ အိပ်တော့နော်"
"မအိပ်သေးဘူး သီချင်းဆိုပြ"
"သီချင်းဆိုပြမယ် ပြီးရင်အိပ်တော့နော် မနက်အလုပ်ဆင်းရအုံးမှာ နားထောင်ပြီးအိပ်
နေအုံး မျက်နှာသစ် သွားတိုက် ရေအိမ်အရင်ဝင်လိုက် နောက်၅မီနစ်ကျရင် ကိုကိုဖုန်းပြန်ခေါ်လိုက်မယ် "
ကိုကိုလုပ်ခိုင်းတဲ့ အတိုင်းလုပ်ပြီး အိပ်ရာပေါ်လှဲလိုက်ကာ ကိုကိုဖုန်းကိုစောင့်နေစဉ္ဖုန်းဝင်လာသည်။
" ဟယ်လို ပြီးပြီးလားချာတိတ် ပြီးရင်အိပ်ရာပေါ်လှဲပြီး စောင်လေးခြုံ ကိုကို သီချင်းဆိုပြတော့မယ်နော်"
"ဟုတ်"
သူလဲလင်းလင်းရဲ့ ခွင့် သီချင်းကိုဆိုပြလိုက်သည် သီချင်းပြီးတော့ သူမဘက်ကအသံကိုနားထောင်လိုက်ရာ အသက်ရှုသံလေးကြောင့် သူမအိပ်နေပြီဆိုတာသိလိုက်သည် သူလဲဖုန်းကိုနှုတ်ခမ်းနဲ့ဖိနမ်းကာ
"Good nigh "
ဆိုပြီးချလိုက်သည်။ပီတိတစ်ယောက် ကိုကိုရဲ့ အသံချိုချိုလေးကို နားထောင်ရင်းအိပ်ပျော်သွားရာ ဖုန်းလေးချသွားတာကို
မသိလိုက်ပေ။
#Moon shine
Advertisement
- In Serial16 Chapters
I Decided to Write a Story
*this story has a lot of perverted stuff and cussing beware* *And this is pretty much a crack story* Kate is a normal girl with a lot of imagination (mostly lewd) She loves watching shows like FRIENDS,Grey's Anatomy,Stranger Things, 13 reasons why,and many more.She also watches a lot of anime you can actually call her an otaku now. She loves to read books/manga/manhwa about...YURI?...YAOI?...HENTAI?...FIFTY FUCKING SHADES?? Because of her "experience" and having "great taste" in books/mangas/manhwa she decided to write about her school life (wow so original)...but ShE AdDed fucKed Up tHIngS The story is more or less about school,friendship,parodies,comedy,and a hint OF ROMANCE....YURI( girl x girl)AND YAOI(boyxboy)
8 167 - In Serial11 Chapters
My Grudge is not ending!
A new world. A new life. Learning magic, making new friends and living out my dream(s). All the while listening to a random God telling me to "forgive, forget and move on" I seemed to be a vengeful spirit reincarnated into another world, but I think I'm peaceful enough. So why is it that God keeps telling to me move on, and my friends keep begging me to never get angry at them?
8 83 - In Serial7 Chapters
The Unwanted
Cyan Ravindra was only a child when she came into Genesis Vadell's care. Years later, she still doesn't know why her parents gave her to such a monster. However, when she sees him, her heart takes over and it seems to know the truth. Genesis' caring nature overwhelms him whenever she's near. Genesis tries his best to stay away from Cyan but it's like he's naturally drawn to her. His solution? Lie. Cyan must never discover the truth about her parents or the small, isolated village she once called home, even if it means she has to hate him. Will Destiny prevail when she finds out her existence is a lie? The Unwanted can also be found on Inkitt.
8 84 - In Serial10 Chapters
Star-Like: The Series
The story follows first-year college student, Kichi, who finds herself rapidly drowning in the girl she had come to like. And Ray, who fell in love with Kichi at first sight.
8 163 - In Serial29 Chapters
The Steward of Blackwood Hall
Despite living thirty miles from London, Anabelle Latimer knows her chances of finding a husband in their sleepy village are as thin as cook's white soup. Then she discovers a kindred spirit in Mr. Fielding, the intelligent and handsome new steward from Blackwood Hall. It was a great shame that his position in life was so below her own, for he was exactly the sort of man she would have wished to marry.Anthony Fielding, tired of being the target of the ton's marriage-minded mothers, hopes to spend a relaxing week shooting and fishing in the country. Yet upon his arrival at Blackwood Hall he discovers an estate in chaos, and a friend in desperate need of help. He is quick to offer his knowledge and expertise, unaware that his generosity will have unexpected repercussions.The Steward of Blackwell Hall is a traditional Regency romance of approximately 66,000 words.
8 142 - In Serial164 Chapters
[BL] [Book 1] Cannon Fodder Little Husband [Quick Wear]
Cannon Fodder Little Husband [Quick Wear]炮灰小夫郎[快穿]Author張三悟Status349 ChaptersDescription After Wu Bai died, he crossed over and became a little husband who died tragically. In his previous life, Wu Bai changed from a village boy to an enviable prime minister's husband. Apart from suffering before he got married, his life was like being in a honey pot. His husband was loving, his children were filial and prosperous, and he was dying, before, he closed his eyes contentedly. Who would have thought that after his death, he would start all kinds of life journeys, but fortunately, the people around him have always been with him.--NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 190

