《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 24 (🕊️👊📞)
Advertisement
ကောင်းကင်မှာငှက်အုပ်ကြီး ပျံသွားတာကို ဝန်ရံတာမှာထွက်ထိုင်နေတဲ့ ကောင်းမြတ်တစ်ယောက် အသေအချာ လိုက်ကြည့်နေမိသည်။
ဒီနေ့တော့နေပြန်သာပြီ။မိုးအုံ့နေတာ ဘယ်နှစ်ရက်လောက်ရှိပြီမသိ။
ကျောင်းသွားဖို့ဆုံးဖြတ်ထားတာမို့ သိပ်မကြာခင်ပဲ ကျောင်းကိုဆိုင်ကယ်သွားယူပြီး လာခဲ့လေတော့သည်။
"ငါးကောင် ရောက်နေတာကြာပြီလား"
"အခုပဲရောက်တာ"
"ကောင်းတယ် ညနေငါမြို့ထဲမှာ ဝယ်စရာရှိလို့လိုက်ခဲ့ဦး"
ကျော်ကျော်က ပုံမှန်လိုပဲဆက်ဆံနေတာဟာ ကောင်းမြတ်ကို ဖြစ်ပျက်ခဲ့တာတွေ မေ့မေ့ပျောက်ပျောက်စေချင်တဲ့ ဆန္ဒကြောင့်ပင်။
ညနေရောက်တော့ ကောင်းမြတ် သူနဲ့လိုက်ပေးခဲ့ပါသည်။စကားတွေပြောရင်းနောက်ရွှတ်ရင်းနဲ့ ပုံမှန်လိုပြန်ဖြစ်ခဲ့ပြီလို့ကျော်ကျော်ထင်ခဲ့တာပေါ့။
တစ်နေ့ ညဘက်ကြီးလမ်းဘေးမှာမှောက်နေတဲ့ သူ့သူငယ်ချင်းကြီးကိုသွားမတွေ့ခင် အချိန်အထိ။
"ဟာ...ဘာလုပ်နေတာလဲ...ဟျောင်"
"အေ့...စိတ်ညစ်စရာလေးနည်းနည်းရှိလို့..."
ဘေးနားကိုကြည့်လိုက်တော့လည်း အန်ဖတ်တွေကအပုံလိုက်။
"ထကွာ....လာ...ငါအိမ်ပြန်ပို့ပေးမယ်"
ဆိုပြီးသူကောင်းမြတ်ကိုဆွဲထူလိုက်သည်။
"ငါ့ကိုမထိနဲ့...ငါလျှောက်နိုင်တယ်"
ထို့နောက်ဖြတ်သွားတဲ့ အတွဲတစ်တွဲကသူ့ကိုကြည့်သွားတော့ကောင်းမြတ်သွားရန်လုပ်ပြန်သည်။
"ဘာကြည့်တာလဲ...ထိုးမလို့လား"
"ဟျောင်....မင်းဘယ်လိုဖြစ်နေတာလဲ"
ကျော်ကျော်သူ့ကိုဆွဲထားသည်။
"လာလေ....အဲ့လိုလာမကြည့်နဲ့ ထိုးမယ်ဆိုလာ"
"ဆောရီးနော် အစ်ကို"
အစ်ကိုကြီး က ရတယ်ဆိုတဲ့ဟန်နဲ့ လက်ပြပြီးထွက်သွားသည့်တိုင် ကောင်းမြတ်ကပြဿနာလိုက်ရှာနေသေးတော့ ဆွဲထားတဲ့ကျော်ကျော် ဒေါသထွက်လာပြီး
"မင်းဦးနှောက်ရောမှန်သေးလား ဟမ်ဟျောင်"
"မမှန်တော့ရော မင်းကိစ္စလား"
သူ့လက်ကိုရိုက်ဖယ်လိုက်ပြီး
"မင်းတကယ်ချစ်ဖူးလား မင်းလိုကောင်မျိုးက ငါ့ခံစားချက်ကိုဘယ်လိုနားလည်နိုင်မှာလဲ"
"ဘာ"
ကျော်ကျော့်ရဲ့ကော်လံကိုသူဆွဲလိုက်ပြီး
"မင်းဆိုတဲ့ကောင်ကဘယ်တော့မှ ငါ့လိုခံစားဖူးမှာမဟုတ်ဘူး"
"ခွပ်"
"ဘုတ်"
သည်းမခံနိုင်တော့တဲ့အဆုံး ကောင်းမြတ်ကိုတစ်ချက်အားပါပါဆွဲထိုးလိုက်ပြီး ကျော်ကျော်လေးနက်စွာပြောလေသည်။
"တစ်ခါတုန်းကငါလည်းမင်းလိုပဲ ကောင်မလေးတစ်ယောက်ကိုချစ်ခဲ့ဖူးတယ် ဒါပေမယ့် ငါ့ကိုထားသွားတော့မလို ဖြစ်တုန်းက မင်းလိုတော့ထိုင်ငိုမနေဘူး ငါကြိုးစားခဲ့တာ"
"ငါလည်းကြိုးစားနေတာပဲ"
"အရက်တွေသောက်ပြီး လူရမ်းကားလုပ်နေတာ ကြိုးစားတာလား"
"မင်းမသိပါဘူးကွာ အေး....အဲ့တာဆိုအဲ့ဒီကောင်မလေးရောဘယ်မှာလဲ မရှိဘူးမလား..ကြိုးစားတိုင်းမဖြစ်လာဘူးကွ"
"အေးကြိုးစားတိုင်းမဖြစ်လာဘူး...သူကအခုကောင်းကင်မှာ"
"ဟမ်"
ထို့နောက်ကောင်းမြတ်ကိုဆွဲထူကာ တွဲခေါ်လာခဲ့ပြီး အိမ်ပြန်လိုက်ပို့ပေးလိုက်တော့သည်။
___________________
မခံချင်စိတ်တွေလည်းပါသလို ကူညီပေးချင်စိတ်တွေလည်းပါမည်။ကျော်ကျော်တစ်ယောက် ဆုရီကိုရအောင်လိုက်စုံစမ်းလေသည်။
တိုက်ဆိုင်ချင်တော့ ဆုရီလုပ်ခဲ့တဲ့ကုမ္ပဏီရဲ့ သူဌေးနဲ့ ကိုမိုးထွန်းတို့က အသိတွေဖြစ်နေလေသည်။ကိုမိုးထွန်းနဲ့သူနဲ့ဆိုတာ ညီအစ်ကိုအရင်းလိုခင်တာကြောင့် သူအကူအညီလိုပြီဆိုဘယ်တုန်းကမှငြင်းခဲ့ခြင်းမရှိ။အကုန်ကူညီပေးခဲ့သည်။
ထိုကြောင့် ဆုရီရဲ့ အလုပ်ကကိုယ်ရေးရာဇဝင်ဖိုင်ကို ရလာသည့်အခါ ဖုန်းနံပါတ်နှစ်ခုကိုသွားတွေ့လေသည်။သူဆက်ကြည့်တော့မှ သူမရဲ့အမေဖုန်းဖြစ်နေတာကိုသိလိုက်ရလေသည်။
"ဟားးဟား...ကျော်ကျော်ဆိုတဲ့ကောင် စုံစမ်းရင်မရတာမရှိဘူး"
တိုက်ခန်းရှေ့ရောက်တော့ ကားပေါ်ကဆင်းပြီးတက်သွားလိုက်သည်။
"ဘာလာလုပ်တာလဲ"
"ဘာလာလုပ်ရမှာလဲ....မင်းကိုနောက်တစ်ခါထိုးမလို့"
"တော်ပါကွာ"
တံခါးကိုပြန်ပိတ်ဖို့လုပ်တဲ့အခါ ကျော်ကျော်က
"ခဏလေး"
"ဘာတုန်း"
"မင်းလိုချင်လောက်မယ့်အရာတစ်ခုငါ့မှာပါတယ်"
"ဟမ်"
______________________
ညရောက်တော့ ရင်တဒိတ်ဒိတ်နဲ့ ကောင်းမြတ်ဖုန်းနံပါတ်လေးတစ်ခုကို ကြည့်နေသည်။
'ဆက်ရင်ကောင်းမလား'
ဖုန်းကိုကိုင်လိုက်ပြန်ချလိုက် ဆယ်ခါလောက်လုပ်လို့အပြီးမှာတော့
'ဟူးးးချမယ်ကွာ'
"တီ...တီ"
တစ်ဖက်ကဖုန်းမကိုင်ခင် မြည်နေတဲ့ဖုန်းသံဟာ သူ့ကိုတော်တော်လေးစိတ်လှုပ်ရှားစေတော့ သူဒူးတနန့်နန့်ဖြစ်နေသည်။
"ဟယ်လို"
"အန်တီ...ဟိုဟာလေ...အမဆုရီရှိလားမသိဘူး"
"ဪအေး...သားရေ"
"ဟုတ်"
"သမီးကအပြင်သွားတယ် ပြန်လာရင်ဆက်ခိုင်းလိုက်မယ်လေ"
"ဟုတ်အန်တီ ဟုတ်"
"အေးအေး"
ဖုန်းချခါနီးမှ
"ဟိုဟာလေ အန်တီ"
"အေး"
"အလုပ်က ကျော်စွာလို့ပြောလိုက်ဦးနော်"
"ဪ...အေးသား"
"ဒါပဲနော်"
"အေး"
ထို့နောက်သူမဖုန်းကိုစောင့်ဖို့သာရှိတော့သည်။သူပြောချင်နေတဲ့စကားတွေအများကြီးရှိသည်။စကားတွေကြိုလို့စီထားပေမယ့် သူမအသံလေးကြားရရင်ပင်ကျေနပ်ပါပြီ။
"ဒီ...ဒီ"
ဖုန်းမြည်လာတဲ့အခါ သူအသက်ဝဝရှုလိုက်ပြီးကိုင်လိုက်သည်။
"ဟယ်လို"
ဒီအသံလေးကိုသူမကြားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ပြန်ကြားရတော့ လွမ်းတဲ့စိတ်တွေလျော့လို့သွားခဲ့ပါသည်။
"ဟယ်လို"
"အမ ကျွန်တော့်ကိုမှတ်မိလား"
"ဟင်"
သူ့အသံကိုကြားပြီးနောက်သူမအသံအထွက်လာတော့ပေ။
"ကျွန်တော့်အမကိုနေ့တိုင်းသတိရပြီး လွမ်းနေတာ ရှုးတော့မယ် ကျွန်တော့်ကိုစကားလေးပြောပါဦး"
"....."
"ဘာလို့ခြေရာဖျောက်သွားရတာလဲ"
"....."
"အမချစ်သူဆီကိုပြန်သွားတာဆိုရင် ကျွန်တော့်ကိုဒီတိုင်းပြောလို့ပါတယ်ဗျာ ကျွန်တော်အမကိုမတားပါဘူး"
"......"
"တစ်ခုခုပြောပါဦး"
"အင်းဟုတ်တယ်...အမသူနဲ့ပြန်တွဲနေပြီ"
ထိုစကားလေးကိုသူကြားချင်နေခဲ့ပြီး အတည်ပြုချင်နေခဲ့ အခုတော့ကြားလိုက်ရပြီ။ဝမ်းနည်းစရာဆိုပေမယ့်လည်း သူမကိုမေ့ဖို့အတွက်စလုပ်လို့ရပြီ။
"ဪ....သိပ်တော့မခံစားရဘူးဗျ...ကျွန်တော်ပြင်ဆင်ပြီးသားလေ...အဲ့လိုပဲဖြစ်မယ်လို့ထင်ခဲ့ပါတယ်"
"......"
ထို့နောက်သူမကဘာမှမပြောပဲနေနေတော့ ကောင်းမြတ်က
"အဲ့နေ့ကတကယ်အံ့ဩသွားတာ အမကကျွန်တော့်ကြောင့်ဆိုတော့လေ လုံးဝမထင်ထားခဲ့ဘူး....အနားမှာပဲရှိနေမယ်ဆိုတာတကယ်ထင်ခဲ့တာ.....ထားပါတော့ဒါတွေအရေးမကြီးပါဘူး"
"......."
သူမကလည်း တစ်ဖက်ကနေလုံးဝအသံမထွက်ထို့ကြောင့်သူက
"အင်း...အဲ့တာဆိုနောက်ဆုံးသေချာအောင်ပြောပေးပါဦး...ကျွန်တော့်ကိုတကယ်မချစ်ခဲ့ပါဘူးလို့"
လို့ပြောလိုက်တဲ့အခါ ဆုရီခဏငြိမ်နေသည်။
ထို့နောက်သူမပြောသည်။
"အင်း ကောင်းမြတ်ကိုအမ မချစ်ခဲ့ဘူးဒီတိုင်း....ဒီတိုင်း"
စကားလုံးတွေကထစ်လို့နေသည်။
"စိတ်ကစားခဲ့မိတာပါ တောင်းပန်ပါတယ် အမကိုထပ်မဆက်သွယ်ပါနဲ့ အမဘဝနဲ့အမဖြစ်နေပြီမို့"
"ဟုတ်...ကျွန်တော်မဆက်သွယ်တော့ပါဘူး...ဒါပေမယ့် နောက်ဆုံးတစ်ခေါက်"
ထိုစဉ်သူအသံတစ်ခုကိုကြားလိုက်တော့ စကားကိုရပ်လိုက်သည်။
"သမီးဘယ်သူမို့လို့လဲ..ဟယ်..ဘာလို့"
"တူ...တူ...တူ"
ထို့နောက်သူမဖုန်းချသွားသည်။
"ဟယ်လို...ဟယ်လို"
သူထပ်ဆက်ကြည့်ပေမယ့် မကိုင်တော့တာကြောင့် ကျော်ကျော့်ဆီကိုသာဆက်လိုက်ပြီး
"ဟျောင်"
"ပြော"
"ငါ့ကိုသူနေတဲ့နေရာကိုစုံစမ်းပေးလို့ရလား"
"ဟားဟားးဘယ်သူနေတဲ့နေရာလဲ"
"လုပ်ပါကွာ...မနောက်ပါနဲ့...တကယ်အရေးကြီးနေလို့ပါ"
"စုံစမ်းလို့ရရင် မင်းငါ့ကို တစ်ခုခုပြန်လုပ်ပေးရမယ်"
"ဘာပဲဖြစ်ဖြစ်ကွာ လုပ်ပေးမယ်"
"အေး ကြိုက်ပြီ"
ထို့နောက်သူဆုရီကိုရှာပုံတော်ဖွင့်ရပေတော့မည်။
သူမသူ့ကိုစိတ်ကစားခဲ့တယ် ဆိုတဲ့စကားကိုသူလုံးဝမယုံ။စကားသံကြောင့် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့သူယူဆပြီးလက်မလျှော့ပဲကြိုးစားချင်သေးသည်။
သူ့မျက်နှာတည့်တည့်ကိုကြည့်ပြီး မချစ်ဘူးလို့ပြောတာကိုသူလိုချင်သည်။ထိုအခါမှ သူအရှုံးပေးနိုင်မည်။
_________________
သူမမှာဖြေရှင်းလို့ရတဲ့နည်းလမ်းတစ်ခုသာရှိသည်မို့....
"အမေတို့ သမီးကိုရောင်းစားသလိုများဖြစ်နေလား..ဟင်"
"အီးးး...ဟီးး"
"ဒီတိုက်ခန်းကိုပြန်ပေးလိုက်မယ်လေ....အရင်လိုပြန်နေကြတာပေါ့....သမီးအခုလိုတွေခံစားနေရတာ ဘာလို့မပြောခဲ့တာလဲ"
အမေကိုဖက်ပြီး ကလေးလေးတစ်ယောက်လို ရှုံးပွဲချငိုမိလိုက်တော့သည်။သူမရဲ့အမေလည်းငိုနေသည်။နောက်နေ့မှာ သူတို့အိမ်ပြောင်းလာခဲ့သည်။
__________________
🙏🙏🙏
weekend တုန်းက လုံးဝမအားလို့ update မလုပ်ဖြစ်ခဲ့တာ ဒါဒါတို့ကိုတောင်းပန်ပါတယ်🥺
Advertisement
- In Serial30 Chapters
Hearts of Ice (completed)
A girl, a boy, the Falconers... they're in the middle of a war. How did it come to this? From the discovery of the planet... down to the making of that serum it matters no more! Like it or not, Fate has planned it all out. Mean it death or separation, they'll have to survive, someway, somehow. It doesn't help when a pinch of romance is added to the chaos... Beyond that impenetrable forest... over the plains of thick grass... surely there are no secrets? Heh, I'll be rewriting, probably.
8 171 - In Serial16 Chapters
Who Wants A Blind Mate? (The Fae Omegas, #2) (SAMPLE - To Be Published)
When a vampire coven requests for a human sacrifice to live peacefully in the same territory as the small Thurman werewolf pack, the alpha's son Jake has little qualms about suggesting his newly discovered blind mate as a potential human sacrifice after all what alpha or alpha-to-be wants a blind luna?
8 151 - In Serial53 Chapters
Conditionally Married
Highest ranking dated: 8-Feb-2019No.1 in #billionaire, No.1 in #wifeNo.1 in #marriageNo.1 in #hatelove (4-3-19)No.4 in #insecuritiesSia : A girl next door is working with one of the powerful businessman as assistant. She enjoys everything at her work except son of her boss.Ashar : A rich handsome businessman who works under his father. He gets whatever he wants, but he can't so anything about assistant of his fatherThey both hate each other and are total opposite.But fate had other plans for them..This book in under editing for grammatical errors
8 229 - In Serial53 Chapters
His Flower (Rewritten)
Copyrighted 2018**This is the rewritten version of His Flower. I hope you enjoy!** There was only one word to describe my life: Hell. It was all I had ever known, the only thing I was used to. I didn't want it any other way. Why the fuck couldn't she see that?-&- Having a normal childhood was completely foreign to the two polar opposites Rosalyn Summers and Rex Turner. Both grew up in the closest thing they knew to Hell, each with terrible problems of their own. Perhaps, that is why they were so drawn to each other. Rose might have been that typical shy, quiet girl roaming the school's halls, no friends to speak of and no genuine interest in learning, but even she couldn't deny that attraction towards the school's resident 'bad boy'. The one no one else dared speak to. Rex's anger issues always got the best of him, even when that idiot girl came tumbling into his life. She just wouldn't leave him the fuck alone. No matter how much he liked it. He could convince himself he wasn't good for her as much as he wanted. It didn't matter, she wouldn't let him be and he would soon refuse to let her go. Completely oblivious to her own darkness raging beneath the surface.*WARNING: This story has quite a few very possessive and controlling men. If that kind of thing isn't for you, this book definitely won't be.** There is also talk of anxiety, panic attacks, and some drug-use mentions.ALSO this story will have a LOT of chapters! It's filled with triggers (mentioned above), but also a bunch of cute scenes, fluff moments, adoring toe-curling moments, and a plot you won't see coming!
8 401 - In Serial12 Chapters
The Best Romance - Book Reviews
This is a collection of reviews of our favourite Wattpad Romance stories. Some of the stories may be well known, but we have also tried to find many more that are relatively unknown, to try and shine a light on our favourite works on Wattpad. If you want to suggest a story to be reviewed, please follow the instructions in the introduction of this collection, and one of the team will write a review once they've read it. Please note, we are not able to review each and every submission. Enjoy!
8 126 - In Serial29 Chapters
Unrequited Love
Zara Ahmed Khan is a eighteen year old, a beautiful and innocent soul. Born in Pakistan to Ahmed Khan and shereen ahmed khan. Her father is pathan and her mother is a punjabi. She is the youngest child in her family with four older brothers and one sister. Her family moved to New York when she was just seven years old. She is currently in her second year of college. She is very ambitious, wants to make a future for herself and wants to be independent. Daniel Venttali is a thirty year old, he is a well know and respected businessman with multiple different companies, hotel chains, and media outlets. He is a ruthless billionaire with so much money that he can buy anything with just a swipe on his card. Although he is a smart and successful businessman, but nobody knows that he runs the biggest underground mafia. Read more to find out to see how two people come together. Both have their own wars to fight and let's see if they win.
8 132

