Advertisement
!unicode!
မိုးရွာပြီးနောက်ကြည်လင်သောကောင်းကင်ယံကား သာမန်ထက်ပိုမိုရှင်းသန့်ပုံပေါက်သည်။ တောက်ပသောလမင်းမှာကောင်းကင်ယံထက်တွင် တံစဥ်ပမာချိတ်ဆွဲထားပြီး ၎င်း၏တောက်ပမှုမှာအေးမြလို့နေကာ တိမ်လွှာတို့၏ဝန်းရံခြင်းခံထားရသည့်လင်ရှောင်းတောင်ထွတ်ပေါ်တွင်ဖြာကျလျက်ရှိသည်။
ပုံရိပ်တစ်ခုကတောင်ခြေတွင်မတ်တပ်ရပ်နေပြီး အပေါ်မော့ကြည့်နေရာ လရောင်မှာသူ့မျက်နှာပေါ်ဖြာကျနေပြီး ၎င်းမှာမင်ရှောင်းဖြစ်သည်။
မင်ရှောင်းသည်ပတ်ဝန်းကျင်ရှုခင်းကိုဖြည်းညှင်းစွာရှုစားကာချီးကျူးမိ၏။
"တကယ့်ကိုခေတ်ကာလရဲ့ကျော်ကြားတဲ့တောင်ထွတ်ပါလားနော်။"
ထိုသို့ပြောပြီးနောက် သူဟာပင့်သက်ရှိုက်ကာ ဓားကိုပင်သုံးစရာမလိုဘဲ လူတစ်ကိုယ်လုံးမှာလွင့်မျောနေသောတိမ်တိုက်ပမာ အပေါ်ပျံသန်းသွားပြီး တောင်ထွတ်ထိပ်ဖျားထံဦးတည်သွားသည်။
ထိပ်ဖျားသို့ရောက်သွားသည်နှင့် သူပတ်ပတ်လည်ဝေ့ကြည့်လိုက်ပြီး ဝါးတောအုပ်ထဲဝင်သွားကာ သူ့ဝတ်ရုံလက်ထဲမှအမွှေးတိုင်တစ်တိုင်ထုတ်၍ ထွန်းညှိကာ မြေကြီးထဲစိုက်လိုက်ပြီး လက်နောက်ပစ်လျက်သားဖြင့်တိတ်တိတ်လေးစောင့်နေပေသည်။
တစ်အောင့်ကြာသော် တစ်စုံတစ်ယောက်ကဝါးတောအုပ်ထဲဝင်လာပြီး သူ့နောက်ရှိအသံတစ်သံကချိတုံချတုံဖြင့်
"ကျန်းရွေ့?" ဟုမေးလာသည်ကိုမင်ရှောင်းကြားလိုက်ရသည်။
သူအနောက်လှည့်ကာ အသာပြုံးလျက်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူးဗျာ၊ ခင်ဗျားလူမှားနေပြီ။"
ထိုအမျိုးသားမှာအပြာရောင်တောက်ဓမ္မဝတ်ရုံကိုဝတ်ဆင်ထားပြီး မေးစေ့အောက်တွင်မုတ်ဆိတ်နှင့် သူ့ပုံပန်းသွင်ပြင်မှာအေးစက်ကာတည်ငြိမ်လှသည်။ သူကားလင်ရှောင်းချီဇုန်ပြစ်ဒဏ်စီရင်ရေးနန်းဆောင်၏အကြီးအကဲလုကျန်းဖြစ်ကာ သူ၏ရိုးသားဖြောင့်မတ်ခြင်းကြောင့်ထင်ရှားကျော်ကြားသည်။
သို့သော် ထိုကဲ့သို့ပုဂ္ဂိုလ်ဟာ အမွှေးတိုင်တစ်ချောင်းကြောင့် ညလယ်ခေါင်တွင်ဤကဲ့သို့နေရာတွင်ပေါ်လာသည်မှာ သိပ်ကိုသံသယဖြစ်စရာကောင်းသည်။
သူ့ရှေ့ရှိလူရွယ်၏မရင်းနှီးသောပုံပန်းသွင်ပြင်ကိုမြင်လိုက်ရရင်း လုကျန်းတစ်အောင့်မျှကြောင်အမ်းသွားရကာ ထို့နောက်ချက်ချင်းသတိချပ်၍ ခေါင်းနိမ့်ကာမေးလိုက်သည်။
"မင်းဘယ်သူလဲ။ မင်းဘာလို့လင်ရှောင်းတောင်ထွတ်ပေါ်မှာရှိနေတာလဲ။ ငါ့ကိုမြန်မြန်ပြော! မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့!"
မင်ရှောင်းမှာစိုးရိမ်ပူပင်မှုစိုးစဥ်းမျှမပြဘဲ ခေါင်းရမ်းကာပြောလိုက်သည်။
"လုအကြီးအကဲ၊ မအော်ပါနဲ့ဗျာ။ ခင်ဗျားနဲ့ကျွန်တော်ကရှက်စရာကောင်းတဲ့ကိစ္စတွေအများကြီးကိုအတူလုပ်ခဲ့ပြီးတော့ တစ်လှေတည်းစီးနေတာပဲကို ဘာလို့များဒီလောက်စိမ်းကားပြနေရတာလဲဗျ။ ကျွန်တော်ဒီကိုလာတာ ခင်ဗျားကိုပြောစရာရှိလို့ပဲ။"
လုကျန်း၏မျက်နှာထားမသိမသာပြောင်းလဲသွားကာ မှောင်မိုက်စွာမေးလာသည်။
"ဘာပြောမလို့လဲ။"
မင်ရှောင်းပြောလိုက်သည်။
"ကျန်းရွေ့သေပြီ။"
လုကျန်းကအရင်ဆုံးမိန်းမောသွားပြီးနောက် လှောင်ပြုံးပြုံးကာပြောလာသည်။
"သစ္စာမရှိဘဲဝတ္တရားဖောက်ပြန်တဲ့ကောင်က ဂိုဏ်းရဲ့ကျက်သရေကိုညှိုးနွယ်စေတော့ ဂိုဏ်းရဲ့စည်းမျဥ်းတွေနဲ့ရှင်းပစ်ခံရသင့်တာကြာပြီ။ သူသေရမှာပဲလေ။ မင်းနဲ့သူရဲ့ဆက်ဆံရေးကဘာလဲ။ ငါ့ကိုပြော!"
မင်ရှောင်းသူ့ကိုစိုက်ကြည့်နေပြီး သူကားအလွန်အမင်းစိတ်သက်သာရာရသွားပုံပေါ်သည်ကိုမြင်လိုက်ရသဖြင့် သူ့မျက်နှာထက်ရှိအပြုံးမှာနက်ရှိုင်းသွားကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်သူ့ရဲ့လျို့ဝှက်ချက်အကုန်လုံးကိုသိတယ်ဗျ။ ဥပမာပြောရရင်....လုအကြီးအကဲကထာဝရရှင်သန်မဲ့နည်းလမ်းကိုရှာချင်လို့ ဂိုဏ်းထဲမှာခွင့်မပြုထားတဲ့ဆေးဝါးတချို့ကိုသယ်ဆောင်ထားတယ်ဆိုတာကိုပေါ့။"
မင်ရှောင်းကသူ့ကိုလှည့်စားနေသည်ဟု လုကျန်းအစကထင်မိသော်လည်း ထိုစကားကိုကြားလိုက်ရသော်သူထိတ်လန့်သွားရကာ နောက်ဆုံးတွင်သူ့ကိုယုံကြည်သွားပေမဲ့ တစ်ချိန်တည်း၌ကျန်းရွေ့ကိုတိတ်တခိုးကျိန်ဆဲမိသည်။
ပြောရမှာဆန်းသည်၊ ပြစ်ဒဏ်စီရင်ရေးနန်းဆောင်၏အကြီးအကဲအနေဖြင့် လုကျန်းဟာအမြဲတစေဖြောင့်မတ်မှန်ကန်စွာပြုမူဆောင်ရွက်ပြီး အတိတ်တွင်တပည့်ဂိုဏ်းသားများကိုခွဲခြားမဆက်ခံခဲ့သော်လည်း လင်ရှောင်းဂိုဏ်းကိုကျန်းရွေ့ရောက်လာကတည်းက ထိုတစ်ယောက်ဟာချီးကျူးဖွယ်ကောင်းသည်ဟုခံစားခဲ့ရသည်။
ထို့အပြင် ကျန်းရွေ့ဟာလည်းသူ့ကိုတမင်သက်သက်ဖားယားခဲ့သဖြင့် လုကျန်းဟာဒီကလေးကိုလုံးဝအရေးမစိုက်ခဲ့ပေ။
သူဟာတကယ်တော့ဟန်ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုမျှစွမ်းအားကြီးလိမ့်မည်ဟုသူမထင်ထားခဲ့မိပေ။
ဓားစမ်းသပ်ရေးညီလာခံအပြီးတွင် ကျန်းရွေ့လုပ်ခဲ့သည့်အရာမှာလူထုရှေ့တွင်အလုံးစုံထုတ်ဖော်ခံလိုက်ရပြီး မကြာမီတွင်ဂိုဏ်းထံလက်လွှဲခံခဲ့ရရာ ထိုဖြစ်ရပ်တွင်ရှိမနေသည့်လူတိုင်းကိုထိတ်လန့်သွားစေပြီး လူကျန်းအားအလွန်စိတ်မကောင်းဖြစ်သွားစေခဲ့သည်။
ယခုကြည့်ခြင်းအားဖြင့် ကျန်းရွေ့ကားအမှိုက်ဆန်ကာရက်စက်လှသည်။ သူသည်သူ၏လျို့ဝှက်ချက်များကိုပင်အခြားသူတို့အားသာမန်ကာလျှံကာပြောပြခဲ့၏။ သူသေသွားခဲ့သည်အချိန်ကိုမှတ်မိဖို့ရာခက်ခဲလှသည်။
လုကျန်းကမင်ရှောင်းကိုအေးစက်စက်ကြည့်ကာပြောသည်။
"မင်းကငါ့ကိုဒီဟာလာပြောချင်တယ်ဆိုတော့ မင်းငါ့ကိုဘာလုပ်စေချင်တာလဲ။ အပေးအယူလုပ်မလို့လား။"
မင်ရှောင်းကဆိုသည်။
"ဒါကခြိမ်းခြောက်တယ်လို့ပြောလို့မရပါဘူးဗျာ၊ လျို့ဝှက်ပူပေါင်းကြံစည်ရုံတင်ပါ။ အစကတည်းက လုအကြီးအကဲဟာ ကျန်းရွေ့ကိုနောက်တက်မဲ့လင်ရှောင်းဂိုဏ်းချုပ်ဖြစ်ဖို့မျှော်လင့်နေမှန်း ကျွန်တော်သိပါတယ်၊ ပြီးရင်ခင်ဗျားကဒီအခွင့်အရေးကိုယူပြီးတော့စွမ်းအားရအောင်လုပ်မှာလေ။ ကျွန်တော့်အတွေးကခင်ဗျားနဲ့အတူတူပဲ။"
လုကျန်းကရယ်လိုက်ပေမဲ့ သူ့မျက်ဝန်းထဲတွင်အပြုံးစိုးစဥ်းမျှမရှိပေ။
"မင်းဘယ်ကလာတာလဲ၊ မင်းကလည်းလင်ရှောင်းဂိုဏ်းချုပ်ဖြစ်ချင်တာလား။"
မင်ရှောင်းပြောလိုက်သည်။
"လုအကြီးအကဲကသူများတွေကိုဂိုဏ်းချုပ်ဖြစ်စေချင်နေတာပဲ၊ ထိပ်ဆုံးကိုတက်လှမ်းဖို့သူများတွေကိုနှလုံးသားနဲ့ရင်းပြီးကူညီနေတာ၊ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကိုယ့်ကိုယ်ကိုယုံကြည်ချက်နည်းနည်းပဲရှိတာမလား။"
သူကလုကျန်းကိုစိုက်ကြည့်သည်။
"ကျွန်တော်ပြောပါတယ်၊ ကျွန်တော်ကဂိုဏ်းချုပ်အသစ်တင်မြှောက်ချင်တယ်၊ ပြီးရင်ကျွန်တော့်အတွက်ထောက်တိုင်ဖြစ်စေချင်တာ။"
လုကျန်းကခပ်ဖွဖွပြုံးကာ သူ့စိတ်အခြေအနေမှာအနည်းငယ်ရှုပ်ထွေးလို့နေသည်။
လင်ရှောင်းဂိုဏ်းသည်ကားဓားရေးအရာတွင်ထိပ်တန်းနံပါတ်တစ်ဂိုဏ်းဖြစ်၏။ ၎င်းမှာဂိုဏ်းနှစ်ခြမ်းကွဲသွားပြီးနောက်ပိုင်းတွင် အပြန်အလှန်တိုက်ခိုက်နေခဲ့ကြသဖြင့် ၎င်း၏ခွန်အားမှာအရင်ကကဲ့သို့မထူးချွန်တော့သည့်တိုင် ၎င်းဟာနှစ်ပေါင်းများစွာတိုင်အောင်ထိပ်ဆုံးတွင်ရှိနေသေးရာ အထင်သေး၍မရပေ။ ဒီလိုအခွင့်ရေးမျိုးရှိနေလို့ရှိရင် သူဘယ်လိုလုပ်ပြီးစိတ်မပါနိုင်မှာတဲ့လဲ။
သို့သော်လည်း ပြစ်ဒဏ်စီရင်ရေးနန်းဆောင်ကားစည်းမျဥ်းဥပဒေကိုလိုက်နာလေ့ရှိကာ ဤနေရာမှဂိုဏ်းချုပ်တစ်ဦးထွက်ပေါ်လာသည့်ထုံးစံလုံးဝမရှိခဲ့ပေ။ ကျန်းရွေ့ကဟယ်ဇီကျိုး၏တိုက်ရိုက်တပည့်ဖြစ်ကြောင်း လုကျန်းမြင်လိုက်ရသည်။ မထင်မှတ်ထားစွာဖြင့် သူတစ်ပါးအပေါ်မကောင်းကြံသော်ငြား သူ့ကိုယ်သူအန္တရာယ်ထဲဆွဲသွင်းမိသွားချေသည်။
လုကျန်းရင်ထဲတွင်ထိုသို့တွေးမိပေမဲ့ မင်ရှောင်းနှင့်မျက်နှာချင်းဆိုင်ရင်းဖြင့် သူပြောလိုက်သည်။
"အတိတ်ကလင်ရှောင်းဂိုဏ်းရဲ့စည်းမျဥ်းတွေထဲမှာ ပြစ်ဒဏ်စီရင်ရေးနန်းဆောင်ကလူတစ်ယောက်ကဂိုဏ်းချုပ်ရာထူးယူလို့ရတယ်လို့လုံးဝမပါခဲ့ဘူး။ အနာဂတ်ငယ်ရွယ်တဲ့မျိုးဆက်သစ်တွေက အနာဂတ်မှာလင်ရှောင်းဂိုဏ်းကိုအသစ်ပြန်တည်ထောင်ပြီး အရင်ကဂုဏ်းသတင်းကိုပြန်ယူနိုင်မယ်လို့မျှော်လင့်ထားမိတယ်။ မင်းသာငါ့ကိုသွေးဆောင်ဖို့ဒါကိုသုံးမယ်ဆိုရင် သိပ်ကိုပျင်းစရာကောင်းသွားပြီ။"
မင်ရှောင်းကပြုံးကာဆိုသည်။
"လုအကြီးအကဲ၊ ကျွန်တော်ခင်ဗျားကိုခေါ်သွားမှာပေါ့ဗျ။ ရာထူးကိုဆုပ်ကိုင်ထားပြီး ဒီလိုခေါင်းမာနေသေးတယ်ဆိုတော့ ခင်ဗျားတစ်ယောက်ယောက်ကိုသတ်ဖို့ကြိုးစားနေတာများလား။"
လုကျန်းတန့်သွားသည်။
မင်ရှောင်းပြောမိသည်။
"အို၊ တစ်ခုခုရှိနေမှန်းကျွန်တော်သိသားပဲ၊ ဒါပေမဲ့ ကျွန်တော်ခင်ဗျားကိုအသိပေးလိုက်ပါရစေ၊ ကျန်းရွေ့ကဟယ်ဇီကျိုးကိုသူသိတာပြောမပြော ကျွန်တော်သေချာမသိဘူးနော်။ အဆုံးမှာတော့ သူဖမ်းချုပ်ခံလိုက်ရပြီးနောက်ပိုင်းမှာ ဟယ်ဂိုဏ်းချုပ်ကသူ့ကိုနှစ်ယောက်တည်းခဏခဏစစ်မေးနေကျဆိုတော့လေ။"
လုကျန်းမှာတကယ့်ကိုထိုရည်ရွယ်ချက်ရှိနေသော်လည်း ကျန်းရွေ့၏မကောင်းသောစိတ်ဓာတ်ပေါ်လာလိမ့်မည်ဟုမထင်ထားပေရာ သူ့မျက်နှာမှာရုတ်ခြည်းပြောင်းလဲသွားရသည်။
ကျန်းရွေ့၏အကြံမှာသူ့ထက်ပိုဆိုးသည်။ ထိုသို့သာဆိုရင် ဟယ်ဇီကျိုးတောင်ထွတ်ပေါ်ပြန်လာသည်နှင့် လင်ရှောင်းဂိုဏ်း၏အင်အားကိုပြန်လည်ဖွဲ့စည်းမှာစိုးသည်၊ ထိုအခါကံဆိုးသွားလိမ့်မည်ပင်။
ပြီးရင် ထိုအချိန်တွင် သူမဟုတ်ဘဲအခြားသူများရှိပေလိမ့်မည်။
အတွေးမျိုးစုံမှာသူ့စိတ်ထဲတွင်ရောယှက်သွားပြီး သူမနေနိုင်ဘဲဇဝေဇဝါဖြစ်သွားမိသည်။ နောက်ဆုံးတွင်သက်ပြင်းချကာမင်ရှောင်းကိုမေးမိသည်။
"မင်းဘာလိုချင်တာလဲ။ ငါ့ကိုဂိုဏ်းချုပ်ဖြစ်အောင်ပံ့ပိုးပေးပြီးတော့ လင်ရှောင်းဂိုဏ်းကိုမင်းရဲ့ရုပ်သေးရုပ်ဖြစ်စေချင်တာလား။"
မင်ရှောင်းကပြုံးလျက်ပြောလာသည်။
"မလုံလောက်သေးဘူး။ အခြေအနေနှစ်ခုရှိတယ်၊ ပထမတစ်ခု ကျွန်တော်ဟယ်ဇီကျိုးကိုလိုချင်တယ်၊ ဒုတိယတစ်ခု ကျွန်တော်သိပ်မကြာသေးခင်က လူအင်အားပြတ်လပ်နေတာဆိုတော့ လင်ရှောင်းဂိုဏ်းရဲ့အကူအညီနဲ့တစ်ခုခုလုပ်စရာရှိတယ်၊ ကျွန်တော့်ရဲ့အဓိကကိစ္စတွေပြီးသွားတဲ့အထိစောင့်၊ ရေတွင်းထဲကရေကိုထုတ်လို့မရသေးဘူး။ ခင်ဗျားဂိုဏ်းချုပ်ဘယ်လိုဖြစ်ချင်လဲဆိုတဲ့အပေါ်မူတည်တယ်။"
လုကျန်းမှာတစ်အောင့်ကြာစကားပြောနိုင်ခြင်းမရှိဘဲ သူ့အတွေးများမှာရင်ထဲတွင်ပြည့်လျှံလျက်ရှိပြီး သူ၏အတိတ်လုပ်ရပ်များအကြောင်း ဟယ်ဇီကျိုးသိသွားပြီးနောက်ပိုင်းတွင်ဖြစ်လာမည့်အကျိုးဆက်များနှင့်ပတ်သတ်၍စဥ်းစားနေမိသည်၊ ထို့နောက် ခေတ်အဆက်ဆက်ရှိဂိုဏ်းမှသစ္စာဖောက်တို့၏ကံကြမ္မာအကြောင်းတွေးမိကာ တကယ့်ကိုဆုံးဖြတ်ရခက်နေပေသည်။
မင်ရှောင်းကအပြောကောင်းသော်လည်း သူ၏လုပ်ရပ်များဟာရှင်းလင်းစွာပင် လင်ရှောင်းဂိုဏ်း၏အတွင်းရေးအဓိကရုဏ်းများကိုထိုးဆွရန်ရည်ရွယ်ထားသည်ပင်၊ သို့သော် သူကောင်းကောင်းကြီးသိနေပေမဲ့ တကယ့်ကိုမငြင်းဆန်နိုင်ဖြစ်နေသည်။
မင်ရှောင်းကပြောသည်။
"ကျွန်တော်ခင်ဗျားကိုစဥ်းစားဖို့အချိန်တစ်ညပေးမယ်။ တစ်ညပြီးသွားရင်....ကျွန်တော်ကသည်းညည်းမခံနိုင်တာမဟုတ်ပေမဲ့ လင်ရှောင်းတောင်ထွတ်ကိုပြန်လာတဲ့သူတွေကခင်ဗျားနဲ့နီးသထက်နီးကပ်လာပြီနော်။"
ထိုသို့ပြောပြီးနောက် လုကျန်းကသူ့ကိုကူကယ်ရာမဲ့စွာကြည့်နေရင်းဖြင့် သူ့ပုံရိပ်မှာတဖြည်းဖြည်းချင်းမှေးမှိန်သွားပြီး ထို့နောက်သူ့ရှေ့ရှိလေထဲသို့အရည်ပျော်သွားသည်။
ဤလူ၏ဇစ်မြစ်ကားထူးခြားဆန်းကြယ်ပြီး သူ၏ရည်ရွယ်ချက်များမှာကောက်ကျစ်စဥ်းလဲကာ သူဟာတစ္ဆေသရဲဟုတ်မဟုတ်ပင်မမြင်နိုင်ပေ၊ ဒီတော့သူကဘာလဲ။
သုံးရက်ကြာပြီးနောက်၌ ဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ယှဥ်ပြိုင်ဖို့သွားခဲ့ကြသည့်တပည့်ဂိုဏ်းသားများမှာ နောက်ဆုံးတွင်လင်ရှောင်းတောင်ခြေကိုရောက်လာလေရာ သူတို့အားလုံးမှာမျက်ရည်ဝဲလုမတတ်ဖြစ်သွားရသည်။
အိမ်ပြန်လမ်းတွင် ပူအိုက်ကာပင်ပန်းနွယ်ခြင်းကားဒုတိယအရေးကြီးဆုံးအရာဖြစ်သည်။ အဆိုးဆုံးအရာကား သူတို့ဟာလမ်းတစ်ဝက်တွင်မရပ်တန့်ဘဲ မကောင်းဆိုးဝါးမိစ္ဆာမျိုးစုံတို့ထံမှအဆက်မပြတ်နှောင့်ယှက်ခြင်းခံခဲ့ရပေသည်။
ဒီအတိုင်းသွားကြည့်ပြီးဆော့ကစားခဲ့သည့် မြေခွေးမျိုးနွယ်စု၏စိတ်ပိုင်းဆိုင်ရာနှင့်ကွာခြားစွာဖြင့် အဓိကဓားရေးဂိုဏ်းတစ်ဂိုဏ်းအနေနှင့်လင်ရှောင်းဂိုဏ်းမှာ ဓားစမ်းသပ်ရေးညီလာခံအားအလွန်အတည်ယူဆထားကြသည်။ ဒီတစ်ခေါက်ခေါ်လာသည့်တပည့်ဂိုဏ်းသားများမှာ ဝင်ပြိုင်ဖို့ရာအရည်အချင်းမပြည့်မှီ၊ အစွမ်းအစလုံးဝမရှိဘဲ အားနည်းနေလျှင်ပင် နောက်တစ်ခါကျရင် ဓားစမ်းသပ်ရေးညီလာခံတွင်တရားဝင်ယှဥ်ပြိုင်ခွင့်ရလောက်သည်ဟုမျှော်မှန်းထားကြသည်။
ကျော်ကြားသောဂိုဏ်းများစွာမှာအတူစုဝေးခဲ့ကြပြီး ဟယ်ဇီကျိုးကိုယ်တိုင်ပါနေသဖြင့် မိစ္ဆာ၏တိုက်ခိုက်မှုဟာသူတို့ကိုပင်ပန်းစေပေမဲ့ အလွန်ကြီးမားသောဆုံးရှုံးမှုများကိုလည်းမယူဆောင်လာခဲ့ပေ။
ကျန်းရွေ့ဟာလမ်းတွင်မဖော်ပြနိုင်လောက်အောင်သေဆုံးသွားသော်လည်း လူသတ်တရားခံကိုတော့ဖြင့်ရှာမတွေ့ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ကြိုးစားအားထုတ်မှုများအပြီးတွင် သူတို့နောက်ဆုံးတွင်ပြန်ရောက်လာကြရာ လူတိုင်းစိတ်သက်သာရာရသွားကြသည်။
တပည့်ဂိုဏ်းသားနှစ်ယောက်မှာရှေ့တိုး၍ တောင်ထွတ်ဂိတ်တံခါးဝရှိအကာအရံကိုဖြည်လိုက်သည်။ သူတို့အနက်တစ်ယောက်ကလှည့်ကာပြုံး၍ဆိုလာသည်။
"အိမ်ပြန်လာရတာကောင်းတယ်။ ဘာလို့များလင်ရှောင်းဂိုဏ်းကလေက အခြားနေရာကလေတွေကနည်းနည်းပိုလန်းဆန်းတယ်လို့ငါထင်နေရတာလဲ။ ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီးတော့..."
သူသည်အစကတောင်ထွတ်ပေါ်တက်ရန် ဟယ်ဇီကျိုးကိုဖိတ်ခေါ်ချင်သော်လည်း ဤအခိုက်အတန့်တွင် ဟယ်ဇီကျိုး၏မျက်ဝန်းများမှာကျဥ်းမြောင်းသွားပြီး ရုတ်ခြည်းအော်ပြောလာသည်။
"ဘေးဖယ်!"
ဂိုဏ်းသားမှာတောင့်တင်းသွားပြီး ဟယ်ဇီကျိုးပြောသကဲ့သို့လုပ်ရန်အချိန်မရှိလိုက်ဘဲ
အဖြူရောင်အလင်းဟာတောင်ထွတ်ဂိတ်ဝမှပျံထွက်လာကာ သူ့နှလုံးကိုချက်ချင်းဆိုသလိုထိုးဖောက်သွားသည်။
ဂိုဏ်းသားမျက်နှာပေါ်ရှိအပြုံးအေးခဲသွားကာ သူ့ရင်ဘတ်ထဲတွင်ကြီးမားသောသွေးရောင်ဟောင်းလောင်းပေါက်ကြီးပွင့်နေပြီး လူတစ်ကိုယ်လုံးမှာလှေကားတစ်လျှောက်လိမ့်ကျသွားကာ ချက်ချင်းသေဆုံးသွားတော့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရရာ လူတိုင်း၏စိတ်ထဲတွင်တစ်ခဏမျှဗလာနတ္ထိဖြစ်သွားပြီး တစ်အောင့်ကြာမယုံကြည်နိုင်ဖြစ်မိကြသည်။
သူတို့အတွက်တစ်လမ်းလုံးစိုးရိမ်နေရသည်ကလုံလောက်သော်လည်း ဤသည်ကားလင်ရှောင်းဂိုဏ်း၏တောင်ထွတ်ဂိတ်ဝဖြစ်ကာ စောင့်ကြည့်နေသောမျက်လုံးများအောက်၌ သူတို့ဘယ်လိုလုပ်ပြီးထိုကဲ့သို့တိုက်ခိုက်မှုမျိုးနှင့်ကြုံတွေ့ရပါသနည်း။
Advertisement
"မှော်စက်ဝန်းပဲ!"
ဟယ်ဇီကျိုးဒေါသထွက်သွားကာ လူတစ်ကိုယ်လုံးတောင်ထွတ်ဂိတ်တံခါးဝထံမရောက်သွားမီ သူ့နောက်တွင်တောင့်ခဲနေသည့်နောက်ထပ်ဂိုဏ်းသားတစ်ယောက်ကိုဝေ့ရမ်းကာ ကျယ်လောင်စွာပြောလိုက်သည်။
"လူတိုင်းစိတ်ငြိမ်ငြိမ်ထားပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကာကွယ်ပြီး မိစ္ဆာတိုက်ခိုက်တဲ့အရံအတားကိုအသက်သွင်းလိုက်!"
သူတို့သည်လမ်းတစ်လျှောက်လုံးတွင် မကောင်းဆိုးဝါးနှင့်မိစ္ဆာတို့၏အနှောင့်အယှက်ပေးခြင်းခံခဲ့ရပြီး မိစ္ဆာတို့၏တိုက်ခိုက်မှုကိုခုခံရန်သတိချပ်ထားကြသည်။ ဤအခိုက်အတန့်တွင် ဟယ်ဇီကျိုး၏ပထမဆုံးတုံ့ပြန်မှုမှာ မကောင်းဆိုးဝါးမိစ္ဆာတို့ကသူတို့ကိုဘာမှမလုပ်နိုင်ကြောင်း တစ်ဖက်လူမြင်လိုက်ရရာ အဆုံးတွင် သဘာဝကျကျပင် သူတို့ကိုတိုက်ခိုက်ရန်တစ်ယောက်ယောက်ကိုလွှတ်လိုက်ခြင်းဖြစ်သည်ပင်။
မင်းကလင်ရှောင်းတောင်ထွတ်ဂိတ်ဝမှာရန်လာစရဲမှတော့ မင်းပြင်ဆင်လာမှာပေါ့။
ဟယ်ဇီကျိုး၏စကားများကိုကြားလိုက်ရရင်း ခုနကတောင့်တင်းနေသည့်ဂိုဏ်းသားမှာအိပ်မက်ထဲမှနိုးထလာသည့်နှယ် အရံအတားဖွဲ့စည်းရန်ချက်ချင်းပြင်ဆင်လိုက်သည်။
သူတို့သည်အစကတည်းကကောင်းမွန်စွာလေ့ကျင့်ထားသဖြင့် အလွန်ချောမွေ့စွာဆောင်ရွက်သွားကြ၏။ မိစ္ဆာတိုက်ခိုက်သည့်အရံအတားဖြစ်ပေါ်လာတော့မည်ကိုမြင်လိုက်ရရင်း ထိုအခိုက်အတန့်တွင် သူတို့ခြေဖဝါးအောက်ရှိမြေကြီးမှာရုတ်ခြည်းလှုပ်ခတ်သွားကာ မရေတွက်နိုင်သောအက်ကြောင်းများပွင့်လာချေသည်။
မြေကြီးထဲရှိအက်ကြောင်းမှနေ၍ ရွှံ့နှင့်လုပ်ထားသည့်လက်တစ်ဖက်ထွက်လာကာ တပည့်ဂိုဏ်းသားတို့၏ခြေကျင်းဝတ်ကိုလှမ်းဆွဲလျက် သူတို့အရံအတားကိုအသက်မသွင်းအောင်နှောင့်ယှက်နေသည်။
လက်များအပြင် ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်ပိုင်းများမှာ အက်ကွဲကြောင်းများထဲမှတဖြည်းဖြည်းချင်းထွက်လာသည်....
ထိုစဥ် တစ်ယောက်ကနားလည်သွားကာ ခပ်ကျယ်ကျယ်ပြောလာသည်။
"သူတို့ကိုမြန်မြန်ဖြတ်ပစ်ကြ၊ ကြီးထွားခွင့်မပေးနဲ့၊ မဟုတ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်!"
နှစ်ဖက်စလုံး၏တိုက်ပွဲအတွင်းတွင် ဟယ်ဇီကျိုးကဓားဆွဲထုတ်ပြီးဖြစ်ကာ ဓားစွမ်းအင်ကတိမ်လွှာတို့ကိုဖြတ်၍ မိုးကောင်းကင်ထက်ထိုးဖောက်သွားကာ လင်ရှောင်းဂိုဏ်းအားသတိပေးသည့်အချက်ပြပုံစံပို့လိုက်သည်။
တစ်ချိန်တည်း၌ သူဟာဓားထဲသို့စိတ်ဝိညာဥ်စွမ်းအားထည့်လိုက်ရာ ဓားကိုယ်ထည်ပေါ်ရှိအလင်းမှာဖျတ်ခနဲလက်သွားပြီး တဖြည်းဖြည်းချင်းနှင့်ရေလှိုင်းများဖြစ်ပေါ်လာပုံရကာ ထို့နောက်ရေနဂါးအများအပြားမှာ ကောင်းကင်ယံထက်တွင်ပျံလွှားနေပြီး ပါးစပ်ဟလိုက်ချိန်တွင် မိုးကြိုးပစ်သံတို့ကျယ်လောင်လာကာ လေမှာမုန်တိုင်းပမာပြင်းထန်စွာတိုက်ခတ်လာလေရာ မြေကြီးပေါ်ရှိရွှံ့များမှာပျစ်ခဲလို့မရနိုင်တော့သည်ရွှံ့အဖြစ်စုန်းစုန်းစိုရွှဲသွားသည်။
လူတိုင်းမှာ၎င်းကိုအခွင့်ကောင်းယူကာ အရံအတားကိုဖယ်၍ တောင်ထွတ်ဂိတ်ဝထံအလျင်စလိုပြေးသွားကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် မြေကြီးထဲရှိအက်ကွဲကြောင်းထံမိုးကြိုးတစ်ချက်ပစ်သွားကာ တောင်ထွတ်တစ်ခုလုံးရုတ်ခြည်းတုန်ခါသွားတော့သည်။
ချက်ချင်းပင်၊ ဘန်းခနဲမြည်သံနှင့်အတူ မြေကြီးမှာရုတ်တရက်ကြီးမားသောချောက်နက်အဖြစ်ကွဲသွားကာ ချောက်နက်ထဲမှအနက်ရောင်လေပေါက်ထွက်လာပြီး ဟယ်ဇီကျိုး၏ခန္ဓာကိုယ်ကိုရစ်ပတ်သွားကာ မထင်မှတ်ထားစွာဖြင့် သူ့ကိုအောက်ဆွဲချသွားသည်!
"ဂိုဏ်းချုပ်! ဂိုဏ်းချုပ်!"
ဒါကိုမြင်လိုက်ရချိန်တွင် တပည့်ဂိုဏ်းသားများမှာထိတ်လန့်သွားကြပြီး သူတို့အားလုံးအော်ဟစ်မိကြလျက် သူတို့သည်ကယ်တင်ရန်ပြန်လှည့်လာသော်လည်း ချောက်နက်မှာမျက်စိတစ်မှိတ်အတွင်းတွင်ပြန်ပိတ်သွားပြန်ကာ အရိပ်အယောင်လုံးဝမမြင်ရတော့ပေ။
"ဒီမှာဘာတွေဖြစ်နေတာလဲကွာ!"
တစ်ယောက်မှာနောက်ဆုံးတွင်သည်းမခံနိုင်တော့ဘဲ ပြိုလဲကျသွားသည်။
"ဒါကလင်ရှောင်းဂိုဏ်းရဲ့တောင်ထွတ်ဂိတ်ဝမှာလေ၊ မိစ္ဆာတွေ...မိစ္ဆာတွေသိပ်ကိုလွန်လွန်အားကြီးသွားပြီ!"
"ဒီနေရာမှာအကြာကြီးနေဖို့မသင့်တော်ဘူး၊ ငါတို့ခွန်အားနဲ့ဆိုရင် သွားကယ်ဖို့မဖြစ်နိုင်ဘူး။"
ကောနန်စိတ်ငြိမ်သွားကာ တည်ငြိမ်စွာပြောလိုက်သည်။
"ဒီကိစ္စကအသေးအဖွဲ့ကိစ္စမဟုတ်ဘူး၊ လူတိုင်းတောင်ပေါ်မြန်မြန်တက်ပြီးတော့ ဒီနေရာကအခြေအနေကိုအကြီးအကဲတွေဆီသွားတင်ပြရမယ်။"
လင်ရှောင်းကဖြစ်ရပ်ကိုတင်ပြခဲ့သည်။ ထိုအချိန်တွင် ရှုလင်ကျားဟာချင်းချိုးတွင်ထိုင်စားနေခြင်းပင်။
သူ့ရှေ့တွင်ကောင်းမွန်သောဟင်းပွဲများမှာစားပွဲအပြည့်ရှိနေပြီး အနည်းဆုံးတော့လူဆယ်ယောက်စားဖို့ရာလုံလောက်သည်။
စားပွဲတွင်သူနှင့်မင်ချီသာရှိသည်။ မင်ချီကမစားသေးပေ။ သူမကသူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လျက် ပါးများဖောင်းကားစွာစားနေသည့်သူ့ကိုကြည့်နေသည်။
ရှုလင်ကျားစားပွဲတွင်ထိုင်ပြီး အစားအသောက်ကိုအန္တရာယ်ကင်းကင်းစားခဲ့ရသည်မှာအတော်ကြာပြီဖြစ်သည်။ သူသေရည်သောက်သည့်အခါကျရင် ရံဖန်ရံခါအဆာပြေမုန့်နှစ်လုတ်မျှစားရတာအဆင်ပြေသော်လည်း သူဟာအစားအသောက်တွင်တကယ့်ကိုစိတ်မဝင်စားပေ။
သို့သော် ဤအစားအစာများမှာ မြေခွေးမျိုးနွယ်စုကိုချင်းချိုးထံပြန်လိုက်ပို့ပေးသည့်အတွက်သူ့ကိုကျေးဇူးတင်ရန် မင်ချီကိုယ်တိုင်ချက်ပြုတ်ထားခြင်းပင်၊ ရှုလင်ကျားမစားလို့ရှိရင်ရိုင်းပျရာရောက်သည်မို့ သူမ၏ကြင်နာမှုကိုလက်ခံလိုက်ရသည်။
သူမထင်ထားမိသည်ကား မင်ချီ၏လက်ရာမှာတကယ့်ကိုကောင်းမွန်ပြီး သူ၏အကြိုက်နှင့်အလွန်ကိုက်ညီလှသည်။
ကျင်းဖေးထုန်ကသူ့ကိုစောင့်နေဆဲဖြစ်ကြောင်းရှုလင်ကျားသတိရသွားသည်။ စားသောက်ပြီးနောက် ပန်းကန်ကိုစားပွဲပေါ်ချကာ မင်ချီကိုနှုတ်ဆက်စကားပြောရန်ပြင်လိုက်ပေမဲ့ သူမော့ကြည့်လိုက်ရာ တစ်ဖက်လူကသူ့ကိုမိန်းမောလျက်စိုက်ကြည့်နေသည်ကိုမြင်လိုက်ရပေသည်။
ရှုလင်ကျားမသိမသာတောင့်တင်းသွားမိသည်။
မင်ချီ၏မျက်လုံးများကသူ့ကိုကြည့်နေပုံမှာ အတိတ်တုန်းကအလွန်အလှမ်းဝေးခဲ့ရသည့်တစ်စုံတစ်ရာကိုမြင်လိုက်ရသည့်အလား အနည်းငယ်လွမ်းဆွေးကာမိန်းမောလျက်ရှိသည်။
ရှုလင်ကျားပြောမိသည်။
"မင်မျိုးနွယ်စုခေါင်...."
သူ့စကားများထွက်ကျလာသည်နှင့် အဖြူရောင်အလင်းလုံးတစ်လုံးမှာပြတင်းပေါက်မှတစ်ဆင့်အထဲပျံဝင်လာပြီး ရှုလင်ကျားရှေ့တွင်ဆင်းသက်ကာ ပေါက်ကွဲသွားသည်။
ဤသည်ကားလင်ရှောင်းဂိုဏ်း၏ထူးခြားသောဆက်သွယ်ရေးနည်းလမ်းဖြစ်၏။ ရှုလင်ကျားမရှောင်လွှဲဘဲအောက်ငုံ့ကြည့်မိသည်။
ပျံ့ကြဲသွားသောအလင်းစက်များဟာ ရေးသားထားသည့် စကားလုံးလေးလုံးအဖြစ်စုစည်းသွားသည်ကိုမြင်လိုက်ရသည်။
"ဂိုဏ်းထဲမှာအခက်အခဲဖြစ်နေပြီ။"
လင်ရှောင်းဂိုဏ်းသားများမှာစင်စစ်ပင်ကံဆိုးနေပြီး သူတို့သွားသည့်နေရာတိုင်းနီးပါးတွင် အခက်အခဲပြဿနာဖြစ်လေ့ရှိသည်။
တောင်ထွတ်ဂိတ်တံခါးဝရှေ့ရှိဖြစ်ရပ်အပြီးတွင် တပည့်ဂိုဏ်းသားတစ်ဦးသေဆုံးသွားရုံတင်မကဘဲ ဂိုဏ်းချုပ်ပင်ပျောက်သွားလေရာ ဂိုဏ်းကိုပြန်ရောက်သွားချိန်လူတိုင်း၏ပျော်ရွှင်မှုကိုပျောက်ကွယ်သွားစေသည်။
ထိုအုပ်စုမှာတောင်ထွတ်ပေါ်သို့စိတ်ပျက်လက်ပျက်တက်သွားကြပြီး တောင်ထွတ်ပေါ်တွင်နေခဲ့သည့်အကြီးအကဲတို့ကို ထိုဖြစ်ရပ်အကြောင်းတင်ပြဖို့သွားသည်။
ဟယ်ဇီကျိုးဂိုဏ်းထဲတွင်မရှိချိန် တပည့်ဂိုဏ်းသားခေါင်းဆောင်လော်ရှောင်းက ဂိုဏ်း၏ကိစ္စအဝဝကိုတာဝန်ယူပေးသော်လည်း သူ၏မထူးခြားမခြားနားပင်ကိုယ်ဗီဇနှင့်ဆိုးဝါးသောကျန်းမာရေးကြောင့် အခြေခံအားဖြင့် အဓိကအရေးကိစ္စမရှိရင် သူ့မှာလွတ်လပ်သောစိတ်သဘောထားရှိသည်။
တောင်ခြေရှိကြီးမားသောလှုပ်ရှားမှုဟာ တောင်ထွတ်ပေါ်ရှိလူတိုင်းအားသတိရှိသွားစေသည်။ ဤအချိန်တွင် သူတို့ဟာအဓိကတောင်ထွတ်၏ထိပ်ဖျားထံပြေးလာကြသည်။ လော်ရှောင်းကထိုနေရာတွင်တည်ငြိမ်သောမျက်နှာထားဖြင့်ရပ်နေပြီးဖြစ်သည်ကိုမြင်လိုက်ရရင်း သူတို့အားလုံးမေးမိကြသည်။
"သာ့ရှစ်ရှုန်း၊ ဘာဖြစ်တာလဲဗျ။"
"ငါလည်းမသိဘူး။"
လော်ရှောင်းမျက်မှောင်ကြုတ်သွားသည်။
"ငါရှစ်စွင်းရဲ့ဓားချီစွမ်းအားကိုအာရုံခံမိလို့ ဒီကိုလာခဲ့တာ။"
သူကားအမြဲတမ်းထိုကဲ့သို့ပင်။ သူ့ကိုမေးလိုက်ချိန်တွင်သူဟာဘာဆိုဘာမှမသိသဖြင့် ဘာမှထွက်လာမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ လော်ရှောင်း၏ ပါးစပ်ထဲမှအသုံးဝင်သောသတင်းကိုကြားရဖို့ရာမျှော်လင့်ထားလို့မရပေ။
ထိုစကားကိုကြားသော် သူတို့မနေနိုင်ဘဲမျက်မှောင်ကြုတ်မိကြသည်။ ထိုစဥ် တောင်ခြေရှိတပည့်ဂိုဏ်းသားများမှာ ဓားကိုင်လျက်သားဖြင့် အပြေးအလွှားရောက်လာပြီးဖြစ်သည်။
"သာ့ရှစ်ရှုန်း၊ ကိစ္စအကြီးကြီးဖြစ်သွားတယ်!"
ကောနန်မှာလော်ရှောင်းကိုမြင်သွားချိန်တွင် နောက်ဆုံးမနေနိုင်တော့ဘဲ သူ့အသံမှာမျက်ရည်ကျလုမတတ်ပင်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ကိုခေါ်သွားပြီ!"
"မင်းဘာပြောလိုက်တယ်! သတိထားပြော!"
လော်ရှောင်းစကားမပြောနိုင်မီ သူဟာနောက်ထပ်လေးနက်သောအသံတစ်သံထံမှဖြတ်တောက်ခံလိုက်ရပြီး သူခေါင်းလှည့်ကြည့်လိုက်ရာ ပြစ်ဒဏ်စီရင်ရေးနနန်းဆောင်၏အကြီးအကဲလုကျန်းဖြစ်ကြောင်းမြင်လိုက်ရသည်။
သူ့အပြင် တောင်ထွတ်သခင်များနှင့်အခြားအကြီးအကဲအများအပြားဟာလည်းသတင်းရကာ အပြေးအလွှားရောက်လာကြသည်။
လော်ရှောင်းကကောနန်ကိုပြောသည်။
"ထိုင်ပြီးဖြည်းဖြည်းပြော၊ ရှစ်စွင်းရဲ့ကျင့်စဥ်နဲ့ဆိုရင်ဘယ်သူကသူ့ကိုခေါ်သွားနိုင်မှာတဲ့လဲ။ ခေါ်သွားတယ်ဆိုရင်တောင် ဘယ်သူကခေါ်သွားတာလဲ။"
ကောနန်စိတ်ငြိမ်ငြိမ်ထားကာ အသက်မှန်မှန်ရှူပြီး ဖြစ်ခဲ့သည့်အကြောင်းအရာကိုပြန်ပြောပြလိုက်သည်။
ဤသည်ကိုနားထောင်ပြီးနောက် လူတိုင်းမယုံကြည်နိုင်ဖြစ်မိကြသည်။ လင်ရှောင်းဂိုဏ်းသားများအတွက် သူတို့၏ဂိုဏ်းတံခါးဝတွင် ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်မှာ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းနေပြီးဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ်ဟယ်ဇီကျိုးဟာလည်းအဖမ်းဆီးခံခဲ့ရသဖြင့် ၎င်းမှာပို၍ပင်မယုံကြည်နိုင်စရာပင်။
ဤကိစ္စသာပျံ့နှံ့သွားခဲ့လျှင် ချီဇုန်ဘယ်တော့မှခေါင်းပြန်မမော့နိုင်မှာစိုးသည်။
တောင်ထွတ်အကြီးအကဲနှစ်ဦးမှာအပြန်အလှန်ကြည့်ကာ တက်ကြွစွာဆိုလာသည်။
"တောင်ထွတ်ဂိတ်ဝမှာသဲလွန်စတစ်ခုခုရှာလို့ရမရ အရင်ဆုံးသွားကြည့်ကြရအောင်၊ အဲ့ဒါမှ ဂိုဏ်းချုပ်ဘယ်မှာရှိနေလဲဆိုတာကျုပ်တို့သိရမှာလေ။"
လော်ရှောင်းပြောလိုက်သည်။
"အကြီးအကဲတို့နှစ်ယောက် လူများများပိုခေါ်သွားပြီး အန္တရာယ်ကင်းလုံခြုံအောင်အာရုံစိုက်ကြပါ။"
လုကျန်းကဆိုသည်။
"ကောနန်၊ ဒီကိစ္စကိုမိစ္ဆာမျိုးနွယ်စုလုပ်တာလို့မင်းဆက်တိုက်ပြောနေတယ်နော်၊ မင်းဘာမြင်ခဲ့လို့လဲ။"
ကောနန်ကခါးသက်သက်ပြုံးသည်။
"လုအကြီးအကဲ၊ ကျွန်တော်တို့တွေလမ်းတစ်လျှောက်လုံးဒီကောင်တွေကြောင့်ပင်ပန်းနေခဲ့တာ။ အကြိမ်ပေါင်းမရေတွက်နိုင်အောင်နှောင့်ယှက်ခံရတယ်၊ ပြီးရင်နောက်ကွယ်မှာမိစ္ဆာတွေရဲ့ခြေရာလက်ရာရှိတယ်၊ ခုနကတောင်ခြေကအရံအတားအပါအဝင်ပေါ့။"
သူသည်လမ်းပေါ်တွင်ဖြစ်ခဲ့သည့်အကြောင်းကိုပြန်ပြောကာ ထို့နောက်လမ်းပေါ်တွင်ကျန်းရွေ့သေဆုံးသွားခဲ့ကြောင်းလူတိုင်းသိသွားပြီး ထိုလူများဟာဂိုဏ်းကိုပြန်လာသည့်လမ်းတစ်လျှောက်တွင် အနိမ့်အမြင့်ပေါင်းများစွာကြုံတွေ့ခဲ့ရလေ၏။
လော်ရှောင်းတွေးကြည့်မိသည်။
"ဒါပေမဲ့ မေးစရာရှိတယ်၊ ဒီလူတွေမှာလူတိုင်းကိုဖမ်းဖို့အခွင့်ရေးများစွာရှိပါရက်နဲ့ နောက်ဆုံးခြုံခိုမတိုက်ခိုက်ခင် မင်းတို့တောင်ပေါ်တက်လာတဲ့အထိစောင့်နေခဲ့တယ်။ ဘာလို့များလဲ။ ဒါအမှန်ပဲလား။ တမင်ရန်စွပေးနေတာဆိုရင်ကော? ငါတို့လင်ရှောင်းဂိုဏ်းကအရင်တုန်းကမိစ္ဆာတွေရဲ့အငြိုးရှိခဲ့ဖူးလို့လား။"
Advertisement
- In Serial29 Chapters
Outlaw Country
Buck Jones was born in 1850 and died in 1880. He was an outlaw, and technically still is. The world may change, the species may differ, and the circumstances may twist, but Buck knows one thing for sure. Always draw first.
8 198 - In Serial14 Chapters
The Story Of Vanessa: Two Paths Trying To Find Each Other Again
Vanessa is a young girl who lives with her mother Maria, and her father Rick, one day he has to leave but does not return... Find out for yourself! what happened to Rick? what happened to Vanessa? Will they ever find each other again? There is Blood in this story.
8 257 - In Serial18 Chapters
The Befuddled
Sam has never broken a promise, and doesn't plan on breaking one in his lifetime. So when Sam promises a dying friend to return a precious family keepsake to his sister, only to find the sister dead as well, Sam realizes he needs to take drastic measures to ensure his word is kept. That means sailing to the Necropolis Isles, the fabled land of the dead where it is said that the dearly departed reside. But that means crossing the Ocean, the broken, warped land where maps never lead you to the same place twice and the Laws of Reality apply intermitently at best. He'll need to face down seas made of hungry tongues, hedonistic Mer-People, face stealing pirates and worse if he wants to make it to the Necropolis Isles. Fortunately he's enlisted help from the crew of The Ocean going vessel, The Befuddled. The crew may seem as mad as anything else on the ocean, but sometimes a little insanity is exactly what you need to survive.
8 106 - In Serial25 Chapters
Reborn into a RPG?
If you were to die today, what would your final regret be? What if you were given another chance to fix it? Thrown into a world full of magic, demons, dragons and more; is Kyros. In this world of strong eat the weak, how will our protagonist adapt to survive?Mature for 15+First ever attempt at writing a story, literally. So please rate or just send me a review on a post/in private. It's all about improving right?Currently busy with work so chapter releases will be sporadic, if released at all.
8 229 - In Serial11 Chapters
The Dead Dungeon
RJ was a great and powerful dungeon, a human reincarnated as a dungeon core he was proud of the monstrous humanoids and deadly traps he built. Unfortunately the awesome loot, and powerful magics that came from him drew the attention of many nations. During a brutal siege in which the elven nation tried to defend against the Southern dwarven kingdom, a rogue human faction snuck in and shattered RJ's core. Now the dungeon town is a burned ruin, the magnificent hundred level dungeon has colapsed, and in a tiny lonely crack, a shard of RJ remains. Lacking access to any of his old monsters or abilities, can he ressurect the dead dungeon? more importantly, can he stop the sentient races from discovering and fighting over him once again if he does? (Cover art by Yorugami Ahou [email protected]> https://twitter.com/ArtofYorugami )
8 434 - In Serial200 Chapters
nhl imagines
request it, i'll write it. i can make your nhl dreams come true :)
8 212