《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-33
Advertisement
Unicode
....
မင်းကိုချစ်မဝသေးလို့
အပိုင်း(၃၃): နှစ်သစ်ကူးကြိုဆိုပွဲ
...
ချွဲအိမ်တော်တွင် ချွဲယုံ၊ချွဲယုံ၏ခယ်မ ချွဲကျိကျန်း၊ချွဲကွေ့၊ချွဲဆုန်နှင့် အခြား ချွဲမိသားစုဝင်တွေသည် စုဝေး၍ခေါင်းချင်းဆိုင်နေကြ၏။ချွဲဇီချီရဲ့ သေဆုံးမှုနှင့်ပတ်သက်လို့ ချွဲမိသားစုမှ အချိန်အတော်ကြာအောင် စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေခဲ့ပါသော်လည်း ဘာ သဲလွန်စမှကိုရှာမတွေ့ရှိခဲ့ချေ။
ချွဲကွေ့ကတော့ စိတ်ပျက်လက်ပျက်နှင့် စကားဝိုင်းမှထွက်သွားလေသည်။သူ့ရဲ့အကိုကြီး ချွဲယုံရဲ့အာဏာလွှမ်းမိုးမှုကလဲ နှစ်အနည်းငယ်အတွင်းမှာပင် ယိုယွင်းလာခဲ့ပြီထင်ပါရဲ့..။မယ်မယ်ကြီးမရှိတော့တာက ချွဲကွေ့တို့အတွက်အကြီးမားဆုံး,ဆုံးရှုံးမှုပါပဲ!
ချွဲယုံ က သက်ပြင်းချလိုက်ပြီး
"နောက်ရက်တွေကျရင် မိသားစုထဲက တူ,သားတွေကို တစ်နေရာရာကိုပို့ဖို့တိုက်တွန်းရတော့မယ်။တကယ်လို့ ဒီအတိုင်းသာဆက်သွားနေရင်တော့ အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရမှာပဲ....''
"အဖေ..!ဆိုလိုတာက..." ချွဲဇီယိဆက်မပြောပဲ နှုတ်ဆိတ်၍နေ၏။
"ဇီယိ, အိမ်ရှေ့စံမင်းသားလီ ဆီကိုစာရေးတစ်စောင်ရေးလိုက်!တကယ်လို့ မြေးတော်နှစ်ယောက် လီကျန်းကိုရောက်လာရင် စောင့်ရှောက်ပေးဖို့ပြောလိုက်''
လီကျန်းဆိုတာက သူတို့ချွဲမိသားစုရဲ့ နောက်ဆုံးလွတ်မြောက်နယ်မြေဆိုလဲမမှားဘူး။ဧကရာဇ်မင်းက ချွဲအိမ်တော်ကို နှိမ်နင်းဖို့ဆိုတာက အနှေးနဲ့အမြန်ပဲဖြစ်မည်ကို လီဝမ်အနေနဲ့လဲ သိနေခဲ့ပြီးသားဖြစ်သည်။အရင်က သူတို့ကို အတိုက်အခံလုပ်ဆန်ကျင်ခဲ့တဲ့အိမ်တော်ကို ဘယ်ဧကရာဇ်မင်းကများ အသာတကြည်နဲ့သည်းခံပြီး ချမ်းသာပေးဖူးတာရှိလို့လဲ!
အခုလဲ ချွဲအိမ်တော်က ဒီလမ်းကိုလိုက်ရတော့မှာပေါ့။ဧကရာဇ်မင်းက သူ့ရဲ့ထီးနန်းကို တဖြည်းဖြည်းအခြေတည်ခိုင်မာလာအောင် တည်ဆောက်လာနိုင်တဲ့အပြင် သူ့မှာ အလွန်ကိုအရည်ချင်းပြည့်ဝလှတဲ့ ထီးမွေနန်းမွေဆက်ခံမည့်သားတော်တစ်ပါးလဲရှိနေသေးသည်။
သူတို့အိမ်ကလီလီ့သည်လဲ မျှော်လင့်ချက်မရှိဘူးဆိုတာကို ချွဲယုံအနေနဲ့ကောင်းကောင်းသိနေပါ၏။အဲ့လိုဆိုရင်တောင်မှ လီလီ့ဟာ ဧကရာဇ်ရဲ့ချွေးမဖြစ်နေတုန်းပါပဲ။ဒါကြောင့် လီလီ့သာ ဘာအမှားမှမလုပ်ပဲ လိမ္မာပါးနပ်စွာသာနေနိုင်နေသရွေ့ ဧကရာဇ်သည်လဲ နီးကပ်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ထားပြီးဖြစ်သည့် သူတို့ချွဲအိမ်တော်ကို ပေါ်ပေါ်ထင်ထင်ကြီးသတ်နိုင်မှာမဟုတ်ဘူး....။
"ဟုတ်ကဲ့!တော်ဝင်အိမ်ရှေ့မင်းသားလီ ထံကို စာရေးပြီးပို့လိုက်ပါ့မယ်"
လီဝမ် အခြေစိုက်ရာအိမ်တော်,လီဝမ်သည် ဘေဂျင်မှ အမြန်မြင်းတပ်သားနှင့်ပို့ပေးလိုက်သည့် လျှို့ဝှက်စာတစ်စောင်ကိုဖွင့်ဖတ်နေလေသည်။ချွဲယုံရေးထားသည့် လီကျန်းသို့ သူ့ရဲ့သွေး သားအဆက်နွယ်အချို့ပို့လိုက်မည်ဖြစ်တာကြောင့် အကူညီပေးပါရန်တောင်းဆိုထားသည့် စာကြောင်းကိုဖတ်လိုက်ပြီးနောက် လီဝမ်,စိတ်ထဲမှနေ၍ တိတ် တဆိတ်လှောင်ရယ်နေမိလေသည်။
''ဒီအဘိုးကြီးချွဲယုံကတော့ တဖြည်းဖြည်း ပိုပိုပြီးကြောက်တတ်လာတာပဲ....!''
နောက်သူ,ဆက်ပြီးဖတ်ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသားငယ်က ဒွိလိင်ကောင်းလေးတစ်ယောက်ကို အလေး ပေးဆက်ဆံနေပါတယ်ဆိုတဲ့သတင်းကိုသာတွေ့ရလေသည်။ဒီမင်းသားငယ် မမာမကျန်းဖြစ်လို့ အိပ်ရာထဲလဲနေပြီဆိုတဲ့သတင်းကတော့ မပါလာခဲ့ဘူး...။
ရွှမ်းရန်ကျောက်မုန်တစ်ယောက် နဖူးတွေတွန့်ချိုးသွားတဲ့အထိ မျက်မှောင်ကြုံ့လိုက်မိတော့သည်။ထူးဆန်းလိုက်တာ.....!သူနဲ့ချင်ယိ ရဲ့နှစ်ကိုယ် ကြား လျှို့ဝှက်ဆက်ဆံရေးကိုပြန်လည်တွေးတောနေမိလေသည်။
သူ့အနေနဲ့ ချီယိကိုမဆက်သွယ်ဖြစ်တာ တော်တော်လေးကြာနေပါပြီ။မကြာသေးမှီကတော့ အရင်ကပို့ဖူးတဲ့ဆေးမှုန့်တွေကို တစ်ယောက်ယောက်နဲ့ပို့ပေးလိုက်သေး၏။ဒါပေမဲ့ ပန်းပင်ရဲ့သတ်တမ်းဟာ သိပ်ပြီးကြာရှည်မခံသလို ဆေးမှုန့်ရဲ့အာနိသင်ကလဲ သိပ်မခံတတ်တာကြောင့် သူ့အနေနဲ့ပန်းပင်ကိုအခုလူလွှတ်ပြီး ထပ်ရှာခိုင်းထားပြီးဖြစ်သည်။
ရွှမ်းရန်ကျောက်မုန် သူ့ရဲ့နောက်လိုက်အချို့ကို မြို့တော်ကိုစေလွှတ်လိုက်ပြီးအိမ်ရှေ့စံရဲ့နန်းဆောင်က သူသျှိုတွေနှင့်ဆက်သွယ်ခိုင်းရမည်။ဒါမှ ချင်ယိ ဘာဖြစ်နေလဲဆိုတာကိုသိနိုင်မှာ...!သူမ တကယ်ပဲနေမကောင်းဖြစ်နေတာလား....
ဒါမှမဟုတ်.........။
ချွဲဇီချီ သေဆုံးသွားရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးဘူးဆိုပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အနာကျင်ရဆုံးသူမှာ ချွဲဇီချီ ၏ မိခင်ကျုံးအမျိုးသမီးကြီးသာဖြစ်လေသည်။သားဖြစ်သူ ဆုံးပါးသွားရသည့်အကြောင်းကို တွေးမိလေလေ ပိုပိုပြီးမခံမရပ်နိုင်အောင်ခံစားရလေဖြစ်တာကြောင့် ဘာလုပ်ရမည်ဆိုတာကို သူ့ရဲ့လူယုံတွေနဲ့အချိန်တိုင်းဆွေးနွေးနေခဲ့သည်။
..
ကျန်းယင်ရှင်းသည် သူ့ဖခင်၏ ညွှန်ကြားဆုံးမမှုကိုနာခံပြီး ရက်အနည်းငယ်လောက် အိမ်အပြင်မထွက်ပဲနေခဲ့လေသည်။အမြဲအပြင်မှာသာ အချိန်ကုန်နေတတ်တဲ့သူ့အဖို့ ဘယ်မှမထွက်ရပဲ အိမ်ထဲမှာပဲ ရက်အကြာကြီးပိတ်မိနေခဲ့တာကြောင့် သူ,ထပ်ပြီးသည်းမခံနိုင်တော့ပေ။ပြီးတော့ ဒီရက်ပိုင်းတွေမှာ အေးချမ်းနေတာပဲလေ!ချွဲမိသားစုက သူ့ကိုအိမ်မှာ ၂ခေါက်လောက်တော့လာမေးကြသေးပေမဲ့ နောက်ထပ်ပြီးတော့လာမမေးကြတော့ဘူး။
ကျန်းယင်ရှင်းတစ်ယောက် အိမ်ကနေခိုးထွက်ပြီး လက်ဖက်ရည်ဆိုင်သို့ရောက်သွားတတ်သည်။ သူအဲ့လိုခိုးထွက်ပြီးသွားလာနေပေမဲ့လဲ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ပေ။အရာအားလုံးက သူ့ဟာနဲ့သူ အဆင်ပြေနေတာပါပဲ။ဒါကြောင့် သူလဲ အတင့်ရဲလာပြီး သူ့ရဲ့ဆန်ကုန်မြေလေးတေလေဂျပိုး အလေလိုက်ဖော် ခွေးသူငယ်ချင်းများနဲ့ အရင်အတိုင်းပျော်ပါး၍နေ,နေတော့သည်။
တစ်ညတွင်တော့ ကျန်းကျဟယ်သည် သူ့ရဲ့ဆန်ကုန်မြေလေးသူငယ်ချင်းများနှင့်ပျော်ပါးနေရာမှ ဧည့်ရိပ်သာရဲ့အပြင်ဖက် လမ်းထောင့်နားသို့လျှောက်သွားပြီး အညောင်းပြေလမ်းလျှောက်နေခဒ့လေသည်။အဲ့ဒီ့အချိန်မှာပဲ လူတစ်ချို့က သူ့ရဲ့ခေါင်းပေါ်မှနေ၍ ဂုံနီအိတ်ကြီးတစ်လုံးစွတ်ချလိုက်လေရာ သူ့ရဲ့လောကကြီးရုတ်တရက် မှောင်မိုက်သွားတော့သည်။
အဲ့ဒီ့နောက်မှာတော့ ထိုလူတစ်စုကသူ့ကိုတုတ်တွေ
နှင့် သူ့ရဲ့တစ်ကိုယ်လုံးကို အပြိုင်အဆိုင်ဝိုင်းရိုက်ကြလေရာ သူ့မှာလူတွေကြားအောင် အော်ဟစ်အကူညီတောင်းရလေသည်။ဒါပေမဲ့လဲ ခြေတွေလက်တွေကနေ အပြင်းထန်ဆုံး ခံစားနေရတဲ့နာကျင်မှုကြောင့် သူ့ရဲ့ကိုယ်လုံးကြီးဟာ မြေကြီးထဲတွင် ဘောလုံးတစ်လုံးလိုလုံးကွေး၍ မရှုမလှဖြစ်နေလေ၏။
⭐⭐⭐⭐⭐⭐
Zawgyi
...
...
ဒါမှမဟုတ်.........။
..
⭐⭐⭐⭐⭐⭐
Advertisement
- End289 Chapters
The Villainess Turns The Hourglass
To beat a villainess, you must be even more evil than them.
8 698 - In Serial77 Chapters
Come Back To Me, Kiwi.
Vidal Ferrari is an engineer who's ready to start his own family but with no suitable woman in sight. His wealth seems to attract the wrong kind of girl and he's becoming restless. He's a large rough man who is only ever gentle with his nieces. But he knows that'll have to change if he wants to find himself a wife.Kiara is a heavily traumatized young woman, stuck in an awful facility for sixteen years of her life. Trained to be enslaved and sold. She never had a childhood, never felt love of any kind. When she's saved from the facility, she lands in a hospital in Vancouver. She's in desperate need of someone to look after her and help her heal. Someone gentle and never rough. Can these two find the love they need in each other?Will Vidal be able to be the gentle, careful man that Kiara needs?Will Kiara ever heal from the deep scars her life has left her with?Can the engineer and the scared girl truly be the ones for each other?---"Kiwis..." He said softly. I examined them, seeing how some had some white parts and some were free of the black specks."I like these a lot." He smiled. He brought one to my lips and I bit into it. It was very different from the others. Much less sweet."These ones match your eyes, don't they? Your pretty green eyes." He said to me, wiping away more of my tears while I was too distracted by the explosion of flavour in my mouth.I rubbed my irritated eyes and he fed me another kiwi slice. It tasted good but it made my body shiver a little from the little sting it had in its taste."Is it too sour? Sorry about that." He chuckled, gently raking his fingers through my hair as I relaxed a little.I wanted more. I liked kiwi."You want more?" He asked me.I looked at the kiwi and then at him. He really, really wanted me to talk. He fed me the rest of the kiwi pieces even though he hadn't gotten an answer from me and then he smiled."All done." He said to me, brushing my hair away from my face with a smile.
8 150 - In Serial84 Chapters
The Girl Who Was Abandoned
Meet Lorenzo, the cruel, handsome and capricious mafia boss who never gets attached to anyone, until he meets Clara. Meet Clara, the girl who was abandoned once. She is not looking for love, she doesn't want to belong and she doesn't want Lorenzo. Can Lorenzo make her fall in love with him? Can he uncover her secrets before she gets hurt?
8 511 - In Serial12 Chapters
Becoming
Allyssa-Coco Brown is filled with excitement and expectation as the new high school year begins. Little did she know that it would be the start of a very interesting journey in becoming... Surrounded by her three bosom friends, meeting her crush, Eben, with his hazel brown eyes, her adventure leads her to discoveries that require strength, resilience and ultimately allows her to be a carrier of hope.
8 132 - In Serial7 Chapters
The Idol's Chronicles
Mikaela Maas is a child actress looking to rebrand after Andreas, her former colleague and friend, took complete advantage of her naïveté. She and Yvette join a singing competition in the hopes of appealing to the public, but Andreas has other ideas. Cover image is by Paul Hudson. Story is covered by copyright, you may not copy, reproduce, distribute, or modify the contents of this fiction, either electronically or in hard copies. © 2022
8 187 - In Serial22 Chapters
Taming Cameron (COMPLETE)
Meet Cameron Crawford:She smokes and considers sex a sport. She doesn't have sex with one man twice, but she engages in sexual activities more than twice a week. Meet Nathaniel Caine:He is Cameron's boss, and is disgusted by her promiscuity, but what can he do? The woman is good at her 'job'. Nathaniel later wants someone to pose as his fiancée for his family reunion and his only option is Cameron.A week can be a long time for a woman like Cameron to go without sex or her cigarette, but will she be tamed by Nathaniel? "NO sex with any of my family members, and if you ruin the plan, you won't get paid." Nate smiled wickedly.Cameron cocked a brow and smiled "What about sex with you?".Find out more in "Taming Cameron Highest rank: #17 in short story!
8 194

