《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၃] ပိုင်ချောင်ဟွမ်ရန်|ပိုင္ေခ်ာင္ဟြမ္ရန္
Advertisement
!unicode!
ကျင်းဖေးထုန်၏ခြေဖဝါးမှာမရွေ့သွားဘဲ သူ့ခေါင်းကိုမသိမသာစောင်းလိုက်ရာ ဆေးပုလင်းကယာကျိ၏ခြေဖဝါးနားတွင်ပစ်ပေါက်ခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့သည်။
ယာကျိတောင့်တင်းသွားကာ ထိတ်လန့်တကြားအနောက်ဆုတ်မိသည်။
ရှုလင်ကျားရုတ်ခြည်းနားလည်သွားကာလွှတ်ခနဲပြောမိသည်။
"ဒီပုတီးစေ့လက်ကောက်ပေါ်ကအငြိုးကသူမဟာမဟုတ်ဘူးပဲ!"
ဤအချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှမြေခွေးတစ်ကောင်စကားပြောလိုက်သည့်အချက်ကိုသတိပြုမိဖို့ရာအချိန်မရှိဘဲ ယန်ယွီကလှောင်ပြုံးပြုံးလာသည်။
"သေချာပေါက်မဟုတ်ဘူးပေါ့! သူမကစောဒကတက်စရာဘာအကြောင်းရှိလို့လဲ။ ငါကသူမကိုကယ်တင်ဖို့မတွေးခင် သူမကတော့ငါ့ကိုအဆိပ်ခတ်သတ်ဖို့ကြိုတင်စီစဥ်ထားခဲ့တယ်။"
"သူမကအပယ်ခံငါ့ညီငတုံးကို ဂုဏ်ကျက်သရေရှိပြီးချမ်းသာကြွယ်ဝတဲ့မင်းသားတစ်ပါးဖြစ်လာစေချင်နေတာ!"
သူရုတ်တရက်အသံမြှင့်လာသည်။
"မင်းတို့ကိုပြောပြလိုက်မယ်! အဲ့ဒီ့အငြိုးကငါ့အငြိုး၊ အဲ့ဒီ့စိတ်အစွဲကလည်းငါ့စိတ်အစွဲပဲ၊ ငါသူမကိုမှန်ထဲမှာချိပ်ပိတ်ထားခဲ့တာ! ငါသူမကိုအရမ်းမုန်းတယ်!"
"ပုတီးစေ့ထဲမှာပုန်းနေတဲ့အိပ်မက်ဆိုးမိစ္ဆာက တစ်ပါးသူတွေရဲ့ကံကောင်းမှုနဲ့ပြန်လည်မွေးဖွားမှုကိုခိုးယူဖို့ငါ့ကိုသင်ပေးခဲ့တယ်၊ ဒါပေမဲ့ သူကငါ့ကိုအသုံးချချင်နေမှန်းငါသိတာမို့ ငါသူ့ကိုအခွင့်ရေးယူခဲ့တယ်။ သူကဇုန်ဝူရှင်းကိုလွှတ်ပေးချင်နေတာ၊ ကိစ္စမရှိပါဘူး၊ ငါလည်းအဲ့လိုပဲတွေးမိတယ်။"
ယန်ယွီကလက်ဖျောက်တီးကာဆိုသည်။
"ငါဇုန်ဝူရှင်းကိုရှာချင်တယ်၊ ငါထာဝရအသက်ရှင်ချင်တယ်၊ ငါလောကကြီးထဲကအဓိကရုဏ်းတွေကိုကြည့်ချင်တယ်၊ လောကကြီးထဲကဘယ်သူကများဖုန်မှုန့်၊ ကိုယ်ကျိုးမငဲ့မှုနဲ့အကြောက်တရားကင်းမဲ့ခြင်းကနေအစစ်အမှန်လွတ်မြောက်နိုင်မလဲဆိုတာမြင်ချင်တယ်! လူကောင်းတွေကကောင်းမွန်တဲ့ဆုလဒ်ကိုမရနိုင်တော့ ငါအဆုံးထိဆိုးသွမ်းသွားချင်တယ်!"
သူကားဘယ်လက်ကိုယာကျိထံဆန့်ကာ သူ့လက်ငါးချောင်းကိုဖြန့်၍ လက်သီးတင်းတင်းဆုပ်လိုက်သည်။
ယာကျိမှာကြောက်လန့်တကြားအော်ဟစ်ပြီး သူမ၏ခန္ဓာကိုယ်မှာတန်ဖိုးမရှိသောစက္ကူလုံးပမာ အလုံးတစ်လုံးအဖြစ်တွန့်ရှုံ့ခံလိုက်ရကာ မှန်မှာတစ်စစီကွဲကြေသွားပြီး သူမဟာလည်းပျံ့ကြဲနေသောအလင်းတစ်မှုန်ဖြစ်သွားကာ လေထဲတွင်ချက်ချင်းဆိုသလိုမျောလွင့်သွားချေသည်။
ယန်ယွီကကျင်းဖေးထုန်ကိုပြုံးပြကာ သူ့မျက်လုံးကဖြည်းညှင်းစွာအောက်သို့ရွေ့သွားပြီး ရှုလင်ကျားပေါ်တွင်တစ်ဖန်ကျရောက်သွားကာပြောလိုက်သည်။
"ငါအောင်မြင်နိုင်မယ်လို့....မင်းတို့နှစ်ယောက်ထင်လား။"
သူ့အသံထွက်လာသည်နှင့် ကမ္ဘာတစ်ခုလုံးမှာတမဟုတ်ချင်းပြိုကွဲသွားသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့မျက်စိပြိုင်တူဖွင့်လိုက်ရာ သူတို့ဟာလျို့ဝှက်ဂူထဲတွင်ရှိနေဆဲပင်။
ရှုလင်ကျားကကျင်းဖေးထုန်၏ဝတ်ရုံလက်ထဲမှထွက်ကာ သူ့ခန္ဓာကိုယ်ကိုအသွင်ပြောင်း၍ ခါးကိုင်းကာကျင်းဖေးထုန်ထံလက်ဆန့်ပေးလိုက်သည်။
ထိုသို့လုပ်စရာမလိုသော်လည်း ကျင်းဖေးထုန်ကသူ့လက်ကိုဆုပ်ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။
သူတို့နှစ်ဦးသည်ထိုအပြူအမူကိုအသုံးချကာသူတို့၏အတွေးတို့ကိုဖွဲ့စည်းလိုက်ပြီးနောက် ရှုလင်ကျားကပြောမိ၏။
"ဒါဆို ပုတီးစေ့ထဲကအရာတွေနဲ့ ကျွန်တော့်ရဲ့ကံကောင်းမှုလက်ကျန်တစ်ဝက်ကယန်ယွီယူသွားတာခံလိုက်ရတာပေါ့လေ။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်ကဇုန်ဝူရှင်းကိုလွှတ်ပေးချင်နေတာပဲ။"
ကျင်းဖေးထုန်မှာခုနကအဖြစ်အပျက်ကိုတွေးနေဆဲဖြစ်ပြီး ရှုလင်ကျားကထိုကဲ့သို့စကားပြောလာသည်ကိုကြားလိုက်ရသော် သူကူကယ်ရာမဲ့စွာတောင့်တင်းသွားရကာမေးမိလေသည်။
"ကံကောင်းမှုကျန်တစ်ဝက်?"
ရှုလင်ကျားခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်ခင်ဗျားကိုအရင်ကမပြောခဲ့ဘူးလား။ ကျန်းရွေ့ရှုံးသွားပြီး ကျွန်တော့်ရဲ့ကံကောင်းမှုကတစ်ဝက်ပဲပြန်ရောက်လာတယ်လို့လေ။"
ရှုလင်ကျားဒဏ်ရာပြန်ကောင်းလုနီးပါးဖြစ်နေပြီဟုကျင်းဖေးထုန်ထင်မိသည်။ ယင်းကားသူထိုသို့ပြောသည်ကိုပထမဆုံးအကြိမ်ကြားရခြင်းဖြစ်ရာ ရှော့ခ်ရသွားခဲ့သည်။ သူရှုလင်ကျား၏လက်ကောက်ဝတ်ကိုဆွဲယူ၍ သွေးခုန်နှုန်းစမ်းကြည့်လိုက်ရာ သူ့မျက်ခုံးမှာချက်ချင်းတွန့်ခေါက်သွားပေသည်။
ကျင်းဖေးထုန်၏အမှားဝန်ခံသည့်ကောက်ကျစ်သောစိတ်သဘောထားနှင့်ယှဥ်လျှင် ကျင်းဖေးထုန်ကဒေါသတကြီးပြောလာသည်။
"ဒဏ်ရာပြန်မကောင်းသေးတာကို ကိုယ့်ကိုဘာလို့စောစောစီးစီးမပြောခဲ့တာလဲ!"
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်မေ့သွားလို့ပါ၊ ခင်ဗျားကိုမပြောပြချင်တာမဟုတ်ပါဘူး။"
ကျင်းဖေးထုန်ကပြောလာသည်။
"မင်းကဒီလိုအရာမျိုးကိုမေ့သွားတယ်လား၊ ဒါကမင်းရဲ့ကံကောင်းမှုနော်! မင်းဘယ်လိုလုပ်ပြီးတစ်ပါးသူရဲ့လက်ထဲကိုထည့်ပေးလိုက်နိုင်ရတာလဲ။ မြန်မြန်သွားပြန်ရှာကြမယ်။"
ရှုလင်ကျားပြောမိသည်။ "ဟင်?"
သူတို့သည်ရှင်းလင်းစွာဖြင့်"တစ်ယောက်ယောက်ကဇုန်ဝူရှင်းကိုလွှတ်ပေးချင်သည်"ဆိုသည့်ဇုန်ဝူရှင်းကိစ္စကိုပြောနေခြင်းဖြစ်ပြီး မည်မျှပင်တွေးတောပါစေ ဤသည်ကားကျင့်ကြံရေးလောကတစ်ခုလုံးကိုထိတ်လန့်စေနိုင်သောကြောက်မက်ဖွယ်အကြောင်းအရာဖြစ်ပါသော်လည်း ၎င်းမှာအကြောင်းပြချက်မရှိပါဘဲ ဘေးသို့ပစ်ထုတ်ခံလိုက်ရပေ၏။
ကျင်းဖေးထုန်အတွက်ကတော့ဖြင့် ရှုလင်ကျားထက်ဘယ်အရာကမျှအရေးမကြီးပေရာ သွေးခုန်နှုန်းစမ်းလို့ပြီးသွားသည်နှင့် သူဟာရှုလင်ကျား၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ အပြင်ဆွဲခေါ်သွားသည်။
သူကနက်ရှိုင်းသောအသံဖြင့်ဆိုသည်။
"မင်းကပုံမှန်ဆိုစိတ်ပူတတ်တဲ့လူစားမျိုးမဟုတ်ဘူးလား။ မင်းဘာမှမကြားရလို့ရှိရင် ခုန်ထွက်ဖို့တောင်မစောင့်နိုင်တော့ဘူး။ မင်းအတွက်ကျတော့ မင်းဘာလို့ဒီလောက်ဂရုမဲ့ရတာလဲ။ နောက်တစ်ခါကျရင်ဒီလိုကိစ္စမျိုးကိုအချိန်မီပြောပြရမယ်နော်၊ ကြားလား။"
၎င်းမှာသူ့ထံမှရှုလင်ကျားထိုကဲ့သို့ထိန်းကျောင်းခံရသည့်ပထမဆုံးအကြိမ်ဖြစ်ပြီး သူအလွန်မယုံမကြည်ဖြစ်မိကာ မျက်မှောင်ကြုတ်၍တစ်ခုခုပြောချင်သော်လည်း ကျင်းဖေးထုန်၏ကြုံတောင့်ကြုံခဲမျက်နှာထားကိုမြင်လိုက်ရချိန်တွင် သူအော်ရယ်မိပြန်သည်။
ကျင်းဖေးထုန်သူ့ကိုလှည့်ကြည့်လိုက်ပေမဲ့ အဆုံးတွင်သူလည်းကူကယ်ရာမဲ့သွားကာခေါင်းခါလျက်ရယ်မောမိလေသည်။
သူပြောမိသည်။
"ကိုယ်မင်းနဲ့ပတ်သတ်ရင် တကယ်ဘာမှမလုပ်နိုင်ဘူးပဲ။"
ရှုလင်ကျားကအပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"ကျွန်တော်အတိတ်ကိုမမှတ်မိသေးပေမဲ့ ခင်ဗျားမှာရှစ်ရှုန်းပုံစံရှိနေတာပဲ။ ကျွန်တော့်အိပ်မက်ထဲကလူကခင်ဗျားဆိုတာကျွန်တော်အခုလုံးဝယုံသွားပြီ၊ ဒီလောက်နှစ်တွေအများကြီးကြာတာတောင် လူတွေကိုထိန်းကျောင်းတဲ့လေသံကမပြောင်းလဲသေးဘူးကိုး။"
ကျင်းဖေးထုန်ပြုံးမိသည်၊ ဤအခြေအနေတွင် ငယ်ရွယ်ပျိုမြစ်သောအတိတ်ကိုရုတ်တရက်ပြောလာသော်လည်း ၎င်းမှာလူတို့၏စိတ်ကိုညှိုးငယ်စေမည်မှာဧကန်ဖြစ်သည်။
သူချောင်းဟမ့်ကာအသံနိမ့်ဖြင့်ပြောမိသည်။
"ကိုယ်ဒီလိုကိစ္စမျိုးကိုထပ်မကြားရစေနဲ့။ နောက်တစ်ခါကျကိုယ့်အဆိုးမဆိုနဲ့။"
ရှုလင်ကျား၏မျက်နှာအမူအရာပျော့ပြောင်းသွားရသည်။
"အင်းပါ၊ ဒါကကိစ္စကြီးမဟုတ်ပါဘူး၊ တစ်ခုချင်းစီလုပ်ရမယ်မလား။ ကျွန်တော်ခင်ဗျားကိုနောက်တစ်ခါကျအရင်ဆုံးပြောပြမယ်လေ။"
သူပြောလို့ပြီးသွားသော် သူထပ်ပြောမိပြန်သည်။
"ဒါပေမဲ့ခင်ဗျားပြောတာသိပ်မှန်တယ်၊ ကျွန်တော်တို့မြန်မြန်ထွက်သွားမှရမယ်။ ယန်ယွီသာတကယ်ဘဲဇုန်ဝူရှင်းကိုလွှတ်ဖို့နည်းလမ်းရှာချင်လို့ရှိရင် သူစပြီးသားဖြစ်နေမှာစိုးတယ်။ အနည်းဆုံးတော့ခင်ဗျားသတင်းဖြန့်လိုက်လို့ရှိရင် လူတိုင်းပြင်ဆင်ထားလို့ရတာပေါ့။"
ကျင်းဖေးထုန်ကခေါင်းငြိမ့်ကာ လျို့ဝှက်ဂူထဲမှနှစ်ဦးသားထွက်လာစဥ် သူပြောမိသည်။
"ဇုန်ဝူရှင်းကိုအတိတ်ကအကြီးအကဲတွေအားလုံးကချိပ်ပိတ်ထားခဲ့တာ။ ကိုယ်သာယန်ယွီဖြစ်ပြီး ချိပ်စည်းကိုချိုးဖျက်ချင်တယ်ဆိုရင် သေချာပေါက်ကိုဒီလူတွေထဲကတစ်ယောက်နဲ့စတင်မိမှာပဲ။ လက်ရှိမှာအဖြစ်နိုင်ဆုံးတစ်ယောက်က မင်ချီ ဒါမှမဟုတ်....ဟယ်ဇီကျိုးပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"အဲ့လိုပြောလို့ရတယ်၊ ဒါပေမဲ့ အစထဲကဇုန်ဝူရှင်းကိုချိပ်ပိတ်နိုင်စွမ်းရှိတဲ့လူတွေကယှဥ်ပြိုင်ရမလွယ်ဘူး။ ပြီးတော့ သူတို့ရဲ့ထင်ရှားတဲ့ရာထူးအဆင့်အတန်းနဲ့ဆိုရင် သူတို့အနားကပ်ပြီးသူတို့ကိုတိုက်ခိုက်ဖို့ဆိုတာပိုလို့တောင်မဖြစ်နိုင်ဘူး။ ကျွန်တော့်အထင် ကျွန်တော်တို့သတင်းယူသွားသရွေ့ ဂိုဏ်းတိုင်းကသူတို့ရဲ့ခံစစ်ကိုပိုသန်မာအောင်လုပ်ကြလိမ့်မယ်။"
ဤသည်ကားမှန်ကန်သယောင်၊ လူတိုင်း၏ကြိုးစားအားထုတ်မှုဖြင့်ပြုလုပ်ထားသောချိပ်စည်းမှာချိုးဖောက်ရအလွန်လွယ်ကူနေရင် ကျင့်ကြံရေးလောက်တစ်ခွင်လုံးဤမျှနှစ်ပေါင်းများစွာငြိမ်းချမ်းနေလိမ့်မည်မဟုတ်။
သူတို့သည်လေပြင်းနှင့်လှိုင်းတို့ကိုမြင်ဖူးကြသည့်လူများဖြစ်ပေရာ ကြမ်းတမ်းသောစကားလုံးတစ်လုံး၊ နှစ်လုံးကြောင့်မည်သူမျှကြောက်ရွံ့သွားလိမ့်မဟုတ်သဖြင့် သူတို့နှစ်ဦးဟာဒီကိစ္စကိုကြီးစွာအရေးပေးနေသော်လည်း သူတို့ကအလွန်စိတ်ပူနေသည်ဟုပြောဖို့ရာမလုံလောက်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ကျင်းဖေးထုန်ကရှုလင်ကျား၏ကံကောင်းမှုအကြောင်းအဆက်မပြတ်စဥ်းစားနေရင်း သူ့ကိုသုံးကြိမ်၊ နှစ်ကြိမ်မျှပတ်ခေါ်သွားပြီးနောက် လျို့ဝှက်ဂူထဲမှထွက်လာခဲ့သည်။
သူတို့နှစ်ဦးထွက်ပေါက်ကိုရောက်သွားသည့်အခိုက်အတန့်တွင် ကျင်းဖေးထုန်ကအနောက်လှည့်ကာရှုလင်ကျားကိုမျက်စိတစ်ဖက်မှိတ်ပြီး သူ့ပုံရိပ်မှာပျောက်ကွယ်သွားသည်။
သူဟာအထဲကိုခိုးဝင်လာခဲ့သည်မို့ သဘာဝကျကျပင်လူမြင်ခံလို့မရမှန်းရှုလင်ကျားသိသဖြင့် သူ့မျက်နှာထက်တွင်ထူးဆန်းသောအရိပ်အယောင်စိုးစဥ်းမျှမပြဘဲအပြင်လျှောက်ထွက်လာခဲ့သည်။
သူ့ကိုဒီခေါ်လာပေးခဲ့သည့်နန်ဇီဂိုဏ်းသားမှာတောင်ခြေတွင်စောင့်နေပြီးဖြစ်သည်။ ရှုလင်ကျားကိုမြင်သော် သူကလက်နှစ်ဖက်စုကာပြောလာသည်။
"ရှုသခင်လေးရဲ့အရည်အချင်းတိုးတက်လာတာကိုဂုဏ်ပြုပါတယ်။"
ရှုလင်ကျားအရိုအသေပြန်ပေးကာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်လျို့ဝှက်ဂူထဲကနေကိစ္စတချို့သိခဲ့ရတာမို့ အကြီးအကဲနှစ်ယောက်နဲ့တွေ့ပြီးမျက်နှာချင်းဆိုင်ဆွေးနွေးချင်တာမို့ ဒီကရှစ်ရှုန်းကကျွန်တော့်ကိုယ်စားတင်ပြပေးလို့ရမလားဆိုတာကျွန်တော်သိချင်မိပါတယ်။"
သူ့အပြောကိုကြားသော် တစ်ဖက်လူကရှက်သွားပုံရကာပြောလာသည်။
"အားနာပါတယ်ဗျာ၊ အခုတော့သိပ်အဆင်မပြေလောက်သေးဘူး။ ခုနကမတော်တဆတစ်ခုဖြစ်သွားခဲ့တော့ အကြီးအကဲနှစ်ယောက်ကအဲ့ဒါကိုဖြေရှင်းရင်းအလုပ်များနေတာမို့ တွေ့ဖို့ခက်လောက်တယ်။"
ရှုလင်ကျားရင်ထဲတွင်တစ်ခုခုရှိနေပေမဲ့ သူဒါကိုပြောလာသည်ကိုကြားလိုက်ရရာ သူ့ရင်ထဲတွင်မကောင်းသောခံစားချက်တစ်ခုခံစားလိုက်ရကာမေးမိသွားသည်။
"ဘာဖြစ်သွားလို့လဲ။"
ဂိုဏ်းသားကဆိုသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ဓားစမ်းသပ်ရေးညီလာခံမှာဝင်ပြိုင်ဖို့လာခဲ့ကြတဲ့ဂိုဏ်းအသီးသီးကတောင်ထွတ်ကနေတစ်ဂိုဏ်းပြီးတစ်ဂိုဏ်းထွက်သွားခဲ့ကြတယ်။ ဂိုဏ်းအများစုကလမ်းပေါ်မှာခြံခိုတိုက်ခိုက်တဲ့ရန်သူအုပ်စုငယ်လေးတစ်စုနဲ့ကြုံခဲ့ရတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ လက်ရှိမှာတော့ အခြေအနေကိုသေချာမသိရသေးဘူး။"
ရှုလင်ကျားတောင့်တင်းသွားကာလွှတ်ခနဲထုတ်မေးမိသည်။
"ချီဇုန်ကောဘယ်လိုလဲ။"
ဂိုဏ်းသားကပြောလာသည်။
"ရှုသခင်လေး မစိုးရိမ်ပါနဲ့၊ ချီဇုန်ကတိုက်ခိုက်ခံခဲ့ရပေမဲ့ အဲ့ဒီ့ကသတင်းကတော့ဒီရောက်လာပြီးပါပြီ၊ တစ်ယောက်ယောက်ဒဏ်ရာရသွားပေမဲ့ မစိုးရိမ်ရပါဘူးလို့ပြောတယ်။ မဖမ်းမိလိုက်တဲ့တိုက်ခိုက်သူအတွက်ကတော့ ဟယ်ဂိုဏ်းချုပ်ကသူနဲ့တိုက်ခိုက်ခဲ့တယ်၊ သူက.....မိစ္ဆာမျိုးနွယ်ကလူနဲ့တူတယ်လို့ပြောတာပဲ။"
ရှုလင်ကျား၏အတွေးမှာထက်ရှစွာပြောင်းလဲသွားကာတီးတိုးဆိုမိသည်။
"မိစ္ဆာမျိုးနွယ်စု?"
ယန်ယွီကားမိစ္ဆာမျိုးနွယ်စုတွင်မွေးဖွားလာခဲ့သည်မှာမှန်သော်လည်း သူဟာသေပြီးသွားခဲ့ပြီပင်။ လက်ရှိတွင် ဒီလောကကြီးထဲတွင် သူဟာလူသားတစ်ဦးအဖြစ်ရုပ်ဖျက်ကာနေထိုင်လျက်ရှိသဖြင့် သူဟာ မိစ္ဆာမျိုးနွယ်စုအားကျင့်ကြံရေးလောကတစ်ခုလုံးကိုပွင့်လင်းစွာဆန့်ကျင်တိုက်ခိုက်ရန်စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည်မဟုတ်။
ယခုတွင်ထိုတိုက်ခိုက်သူများဟာအလွန်ပြောင်ပြောင်တင်းတင်းပြုမူနေပုံမှာ မိစ္ဆာတို့ကဤဂိုဏ်းများအားဆန့်ကျင်တော့မည်ကိုအခြားသူတို့မသိမှာစိုးရွံ့နေသည့်အလား။ ရှုလင်ကျား၏ပထမဆုံးတုံ့ပြန်မှုကား သူတို့ဟာမိစ္ဆာတို့ကိုအပြစ်ပုံချနေသည်ဟုပင်။
သို့မဟုတ် မိစ္ဆာတို့ကရန်စလာခြင်းပင်၊ ၎င်းမှာမဖြစ်နိုင်။
သို့သော် မိစ္ဆာဧကရာဇ်မှာမေ့မြောရာမှမနိုးလာသေးလို့ရှိရင် မိစ္ဆာမျိုးနွယ်စုကသေချာပေါက်ရန်စလာလိမ့်မည်မဟုတ်။ သူတို့အပေါ်ရေညစ်လောင်းချပြီး မိစ္ဆာမျိုးနွယ်စုကိုတိုက်ခိုက်ဖို့ရာကျိုးကြောင်းမဆီလျော်ပေ။ စစ်မြေပြင်ကိုကျယ်ပြန့်စေခြင်းအပြင် ကောင်းသောအရာရှိလိမ့်မည်မဟုတ်။
လက်ထဲရှိအချက်အလက်ပမာဏမှာသိပ်ကိုသေးငယ်လွန်းလှသဖြင့် ရှုလင်ကျားတစ်အောင့်မျှနားမလည်နိုင်ပေမဲ့ တစ်ခုတည်းသောသေချာသည့်အရာမှာ ကိစ္စတစ်ခုလုံးကလုံးဝကိုအဓိကရုဏ်းတစ်ခုဖြစ်လာဖို့ရာစတင်နေခဲ့ပြီပင်။
ဂိုဏ်းသားကိုကျေးဇူးတင်စကားပြောပြီးနောက် အကြီးအကဲနှစ်ဦးကိုသူ့အစားနှုတ်ဆက်စကားပြောခိုင်းကာ တောင်အောက်ဆင်း၍ နန်ဇီတောင်ထွတ်တွင်သူယာယီနေနေသည့်နေရာကိုပြန်သွားရာ ကျင်းဖေးထုန်ကစောင့်နေပြီးဖြစ်သည်။
ရှုလင်ကျားပြောမိသည်။
"ရှစ်ရှုန်း၊ ဂိုဏ်းတွေကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကြားပြီးပြီလား။ သူတို့ထဲမှာလင်ရှောင်းလည်းပါတယ်။"
ကျင်းဖေးထုန်၏မျက်နှာထားမှာအနည်းငယ်တည်တံ့နေပေမဲ့ တအားမအံ့သြသွားဘဲခေါင်းငြိမ့်ကာပြောလာသည်။
"စိတ်မပူနဲ့၊ ကိုယ်ကြားပြီးပြီ။"
သူလက်ခုပ်တီးကာပြောလိုက်သည်။
"တစ်ယောက်ယောက်လာအုံး။"
ချက်ချင်းပင်၊ တစ်စုံတစ်ယောက်ကဘယ်နေရာကမှန်းမသိပေါ်လာကာ သူတို့ရှေ့ရောက်လာပြီး ဂါရဝပြုလာသည်။
"အရှင့်ကိုနှုတ်ခွန်းဆက်ပါတယ်။"
ထို့နောက် သူဟာရှုလင်ကျားကိုတူညီသောပုံစံဖြင့်ဂါရဝပြုကာပြောလာပေသည်။
"ရှုသခင်လေးကိုနှုတ်ခွန်းဆက်ပါတယ်။"
ယင်းကားရှုလင်ကျားအားတောင့်ခဲသွားစေကာပြောမိသည်။
"အရမ်းယဥ်ကျေးနေတာပဲ၊ အဲ့လောက်မလိုပါဘူး။"
ကျင်းဖေးထုန်ကဆိုသည်။
"မင်းသိတာကိုပြော။"
ထိုယောက်ျားကဆိုသည်။
"ဟုတ်ကဲ့အရှင်။ နေရာအနှံ့ကသူလျိုတွေရဲ့တင်ပြချက်အရဆိုရင် သူတို့ကဂိုဏ်းတွေအများအပြားတိုက်ခိုက်ခံခဲ့ရတာကိုမျက်စိနဲ့တပ်အပ်မြင်ခဲ့ကြပါတယ်တဲ့။ သူတို့ကိုအရင်ဆုံးလမ်းပေါ်မှာမကောင်းဆိုးဝါးတွေကနှောင့်ယှက်ခဲ့ပြီးတော့ ပုန်းနေတဲ့မိစ္ဆာမျိုးနွယ်စုလူအုပ်ငယ်လေးကအခွင့်ကောင်းယူပြီး တိုက်ခိုက်လာခဲ့တာ။ ပြီးတော့ သူတို့ပုံစံကိုကြည့်ရတာ လူတွေကိုထိခိုက်အောင်လုပ်ဖို့မရည်ရွယ်ထားဘဲ သူတို့ရဲ့အဓိကရည်ရွယ်ချက်က လူတွေကိုဓားပြတိုက်ဖို့ဖြစ်ပုံရတယ်။"
ရှုလင်ကျားမှာပဟေဠိဖြစ်နေဆဲဖြစ်ကာမေးမိသည်။
"မိစ္ဆာမျိုးနွယ်ဆိုတာသေချာလား။"
ထိုယောက်ျားကဆိုသည်။
"ရှုသခင်လေး၊ မိစ္ဆာမျိုးနွယ်ရဲ့တိုက်ကွက်အများစုကသူတို့ရဲ့သွေးမပါဘဲလေ့ကျင့်လို့မရပါဘူး၊ ပြီးတော့ဒီအပြင်လူကလည်းသူတို့ကိုမတုပနိုင်ပါဘူး။"
ကျင်းဖေးထုန်ကပြောလာသည်။
"တိုက်ခိုက်ခံခဲ့ရတဲ့ဂိုဏ်းတွေရဲ့အခြေအနေဘယ်လိုလဲ။"
သူ၏ငယ်သားကပြန်ဖြေသည်။
"လက်ရှိမှာတော့ လင်ရှောင်းဂိုဏ်း၊ ကျင်းဟိုင်ဂိုဏ်း၊ ကွေ့ရီဂိုဏ်းအစရှိတဲ့သန်မာတဲ့ဂိုဏ်းတွေထဲမှာ တပည့်ဂိုဏ်းသားအနည်းငယ်ပဲမဆိုစလောက်ဒဏ်ရာလေးတွေရသွားခဲ့ပါတယ်၊ ဆုံးရှုံးမှုသိပ်မရှိပါဘူး။ ပြီးတော့ ဒီဂိုဏ်းတွေကလည်းဒီဖြစ်ရပ်အပြီးမှာ သတိပိုချပ်ထားကြတာမို့ အနာဂတ်မှာဒီလိုတိုက်ခိုက်ခံရမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း ဂိုဏ်းငယ်လေးအနည်းစုကအဖမ်းခံရပြီးတော့ခေါ်သွားခံလိုက်ရတယ်။ သူတို့ကိုဘယ်မှာအသုံးချမလဲဆိုတာကိုတော့မသိပါဘူး။"
ချီဇုန်အဆင်ပြေကြောင်း သူကလည်းပြောလာသည်ကိုကြားလိုက်ရရာ ရှုလင်ကျားအနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
ကျင်းဖေးထုန်ကဆိုသည်။
"မင်းဆင်းသွားတော့၊ လူတွေကဂိုဏ်းအများစုရဲ့အခြေအနေကိုစောင့်ကြည့်နေတာမို့လို့ လိုအပ်ရင်မင်းဝင်ကူညီလို့ရတယ်၊ ဒါပေမဲ့မင်းရဲ့သရုပ်မှန်ကိုအချိန်တစ်ခုစာလောက်မထုတ်ပြမိဖို့မမေ့နဲ့၊ တံဆိပ်ပြားသာချန်ရစ်ခဲ့ချည်။"
ကျင်းဖေးထုန်ကသာမန်ကာလျှံကာအမိန့်ပေးသွားသည့် ဤစကားလုံးအနည်းငယ်မှာသူ၏အဆင့်ကိုပြသနေပေသည်။
လက်ရှိအခြေအနေမှာရှုပ်ထွေးလျက်ရှိပြီး ရှင်းလင်းစွာပင်ပီလော့နန်းတော်နှင့်ပတ်သတ်သည့်အရာစိုးစဥ်းမျှမရှိသည်မို့ ဒီကိစ္စထဲတွင်ဝင်ပါသည်ကဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ပေမဲ့ လူကယ်ခြင်းကားပင်ကိုယ်အားဖြင့်နှေးဖင့်လို့မရပေရာ သက်သေချန်ထားခဲ့ပြီး အနာဂတ်တွင်ကျောင်းတော်(သို့)ဂိုဏ်းတစ်ခုခုနှင့်ပဋပက္ခဖြစ်လာခဲ့သည်ရှိသော် ၎င်းကိုထုတ်ပြ၍"အသက်ကယ်သောကျေးဇူးတရား"ဟုပြောလိုက်သည်က တစ်ဖက်လူ၏ပါးစပ်ပေါက်ကိုပိတ်ဖို့ရာလုံလောင်ပေ၏။
ထိုယောက်ျားဆင်းသွားပြီးနောက် ကျင်းဖေးထုန်ကရှုလင်ကျားကိုမေးလာသည်။
"မင်းဘယ်လိုစီစဥ်ထားလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော့်အထင် ဒီမိစ္ဆာတွေရဲ့လုပ်ရပ်ကဆူပူသောင်းကျန်းပြီးတော့ လူတွေရဲ့အာရုံကိုအနှောင့်အယှက်ပေးနေတာနဲ့ပိုတူတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်ကိုတော့မသိဘူး။ ဒါပေမဲ့ အခုလက်ရှိမှာယန်ယွီရဲ့အဆင့်အတန်းကဘာကြီးပဲဖြစ်နေပါစေ သူသေချာပေါက်သွားမဲ့နေရာတစ်ခုရှိတယ်။"
ကျင်းဖေးထုန်ချက်ချင်းနားလည်သွားသည်။
"ဇုန်ဝူရှင်းကိုချိပ်ပိတ်ထားတဲ့နေရာ။"
အဆုံးတွင် ဒီကိစ္စကမည်မျှကျယ်ပြန့်ပါစေ ယန်ယွီ၏နောက်ဆုံးပန်းတိုင်မှာ
ဇုန်ဝူရှင်းပေါ်ကချိပ်စည်းကိုဖယ်ရှားရန်ပင်။ ထိုနေရာရှိလက်ရှိအခြေအနေကိုသွားကြည့်လိုက်သည်နှင့် ကိစ္စများစွာအတွက်ကိုယ်ပိုင်အဖြေရှိလာနိုင်သည်။
ထူးခြားဆန်းကြယ်သောကမ္ဘာထဲတွင် ယန်ယွီပြောခဲ့သည့်စကားဟာအလိမ်အညာတစ်ခုဖြစ်နေသည်ကိုသူတို့မစိုးရိမ်မိပေ၊ အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်ယောင်ကမ္ဘာထဲတွင်သူတို့မြင်ခဲ့ရသည်မှာလူအစစ်မဟုတ်ပေမဲ့ ၎င်းဟာယန်ယွီမသေခင်သူ၏နာကျည်းချက်အငြိုးများဖြစ်သောကြောင့်ပင်။
နာကျည်းချက်အငြိုးကားနှလုံးသားထဲရှိအနက်ရှိုင်းဆုံးစိတ်အစွဲမှဖြစ်ပေါ်လာပြီး မည်သူ့ကိုမျှလိမ်ညာလို့မရနိုင်ပေ။
ရှုလင်ကျားပြောမိသည်။
"ဟုတ်တယ်။ အဲ့ဒီ့နေရာကချင်းချိုးနားမှာမလား။ တစ်ချက်သွားကြည့်ကြမလား။"
ကျင်းဖေးထုန်ကပြောလာသည်။
"ဟုတ်ပြီ၊ ကိုယ့်လူတွေကိုဂိုဏ်းတိုင်းကိုစောင့်ကြည့်ခိုင်းထားတယ်၊ တစ်ခုခုဖြစ်သွားလို့ရှိရင် သူတို့အချိန်မီပြန်တင်ပြလာလိမ့်မယ်။ ဒါဖြင့်သွားကြရအောင်။"
သူတို့နှစ်ဦးသည်သေချာဆွေးနွေးပြီးနောက် နန်ဇီတောင်ထွတ်မှထွက်ခွာကာချင်းချိုးထံသွားခဲ့ကြ၏။
နန်ဇီတောင်ထွတ်၏အစွန်အဖျားတွင်ကျယ်ပြောသောသဲကန္တာရရှိသည်။ ဤအချိန်တွင် ၎င်းမှာနွေရာသီဖြစ်သည်မို့ သဲကန္တာရမှာပူပြင်းကာခြောက်သွေ့လှသည်။ ဓားပျံသာကောင်းကင်ယံထက်တွင်ပျံလွှားနေလျှင်ပင် ပူလောင်နေသည့်ခံစားချက်ကိုခံစားလို့ရနိုင်သည်။
နေဝင်စပြုနေပြီး ညမှာနီးကပ်လာသော်လည်း နွေရာသီအပူမှာနေဝင်မှုကြောင့်ပျောက်ကွယ်သွားမည်ဟုမဆိုလို။
"ဂိုဏ်းချုပ်၊ ဒီလိုအချိန်အကြာကြီးပျံသန်းနေတာကရုပ်ပိုင်းဆိုင်ရာခွန်အားကိုကုန်ခမ်းစေတယ်။ လူတိုင်းပင်ပန်းနေတာကိုကျွန်တော်မြင်နေရတယ်။ ကျွန်တော်တို့ရှေ့မှာရေအရင်းအမြစ်ရှိနေတဲ့ပုံပဲ။ ကျွန်တော်တို့ဒီတစ်ညလောက်နားကြရအောင်လား။"
ယင်းကား တောင်ထွတ်သခင်ဟုံအန်း၏အကြီးဆုံးတပည့်ဂိုဏ်းသားကောနန်ဖြစ်ကာ ဤဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ယှဥ်ပြိုင်သည့်တပည့်ဂိုဏ်းသားလည်းဖြစ်ချေသည်။ ယင်းချန်ကထိုနေရာတွင်တစ်ခဏမျှမရှိသဖြင့် သူဟာငယ်ရွယ်သောမျိုးဆက်တို့၏ကိစ္စအများစုကိုတာဝန်ယူနေရသည်။
ခရီးစဥ်ကားမအေးချမ်းပေ။ ဟယ်ဇီကျိုးသည်ပင်ကိုယ်အားဖြင့်လင်ရှောင်းတောင်ထွတ်ကိုတတ်နိုင်သမျှအမြန်ဆုံးပြန်ကာ မိစ္ဆာမျိုးနွယ်စုကမည်သည့်လှည့်ကွက်များလုပ်ရန်ကြံစည်နေသလဲဟု ပတ်စုံစမ်းချင်နေမိ၏။
သို့သော် သူအနောက်လှည့်ကြည့်လိုက်ချိန်တွင် လူအများစုမှာအပူဒဏ်ကြောင့်ချွေးသုတ်နေကြသည်ကိုမြင်လိုက်ရပြီး သူတို့တကယ်ပင်ပန်းနေကြမည်ကိုသူသိသဖြင့် ကောနန်ကိုခေါ်ကာပြောခိုင်းသည်။
ဤကဲ့သို့အခြေအနေမျိုးအောက်၌ သူတို့ခရီးဆက်နေမည်ဆိုလျှင် လူများစွာမှာရန်သူ၏တိုက်ခိုက်မှုနှင့်ကြုံရသည့်အခါ ခွန်အားကုန်ဆုံးနေလိမ့်မည်ပင်။
သူတွေးတောမိသည်။
"ဒါဆိုမင်းလူနည်းနည်းခေါ်ပြီးတော့ အရှေ့မှာသွားစစ်ဆေးချည်။ မူမမှန်တာမရှိလို့ရှိရင် လူတိုင်းကိုခဏနားခိုင်းလိုက်တာပေါ့။ မှတ်ထား၊ တစ်ခုခုလုပ်မယ်ဆိုရင်တစ်ယောက်တည်းမလုပ်နဲ့၊ အချိန်မရွေးသတိချပ်ထားရမယ်။"
ကောနန်ကတုံ့ပြန်ကာ အနောက်လှည့်ပြီး လူတိုင်းကားပူအိုက်ကာပင်ပန်းနေပြီဟု အခြားတပည့်ဂိုဏ်းသားတို့ကိုပြောလိုက်ရာ ထိုစကားကိုကြားလိုက်ရချိန်တွင် လက်ခုပ်သံများဆူညံလာပေသည်။
အရိပ်ရသည့်သစ်ပင်အောက်တွင်ထိုင်ချကာ လန်းဆန်းသောရေအငုံအနည်းငယ်သောက်လိုက်ရာ အလွန်လန်းဆန်းသွားသယောင်ခံစားလိုက်ရသည်။ လူအများအပြားမှာစိတ်ကျေနပ်မှုဖြင့်သက်ပြင်းချမိကြသည်။ စောင့်ကြပ်ရမည့်တာဝန်ကိုခွဲဝေပေးပြီးနောက် သူတို့အကုန်လုံးမှာဒီညတွင်ကောင်းမွန်စွာအနားယူရန်ကြံရွယ်ထားကြသည်။
သူတို့အနားယူနေစဥ် သိပ်မဝေးသောနေရာမှနှေးကွေးသောခြေသံများထွက်လာသည်။ တစ်ယောက်ကခေါင်းလှည့်ကြည့်ကာ ချက်ချင်းပင်စက်ဆုပ်ရွံရှာမှုကိုဖော်ပြမိကာပြောလိုက်သည်။
"ဒီမှာမနေနဲ့၊ ငါတို့နဲ့ဝေးဝေးနေ!"
ရောက်လာသည့်သူမှာကျန်းရွေ့ဖြစ်သည်။
သူကားမှော်မီးအိမ်ကိုအာဟာရပြည့်စေဖို့ရာ သူ၏ကိုယ်ပိုင်သွေးကိုအသုံးချ၍အပြစ်ပေးခံခဲ့ရသည်။ မည်သည့်ကျင့်စဥ်ကမျှ သာမန်လူတစ်ယောက်၏ပုံမှန်အားအင်ကုန်ခမ်းမှုထက်ကျော်လွန်နေသော ဒီဆုံးရှုံးမှုအရှိန်အတွက် ပြန်ကောင်းအောင်လုပ်ပေးနိုင်ခြင်းမရှိပေ၊ ရှုလင်ကျားထံမှသူခိုးယူခဲ့သည့်စွမ်းအားဆုံးရှုံးသွားပြီးနောက်တွင် သူ၏ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအားမှာအစကတည်းကအနည်းငယ်သာရှိသည်ကိုပြောမနေနှင့်တော့။
သို့သော် ရက်အနည်းငယ်အတွင်းတွင် ကျန်းရွေ့၏ဆံပင်မှာမီးခိုးရောင်ပြောင်းသွားပြီးဖြစ်ကာ တစ်ချိန်တည်း၌သူ၏ခြေဖဝါးတစ်စုံမှာယိမ်းယိုင်ကာ သူ၏လှုပ်ရှားမှုများမှာလည်းနှေးကွေးလျက်ရှိသည်။ အဝေးမှကြည့်လျှင် သူကားအသက်ကြီးရင့်သောလူအိုကြီးတစ်ယောက်နှင့်တူသည်။
မကောင်းသောလုပ်ရပ်တို့ထုတ်ဖော်လိုက်ရပြီးနောက်၌ သူသည်အဓိကဇာတ်ဆောင်ရောင်ဝါဆုံးရှုံးသွားခဲ့၏။ လူတိုင်းကသူ့ကိုမုန်းတီးကာစောင့်ကြပ်နေကြသည်။ ကျန်းရွေ့မှာပြစ်တင်ရှုံ့ချခံရပြီးနောက်ဘာမှပြန်မပြောဝံ့ပေ။ သူဟာလူတိုင်းနှင့်ဝေးဝေးနေကာ သစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်ချလိုက်သည်။
စောင့်ကြပ်ဖို့ရတာဝန်ကျသည့်ဂိုဏ်းသားနှစ်ဦးမှာချိတုံချတုံဖြစ်စွာ သူ့ကိုခပ်လှမ်းလှမ်းမှစိုက်ကြည့်နေကြသည်။
ကျန်းရွေ့မှာအခြားဂိုဏ်းသားများထံမှဓားပျံဖြင့်အလှည့်ကျခေါ်သွားခံရတုန်းက သူမလှုပ်ရှားရဲခဲ့ပေ။ သူအောက်ဆင်းလာသော် သူ့ခြေထောက်များမှာထုံကျင်နေခဲ့သည်။ ဤအချိန်တွင် သူဟာစမ်းချောင်းထံတစ်လှမ်းချင်းရွေ့သွားကာ ရေအငုံအနည်းငယ်သောက်မိသည်။
ရေသောက်နေစဥ် ရေမျက်နှာပြင်ထက်တွင်သူ၏တစ္ဆေပမာပုံရိပ်ကိုမတော်တဆမြင်သွားရာ သူချက်ချင်းကြောက်လန့်တကြားအကြည့်လွှဲမိသည်။
ဤတစ်ကြိမ်၌ လင်ရှောင်းတောင်ထွတ်ထံအမြန်ပြန်သွားရန်အလို့ငှာ သူရရှိသည့်အပြစ်ဒဏ်မှာယာယီဆိုင်းငံ့ခံထားရလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤရက်များမှာကျန်းရွေ့အတွက်အလွယ်ငူဆုံးနေ့ရက်များဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ဂိုဏ်းကိုပြန်ရောက်ပြီးနောက်၌ သူမည်မျှနှိပ်စက်ခံရတော့မည့်အကြောင်းမနေနိုင်ဘဲတွေးကြည့်မိသည်။
သူ၏လက်ရှိအခြေအနေဖြင့် သူ့မှာသေချာပေါက်ကိုလွတ်မြောက်ဖို့ရာလမ်းမရှိပေ။
အတိတ်တွင်မြောက်မြားစွာကြိုးစားအားထုတ်ခဲ့ပြီးနောက် အစကဂိုဏ်းထဲတွင်သူ့ကိုထောက်ပံ့သည့်လူအချို့ရှိခဲ့သည့်တိုင် ယခုတွင်သူ့မှာအဓိကဇာတ်ဆောင်ရောင်ဝါလုံးဝမရှိတော့သည့်အပြင် သူလုပ်ခဲ့သည့်လုပ်ရပ်များမှာလည်းထုတ်ဖော်ခံလိုက်ရပေသည်။ သူပြန်သွားရင်တောင် သူ့အတွက်တောင်းဆိုပေးမည့်သူတစ်ဦးမျှမရှိမှာစိုးသည်။
ငါတကယ်ဘဲသေရမှာကိုစောင့်နေရမှာလား။ အဲ့ဒီ့သောက်မီးအိမ်ထဲကိုစုပ်ယူခံရမှာကိုစောင့်နေရတာလား။
ကျန်းရွေ့မှာကြောက်လန့်ကာနောင်တရနေမိသည်။ ထိုနေ့ကရှုလင်ကျားသူ့ကိုပြောပြခဲ့သည့်ဇာတ်ကြောင်းဟာ သူတစ်ခဏမျှတွေးမိသည်နှင့် သူ့အားစိတ်ပျက်လက်ပျက်ဖြစ်သွားစေသည်။
ကျန်းရွေ့မှာမြေပြင်ပေါ်တွင်လဲလျောင်းကာ စိုးရိမ်ပူပင်မှုတို့နှင့်ပြည့်နှက်နေပြီး သူအိပ်ပျော်တော့မည့်အချိန်တွင် သူ့ပုခုံးမှာရုတ်တရက်အပုတ်ခံလိုက်ရသည်။
ကျန်းရွေ့မျက်စိဖွင့်ကြည့်လိုက်ရာ ညဥ့်နက်နေပြီမို့ ကောင်းကင်မှာမသိလိုက်ဘဲမှောင်မည်းနေပြီးဖြစ်ကာ ပုံရိပ်တစ်ခုကသူ့ဘေးတွင်တိတ်တိတ်လေးရပ်နေပြီး သူ့ကိုငုံ့ကြည့်ကာ သူ့အား"ရှူး"ဟုလက်ဟန်အမူအရာပြလာသည်ကိုမြင်လိုက်ရသည်။
ကျန်းရွေ့ထိုလူကိုမှတ်မိသွားသာရေရွတ်မိသည်။
"မင်ရှောင်း?"
သူပြောလို့ပြီးသွားသော် ဘေးနှစ်ဖက်ကိုခပ်မြန်မြန်ကြည့်မိသည်။
လူတိုင်းကသူ့ကိုမုန်းတီးနေပြီး ကျန်းရွေ့တွင်ခုခံရန်(သို့)ထွက်ပြေးဖို့ရာခွန်အားမရှိကြောင်းသူတို့သိထားကြသည်။ အနားယူနေကြသည့်နေရာမှာသူနှင့်အလှမ်းဝေး၏။ သူ့ကိုအလှည့်ကျစောင့်ကြပ်ရန်တာဝန်ကျသည့်ဂိုဏ်းသားများမှာသူ့ရှေ့တွင်ရှိနေပေမဲ့ သူတို့မှာဤအချိန်တွင်မြေပြင်ပေါ်လဲကျနေကြသည်။ သူတို့မှာမလှုပ်သဖြင့် မေ့မြောနေခြင်းလား(သို့)သေသွားသည်လားမသိရပေ။
မင်ရှောင်းကပြုံးကာဆိုသည်။
"ဟုတ်တယ်၊ ကျွန်တော်ပါ။ ကျွန်တော်ခင်ဗျားကိုမတွေ့ရတာကြာပြီ၊ ကျန်းသခင်လေးအဆင်ပြေတယ်ဟုတ်။"
Advertisement
- In Serial56 Chapters
Not another zombie apocalypse role playing game
Ji Aleksy wakes up in his stasis chamber. The room is dark, the floor is wet and filthy, this is unexpected. After finding his bearings, waking up from his sluggish, depravated state, Ji browses what looks like a holographic screen. This screen holds information about some of his statistics. And it includes an optional option, to turn on a narrator. Ji travels with his antagonistic narrator, trying to find a way to cure his ailments. And in turn alleviate his sufferings.
8 193 - In Serial29 Chapters
I was Summoned as a Hero, but I Became the Demon Lord Instead
"Ah, how I wish I could be summoned to another world." I’d always thought of such a naive wish of escapism would never be granted. However, shit happened and I was somehow summoned. However, in some strange twist of fate, I was no longer needed and disposed of, but that’s okay because I didn’t want to be a summoned hero to begin with. My new beginning may have been abruptly cut short, but even so, that is fine. There is a path I’m much more interested in. Mwuhahaha! Cough cough cough. Though, my sinister laugh may still need some practice. I was Summoned as a Hero , but I Became the Demon Lord Instead Volume 1 Word Count: 108K Including Volume Exclusive Content Available on Amazon Edit: If you don’t get the timeline that’s because the rate at which time flows in different worlds are not equal. In addition, timelines do not neccesarily run parallel to each other, they may cascade such that when summoned to another world you may get summoned from a different reference frame in the timeline of another world’s with respect to your own. Scientific constants can change from one plane to the next. The natural laws that govern each world is not necessarily the same across them all. Some may display similarities, while others may be the complete opposite where rather than aging forwards you actually age in reverse. Newborns could be born elderly and withered, but when they are born into the world, their body regresses towards death in reverse.
8 130 - In Serial25 Chapters
Immortal's Life
A young man without ambition anymore, gaining imortality too easily, but to a price hard to forget. Now he want and dream of a peaceful life, but his fate will force him to take the path leading to his dream or his own demise.
8 210 - In Serial15 Chapters
The Abnormal Reincarnate
This is the story of police captain Masaoki Hitoga who unfortunately died in a shootout that occurred during a raid. He then opens his eyes to see that he is still alive well alive in another world that is after his death Captain Masaoki Hitoga gets reincarnated into another world as an "Abnormal". After he discovers the truth about his new identity he begins his new life in this new world under the alias of Storm Vexes and tries to find a new purpose in life that he can fulfill.
8 140 - In Serial23 Chapters
Your Loving Heart /✔️/
СоСо couple гэж мэдэх үү? Ёстой хөөрхөн шүү.
8 94 - In Serial79 Chapters
Give Light to Dark Thoughts
When the heart bleeds and nothing can heal it, the only thing left to do is write. Thoughts are volatile, sometimes they are cruel and other times are kind, nevertheless both are needed. If the pain didn't exist no one would know what happiness feels like. This book of poems is the moments when just for a second dark is all that it is, so why not share and give it light, hopefully someone will feel identify with at least one poem.Not all the poem will be in a negative connotation, and the images I put will be from Pinterest.
8 182

