《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၂] ရွှေကျိုးဝူယွဲ့|ေ႐ႊက်ိဳးဝူယြဲ႕
Advertisement
!unicode!
အအေးနန်းတော်ထဲတွင်ဖရိုဖရဲဖြစ်ကာ ပြောင်းလဲမှုတို့မြင့်တက်လာသည်ကိုမြင်လိုက်ရရင်း ကျင်းဖေးထုန်နှင့်ရှုလင်ကျားမှာအပြန်အလှန်ကြည့်ကာ အနောက်ကလိုက်သွားကြသည်။
သူ၏ချစ်သူကိုသတ်ဖြတ်ခဲ့သည့်အမျိုးသားမှစတင်လိုက်ရာ ယခုလေးတင်အိပ်မက်ဆိုးမိစ္ဆာတို့အဖြစ်ပြောင်းလဲသွားသည့်လူများမှာပတ်ပတ်လည်ပျံ့ကြဲသွားပြီး နန်းဆောင်ထဲတွင်လျှောက်ပြေးနေကြသည်။
လူတို့မှာအန္တရာယ်ကိုခပ်မြန်မြန်သဘောပေါက်သွားပြီး နန်းဆောင်တစ်ခုလုံးမှာချက်ချင်းပင်ဗြောင်းဆန်သွားကာ နန်းဆောင်ရှိလူများမှာကြောက်လန့်တကြားအော်ဟစ်ကာပြေးကြတော့သည်။
ကျင်းဖေးထုန်၏လျှပ်တပြက်အတွင်းရွှေ့ပြောင်းနိုင်စွမ်းမှာအလွန်ထူးချွန်သည်ဟုပြော၍ရပြီး သူကလူအုပ်ကိုဖြတ်၍ရှုလင်ကျားကိုသယ်သွားကာ သူ့ခန္ဓာကိုယ်ကိုလူတစ်ယောက်မျှမထိစေရပေ။
သူတို့သည်ရေခဲမှန်ထဲတွင်တတိယမင်းသားကိုမြင်ခဲ့ရသည့်လမ်းကြောင်းအတိုင်းလိုက်သွားကာ မကြာမီတွင်ယာကျိရှိသည့်နန်းဆောင်ကိုရှာတွေ့သွား၏။
ကျင်းဖေးထုန်အထဲခုန်ဝင်လိုက်ရာ နန်းဆောင်ထဲတွင်လူတစ်ဦးမျှရှိမနေပေမဲ့ စားပွဲပေါ်တွင်ထောင်ထားသည့်မှန်တစ်ချပ်ရှိနေသေးသည်ကိုမြင်လိုက်ရသည်။
ရှုလင်ကျားပြောလိုက်သည်။
"အပြင်ထွက်ပြီးသွားရှာမနေနဲ့တော့၊ ခင်ဗျားကစွမ်းအင်ဖြုန်းတီးနေတာပဲ၊ ဒီမှာပဲစောင့်ကြမယ်။ ဘာပဲဖြစ်ဖြစ် ပုံရိပ်ယောင်အရဆိုရင် အမေနဲ့သားဆုံတဲ့နေရာကဒီနေရာပဲဖြစ်ရမယ်။"
ကျင်းဖေးထုန်ကဆိုသည်။
"ကောင်းပြီ။"
နှစ်ဦးသားမှာစောင့်ရသည့်အချိန်ကိုအခွင့်ကောင်းယူ၍ နန်းဆောင်တဝိုက်လျှောက်ပတ်ကာ အသုံးဝင်သောသဲလွန်စအချို့ရှာတွေ့ဖို့ရာမျှော်လင့်နေမိသည်။
သူတို့သည်နန်းဆောင်ဝင်ပေါက်ဝရှိကျောက်ခြေနင်းတုံးတို့ပေါ်ဖြတ်လျှောက်သွားချိန်တွင် လက်တစ်ဖက်တစ်ချက်စီတွင်ကလေးနှစ်ယောက်ကိုကိုင်ထားရင်း အလျင်စလိုထွက်လာကာ ခပ်သွက်သွက်ထွက်သွားဖို့ပြင်နေသည့်နန်းတွင်းအစေခံအမျိုးသမီးတစ်ဦးကိုမြင်လိုက်ကြရ၏။
ကလေးနှစ်ယောက်မှာလက်ထဲတွင်အထုပ်ငယ်လေးကိုယ်စီကိုင်ထားပြီး ယောက်ျားလေးနှင့်မိန်းကလေးဖြစ်ကာ အသက်၆နှစ်၊ ၇နှစ်သာရှိပြီး နှစ်ဦးစလုံးမှာအသားဖြူကာချစ်စရာကောင်းလှသည်။
သူတို့အနက်ကလေးမလေးမှာအနည်းငယ်တုံးအသည်။ သူမကဆွဲခေါ်ခံလာရကာ ခလုတ်တိုက်သွားပြီး အသံနိမ့်ဖြင့်မေးလာသည်။
"မေမေ၊ မေမေမီးမီးကိုဧကရီယာကျိမွေးထားတဲ့ခွေးပေါက်လေးပြချင်တယ်လို့မပြောခဲ့ဘူးလား။ မီးမီးတို့သွားမကြည့်ကြဘူးလားဟင်။"
နန်းတွင်းအစေခံအမျိုးသမီးကအလျင်စလိုပြောလာသည်။
"နောက်တစ်ခေါက်၊ နောက်တစ်ခေါက်မှပေါ့။"
သူမသည်ဒီနန်းတော်ထဲတွင်အကူအညီရကာ ရာထူးအနည်းငယ်ရှိသောကြောင့်ဖြစ်လောက်မည်၊ သူမကသူမကလေးနှစ်ယောက်ကိုဂရုစိုက်ရန်နန်းတော်ထဲခေါ်လာခဲ့ပေမဲ့ ထိုကဲ့သို့ကပ်ဘေးနှင့်ကြုံတွေ့ရလိမ့်မည်ဟုမထင်ထားမိပေ။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်မှာသူတို့၏ကံကြမ္မာကိုပြောင်းလဲလို့မရနိုင်ပေရာ ဘေးမှရပ်ကြည့်ရုံသာတတ်နိုင်ပြီး နှစ်ဦးစလုံးမှာထိုသားအမိအတွက်တိတ်တခိုးစိုးရိမ်နေမိကြသည်။
ထိုအခိုက် အစောင့်တစ်ယောက်ကမိစ္ဆာတစ်ကောင်ကိုလိုက်ဖမ်းကာပြေးထွက်လာပြီး သူ့လက်ထဲရှိဓားရှည်မှာစိတ်ဝိညာဥ်စွမ်းအားတို့ပေါက်ထွက်လာကာ မိစ္ဆာ၏နှလုံးသားကိုဖြတ်၍ထိုးဖောက်သွားသည်။
မိစ္ဆာမှာလက်ခါကာ အရှေ့ကိုလဲကျသွားပြီး ၎င်းကမြေပြင်ပေါ်လဲကျသွားချိန်တွင် ကလေးမလေး၏ခြေသလုံးနှင့်ထိသွားကာ ထို့နောက်၎င်းမှာလုံးဝရပ်တန့်သွားပြီး သွေးအိုင်အဖြစ်ပြောင်းသွားသည်။
"အား!"
နန်းတွင်းအစေခံအမျိုးသမီးမှာအနောက်လှည့်လာရာထိုမြင်ကွင်းကိုမြင်သွားပြီး မနေနိုင်ဘဲကြောက်လန့်တကြားအော်မိကာ သူမသမီး၏လက်ကိုခါချလိုက်သည်။
သူမသည်အချိန်မီလက်လွှတ်လိုက်သဖြင့်ကူးစက်မခံလိုက်ရပေမဲ့ ကလေးမလေးမှာခုခံနိုင်စွမ်းလုံးဝမရှိသည်မို့ သူမ၏ခန္ဓာကိုယ်မှာမကြာမီတွင်အနီရောင်အပြည့်ဖြစ်လာပေ၏။
ကလေးမလေးမှာအောက်ငုံ့ကြည့်ပြီး သူမလက်ကိုမြင်သွားရာ ခြေနင်းတုံးများပေါ်တွင်အထိတ်တလန့်ထိုင်ချ၍ ငိုယိုတော့သည်။
"မေမေ၊ မီးမီးဘာဖြစ်တာလဲ။ မေမေ၊ မီးမီးကိုဒါကြီးကူဖယ်ပေးပါ!"
ကောင်ငယ်လေးကလည်းငိုယိုကာဖြင့် "ညီမလေး"ဟုခေါ်ရင်း သူမ၏အခြေအနေကိုစစ်ဆေးရန်ကြိုးစားနေပေမဲ့ သူ့မိခင်ကသူ့ကိုလှမ်းဆွဲထားသည်။
အစောင့်မှာအလွန်သူရဲကောင်းဆန်လှသည်။ မိစ္ဆာနီကိုသတ်ပြီးနောက်တွင် သူကလက်ထဲတွင်ဓားကိုင်လျက်သားဖြင့် အခြားမိစ္ဆာများထံပြေးသွားသည်။ သူ့မျက်နှာမှာအလွန်အေးစက်ပြီး သူကနန်းတွင်းအစေခံအမျိုးသမီးရှိရာဘက်သို့လှမ်းအော်လာသည်။
"မင်းတို့တွေအရမ်းအလျင်လိုမနေကြနဲ့! အဲ့ဒါကလည်းငါ့အတွက်ပြဿနာဖြစ်စေမှာမလား။"
ကလေးမလေးမှာငိုယို၍ နန်းတွင်းအစေခံအမျိုးသမီးထံလက်နှစ်ဖက်ဖွင့်ဟကာ သူမကိုပွေ့ဖက်စေချင်သော်လည်း နန်းတွင်းအစေခံအမျိုးသမီးက ကလေးမလေးထံပြေးသွားချင်နေသည့်သူမသားကိုကိုင်ထားရင်း မျက်ဝန်းထဲတွင်မျက်ရည်တို့ဖြင့်ဒူးထောက်ချကာ သူမ၏သမီးကိုအကြိမ်အနည်းငယ်မျှကန်တော့လိုက်သည်။
ကန်တော့နေစဥ် သူမကငိုရှိုက်ကာပြောလာသည်။
"တောင်းပန်ပါတယ်၊ မေမေသမီးကိုမကယ်နိုင်ဘူး။"
သူမကထိုသို့ပြောပြီးနောက် သူမ၏သားကိုဖက်ကာလှည့်ထွက်သွားသည်။ ကလေးမလေးမှာအော်ဟစ်ရင်းလိုက်လာပေမဲ့ နန်းတွင်းအစေခံအမျိုးသမီးကခေါင်းငြိမ့်ကာ နောက်ပြန်မလှည့်ရဲဘဲ တဖြည်းဖြည်းချင်းအရိုင်းဆန်စွာစပြေးလာကာ မကြာမီတွင်ဖရိုဖရဲလူအုပ်ထဲဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ကျင်းဖေးထုန်သက်ပြင်းချမိသည်။
ရှုလင်ကျားမှာလက်ဖဝါးလေးနှစ်ဖက်ဖြင့်လက်ပိုက်ထားရင်း တစ်အောင့်မျှကြည့်နေပြီးနောက် ကျင်းဖေးထုန်၏လက်မောင်းကြားထဲမှရုတ်တရက်ခုန်ထွက်ကာ ကလေးမလေးထံလျှောက်သွားသည်။
ကျင်းဖေးထုန်ကြောင်အမ်းသွားပြီးနောက် ရှုလင်ကျားနောက်မှလိုက်သွားကာ တစ်ဝက်ဆောင့်ကြောင့်ထိုင်၍ သူ့နောက်ကျောကိုဆုပ်ကိုင်လိုက်သည်။
သူမတားမိဘဲ လက်ဆန့်ကာရှုလင်ကျား၏နှဖူးကိုအသာတို့ထိ၍ သူ့ကိုခပ်ပါးပါးအရံအတားတစ်ခုဖြင့်လွှမ်းခြုံပေးလိုက်သည်။
ကျင်းဖေးထုန်ကဆိုသည်။
"ဒီနေရာမိစ္ဆာကအဆင့်အရမ်းနိမ့်တယ်၊ ဒီအရံအတားကခဏပဲခံတာ၊ မင်းလုပ်ချင်တာလုပ်လို့ရတယ်။"
ရှုလင်ကျားကကလေးမလေးထံပြေးသွားကာ သူမ၏လက်ကိုသူ၏နားရွက်လေးဖြင့်ညင်သာစွာပွတ်လိုက်သည်။
သူမလက်အနည်းငယ်ယားသွားသည်ကို ကလေးမလေးခံစားလိုက်ရသဖြင့် သူမကယာယီအငိုရပ်ကာ ရှုလင်ကျားကိုလှည့်ကြည့်လာသည်။
သူမ၏မျက်နှာထက်တွင်အနီရောင်အကွက်များရှိနေပြီးဖြစ်ကာ သူမ၏အမြင်အာရုံမှာမှုန်ဝါးနေပေသည်။ သူမကသူ့ကိုတစ်ချက်စိုက်ကြည့်ကာအံ့သြတကြီးပြောလာသည်။
"ခွေး၊ ခွေးပေါက်လေး?"
ရှုလင်ကျားတန့်သွားကာဘာမှမပြောဘဲ ကလေးမလေး၏မျက်ရည်တို့ကိုသူမ၏လက်ဖဝါးများဖြင့်သုတ်ပေးလိုက်သည်။
ကလေးမလေးမှာသူမလက်ကိုမသိလိုက်မသိဘာသာဆန့်ထုတ်ကာ ရှုလင်ကျားကိုယ်ပေါ်ကအမွှေးနုတို့ကိုပွတ်သပ်လိုက်မိသည်။
သူမကတီးတိုးဆိုသည်။
"ဒီတော့ ခွေးပေါက်လေးကဒီလိုပုံစံပေါ့။ မေမေကငါ့ကိုပြောခဲ့တယ်၊ ငါ့ကိုဧကရီရဲ့ခွေးပေါက်လေးပြချင်တယ်တဲ့...မေမေကငါ့အတွက်ခွေးပေါက်လေးသွားရှာလာခဲ့တာလား။"
ကျင်းဖေးထုန်ရောက်လာကာ ဆောင့်ကြောင့်ထိုင်ချ၍ ပျော့ပြောင်းစွာပြောလိုက်သည်။
"ဟုတ်တယ်။ မီမီးရဲ့အမေကမီးမီးအတွက်ခွေးပေါက်လေးသွားရှာဖို့ မီးမီးရဲ့ကိုကိုကိုခေါ်သွားတာ။"
ဒါကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် ကလေးမလေးလက်ပေါ်ရှိအနီရောင်အကွက်မှာရုတ်တရက်ချင်းလျော့ပါးသွားပုံပေါ်သည်ဟုရှုလင်ကျားခံစားလိုက်ရသည်။
သို့သော် ဤအခိုက်အတန့်ကားပုံရိပ်ယောင်ပမာ၊ ကလေးမလေးကသူ့လက်ကိုရုတ်တရက်အားဖြင့်ထိကိုင်လာသည်။
ကျင်းဖေးထုန်ကမျက်စိလျင်သည်မို့ ရှုလင်ကျားကိုကောက်ချီလိုက်သည်။ ကလေးမလေးကလုံးဝကိုမိစ္ဆာဖြစ်သွားကာ မြေပြင်ပေါ်မှခုန်ထ၍ပြေးထွက်သွားသည်။
သူတို့နှစ်ဦးသည်ကျောပြင်ငယ်လေးကိကြည့်နေမိပြီး ရင်ထဲတွင်ဖော်မပြတတ်သောခံစားချက်တစ်ခုရှိနေပေ၏။
မထင်မှတ်ထားဘဲရောက်လာသည့်ကပ်ဘေးကအဆိုးဆုံးဟုပြောကြသည်။ အခြားသူတို့၏ပါးစပ်ပေါက်မှထိုသူ၏ရက်စက်မှုနှင့်အကြင်နာတရားကင်းမဲ့မှုတို့ကိုသူအမြဲကြားခဲ့ရသော်လည်း မျက်စိနှင့်တပ်အပ်မြင်လိုက်ရသော် ယခင်ကကပ်ဘေးမှာအလွန်ကြေကွဲဖွယ်ကောင်းကြောင်း သိလိုက်ရသည်။
ကျင်းဖေးထုန်ကရှုလင်ကျားကိုပုတ်ကာဆိုသည်။
"ကိုယ်တို့ကူညီပေးနိုင်တဲ့နည်းလမ်းမရှိဘူးလေ။"
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်သိပါတယ်၊ ကျွန်တော်လုပ်နိုင်တာကိုလုပ်ခဲ့တာမို့ နောင်တမရအောင်ကြိုးစားရမယ်။"
တကယ်တမ်း၌ ဤကလေးမလေးအပြင်ပတ်ပတ်လည်မှာမရေတွက်နိုင်သောပြေးလွှားရုန်းကန်နေကြသည့်လူများစွာရှိနေပေရာ လူတို့အားကြည့်ဖို့ပင်သည်းမခံလောက်အောင်ဖြစ်စေသော်လည်း တကယ်တော့သူတို့၏အရိုးများမှာသမိုင်း၏ဖုန်မှုန့်ထဲတွင်မြှုပ်နှံခဲ့ရတာကြာပြီဖြစ်သည်။
မိစ္ဆာများပိုမိုများပြားလာသည်ကိုမြင်လိုက်ရရင်း ကျန်ရှိနေသည့်အစောင့်များမှာခဲရာခဲဆစ်တောင့်ခံနေရပြီး အအေးနန်းဆောင်၏ဂိတ်တံခါးဝမှာရုတ်ခြည်းတွန်းဖွင့်ခံလိုက်ရသည်။
အစောင့်တစ်အုပ်မှာလက်ထဲတွင်ကြာပွတ်ရှည်ကိုင်လျက်သားဖြင့် အပြင်မှပြေးဝင်လာကြသည်။ ဤသည်ကားမိစ္ဆာနီကိုခပ်လှမ်းလှမ်းမှရှင်းပစ်ရာတွင်အထူးအသုံးပြုသည့်မှော်လက်နက်ဖြစ်တစ်ခုဖြစ်ပြီး ဓားထက်စာရင်ပိုသုံးရလွယ်၏။
ဤစစ်ကူများကြားတွင် အလယ်တွင်ကာကွယ်ခံရနေသည့်လူတစ်ယောက်ရှိနေပြီး ၎င်းမှာရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့အချိန်အတန်ကြာအောင်စောင့်နေခဲ့ရသည့်တတိယမင်းသားယန်ယွီဖြစ်သည်။
ထိုအစောင့်များမှာမိစ္ဆာအိပ်မက်ဆိုးတို့ကိုယာယီပိတ်ဆို့ထားပြီး တတိယမင်းသားက"ဧကရီဘယ်မှာလဲ"ဟုမေးကာ နန်းဆောင်ထဲခပ်သုတ်သုတ်ပြေးဝင်သွားပြီး မတိုင်ခင်ကရေခဲမှန်ပေါ်တွင်ပြခဲ့သည့်အတိုင်း သူကအချိန်အတော်ကြာထပ်မပေါ်လာဘဲ ထိတ်လန့်တကြားပြေးထွက်လာသည်။
ကျင်းဖေးထုန်ကဆိုသည်။
"အခုပဲ၊ ကိုယ်တို့အထဲဝင်ပြီးတစ်ချက်ကြည့်ကြရအောင်။"
နန်းဆောင်တစ်ခုလုံးမှာယန်ယွီ၏အထိတ်တလန့်ချိပ်ပိတ်ခြင်းခံခဲ့ရပေမဲ့ ကျင်းဖေးထုန်အတွက်မူ ဖောက်ဝင်ရမခက်ပေ။
သူတို့နှစ်ဦးအထဲဝင်သွားချိန်တွင် တံခါးနှင့်သိပ်မဝေးသောနေရာတွင်တင်ပျဥ်ခွေထိုင်ကာ မျက်စိမှိတ်လျက်တရားမှတ်နေပြီး မိစ္ဆာ၏တိုက်စားမှုကိုခဲရာခဲဆစ်ပြန်လည်ခုခံတိုက်ခိုက်နေသည့်ယာကျိကိုမြင်လိုက်ကြရသော်လည်း သူမ၏မျက်နှာကိုကြည့်ခြင်းအားဖြင့် အကျိုးသက်ရောက်မှုမှာသိပ်မကောင်းမှန်းသိသာလှသည်။
မြေပြင်ပေါ်ကျသွားသည့်မှန်မှာဘေးတွင်ရှိနေပြီး သူမ၏ပုံရိပ်ကမှန်ထက်တွင်အေးစက်စွာရောင်ပြန်ဟပ်လျက်ရှိသည်။
နာကျည်းချက်အငြိုးမှာဤအခိုက်အတန့်မှစတင်ကြီးထွားလာပြီး စိတ်အစွဲပြိုကွဲရာမှာလည်းဤအခိုက်အတန့်တွင်ပြောင်းလဲသွားသင့်ပေသည်။
ကျင်းဖေးထုန်ကလှမ်းပစ်ရန်ပြင်လိုက်သော်လည်း ရှုလင်ကျားရုတ်ခြည်းလက်ဖဝါးမြှောက်ကာ သူ့လက်ပေါ်ဖိ၍ပြောလိုက်သည်။
"ခင်ဗျားဘာလုပ်မလို့လဲ။"
ကျင်းဖေးထုန်ကပြောလာသည်။
"စိတ်ဝိညာဥ်စွမ်းအားကိုသုံးပြီးတော့ သူမကိုမိစ္ဆာရဲ့ထိန်းချုပ်မှုကလွတ်အောင်ကူညီပေးပြီး တတိယမင်းသားပြန်လာတဲ့အထိအချိန်ဆွဲထားပေးမလို့လေ။"
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်ရုတ်တရက်တွေးမိတာက အိပ်မက်ဆိုးလိုမျိုးမိစ္ဆာက လူတစ်ယောက်ရဲ့အတွင်းပိုင်းစိတ်ခံစားချက်တွေကိုညှို့ငင်ဖမ်းစားတဲ့မိစ္ဆာတစ်မျိုးပဲ။ ခင်ဗျားမှာမကောင်းတဲ့စိတ်ခံစားချက်မရှိလို့ရှိရင် သူတို့တိုက်ခိုက်တာမခံရအောင်ရှောင်နိုင်ပါ့မလား။"
ကျင်းဖေးထုန်ကခေါင်းခါကာ သူ့ကိုအသာထိ၍ အပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"အဲ့လိုပဲ၊ ဒါပေမဲ့အလုပ်ထက်အပြောကပိုလွယ်တယ်မလား။"
သူကထိုသို့ပြောလိုက်သော်လည်း ရှုလင်ကျားပြောချင်သည့်အဓိပ္ပါယ်ကိုနားလည်ပေရာ ယာကျိဘက်ကိုလျှောက်သွား၍ သူမကိုပြောလိုက်သည်။
"ဧကရီ၊ ခဏတောင့်ထားပါအုံး၊ တတိယမင်းသားကဧကရီကိုကယ်ဖို့ပြန်လှည့်လာတာကိုကျွန်တော်မြင်လိုက်တယ်။"
ယာကျိမှာမျက်နှာထက်တွင်ချွေးစေးများပြန်နေပြီး အံကြိတ်လိုက်ပေမဲ့တုံ့ပြန်လာခြင်းမရှိပေ။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့အပြန်အလှန်ကြည့်မိကြသည်။
ထိုအခိုက် ကျင်းဖေးထုန်ရုတ်တရက်တွေးမိသွားသည်၊ ထိုထူးခြားဆန်းကြယ်သောကမ္ဘာထဲတွင် ယာကျိ၏အချစ်ရဆုံးသားမှာ သူမနောက်ကျမှဖွားမြင်ခဲ့သည့်သားငယ်လေးဖြစ်သည်ဟု တတိယမင်းသားပြောခဲ့ဖူးသည်ကိုအမှတ်ရသွားသည်။
ထို့နောက်သူထပ်ပြောလိုက်သည်။
"တတိယမင်းသားကအစကကျွန်တော်တို့ကိုသူ့ရဲ့သွေးတစ်ဝက်ညီအစ်ကိုကယ်ဖို့အမိန့်ပေးခဲ့ပေမဲ့ သူဘယ်မှာလဲဆိုတာကျွန်တော်တို့ရှာမတွေ့တာမို့ ဧကရီကိုလာမေးချင်ခဲ့တာပါ။ ကျေးဇူးပြုပြီးတော့တောင့်ခံထားပါအုံး၊ မဟုတ်ရင်ဧကရီရဲ့သားငယ်လေးလည်းသေသွားပါလိမ့်မယ်။ အန္တရာယ်ကလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး။"
ဒီတစ်ခေါက် ကျင်းဖေးထုန်ပြောလို့ပြီးသွားသော် ယာကျိမှာတကယ့်ကိုတုံ့ပြန်မှုရှိလာပြီး သူမ၏နှုတ်ခမ်းတစ်စုံမှာစကားပြောချင်သည့်အလားတုန်ရီသွားသော်လည်း အက်ရှရှအသံသာလျှင်သူမပါးစပ်ထဲမှထွက်လာပေသည်။
သို့သော် ကျင်းဖေးထုန်နှင့်ရှုလင်ကျားမှာကူကယ်ရာမဲ့စွာကြည့်နေရပြီး သူမ၏လည်တိုင်ထံပျံ့နှံ့သွားသောအနီရောင်အကွက်မှာတကယ့်ကိုလျော့ပါးသွားသယောင်။
စိုးရိမ်ပူပင်မှုတို့များပြားလာသော် အိပ်မက်ဆိုးမိစ္ဆာကအလွန်လွယ်လင့်တကူအောင်နိုင်စွမ်းရှိတော့မည်မဟုတ်။
ရှုလင်ကျားတိုးတိုးပြောမိသည်။
"သူမကြည့်ရတာ သူမရဲ့သားကြီးကသူမကိုထားသွားတာထက် သူမသားငယ်ရဲ့လုံခြုံမှုနဲ့ပတ်သတ်ပြီးပိုစိုးရိမ်နေတဲ့ပုံပဲ။ သူမမှန်မိစ္ဆာအဖြစ်ပြောင်းသွားတာက သူမရဲ့သားငယ်ကိုမကယ်လိုက်နိုင်ဘူးလို့တွေးမိခဲ့လို့လား။"
ကျင်းဖေးထုန်ကခေါင်းငြိမ့်ကာဆိုသည်။
"ဖြစ်နိုင်တယ်။"
သူသည်ထိုသို့ပြောရင်းဖြင့် နောက်ဆုံးတွင်လှုပ်ရှားမှုလုပ်ကာ သူ့လက်ဝါးတို့ကိုမြှောက်၍ ယာကျိ၏ခန္ဓာတစ်ကိုယ်လုံးကိုချုပ်တည်းရန် စိတ်ဝိညာဥ်စွမ်းအားသုံးလိုက်၏။
ဤသို့ဖြင့် သူမကိုယ်ထဲရှိမိစ္ဆာစွမ်းအင်မှာပြင်းထန်စွာဆန်တက်လာသည်ကိုကျင်းဖေးထုန်ခံစားမိပြီး စွမ်းအင်နှစ်ခုမှာအပြန်အလှန်တိုက်ခိုက်ကြတော့သည်။ ဤခံစားချက်ကားမိစ္ဆာအတွင်းစိတ်၏အခြေအနေနှင့်တကယ့်ကိုဆင်တူလှသည်။
တစ်ခုတည်းသောကွာခြားချက်မှာ မိစ္ဆာအတွင်းစိတ်မှာအချို့သောနာကျင်ဖွယ်အတွေ့အကြုံတို့ကြောင့်ဖြစ်ပေါ်လာပြီး အိပ်မက်ဆိုးမိစ္ဆာကတော့ဖြင့်ပြင်ပမှကျုးကျော်ဝင်ရောက်လာခြင်းဖြစ်လောက်သည်။
ကျင်းဖေးထုန်သည်ယာကျိကိုယ်ထဲရှိသူမ၏ခက်ထန်သောချီစွမ်းအင်ကိုတည်ငြိမ်အောင်လုပ်ပေးကာ မိစ္ဆာနီ၏ဝါးမျိုခြင်းခံရမည့်သူမ၏အချိန်ကိုနှောင့်နှေးစေ၏။ ခဏကြာသော် နန်းဆောင်အပြင်ဘက်ရှိချိပ်စည်းမှာအဖြည်ခံလိုက်ရပြီး ယန်ယွီကအမောတကောပြေးဝင်လာသည်။
--သူတကယ်ပြန်လာခဲ့သည်!
လက်ထဲတွင်မြေခွေးတစ်ကောင်ပွေ့လျက်သားဖြင့်လူစိမ်းတစ်ဦးကိုမြင်လိုက်ရသော် ယန်ယွီ၏ခြေလှမ်းများမှာရုတ်ခြည်းတန့်သွားကာ သတိရှိရှိမေးလာသည်။
"ခင်ဗျားကဘယ်သူလဲ။"
ကျင်းဖေးထုန်ပြုံးကာပြောလိုက်သည်။ "အထင်မလွဲပါနဲ့ တတိယမင်းသား၊ ကျွန်တော်ကဒီနေရာကဖြတ်သွားတဲ့လမ်းသွားလမ်းလာတစ်ယောက်ပါပဲ။ အအေးနန်းဆောင်တိုက်ခိုက်ခံရတာကိုမြင်လိုက်ရတော့ ကျွန်တော်ဘာဖြစ်သွားလဲဆိုပြီးအထဲဝင်လာကြည့်တာပါ၊ အရှင်မင်းသားလုပ်စရာရှိတာလုပ်လို့ရပါတယ်။"
သူ၏ရှုလင်ကျားအပေါ်သဘောထားမှာ ယခင်ကသူ၏ပုံစံနှင့်လုံးဝကွဲပြားသော်လည်း အခြားသူတို့နှင့်မျက်နှာချင်းဆိုင်ရာတွင် သူ၏မောက်မာသောပင်ကိုယ်စရိုက်မှာတူညီနေဆဲဖြစ်သည်။
ထိုအချိန်တွင် ကျင်းဖေးထုန်၏လေသံမှာညင်သာကာပြုံးနေသော်လည်း သူ့စကားလုံးများထဲတွင်မောက်မာသောအရိပ်အယောင်ရှိနေပုံမှာ သူပေါ်လာချင်သည့်နေရာတွင်ပေါ်လာသည်ကသူ့အတွက်ပုံမှန်ဖြစ်သယောင်။
ရှုလင်ကျားကသူ့လက်မောင်းထဲတွင်လိမ်လိမ်မာမာအသိုက်ဖွဲ့ကာ ကျင်းဖေးထုန်၏သဘောထားကိုကြည့်ရင်း နှုတ်ခမ်းဆူမိသည်။
ဘယ်သူကဒီကဖြတ်သွားပြီး အအေးနန်းဆောင်ကိုသွားမှာလဲ။ ကျင်းဖေးထုန်ဒါကိုပြောရာတွင် သူဟာပိုယုံကြည်စရာကောင်းသောဆင်ခြေကိုရှာပင်မရှာချင်ကြောင်းသိသာလှပေသည်။
ယန်ယွီမှာသံသယဝင်နေသော်လည်း သူ့မိခင်၏အခြေအနေကိုစစ်ဆေးကြည့်လိုက်ရာ တကယ့်ကိုတိုးတက်မှုရှိကြောင်းသိလိုက်ရပြီး အနည်းဆုံးတော့၎င်းဟာကျင်းဖေးထုန်တွင်မည်သူ့ကိုမှထိခိုက်စေလိုသည့်ရည်ရွယ်ချက်မရှိကြောင်းပြသလို့နေသည်။
သူ့မျက်နှာဖြူရော်သွားကာ တွန့်ဆုတ်စွာပြောလာသည်။
"လူကြီးမင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ပြောစရာမလိုပါဘူး၊ ဒီနေရာကမြန်မြန်ထွက်သွားရအောင်။"
ယာကျိကိုယ်ပေါ်ရှိအနီရောင်အကွက်မှာလုံးဝမပျောက်သွားသဖြင့် ယန်ယွီမှာသူမကိုကူညီဖို့မရဲဘဲ ခပ်လှမ်းလှမ်းမှနေ၍ အသံနိမ့်နှင့်ပြောမိသည်။
"မယ်တော်၊ အပြင်မှာရထားလုံးရှိတာမို့ ရထားလုံးထဲဝင်လိုက်ပါ၊ ပြီးရင်သားတော်မယ်တော့်ကိုအဝေးခေါ်သွားပေးမယ်လေ၊ ဟုတ်ပြီလား။"
ယာကျိမှာအနည်းငယ်နှေးကျသွားပေမဲ့ ထမလာဘဲအက်ရှရှအသံဖြင့်မေးလာသည်။
"သား၊ သား၊ သားတော်...."
သူမဒါကိုပြောရာတွင်တစ်ဖန်တစ်သွားပြန်ကာခါးကိုင်း၍ချောင်းဆိုးမိသည်။ အခြားသူများမှာအဆင်ပြေသော်လည်း သူမအပြောကိုနားထောင်ချင်သည်မို့ ရှုလင်ကျားသူ့လက်ဖဝါးကိုကျင်းဖေးထုန်လက်မောင်းပေါ်ဖိတင်ကာ ခါးတစ်ဝက်ကိုင်း၍သူမကိုကြည့်လိုက်ပြီး သူ့အမြှီးမှာဖျတ်လတ်စွာလှုပ်ရမ်းလျက်ရှိသည်။
သူသေသွားမည်ကိုကျင်းဖေးထုန်စိုးရိမ်မိသဖြင့် ယာကျိအတွက်ပြောပေးလိုက်ရသည်။
"တတိယမင်းသား၊ ဧကရီကမင်းသားရဲ့ညီတော်ကိုကယ်ပြီးပြီလားမေးနေတာပါ။"
ယန်ယွီမျက်နှာအေးခဲသွားရသည်။
မျက်နှာသာပေးခံရသည့်ညီငယ်လေးအတွက် သူမွေးလာကတည်းကသူ့မှာကောင်းမွန်သောခံစားချက်မရှိခဲ့ပေ။ ထို့အပြင် သူဟာယာကျိ၏နံဘေးတွင်မကြီးပျင်းလာခဲ့ရသော်လည်း ကြောက်စရာကောင်းသည့်နောက်ခံအသိုင်းအဝိုင်းနှင့်ကောင်လေးကတော့ဖြင့် သူ့မယ်တော်၏ဂရုစိုက်၊ အလိုလိုက်ခြင်းခံနေခဲ့ရသည်မို့ ယန်ယွီမှာသဘာဝကျကျပင်သူ့ကိုအလွန်တရာမုန်းတီးသည်။
ပုံမှန်အားဖြင့် ထိုညီငယ်လေးအကြောင်းယာကျိပြောလာသည်ကိုကြားရသည်နှင့် သူသေချာပေါက်ကိုအဝေးလျှောက်ထွက်သွားလိမ့်မည်ဖြစ်သော်လည်း ဒီအချိန်တွင်ယန်ယွီမှာယာကျိကိုသတ်မိလုနီးပါးဖြစ်သွားခဲ့သဖြင့် သူအနည်းငယ်အပြစ်ရှိစိတ်ခံစားရရာဘာမှမပြောမိပေ။
သူကအေးစက်စက်မျက်နှာဖြင့်ပြောလာသည်။
"အအေးနန်းဆောင်တစ်ခုဘဲတိုက်ခိုက်ခံရတာလေ။ သူဒီမှာမရှိရင်သူ့မှာဘယ်လိုလုပ်အန္တရာယ်ရှိနိုင်မှာလဲ။ မယ်တော်စိတ်ပူနေလို့ရှိရင် သားတော်တစ်ယောက်ယောက်ကိုသွားရှာခေါ်ခိုင်းပြီးရင် သားတော်တို့အတူသွားကြမယ်။"
ထိုအခိုက် သူဟာယာကျိကိုနန်းတော်ထဲမှအရင်ခေါ်ထုတ်သွားခဲ့သည်။ ထို့နောက်သူကနန်းတော်အပြင်မောင်းထုတ်ခံထားရသည့်ညီငယ်လေးကိုခေါ်ကာ ဘေးကင်းရာသို့အတူရွှေ့ပြောင်းခဲ့ကြသည်။
အပြောင်းအလဲမဖြစ်စေရန်အလို့ငှာ ကျင်းဖေးထုန်နှင့်ရှုလင်ကျားဟာလည်းသူတို့နောက်လိုက်သွားခဲ့သည်။
ယန်ယွီမှာအစကချိတုံချတုံဖြစ်နေသော်လည်း နောက်ကျတော့ဒီမြေခွေးနှင့်လူကိုသူနှင့်အတူခေါ်သွားချင်သည်ဖြစ်စေ မခေါ်သွားချင်သည်ဖြစ်စေ ကျင်းဖေးထုန်တွင်သူတို့နောက်အရိပ်ပမာလိုက်ဖို့ရာနည်းလမ်းရှိကြောင်းသိလိုက်ရပေရာ သူလက်လျှော့အရှုံးပေးလိုက်ရသည်။
ရှုလင်ကျားသည်ယန်ယွီ၏တရားမဝင်ညီငယ်လေးနှင့်တွေ့သွားသော် ညီအစ်ကိုနှစ်ဦးမှာအဖေမတူသည့်တိုင် အလွန်ရုပ်ဆင်ကြောင်းတွေ့ရှိသွားပေ၏။
အသက်အရွယ်အရ ယန်ယွီကားသူ့ထက်နှစ်တစ်ရာနီးပါးကြီးသော်လည်း သူတို့နှစ်ဦးမှာလက်ရှိတွင်မိစ္ဆာမျိုးနွယ်၏လူငယ်အရွယ်အပိုင်းအခြားကာလတွင်ရှိနေသေးသည်မို့ အသက်အရွယ်ကွာခြားမှုကိုမကြည့်လျှင် သူတို့မှာပို၍ပင်ရုပ်ဆင်လှပေသည်။
သူတို့အကုန်လုံးလုံခြုံသည့်နေရာရောက်သွားကာ ယာကျိမှာနောင်တတို့ပျက်ပြယ်သွားသည့်ပုံပေါ်နေပေမဲ့ ရှုလင်ကျားမှာစိတ်သက်သာရာမရသေးဘဲ ရင်ထဲတွင်အနည်းငယ်အဆင်မပြေဖြစ်နေမိသည်။
--အရမ်းချောမွေ့မနေဘူးလား။ ၎င်းမှာလူတို့ကိုလုံးဝမဆင်မပြေဖြစ်စေသည်။
ထို့နောက် မိစ္ဆာမျိုးနွယ်တော်ဝင်မိသားစုသမားတော်ကထွက်လာကာဆိုသည်။
"ဧကရီအဆင်ပြေသွားပါပြီ!"
ဤတစ်ခေါက်တွင် ယန်ယွီကသူ့မိခင်ကိုကယ်တင်ခဲ့ရာ ပုံရိပ်မှာရုတ်ခြည်းအေးခဲသွားပေသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားမှာတစ်အောင့်ကြာမူးဝေသွားကြပြီး ထို့နောက်သူတို့ရှေ့ရှိမြင်ကွင်းမှာပြောင်းလဲသွားကာ သူတို့ဟာအအေးနန်းဆောင်ထဲတွင်ပြန်ပေါ်လာခဲ့သည်။
နေရာတိုင်းတွင်အိပ်မက်ဆိုးမိစ္ဆာတို့လုံးဝရှိမနေသကဲ့သို့ နေရာအနှံ့အလောင်းနှင့်သွေးများရှိမနေပါဘဲ အအေးနန်းဆောင်တစ်ခုလုံးမှာဗလာကျင်းနေပြီး ၎င်းမှာအသက်ဝင်မှုစိုးစဥ်းမျှရှိမနေပေ။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားသည်ယာကျိရှိနေခဲ့သည့်နန်းဆောင်ကိုသွားလိုက်ရာ စားပွဲပေါ်တွင်အတည့်ထောင်ထားသည့်ကြေးနီမှန်ကိုတွေ့လိုက်ကြရပြီး မှန်ပေါ်တွင်ဘာမှမရှိ။
ကျင်းဖေးထုန်ကမှန်ရှေ့တွင်လက်ဖျောက်တီးလိုက်ရာ "ဖျောက်"ခနဲမြည်သံထွက်လာပြီးသူပြောလိုက်သည်။
"ဧကရီယာကျိ၊ ခင်ဗျားအခုအစွဲချွတ်ခံလိုက်ရပြီကို၊ ဘာလို့ထွက်လာပြီးမကြည့်ရတာလဲ။"
ဝတ်ရုံနီနှင့်အမျိုးသမီး၏ပုံရိပ်ကမှန်ထဲတွင်တစ်ဖန်ပေါ်လာပြီး ထို့နောက်မှန်ကဖျတ်ခနဲလက်သွားကာ သူမကမှန်ထဲမှထွက်လာသည်။
ဤသည်ကားနာကျည်းချက်အငြှိုးတို့လုံးဝမရှိတော့သည့်မှန်တစ္ဆေပင်။ သူမ၏သားဟာသူမကိုအဆုံးတွင်လက်မလျှော့ခဲ့ကြောင်း သူမ၏မျက်စိဖြင့်တပ်အပ်မြင်ခဲ့ရရာ သူမ၏မျက်နှာမှာရုပ်ဆိုးအကျည်းတန်ခြင်းမရှိလေတော့။
သူမ၏မျက်နှာထက်တွင်သွေးနှင့်မျက်ရည်တို့ပေကျံမနေတော့ချိန်တွင် ယာကျိ၏ရုပ်ရည်မှာအလွန်ချောမောလှပပြီး ကျန်းနန်အမျိုးသမီးကဲ့သို့သောသိမ်မွေ့ကာဆွဲဆောင်မှုရှိသည်ကိုသူတို့ရှင်းလင်းစွာမြင်လိုက်ကြရသည်။
အချိန်မှာအကန့်အသတ်ရှိသဖြင့် ပုံရိပ်ယောင်မှာအချိန်မရွေးအဆုံးသတ်သွားနိုင်သည်။ ကျင်းဖေးထုန်ကပုတီးစေ့လက်ကောက်ထုတ်ကာ ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။
"ဒီပုတီးစေ့လက်ကောက်ပိုင်ရှင်ဘယ်သူလဲသိလား။ အထဲကစိတ်ဝိညာဥ်ကိုယ်ထည်ရဲ့ဇစ်မြစ်ကဘာလဲ၊ ပြီးတော့သူဘယ်သွားလဲ။"
ယာကျိမှာပုတီးစေ့လက်ကောက်ကိုမြင်သွားသော် သူမ၏မျက်နှာထားမှာချက်ချင်းပင်အလွန်ကြောက်လန့်သွားပြီး မေးလာသည်။
"ဘာလို့လဲ၊ ဒါကဘာလို့မင်းနဲ့အတူရှိနေရတာလဲ?!"
ကျင်းဖေးထုန်ပြောမိသည်။
"ခင်ဗျားကျွန်တော့်မေးခွန်းကိုဘဲပြန်ဖြေဖို့လိုတယ်။"
ယာကျိကခြေတစ်လှမ်းနောက်ဆုတ်ကာရေရွတ်သည်။
"လျို့ဝှက်ကြံစည်မှု၊ ဒါတွေအားလုံးကလျို့ဝှက်ကြံစည်မှုဖြစ်နေတာပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ဘာရယ်?"
"သူပဲ။"
ယာကျိကရေရွတ်ပြန်သည်။
"ငါတောင်းပန်ပါတယ်! လူတွေအားလုံးကသူသတ်လို့သေသွားခဲ့တာ! သူကဇုန်ဝူရှင်းကိုလွှတ်ပေးပြီး သူသတ်ချင်..."
ကျင်းဖေးထုန်မေးမိသည်။
"ဘယ်သူလဲ။"
ထိုစဥ်၊ ယာကျိကရုတ်တရက်ခေါင်းမော့ကာ ကျင်းဖေးထုန်ကိုတည့်တည့်ကြည့်လာပြီး သူမ၏မျက်ဝန်းတစ်စုံမှာထူးဆန်းကာကြောက်လန့်လျက်ရှိသည်။
သူမကလက်မြှောက်ကာ ကျင်းဖေးထုန်အနောက်ကိုလက်ညှိုးထိုး၍ တစ်လုံးချင်းပြောလာသည်။
"သူ ၊ ဒီမှာ ၊ မင်း၊ အနောက်၊ အနောက်မှာ!"
ကျင်းဖေးထုန်ရုတ်ခြည်းခေါင်းလှည့်ကြည့်လိုက်ရာ ယန်ယွီ၏မျက်နှာကိုမြင်လိုက်ရသည်။
-သူဘာလို့ဒီမှာရှိနေတာလဲ။
ယန်ယွီ၏မျက်နှာထက်တွင်အပြုံးမဟုတ်သည့်အပြုံးတစ်ပွင့်ရှိနေပြီး သူ့မျက်လုံးမှာကျင်းဖေးထုန်ပေါ်တွင်ဝေ့ဝဲသွားကာ ယာကျိကိုကြည့်၍ပြောလာသည်။
"မယ်တော်၊ သားတော်တို့ထပ်တွေ့ကြပြန်ပြီ။"
ယာကျိမှာကြောက်လန့်တကြားနောက်ဆုတ်မိသည်။
သူ့ရှေ့ရှိမြင်ကွင်းကိုရှုလင်ကျားမြင်လိုက်ရချိန်တွင် သူ့ရင်ထဲမှာသံသယမြင့်တက်လာကာ ကိစ္စများမှာအလွန်ချောမွေ့လွန်းနေသည်ဟူသောသူ၏ယခင်ကစိုးရိမ်ပူပင်မှုများမှာနောက်ဆုံးတွင်တကယ်ဖြစ်လာပေသည်။
ယန်ယွီကယာကျိကြောင့်အရှက်ရနေခဲ့လို့ရှိရင် သားအရင်းဖြစ်တဲ့သူရဲ့သွယ်ဝိုက်အသတ်ခံလိုက်ရတဲ့သူ့မိခင်ကဘာလို့များပြာယာခတ်ပြီး လိပ်ပြာမလုံဖြစ်နေပုံပေါ်နေတာလဲ။
ယန်ယွီလက်ဖြန့်လိုက်ရာ သူ့လက်ထဲတွင်သေးငယ်သောဆေးပုလင်းရှိနေသည်။
ယန်ယွီကဆေးပုလင်းကိုအပေါ်အောက်မြှောက်ပစ်ကာပြောလာသည်။
"သားတော်သေရမှာကိုခဏလောက်ကြောက်သွားလို့ မယ်တော့်ကိုထားခဲ့မိတာ သားတော်သိပ်ကိုနောင်တရမိတယ်။"
"နေ့တိုင်းညတိုင်း သားတော်ရဲ့အသိတရားကသားတော်ကိုပြစ်တင်ရှုံ့ချနေခဲ့တာ၊ သားတော်နည်းလမ်းပေါင်းစုံသုံးပြီး ငွေကြေးအကုန်အကျခံပြီးတော့ မယ်တော့်ကိုအသက်ပြန်သွင်းဖို့မရေတွက်နိုင်အောင်ကြိုးစားခဲ့ပေမဲ့ လုံးဝအရာမရောက်ခဲ့ဘူး၊ ဒါကြောင့်မို့ သားတော်ရဲ့အရှက်မဲ့ပြီးညံ့ဖျင်းတဲ့ညီတော် ကိုစောင့်ရှောက်ခဲ့ရတယ်၊ သားတော်အကြွေးတင်ခဲ့တဲ့လျော်ကြေးအနေနဲ့ ဂုဏ်ကျက်သရေနဲ့ချမ်းသာကြွယ်ဝမှုတွေပေးအပ်ခဲ့တယ်။"
"အဲ့ဒီ့နေ့မတိုင်ခင်အထိ..."
ယန်ယွီကလက်ထဲရှိဆေးပုလင်းကိုဖြညညှင်းစွာဖွင့်ကာ သူ့နှာခေါင်းနားကပ်၍ အထဲရှိဆေးနံ့ကိုအသာရှုလိုက်ပြီး သူ့မျက်နှာထက်တွင်မသိမသာယစ်မူးသောအကြည့်ရှိနေပေသည်။
"တစ်နေ့မှာ သားတော်ဒဏ်ရာအပြင်းအထန်ရသွားပြီး တစ်ယောက်ယောက်လာကယ်မှာကိုချောက်ကမ်းပါးအောက်မှာပုန်းရင်းစောင့်နေခဲ့တယ်။ သားတော်ရဲ့ကိုယ်ပေါ်မှာချင်းကွမ်အိတ်တစ်လုံးပဲရှိတာ- အဲ့ဒါကသာမယ်တော် သားတော်ကိုအရင်ကပေးခဲ့တဲ့ဟာပဲ၊ သားတော်အဲ့ဒါကိုသားတော်နဲ့အတူအမြဲယူသွားလေ့ရှိတယ်။"
"-ခန့်မှန်းကြည့်လေ၊ ဘာလို့ထင်လဲ။"
မည်သူမျှစကားမပြောကြ။
Advertisement
- In Serial188 Chapters
The Red Lands
The Red Lands Starting alone from the bottom can be such a pain. A story of being transferred to a new world. If you are looking for a shocking OP character, this is not him. If you are looking for a young master with abundant wealth this is certainly not it. Maybe a poor slum child with a hidden past and bloodline. Poor yes, dirt poor. Full stop. Incredible knowledge. Aside from some skills in business, nothing. This is just a tale of an average individual trying to make the best of what he has. An average human salary-man was transmigrated into the body of a boy from the slums. What made it worse was that it was a completely different world. Armed with only basic knowledge from his past life and nearly nothing from his present, he strives to survive. Curiosity can become a deadly driving force for any human being. It all depends on who is wielding it. Author Blog Link The Red Lands
8 180 - In Serial7 Chapters
Game Master - Unlocked (Terror Infinity) (Old Version)
Taking some inspiration from the guy who made Terror Infinite - Side B. Jin can't remember how he arrived, playing a twisted game for who knows why. All he knows is he needs to survive. A place where the, 'Game Masters', decides the fate all those who arrive. Would you Kindly, ________________? Yes/No?
8 222 - In Serial40 Chapters
Vengeance of Carinae
When Ronja Larsen. Marine, Fighter Pilot and all around badass finds herself stuck on an alien world It's going to take more than a little luck to survive. Armed only with a flight suit, some wreckage and her wits she's left bewildered and angry in a foreign world in an alien biome with little to no hope of getting home. Will she be able to escape to take her vengeance? There's nothing to stop her. Well, nothing except a dangerous untamed world and a few thousand light years distance. But what's that to a marine? Hey potential readers! I hope you join me on an adventure in my writing and literary pursuits. This book will hopefully be an interesting read with extreme details on bizarre facts that I find interesting. I will throw in useless knowledge and scientific concepts and facts. Have you ever wondered why glass is transparent? Well I'm sure to throw it in somewhere, so I hope you find my story interesting. - Deflagration P.S If you ever find scientific innaccuracies please PM me. I truly want to know. Other mistakes I'm happy to respond to in comments. A Note on tags: Profanity: Not excessive but where i find appropriate. Gore: Well that depends how well I do my job doesn't it. If I can paint a vivid picture that has the potential to be gory, then my writing may be to an acceptable quality. Traumatising content: Again, this depends on my skill as a writer, I guess I hope you find it traumatising - no that’s not right. Well you know what I mean anyway. Hopefully I can paint a vivid picture in your mind that makes the book all the more special.
8 174 - In Serial7 Chapters
Greatest Superhero
MC is a chuunibyou and wants to become the greatest superhero. He makes a quite a name for himself but in search for greatest superpower goes to the Himalayas and meditate on a lone peak for years, at the end of the day he achieves something that he even can't explain and then jumps into the boiling lava. He also gets reincarnated into another world where cultivators and magicians go hand in hand.
8 203 - In Serial60 Chapters
Our Toxic Love
*Draco Malfoy Fanfic* After the trauma Ivy has been through she finds herself alone and unable to trust except for Dumbledore. Little does she know her family holds a secret she could never dream of. When she meets Draco Malfoy her life changes forever, she now has to choose which path she must take is it love or war? Can you ever have the best of both worlds?*Warning*- Includes Swearing-Includes smut and fluffA re-imagining of general story line, may be slight timing differences to match my story
8 258 - In Serial15 Chapters
The introduction of magic
Magic- a mysterious force that can create miracles, disasters, and just everyday convince. I'm a very very noob writter thats writing this on a whim for just the purpose of satisfying my curiosity.
8 178

