《My brother's girlfriend》part 39
Advertisement
ချောကလက် marshmallow ကိုဖျော်နေသည့်ဟန်နီ့၏ကျောပြင်ကိုကြည့်ပြီးဝမ်းနည်းလာသလိုဖြစ်လာသော်လည်း လုပ်စရာရှိတာကိုလုပ်ရမည်။ ဟန်နီကလီလီ့ကိုဆေးတိုက်ဖို့ဆေးဘူးကိုထုတ်စဉ်ဆေးဘူးထဲရှိအိပ်ဆေးကိုလီလီသတိထားမိသည်။ ဟန်နီကိုချောကလက်ကိုဖျော်ခိုင်းထားပြီးအိပ်ဆေးနှစ်လုံးလောက်ယူကာလက်ထဲတွင်ကျစ်ကျစ်ကိုင်ထားပြီးဟန်နီကိုဘယ်လိုပထုတ်ရမလဲစဉ်းစားနေတုန်းဟန်နီသည်ချောကလက်တစ်ခွက်နှင့်ကော်ဖီတစ်ခွက်ကိုဖျော်ပြီးနှင့်ပြီးဖြစ်သည်။
ဟန်နီ : "ဟင် marshmallowတွေကုန်တာမြန်လိုက်တာသဲလေး "
လီလီ : "ချောကလက်နဲ့သောက်မှစားလို့ရတာလားလို့။ စားချင်ရင်စားမှာပဲလေ။ ဘာလဲ ငြိုငြင်ပြီးပေါ့"
ဟန်နီ : "မဟုတ်ပါဘူး သဲရယ်။ များများစားရင်ကျန်းမာရေးအတွက်မကောင်းဘူးလေ။ သဲလေးအတွက်စိတ်ပူလို့ပါ။ ဒါဆိုလဲသွားဝယ်လိုက်ဦးမယ်။ ဒီနားမှာပဲရှိတာ မကြာဘူး။ ပြန်လာမယ်"
လီလီခေါင်းငြိမ့်ပြကာဟန်နီထွက်သွားတာကိုစောင်ကြည့်ပြီးခဏနေတော့ပိုေသချာေအာင်တံခါးဖွင့်ပြီးစစ်ကြည့်သည်။ တကယ်သွားဝယ်တယ်ဆိုတာသေချာမှ ဆေးနှစ်လုံးကိုစာရွက်ကြားထဲထည့်ပြီးခေါက်ကာဟန်နီ့ဖုန်းစောင်းဖြင့်ဖိချေလိုက်သည်။ အတော်အသင့်ကြေသွားပြီးမို့လို့ coffeeထဲတွင်ထည့်ကာမွေလိုက်သည်။ အပိုင်းအစအဖြူသေးသေးလေးတွေတစ်ချို့coffeeတွင်ပေါလောပေါ်နေတာကိုဆယ်လိုက်သည်။ မဟုတ်ပါက ဟန်နီသတိထားမိသွားမှာသေချာပေါက်ပင်။ coffeeထဲတွင်မပျော်ဝင်မှာစိုး၍ ထပ်ခါထပ်ခါမွေနေတုန်း ခြေသံကိုကြားရသောကြောင့်ချောကလက်ကိုသောက်ဟန်ပြလိုက်သည်။ ချောကလက်အရသာနှင့်အရသာခံသည်လျှာနှင့်ထိတွေ့လိုက်သည်နှင့်လီလီတစ်ခုခုကိုသတိရသွားသည်။
လီလီ's mind : "ခနနေပါဦး ကော်ဖီနဲ့အိပ်ဆေးဆိုတော့"
တံခါးပွင့်လာသောကြောင့်အတွေးစတွေကိုလွင့်ပစ်လိုက်သည်။
ဟန်နီ : "ကလေးကသောက်တောင်သောက်နေပြီးပဲ "
လီလီ : "မကုန်သေးပါဘူး။ ထည့်ပေး "
ဟန်နီအသည်းယားစွာဖြင့်လီလီ့ပါးလေးကိုဆွဲတော့သူမရဲ့မျက်နှာကမှုန်ကုပ်သွားသည်။ ငယ်ငယ်ကအတိုင်းသူမရဲ့ပါးကိုဆွဲရင်မကြိုက်သည့်အကျင့်ကရှိတုန်းပင်။ သူမရဲ့ခွက်ထဲ marshmallow ထည့်ပေးလိုက်ပြီး ကော်ဖီခွက်ကိုယူကာ
ဟန်နီ : " စာရင်းစစ်စရာတွေရှိသေးလို့သွားလုပ်လိုက်ဦးမယ်။ တစ်ခုခုလိုတာရှိရင်ခေါ်လိုက်နော်။ marshmallowတွေအများကြီးမစားရဘူးနော်။ "
လီလီ : "ဟုတ်"
ဟန်နီ ကုတင်ဘေးကစားပွဲခုံတွင်လီလီ့ကိုကျောပေးကာကွန်ပျူတာတစ်လုံးဖြင့်အလုပ်ရှုပ်နေသည်။ ရုတ်တရပ်ကွန်ပျူတာမှောင်ကျသွားရင်ဟန်နီ့ကိုစိုက်ကြည့်နေတဲ့လီလီ့ကိုမြင်မှာစိုးလို့လီလီကုတင်ေပါ်တွင်စာအုပ်ဖတ်ရင်းမသိမသာဟန်နီ့ကိုကြည့်လိုက်သည်။ ဟန်နီသည်စာရင်းတွေစစ်ရင်းတစ်ငုံပြီးတစ်ငုံသောက်နေသည်။ သူမကိုကြည့်ရတာ အိပ်မငိုက်သည့်ပုံပင်။ စာတော်သပဆိုသည့်ဦးနှောက်သည်အခုကော်ဖီထဲတွင်အိပ်ဆေးထည့်လိုက်သည်တဲ့......
နာရီဝက်လောက်နေတော့သူမအကြောတွေဆန့်ကာသမ်းေဝေနသည်။ ကော်ဖီလဲကုန်သွားပြီးဖြစ်သည်။
လီလီ : "အလုပ်တွေပြီးပြီးလား။ "
ဟန်နီ : "ကျန်တော့ကျန်သေးတယ်။ ဒါပေမယ့်အိပ်ငိုက်လာလို့။ အခု8နာရီပဲရှိသေးတာကို။ ထူးထူးဆန်းဆန်း"
လီလီ : "အိပ်ငိုက်ရင်အိပ်လိုက်တော့လေ။ အလုပ်လဲမသွားဘူးလဲပြောသေး အလုပ်လုပ်နေတာကလဲတစ်ချိန်လုံးပဲ။ "
ဟန်နီ : " သဲလေးကိုဂရုမစိုက်မိလို့စိတ်ဆိုးနေတာလား။ အခုတလောအမတို့ကုန်တိုက်မှာပြဿနာဖြစ်လို့လေ။ ကုန်တိုက်ကဆိုင်ခန်းငှားခတွေကိုတစ်ခြားမန်နေဂျာကလိမ်ပြေးသွားတာ။ အမမှာတော့မန်နေဂျာအသစ်ရောက်လာတာလုပ်စရာတွေပါးပြီးထင်လို့။ ပိုတောင်တိုးလာတာပဲ "
ဟန်နီကပြောရင်းဆိုရင်းနှင့်ကုတင်ခေါင်းရင်းကိုမှီကာစာအုပ်ထိုင်ဖတ်နေသောလီလီ့ခါးကိုဖက်ကာလီလီ့ပေါင်ပေါ်တွင်အိပ်ချလိုက်သည်။ ရုတ်တရပ် ပေါင်ပေါ်တွင်ရေတစ်စက်ကျလာသလိုခံစားမိတာကြောင့်လီလီဖတ်လက်စစာအုပ်ကိုချပြီးဟန်နီ့ရဲ့ခေါင်းကိုပွတ်ပေးလိုက်သည်။
ဟန်နီ : "တစ်ခြားဟာတွေထက်ကိုလီလီ့ကအစ်မကိုလက်မခံတာပိုပြီးတော့ခံစားရတယ်။ လီလီရဲ့အစ်ကိုရဲ့ချစ်သူကိုတောင်အစ်မရှုံးခဲ့တာ။ မိန်းကလေးချင်းချင်းတောင်မှလေ "
ဟန်နီ့ဆံသားတွေကိုအသာလေးပွတ်ပေးနေသည့်လီလီ့လက်တစ်ဖက်သည်ရပ်တန့်သွားသည်။ ဘယ်လိုလုပ်သိပါလိမ့်လို့မေးလိုက်ချင်ပေမယ့်အသံကထွက်မလာခဲ့။ ဟန်နီကလဲနေရာကနေမလှုပ်နေမြဲနေဆဲ။
ဟန်နီ : " အစ်မ သူရဲ့နာမည်ကိုထည့်ပြောရင်ကိုလီလီမျက်လုံးတွေကပိုတောက်ပနေခဲ့ပြီးတော့သူရဲ့မဂ်လာသတင်းအကြောင်းကိုပြောရင်လီလီ့ရဲ့မျက်လုံးကပြိုတော့မယ့်မိုးတွေလိုပဲ။ သူကလီလီရှာခဲ့တဲ့အဲ့ဒီကော်လက်စွပ်ပိုင်ရှင်လား "
လီလီ : "အင်း။ ငယ်ငယ်ကတည်းကနေလီလီသူ့ကိုစောင့်နေတာ။ ဝမ်းနည်းနေတဲ့အချိန်ရော အနိုင်ကျင့်ခံရတဲ့အချိန်ရော ပျော်တဲ့အချိန်ရော စိတ်လှုပ်ရှားနေတဲ့အချိန်ရော သူ့ကိုပဲတောင့်တနေခဲ့တယ်။ သူအကြောင်းပဲတွေးနေခဲ့တယ်။ သူ့ကိုပဲမျှော်နေခဲ့တယ် "
ဟန်နီ့ : "အစ်မလီလီ့အနားမှာရှိနေရင်တောင်မှလား "
လီလီ : "အင်း။ အစ်မကိုကျေးဇူးတင်ပေမယ့်လီလီ့အစ်မကိုဘယ်လိုမှခံစားလို့မရခဲ့ဘူး။ ချစ်သူတစ်ယောက်အနေနဲ့"
ဟန်နီရုန်းထလာပြီးမွေ့ယာကိုလက်ဖြင့်ထောက်ကာလီလီ့ရဲ့မျက်နှာနားတဖြည်းဖြည်းကပ်လာပြီးလီလီနှင့်ခေတ္တမျှမျက်လုံးချင်းဆိုင်ကာဟန်နီ့ရဲ့အကြည့်တွေကလီလီ့ရဲ့နှုတ်ခမ်းဆီသို့ရောက်သွားသည်။
ဟန်နီ : " အဲ့တာဆိုရင်ညီမတစ်ယောက်အနေနဲ့အစ်မကိုအနမ်းတစ်ပွင့်လောက်စွန့်ကြဲပါလား "
လီလီ : "ရှင် "
လီလီ၏နှုတ်ခမ်းေပါ်တွင်ဟန်နီ့၏နှုတ်ခမ်းရှိနေသည်ဟူသောအသိသည်လီလီ့ကိုကြက်သီးထစေသည်။ လီလီပြန်လဲမတုံ့ပြန် ငြင်းဆန်ခြင်းလဲမလုပ်ခဲ့ပါ။ ငါးမိနစ်လောက်နေတော့အနမ်းများပြတ်တောက်သွားကာဟန်နီအိပ်ပျော်သွားသည်။ လီလီ့ပုခုံးပေါ်တွင်အိပ်ပျော်နေသည့်ဟန်နီကိုအိပ်ရာပေါ်တွင်တင်ကာစောင်ခြုံပေးပြီး ရေချိုးခန်းထဲဝင်ကာသွားတိုက်လိုက်သည်။ သွားတိုက်ပြီးတာတောင်ခင်လေးနွယ်ကိုဖောက်ပြန်ခဲ့သည်ဆိုတဲ့အတွေးကဝင်လာသဖြင့်မျက်နှာသစ်လိုက်ကာ မှန်ထဲကလူကိုပြန်ကြည့်ပြီး
လီလီ : " မဖြစ်သေးဘူး။ ဟိုကောင်တွေကိုတရားစွဲပြီးပြီးဆိုတော့အိမ်နားမှာမရှိလောက်တော့ဘူးထင်တယ်။ ဒီတစ်ခေါက်လဲဟိုဆိုင်ကယ်နဲ့ပဲထပ်သွားရမှာပေါ့။ ဆီဖိုးကတော့ဟန်နီဆီကယူမှဖြစ်မယ်ထင်တယ်။ မှတ်ပုံတင်တော့ပါပြီး။ ဆိုင်ကယ်လိုင်စင်ရော အာ ဟုတ်သားပဲ။ ကားလိုင်စင်တောင်မပါလာဘူးပဲ။ မော်လမြိုင်နဲ့ဘားအံဆိုစစ်ဆေးရေးဂိတ်မှမရှိပဲ အဆင်ပြေလောက်မှာပါ။ "
စစေရာက်ခဲ့သည့်အတိုင်းဘေးစောင်းလွယ်အိတ်သေးသေးတွင်ပစ္စည်းများထည့်ပြီး ဟန်နီ၏အနွေးထည်တစ်ထည်ကိုဝတ်လိုက်ပြီး ဟန်နီထံမှယူသွားတဲ့ပစ္စည်းများကိုယူသွားကြောင့်စားပွဲပေါ်တွင်စာရွက်လေးနှင့်ကပ်ထားလိုက်သည်။ ထို့နောက်ဟန်နီ့ပါးကိုထိရုံဆိုသေလာက်ေလးနမ်းပြီး
လီလီ : "ကျေးဇူးတင်ပါတယ်"
လီလီအသံမထွက်အောင်ဖွဖွလေးထွက်ဖို့ကြိုးစားသော်လည်းတံခါးကိုပိတ်သည့်အခါ ကလောက် ဆိုသောအသံကထွက်ဖြစ်အောင်ထွက်သည်။ ဟန်နီနိုးမည့်ပုံမပေါ်တာမို့အောက်ကိုသာဆင်းလာခဲ့သည်။ အောက်ထပ်ကိုရောက်တော့ကောင်တာတွင်အိပ်ပျော်နေသည့်ထိုကောင်လေးကိုထပ်မြင်ရပြန်သည်။ တိတ်တိတ်လေးဖြတ်သွားလိုက်ပြီးကားပါကင်ကဆိုင်ကယ်သေးသေးတစ်စီးကိုမနည်းလိုက်ရှာလိုက်ရသည်။ ဆိုင်ကယ်စက်နှိုးလိုက်ရင်အသံကျယ်မည်စိုး၍အပေါက်ဝအထိဆိုင်ကယ်ကိုတွန်းသွားလိုက်သည်။ တံခါးမပိတ်ထားသည့်တံခါးကိုအကျော်တွင်ရပ်လိုက်ပြီးဆိုင်ကယ်ကိုခွစီးကာစက်နှိုးဖို့ပြင်နေတုန်းသော့ထည့်နေသည့်လီလီ့ရဲ့လက်ကိုတစ်စုံတစ်ယောက်လာရောက်စုပ်ကိုင်ခြင်းကိုခံလိုက်ရသည်။
လီလီ : "အောင်မယ်လေး!!"
လီလီအလွန်အမင်းထိတ်လန့်သွားပေမယ့်အဆင်ပြေေနသလိုသာနေလိုက်သည်။ ထိုသူကိုကြည့်လိုက်တော့ဘယ်သူမှန်းမသိပေမယ့်ယူနီဖောင်းကိုကြည့်ခြင်းအားဖြင့်ဒီတိုက်ခန်းကဝန်ထမ်းဖြစ်လိမ့်မည်။
" အာ အစ်မဟန်နီနဲ့နေတဲ့တစ်ယောက်ပဲ။ ဒါနဲ့ဘာလို့ခိုးထွက်ေနတာလဲ။ "
လီလီ : "ခိုးထွက်ေနတာတဲ့လား။ ငါကဧည့်သည်လေ။ ပြန်ရမှာပေါ့ "
" ဟင် ပြန်မလို့လား။ အစ်မဟန်နီကခင်ဗျအတွက်ဧည့်စာရင်းမှာခင်ဗျားနာမည်ထည့်ပေးလို့ရအောင်လုပ်ပေးနေတဲ့ဟာ "
လီလီ : "ဟယ် ဟုတ်လား "
" အင်းလေ။ ခင်ဗျားကလဲအခန်းပြင်မထွက်တဲ့အပြင်မှတ်ပုံတင်လဲမပါ။ အဲ့တာပိုအစ်မဟန်နီကပွဲစားတွေငှားပိုက်ဆံအများကြီးကုန်ခံပြီးတော့လုပ်ပေးတာကို "
လီလီ: "ငါကခဏလေးအပြင်ထွက်မလို့လေ။ 2ရက်3ရက်နေပြန်လာမှာ "
"ဪ အဲ့လိုလား။ အဲ့ဆိုလဲသွား။ အစ်မဟန်နီမေးရင်ခင်ဗျားဘယ်သွားတယ်လို့ပြောလိုက်ရမလဲ "
လီလီ : "အချစ်ရှိတဲ့အရပ်ဆီသွားတယ်လို့ပြောလိုက်။ သူသိတယ် "
" ဟာ အဲ့လိုမျိူးတွေမရဘူး။ သွားမည့်နေရာသာပြောစမ်းပါ။ လူကိုဒုက္ခရောက်အောင်မလုပ်နဲ့ "
လီလီ : "နဂါးမင်းရဲ့ဥတွေကိုခိုးသွားတဲ့ဖားအန်တဲ့နေရာ လို့ပြောလိုက်ဟေး"
ပြောရင်းနဲ့ပင်လီလီဆိုင်ကယ်နဲ့မောင်းထွက်ခဲ့သည်။ ထိုကောင်လေးအော်ခေါ်သံကြားသော်လည်းလှည့်မကြည့်ဖြစ်။ လီလီတကယ်ပင်အချစ်ရှိရာကိုလာမှဖြစ်မည်။ ရက်အနည်းငယ်ဆိုတာကြီးကိုလီလီမစောင့်နိုင်တော့။ အခုလိုထွက်လာတာကလီလီဘဝရဲ့အကြီးဆုံးအမှားဖြစ်လာမှာကိုလဲလီလီမသိနိုင်တော့...........
တစ်ဂိတ်ပြီးတစ်ဂိတ်ဖြတ်ရင်းဘားအံကိုရောက်တော့မည်ဖြစ်သည်။ အခုချိန်ထိလမ်းေတွစစ်ဆေးခြင်းတွေမရှိတာကိုကျေးဇူးတင်ရမည်။ အမှန်ဆိုဘားအံမြို့လဲBGFတွေရဲ့မြို့ဖြစ်၍ကြာကြာတော့နေလို့မရ။ မမနဲ့လိုက်ပြန်ရမည်။ မမပိုအကြောင်းစုံတွေပြောပြပြီးစိတ်ကောက်ပစ်မည်။ ပြီးရင်မမလာချော့တာကိုစောင့်မည်။ သို့သော်လီလီဘက်ကအမူလွန်၍သူစိတ်ဆိုးသွားရင်တော့ အပြစ်ပေးခံရဦးမယ်နဲ့တူပါတယ်။ မဖြစ်လာသေးသည့်အကြောင်းများကိုတွေး၍လီလီပြုံးမိသည်။
တော်တော်ကြာမောင်းနှင်ပြီးမှာတော့ လမ်းကြည့်ဖို့ရပ်နားခဲ့သည့်အိန္ဒုလမ်းစုံကိုကျော်သွားပြီးခဏနေတော့နောင်လုံဂိတ်ကိုရောက်လာတော့သည်။ ထူးထူးဆန်းဆန်းနောင်လုံဂိတ်တွင်အစစ်အဆေးရှိလေသည်။ သို့သော်ကားတွေကိုသာစစ်နေတာမို့ဦးထုပ်ကိုငိုက်ငိုက်ဆောင်းပြီးကျော်ဖြတ်လာခဲ့သည်မို့စိတ်အေးသွားရသည်။ ထိုအေးချမ်းနေသောစိတ်များသည်ကြာကြာမခံ။ နောက်တော့ဆိုင်ကယ်တွေချည်းစစ်နေတဲ့ေမာ်ေတာ်ပီကယ်များကိုတွေ့သဖြင့်အလွန်စိတ်ပူပင်လာတော့သည်။ ချွေးစေပါပြန်လာသောကြောင့်ဆိုင်ကယ်ဦးထုပ်ကိုကြပ်ကြပ်တပ်ထားလိုက်သည်။ ရဲတွေကလက်တားသော်ကြောင့်ဆိုင်ကယ်ကိုရပ်လိုက်သည်။ ထိူလူများကလီလီ့ကိုမကြည့်ပဲအနောက်ကဆိုင်ကယ်နံပါတ်ပြားကိုသွားကြည့်ပြီးတော့တစ်ခြားေခါင်းေဆာင်ဟုထင်ရသည့်ေမာ်ေတာ်ပီကယ်တစ်ယောက်ရဲ့နားကိုလက်ဖြင့်ကာပြီးအနားကိုကပ်ကာတစ်ခုခုပြော၏။ နောက်တော့လီလီ့ဆီပြုံးပြုံးပဲပြန်လာကာ
" လိုင်စင်လေးတစ်ချက်လောက်ပြလို့ရလား "
လီလီ : "လိုင်စင်ရှိပေမယ့်အခုတော့မပါလာဘူး။ ဒဏ်ငွေကဘယ်လောက်လဲ"
" အရင်ဆုံးစာရင်းအချက်အလက်တွေဖြည့်ဖို့ကျွန်တော်တို့နဲ့အတူလိုက်လာပေးပါဗျ။ ပထမတစ်ေခါက်ဒဏ်ငွေကပေးစရာမလိုပါဘူး။ သတိပဲေပးမှာပါ "
လီလီ : "ရဲစခန်းကိုသွားရမှာလား။ အနီးအနားကရဲစခန်းလား။ ဘားအံကရဲစခန်းလား "
" ဟိုနားကကားမှာပါ။ အဲ့ဒီကားမှာကျွန်ေတာ်တို့စာရင်းကိုင်ေတွရှိပါတယ်။ အဲ့ဒီမှာအမည်အသက်နဲ့နေရပ်လိပ်စာကိုပေးရုံပါပဲ "
သူညွှန်ပြသောကားသည် ပရိုဘောက်အမဲရောင်လေးဖြစ်ပြီးBGFတို့စီးလေ့ရှိတဲ့ဟိုင်းလက်မဟုတ်တာမို့ယုံလို့ရသည်ဟုလီလီထင်သောကြောင့်အဲ့ဒီကားနားထိသွားပြီးဆိုင်ကယ်ပေါ်ကဆင်းလိုက်ကာကားတံခါးပေါက်ကိုသွားခေါက်လိုက်သည်။ ကားတံခါးကပွင့်လာပြီးအထဲကလူနှစ်ယောက်ကိုကြည့်ပြီးလီလီသက်ပြင်းချလိုက်သည်။ တကယ်စာရင်းကိုင်များပင်ဖြစ်လိမ့်မည်။ ကားမောင်းသူနေရာကစစ်သားနှစ်ယောက်ကိုတော့လီလီသတိမထားမိ။
" လိုင်စင်မရှိလို့လား "
လီလီ : "ဟုတ်ပါတယ်။ အမှန်တော့လိုင်စင်ကရှိပါတယ်။ အခုမပါလာတာပါ"
" နာမည်?"
လီလီ : "ဖူးပွင့်"
" အရှေ့မှာ နန်း ပါလား "
လီလီ : "ရှင် အမ် ဟုတ်။ ပါပါတယ်။ နန်းဖူးပွင့်ပါ"
"လိုင်စင်မှာဖြည့်ထားတဲ့အတိုင်းမှန်မှန်ကန်ကန်ေဖြပေးပါ။ အသက်?"
လီလီ : "21"
"လိပ်စာ? "
Advertisement
လီလီ : "ကန်စွန်းရွက် မဟုတ်ရင် ပေါက်ပေါက်ဆုပ်? ဒါမှမဟုတ်လဲမုန်လာဥ?? လိပ်တွေကအသားတော့မစားဘူးထင်တယ်"
" ဒီမှာ မင်းရဲ့နေရပ်လိပ်စာကိုမေးနေတာလေ။ ဘာတွေဖြေနေတာလဲ။ ကြောင်တောင်တောင်နဲ့ "
လီလီ : " အာ ဟုတ်သားပဲ။ စိတ်နဲ့လူနဲ့မကပ်ဘူးဖြစ်နေလို့ပါ။ လမ်းခွကကုန်စုံဆိုင်မှာပါ။ "
" ဆိုင်ကယ်ဦးထုပ်ချွတ်ပါ။ "
လီလီ : "မချွတ်လို့မရဘူးလား။ မျက်နှာခွဲထားတာ ဆရာဝန်ကဖုန်မှုန့်တွေနဲ့နေရောင်ခြည်ကိုထိတွေ့လို့မရဘူးလို့ပြောထားတယ်။ "
" အဲ့တာဆိုဘာလို့ "
ထိုစာရင်းကိုင်ကလီလီ့ကိုကြည့်ပြီးပြောနေတုန်း လီလီ့အနောက်ကိုတစ်ချက်ကြည့်ပြီးစိတ်ကိုလျော့လိုက်ဟန်ပုံပေါ်သည်။
" ဒါဆိုမျက်နှာမမြင်ရပဲငါတို့ကယုံပေးရမှာပေါ့? မင်းရဲ့ဖြေထားတာတွေကိုလေ "
လီလီ : "အဆင်ပြေမယ်ဆို။ အိမ်ကိုလိုက်လာခဲ့လိုမရဘူးလား။ မျက်နှာပြပါ့မယ်။ အခုလိုစစ်ေဆးတာမျိုးကိုမှမေတွ့ဖူးေတာ့ယုံကြည်လို့မရလို့ပါ"
"ဘာ...ငါ..ငါတို့ကိုယုံကြည်လို့မရဘူး? ငါနှယ် တကယ်ပဲ၊ လူကောင်သေးသေးလေးနဲ့များ။ ဒီမှာ ရဲသားကြီးတို့အခုပဲသူ့ကိုဖမ်းခေါ်သွားလိုက်ပါ။ သံသယရှိသူစာရင်းမှာထည့်ထားလိုက်"
လီလီ : " အိုကေလေ။ ဒါမျိုးမှကြိုက်တာ "
ရဲစခန်းကိုရောက်လို့အာမခံပေးမယ့်သူကိုခေါ်ခိုင်းလျှင်သူတို့အကူအညီနဲ့မမတို့ကိုအရင်ဆက်သွယ်မည်။ မမတို့လဲနဂိုကတည်းလာဖို့အစီအစဉ်ရှိ၍ဒီကိစ္စကြောင့်သူတို့ပိုစောစောရောက်လာလိမ့်မည်။ ငွေရေးကြေးရေးတတ်နိုင်တဲ့သူမို့လို့အချုပ်ထဲရောက်မှာကိုစိတ်ပူစရာမလို။ မပြောတတ်ပေမယ့်မမတို့အရင်မေရာက်ခင်အချုပ်ထဲရောက်ကောင်းရောက်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ရောက်လာဖို့ကအဓိကမို့လို့လီလီစခန်းကိုရောက်ဖို့သာ တာဆူနေမိသည်။
အကျဉ်းသားတော့မဟုတ်ပေမယ့်သူတို့လီလီ့ကိုအကျဉ်းသားတွေကိုထည့်သည့်ကားဖြင့်ခေါ်လာသည်။ လီလီနည်းတူ လိုင်စင်မပါ၍၊ မောင်းနှင်စဉ်အရက်သောက်ထား၍၊ ဆိုင်ကယ်တစ်စီးကိုလူ4ေယာက်စီးသည်ဟူ၍ အကြောင်းပြချက်များဖြင့်တူတူလိုက်ပါလာသည့်လူများကိုလဲေတွ့ရသည်။ စခန်းကိုသွားနေစဉ်လမ်းတစ်လျှောက်မမတို့ကိုတွေ့တာနဲ့လီလီတို့ဟာချစ်သူတွေဖြစ်ကြောင်းပြောပြီးနောက်ဆက်တွဲဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုပဲလီလီစဉ်းစားနေမိသည်။ အဲ့တာတွေအကုန်မဖြစ်လာမှန်းလီလီမသိခဲ့..............
ကားပေါ်ကခုန်ဆင်းပြီးမတ်တပ်အပျင်းလိမ်နေသောလီလီ့ကိုရဲယူနီဖောင်းနှင့်လူများကကြည့်နေကြသည်။ သူတို့ကိုဂရုမစိုက်ပဲရဲများလိုက်ပြသည့်စခန်းထဲကိုဝင်သွားပြီးခုနကလမ်းမှာစစ်နေတဲ့ခေါင်းဆောင်လိုလိုလူကြီးနှင့်ထိုလူထက်ရာထူးကြီးသည်ဟုထင်ရသည့်လူတစ်ဦး တိုးတိုးတိတ်တိတ်စကားပြာနေကြသည်။ စာရင်းကိုင်လို့ထင်ရသည့်ရဲတစ်ယောက်အရှေ့တွင်စခန်းတွင်လိုက်ပါလာသောကိုယ့်အဖော်နှင့်တစ်တန်းထဲထိုင်ကာသူတို့မေးသောအချက်အလက်များကိုလိမ်ထားသည့်အတိုင်းဖြေလိုက်သည်။ လီလီကဆိုင်ကယ်ဦးထုတ်ကိုမချွတ်ရသေးသဖြင့်လီလီအသံသည်ပုံမှန်ထက်တိုးနေသောကြောင့်စကားတစ်ခွန်းကိုနှစ်ခေါက်သုံးခေါက်လောက်ပြောနေရသည်။ ထိုစာရင်းကိုင်သည်လီလီ့ကိုဦးထုပ်ချွတ်ဖို့ပြောမလို့ဆဲဆဲမှာပဲလှလီတို့အနောက်ကိုကြည့်ပြီးခါးကို100ဒီဂရီလောက်ဦးညွှတ်လိုက်သောကြောင့်ထိုစာရင်းကိုင်ခါးပျော့ပါလားဟုတောင်မှတ်ချက်ချလိုက်သေးသည်။
"ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့အမျိုးသမီး ကျွန်တော်နဲ့တူတူလိုက်ခဲ့ပေးပါ "
လီလီ့နောက်ကထွက်လာသည့်အသံကြောင့်အနောက်ကိုပုခုံးကနေလှမ်းကျော်ပြီးကြည့်လိုက်ကာ အသံပိုင်ရှင်မှာ ခေါင်းဆောင်နှင့်တူတဲ့ထိုရဲတစ်ယောက်ပင်ဖြစ်သည်။ ထူးဆန်းစွာဖြင့်မိမိတစ်ယောက်ထဲကိုသာခေါ်တာမို့လို့ထိုသူကိုပြန်ကြည့်ပြီး
လီလီ : "ရေကြီးခွင်ကျယ်တွေမလုပ်ပါနဲ့။ ကျွန်မတို့မိသားစုကငွေရေးကြေးရေးတတ်နိုင်တာမို့လို့သူတို့ကိုဖုန်းပေးဆက်။ ရောက်လာဖို့ကြာလိမ့်မယ်။ ဒါပေမယ့်ရောက်လာတဲ့ရှင်တို့ကြိုက်တဲ့ပမာဏတောင်း ဟုတ်ပြီလား "
" သိပါတယ်။ ကျေးဇူးပြုပြီးကျွန်တော့်နောက်အသာတကြီးလိုက်လာပေးပါ "
ငွေအကြောင်းပြောလိုက်ပေမယ့်မက်မောပုံမရသည့်သူပုံကြောင့်လီလီစိုးရိမ်လာတာတော့အမှန်ပင်။ တရားဥပဒေနဲ့ပက်သက်တဲ့ပြသာနာမျိုးလီလီဖြစ်ဖူးပါသည်။ 4တန်းအရွယ်တွင်မမကိုရည်းစားစာလိုက်ပေးတဲ့8တန်းအကိုကြီးကိုစက်ဝိုင်းလှည့်သည့်ထောက်ချွန်ဖြင့်သူ့ဗိုက်ကိုအားနှင့်စိုက်ထိုးလိုက်သည်။ ထောက်ချွန်သည်လက်ခလယ်လောက်သာရှည်သော်လည်းလီလီစိုက်ထိုးလိုက်သည်မှာထောက်ချွန်ရဲ့ထိပ်လေးသာမြင်ရတော့သည့်အထဲဖြစ်သည်။ သေချာပါက်ပင်ရုံခန်းရောက်သွားသော်လည်းလီလီမျက်နှာမငယ်ရပါ။ ငယ်သေးပေမယ့်လို့အပြစ်ပေးလို့ရသည့်အနေအထားတွင်ဖေဖေသည်သူတို့ကိုပိုက်ဆံဖြင့်ပစ်ပေါက်ကာ
လီလီအဖေ: "ပိုက်ဆံကဘယ်လောက်လိုချင်လဲပြော။ အေး ဒီထက်ပိုဆိုးတာလုပ်ချင်တယ်ဆိုငါ့အဆိုးမဆိုနဲ့။ လုပ်ရဲရင်လုပ်လိုက်။ သတိပေးထားတယ်။ သင်ခန်းစာကိုတော့မင်းတို့မိသားစုတင်မကဘူး။ ကျောင်းအုပ်ဆရာမကြီးကိုပါပေးမှဖြစ်မယ်ထင်တယ် "
ဖေဖေသည် လီလီ့ကိုအလွန်အမင်းကာကွယ်လွန်းသည်။ ထိုကိစ္စဖြစ်ပြီးနောက်ဆရာမတွေတောင်မှစာမရလို့အပြစ်ပေးရင်တောင်လီလီ့ကိုအေကာပြစ်မပေးပါ။ ထိုအရာကိုကောင်းသည်ဟုထင်ရေသော်လည်းကြာလာတော့လီလီသည်ဘယ်နေရာမှအရာမဝင်တော့ပေ။ လီလီ့ကိုထိရင်သူ့အဖေကိုကြည့် ဆိုသည့်စကားအတိုင်းလာတောင်မထိတော့ပေ။ ဒါ့အပြင်အတန်းကြီးလာသည်နှင့်အမျှကိုယ့်ကိုခနဲ့ချင် ရွဲ့ချင်သောသူများသည် ဒဲ့မပြောသော်လည်းလီလီ့ကိုပြောမှန်းလီလီသိပါသည်။ အဲ့အချိန်ကမမကိုလွမ်းနာကျသည့်အချိန်မို့လို့ဖေဖေကိုတိုင်သည်အထိအရေးတယူမလုပ်ခဲ့။ တစ်နည်းတစ်ဖုံဖြင့်ဖေဖေသိသွားရင်လဲပိုက်ဆံကိုအကြောင်းပြပြီးခြိန်းခြောက်တတ်သည်မို့အဲ့ဒီတစ်ချက်တော့ဖေဖေကိုမုန်းပါသည်။ ဖေဖေလဲအသက်အရွယ်ရလာတာနဲ့အမျှပိုနူးညံငြင်သာလာနေပေမယ့်လီလီ့ကိုကာကွယ်ပေးမြဲဖြစ်သည်။ လီလီ့ကိုဖေဖေအမြဲပြောနေကြစကားရှိသည်။
လီလီအဖေ : "သမီး လူတွေလိုချင်တာကငွေပဲ။ လူတွေကြောက်တာကငွေအများကြီးရှိတဲ့သူ။ သူတို့ချီးတွေထွက်အောင်ပိုကြောက်ရတဲ့သူက ငွေတွေအများကြီးရှိတဲ့သူရဲ့ချစ်ရသူ။ သမီးကအဖေ့ရဲ့ချစ်ရသူထဲမှာပါတယ်။ အဲ့ဒါကြောင့်ဖေဖေ့နာမည်သုံးပြီးသမီးကြိုက်တာလုပ်လို့ရတယ်။ လူသတ်သမားဖြစ်နေရင်တောင်ဖေဖေကကာကွယ်နိုင်တဲ့အစွမ်းရှိတာမို့လို့သဘောကျတာကိုပဲကြိုက်သလိုလုပ် ဟုတ်ပြီလား"
ဖေဖေကအဲ့လိုပြောတဲ့အချိန်တိုင်းမေမေကြားလျှင်ဖေဖေနှင့်ရန်ဖြစ်ရသည်။ သို့သော်ငြားဖေဖေသည်ပြောမြဲပြောသည်။
" ဒီကညီမကျွန်တော်ပြောတဲ့အတိုင်းလိုက်မလုပ်နိုင်ဘူးဆိုရင် လူအင်းအားသုံးပြီးအတင်းအကြပ်လုပ်ရပါလိမ့်မယ် "
စကားသံကြားမှလီလီသတိပြန်ဝင်လာပြီးထိူသူအနောက်ကိုလိုက်သွားမိသည်။ သူသည်အခန်းတစ်ခန်းဟုထင်ရသည့်တံခါးကိုဖွင့်လိုက်သောအခါ အနည်းငယ်ချောင်ကျတဲ့လမ်းကိုတွေ့ရသည်။ လူသုံးယောက်လောက်ပဲဘေးချင်းကပ်လျှောက်နိုင်သည့်လမ်းကိုလျှောက်နေတုန်းလီလီအသက်ရှုကြပ်လာသလိုခံစားမိသည်။ ရုတ်တရပ်လမ်းနှစ်ခွဲဖြစ်နေသည်ကိုတွေ့ပြီးလီလီတွေဝေနေေပမယ့်အရှေ့ကထိုသူကညာဘက်ကလမ်းကိုရွေးချယ်ကာဆက်လျှောက်သည်။ အခန်းတံခါးတစ်ခုရှေ့ရောက်တဲ့အခါအရှေ့ကလူကရပ်သွားပြီးတံခါးဖွင့်ပေးသောကြောင့်လီလီခြေတစ်လှမ်းတစ်လှမ်းကိုအချိန်ယူကာအခန်းထဲသို့ဝင်သွားသည်။
ရာထူးကြီးသူတစ်ဦးဦး၏ရုံခန်းဟုထင်မှတ်ရသည့်ထိုအခန်းသည်အလွန်သပ်ရပ်၏။ ပြောင်ပြောင်ရှင်းရှင်းစားပွဲကိုအလယ်မှာထားရှိပြီးဆိုဖာရှည်ကြီးနှစ်ခုကမျက်နှာချင်းဆိုင်ကဆိုကာအလယ်ကတစ်ယောက်ထိုင်ဆိုဖာသည်သေချာပါက်ပင်အခန်းပိုင်ရှင်၏ထိုင်ခုံဖြစ်လိမ့်မည်။ ထိုအလယ်ဆိုဖာ၏အနောက်တွင်အလုပ်လုပ်သည့်စားပွဲနှင့်ဂိမ်းဆော့မှီသည့်ထိုင်ခုံ(လီလီတွင်ရှိသောထိုင်ခုံနှင့်တူသောလဲအဲ့ဒီထိုင်ခုံသည်အရောင်မပါပေ။ မီးခိုလိုအမဲလိုလိုသာထိုင်ခုံတစ်ခုံလုအရောင်ဆိုးထားသည်)။ ထိုခုံသည်တစ်ယောက်ယောက်ဝင်ထိုင်နေပြီးလီလီ့ကိုကျောပေးထားသည်ကိုလီလီအခုမှသတိထားမိသည်။
လီလီသည်ချောင်းဆိုးဟန်တစ်ချက်ပြုလိုက်မျသာထိုထိုင်ခုံသည်လီလီ့ဘက်သို့လှည့်လာပြီးလီလီ့ကိုစူးစိုက်ကာကြည့်သည်။ နောက်မှသတိရသွားဟန်ဖြင့်အပြုံးပန်းများဆင်ကာထိုင်ခံုမှထလာပြီးလီလီ့ကိုဆိုဖာတစ်ခုတွက်ထိုင်ဖို့ပါးစပ်ကလဲပြော လက်ကလဲညွှန်လေသည်။ သူရဲ့ဖြစ်ပျက်နေပုံကိုကြည့်ပြီးအပြုံးသည်လူကိုလှပစေသော်လည်းတစ်ချို့ကိုမပြုံးစေချင်တော့ပါ။
ဥပဒိရုပ်ပဲမကောင်းလို့လားမသိ။ ပြုံးရင်တောင်မအေးလိုးရုပ်ထွက်တုန်းပင်။ မပြုံးလျှင်အသကါ30ကျော်ရုပ်ပေါက်ပြီး
ပြုံးရင်အသက်50ကျော်ရုပ်ပေါက်သော
ဥပဒိရုပ်မကောင်းသောလူတစ်ယောက်လို့သာမြင်ယောင်လိုက်ပါ။
" အောင်မယ်လေး မေ့နေတာ ထိုင်ပါ ထိုင်ပါ "
လီလီထိုင်ချလိုက်ပြီးဘာမှမပြောပဲသူ့ကိုပြနိကြည့်နေတော့
" ကျွန်တော်ကမန္တလေးကနေပြောင်းလာတဲ့ရဲမှုးအောင်မင်းမြတ်ပါ။ ဒီဘက်ကညီမလေးကတော့သိမယ်လို့မထင်ပေမယ့်လီလီ့ရဲ့အေကြာင်းကိုကိုယ်အများကြီးကြားထားပါတယ်။ လီလီ့ရဲ့အဖေကမြန်မာနိုင်ငံမှာအချမ်းသာဆုံးလူ10ယောက်ထဲမှာပါတာကိုဂုဏ်ယူပါတယ် "
လီလီ : "အဲ့ဒီတော့?"
အောင်မင်းမြတ် : "ဗျာ"
လီလီ : "အဲ့ဒီတော့ဘာလုပ်ရမလဲလို့။ ကျွန်မအဖေချမ်းသာတာခင်ဗျားကဘာလို့ဖင်နာနေတာလဲ "
စစကတည်းကပင်ခပ်ရိုင်းရိုင်းသာပြောလိုက်သည်။ ပျော့မှေနရင်အထင်သေးမှာကို။ လီလီကပုံမှန်ဆိုဒီလိုpersonality မရှိပေမယ့် သူ့ကိုပုံမှန်အတိုင်းသုံးနှုန်းလိုက်ရင်သူကလူကိုပေါ့ပေါ့ထင်သွားလိမ့်မည်။ ထို့ပြင်အခုချိန်ထိဆိုင်ကယ်ဦးထုပ်မချွတ်ရသေးပေမယ့်သူလီလီ့ကိုသိသည်။
အောင်မင်းမြတ် : " အကြောင်းအရာတစ်ချို့ကိုသာလီလီသိသွားရင်ကျွန်တော့်ကိုအဲ့လိုမျိုးပြောမှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောရဲပါတယ်။"
လီလီ : "လိုရင်းပြောပြီးရင်ဖုန်းတစ်ချက်ငှား "
အောင်မင်းမြတ် : "အဲ့ဒီကရင်စစ်တပ်တွေကလီလီ့ကိုလိုက်ရှာနေကြတာကရင်ပြည်နယ်အနှံ့ပဲ။ သူတို့ပိုင်တဲ့နယ်တင်မကဘူး။ တစ်ခြားသူရဲ့နယ်တွေပါ သာမန်လူလို့ဟန်ဆောင်ပြီးမတွေ့တွေ့အောက်ရှာနေကြတယ်။ "
အောက်မင်းမြတ်ကထိုသို့ပြောတော့လီလီ့ထိတ်လန့်သွားသည်မှာအမှန်ပင်
။ဘယ်လောက်ပဲအဆင်ပြေချင်ယောင်ဆောင်ကာမူ ကြောက်နေမှန်းသိသာပါသည်။ကရင်စစ်တပ်က KNU DKPAဆိုပြီးအဖွဲ့အမျိုးမျိုးရှိပေမယ့်လီလီကိုလိုက်ရှာနေကြလျှင်ထိုတစ်တပ်သာရှိပါသည်။
အောင်မင်းမြတ် : " ဘားအံဆိုတာသူတို့နယ်ပဲလေ။ သူတို့နယ်မို့လို့ကျွန်တော့ခဗျာဘာမှတောင်လုပ်လို့မရဘူး။ ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေကကျွန်တော့စကားထက်သူတို့စကားကိုပဲထောက်ခံနေကြတာ။ ကျွန်တော်တောင်အပယ်ခံဖြစ်သွားတယ်။ အခုဆိုရဲစခန်းတို့စစ်တပ်တို့မှာလူတွေသိပ်မရှိဘူး။ သူတို့တွေခိုင်းတဲ့ ကားဂိတ်မှာစစ်တာတို့လမ်းမှာစစ်တာတို့ကိုအားရပါးရလုပ်နေကြတာ။ လေဆိပ်ရှိရင်တောင်လေဆိပ်မှာတောင်လုပ်ကြဦးမှာ။ "
လီလီဘာမှပြန်မပြောမိပေမယ့်အဲ့ဒီလူကတော့သူ့ရာထူးအရေးမပါပုံကိုရယ်ရယ်မောမောနှင့်ပြောနေသည်။
အောင်မင်းမြတ် : " ကရင်တွေကလဲမျိုးချစ်ဆိုတော့သူတို့အထက်လူကြီးခိုင်းတာထက်သူတို့အမျိုးခိုင်းတာကိုပဲလုပ်ပေးချင်တာမဆန်းပါဘူး။ အဲ့ဒါကြောင့်လေ.... "
လီလီ : "ကျွန်မကရှင့်ရဲ့ကျွန်လုပ်ပေးရမှာပေါ့"
အောင်မင်းမြတ်ကကိုယ့်ခုံကိုမထိုင်ပဲလင်ငယ်တုံးပိသံနှင့်စကားတပြောပြောဖြင့်လီလီ့ဘေးနားကိုဝင်ထိုင်သည်။
အောင်မင်းမြတ်: "ကျွန်တဲ့လား။ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အမျိုးသမီးနေရာမှာနေပြီးနတ်သုဒ္ဒါကိုခံစားယုံပဲ။ "
လီလီ : " ရှင်ဒီလိုလုပ်ရင်ဘာများရသွားမှာမို့လို့လဲ။ ကျွန်မအဖေကပိုက်ဆံပဲရှိတာ။ ရှင်ဒီနေရာမှာရာထူးတိုးအောင်ေတာ့မလုပ်ပေးနိုင်ဘူး။ "
ထိုစကားကိုပြောရင်းနှင့်လီလီဦးထုတ်ကိုချွတ်လိုက်သည်။ လီလီရဲ့ပကတိမျက်နှာရှင်းရှင်းကိုတွေ့တော့သိက္ခာတောင်မထိန်းနိုင်ပေ။ သူရဲ့လူတစ်ေယာက်အပြင်ပန်းမျက်နှာကိုဆုံးဖြတ်နေပုံကိုကြည့်ပြီးစိတ်ကုန်သွားတာတော့အမှန်။
အောင်မင်းမြတ်: " အားပါးပါး လှချက်ကတော့ရွှေချရလောက်တယ်။ ဒီရုပ်ရည်နဲ့ကျွန်တော့မိန်းမသာဖြစ်လာရင်တော့ဖြင့်ကျွန်တော်သေပျော်ပြီ။ "
လီလီ : "အင်း သွားသေလိုက်"
အောင်မင်းမြတ်: "ဟားဟား ဒီနတ်သမီးလေးကတော့ဟာသတွေပဲပြောတတ်ပါ့။ ကဲပါ။ ကျွန်တော်တို့ရဲ့အပေးအယူအကြောင်းပဲဆက်ပြောရအောင်"
လီလီ : " ကျွန်မကရှင့်ကိုလက်ထပ်ရင်ကျွန်မအတွက်ရနိုင်မလဲ "
အောင်မင်းမြတ် : "အချစ်တွေပေါ့။ စတာပါဗျာ။ သိပ်မကြာခင်လေးကပဲကျွန်တော်မန္တလေးကိုပြောင်းဖို့စာကျလာတယ်ဗျ။ ပြောင်းတာမပြောင်းတာကကျွန်တော့အပိုင်းပါ။ ဆက်နေချင်လဲရတယ်လေ။ ဒါပေမယ့်ဒီကလူတွေကကိုယ့်အမိန့်ကိုနာခံတဲ့သူတွေမဟုတ်လို့မနေချင်တော့ဘူးဗျ။ အဲ့တာကျွန်တော်နဲ့တူတူလီလီလေးကိုပါခေါ်သွားမလို့"
လီလီ: "ကျွန်မကိုရှင်ဘယ်လိုခေါ်သွားမလဲ။ ဒီလိုအစစ်အဆေးတွေနဲ့လေ။ ရှင်ရာထူးကဘယ်လောက်များကြီးလို့တုန်း။ "
အောင်မင်းမြတ် : "ဒါပေါ့လီလီရယ်။ ကိုယ့်ရဲ့ရာထူးကမင်းကိုချစ်တဲ့အချစ်တွေလောက်မကြီးပါဘူး။ မကြီးလို့ပဲအဆင်ပြေနေတာလေ။ နယ်ပြောင်းမိန့်ကိုဘယ်သူပေးတယ်ထင်လဲ။ BGFကစစ်သားတစ်ယောက်ကပေးတာ။ အဲ့ဒီလောက်တောင်ရာထူးကအရေးမပါတာ။ တစ်ချိန်တည်းမှာပဲကိုယ်ကဒီမှာအရေးမပါကြောင်းကိုပါသိသွားတယ်။ အဲ့ဒါကြောင့်ကိုယ်နဲ့လက်ထပ်ပြီးတော့သာလာခဲ့။ လီလီအတွက်လုံခြုံတဲ့နေရာတစ်ခုဖြစ်ပေးမယ် "
အောင်မင်းမြတ်ရဲ့အေပြာအဆိုတွေကိုေတာ့ရင်မခုန်ပေမယ့်သူပေးတဲ့အကြံသည်အလုပ်ဖြစ်လောက်သည်ဟုလီလီထင်သည်။ ဟိုရောက်မှပြန်ကွာရှင်းရင်ရှင်း။ မရှင်းရင်လဲမမကိုလှမ်းခေါ်။ သူသာယုံကြည်ရမယ်ဆိုလီလီအတွက်အကောင်းတွေချည်းဖြစ်လိမ့်မည်။
Advertisement
- In Serial421 Chapters
Gael's Naughty Angel: A Mafia Prince Romance
What are the odds that Gael would find himself as the Hero of a dark romance novel?After stumbling upon the book that he probably wouldn't have found if not because of his sister, Gael read the entire...
8 1009 - In Serial106 Chapters
The Seven ✔
NOW AVAILABLE AT DREAME When a young 17 year old girl and her friend went to an empty mansion that is reported as 'haunted' she never knew that her life would changed when she accidentally woke up 7 dangerous vampires that has been asleep for centuries. And boy is she in for a long-ass ride of fantasy shit that she never even knew about.****NOTE: DIS IS A BTSXREADER WHICH MEANT 7 BOYS SHARE THE SAME GIRL AND IF Y'ALL DON'T LIKE STORIES LIKE THESE THEN GTFO... tqWARNING: VERY CLICHÉ SHIT IF YOU LIKE CLICHÉ SHIT THEN WELCOME TO MY SHIT... WhatStart: 30/1/2018End: 13/12/2018Edit: The whole story is still unedited which means there's spelling and grammatical errors that I'm too lazy to fix but will eventually lol
8 189 - In Serial10 Chapters
The Universe In Us
♡ Story Completed. ♡ They hold hands. They go to the movies. They manipulate. They hurt. They love. After a devastating moment of heartbreak at Gard Du Nord in Paris, Chuck and Blair are forced to make some choices. Hurt, love, hope. They wouldn't be the same without it in their relationship. Will their everlasting love stand through it all? Or is this something only the universe can make or break?
8 96 - In Serial108 Chapters
Our past, my present,your future.
Qi Xiao came back five years before she died,looking at the girl in front of her she take a sharp breath and stand up to bow"miss Shen i am sorry for the previous blander i made,i just love him too much that i become selfish,but now i realized that he never belongs to me so as a woman who loved him deeply,i hope that you will make him complete and happy that i didnt managed to do"breathing deeply to stop herself from crying she continue"please take good care of him and please be happy"she straighten up after saying that and left with her determination.
8 125 - In Serial82 Chapters
But Too Well
"His gaze holds mine like a spell, like a dangerous, delirious kind of magic. I swallow, my heart racing, my head filling with panic and confusion and anticipation and an inexplicable, unidentifiable hunger. . ."When Rosalyn Clark moves into her new apartment, she unwillingly becomes involved in the criminal antics of her gorgeous yet completely dangerous next door neighbor. Young, dark, and mysterious, he turns Rosalyn's world upside down. Her once normal life quickly becomes a part of his chaos. The worst part? She can't seem to stay away from him, no matter how hard she tries.A not-so-cliché mafia romance by Ami. Mature content and lots of steam.⭐️ Ami's Good-Grammar Guarantee
8 189 - In Serial22 Chapters
A Man For Mommy #Wattys2018
Twenty-five year old Destiny Jameson lives alone with her six year old daughter Elizabeth after the man she thought loved her left after she broke the news to him that she was pregnant. Elizabeth hates seeing her mommy cry all the time and when Christmas comes along and so does new teacher twenty-three year old Jeremy Thomas, she writes in her Christmas wish list that she would like 'A Man For Mommy.'
8 202

