《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆၀] ထောင်ချီသောတိမ်တိုက်တောင်ထွတ်များ|ေထာင္ခ်ီေသာတိမ္တိုက္ေတာင္ထြတ္မ်ား
Advertisement
!uncode!
"မယ်၊ မယ်၊ မယ်တော် မိစ္ဆာအတုထိတာခံလိုက်ရတယ်..."
အမျိုးသမီး၏အသံမှာတုန်ယင်လျက်ရှိပြီး သူမဟာအထိတ်တလန့်နှင့်ကူကယ်ရာမဲ့ဖြစ်စွာပြောလာသည်။
"ဝမ်အာ၊ မယ်တော်ဘာလုပ်ရမလဲ။ မယ်တော်ဘာလုပ်ရမလဲ။"
သူမပြောရင်းဖြင့် သူမလက်ကိုသူမသားထံအလိုလိုဆန့်တန်းလိုက်မိသည်။
တတိယမင်းသားမှာအံ့အားသင့်မှုဖြင့်ထိတ်လန့်သွားပြီးနောက် အိပ်မက်မှနိုးလာသည့်နှယ် ယိမ်းယိုင်ကာဖြင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသည်။
ဝတ်ရုံနီနှင့်အမျိုးသမီးမှာခပ်မြန်မြန်လက်ပြန်ရုတ်ကာပြောလာသည်။
"အင်းပါ၊ မယ်တော် သားတော်ကိုမထိတော့ဘူး၊ မယ်တော့်ကိုအဝေးခေါ်သွားပေးလို့ရမလား။"
သူမစကားနောက်လိုက်၍ အနီရောင်အကွက်မှာလျင်မြန်စွာပျံ့နှံ့လာပြီး တဖြည်းဖြည်းချင်းနှင့်သူမ၏တစ်ကိုယ်လုံးကိုဖုံးသွားလုနီးပါးပင်။ သူမ၏အသံကားတဖြည်းဖြည်းအက်ရှသထက်အက်ရှလာပုံမှာ သူမလည်ချောင်းထဲတွင်သားရဲကောင်ကဲ့သို့ခပ်နိမ့်နိမ့်ဟိန်းသံတစ်ခုရှိနေသည့်အလား။
အမေနှင့်သားနှစ်ယောက်အနက် တစ်ယောက်ကအရှေ့တိုးလာပြီး အခြားတစ်ယောက်မှာနောက်ဆုတ်သွားပြီးနောက် အဆုံးတွင်တတိယမင်းသားကအော်ဟစ်ကာဖြင့်လှည့်ကာပြေးတော့သည်။
ဝတ်ရုံနီနှင့်အမျိုးသမီးကမှင်သေသေဆိုသည်။
"မင်းငါ့ကိုထားသွားချင်နေတာပဲ!"
သူမသည်အရူးတစ်ယောက်ပမာနောက်ကလိုက်ဖမ်းသော်လည်း တတိယမင်းသားမှာသူမထက်တစ်လှမ်းကြို၍ အခန်းထဲမှပြေးထွက်သွားပြီး တံခါးနှစ်ချပ်ကိုလက်နောက်ပြန်ဖြင့်တင်းကြပ်စွာပိတ်ထားလိုက်ပြီးဖြစ်ကာ အပြင်မှလုံးဝချိပ်ပိတ်ထားခဲ့သည်။
တံခါးကိုထုနေသည့်အသံထွက်ပေါ်လျက်ရှိသည်။ အမျိုးသမီးဟာသူမ၏နောက်ဆုံးအခွင့်အရေးကိုလက်လွှတ်မခံဘဲ တံခါးကိုဆက်တိုက်ထုကာကုတ်ခြစ်နေပေသည်။ အသံတစ်ခုချင်းစီတိုင်းကလူတိုင်း၏နှလုံးသားကိုရိုက်ခတ်နေသည့်နှယ်။
တတိယမင်းသားမှာတစ်ချိန်တည်းတွင်ကြောက်လန့်ကာဝမ်းနည်းနေမိပြီး ယိမ်းယိုင်နေသောခြေလှမ်းတို့ဖြင့်ခပ်သုတ်သုတ်လျှောက်ထွက်သွားမိသည်။
သူသည်လမ်းရှိအိပ်မက်ဆိုးတို့ကိုရှောင်ကာ သူ့ကိုလာကြိုဖို့ကြိုတင်စီစဥ်ထားသည့်သူ၏ငယ်သားတို့နှင့်ပေါင်းဆုံကာ နန်းတော်ဂိတ်ဝထံခပ်မြန်မြန်သွားခဲ့၏။
သူနန်းတော်ကထွက်ခွာဖို့ပြင်လိုက်ချိန်တွင် အစောင့်တစ်ယောက်ကသူ့ကိုခပ်သွက်သွက်နှုတ်ဆက်လာသည်။
"တတိယမင်းသား၊ အရှင်မင်းသားကဒီမှာရှိနေတာပဲ!"
အစောင့်ကလက်ထဲတွင်ချင်းကွမ်အိတ်ကိုင်ထားလျက်သားဖြင့် သူ့ကိုတွေ့သွားရာ အမြန်ပြေးလာပြီး ချင်းကွမ်အိတ်ကိုလက်နှစ်ဖက်ဖြင့်ကမ်းပေးလာသည်။
"ဧကရီကအရှင်မင်းသားကိုပေးခိုင်းလိုက်တာပါ၊ကျွန်တော်မျိုးအစိုးရိမ်လွန်ပြီး အရှင်မင်းသားကိုမရှာနိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီးတော့ဒါကိုနန်းတော်ထဲမြန်မြန်ယူသွားပါ!"
တတိယမင်းသားကချင်းကွမ်အိတ်ကိုယူကာဖွင့်ကြည့်လိုက်သည်။ အထဲတွင်အဆောင်စာရွက်နှင့်မှော်ဆေးလုံးများပါရှိပြီး ၎င်းတို့မှာလွတ်မြောက်ဖို့အတွက်လိုအပ်သည့်အရာများဖြစ်သည်။
ပုံရိပ်မှာအေးခဲသွားကာ အချိန်အတန်ကြာမလှုပ်ရှားတော့ပေ။ သူကားရုပ်တုဖြစ်သွားသည့်ပမာ။ တစ်အောင့်ကြာသော် သူရုတ်ခြည်းလှည့်ကာနန်းတော်ထံပြေးသွားမိသည်။
သို့သော် အရမ်းနောက်ကျသွားခဲ့ပြီ။
နန်းတော်ထဲတွင်သုသာန်အလားတိတ်ဆိတ်လျက်ရှိပြီး လှုပ်ရှားမှုစိုးစဥ်းမျှမရှိလေဘဲ များပြားသောအနက်ရောင်စွမ်းအင်ထုကြီးသာလျှင်တံခါး၏အက်ကွဲကြောင်းများမှယိုဖိတ်ထွက်ကျလာကာ တတိယမင်းသားကိုဝန်းရံ၍ သူ့ကိုဝါးမျိုဖို့ရာစောင့်စားနေပြီး နောက်ဆုံးတွင်လက်ကောက်ဝတ်နေရာတွင်စုဝေးသွားကာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားချေသည်။
ရေခဲမှန်တစ်ချပ်လုံးဘန်းခနဲကွဲကြေသွားပေသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားသည်မြေပြင်ပေါ်ရှိရေအိုင်ကိုကြည့်ကာ တစ်အောင့်မျှစကားမပြောမိပေ။
ရှုလင်ကျားပြောလိုက်သည်။
"ကြည့်ရတာတော့ ဒါကပုတီးစေ့ထဲမှာပုန်းကွယ်နေတဲ့အစွဲဖြစ်နေပုံရတယ်။ ဒီလူရဲ့နှလုံးသားထဲမှာမေ့မရဆုံးနောင်တက သေခြင်းနဲ့ရှင်ခြင်းကြားမှာ သူ့အမေကိုထားခဲ့မိလို့ပဲဖြစ်မယ်။"
ကျင်းဖေးထုန်ကဆိုသည်။
"အဲ့ဒါထက်ပိုလောက်တယ်၊ ကိုယ်သိသလောက်ကတော့ ဒီလိုမိစ္ဆာနဲ့ရင်ဆိုင်ရရင်မသေလောက်ဘူး။ ကိုယ့်အထင် အဲ့ဒီ့အမျိုးသမီးကိုယ်တိုင်ကမိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်ဖြစ်လိမ့်မယ်၊ သူမမှာဒီလိုအရာမျိုးကိုခုခံနိုင်တဲ့အစွမ်းအစရှိမှာပဲ။ သူမရဲ့သားကသူမကိုမခေါ်ထုတ်သွားရင်တောင် သူမကနန်းတော်ကိုချိပ်ပိတ်ဖို့အရမ်းကြောက်နေတာကြောင့် သူမပြေးထွက်သွားရင်တောင်မှ သူမကိုယ်သူမကယ်တင်နိုင်မှာမဟုတ်လောက်ဘူး။"
ထိုသို့ဆိုလျှင် ကိစ္စမှာပို၍ပင်ဆိုးဝါးသွားလိမ့်မည်ပင်။
သို့သော် မည်သူကမှားသည်၊ မည်သူကမှန်သည်အား ရှင်းလင်းစွာအကဲဖြတ်ဖို့ရာခဲယဥ်းလှပေ၏။
တတိယမင်းသားကအသိတရားမရှိဘူးဟုပြောချင်သည်လား။ သို့သော် သူကားလောကကြီးထဲတွင်အတွေ့အကြုံလုံးဝမရှိသည့်လူငယ်လေးတစ်ယောက်သာ။ သူဟာအရင်ကတည်းကလွတ်မြောက်နိုင်သော်လည်း သူ့အသက်ကိုစွန့်စားကာနန်းတော်ထဲပြန်သွား၍ သူ့မိခင်ကိုရိုးသားစစ်မှန်စွာခေါ်ထုတ်သွားချင်ခဲ့သည်။
ထို့အပြင် ကိုယ်လုပ်တော်ကားသူမ၏သားအတွက်လွတ်မြောက်ဖို့ရာပစ္စည်းအချို့ပြင်ဆင်ထားခဲ့သော်လည်း သူတို့နှစ်ဦးကြားရှိစကားများမှာ မတိုင်ခင်ကထိုအမေနှင့်သားဆက်ဆံရေးဟာသိပ်မနီးစပ်ကြောင်းသက်သေပြနေပေရာ သူတို့၏အပြန်အလှန်နားလည်မှုမှာအကန့်အသတ်ရှိသည်။
သို့သော် တတိယမင်းသားကပြန်မလာဘဲ ဝတ်ရုံနီနှင့်အမျိုးသမီးကိုသေရေးရှင်ရေးအခိုက်အတန့်မှာမထားသွားခဲ့လို့ရှိရင် သူမဘာသာလွတ်မြောက်လာကာသူမအသက်ကိုကယ်တင်နိုင်လောက်သည်။
သူကားရှင်းရှင်းလင်းလင်းကိုလူကယ်ချင်သော်လည်း လူသတ်လိုက်မိသည်ပင်။
ရှုလင်ကျားခေါင်းခါမိသည်။
သူပြောလိုက်သည်။
"ဝတ်ရုံနီနဲ့အမျိုးသမီးရဲ့နာကျည်းချက်အငြိုးနဲ့ တတိယမင်းသားရဲ့သူ့အမေကိုသတ်မိတဲ့နောင်တက ပုတီးစေ့ထဲမှာကျန်ရှိနေတဲ့အရာတွေကိုဆိုတာ အခုသိသာနေပြီပဲ။"
သူကပုတီးစေ့လက်ကောက်ကိုသစ်ကိုင်းဖြင့်ကောက်မကာကြည့်လိုက်သည်။
"ကျွန်တော့်အထင် အဲ့ဒါကပုတီးစေ့လက်ကောက်ရဲ့အရင်ပိုင်ရှင်ဖြစ်တဲ့တတိယမင်းသားဖြစ်ဖို့များတယ်၊ ကျွန်တော်ပုတီးစေ့ထဲကစိတ်ဝိညာဥ်ကိုယ်ထည်ကိုမသိပေမဲ့ ခင်ဗျားပြောတဲ့မိစ္ဆာအိပ်မက်ဆိုးနဲ့နည်းနည်းဆင်သလိုပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"မင်းပြောတာမှန်တယ်၊ ကိုယ်လည်းအဲ့လိုပဲတွေးမိတယ်။"
မတိုင်ခင်ကကျန်းရွေ့၏ဖော်ပြချက်ကိုဖြတ်၍ ပုတီးစေ့လက်ကောက်ထဲရှိစိတ်ဝိညာဥ်ကိုယ်ထည်ဟာကျန်းရွေ့၏မနာလိုဝန်တိုစိတ်နှင့်အမုန်းတရားကိုပေါက်ဖွားကာကြီးထွားစေပြီး သူ့ခန္ဓာကိုလုယူဖို့ရာကြံစည်နေခဲ့ကြောင်း သူတို့နှစ်ဦးစလုံးတွေ့ရှိသွားကြသည်။ ဉာဏ်အမျှော်အမြင်ရှိမှုအပြီးရှိ ပိုမြင့်သောအိပ်မက်ဆိုး၏ထူးခြားသောလက္ခဏာများဖြစ်သည်။
သူတို့တိုက်ခိုက်ကြချိန်တွင် သူတို့ထဲကတစ်ယောက်မှာဒဏ်ရာရသွားပြီး တတိမင်းသား၏လက်ကောက်ထဲတွင်ဝင်ပူးနေခဲ့ခြင်းဖြစ်ဖို့များသည်။
နန်းတော်ထဲတွင်ဆုံးပါးသွားခဲ့သည့်ဝတ်ရုံနီနှင့်အမျိုးသမီးကတော့ဖြင့် မှန်တစ္ဆေတစ်ကောင်ဖြစ်လာကာ သူမ၏အငြိုးအတေးကသူမသားနောက်လိုက်နေခဲ့သည်။ သူမသည်များသောအားဖြင့်အိပ်မက်ဆိုး၏ဖိနှိပ်ခြင်းခံထားရကာ ပေါ်မလာခြင်းမရှိပေ။ ပုတီးစေ့ထဲကစိတ်ဝိညာဥ်ကိုယ်ထည်ပျောက်ဆုံးသွားသော် သူမကပြဿနာရှာဖို့ကြိုးစားစပြုလာသည်။
ကျင်းဖေးထုန်ကပြောလာသည်။
"ဒီပုတီးစေ့ရဲ့သတ္ထုအမျိုးအစားကိုကိုယ်မမြင်နိုင်ပေမဲ့လည်း ဒီပစ္စည်းကစိတ်ဝိညာဥ်ကိုယ်ထည်နဲ့အငြိုးအတေးကိုအချိန်အကြာကြီးပျောက်ကွယ်မသွားအောင်အတူထိန်းထားနိုင်တယ်ဆိုတော့ စိတ်ဝိညာဥ်စွမ်းအားရှိတဲ့ရတနာတစ်ခုဖြစ်လောက်တယ်၊ ကြည့်ရတာ တတိယမင်းသားရဲ့အဆောင်ဖြစ်ပုံပဲ။"
"မှန်တစ္ဆေရဲ့အငြိုးကသူ့ကိုလိုက်ဖမ်းပေမဲ့ ပုတီးစေ့တားဆီးတာခံခဲ့ရတယ်။ နောင်တရှိတဲ့လူတွေသာလျှင် သူတို့ရဲ့အတွင်းစိတ်ခုခံမှုကိုအလွယ်လေးဖောက်ဝင်ခွင့်ပြုလိုက်ပြီးတော့ မိစ္ဆာတွေကိုအခွင့်အရေးပေးလိုက်သလိုဖြစ်သွားတာ၊ အငြိုးနောက်ကနေ အိပ်မက်ဆိုးကဝင်လာတာဖြစ်မယ်။"
ရှုလင်ကျားခေါင်းငြိမ့်ကာ ရုတ်တရက်ပြောမိသည်။
"အဲ့ဒါကလည်း ခင်ဗျားကိုအတိတ်အကြောင်းအသိပေးနေတာ။ ခင်ဗျားမှာမိစ္ဆာအတွင်းစိတ်ရှိပြီး ကျွန်တော့်မှာမရှိဘူးဆိုတော့ ခင်ဗျားမှာလည်းနောင်တတစ်ခုခုရှိနေတယ်လို့ဆိုလိုတာပဲ။"
ကျင်းဖေးထုန်၏မျက်နှာထားမှာမသိမသာအေးခဲသွားချေသည်။
ရှုလင်ကျား၏သာမန်ကာလျှံကာမှတ်ချက်ကား အဓိကအချက်ကိုတကယ်ထိမိသွားသည်။
သူ၏မှတ်ဉာဏ်ထဲရှိအမျိုးမျိုးသောအမူအရာများနှင့် အချိန်နှင့်အမျှအမြဲပေါ်လာလေ့ရှိသည့်ဝမ်းနည်းမှုနှင့်နှလုံးသားနာကျင်မှုပေါ်အခြေခံ၍ ဂိုဏ်းမှထွက်သွားပြီးနောက်တွင် ရှုလင်ကျားမှာမတော်တဆမှုတစ်ခုရှိခဲ့သည်ဟု ကျင်းဖေးထုန်သံသယဖြစ်မိသည်။
၎င်းဟာလည်း ရှုလင်ကျားကိုဟယ်ဇီကျိုးခေါ်သွားတုန်းက မြေခွေးအသွင်နှင့်ရှိနေခဲ့ရသည့်အကြောင်းရင်းကိုရှင်းပြနိုင်လောက်သည်။
ကျင်းဖေးထုန်အမြဲကံဆိုးသည်ဟုခံစားရသဖြင့် ဒီခန့်မှန်းချက်ကိုထုတ်မပြောချင်ဘဲ တဝိုးတဝါးပြောမိသည်။
"ကိုယ်မသိဘူး၊ မပြောတတ်ဘူး၊ ခဏထားလိုက်တာပေါ့။"
ရှုလင်ကျားမျက်မှောင်ကြုတ်ကာပြောမိသည်။
"ခင်ဗျားရဲ့မိစ္ဆာအတွင်းစိတ်ကိုဘယ်လိုလုပ်မှာလဲ။ အထဲဝင်လာပြီးတော့ဘာမှလည်းမဖြေရှင်းနိုင်ဘူး။"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ဘယ်သူကမှဘာမှမဖြေရှင်းနိုင်ဘူး? ကိုယ်ရဲ့မိစ္ဆာအတွင်းစိတ်ကမင်းမှန်းကိုယ်သိတယ်လေ။ သူ့ကိုခဏလောက်ပေးနေလိုက်တာကိစ္စမရှိပါဘူး။"
ရှုလင်ကျားအကြည့်လွှဲကာပြောမိသည်။
"အဲ့ဒါကကျွန်တော်လို့ကျွန်တော်ဝန်မခံခဲ့ပါဘူးနော်။"
ကျင်းဖေးထုန်ကပြုံးလျက်ပြောလာသည်။
"မင်းစိတ်မရှည်ရင်တောင်အသုံးမဝင်ပါဘူး၊ ရပါတယ်၊ အချိန်ယူရမှာပေါ့ကွာ။"
"ကိုယ်တို့အခုလက်ရှိဦးစားပေးရမှာက ပုတီးစေ့လက်ကောက်ထဲကလွတ်မြောက်သွားတဲ့အိပ်မက်ဆိုးမိစ္ဆာဘယ်သွားလဲဆိုတာကိုယ်တို့ရှာဖို့ပဲ။ မဟုတ်ရင် အန္တရာယ်တစ်ခုခုဖြစ်သွားနိုင်တယ်။"
ဒီကိစ္စကိုပြောလိုက်ရာ ရှုလင်ကျား၏မျက်နှာထားမှာလေးနက်လာပြီးသူပြောလိုက်သည်။
"သူကတကယ်လို့အိပ်မက်ဆိုးသာဆိုရင်....တကယ်ပဲ။"
လက်ကျန်အဓိကဇာတ်ဆောင်ရောင်ဝါ၅၀ရာခိုင်နှုန်းမှာ တစ်ဖက်လူထံကျရောက်သွားဖို့များသည်ကိုပြောစရာမလိုပေ၊ ဇုန်ဝူရှင်းချိပ်ပိတ်ခံလိုက်ရတည်းက အိပ်မက်ဆိုးကဲ့သို့အရာမပေါ်လာသည်မှာကြာညောင်းလှပြီပင်။
အကယ်၍ ပိုက်ကွန်မှချောထွက်သွားကာအသတ်မခံခဲ့ရသည့်ထိုကဲ့သို့သောငါးတစ်ကောင်သာတကယ်ရှိခဲ့လျှင် သူဟာပိုမိုအင်အားကြီးလာနိုင်သကဲ့သို့ တစ်ဖန်ပုလိပ်ရောဂါပမာပျံ့နှံ့လာနိုင်ပြီး သိပ်မကြာခင်နောက်ပိုင်းတွင် ဒုတိယ၊ တတိယမတော်တဆမှုများဖြစ်လာကာ ကပ်ဘေးတစ်ခုထပ်ဖြစ်လာလိမ့်မည်။
ဒါပေမဲ့ အခုမေးချင်တာက ၊ ဘယ်မှာသွားရှာရမလဲ။
မှန်တစ္ဆေကအတွင်းလူဖြစ်လောက်သည်။
ရှုလင်ကျားပြောလိုက်သည်။
"အခုမှန်တစ္ဆေရဲ့အငြိုးကအရမ်းသန်မာလွန်းတာမို့ ပြန်လည်ဝင်စားဖို့နည်းလမ်းမရှိဘူး။ သူမရဲ့အငြိုးကိုဖယ်ရှားပစ်လိုက်ရင် တတိယမင်းသားရဲ့အစွဲကသူမကိုယ်ကိုရှာဖွေနိုင်လိမ့်မယ်၊ အဲ့အခါကျရင် ခင်ဗျားသဲလွန်စတချို့မေးလို့ရမှာပေါ့။"
ကျင်းဖေးထုန်၏မျက်လုံးတောက်သွားကာပြောမိသည်။
"မင်းပြောချင်တာက ခုနကစိတ်အစွဲထဲမှာဝင်ရှာစေချင်တာလား။"
ရှုလင်ကျားဖြည်းညှင်းစွာခေါင်းငြိမ့်လိုက်သည်။
"အန္တရာယ်နည်းနည်းရှိလောက်ပေမဲ့ ဒါက အခုလက်ရှိအခြေအနေမှာ ကျွန်တော်စဥ်းစားလို့ရတဲ့တစ်ခုတည်းသောနည်းလမ်းပဲ။"
ပုံရိပ်ယောင်စိတ်အစွဲထဲဝင်ရောက်ရန်အလို့ငှာ လူတစ်ယောက်ကစိတ်ဝိညာဥ်ကိုယ်ထည်ကိုသုံးရမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကအပြင်မှာကျန်ခဲ့မည်ဖြစ်သော်လည်း စိတ်ဝိညာဥ်ကိုယ်ထည်ကဒဏ်ရာရသွားကာ ပုံရိပ်ယောင်ထဲတွင်သေဆုံးသွားခဲ့လို့ရှိရင် သူဟာလုံးဝနိုးထလာတော့မည်မဟုတ်ဘဲ ဧကန်သေဆုံးသွားလိမ့်မည်ပင်။
ထို့အပြင် သူတို့မှန်ထဲတွင်မြင်ခဲ့ရသည့်အရာမှာ ဖြစ်ရပ်၏တစိတ်တပိုင်းသာဖြစ်သည်။ သူတို့ထိုကမ္ဘာထဲဝင်လိုက်သည်နှင့် အမည်မသိနေရာထဲတွင်ကြိုတင်ခန့်မှန်းလို့မရနိုင်သော အခြားအဖြစ်အပျက်များစွာဖြစ်သွားနိုင်သည်။
သို့သော် ရှုလင်ကျားမှန်သည်၊ ယင်းကားစင်စစ်ပင်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်သွားမယ်၊ မင်းကအပြင်မှာကိုယ့်ခန္ဓာကိုယ်ကိုကူစောင့်ပေး။"
ရှုလင်ကျားပြောမိသည်။
"ခင်ဗျားဘာသွားလုပ်မလို့လဲ၊ ဒါကစိတ်အစွဲကြောင့်ဖြစ်တည်လာတဲ့ပုံရိပ်ယောင်နော်၊ ခင်ဗျားရင်ထဲမှာမိစ္ဆာအတွင်းစိတ်ရှိနေတဲ့ဟာကို အထဲဝင်သွားပြီးတော့အဆိပ်ကိုအဆိပ်နဲ့တိုက်မလို့လား။ ကျွန်တော်သွားမယ်။"
ကျင်းဖေးထုန်သည်ပုံမှန်အားဖြင့်ရှုလင်ကျားစကားနားထောင်သည်ဟုပြောလို့ရသော်လည်း ဤကဲ့သို့သေရေးရှင်ရေးကိစ္စနှင့်ရင်ဆိုင်ရချိန်တွင် အရှုံးမပေးချင်ဘဲမျက်မှောင်ကြုတ်မိသည်။
"ရှောင်ကျား။"
နှစ်ဦးသားမှာတစ်အောင့်ကြာတန့်သွားကြသည်။ နောက်ဆုံးတွင်
ရှုလင်ကျားခြေတစ်လှမ်းနောက်ဆုတ်ကာပြောလိုက်သည်။
"အင်းပါ၊ အချိန်မဖြုန်းနဲ့တော့။ ကျွန်တော်တို့အတူသွားကြမလား။ ကျွန်တော်တို့လည်း အချင်းချင်းဂရုစိုက်လို့ရတယ်လေ။"
ကျင်းဖေးထုန်၏နှလုံးသားမသိမသာလှုပ်ခတ်သွားကာ ထိုအိပ်မက်များထဲတွင်ရှုလင်ကျားကထပ်ခါတလဲလဲထွက်သွားပေမဲ့ သူကဘယ်သောအခါမှအတူမပါသွားခဲ့သည်ကိုသတိရသွားသည်။ "အတူတူ"ဆိုသည့်စကားလုံးကားအလွန်ရိုးရှင်းသည့်တိုင် အောင်မြင်ဖို့ရာအင်မတန်ခဲယဥ်းလှသည်။
ကိုယ်တို့သာအရင်ကတည်းကအတူရှိခဲ့ကြရင်....
သူပြောမိသည်။
"အင်း။ ဒါဆိုရင်လုံခြုံတဲ့နေရာတစ်ခုရှာကြရအောင်။"
ကံကောင်းထောက်မစွာဖြင့် ဤလျို့ဝှက်ဂူကားယခုတွင်နန်ဇီဂိုဏ်းသားများစောင့်ကြပ်နေကြသည်။ ဤသည်ကားဘယ်သူမဆိုဖောက်ဝင်လို့ရသည့်နေရာမဟုတ်တော့ပေ။ ဤနေရာမှာအန္တရာယ်ကင်းသည်ဟုပြော၍ရသည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်သည်အနောက်လှည့်ကာ ခုနကသူတို့ရှိနေခဲ့ကြသည့်ဂူထံပြန်သွား၏။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်မှာအရှေ့တွင်ပုတီးစေ့လက်ကောက်ချထားကာ ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ တစ်အောင့်ကြာသော်ကျင်းဖေးထုန်ကပြောလာသည်။
"မင်းဘာလို့မြေခွေးအသွင်မပြောင်းတာလဲ။"
ရှုလင်ကျားကသူ့ကိုခုခံလိုစွာကြည့်လိုက်သည်။ "ဘာလို့လဲ"
ကျင်းဖေးထုန်ကဆိုသည်။
"မင်းမြေခွေးအဖြစ်ပြောင်းပြီး ကိုယ့်ဝတ်ရုံလက်ထဲမှာပုန်းနေလို့ရှိရင် ပိုအန္တရာယ်ကင်းပြီးတော့လုံခြုံမှုရှိတယ်လေ။ မကောင်းတဲ့ဘက်ကတွေးကြည့်ရင် မင်းတိုက်ခိုက်ခံရရင်တောင် မင်းတစ်ယောက်တည်းပုန်းနေလို့ရှိရင် မင်းအဖမ်းခံလိုက်ရနိုင်တယ်။"
သူကပြုံးကာဖြင့်ရှုလင်ကျားကိုကြည့်လာသည်။
"ကိုယ်အရင်ကမမြင်ဖူးတာလည်းမဟုတ်ဘူးလေ၊ ဒီတော့မင်းအတွက်ကိစ္စမရှိဘူးမလား။"
ရှုလင်ကျားမျက်လုံးလှိမ့်ကာပြောမိသည်။
"မဖြစ်နိုင်ဘူး၊ ဒါဆိုခင်ဗျားကျွန်တော့်ကိုခွန်အားကြီးတယ်ဆိုတဲ့စကားကလွဲရင် ကျွန်တော့်ကိုမြှောက်ပင်ဖို့အခြားစကားလုံးတွေကိုလေ့လာပြီးပြီလား။"
အရင်တစ်ခေါက်ကျင်းဖေးထုန်ကသူ၏မြေခွေးကိုယ်အတွက်သူ့ကိုချီးကျူးမြှောက်ပင့်ခဲ့သော်လည်း ရှုလင်ကျားကသဘောမကျဖြစ်ကာ ပြန်သွားပြီးစကားလုံးအနည်းငယ်ပိုလေ့လာရန်ပြောခဲ့သည်။ ယခုအချိန်တွင် ထိုစကားများပြောလာသည်ကိုကြားလိုက်ရသော် ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာရယ်မောမိချေသည်။
သူကားတကယ့်ကိုလေ့လာထားပုံပေါ်ကာ ရှုလင်ကျား၏မေးခွန်းကိုကြားလိုက်ချိန်တွင် အသက်မရှူဘဲပြောလာသည်။
"ညီအစ်ကိုမြေခွေးကသန်မာထွားကြိုင်းပြီးတော့ဒယ်စောက်ကိုမနိုင်ပြီး တောင်တန်းနဲ့မြစ်တွေကို ဒေါသ၊ ခက်ထန်မှုနဲ့မောက်မာမှုတွေနဲ့ဝါးမျိုစွမ်းရှိတယ်၊ ကျွန်တော်မျိုးကအကြာကြီးလေးစားအားကျနေခဲ့ရတာမို့ ညီအစ်ကိုရဲ့အသွင်အစစ်ကိုမြင်ချင်ပါတယ်ဗျာ၊ အဆင်ပြေပါရဲ့လားခင်ဗျ။"
ကျင်းဖေးထုန်၏ဖော်ပြချက်အတိုင်း ရှုလင်ကျား၏မျက်စိရှေ့တွင်ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။
----တောင်တန်းပမာကြွက်သားတို့ဖြင့်ဝဖြိုးဖြိုးမြေခွေးတစ်ကောင်က မြစ်ထဲရှိရေကိုသောက်နေသည်။ တစ်ချက်တည်းဖြင့် မြစ်ရေမှာကုန်ခမ်းသွားပြီးနောက် မြေခွေးကကောင်းကင်ပေါ်ဟိန်းဟောက်လိုက်ရာ ဆူညံသံအနည်းငယ်အပြီးတွင် တောင်ထွတ်တစ်ခုလုံးပြိုကျသွားပြန်သည်။
ရှုလင်ကျား: "...."
သူကားအမြဲတစေခွန်အားကြီးကာသန်မာသည်ဟုသတ်မှတ်ထားသော်လည်း ဒီလိုမျိုးကြီးကတော့.....ထားလိုက်ပါတော့လေ။
ကျင်းဖေးထုန်၏ဇွဲကောင်းကောင်းဖြင့်"ချီးကျူးမြှောက်ပင့်"ဖို့ရာကြိုးစားအားထုတ်နေမှုကြီးကိုရှောင်ရှားရန်အလို့ငှာ ရှုလင်ကျားကသူ့ကိုယ်သူလူသားတစ်ဦး၏လက်ဖဝါးအရွယ်သာရှိသည့်မြေခွေးဖြူလေးအသွင်ပြောင်းလဲလိုက်ရသည်။
နောက်ခြေနှစ်ဖက်ကိုအားပြု၍ သူဟာကျင်းဖေးထုန်ကိုယ်ပေါ်ခုန်တက်လိုက်ပြီးနောက် ဝတ်ရုံလက်ကိုဆွဲဖွင့်ကာအထဲဝင်သွားလိုက်သည်။
ကျင်းဖေးထုန်ကသူ့ဝတ်ရုံလက်ထဲရှိမြေခွေးလေး၏ခေါင်းကိုထိလိုက်ရာ သူ့လက်ချောင်းအကိုက်ခံရလုနီးပါးဖြစ်သွားကာ မနေနိုင်ဘဲရယ်မောမိပြီး သူ့လက်ကိုပြန်ရုတ်လိုက်သည်။
သူသည်ရေကိုရေခဲအဖြစ်ပြောင်းကာ ဒီတစ်ခေါက်တွင်ရေခဲမှန်တစ်ခုလုံးကိုပိုကြီးအောင်တမင်ပြုလုပ်၍ ပုတီးစေ့နှင့်ဆက်နွယ်နေသည့်နာကျည်းချက်အငြိုးအတေးကိုနှိုးဆွကာ နီစွေးနေသည့်နန်းတော်အားမှန်ထက်တွင်ပြန်ပေါ်ဘာစေသည်။
ကျင်းဖေးထုန်စိတ်ကိုစုစည်းကာ အသက်ရှုနှုန်းကိုဖြည်းညှင်းစွာညှိ၍ သူ့လက်ဝါးကိုအေးစက်စက်မှန်မျက်နှာပြင်ပေါ်ဖိကပ်လိုက်သည်။
သူ၏ဝတ်ရုံလက်မှတစ်ဆင့်၊ သေးငယ်သောအမွှေးနုနုဖြင့်လက်ဖဝါးငယ်မှာခပ်မြန်မြန်ဆန့်ထွက်လာပြီး ကျင်းဖေးထုန်၏လက်ဝါးအောက်တွင်မှန်ကိုဖိကပ်လိုက်သည်။
ချက်ချင်းပင်၊ သူ့ရှေ့ရှိမြင်ကွင်းမှာမြူခိုးပမာအပြင်ကိုဖြည်းဖြည်းချင်းစိမ့်ထွက်ကာပျံ့နှံ့လာပြီး သူတို့နှစ်ဦးကိုဖုံးကွယ်သွားသည်။
အနည်းငယ်မူးဝေမှုအပြီးတွင် သူ့ရှေ့ရှိမြင်ကွင်းမှာပြောင်းလဲနေခဲ့သည်။
သူဟာနူးညံ့သောအိပ်ရာထက်တွင်လဲလျောင်းနေသည်ကို ရှုလင်ကျားသိလိုက်ရပြီး စောင်ကားအိစက်ကာနွေးထွေးပြီး သူ့ကိုတိမ်တိုက်ပမာဖုံးအုပ်ထားကာ အလွန်ဖျော့တော့သောဆေးနံ့ဖြင့်ဝန်းရံထားပြီး ဆီမီးခွက်ထဲတွင်လောင်ကျွမ်းနေသည့်အမွှေးနံ့သာရနံ့မှာအလွန်ပြင်းပေသည်။
သူထထိုင်၍ ပတ်ပတ်လည်ဝေ့ကြည့်လိုက်ရာ သူကားတိတ်ဆိတ်သောနန်းတော်ထဲတွင်လှဲနေပုံပေါ်သည်ကိုသာသိလိုက်ရသည်။
အပြင်လူတစ်ယောက်အနေဖြင့် သူဟာဤထူးခြားဆန်းကြယ်သောကမ္ဘာထဲဝင်ရောက်လာချိန်တွင် သူ၏နဂိုပုံပန်းသွင်ပြင်ကိုထိန်းသိမ်းကာ အတိတ်ဖြစ်ရပ်ထဲတွင်ဆွဲသွင်းမခံရလောက်ဟု ရှုလင်ကျားအစကထင်ခဲ့မိသည်။
ရလဒ်အနေဖြင့် သူကားတစ်စုံတစ်ယောက်နှင့်ဆက်နွယ်နေသေးပုံရကာ ယခုတွင်သူဟာလည်းမြေခွေးအသွင်ဟုတ်မနေတော့ပေ။
သို့သော် ကျင်းဖေးထုန်ဘယ်ရောက်သွားမှန်းမသိရပေ။
အဆောင်ခန်းတစ်ခုလုံးမှာသေသပ်မှုရှိပြီး အခန်းထဲတွင်အဆင်တန်ဆာသိပ်အများကြီးမရှိသကဲ့သို့ ခစားသည့်နန်းတော်အစေခံများပင်ရှိမနေပေ။
သို့သော်လည်း ပိုင်ရှင်မှာလျစ်လျူရှုခံထားရသည်ထက်စာလျှင် ခမ်းနားသောပုံစံကိုမကြိုက်ခြင်းဖြစ်ကြောင်းမြင်နိုင်သည်။ သူအသုံးပြုသည့်အရာရာတိုင်းမှာစျေးကြီးကာရှားပါးသည်။
ရှုလင်ကျားစောင်ကိုပင့်မ၍ အိပ်ရာပေါ်မှထွက်လိုက်ရာ ဒီခန္ဓာကိုယ်ကအလွန်အားနည်းသည်ကိုသိလိုက်ရသည်၊ သူနည်းနည်းလှုပ်လိုက်သည်နှင့် အနည်းငယ်ပင့်သက်ရှိုက်ရသည်။ သူချောင်းနှစ်ချက်ဆိုးလိုက်ရာ အပြင်မှာစောင့်နေသည့်အစေခံအမျိုးသမီးကချက်ချင်းအထဲဝင်လာသည်။
"အရှင်မင်းသား၊ အဆင်ပြေပါရဲ့လား။"
နန်းတွင်းအစေခံကစိုးရိမ်တကြီးပြောလာသည်။
"ကျွန်တော်မျိုးမ အရှင်မင်းသားသောက်ပြီးလည်ချောင်းစိုစိုသွားအောင် သွေးစပျစ်နွယ်နဲ့မေပယ်နှင်းရည်ယူလာပေးပါ့မယ်။"
သွေးစပျစ်နွယ်နှင့်မေပယ်နှင်းရည်ကားတစ်မျိုးတစ်ဖုံရင်းနှီးနေသယောင်။ မတိုင်ခင်ကပြောပြခဲ့ဖူးသည့်လူကိုရှုလင်ကျားမေ့သွားသည်၊ နာမည်ကားဆေးပြင်းတစ်ဖုံဖြစ်ပုံမပေါ်။
သူမသောက်ချင်ပေ။
"မလိုပါဘူး၊ ငါအဆင်ပြေတယ်၊ မင်းအရင်ဆင်းသွားနှင့်။"
နန်းတော်အစေခံကထွက်မသွားဘဲပြောလာသည်။
"အရှင်မင်းသားဒီကနေ့တွေ့ဆုံပွဲအတွက် ကျုုံးကျိခန်းမကိုသွားမယ်လို့ ပြောခဲ့ဖူးပါတယ်၊ အခုအချိန်ရောက်နေပြီဆိုတော့ အကြီးဆုံးမင်းသားသွားချင်ပါသလား။"
နန်းတော်အစေခံအမျိုးသမီးကသူ့ကို"အကြီးဆုံးမင်းသား"ဟုဆက်တိုက်ခေါ်နေလေရာ မတိုင်ခင်က"တတိယမင်းသား"ကိုစဥ်းစားမိသွားသည်၊ သူဝင်ထားတဲ့လူကပုတီးစေ့လက်ကောက်ပိုင်ရှင်ရဲ့အကြီးဆုံးအစ်ကိုတော်များဖြစ်နေမလား။
ဒီတွေ့ဆုံပွဲမှာမင်းသားအားလုံးတက်ရောက်ဖို့ဖြစ်နိုင်သည်မို့ တတိယမင်းသားကိုတွေ့ရလောက်သည်။
လက်ရှိအခြေအနေကိုအကဲဖြတ်မိရာ အိပ်မက်ဆိုးကမတိုက်ခိုက်လာသေးပေ။ ထိုလူကိုကြိုတွေ့ထားသ၍ သူ့မိခင်ကိုကယ်တင်ရာတွင်ကူညီကာ နှစ်ဦးစလုံး၏ရင်ထဲရှိနောင်တနှင့်နာကျည်းမှုကိုဖယ်ရှားပေးလိုက်မည်ဆိုလျှင် မှန်ထက်ရှိနာကျည်းချက်အငြိုးပျောက်ကွယ်သွားကာ မှန်တစ္ဆေကိုရှာတွေ့နိုင်ပေသည်။
ရှုလင်ကျားပြောလိုက်သည်။
"အင်း၊ ငါသွားမယ်၊ အဝတ်အစားလဲရအောင်။"
နန်းတော်အစေခံကအပြင်ထွက်သွားကာ ညွှန်ကြားချက်ပေးလိုက်ရာ ချက်ချင်းပင်လူတစ်အုပ်တန်းစီဝင်လာပြီး သူ့ကိုစောင့်ပြီးဝတ်ရုံလဲပေးကာ ကျုံးကျိခန်းမကိုပို့ပေးဖို့ရာ သူ့ကိုအတောင်ပံနှင့်ငါးပုံစံဝေါယာဥ်၏အလယ်တွင်ထိုင်စေသည်။
ဤဟောခန်းမကားအလွန်ထူးခြားဆန်းကြယ်ကာ လေထဲတွင်မတ်တပ်ရပ်နေသည့်အလား လွင့်မျောနေသည့်တိမ်တိုက်တို့ဝန်းရံလျက်ရှိပြီး ခရမ်းရွှေရောင်အမိုးအုတ်ကြွပ်များမှာနေရောင်ခြည်အောက်တွင်ထူးခြားစွာတဖျတ်ဖျတ်တောက်ပလို့နေကာ ထူးဆန်းပြီးသံစဥ်ညီသောခေါင်းလောင်းသံတို့ကကောင်းကင်ကိုဖြတ်၍မြည်ဟည်းသွားချေသည်။
ရှုလင်ကျားသည်ဝေါယာဥ်အောက်တစ်ချက်စိုက်ကြည့်လိုက်ရာ ဤကဲ့သို့မြင့်မားသောဟောခန်းမအောက်တွင် ရှည်လျားသောကျောက်စိမ်းနက်ခြေနင်းတုံးပေါင်းတစ်သောင်းခန့်ရှိနေပြီး ၎င်းတို့ဟာသေမျိုးလောကထဲတွင်ဆိုလျှင် သာမန်လူတို့ဘဝတစ်သက်စာတက်လှမ်းရင်တောင် အထဲဝင်ပြီးအပြန်အလှန်ကြည့်ရှုဖို့ရာအချိန်ရှိလိမ့်မည်မဟုတ်ဘဲ လမ်းတစ်ဝက်တွင်ခြေကုန်လက်ပမ်းကျသွားပေလိမ့်မည်။
သူထိုင်နေသည့်ဝေါယာဥ်ထမ်းစင်မှာလေထဲမြင့်တက်သွားပြီး တိမ်တိုက်တို့နှင့်အတူတစ်တန်းတည်းသွားကာ မျက်စိတစ်မှိတ်အတွင်း၌ဟောခန်းမ၏အရှေ့ကိုပျံသန်းသွားသည်။
ကြီးမားသောငါးဟာ၎င်း၏အတောင်ပံတို့ကိုသိမ်းဆည်းလိုက်ပြီး အစောင့်များကခေါင်းငုံ့ကာဖြင့် သူဝေါယာဥ်ပေါ်ကဆင်းရာတွင်ကူညီပေးလာသည်။ ဝေါယာဥ်အများအပြားကသူ့နံဘေးတွင် ၂တန်း၊ ၃တန်းမျှရပ်ထားသည်။ တူညီသောဝတ်ရုံနှင့်လူငယ်များဟာလည်းထိုအထဲမှဆင်းလာကြသည်။ သူတို့ကသူ့ကိုမြင်သော် အကုန်လုံးလာနှုတ်ဆက်ကြသည်။
"အစ်ကိုတော်။"
ဤနန်းတော်ကားမည်သူ့အပိုင်ဖြစ်ကြောင်း ရှုလင်ကျားသိချင်နေမိသည်။ သူထိုလူတို့ကိုဘယ်တုန်းကမျှမမြင်ဖူးသည်မို့ သူတို့ညီအစ်ကိုများကြားရှိဆက်ဆံရေးကိုအကဲဖြတ်နိုင်ခြင်းမရှိပေ။ လူတိုင်းကိုညီတူညီမျှဆက်ဆံရင်း သူခေါင်းငြိမ့်ကာဖြင့်ပေါ့ပါးစွာသဘောတူလိုက်သည်။
တတိယမင်းသား၏နန်းတော်ကိုကြည့်ခြင်းအားဖြင့် ထိုသူဟာတိတ်ဆိတ်မှုကိုနှစ်သက်သောသူတစ်ယောက်ဖြစ်ကြောင်းမြင်နိုင်ပေရာ အခြားသူတို့နှင့်ပတ်သတ်၍ သူစိတ်အားထက်သန်နေလိမ့်မည်မဟုတ်။ တစ်စုံတစ်ယောက်ကဤသည်ကိုသံသယဝင်နေလျှင်ပင် ရှုလင်ကျားကသူနေထိုင်မကောင်းဘူးဟုပြောကာရှောင်လွှဲလို့ရနိုင်သည်။
ဟုတ်တာပေါ့၊ တစ်ယောက်ကမေးလာသည်။
"အကြီးဆုံးအစ်ကိုတော်ကနေမကောင်းဖြစ်နေပြန်ပြီလား။"
ရှုလင်ကျားသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်မိပြီး သူ့အသံကရေခဲမှန်ထဲတွင်ကြားခဲ့ရသည်နှင့်ကွဲပြားသည်ကိုခံစားမိလိုက်သည်။
တတိယမင်းသားကဘယ်သူလဲဆိုသည့်အကြောင်းတွေးနေရင်းဖြင့် သူသာမန်ကာလျှံကာပြန်ဖြေလိုက်သည်။
"ကောင်းပါတယ်။"
သူ့ဘေးရှိအမျိုးသားကလျှောက်လာကာပြုံး၍ဝင်နှောင့်လာသည်။
"အစ်ကိုတော်ကအလုပ်အရမ်းကြိုးစားတာပဲဗျာ၊ နေမကောင်းဖြစ်နေတာတောင်မှ ကိစ္စတွေကိုဆွေးနွေးဖို့ဒီကိုလာခဲ့သေးတယ်။ ကျွန်တော်ကတော့အစ်ကိုတော့်ကိုကြည့်ပြီးပင်ပန်းလာပြီ။ လုံလုံလောက်လောက်မရဲရင့်ပါနဲ့ကျွန်တော်ပြောခဲ့တယ်မလား။ မွေးဖွားမှုအရဆိုရင် အစ်ကိုတော်အကြိမ်နည်းနည်းဘဲလာရင်တောင် အစ်ကိုတော်ကအကြီးဆုံးအစ်ကိုတော်ဖြစ်နေအုံးမှာပါဗျာ။"
သူပြောသည်မှာနှိမ့်ချလျက်ရှိသည်။ ၎င်းဟာထေ့ငေါ့ပြောဆိုခြင်းလား၊ စိုးရိမ်ခြင်းလားသူမသိပေ။ လူအချို့ကရယ်မောကာ အချို့လူများမှာစိတ်မကျေမနပ်ဖြစ်သွားပြီး ပြောလာသည်။
"ဒုတိယအစ်ကိုတော်၊ အကြီးဆုံးအစ်ကိုတော်ကိုဘယ်လိုပြောလိုက်တာလဲဗျာ၊ ယင်နဲ့ယန်ကထူးဆန်းမှန်းအစ်ကိုတော်သိပါတယ်။ အစ်ကိုတော့်လျှာပုပ်သွားမှာမကြောက်ဘူးလား။"
ဤလူအုပ်မှာမင်းသားများဖြစ်ကြသော်လည်း အချင်းချင်းအပြန်အလှန်စကားပြောရာတွင်သိပ်မယဥ်ကျေးကြကြောင်းရှုလင်ကျားသိလိုက်သည်။ သူကသူ့ကိုစနောက်ခဲ့သည့်ဒုတိယမင်းသားကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး တစ်ဖက်လူကရင်းနှီးပုံပေါ်ကြောင်းရုတ်ခြည်းတွေ့ရှိသွားသည်။
ဒါက...
သူ့ကိုတစ်နေရာရာမှာမြင်ဖူးတာဖြစ်ရမယ်။
သူ့မျက်လုံးများကအလွန်ထူးဆန်းသည်မို့ဖြစ်လောက်မည်၊ သူဟာတစ်ဖက်လူကိုဒေါသတကြီးကြည့်ပုံပေါက်သွားသည်မို့ သူကခြေနှစ်လှမ်းနောက်ဆုတ်ကာပြောလာသည်။
"အဲ...အကြီးဆုံးအစ်ကိုတော်၊ ညီတော်ကရိုးသားပါတယ်၊ အစ်ကိုတော်စိတ်လှုပရှားသွားတာလား၊ ဒေါသထွက်နေတာလားဟင်? အဲ့လိုကြီးမကြည့်ပါနဲ့လားဗျာ။"
ထိုသို့နောက်ဆုတ်သွားပြီးနောက် သူဒီလူကိုဘယ်နေရာမှာမြင်ဖူးလဲဆိုသည်ကို ရှုလင်ကျားရုတ်ခြည်းမှတ်မိသွားသည်။
-ယွဲ့ထောင်။
ကျင်းဖေးထုန်၏ပီလော့နန်းတော်ရှိပထမဆုံးဟောခန်းမအမည်ကဘာလဲ။ ယင်းကားထိုနန်းတော်ဟောခန်းမအရှင်ဖြစ်သည်။
Advertisement
- In Serial18 Chapters
A World Without
What if everyone in the world was blind? Kirk is a city where the monarchs that ruled over them had sight but the population was blind. The sighted gene would pop up in the population every so often, about every 100 years, and the monarchs would take those children and raise them as their own. They write in Braille using boulers, they're like fountain pens only with glue cartridges to create bumps instead of ink.
8 212 - In Serial82 Chapters
Hope Springs Eternal
Even when peace reigns after a century of war, relations are still tumultuous between species more mighty & ancient than one could possibly imagine. This is terribly troublesome for Aeriea and her family. With her father being the Minister of Interspecies Relations, their noble name rests upon keeping the peace between irritating Vampire princes, trickster Fae goddesses, & cursed Human witches. A slice of life fanatsy that reads in the style of a light novel. Participant in the Royal Road Writathon challenge. Cover by @lilpdono.
8 163 - In Serial22 Chapters
BR: Collection of Short Stories
This book is my collection of short stories written by me. it will cover different types of genres, POVs, tenses, and styles of writing. Each chapter has a different story but may break into parts. I will provide the word count on the author’s note, along with the genre and the story summary. In addition, with some warning tags, such as sexual, gore, traumatizing content, and profanity. Those stories will be set in a similar universe, my universe, and will have different characters and themes. So, don’t be confused if there is a different theme in this book. Schedule: Monday 3AM (UTC +8:00) Friday(Alternatives)
8 171 - In Serial9 Chapters
Ito Ai: A New Dawn
After living ten years in a living hell. Ten years of fighting against the Machinas. Ten years of watching her comrades die in front of her eyes. Ito Ai finally met her own end at the hands of the Machinas. But to her surprise, instead of dying, she woke up in a familiar place.With a second chance at life and knowledge of the events of the future. Will Ito Ai be able to change her fate? Will she be able to put a stop the Machinas? Or will she be forced to hide and struggle as she did in her past life?The wheels of fate are always turning.
8 94 - In Serial30 Chapters
the Otherworld Scientific Researcher
In the year of 2225, where technology have led humans to populate the moon and colonized Mars have reach a standstill because humans have mysteriously awoken to their psychic powers. Cultivating psychic power have become a norm and reseaching new technologies have become outdated.. Raynor, a once famous researcher have been outcasted by the world for not obtaining psychic power and has been secluded in the mountain while continuing his scientific research.. While Raynor is experimenting his warp drive, his once best friend betrayed him and sabotaged his lab while supposedly creating a black hole and destroy his lab alongside with him, the next thing he knew is he wake up in a different world, a world like the period of middle ages but is filled with magic, creatures from fantasy and.. Summoned Hero?
8 116 - In Serial18 Chapters
Distractions (Scrutinized Tanner x reader Fanfiction)
THIS FANFICTION IS A TWO PACK OF ASS. STOP READING IT.Y/N was a very simple woman; calm, professional, and very unassuming. But when she's attacked by the local murderer, Tanner Grayton and then unknowingly forced to live with him, how will love find it's way into both of your hearts? (and undergarments)
8 158

