《Sour Candy》part 31💔
Advertisement
*Unicode*
ပေးဆပ်ခြင်းနှင့်တန်အောင် တောင်းခဲ့သောဆုတွေဟာ ပြည့်ဝခြင်းသို့ရောက်ရှိခြင်းတွေ၌ ဝမ်းနည်းစရာကောင်းစွာ ဂျွန့်မျက်ဝန်းတွေထဲအရင်လိုအချစ်တွေ ရှာမတွေ့တော့။
မျက်ရည်တွေနဲ့စရေးခဲ့တဲ့ အချစ်ရေးအား ကံကြမ္မာဖန်တီးရှင်က အပြုံးတွေနဲ့အဆုံးသတ်ပေးနိုင်ကောင်းပါရဲ့။ ပင်ပန်းခဲ့ရတာတွေနာကျင်ခဲ့ရတာတွေဟာ နှစ်ယောက်စလုံး။ အချစ်စစ်ဟူသမျှခရီးလမ်းမဖြောင့်ဖြူးသော်ငြား အမြန်ဆုံးပေါင်းဖက်ဖို့သာ စိတ်အားထက်သန်ပါရဲ့။
ခြံတစ်ခြံရှေ့အိခနဲရပ်ကျသွားသည့် ကားတစ်စီး။ကောင်လေးနှစ်ယောက်၏တွဲထားသည့် လက်တွေ လွတ်ထွက်မည်ဆိုးသည့်အလား ဆုတ်ကိုင်ထားတာမှတင်းကြပ်ကြပ်။ စူးရဲရဲအကြည့်တွေအောက် ဂျေနေရခက်စွာ ပါးပြင်လေးတွေရဲလို့နေသည်။
သောက်နေကျဝိုင်တွေလို ထိုအမျိုးသားရဲ့မျက်ဝန်းတွေကတကယ့်ကို ယစ်မူးလို့ကောင်းတယ်။ မခံစားတတ်ပေမဲ့ သိသာနေသည့်မြတ်နိုးခြင်းတွေဟာ ကူးရဲ့ကိုယ်ပေါ်လျှံပယ်စွာ။
"ကူး မင်းကစတော်ဘယ်ရီလုံးလေးလား"
"ကျုပ်...ဝင် ဝင်တော့မယ်"
"ကိုယ့်ကိုတစ်ကိုက်လောက်.."
"ဟင်."
ခေါင်းနောက်မှထိန်းကိုင်ကာ ပေါက်ရာတချို့ဖြင့် ဖူးယောင်နေသည့်နှုတ်ခမ်းပါးပါးလေးအား အသာအယာစားသုံးနေသူ...ဘာမဟုတ်တဲ့အပြုအမူတွေမှာ ဝဲအုံမှတဒုတ်ဒုတ်ခုန်မြည်သံတွေကကျယ်လောင်လွန်းလာ၏။ အလိုလိုနေရင်းမျက်နှာပူတက်လာသလို အခု...အခုသူလို Play boy တစ်ယောက်ကအနမ်းခံရတာကို ရှက်နေတာတဲ့လား။
ခံစားချက်တွေသီဖွဲ့ရရင် လူတွေပြောတဲ့ ရင်ဘတ်ထဲပန်းတွေဝေဝေဆာဆာပွင့်ဖူးလာနေသလို လိပ်ပြာတွေပျံသန်းနေသလိုပေါ့..။ ကြမ်းကြမ်းတမ်းတမ်းအထိအတွေ့တွေထက် ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားစီက နူးညံ့စွာထိတွေ့ခြင်းအစ အလေးအနက်ထားပေးခြင်းအဆုံး Jeykay ပျော်ဝင်မိသည် အတိုင်းထက်အလွန် နှစ်နှစ်ကာကာသဘောကျသည်ကား လိမ်ညာလို့မရတဲ့အမှန်တရားပေမို့ မျက်နှာပူစွာဝန်ခံ၏။
"အရသာရှိတယ်..."
"ခင်ဗျား...!"
မျက်နှာလေးရဲကာ ရန်လုပ်နေသည့်ပုံစံလေးအား ဒီကောင်မှာအသဲတယားယား။ မခြွေပဲကြွေရတဲ့အခိုက်အတန့်...ကူးဆိုတာနဲ့ယိမ်းပြီးသားနှလုံးသားက ချစ်စရာအမူအယာတွေအရည်ပျော်ကျမတတ်။
စိုရဲရဲနှုတ်ခမ်းသား အရသာရှိကြောင်းအမှန်တိုင်းပြောခြင်းမှာ သူလေးရှက်သွားသည်။ စူးခနဲထွက်လာတဲ့အသံရယ် အလန့်တကြားမျက်ဝန်းတွေ ပန်းရောင်မျက်နှာလေးတွေက သက်သေပင်။
"ချစ်တယ်နော်...ဒီကောင့်အချစ်လေး"
"ကျုပ် ကျုပ်မချစ်ဘူး!"
အရှက်သည်းကာ ပက်ခနဲပြောပြီးအိမ်ထဲဝင်သွားသည့် ကျောပြင်လေး ထယ်ယောင်းမှာမြတ်နိုးလွန်းလို့ရူးရချည်ရဲ့...။
အတော်အတန်ကြာတဲ့အထိ မပြန်သေးပဲထိုအိမ်ရှေ့တွင်သာသောင်တင်နေသည့် ကားအနက်လေးအတွင်းမှ ထယ်ယောင်းမျက်ဝန်းတွေ ထိုအိမ်ကြီးစီသာတဝဲလည်လည်။
*ဒေါက်!ဒေါက်!*
"Fu*k!!...sh*t....! "
ကားမှန်အားလာခေါက်သည့်အသံနှင့်အတူ ပွားခနဲ့ပေါ်လာသည့်လူကြောင့် လန့်သွားကာဆဲရေးဆိုလိုက်မိသည်။ တော်တော်လေးကိုလန့်သွားခဲ့တာ။
ထိုလူဟာတစ်ခြားလူဟုတ်မနေခဲ့....မျက်ဝန်းကျဥ်းကျဥ်းနဲ့ သောက်ရမ်းအထာကျလွန်းလို့ ကူးနဲ့သဝန်တိုခဲ့မိတဲ့ မင်ယွန်းဂီဆိုတဲ့လူ။ စပ်ဆက်ကြည့်လျှင် ဂျေဟာ ဂျွန်ဂျောင်ဂုဆိုတာ 100℅ သေချာနေပြီ။
"မင်း!...လိုက်ခဲ့"
ခပ်စူးစူးကြည့်ကာပြောသွားသူ တစ်စက်မှအမြင်မကြည်သော်လည်း ကူးကထိုသူ့လက်အောက်ထဲမှာဆိုတော့ မအီမသာမျက်နှာဖြင့်ကားထဲမှထွက်လာခဲ့သည်။ ထိုသူသည် ခြံထဲဝင်သွားကာ ဥယျာဉ်အသေးလေးဘေးမှ ထိုင်ခုံပေါ်ခြေချိတ်ထိုင်ရင်း ထယ်ယောင်းအားမေးဆတ်ပြလာသည်။
ကျိန်းသေပေါက် ကူးကိုကိုယ့်အပိုင်ပြန်ရအောင်လုပ်မှာ.....
"သူက ဂျွန်ငယ်မဟုတ်ဘူး...မင်း မကစားသင့်ဘူးထယ်ယောင်း!..အဆက်သွယ်ဖြတ်သွားပေး"
ရယ်မောသည်။ ထယ်ယောင်းတစ်ယောက် မင်ယွန်းဂီ၏စကားတွေအား ခပ်ဟဟရယ်သွမ်းဖြစ်လိုက်သည်။
"ဂျွန်ဂျောင်ဂု ရဲ့ dark side...ကူး မဟုတ်တဲ့ ကူး"
"ဂျွန်ဂျောင်ဂုကမရှိတော့ဘူး! မင်းသောက်ရမ်းသည်းနေခဲ့တဲ့ ဒေစီယာကိုနှလုံးပေးပြီး သေပြီ...အခုကဂျေ...အဆိုးတကာ့အဆိုး။ ရက်စက်ပါတယ်ဆိုတဲ့ မင်းကိုတောင် ပြန်ရက်စက်တတ်တဲ့လူစားမျိုးမို့ မင်းဆက်မပတ်သက်တာကောင်းတယ်!!"
"မပတ်သက်ပဲမနေနိုင်လောက်အောင် ကျုပ်ကဆိုးပါတယ်ဆိုတဲ့ ဟာလေးကို သောက်ရမ်းချစ်မိသွားပြီ..ဆေးမမှီတော့ဘူး"
"ကင်မ်ထယ်ယောင်း!! မင်းကိုရီးယားကိုပြန်တာကောင်းမယ်...ဂျေကမင်းကစားလို့ကောင်းတဲ့အရာမဟုတ်ဘူး! ဂျွန်ငယ့်တုန်းက ရက်စက်တာထက်ပိုအောင်လုပ်ခဲ့ပြီးပြီပဲ တော်ပါတော့ ကျေနပ်ပါတော့။ ဂျေ့ကိုမင်းရဲ့ကူလီကူမာကြိုးတွေနဲ့ထပ်မချည်နဲ့ ဒီတစ်ခါတော့ငါခွင့်လွတ်မှာမဟုတ်ဘူး"
ရက်စက်မိတာနဲ့တန်အောင် နောင်တရော ရင်ကွဲနာကျသေမတက်ခံစားခဲ့ပြီးပြီ...မငြိုငြင်ပါဘူး။ ချစ်တာကို မာယာလို့ထင်တာတော့ နည်းနည်းနာတယ်။ စော်ကားနေလိုက်တာ ဒီကောင်မင်းအပေါ်ထားတဲ့အချစ်ကို ကူလီကူမာကြိုးတွေတဲ့အချစ်ရယ်...ကိုယ်သည်းခံနိုင်စွမ်းမဲ့လာလိုက်တာ။
"ဒီမှာ ကျုပ်အရင်ကဆိုးရင်ဆိုးခဲ့မယ် ကူးအပေါ်နာကျင်အောင်လုပ်ခဲ့တယ် မှန်တယ် ဒီအချိန်မှာတော့ ကူးအပေါ်ထားတဲ့ကျုပ်ချစ်တဲ့ ဘယ်ကောင်မှလိုက်မမှီဘူး မင် ယွန်း ဂီ!"
အိမ်ဘက်အားလက်ညိုးထိုးကာ ပြောနေတဲ့ထယ်ယောင်းမျက်ဝန်းတွေပြင်းရှနေသလို မင်ယွန်းဂီ၏မျက်ဝန်းတွေဟာလည်းစူးရှရှ။
"မင်းကိုပြောနေတာ သူက ဂျွန်ဂျောင်ဂုမဟုတ်ဘူးလို့!!"
"ဘာလို့လဲ ဘာကိစ္စကြောင့်အသဲအသန်ငြင်းနေရတာလဲ! ခင်ဗျားတို့တွေလိမ်နေလည်း အသွေးနဲ့အသားထဲထိ ထိတွေ့ဖူးတဲ့ ကျုပ်ကအသက်ရှူသံအစ ခြေလှမ်းလျှောက်သံအဆုံး ဂျွန်ဂျောင်ဂုမှန်းသိတယ်....မှတ်ထား မှတ်ထားပါ အရင်ကရောအခုရော နှောင်ရော ဂျွန်ဂျောင်ဂုဆိုတဲ့သက်ရှိက ကင်မ်ထယ်ယောင်းကိုပဲရွေးမှာ...ရွေးကိုရွေးရမှာ....အတိတ်မေ့နေခဲ့တယ်ဆိုရင်တောင်ပေါ့!"
မျက်ယွင်းသွားတဲ့ ယွန်းဂီမျက်နှာဟာသိသိသာသာ။ ကိုယ့်လုပ်ရပ်တွေကြောင့် သဘောမတူနိုင်မှန်းသိပေမဲ့ ခယပြောဆိုတာတွေအား ကင်မ်ထယ်ယောင်းနဲ့မသက်ဆိုင်။ သူမာကိုယ်မာပဲ...။
"သူမင်းကိုမချစ်ဘူးထယ်ယောင်း....Grayson နဲ့လက်ထက်တော့မှာ!"
"အဲ့တော့..."
"မင်းအတွက် ဂျေ့ရင်ထဲနေရာမရှိဘူး..."
"ဟက် ဘာကိုကြည့်ပြီးပြောနိုင်ရတာလဲ"
"မင်းဖုန်းတွေတောက်လျှောက်ဆက်တုန်းက Grayson နဲ့အတူနှစ်ယောက်တည်းရှိနေလို့ မကိုင်ခဲ့တာ မင်းသိလား"
"အဲ့တာနဲ့ပဲ ကျုပ်ကကူးရင်ထဲကျုပ်မရှိဘူးလို့သတ်မှတ်တာလား...အဟားး..စောင့်ကြည့်ပါ ဂျွန်ဂျောင်ဂုအချစ်ကကင်မ်ထယ်ယောင်းပဲပြန်ရမှာ !"
ကိုယ်ပေးတဲ့အချစ် စစ်မှန်သည်ထက်ပိုနေ၍ တန်ပြန်ဆိုတဲ့အရာကကျိန်းသေပေါက်ရှိကိုရှိမှာ။ နာကျင်မှုတွေတောင် တန်ပြန်ရှိနေသေးတာပဲမဟုတ်လား...ကိုယ်ယုံတယ်ကူးငယ် ဒီဇာတ်အဆုံးမှာမင်းလက်ကိုတွဲမဲ့ကောင်က ကိုယ်ပဲ။
ရင်နာစရာဖြစ်ရပ်အဆုံး ကိုယ်တို့ထွေးပွေ့ချိန်ရောက်တော့မှာ...မကြာပါဘူး လူဆိုးလေးကိုအချစ်တွေနဲ့ ဥထားခွင့်တော့မှာ။
ယုံကြည်မှုရှိစွာပြောခဲ့တာစကားတွေ မင်ယွန်းဂီအားစေ့စေ့ကြည့်ကာဆိုခဲ့ခြင်း။ နောက်ဆုတ်ဖို့ရာစိတ်ကူးမရှိသည့် ထယ်ယောင်းအတွက် မင်ယွန်းဂီစကားတွေဆက်နားထောင်ဖို့ရန်မလိုအပ်တော့၍ ထပြန်လာခဲ့သည်။ အပြုအမူရိုင်းသွားရင်လည်း တောင်းပန်တယ် ဂျွန်ဂျောင်ဂုအပေါ်ကလွဲရင် ဘယ်သူ့ကိုမှအလေးထားမဆက်ဆံတတ်တာ အကျင့်လိုဖြစ်နေပြီ....
///////////////
အဆိုးလေးနဲ့ နိုးထခဲ့ရတဲ့မနက်ခင်းပေမို့ ကြည်လင်နေသောမျက်နှာထားနှင့်အတူ လည်တိုင်မှကိုက်ရာနီညိုတို့အား ဂုဏ်ယူစွာဖော်ပြထားသည့် ထယ်ယောင်းသည် Company ၌ တက်ကြွနေလျက်...။
တောင်!
*ခင်ဗျား ဘယ်မှာလဲ*
*နေရာအတိအကျလိုချင်တယ်*
ဝင်လာသော Message သံကြောင့် Laptop ထဲခေါင်းနှစ်နေရာမှ ဖုန်းထံသို့...။စာလုံးလေးကနေတောင် ကြားယောင်လာတဲ့ ဘောင်ဆတ်ဆတ်အသံလေးကနားထဲတဝဲလည်လည်။ နှစ်နှစ်ကာကာပြုံးရင်း လက်ချောင်းတွေ screen ထက်ပြေးလွှားသွားခဲ့သည်။
Advertisement
အလုပ်ချိန်မှာ personal ကိစ္စသယ်မလာနဲ့ ဆိုတဲ့စည်းကမ်းထုတ်သူက ချိုးဖောက်သူဖြစ်နေတဲ့အခါ ဝန်ထမ်းတွေရှေ့ရူးချင်ယောင်ဆောင်ပစ်ထားလိုက်မည်...ကူးငယ်လောက်အရေးကြီးတာမသိကြောင်း တလောကလုံးအသိ။
"ကင်မ်..!"
"အော်...ဒေစီယာ လာလေ။ ဘယ်လိုလဲ လုပ်ငန်းအခြေအနေ"
"ဟူး...Grayson ကစဥ်းစားဦးမယ်တဲ့။ အဲ့မြေကွက်ဒေစီရမှကိုဖြစ်မှာကင်မ်ရယ်"
"ကြိုးစားပေါ့ ကြိုးစားရင်ရမှာပဲ...အဓိကကဇွဲမလျော့ဖို့။ နေပါဦး တစ်ခြားလှတဲ့မြေကွက်တွေရှိတာကိုဘာလို့ အဲ့မြေကွက်မှလဲ"
"မာမီ့အကြောင်းလည်း ကင်မ်သိရဲ့သားနဲ့...ထားပါ ကင်မ် လည်ပင်းက..."
"အဟွန်း..."
ပြီတီတီကြီးပြုံးနေသော ကင်မ်ထယ်ယောင်းအပြုံးတွေဟာ အရင်နေ့ကနှင့်အတူအောင်အသက်ဝင်လွန်းလှသည်။ အချစ်ရဲ့စွမ်းအားဆိုတာမျိုးကို ဒေစီမှာမျက်မြင်ကိုယ်တွေ့။ အချစ်တွေစစ်မှန်ရင် စွမ်းအင်တွေသိပ်ထက်တာ။
"ရယ်မနေနဲ့ မိတ်ကပ်တွေမဟုတ်လား"
"ဘာဗျ အစစ်တွေ...ကူးကူးလေးကိုယ်တိုင်ပေးထားတာ"
"မယုံပါဘူး! ပြစမ်း ကိုယ့်အစ်မကို..."
"မပြဘူး...အဖိုးတန်တွေ မကြည့်ချင်စမ်းနဲ့"
"ရားးးးပြဆို"
အင်္ကျီအားဆွဲကာ လည်တိုင်အနားမျက်နှာရောက်လာသည့်သူအား တားမရဆီးမရ...နီးကပ်လွန်းနေတဲ့အခြေအနေမှာ တစ်ခြားတစ်ယောက်မြင်သွားရင်မကောင်း...
"ကင်မ်ထယ်ယောင်းဂီး!!!..."
"ကူးး"
"လီထယ်..."
တံခါးအနားရပ်ကာ ပါးစောင်းအားလျှာဖြင့်ထိုးရင်း မျက်ခုံးတန်းတို့တွန့်ချိုးထားသည့် အရိပ်လေးအားမြင်သည်နှင့် ထယ်ယောင်းတစ်ယောက်ဒေစီအားတွန်းထုတ်ပစ်လိုက်သည်။ ရိုးရိုးသားသားဆိုသော်ငြား လူဆိုးလေးအထင်လွဲသွားမှာစိုးသည်။ အနက်ရောင်ဂျာကတ်ထူထူရယ် ဂျင်းကျပ်အနက်ရယ် ထူထဲလွန်းတဲ့ဖိနပ်နက်နက်ကြီး...ဒီလူဆိုးလေးမိမိုက်အောင်ပြင်ပြီး ချစ်စရာကောင်းနေတာ။
စကားတစ်ခွန်းမဆိုပဲ ဆိုဖာထက်တည်တည်တင်းတင်းမျက်နှာထားဖြင့် ခြေချိတ်ထိုင်သည့်ကူးအနား ရှင်းပြရန် ထယ်ယောင်းမှာကဗျာကယာ။ ပြန်ပိုးပန်းနေဆဲကာလမို့ အမှားယွင်းမခံနိုင်ဘူး။
"ကူး ထင်သလိုမဟုတ်..."
"ကျုပ် ဒီမှာခဏနေလို့ဖြစ်တယ်မဟုတ်လား"
"အင်း..ဖြစ်တာပေါ့။ တစ်နေကုန်နေလည်းရတယ်"
"ဟဟ...တစ်နေကုန် မ နေ ပါ ဘူး!"
ဒေစီယာစီကြည့်ရင်း ဆိုနေသော ဂျေ့အသံတွေဟာရာသီဥတုအခြေအနေမဟန်တော့။ ခက်ထန်ပြီးအေးစက်လွန်းနေသည့်အလျောက် ဒေစီယာမှာ ကြက်သီးတွေပင်ထလာရသည်။ အကြည့်စူးစူးတွေပစ်လွတ်နေသည့်အတွက်
"ဒေစီ မင်းပြန်လို့ရပြီ"
"အွန်း ငါလည်းပြန်တော့မို့ ခွင့်ပြုပါဦး"
ထယ်ယောင်းခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည်။ ခပ်သွက်သွက်ခြေလှမ်းတွေဖြင့် ဒေစီသည် ဂျွန့်ကိုရင်မဆိုင်ရဲသာအမှန်။ ဂျွန်နှလုံးနဲ့အသက်ဆက်နေရတဲ့အဖြစ်မှာ မာမီ့ရဲ့မသမာမှုတွေကပါဝင်နေခြင်းတွေကြောင့် လိပ်ပြာမလုံ။
တံခါးလက်ကိုင်စီလှမ်းနေပြီဖြစ်တဲ့လက်တွေ အနောက်မှစကားသံတွေကြောင့် လေထဲရပ်သွား၏။
"အိုးး ကျုပ်ရှိနေလို့လား...ကျုပ်ကဒီအတိုင်းထိုင်နေမှာမို့ ခင်ဗျားတို့လုပ်စရာရှိတာလုပ်လို့ရပါတယ်..."
"ဂျေ အထင်လွဲနေပြီ။ ကင်မ်နဲ့ဒေစီကလုပ်..လုပ်ဖော်ကိုင်ဖက်တွေပါ"
ဟက် ခနဲရယ်ပြီး အရှေ့ကစတီးစားပွဲစီခြေပစ်တင်လိုက်တဲ့ ဂျေဟာမိုက်မိုက်ကန်းကန်းပါပဲ။
"ဟက်...ကျုပ်ကလဲအလုပ်ကို ဆက်လုပ်ဖို့ပြောတာပါ။ ဘာလို့အသံတွေတုန်နေရတာလဲ မစ္စစ်ဒေစီယာ..."
"ကူး..."
"ကျုပ်ကစတာပါ...သွားစရာရှိတာသွားပါဗျ"
ရွဲ့နေသည်။ လူဆိုးလေးက ရွဲ့ကာယဥ်ကျေးပြနေပုံကအစ ကင်မ်ထယ်ယောင်းမှာအသဲတယားယား...။ မြတ်နိုးခြင်းတွေအကြောင်း အကြည့်မျက်ဝန်းတွေက သက်သေတည်နေသည်။ ဘာလုပ်လုပ်ကူးမှန်သည်ဆိုသော ခံယူချက်တွေနဲ့ ထွက်သွားတဲ့ဒေစီအပေါ်လည်း အားနာစိတ်မဝင်မိ...ခေါင်းထဲရှိနေတာ ဒီအဆိုးလေးအထင်မလွဲစေရန်ရှင်းပြဖို့။
"ကူး..."
"တိတ်တိတ်နေပေးပါဗျာ...ကျုပ်အဆင်ပြေမလာဘူးခင်ဗျားရယ်။ မြင်မြင်သမျှမီးလောင်တိုက်သွင်းပြစ်ချင်နေတယ်"
လည်တိုင်မှသိုင်းကာဖက်လာသည့် သူလေးကပေါင်ပေါ်တက်ထိုင်မတက်။ အသံလေးတွေဖျော့တော့လာသည့်အလျောက် ခါးမှပြန်ထိန်းကိုင်ပေးကာ ခေါင်းလုံးလုံးလေးကိုအသာဖွရင်း ဒီလူမှာရင်ထိပ်လျက်....။
"သွင်းပြစ်လိုက်...ကိုယ်ရှင်းမယ်။ ကိုယ့်ကလေးစိတ်ကြိုက်လုပ်ပစ်လိုက် "
"ထယ်ယောင်းဂီး!..."
"ဘာဖြစ်လာလဲ ကိုယ်မမေးလိုဘူးကူး...ဒီရင်ခွင်မှာနားပါ ဒီလူ့ရင်ခွင်ကမင်းကိုနှစ်သိမ့်ပေးမယ် နွေးထွေးပေးမယ် မင်းဝမ်းနည်းရင်ခိုလှုံစရာလေးဖြစ်ပေးမယ်။ စိတ်ညစ်မှုတွေဖြည်ချပေးမယ် ကိုယ့်ကိုယုံ"
"......"
"ကိုယ်ကိုမယုံရင်ရတောင် ဒီရင်ခွင်ကိုယုံလိုက်စမ်းပါ"
"ဟင့်...ကျွန်တော်သူ့ကိုမချစ်ဘူး"
"ဘယ်သူ့ကိုလဲ ကူး"
"Grayson...Grayson ကိုမချစ်ဘူး.."
ထယ်ယောင်းနှုတ်ခမ်းတွေ တွန့်ချိုးသွားသည်။ ဒါပေါ့ ကိုယ့်ကိုပဲချစ်လို့ရမှာကို...ကိုယ့်ချိုချဥ်လေးကကိုယ်အပိုင် ကိုယ်တစ်ယောက်တည်းအပိုင်။ တစ်ခြားကောင်လက်ထဲ ထားထားရတာကိုက လွန်လွန်းနေပြီ...ကျေးဇူးပါအချစ်ရယ် တစ်ခြားတစ်ယောက်ကိုမချစ်သွားလို့ ကျေးဇူးပါ ကျေးဇူးပါ။
"လက်ထက်ပွဲတဲ့ ခင်ဗျားစဥ်းစားကြည့် ဘယ်လောက်တောင် ကျက်သရေမရှိလိုက်သလဲ"
ပစ်ထားတာကြာသွားတဲ့ ဟဲဟဲ
Love you all❤
***************
*Zawgyi*
"ကျုပ်...ဝင် ဝင်တော့မယ်"
"ဟင်."
"အရသာရှိတယ်..."
"ခင်ဗျား...!"
Advertisement
"ကျုပ် ကျုပ်မချစ်ဘူး!"
*ဒေါက်!ဒေါက်!*
"Fu*k!!...sh*t....! "
"မင်း!...လိုက်ခဲ့"
"အဲ့တော့..."
///////////////
တောင်!
*ခင်ဗျား ဘယ်မှာလဲ*
"ကင်မ်..!"
"အဟွန်း..."
"ရားးးးပြဆို"
"ကင်မ်ထယ်ယောင်းဂီး!!!..."
"ကူးး"
"လီထယ်..."
"ကူး ထင်သလိုမဟုတ်..."
"အင်း..ဖြစ်တာပေါ့။ တစ်နေကုန်နေလည်းရတယ်"
"ဟဟ...တစ်နေကုန် မ နေ ပါ ဘူး!"
"ကူး..."
"ကူး..."
"ထယ်ယောင်းဂီး!..."
Advertisement
- In Serial1360 Chapters
Immortal Path To Heaven
"Master Ouyang, please smith a divine weapon for me!"
8 925 - In Serial12 Chapters
Shedling
Far away from the planet Earth, long after it was conquered, a shedling was given to a human woman. Killerie never found out why her parent species didn't want her, and her abilities were hobbled by their technology, but that has never stopped her from trying to be the best person (and the best daughter) she possibly can. Follow her on her adventure alongside her mother Madeline as she finds out who she is and where she fits into this universe... and why her own species, the shedlings that rule the universe, were unable to take care of her.
8 178 - In Serial23 Chapters
Data Hoarding System
Robert lived his life like many other people on Earth, he just had a specific fear instilled within him from his love of books. Like many others, it was hard to disregard the constant negative information being doled out in every form of media. This caused him to fear the loss of knowledge and books that had provided him solace in times of need in his life. He collected and stored thousands of books ranging from web novels to college textbooks on physics. This was an irrational fear of his until the world changed and that knowledge gave him a step above everyone else.
8 138 - In Serial6 Chapters
The Seventh Hero
Basically, its my take on the plot of The Rising of The Shield Hero (Tate no Yūsha no Nariagari) and incorporating elements from other works of fiction.
8 183 - In Serial12 Chapters
dusk | r. lupin
;in which two shy teenagers meet at a library at dusk.-tw: sexual abuse [ lowercase intended ]
8 199 - In Serial112 Chapters
The Guy Named Harrison: Book One
Carolina Panthers superstar Harrison Ford meets NFL sportswriter Carrie Fisher during media day. Unknown to Carrie, Harrison secretly likes her. He isn't sure she likes him back. As the season progresses, Harrison and Carrie become closer and closer. Will the two of them confess their feelings for each other and fall in love?Highest rank #397 in romance.
8 123