《Rain On Me (KookV/Completed)》I. A Boy with Rounded Eyes
Advertisement
Unicode-
" ယောင်းလေး အပြင်မှာမိုးတွေရွာနေတာကို ဘာလို့ အပြင်ထွက်ဖို့ လုပ်နေရတာလဲ။ မိုးမိရင် ဖျားနာနေဦးမယ် "
ရိုးအီနေခဲ့ပြီဖြစ်သော မိခင်ဖြစ်သူ၏ စိုးရိမ်တကြီးစကားသံ။ အရာရာတိုင်းကို လိုက်စိုးရိမ်နေတတ်သော မိခင်၏အုပ်ထိန်းမှုက ထယ်ယောင်းအတွက် ငြီးငွေ့ဖွယ်ကောင်းနေခဲ့သည်။ အရာရာမှာ အစိုးရိမ်လွန်ပြီး ကန့်သတ်ချုပ်ခြယ်လွန်းသည်မို့ ထယ်ယောင်းဘဝက လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင်လို ဖြစ်ခဲ့ရသည်။
အပေါင်းအသင်းမမှားဖို့ တဖွဖွဆုံးမရင်း သူ့အနားက သူယ်ချင်းတွေအကြောင်း က အစ အ အဆုံး လိုက်မေးတတ်သော သူ့မိဘတွေကြောင့် ထယ်ယောင်း သူငယ်ချင်းမထားဖြစ်ခဲ့သည်မှာလည်း အလယ်တန်း စတက်ချိန်ကတည်းကပင်။ တစ်ယောက်တည်း သီးသန့်နေပါများလာတော့ သူ့ဘဝက တဖြည်းဖြည်း အထီးကျန်လာခဲ့သည်။
သူနှင့် သက်တူရွယ်တူ ကျောင်းသားများက သူငယ်ချင်းနှင့် အတူသွား အတူစားရင်း ပြုံးပျော်ခွင့်ရနေချိန်တွင် ထယ်ယောင်းဘဝက ဆက်ပြီးအထီးကျန်နေဆဲ။ ဤသို့တိုင် သူငယ်ချင်းတစ်ယောက်ရှိလာဖို့ ထယ်ယောင်း စိတ်မကူးရဲသေး။ သူ့မိဘတွေဆီ အမှုစစ်သလို အစစ်ခံရမည့်အရေးကြောင့် သူငယ်ချင်းဖြစ်လာမည့် တစ်စုံတစ်ယောက်ကို သူအားနာနေမိသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့ဘဝက ပိုပိုပြီး အထီးကျန်အဖော်မဲ့လာသည်။ အထက်တန်းစတက်ချိန် ဖုန်းကိုင်ခွင့်ရလာသော်လည်း ဆက်ရမည့်သူမရှိ၍ ဖုန်းတစ်လုံးကလည်း အပိုပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ မဖြစ်မနေသိရမည့် ကျောင်းကိစ္စအချို့ကြောင့် Social accountဖွင့်ပြီး ကျောင်းသား Chat groupထဲ ဝင်ခဲ့သော်လည်း သူများပြောသမျှ ထိုင်ကြည့်ရင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။
အထီးကျန်မှုကို သည်းမခံနိုင်သည့်အဆုံး အထက်တန်းဒုတိယနှစ် စာမေးပွဲကြီးအပြီး မိဘလောင်းရိပ်ကရုန်းထွက်ဖို့ ထယ်ယောင်း ရူးရူးမိုက်မိုက်ဆုံးဖြတ်ခဲ့ပြီး အိမ်ကထွက်ပြေးခဲ့သည်။ ကျန်ရှိသည့် သူ့ဘဝသက်တမ်းကို အထီးကျန်မှုအပြည့်ဖြင့် ဆက်မရှင်သန်လိုတော့ပြီ။
အဝတ်အပိုလေးနှစ်စုံကို ကျောပိုးအိတ်ထဲထည့်လွယ်လျှက် ထယ်ယောင်း နောက်မလှည့်စတမ်း ထွက်ပြေးလာခဲ့သည်။ မိုးတွေ အငြိုးတကြီး ရွာနေသည့်ကြားမှ သူဆက်ပြေးလွှားနေခဲ့သည်။ တစ်ကိုယ်လုံး စိုရွှဲပြီး ချမ်းတုန်လာသည်အထိ သူပြေးလွှားနေဆဲ။
ဤမျှလောက်အထိ သူကြိုးစားခဲ့သော်လည်း နှလုံးသားမဲ့လွန်းသည့် ကံတရားက သူ့ကို လွတ်မြောက်ခွင့်မပေးခဲ့။ မိုးအရမ်းသည်းပြီး ကားလမ်းတွေချော်နေခဲ့တာကြောင့် အရှိန်မထိန်းနိုင်သော ကားတစ်စီးက လူသွားစင်္ကြန်ပေါ်ပြေးလွှားနေသည့် ထယ်ယောင်းကို နောက်က ဝင်တိုက်ခဲ့သည်။
လူသွားစင်္ကြန် ပလက်ဖောင်းကို အရင်တိုက်မိပြီး အရှိန်လျှော့သွားခဲ့သော်လည်း အရှိန်လက်ကျန်ရှိသေးသည်မို့ ထယ်ယောင်း တစ်မီတာလောက်အထိ လွင့်သွားခဲ့ရသည်။ မကျမတော်ခဲ့သဖြင့် တစ်ကိုယ်လုံး ဆုံထဲထည့်ထောင်းခံရသလို အသည်းခိုက်သည်အထိ နာကျင်ခဲ့ရသည်။
နောက်ဆုံးတော့ ထယ်ယောင်း ဆေးရုံရောက်သွားခဲ့ရပြီး ကံကောင်းစွာ အသက်ရှင်ခဲ့သော်လည်း သူ့ဘဝက မိဘလောင်းရိပ်အောက် ပြန်ရောက်သွားခဲ့ရသည်။ ခြေထောက်ကို အရေးပေါ်ခွဲစိတ်ခဲ့ရပြီး လမ်းပြန်လျှောက်နိုင်ဖို့ ခြောက်လလောက်အထိ အချိန်ယူကုသခဲ့ရသည်။
အခုဆို ထယ်ယောင်းခြေထောက်တွေ အကောင်းပကတိပြန်ဖြစ်ခဲ့တာ တစ်လလောက်ရှိတော့မည်။ သို့သော် သူ့မိဘတွေက အပြင်ထွက်ခွင့်မပေးသေး။ အပြင်မှာ မိုးတွေတဖွဲဖွဲရွာနေသည်။ သိပ်လှသည့် မိုးစက်လေးများက သူ့ကို အပြင်ထွက်လာခဲ့ဖို့ ဖိတ်ခေါ်နေသလို သူခံစားရသည်။
မိုးရွာထဲ ထီးလေးတစ်ချောင်းဖြင့် လမ်းလျှောက်ထွက်ရသည့် အရသာကိုလည်း သူ မြည်းစမ်းကြည့်ချင်မိသည်။ မိခင်ဖြစ်သူကလည်း သူ့ကို အပြင်မသွားဖို့ အမိန့်ပေးနေပြီမို့ ဘာဆက်လုပ်ရမည်မသိဘဲ အိမ်အဝမှာ မတ်တပ်ရပ်လျှက်သား။
" ယောင်းလေး အမေပြောနေတာ ကြားလား။ အခုချက်ချင်း အိမ်ထဲပြန်ဝင်လာခဲ့။ အိမ်အဝမှာရပ်ပြီး အပြင်ထွက်ဖို့စဥ်းစားနေရင် အခုချက်ချင်း စဥ်းစားတာရပ်လိုက် "
Taehyung's point of view,
ကျွန်တော် အိမ်အဝမှာရပ်ပြီး အတွေးထဲမြောနေတုန်း အမေ့ဆီက အမိန့်ပေးသံ ကြားလိုက်ရပြန်တယ်။ တစ်သက်လုံး မိဘစကားကို နားထောင်လာခဲ့တဲ့ ကျွန်တော်က ဒီတစ်ကြိမ်တော့ မိုးစက်လေးတွေရဲ့ ငြိမ်းချမ်းတဲ့စကားသံတွေကို ပိုပြီးနားထောင်ချင်မိပါတယ်။
အမေ့စကားကို ကျွန်တော် မကြားဟန်ဆောင်ရင်း လက်ထဲက အနက်ရောင်ထီးလေးကို ဖွင့်လိုက်တယ်။ အမေကြားလောက်အောင် အသံကျယ်ကျယ်နဲ့ စကားတစ်ခွန်းအော်ပြောခဲ့ပြီး ထီးလေးဆောင်းရင်း မိုးရေထဲ ကျွန်တော်ထွက်လာခဲ့တော့တယ်။
" အမေ သားကို တစ်ခါလောက်ပဲ မိဘစကား လွန်ဆန်ခွင့်ပြုပါ။ အရမ်းမွန်းကြပ်လွန်းလို့ သားကို လွတ်လပ်ခွင့်လေးပေးပါ "
ကျွန်တော် ထွက်လာတာမြင်ပေမယ့် အမေက နောက်ကလိုက်မလာခဲ့ဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် ကောင်းကောင်းကြီး သိနေပါတယ်။ ကျွန်တော့်ကို အရင်လို ပြန်တင်းကြပ်မယ်ဆိုရင် ကျွန်တော် နောက်တစ်ကြိမ် အိမ်ကထွက်ပြေးသွားမှာ အမေ ကြောက်နေမိလို့ပါ။
အိမ်ကထွက်လာခဲ့ပြီး လမ်းပေါ်ရောက်လာခဲ့ချိန် မိုးရေစက်တွေကြားက လတ်ဆတ်တဲ့လေအေးတွေကို တစ်ဝကြီးရှူရှိုက်ပစ်ရင်း
ကျွန်တော့် ခန္ဓာကိုယ်ကို လန်းဆန်းစေလိုက်တယ်။ ထီးရွက်လေးပေါ် မိုးစက်လေးတွေ တဖြောက်ဖြောက်ကျသံက ကျွန်တော့်အတွက် စည်းချက်ညီညီ ဂီတသံစဥ်တစ်ခုကို နားဆင်နေရသလိုပါ။
ကားနှစ်စီးယှဥ်ပြီး ဝင်ထွက်နိုင်ရုံလောက်သာကျယ်တဲ့ ဒီလမ်းလေးက ဘေးတစ်ဖက်တစ်ချက်စီမှာ ကျောက်စီမြေထိန်းနံရံတွေက မျက်စိတစ်ဆုံးမြင်နေရတယ်။ လူနေခြံဝန်းတွေက ကုန်းမြင့်မှာရှိနေပြီး လမ်းလေးက အလယ်မှာနိမ့်ကျန်နေခဲ့တာမို့ ကုန်းမြင့်ပေါ်ကမြေတွေ လမ်းပေါ်ပြိုကျမလာလာအောင် ကျောက်စီနံရံတွေနဲ့ ထိန်းထားရတယ်လေ။
ကျွန်တော်တို့လမ်းကြားလေးမှာ ကျောက်စီနံရံတွေကလွဲလို့ အခြားကြည့်စရာမရှိတာမို့ ကုန်းအောက်ဘက်ကို ဆက်ဆင်းလာခဲ့တယ်။ လမ်းမထက် သက်ဆင်းလာခဲ့ရတဲ့ မိုးရေစက်လေးတွေကလည်း ကျွန်တော့်ကို အဖော်ပြုပေးဖို့ ကုန်းမြင့်ပေါ်က အတူလိုက်ဆင်းလာခဲ့တယ်။
အနိမ့်ပိုင်းဆီက ပင့်တိုက်လာခဲ့တဲ့ လေနုအေးတွေကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ချမ်းတုန်သွားတတ်ပေမယ့် ဒါကိုပဲ ကျွန်တော် သဘောကျမိနေတယ်။ လေအေးတွေ ရှူသွင်းရလွန်းလို့ ကျွန်တော့်နှာခေါင်းဖျားလေးတွေတောင် နီရဲနေလောက်ပြီထင်ရဲ့။
ကားလမ်းမကြီးနဲ့ နီးသထက်နီးလာတော့ လမ်းလေးက တဖြည်းဖြည်းပြေပြစ်လာခဲ့ပြီး ကားလမ်းမပေါ် ကားတွေသွားလာနေတာကို မြင်နိုင်လောက်တဲ့နေရာကစလို့ ရေပြင်ညီအနေအထားဖြစ်သွားခဲ့တယ်။ လမ်းကြားလေးရဲ့အဆုံးကို ရောက်လာခဲ့ချိန် ကားလမ်းမကြီးဘေးက လူသွားစင်္ကြန်လမ်းဆီ ချိုးကွေ့ပြီး ရှေ့ဆက်လျှောက်လာခဲ့တယ်။
Advertisement
မိုးရွာနေချိန်မို့ လူသွားစင်္ကြန်လမ်းပေါ်မှာ သူသွားလူလာ တစ်ယောက်နှစ်ယောက်ထပ် ပိုမရှိ။ စင်္ကြန်လမ်းဘေးက ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်အချို့မှာတော့ မိုးခိုရင်း ဆိုင်ကရောင်းတာတစ်ခုခု မှာစားနေကြသူတွေ ရှိနေခဲ့တယ်။
ဘာလိုလိုနဲ့ ကျွန်တော် ကင်ထယ်ယောင်းက ကားမှတ်တိုင်လေးတစ်ခုဆီရောက်လာခဲ့တယ်။ ကားမှတ်တိုင်က ခုံတန်းရှည်လေးမှာတော့ ကားစောင့်နေသူအချို့ ရှိနေခဲ့တယ်။ ကျွန်တော်လည်း ကားမှတ်တိုင်ဘေးက သစ်ပင်ကြီးတစ်ပင်အောက်မှာ ခဏရပ်ရင်း လမ်းမထက် ဥဒဟိုသွားလာနေတဲ့ ကားမျိုးစုံကို ငေးမောကြည့်မိတယ်။
ကျွန်တော် အိမ်ကထွက်ပြေးခဲ့တုန်းက ပလက်ဖောင်းပေါ်အထိ ကားတက်တိုက်ခဲ့တာ သတိရမိပြန်တော့ စိတ်ထဲနည်းနည်းထင့်လာပြီး နောက်ကိုပြန်ဆုတ်မိတယ်။ ဒီအချိန် လေက ခပ်သော့သော့ကလေးတိုက်လာတာကြောင့် သစ်ရွက်ပေါ်တင်နေတဲ့ ရေစက်တွေက အောက်ဘက်ကိုကျဆင်းလာခဲ့ပြီး သစ်ပင်အောက်မှာရပ်နေတဲ့ ကျွန်တော့်ရဲ့ထီးရွက်ပေါ် တပေါက်ပေါက်ကျလာခဲ့တယ်။
ကျွန်တော်ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ဂျပန် animeတစ်ခုမှာတော့ totoro က သူ့ထီးရွက်ပေါ် မိုးစက်လေးတွေ တပေါက်ပေါက်ကျလာလို့ သဘောကျပြီး ထအော်ခဲ့တယ်။ မိုးစက်လေးတွေ ထီးပေါ်ထပ်ကျလာဖို့ မြေပြင်တုန်ခါအောင် ခုန်ဆွခုန်ဆွလုပ်ရင်းနဲ့လေ။
ကျွန်တော်လည်း သူ့လို ဝမ်းသာအားရအော်ပြီး ထခုန်ချင်မိပေမယ့် လူမြင်ကွင်းမှာမို့ ရှက်နေမိခဲ့တယ်။ ဒီအကြံကိုစွန့်လွှတ်ပြီး ကားလမ်းမဆီ အကြည့်ပြန်ရောက်သွားတော့ ကားလမ်းတစ်ဖက်ခြမ်းမှာ ပန်းခြံလေးတစ်ခုကို လှမ်းတွေ့လိုက်ရတယ်။
မိုးနဲ့အတူပါလာတဲ့ ခပ်သော့သော့လေညင်းလေးတွေကြောင့် ပန်းခြံထဲက သစ်ပင်ငယ်အချို့ စည်းချက်ညီညီ ယိမ်းနွဲ့ကခုန်နေတာကို ကျွန်တော်မြင်နေရတယ်။ မိုးစက်လေးတွေကို သဘောကျတတ်တဲ့ ရာသီပန်းအချို့ကတော့ မိုးရွာတာကို သဘောကျနေလိမ့်မယ်ထင်ရဲ့။
ဒီမြင်ကွင်းလေးကို ကျွန်တော် သဘောကျမိပေမယ့် ပန်းခြံလေးထဲသွားဖို့တော့ လုံးဝစိတ်မကူးခဲ့မိဘူး။ ဘာလို့ဆို ပန်းခြံလိုနေရာမျိုးကိုသွားဖို့ ကျွန်တော့်မှာ မိတ်ဆွေသူငယ်ချင်း၊ ဒါမှမဟုတ် ချစ်သူတစ်ယောက်ယောက် ရှိသင့်တယ်လို့ ကျွန်တော် ယူဆမိတယ်လေ။
ကားလမ်းတစ်ဖက်ခြမ်းက ပန်းခြံလေးဆီ အကြည့်ရောက်ပြီးတဲ့နောက် ကျွန်တော့်မျက်လုံးတွေက ကားမှတ်တိုင်နေရာလေးဆီ ပြန်ရောက်ခဲ့ပြန်တယ်။ ခုနက ကျွန်တော် ကားလမ်းမဆီ ငေးမောကြည့်နေတုန်း ဘတ်စ်ကားတစ်စီး ရပ်ပြီးပြန်ထွက်သွားတာ မြင်လိုက်ရတော့ ကားမှတ်တိုင်မှာ လူမရှိလောက်တော့ဘူး ထင်လိုက်မိတယ်။
ဒါပေမယ့် ကျွန်တော့်အထင် မှားသွားခဲ့တယ်။ ကားမှတ်တိုင်က ခုံတန်းရှည်လေးပေါ်မှာ ကျွန်တော့်အရွယ်ကောင်လေးတစ်ယောက် ကားဆက်စောင့်နေတာ တွေ့လိုက်ရလို့လေ။ သူဝတ်ထားတဲ့ ကျောင်းဝတ်စုံကိုကြည့်ရင် သူက အထက်တန်းကျောင်းသားတစ်ယောက်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်တယ်။
ကျွန်တော်လည်း နောက်စာသင်နှစ်ဆို အထက်တန်းနောက်ဆုံးနှစ် တက်ရမယ့်သူမို့ သူနဲ့ အတန်းတူချင်တူနေမှာပဲ။ သူနဲ့အတူ သူငယ်ချင်းလည်း မတွေ့ရတာမို့ သူလည်း ကျွန်တော့်လိုပဲ သူငယ်ချင်းမရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူငယ်ချင်းရှိပြီး ပြန်ရမယ့်လမ်းမတူလို့ တစ်ယောက်တည်းဖြစ်နေတာများလား။
ဒီလိုတွေတွေးမိနေတာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်လည်း ပြန်ပြီးအံ့သြမိတယ်။ အခုမှတွေ့ရတဲ့ လူတစ်ယောက်အကြောင်း ဘာလို့ လိုက်စဥ်းစားနေမိပါလိမ့်ပေါ့။ ပြီးတော့ အရွယ်ရောက်နေတဲ့ ကျွန်တော်က ရွယ်တူယောက်ျားလေး တစ်ယောက်အကြောင်း
လိုက်တွေးနေမိတယ်ဆိုတော့..။
ကျွန်တော့်အတွေးတွေက ပိုသည်းသည်းမည်းမည်း ရွာချလာပြန်တဲ့ မိုးနဲ့အတူ ခဏတာရပ်တန့်သွားခဲ့ရတယ်။ အရင်ကထက် ပိုသည်းလာတဲ့မိုးကြောင့် ထီးလေးတစ်ချောင်းက ကျွန်တော့်တစ်ကိုယ်လုံးလုံဖို့ မစွမ်းသာတော့တာမို့ ကားမှတ်တိုင်းလေးရဲ့ အမိုးအောက်ကို ပြေးဝင်ခိုလှုံလိုက်ရတယ်။
မိုးစက်တွေရဲ့ ဦးတည်ရာက ကားမှတ်တိုင်လေးရဲ့ အကာအရံရှိရာ နောက်ကျောဘက်ဆီကမို့ မိုးပက်တဲ့ဒဏ်ကပါ ကာကွယ်ပေးထားခဲ့တယ်။ အခုတော့ ကားမှတ်တိုင်က ခုံတန်းရှည်လေးပေါ်မှာ ကျွန်တော်နဲ့ အမည်မသိ ဟိုကောင်လေးက ဘေးချင်းယှဥ်လျှက်သား အတူထိုင်လို့ပေါ့။
နှစ်ယောက်ကြား အကွာအဝေးက တစ်မီတာလောက်သာရှိတော့တာမို့ သူ့မျက်နှာကို ကျွန်တော် သေချာမြင်လာရတယ်။ ဘေးတစ်စောင်း အနေအထားမှာတောင် သူ့မျက်နှာက အတော်လေးကြည့်ကောင်းနေခဲ့တယ်လေ။ အို..ကျွန်တော် ဘာတွေထပ်တွေးမိပြန်ပါ့လိမ့်။
ဒီလိုဆိုပြီး ကျွန်တော် သူ့ကိုမကြည့်ဘဲ နေကြည့်ပေမယ့် အချိန်တန်တော့ ပြန်ကြည့်မိသွားခဲ့တယ်။ အတန်အသင့် ထူထဲနက်မှောင်တဲ့ မျက်ခုံးလေးတွေနဲ့ ဘေးတိုက်ကြည့်တာတောင် သိသာလွန်းနေတဲ့ ဝိုင်းစက်စက်မျက်ဝန်းတွေ။ ဆံပင်အလယ်ခွဲကို သေသေသပ်သပ်ဖြီးသင်ထားပြီး နဖူးပေါ်အုပ်ကျနေတဲ့ ဆံပင်အုပ်နှစ်ခြမ်းကြား လှစ်ဟမြင်နေရတဲ့ ဖြူဖြူသန့်သန့် နဖူးပြင်တစ်စိတ်တစ်ပိုင်း။
ပြီးတော့ ဖြောင့်စင်းနေတဲ့ နှာတံလေးတွေနဲ့ လှိုင်းတွန့်သဏ္ဍာန် နှုတ်ခမ်းလေးနှစ်လွှာ။ ဒီအရာတွေကို ကြည့်လိုက်တာနဲ့တင် သူ့ မျက်နှာကို ရှေ့တည့်တည့်က မမြင်ရသေးတာတောင် ချောမောလွန်းသူတစ်ယောက်မှန်း ကျွန်တော် တန်းပြီးသိလိုက်တယ်။
နားကြပ်နှစ်ဖက်ကိုတပ် သီချင်းနားထောင်ရင်း ဘတ်စ်ကားအလာကို စောင့်နေတဲ့သူက ကျွန်တော် သူ့မျက်နှာကို ကြည့်နေမိတဲ့အကြောင်း သိသေးပုံမရပါဘူး။ ဘာရယ်ကြောင့်မှန်းမသိ သူ့ကိုမြင်မြင်ချင်း ခင်မင်လာမိတဲ့ကျွန်တော်က သူနဲ့မိတ်ဆက်ဖို့ အကြံဖြစ်မိတယ်။
ဒါပေမယ့် ကံတရားက ကျွန်တော့်ဘက်မပါခဲ့ဘူး။ ရုတ်တရက်ကြီး မှတ်တိုင်ဆီဆိုက်ရောက်လာတဲ့ ဘတ်စ်ကားကြောင့် ကျွန်တော် သူ့ကိုစကားပြောဖို့ အခွင့်အရေးမရခဲ့ဘူးလေ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ တစ်နေ့မဟုတ် တစ်နေ့တော့ မျက်လုံးဝိုင်းလေးနဲ့ ဒီကောင်လေးကို သူငယ်ချင်းအဖြစ် မိတ်ဆက်နိုင်မှာပါ။
~~~~~xxxxx~~~~~
ကားမှတ်တိုင်က မျက်လုံးဝိုင်းလေးနှင့်တွေ့ပြီး နောက်တစ်နေ့။ မိခင်ဖြစ်သူ တားနေတဲ့ကြားမှ ထယ်ယောင်း ထီးလေးဆောင်းရင်း မိုးရွာထဲထပ်ထွက်လာခဲ့ပြန်သည်။ ကတ္တရာလမ်းပေါ် ပြေးလွှားခုန်ပေါက်နေသည့် မိုးရေစက်လေးတွေမြင်တော့ သူလည်း မိုးစက်လေးတွေလို ပြေးလွှားခုန်ပေါက်ပြီး ကစားချင်မိသည်။ သို့သော် သူက အရွယ်ရောက်နေပြီမို့ ကလေးဆန်ဆန်တွေလုပ်ဖို့ ရှက်တတ်လာသည်။
ဒီနေ့တော့ ထီးရွက်လေးပေါ် မိုးစက်လေးတွေ တဖြောက်ဖြောက်ကျသံက ထယ်ယောင်း ရင်ခုန်သံလောက်တော့ ကျယ်မည်မထင်ပါ။ မျက်လုံးဝိုင်းဝိုင်းနှင့် ဟိုကောင်လေးကို ပြန်တွေ့ရမလားဆိုသော မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားနေသော သူက ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့သည်လေ။
သူ့ကိုတွေ့ရဖို့ စိတ်လှုပ်ရှားလွန်းတာကြောင့် ပုံမှန်လမ်းလျှောက်နေရသည်ကိုပင် သူအားမရနိုင်တော့။ ခြေတစ်လှမ်းနောက်ကျလျှင် ဟိုကောင်လေးနှင့် လွဲသွားမှာစိုးရိမ်သည့်စိတ်ကြောင့် မပြေးရုံတမယ် ခပ်သွက်သွက်ခြေလှမ်းတို့ဖြင့် ထယ်ယောင်း ဆက်လျှောက်လာခဲ့သည်။
Advertisement
ခြေလှမ်းတွေ သွက်လွန်း၍ထင်သည်။ ထယ်ယောင်း၏ ဘောင်းဘီအောက်ပိုင်းတစ်ခုလုံး လမ်းမပေါ်က ရေစက်လေးတွေတက်စင်ပြီး စိုစွတ်ကုန်သည်။ သူ့အတွက်က ဘောင်းဘီစိုသည်ထက် ဟိုကောင်လေးနှင့်ဆုံဖို့ ပိုအရေးကြီးနေ၍ ဘောင်းဘီစိုတသည်ကိုလည်း ဂရုမစိုက်အားခဲ့။
နောက်ဆုံးတော့ မနေ့က ကားမှတ်တိုင်နေရာလေးဆီ ရောက်လာခဲ့သည်။ ခုံတန်းရှည်လေးပေါ် လှမ်းကြည့်လိုက်တော့ ဟိုကောင်လေး ထိုင်နေသည်ကို အဆင်သင့်တွေ့ရသဖြင့် ထယ်ယောင်း ထီပေါက်သလို ပျော်ရွှင်သွားခဲ့သည်။။ ဒီနေ့တော့ သူ့ကို ကျိန်းသေပေါက် မိတ်ဆက်စကားသွားပြောရမည်။
ဒီလိုအတွေးဖြင့် ကားမှတ်တိုင်ကခုံတန်းလေးဆီ အပြေးလာမိတော့ ဘတ်စ်ကားလာတာမြင်ပြီး ကားစီးဖို့ ထိုင်ရာကထလာတဲ့ ကောင်လေးကို ထယ်ယောင်း ဝင်တိုက်လိုက်မိသည်။ သူက ထယ်ယောင်းထက် ပိုကြံ့ခိုင်တာကြောင့် တိုက်မိသည့်အချိန် ထယ်ယောင်း ဖင်ထိုင်လျက်လဲကျပြီး လက်ထဲကထီးလည်း လွတ်ကျသွားခဲ့ရသည်။။ အငြိုးတကြီးရွာချနေသည့် မိုးရေစက်များက သူ့တစ်ကိုယ်လုံးကို စိုစွတ်သွားစေသည်။
" အာ..sorryနော်။ ကျွန်တော် မမြင်လိုက်မိတာ တောင်းပန်ပါတယ်။ ဘတ်စ်ကားရပ်နေပြီဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ရိုင်းသလိုဖြစ်သွားရင်လည်း စိတ်မရှိပါနဲ့နော် "
ဒီလိုပြောပြီး ဘတ်စ်ကားပေါ် ပြေးတက်သွားခဲ့သော မျက်လုံးဝိုင်းဝိုင်းကောင်လေး။ ဘတ်စ်ကားထွက်သွားသည့် မြင်ကွင်းကို ဒီနေ့မှဘာလို့ သူနှမျောတသဖြစ်သလို ခံစားနေရပါလိမ့်။ ထူပေးမည့်သူ မရှိတော့သည်မို့ ထယ်ယောင်း ကိုယ့်ဘာသာ မရမကထရင်း ထီးလေးပြန်ဆောင်းလိုက်သည်။
လဲကျသည့်အရှိန် သိပ်မပြင်းတာကြောင့် ထူးထူးထွေထွေ ထိခိုက်သွားတာမရှိသော်လည်း ထီးလွတ်ကျသည့်အချိန် မိုးရေတွေစိုသွားသဖြင့် ထယ်ယောင်းတစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်လာခဲ့သည်။ ဒီနေ့လည်း ဟိုကောင်လေးကို မိတ်ဆက်ခွင့်မရခဲ့ပြန်၍ ထယ်ယောင်း အိမ်တန်းပြန်လာခဲ့သည်။။
တစ်ကိုယ်လုံး မိုးရေတွေစိုလာတာမြင်လျှင် အမေက ထပ်ဆူဦးမည်ထင်သည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ အမေဆူလည်း အဆူခံလိုက်ရုံ။ သူ အိမ်ကထွက်ပြေးတာမျိုး ထပ်မကြုံရအောင် အဖေတို့ အမေတို့ တဖြည်းဖြည်း အလျှော့ပေးလာတာမို့ အပြင်ထွက်ခွင့်ပိတ်တာမျိုးတော့ ထပ်လုပ်ရဲမည်မဟုတ်။
ဒီနေ့ မိတ်ဆက်ခွင့်မရလည်း နောက်နေ့တွေအတွက် အခွင့်အရေးရှိနိုင်ပါသေးတယ်။ ဟိုကောင်လေးရေ ငါတော့ မင်းနဲ့မိတ်ဆက်ခွင့်ရဖို့ နောက်တစ်ကြိမ် ထပ်ကြိုးစားရဦးမယ်။ တစ်နေ့နေ့တော့ မင်းက ငါ့ဘဝရဲ့ ပထမဆုံးသူငယ်ချင်း ဖြစ်လာစေရမယ် မျက်လုံးဝိုင်းလေးရေ။
~~~~~
Unicode - 3099 words
Zawgyi -
" ေယာင္းေလး အျပင္မွာမိုးေတြ႐ြာေနတာကို ဘာလို႔ အျပင္ထြက္ဖို႔ လုပ္ေနရတာလဲ။ မိုးမိရင္ ဖ်ားနာေနဦးမယ္ "
႐ိုးအီေနခဲ့ၿပီျဖစ္ေသာ မိခင္ျဖစ္သူ၏ စိုးရိမ္တႀကီးစကားသံ။ အရာရာတိုင္းကို လိုက္စိုးရိမ္ေနတတ္ေသာ မိခင္၏အုပ္ထိန္းမႈက ထယ္ေယာင္းအတြက္ ၿငီးေငြ႕ဖြယ္ေကာင္းေနခဲ့သည္။ အရာရာမွာ အစိုးရိမ္လြန္ၿပီး ကန္႔သတ္ခ်ဳပ္ျခယ္လြန္းသည္မို႔ ထယ္ေယာင္းဘဝက ေလွာင္အိမ္ထဲက ငွက္ကေလးတစ္ေကာင္လို ျဖစ္ခဲ့ရသည္။
အေပါင္းအသင္းမမွားဖို႔ တဖြဖြဆုံးမရင္း သူ႕အနားက သူယ္ခ်င္းေတြအေၾကာင္း က အစ အ အဆုံး လိုက္ေမးတတ္ေသာ သူ႕မိဘေတြေၾကာင့္ ထယ္ေယာင္း သူငယ္ခ်င္းမထားျဖစ္ခဲ့သည္မွာလည္း အလယ္တန္း စတက္ခ်ိန္ကတည္းကပင္။ တစ္ေယာက္တည္း သီးသန္႔ေနပါမ်ားလာေတာ့ သူ႕ဘဝက တျဖည္းျဖည္း အထီးက်န္လာခဲ့သည္။
သူႏွင့္ သက္တူ႐ြယ္တူ ေက်ာင္းသားမ်ားက သူငယ္ခ်င္းႏွင့္ အတူသြား အတူစားရင္း ျပဳံးေပ်ာ္ခြင့္ရေနခ်ိန္တြင္ ထယ္ေယာင္းဘဝက ဆက္ၿပီးအထီးက်န္ေနဆဲ။ ဤသို႔တိုင္ သူငယ္ခ်င္းတစ္ေယာက္႐ွိလာဖို႔ ထယ္ေယာင္း စိတ္မကူးရဲေသး။ သူ႕မိဘေတြဆီ အမႈစစ္သလို အစစ္ခံရမည့္အေရးေၾကာင့္ သူငယ္ခ်င္းျဖစ္လာမည့္ တစ္စုံတစ္ေယာက္ကို သူအားနာေနမိသည္။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် သူ႕ဘဝက ပိုပိုၿပီး အထီးက်န္အေဖာ္မဲ့လာသည္။ အထက္တန္းစတက္ခ်ိန္ ဖုန္းကိုင္ခြင့္ရလာေသာ္လည္း ဆက္ရမည့္သူမ႐ွိ၍ ဖုန္းတစ္လုံးကလည္း အပိုပစၥည္းတစ္ခုျဖစ္လာခဲ့သည္။ မျဖစ္မေနသိရမည့္ ေက်ာင္းကိစၥအခ်ိဳ႕ေၾကာင့္ Social accountဖြင့္ၿပီး ေက်ာင္းသား Chat groupထဲ ဝင္ခဲ့ေသာ္လည္း သူမ်ားေျပာသမွ် ထိုင္ၾကည့္ရင္းျဖင့္သာ အခ်ိန္ကုန္ခဲ့သည္။
အထီးက်န္မႈကို သည္းမခံႏိုင္သည့္အဆုံး အထက္တန္းဒုတိယႏွစ္ စာေမးပြဲႀကီးအၿပီး မိဘေလာင္းရိပ္က႐ုန္းထြက္ဖို႔ ထယ္ေယာင္း ႐ူး႐ူးမိုက္မိုက္ဆုံးျဖတ္ခဲ့ၿပီး အိမ္ကထြက္ေျပးခဲ့သည္။ က်န္႐ွိသည့္ သူ႕ဘဝသက္တမ္းကို အထီးက်န္မႈအျပည့္ျဖင့္ ဆက္မ႐ွင္သန္လိုေတာ့ၿပီ။
အဝတ္အပိုေလးႏွစ္စုံကို ေက်ာပိုးအိတ္ထဲထည့္လြယ္လွ်က္ ထယ္ေယာင္း ေနာက္မလွည့္စတမ္း ထြက္ေျပးလာခဲ့သည္။ မိုးေတြ အၿငိဳးတႀကီး ႐ြာေနသည့္ၾကားမွ သူဆက္ေျပးလႊားေနခဲ့သည္။ တစ္ကိုယ္လုံး စို႐ႊဲၿပီး ခ်မ္းတုန္လာသည္အထိ သူေျပးလႊားေနဆဲ။
ဤမွ်ေလာက္အထိ သူႀကိဳးစားခဲ့ေသာ္လည္း ႏွလုံးသားမဲ့လြန္းသည့္ ကံတရားက သူ႕ကို လြတ္ေျမာက္ခြင့္မေပးခဲ့။ မိုးအရမ္းသည္းၿပီး ကားလမ္းေတြေခ်ာ္ေနခဲ့တာေၾကာင့္ အ႐ွိန္မထိန္းႏိုင္ေသာ ကားတစ္စီးက လူသြားစၤၾကန္ေပၚေျပးလႊားေနသည့္ ထယ္ေယာင္းကို ေနာက္က ဝင္တိုက္ခဲ့သည္။
လူသြားစႀကၤန္ ပလက္ေဖာင္းကို အရင္တိုက္မိၿပီး အ႐ွိန္ေလွ်ာ့သြားခဲ့ေသာ္လည္း အ႐ွိန္လက္က်န္႐ွိေသးသည္မို႔ ထယ္ေယာင္း တစ္မီတာေလာက္အထိ လြင့္သြားခဲ့ရသည္။ မက်မေတာ္ခဲ့သျဖင့္ တစ္ကိုယ္လုံး ဆုံထဲထည့္ေထာင္းခံရသလို အသည္းခိုက္သည္အထိ နာက်င္ခဲ့ရသည္။
ေနာက္ဆုံးေတာ့ ထယ္ေယာင္း ေဆး႐ုံေရာက္သြားခဲ့ရၿပီး ကံေကာင္းစြာ အသက္႐ွင္ခဲ့ေသာ္လည္း သူ႕ဘဝက မိဘေလာင္းရိပ္ေအာက္ ျပန္ေရာက္သြားခဲ့ရသည္။ ေျခေထာက္ကို အေရးေပၚခြဲစိတ္ခဲ့ရၿပီး လမ္းျပန္ေလွ်ာက္ႏိုင္ဖို႔ ေျခာက္လေလာက္အထိ အခ်ိန္ယူကုသခဲ့ရသည္။
အခုဆို ထယ္ေယာင္းေျခေထာက္ေတြ အေကာင္းပကတိျပန္ျဖစ္ခဲ့တာ တစ္လေလာက္႐ွိေတာ့မည္။ သို႔ေသာ္ သူ႕မိဘေတြက အျပင္ထြက္ခြင့္မေပးေသး။ အျပင္မွာ မိုးေတြတဖြဲဖြဲ႐ြာေနသည္။ သိပ္လွသည့္ မိုးစက္ေလးမ်ားက သူ႕ကို အျပင္ထြက္လာခဲ့ဖို႔ ဖိတ္ေခၚေနသလို သူခံစားရသည္။
မိုး႐ြာထဲ ထီးေလးတစ္ေခ်ာင္းျဖင့္ လမ္းေလွ်ာက္ထြက္ရသည့္ အရသာကိုလည္း သူ ျမည္းစမ္းၾကည့္ခ်င္မိသည္။ မိခင္ျဖစ္သူကလည္း သူ႕ကို အျပင္မသြားဖို႔ အမိန္႔ေပးေနၿပီမို႔ ဘာဆက္လုပ္ရမည္မသိဘဲ အိမ္အဝမွာ မတ္တပ္ရပ္လွ်က္သား။
" ေယာင္းေလး အေမေျပာေနတာ ၾကားလား။ အခုခ်က္ခ်င္း အိမ္ထဲျပန္ဝင္လာခဲ့။ အိမ္အဝမွာရပ္ၿပီး အျပင္ထြက္ဖို႔စဥ္းစားေနရင္ အခုခ်က္ခ်င္း စဥ္းစားတာရပ္လိုက္ "
Taehyung's point of view,
ကြၽန္ေတာ္ အိမ္အဝမွာရပ္ၿပီး အေတြးထဲေျမာေနတုန္း အေမ့ဆီက အမိန္႔ေပးသံ ၾကားလိုက္ရျပန္တယ္။ တစ္သက္လုံး မိဘစကားကို နားေထာင္လာခဲ့တဲ့ ကြၽန္ေတာ္က ဒီတစ္ႀကိမ္ေတာ့ မိုးစက္ေလးေတြရဲ႕ ၿငိမ္းခ်မ္းတဲ့စကားသံေတြကို ပိုၿပီးနားေထာင္ခ်င္မိပါတယ္။
အေမ့စကားကို ကြၽန္ေတာ္ မၾကားဟန္ေဆာင္ရင္း လက္ထဲက အနက္ေရာင္ထီးေလးကို ဖြင့္လိုက္တယ္။ အေမၾကားေလာက္ေအာင္ အသံက်ယ္က်ယ္နဲ႔ စကားတစ္ခြန္းေအာ္ေျပာခဲ့ၿပီး ထီးေလးေဆာင္းရင္း မိုးေရထဲ ကြၽန္ေတာ္ထြက္လာခဲ့ေတာ့တယ္။
" အေမ သားကို တစ္ခါေလာက္ပဲ မိဘစကား လြန္ဆန္ခြင့္ျပဳပါ။ အရမ္းမြန္းၾကပ္လြန္းလို႔ သားကို လြတ္လပ္ခြင့္ေလးေပးပါ "
ကြၽန္ေတာ္ ထြက္လာတာျမင္ေပမယ့္ အေမက ေနာက္ကလိုက္မလာခဲ့ဘူး။ ဘာေၾကာင့္လဲဆိုတာေတာ့ ကြၽန္ေတာ္ ေကာင္းေကာင္းႀကီး သိေနပါတယ္။ ကြၽန္ေတာ္႕ကို အရင္လို ျပန္တင္းၾကပ္မယ္ဆိုရင္ ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္ အိမ္ကထြက္ေျပးသြားမွာ အေမ ေၾကာက္ေနမိလို႔ပါ။
အိမ္ကထြက္လာခဲ့ၿပီး လမ္းေပၚေရာက္လာခဲ့ခ်ိန္ မိုးေရစက္ေတြၾကားက လတ္ဆတ္တဲ့ေလေအးေတြကို တစ္ဝႀကီး႐ွဴ႐ိႈက္ပစ္ရင္း
ကြၽန္ေတာ္႕ ခႏၶာကိုယ္ကို လန္းဆန္းေစလိုက္တယ္။ ထီး႐ြက္ေလးေပၚ မိုးစက္ေလးေတြ တေျဖာက္ေျဖာက္က်သံက ကြၽန္ေတာ္႕အတြက္ စည္းခ်က္ညီညီ ဂီတသံစဥ္တစ္ခုကို နားဆင္ေနရသလိုပါ။
ကားႏွစ္စီးယွဥ္ၿပီး ဝင္ထြက္ႏိုင္႐ုံေလာက္သာက်ယ္တဲ့ ဒီလမ္းေလးက ေဘးတစ္ဖက္တစ္ခ်က္စီမွာ ေက်ာက္စီေျမထိန္းနံရံေတြက မ်က္စိတစ္ဆုံးျမင္ေနရတယ္။ လူေနျခံဝန္းေတြက ကုန္းျမင့္မွာ႐ွိေနၿပီး လမ္းေလးက အလယ္မွာနိမ့္က်န္ေနခဲ့တာမို႔ ကုန္းျမင့္ေပၚကေျမေတြ လမ္းေပၚၿပိဳက်မလာလာေအာင္ ေက်ာက္စီနံရံေတြနဲ႔ ထိန္းထားရတယ္ေလ။
ကြၽန္ေတာ္တို႔လမ္းၾကားေလးမွာ ေက်ာက္စီနံရံေတြကလြဲလို႔ အျခားၾကည့္စရာမ႐ွိတာမို႔ ကုန္းေအာက္ဘက္ကို ဆက္ဆင္းလာခဲ့တယ္။ လမ္းမထက္ သက္ဆင္းလာခဲ့ရတဲ့ မိုးေရစက္ေလးေတြကလည္း ကြၽန္ေတာ္႕ကို အေဖာ္ျပဳေပးဖို႔ ကုန္းျမင့္ေပၚက အတူလိုက္ဆင္းလာခဲ့တယ္။
အနိမ့္ပိုင္းဆီက ပင့္တိုက္လာခဲ့တဲ့ ေလႏုေအးေတြေၾကာင့္ ကြၽန္ေတာ္႕တစ္ကိုယ္လုံး ခ်မ္းတုန္သြားတတ္ေပမယ့္ ဒါကိုပဲ ကြၽန္ေတာ္ သေဘာက်မိေနတယ္။ ေလေအးေတြ ႐ွဴသြင္းရလြန္းလို႔ ကြၽန္ေတာ္႕ႏွာေခါင္းဖ်ားေလးေတြေတာင္ နီရဲေနေလာက္ၿပီထင္ရဲ႕။
ကားလမ္းမႀကီးနဲ႔ နီးသထက္နီးလာေတာ့ လမ္းေလးက တျဖည္းျဖည္းေျပျပစ္လာခဲ့ၿပီး ကားလမ္းမေပၚ ကားေတြသြားလာေနတာကို ျမင္ႏိုင္ေလာက္တဲ့ေနရာကစလို႔ ေရျပင္ညီအေနအထားျဖစ္သြားခဲ့တယ္။ လမ္းၾကားေလးရဲ႕အဆုံးကို ေရာက္လာခဲ့ခ်ိန္ ကားလမ္းမႀကီးေဘးက လူသြားစႀကၤန္လမ္းဆီ ခ်ိဳးေကြ႕ၿပီး ေ႐ွ႕ဆက္ေလွ်ာက္လာခဲ့တယ္။
မိုး႐ြာေနခ်ိန္မို႔ လူသြားစႀကၤန္လမ္းေပၚမွာ သူသြားလူလာ တစ္ေယာက္ႏွစ္ေယာက္ထပ္ ပိုမ႐ွိ။ စႀကၤန္လမ္းေဘးက ေကာ္ဖီဆိုင္နဲ႔ စားေသာက္ဆိုင္အခ်ိဳ႕မွာေတာ့ မိုးခိုရင္း ဆိုင္ကေရာင္းတာတစ္ခုခု မွာစားေနၾကသူေတြ ႐ွိေနခဲ့တယ္။
ဘာလိုလိုနဲ႔ ကြၽန္ေတာ္ ကင္ထယ္ေယာင္းက ကားမွတ္တိုင္ေလးတစ္ခုဆီေရာက္လာခဲ့တယ္။ ကားမွတ္တိုင္က ခုံတန္း႐ွည္ေလးမွာေတာ့ ကားေစာင့္ေနသူအခ်ိဳ႕ ႐ွိေနခဲ့တယ္။ ကြၽန္ေတာ္လည္း ကားမွတ္တိုင္ေဘးက သစ္ပင္ႀကီးတစ္ပင္ေအာက္မွာ ခဏရပ္ရင္း လမ္းမထက္ ဥဒဟိုသြားလာေနတဲ့ ကားမ်ိဳးစုံကို ေငးေမာၾကည့္မိတယ္။
ကြၽန္ေတာ္ အိမ္ကထြက္ေျပးခဲ့တုန္းက ပလက္ေဖာင္းေပၚအထိ ကားတက္တိုက္ခဲ့တာ သတိရမိျပန္ေတာ့ စိတ္ထဲနည္းနည္းထင့္လာၿပီး ေနာက္ကိုျပန္ဆုတ္မိတယ္။ ဒီအခ်ိန္ ေလက ခပ္ေသာ့ေသာ့ကေလးတိုက္လာတာေၾကာင့္ သစ္႐ြက္ေပၚတင္ေနတဲ့ ေရစက္ေတြက ေအာက္ဘက္ကိုက်ဆင္းလာခဲ့ၿပီး သစ္ပင္ေအာက္မွာရပ္ေနတဲ့ ကြၽန္ေတာ္႕ရဲ႕ထီး႐ြက္ေပၚ တေပါက္ေပါက္က်လာခဲ့တယ္။
ကြၽန္ေတာ္ငယ္ငယ္က ၾကည့္ဖူးခဲ့တဲ့ ဂ်ပန္ animeတစ္ခုမွာေတာ့ totoro က သူ႕ထီး႐ြက္ေပၚ မိုးစက္ေလးေတြ တေပါက္ေပါက္က်လာလို႔ သေဘာက်ၿပီး ထေအာ္ခဲ့တယ္။ မိုးစက္ေလးေတြ ထီးေပၚထပ္က်လာဖို႔ ေျမျပင္တုန္ခါေအာင္ ခုန္ဆြခုန္ဆြလုပ္ရင္းနဲ႔ေလ။
ကြၽန္ေတာ္လည္း သူ႕လို ဝမ္းသာအားရေအာ္ၿပီး ထခုန္ခ်င္မိေပမယ့္ လူျမင္ကြင္းမွာမို႔ ႐ွက္ေနမိခဲ့တယ္။ ဒီအၾကံကိုစြန္႔လႊတ္ၿပီး ကားလမ္းမဆီ အၾကည့္ျပန္ေရာက္သြားေတာ့ ကားလမ္းတစ္ဖက္ျခမ္းမွာ ပန္းျခံေလးတစ္ခုကို လွမ္းေတြ႕လိုက္ရတယ္။
မိုးနဲ႔အတူပါလာတဲ့ ခပ္ေသာ့ေသာ့ေလညင္းေလးေတြေၾကာင့္ ပန္းျခံထဲက သစ္ပင္ငယ္အခ်ိဳ႕ စည္းခ်က္ညီညီ ယိမ္းႏြဲ႕ကခုန္ေနတာကို ကြၽန္ေတာ္ျမင္ေနရတယ္။ မိုးစက္ေလးေတြကို သေဘာက်တတ္တဲ့ ရာသီပန္းအခ်ိဳ႕ကေတာ့ မိုး႐ြာတာကို သေဘာက်ေနလိမ့္မယ္ထင္ရဲ႕။
ဒီျမင္ကြင္းေလးကို ကြၽန္ေတာ္ သေဘာက်မိေပမယ့္ ပန္းျခံေလးထဲသြားဖို႔ေတာ့ လုံးဝစိတ္မကူးခဲ့မိဘူး။ ဘာလို႔ဆို ပန္းျခံလိုေနရာမ်ိဳးကိုသြားဖို႔ ကြၽန္ေတာ္႕မွာ မိတ္ေဆြသူငယ္ခ်င္း၊ ဒါမွမဟုတ္ ခ်စ္သူတစ္ေယာက္ေယာက္ ႐ွိသင့္တယ္လို႔ ကြၽန္ေတာ္ ယူဆမိတယ္ေလ။
ကားလမ္းတစ္ဖက္ျခမ္းက ပန္းျခံေလးဆီ အၾကည့္ေရာက္ၿပီးတဲ့ေနာက္ ကြၽန္ေတာ္႕မ်က္လုံးေတြက ကားမွတ္တိုင္ေနရာေလးဆီ ျပန္ေရာက္ခဲ့ျပန္တယ္။ ခုနက ကြၽန္ေတာ္ ကားလမ္းမဆီ ေငးေမာၾကည့္ေနတုန္း ဘတ္စ္ကားတစ္စီး ရပ္ၿပီးျပန္ထြက္သြားတာ ျမင္လိုက္ရေတာ့ ကားမွတ္တိုင္မွာ လူမ႐ွိေလာက္ေတာ့ဘူး ထင္လိုက္မိတယ္။
Advertisement
- In Serial10 Chapters
Eating Gods, Becoming Beasts
Over countless lifetimes, Bu Bian has always squandered his potential on drunken schemes and foolhardy attempts to become rich. Only his endless ability to kiss up to the almighty judge of the afterlife has kept him from being thrown into hell. When his latest reincarnation ends in another disaster of his own making, the judge sets him an ultimatum -- redeem his thoroughly filthy karma in a single lifetime, or be sentenced to ten-thousand years of suffering, Alas, Bu Bian might well be incurable, and his attempts to do good can only lead to even worse disasters.
8 169 - In Serial40 Chapters
Tiny Hylian (Sidon x Link)
THIS IS GAY BEWARE.Some time after the calamity, Link and Sidon are still friends. But what would happen when that evolves into... more?
8 256 - In Serial11 Chapters
To Let Go (Shindo Yo)
sleep, he's not worth it.
8 208 - In Serial32 Chapters
Two Wastes of Space- J.C
THE ORIGINAL WAS ON MY OTHER ACCOUNT @moonsf1tch so dw I'm not stealing :)UNDER EXTENSIVE EDITING TOO
8 140 - In Serial24 Chapters
Willa X Bucky Sequel
The sequel to Willa X Bucky book
8 172 - In Serial16 Chapters
Light (Pietro Maximoff x Reader)
Y/N is Tony Stark's Daughter and the light of his dark world. She is brilliant, beautiful, and talented beyond measure. She has always been dedicated to the work she does for the Avengers and the world, she never really thought much about boys or men, just her work no matter if it was in science or art her work always was more important to her than dating. She went on dates once in awhile but love really was not on her agenda until she and Pietro Maximoff slowly creep their way into each others hearts.This is being posted on tumblr on the blog mrspietromaximoff but it is my original work.Note: I do not own anything related to the Avengers or Marvel.Book 2 is up!
8 96

