《Me, Myself & Bad Romance •||• JINKOOK》【22】
Advertisement
⟨ Unicode Version ⟩
Me Myself & Bad Romance
အပိုင်း ၂၂
" ဆရာ အနားယူဖို့အချိန်ပါ ~~ နှစ်ရက်လုံးလုံး မအိပ်ရသေးတာကို အနားယူပြီးမှ ဆက်လုပ်ပါလား ... မနက် သုံးနာရီခွဲနေပါပြီ ~~ "
အတွင်းရေးမှူးဟန်အသံကြောင့် သူခေါင်းမော့ကြည့်ရင်း ခေါင်းခါလိုက်သည်။
" ငါ မင်းကို အိပ်ခိုင်းထားတာ ဘာလို့ထလာတာလဲ ... "
" ဆရာက ဒီလိုအလုပ်ကြိုးစားနေတော့ ကျွန်တော်က ဘယ်လိုလုပ် စိတ်ဖြောင့်လက်ဖြောင့်နဲ့ အိပ်နိုင်ပါ့မလဲ "
" ငါအလုပ်ကြိုးစားတယ်ဆိုတာ အိမ်ပြန်ရင် စောင့်နေမယ့်သူရှိတယ်လေကွာ ~~ မင်းကတော့ မရှိဘူးမလား အေးဆေးသွားနားစမ်းပါကွာ လစာလည်း နှုတ်မှာ မဟုတ်ဘူး သွားအိပ်! "
သူ ကွန်ပြူတာ စကရင်ပေါ်အကြည့်ရောက်ရင်း ပြန်ပြောမိတော့ အတွင်းရေးမှူးဟန်က ဖုန်းကို ချက်ချင်းထုတ်ရင်း နံပါတ်တစ်ခုကို သူ့ရှေ့ပြလာသည်။
" မအိပ်ရင် ဂျောင်ကုရှီကို အကြောင်းကြားမှာနော် "
တကယ်လုပ်မယ့်ပုံပေါက်နေတာမို့ သူ အတွင်းရေးမှူးဟန်ရဲ့ဖုန်းကို လုယူလိုက်မိသည်။
" ~~ လစာနှုတ်ရတော့မယ့်ပုံပဲ ~~ ဒီမှာ! ငါက ဘယ်သူလဲ ကင်ဆော့ဂျင်လေ! အနုပညာလှုပ်ရှားမှုတွေမရှိတော့ပေမယ့် နာမည်မသေသေးတဲ့ဂျင်လေ ~~ ဒီကုမ္မဏီအလုပ်ထက် သင်တန်းသားဖြစ်တုန်းက ဘဝက ပိုပင်ပန်းတယ် ... အခု နှစ်ရက်ဆက်တိုက်မအိပ်ရသေးပေမယ့် စောစောပြီးရင် ကြိုက်သလောက်နားလို့ရတယ် ... ဒါပေမဲ့ အိုင်ဒေါလ်ကျတော့ စောစောပြီးရင် အလုပ်ပိုလာတာပဲရှိတယ် ... တစ်ရက်မှာ နှစ်နာရီလောက်ပဲ အိပ်ရတဲ့အချိန်တွေက အပတ်တိုင်းလိုလိုမှာ အပြည့်ပဲ ... အဲ့ဒီ့တော့ ငါ့ကို စိတ်မပူဘဲ မင်းကိုယ်မင်းသာ စိတ်ပူ! ငါအခုလိုလုပ်နေတာကလည်း စောစောပြန်ပြီး ဂျောင်ကုကို စပရိုက်ဖြစ်အောင်လုပ်မလို့ပဲ ... "
သူ့စကားကိုတော့ အတွင်းရေးမှူးက လက်မခံချင်နေ။ သို့ပေမယ့်လည်း ထပ်ငြင်းလို့မရဘူးဆိုတာ သိနေတာမို့ သူ့ကိုရုံးခန်းထဲချန်ကာ ပြန်ထွက်သွားတော့သည်။ သူကတော့ သူ့ဖုန်းကိုဖွင့်စစ်ကာ wallpaper ထားထားမိတဲ့ ဂျောင်ကုပုံကိုကြည့်ရင်း ပြုံးလိုက်မိသည်။ အဲ့ဒီ့နောက် နှစ်ရက်အတွင်းအပြီးသပ်ရမယ့် အလုပ်တွေကို သူ တစ်ဟုန်ထိုးလုပ်မိတော့သည်။ အလုပ်တွေမြန်မြန်ပြီးရင် အိမ်မြန်မြန်ပြန်ရမယ် မဟုတ်လား။ အိမ်မြန်မြန်ပြန်ရောက်ရင် ဂျောင်ကုကတော့ သူအစောကြီးပြန်ရောက်လာလို့ ဝမ်းသာပြီး ပျော်သွားမှာပင်။
ဆော့ဂျင် တွေးနေရင်း တစ်နေကုန် အလုပ်လုပ်ထားတာတောင် မမောနိုင်တော့ဘဲ အိမ်အမြန်ပြန်ဖို့ကိုသာ ဦးတည်ပြီး လုပ်လက်စတွေအကုန် လက်စသတ်မိတော့သည်။
💠💠💠
" ... "
အိမ်ထဲကားဝင်တာနဲ့ ကားတစ်စီးတွေ့လိုက်ရတာမို့ သူမျက်မှောင်ကြုတ်မိသွားသည်။ မင်္ဂလာဦးကာလမို့ သူ့မိဘတွေက အိမ်ကို လာဖို့ အစီစဉ်မရှိသလို သီးသန့်လာတွေ့မှာမျိုး ရှိမှာမဟုတ်။ အိမ်အထိလာရတဲ့အထိ ရင်းနှီးတဲ့သူငယ်ချင်းကလည်း ဂျောင်ကုမှာ မရှိ။ ဒါဆို ဒီကားပိုင်ရှင်က ဘယ်သူများလဲ။
ပြန်လာလာချင်း ဂျောင်ကုတစ်ယောက်တည်း ရှိနေရမယ့် အိမ်မှာ တခြားတစ်ယောက်ရှိတယ် ဆိုတဲ့အသိက ကြည်လင်နေတဲ့သူ့စိတ်ကို အနည်းငယ်နှောက်ကျိစေတာမို့ သူ မျက်နှာမဲ့လိုက်မိသည်။
အိပ်တောင် မအိပ်ဘဲ အလုပ်ကြိုးစားပြီး ပြန်လာတာ ဂျောင်ကုနဲ့ နှစ်ယောက်တည်းရှိချင်လို့လေ ... အခု ဘယ်သူ့ကို ထပ်ပြီး ဧည့်ခံရဦးမှာလဲ။
အလိုမကျစွာနဲ့ သူ အိမ်ထဲ ဝင်လာမိတော့ ဒေါက်တစ်ရံနဲ့ ကလေးစီး ဖိနပ်အသေးလေးကို မြင်လိုက်ရသည်။ နောက်ကျိနေတဲ့စိတ်ခံစားချက်တွေက လေဗွေဖြစ်ဖို့ အစပြုလာသလိုမျိုး ငြိမ်သက်သွားမိသည်။ ချက်ချင်း ဧည့်ခန်းထဲ ဝင်မိတော့ တိတ်ဆိတ်နေတာမို့ သူ့မျက်နှာ ခက်ထန်သည်ထက် ပိုခက်ထန်သွားရသလို သူ့အတွေးထဲ ထင်ထင်ရှားရှားပေါ်လာတဲ့ပုံရိပ်က ဂျောင်ကုနဲ့ရှင်းခူရိုတို့ရဲ့ မင်္ဂလာပွဲ။
ဂျောင်ကုဆီ လာနိုင်တဲ့တစ်ဦးတည်းသော အမျိုးသမီး! ဂျောင်ကုကို ဆက်သွယ်ဖို့ လုံလောက်တဲ့အကြောင်းရင်းရှိတဲ့အမျိုးသမီး!
မမြင်ရတာတောင် အတွေးက အတပ်သိနေသလိုမျိုး သေချာနေတာမို့ ဆို့တက်လာတဲ့ ဒေါသတွေကို မြိုချရင်း ကိုင်ထားမိတဲ့အိတ်ကို တင်းကျပ်နေအောင် ဆုပ်ထားမိသည်။
မဟုတ်ဘူး ဆော့ဂျင်! ဂျောင်ကုက အဲ့ဒီလိုလုပ်မှာ မဟုတ်ဘူး! ဂျောင်ကုက မင်းကိုပဲ ချစ်တာ! မင်းယုံကြည်ရမယ်! ဂျောင်ကုက အဲ့ဒီလိုလုပ်မှာ မဟုတ်ဘူး!
သူ့ကိုယ်သူ အားပေးရင်း ထိုးထောင်ထွက်လာတဲ့ဒေါသတွေကို ချုပ်တည်းမိတော့ သူ့ရင်ဘတ်ဟာ သိသိသာသာ ပိတ်လှောင်မွန်းကျပ်သွားသည်။ ထိုခဏမှာပဲ မီးဖိုချောင်ထဲက အသံထွက်လာတာမို့ သူနားစွင့်မိတော့ ကြားလိုက်ရတဲ့စကားတွေ ~~ ။
" ပါးပါးနော်! မားမားကို အနိုင်မကျင့်ရဘူးလေ "
" မင်း မားမားက ပါးပါးကို အနိုင်ကျင့်နေတာလေ "
သူတစ်ခါမှ မကြားဖူးတဲ့ကလေးလေးအသံနဲ့ သားသားအသံကို ကြားလိုက်ရတာမို့ သူ့ခြေလှမ်းတွေ တဖြည်းဖြည်း မီးဖိုချောင်ဆီ ဦးတည်သွားမိသည်။
မယုံကြည်ချင်ပေမယ့် ယုံကြည်ချင်စရာမြင်ကွင်းတွေက သူ့မျက်ဝန်းထဲ ထင်ဟပ်လာလေလျှင် သူပိတ်လှောင်ထားမိတဲ့သူ့ခံစားချက်တွေက ကြိုးကွင်းသဖွယ် သူ့လည်တိုင်ကို လာစွပ်နေသလိုခံစားလိုက်ရသည်။
သူမြင်လိုက်ရတာက ဂျောင်ကုရယ်! ရှင်းခူရိုရယ်! ကလေးလေးတစ်ယောက်ရယ်!
အာ~ သူမေ့ခဲ့တာ ~~ ဂျောင်ကုမှာ သားတစ်ယောက်ရှိတယ်ဆိုတဲ့အမှန်တရားကို သူမေ့ပစ်ထားခဲ့တာ ~~
တစ်ချိန်ချိန် ကလေးကို အကြောင်းပြပြီး ခူရိုနဲ့တွေ့နိုင်တယ်ဆိုတာ သိပေမယ့် ဒီလောက်ထိမြန်မယ်လို့တော့ သူမထင်ထားမိ။ သူ့ကိုအစားထိုးပြီး အနည်းဆုံး ရှင်းခူရိုကို ဂျောင်ကု မေ့ပစ်နိုင်ဖို့ မျှော်လင့်ခဲ့မိတာ ~~။ ရှင်းခူရိုဆီ ဂျောင်ကုရဲ့စိတ်တွေ ဘယ်တော့မှ ပြန်မရောက်ဖို့ မျှော်လင့်မိခဲ့တာ ~~ ။ အခုတော့ လက်ထပ်ထားတာ မကြာသေးတဲ့အချိန်အတွင်းမှာ ဂျောင်ကုက ရှင်းခူရိုနဲ့သားဖြစ်သူကို အိမ်အထိတောင် ခေါ်ခဲ့တာတဲ့လား၊ အဲ့ဒါလည်း သူမရှိတဲ့အချိန်မှ!
ဒါဆို သူ့ကို ပြောခဲ့တဲ့စကားတွေကရော ~~ သူနဲ့အတူတူနေခဲ့တာတွေကရော~~ သူနဲ့လက်ထပ်ခဲ့တာတွေကရော~~ အကုန်လုံး အကုန်လုံး ဂျောင်ကုက ဟန်ဆောင်ခဲ့တာလား ~~ သူ့ကိုချစ်တယ်ပြောပြီး သူမရှိတဲ့အချိန် နောက်တစ်ယောက်နဲ့တွေ့တာက ဖောက်ပြန်တာကလွဲလို့ ဘာများထပ်ရှိဦးမှာတဲ့လဲ ...
Advertisement
" ~ ဂျောင်ကု! နင် အချိန်မဆွဲနေဘဲ ငါတို့အကြောင်းကို အိုပါးဆော့ဂျင်ဆီ ပြောပြသင့်နေပြီ ~~ "
မိသားစုသုံးယောက်ရဲ့ ချစ်စဖွယ်မြင်ကွင်းကို မွန်းကျပ်ပိတ်လှောင်မှုတွေနဲ့ ကြည့်မိနေရင်းမှ ရှင်းခူရိုဆီက ထွက်လာတဲ့စကားသံ။ ထိုစကားကြောင့် သူ့လည်တိုင်မှာ ကြိုးစွပ်လျက်သား ကြိုးကွင်းက တစ်ဆင့်တိုးသွားသလို တင်းကျပ်သွားသည်။ ပိတ်လှောင်ထားမိတဲ့ ခံစားချက်တွေက ဦးနှောက်ထဲ ဟိုဟိုဒီဒီပြေးလွှားနေတာ သူ့မှာ ရူးမတတ်ပင်။ အဲ့ဒီလိုအခြေအနေမှာတောင် ဂျောင်ကုနဲ့ ရှင်းခူရိုတို့ ဘာများပြောကြမလဲ သူထပ်ကြားချင်မိသေးသည်။ သူ့နှလုံးသားကို နာကျင်စေမှန်း သိရက်သားနဲ့ သူအတည်ပြုနိုင်ဖို့ သူတိတ်တိတ်လေး ရပ်နေမိသည်။
" ... "
ခူရို့စကားကြောင့် ဂျောင်ကုမျက်နှာညှိုးငယ်သွားတော့ သူ့ဒေါသက တရိပ်ရိပ် လိပ်တက်လာသည်။
" နင် အိုပါးကို ဖုံးကွယ်ထားတာက ငါနဲ့ငါ့သားအတွက်လည်း မကောင်းဘူး နင့်အတွက်လည်း မကောင်းဘူး ဘာကြောင့်များ နင် အိုပါးကို အမှန်တိုင်း မဖွင့်ပြောသေးတာလဲ ငါတကယ်နားမလည်နိုင်တော့ဘူး ... ဂျောင်ကု အိုပါး ပြန်လာတာနဲ့ ငါတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို အမြန်ဆုံးပြောပြပြီး နင့်ကိစ္စ နင် ဖြေရှင်းတော့... အမြဲတမ်း ငါတို့ ဒီလိုနေလို့ မရတာ နင်သိတယ်လေ .. ခရစ်ဆိုရင် နင့်ဆီ အမြဲလာချင်နေပေမယ့် အိုပါးက ခွင့်မပြုလို့ အခုလို အချိန်ပဲလာနေရတယ် ! နင် အချိန်ထပ်မဆွဲနေနဲ့တော့ မဟုတ်ရင် ငါပဲ အစအဆုံး အကုန်ပြောပြမိတော့မှာ "
ရှင်းခူရိုရဲ့စကားအဆုံး လည်တိုင်မှာ စွပ်ထားတဲ့ကြိုးကွင်းဟာ သူ့ကို အဆုံးသတ်ပေးလိုက်သလို ခံစားလိုက်ရသည်။ ပေါင်းစည်းစုပုံထားမိတဲ့ခံစားချက်အဟောင်းတွေက ဟိုးအတွင်းနက်နက်ကနေ အပြိုင်အဆိုင် ထိုးထွက်လာကြသလို ခုနလေးကတင် ဖြစ်တည်နေတဲ့ဒေါသတွေကလည်း ငယ်ထိပ်ထိ ဆောင့်တက်ပြီး သူ့အသက်ရှူလမ်းကြောင်းကိုပါ ဝင်ရောက်နှောင့်ယှက်သည်။
ဘာ! ငါတို့နှစ်ယောက်ရဲ့ပတ်သက်မှု?
အဓိပ္ပါယ်က ကွာရှင်းပြီးတာတောင် မပြီးပြတ်နိုင်တဲ့အချစ်ဇာတ်လမ်း! အဲ့ဒါကို ပြောပြဖို့အတွက် သားသားက အချိန်ယူနေတာလား! အဲ့ဒါကို ပြောပြီး သူ့ဆီကနေ ဒုတိယအကြိမ်ခြေစုံကန်ဖို့အတွက် အချိန်ယူနေတာလား !
ဆော့ဂျင် သူ့အရှေ့က မြင်ကွင်းကိုကြည့်နေရင်း စို့နင့်နာကျင်လာတာမို့ လက်သီးကို တင်းကျပ်နေအောင်ဆုပ်မိသည်။ အခုချက်ချင်း မီးဖိုချောင်ထဲပြေးဝင်ပြီး ရှင်းခူရိုနဲ့ဂျောင်ကုသားကို မောင်းထုတ်မိချင်ပေမယ့် ဂျောင်ကုက ရှင်းခူရိုရဲ့လက်ကို ဆွဲပြီး သူ့ကို ကျောခိုင်းသွားမှာ သူကြောက်သည်။ ရှိသမျှဒေါသတွေအကုန်ပေါက်ကွဲပြီး ဂျောင်ကုကို သောင်းကျန်းပစ်ချင်နေပေမယ့် အဆုံးသတ်မှာ သူတစ်ယောက်တည်းကျန်နေခဲ့မှာ သူကြောက်သည်။
ဆော့ဂျင် တွေးရင်း နားထဲ ဘာအသံမှ ဆက်မကြားတော့တာမို့ ဖျက်ဆီးချင်မိတဲ့ထိုမြင်ကွင်းကို သူ မကြည့်တော့ဘဲ အိမ်ထဲကနေ ခပ်သော့သော့လေးပြန်ထွက်မိသည်။ သူထွက်သွားတာကိုတော့ အထဲက မိသားစုလေးသိမှာမဟုတ်။ အဲ့ဒီ့နောက် သူ့ကားလေးက အိမ်ထဲကနေ ထွက်ခွာကာ သူ့အပိုင်တွေထဲက ဟိုတယ်တစ်ခုဆီ check in တင်လိုက်မိသည်။
သူ့လက်ဖျားတွေကစလို့ သူ့တစ်ကိုယ်လုံး တုန်ယင်မောဟိုက်ကာ ချွေးဆို့နေသည်။ ဘေးပတ်ဝန်းကျင်ရဲ့အသံမှန်သမျှ ဘာကိုမှ မကြားနိုင်ဘဲ သူ့ဦးခေါင်းထဲ စူးစူးရှရှနာကျင်နေသည်။ အဲ့ဒါထက် အဆိုးဆုံးက ဘယ်ဘက်ရင်အုံ!
အသည်းကွဲဝေဒနာကို အကြိမ်ကြိမ်အခါအခါ ခံစားဖူးပါလျက်နဲ့ ဒီတစ်ခါကမတူညီစွာ မွန်းကျပ်သိပ်သည်းနေသည်။ အကြိမ်ကြိမ်အခါခါကျခဲ့တဲ့မျက်ရည်တွေက ဒီတစ်ခါ သူငိုချင်တာတောင် မကျလာနိုင်ဘဲ လည်မြိုအောက်ခြေမှာတင် ပုံဆောင်ခဲတွေလို စုဆောင်းငွေ့ရည်ဖွဲ့နေသည်။
ဆော့ဂျင် ဟိုတယ်အခန်းလေးထဲ ဒေါသတွေနဲ့အတူ တစ်ကိုယ်တည်း ခြောက်ခြားနေမိသည်။ ဒီအချိန် သူ့ခံစားချက်က ဘာရယ်ဆိုတာ သူသေချာမသိ။ မျက်နှာကတော့ ဖျော့တော့အေးစက်စွာ တုန်ယင်နေတဲ့လက်ဖျားတွေကိုသာ စိုက်ကြည့်နေမိသည်။
ပထမဆုံး သူ့ခံစားချက်ကို ပြောရမယ်ဆိုရင်
မုန်းတီးမှု!
ဟုတ်သည် ဂျွန်ဂျောင်ကုကို သူမုန်းသည်။
ဒုတိယအနေနဲ့ဆိုရင် ဖြစ်တည်လာတာက ဒေါသ!
ဟုတ်သည် သတ်ပစ်နိုင်လောက်တဲ့အထိ ဒေါသက ထိန်းမနိုင်သိမ်းမနိုင် သူ့ကိုယ်ကို လောင်ကျွမ်းပစ်နေသည်။
နောက်ဆက်ပြောရရင် နာကျင်မှု၊ မွန်းကျပ်မှု၊ ပိတ်လှောင်မှု၊ အထီးကျန်ဆန်မှုတွေအပြင် သေဆုံးသွားတဲ့ချစ်ခြင်းတရားနဲ့ ကြောက်ရွံ့မှုတွေ တည်ရှိသည်။
သို့ပေမယ့် သူ ဂျောင်ကုကို လက်မလွှတ်နိုင်! အဲ့ဒီလိုဆိုတိုင်း ဘာမှ မရှိခဲ့သလို ကျော်လွှားပြီး ထွေးပွေ့ပေးဖို့ မဖြစ်နိုင်။
ချစ်လည်းချစ်သည်၊ မုန်းလည်းမုန်းသည် ဆိုတဲ့ခံစားချက်တွေကြားမှာ အမုန်းက ပိုအလေးသာနေတယ်ပြောရမလား။ ဂျောင်ကု သူ့ကို မချစ်ရင် အခြားသူကိုလည်း ချစ်ခွင့်မပြု။ ဂျောင်ကုကို လက်လွှတ်ပေးရမယ့်အစား သူ့အနားမှာ အထီးကျန်ကျန်နဲ့ နေစေတာက ပိုကောင်းသည်။ ရှင်းခူရိုနဲ့ ပျော်ဖို့ လုံးဝခွင့်မပြုနိုင်။ သူ ဂျောင်ကုကို လက်လွှတ်ရင်လည်း နာကျင်မယ်၊ လက်မလွှတ်ရင်လည်း နာကျင်ရမယ့်အတူတူ ဂျောင်ကုကို ဖမ်းဆုပ်ထားပြီး သူရော ဂျောင်ကုရော ရှင်းခူရိုရော နာကျင်နေကြရတာက ပိုမကောင်းဘူးလား။
အနည်းဆုံးတော့ အဲ့ဒါကို ကြည့်ပြီး သူရယ်မောနိုင်ဦးမှာလေ ~~~။
ဟုတ်တယ် ဆော့ဂျင် မှန်တယ် ~~ ဂျောင်ကုကို ဒီအတိုင်းလေး ပိတ်လှောင်ထားလိုက်ရအောင် ~~ သားသားကို ဒီအတိုင်းလေး သိမ်းထားလိုက်ရအောင် ~~ အဲ့ဒါက တစ်ယောက်တည်း အတူတူ ရှင်သန်နိုင်မယ့်နည်းလမ်းပဲ ...
အဲ့ဒီ့နောက် ဆော့ဂျင် ရောက်တက်ရာရာတွေ တွေးနေမိရင်း အကျယ်ကြီးအော်ရယ်နေမိခဲ့သည်။ သူ့အသံကို သူ ပြန်မကြားနိုင်တော့တဲ့အထိ သူ့အကြားအာရုံက သူ့ကို ဆိုးရွားစွာ စိတ်ခြောက်ခြားစေတော့ အဆုံးသတ်မှာ ကြမ်းပြင်ထက် ခွေခွေလေး မေ့မြောသွားတော့သည်။
ဒီအကြိမ်မှာတော့ ဆော့ဂျင်ကို စိတ်သက်သာရာရဖို့ အများဆုံးပေးနိုင်တဲ့မင်ယွန်ဂီရဲ့ Instrumental Room ကို ဆော့ဂျင် မရောက်နိုင်ခဲ့ပါ။ အနားမှာ ထိန်းကျောင်းပေးမယ့် တစ်စုံတလေတောင်မရှိတော့တဲ့အတွက် အထီးကျန်ခြင်းဟာ ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်အပြင် စိတ်ဝိညာဉ်ကိုပါ ရာနှုန်းပြည့် အုပ်စိုးခြယ်လှယ်သွားခဲ့တော့သည်။
💠💠💠
မနက်ခင်းကို ပျော်ရွှင်စွာနဲ့ သူ စတင်ရင်း ကိုကို့ကို မျှော်နေမိသည်။ မနေ့ညက ကိုကို သူ့ဆီ ဖုန်းမဆက်ခဲ့ပေမယ့် သူလည်း နေထိုင်လို့ အဆင်မပြေနေတာကြောင့် အစောကြီး အိပ်ပျော်သွားခဲ့သည်။ အခုတော့ဖြင့် ကိုကို ပြန်လာတော့မယ်ဆိုတဲ့အသိက သူ့စိတ်ကို ကြည်နူးလှိုက်ဖိုစေလေလျှင် သူ့လက်က ဖုန်းနံပါတ်တွေဆီ အပြေးအလွှား ရိုက်နှိပ်မိသည်။
Advertisement
" ... "
" .~~~ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ~~ တိ! "
ဖုန်းဝင်လျက်သားနဲ့ မကိုင်တာမို့ သူ မျက်မှောင်ကြုတ်သွားရပေမယ့် ဒုတိယအကြိမ် သူထပ်ခေါ်ဖို့ ကြိုးစားမိသည်။ အဲ့ဒီ့အချိန်မှာပဲ သူကြားလိုက်ရတဲ့ ကိုကို့ရဲ့ဖုန်းသံ။ အသံလာရာကို ချက်ချင်းလှည့်ကြည့်မိတော့ သူ့အနောက်မှာ ကိုကိုက ရောက်နှင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ဖုန်းကို ချက်ချင်းချကာ ကိုကို့ကို ပြေးပွေ့ဖို့ ကြိုးစားမိတော့ သူ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုနဲ့ သူ ကြုံတွေ့လိုက်ရသည်။
" လာမဖက်နဲ့ဂျောင်ကု! စိတ်အခြေအနေမကောင်းနေတာမို့လို့ ငါ မင်းကို ပြန်မဖက်ပေးနိုင်ဘူး "
အေးတိအေးစက်တုံ့ပြန်ချက်ကြောင့် သူ့စိတ်ထဲ ထင့်ကနဲ့ မည်းမှောင်သွားသည်။ ပုံမှန်ဆို ဘယ်လောက်စိတ်ညစ်ညစ် ကိုကိုက သူ့ကို အမောပြေလေးဆိုပြီး ပွေ့ဖက်တတ်တာလေ။ အခုကျတော့ ဘာလို့များ သူ့ကို ငြင်းဆန်ရတာလဲ သူမသိ။
ထားပါတော့လေ ကိုကို အလုပ်အဆင်မပြေလာလို့ဖြစ်မှာပါ ...
သူ့ဟာသူ ဖြည့်တွေးရင်း ရပ်နေမိတော့ ကိုကိုက သူ့ကို တွန်းတိုက်ကာ အပေါ်ထပ် အခန်းဆီ ဦးတည်ဝင်သွားတော့ သူနောက်ကနေ ဖြည်းဖြည်းချင်းလိုက်သွားမိသည်။
" ကိုကို ကိုကို့အလုပ်အဆင်မပြေလာလို့လား~~ သားသား ဘာလုပ်ပေးရမလဲ ~~ သားသား .. "
ကိုကို့အနောက်လိုက်ရင်း တတွတ်တွတ်ပြောမိတော့ အခန်းထဲအရောက်မှာ ကိုကိုက သူ့ဘက်လှည့်ကာ သူ့ကို စိတ်ပျက်သလို ကြည့်သည်။ ကိုကို့အကြည့်ကြောင့် ရုတ်တရက် နွေးထွေးနေတဲ့သူ့ရပ်ဝန်းဟာ အေးစက်တောင့်တင်းသွားသည်။ သူဘာမှ ဆက်မပြောရဲတော့တာမို့ ငြိမ်သက်မိတော့ ကိုကိုက သူ့ကို ကျောခိုင်းကာ လက်ဆွဲအိတ်ကိုချပြီး အင်္ကျီတွေချွတ်ပစ်သည်။ ကိုကို့အပြုအမူကို သူကြည့်နေတုန်းမှာပဲ ကိုကိုက သူ့ကို စကားတစ်ခွန်းလေးတောင် မပြောဘဲ ရေချိုးခန်းထဲ တန်းဝင်သွားတော့ သူ ကိုကို့အဝတ်အစားတွေကို ခြင်းထဲထည့်ကာ အိပ်ယာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်စောင့်မိသည်။
ကိုကို ဘာလို့ ရုတ်တရက် ပြောင်းလဲသွားလဲ မသိပေမယ့် အလုပ်အဆင်မပြေလို့သာ သူမှတ်ယူမိလိုက်သည်။ အချိန်တစ်ခုအကြာမှာတော့ ရေချိုးခန်းထဲက ထွက်လာတဲ့ ကိုကိုဟာ သူ့ကို ဥပေက္ခာပြုကာ မှန်ရှေ့ရပ်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်ပြန်သည်။ အခန်းတွင်းလေထုက အေးစက်သိပ်သည်းနေတာမို့ ကိုကို့ကုတ်ကို ကိုင်ကာ ကိုကို့အနားရပ်ရင်း ဝတ်ပေးဖို့ ကြိုးစားမိတော့ ကိုကိုက မှန်ထဲကနေတစ်ဆင့် သူ့ကို စိုက်ကြည့်လာသည်။ ကိုကို့အကြည့်တွေအောက် အပြစ်မလုပ်မိဘဲ အပြစ်သားတစ်ယောက်လို ခံစားလိုက်ရတာမို့ သူမသိကျေးကျွံပြုရင်း ကုတ်ကို ကိုကို့ ကိုယ်ပေါ်ရှိစေလိုက်သည်။
" ... သားသားကို ပြောစရာစကားမရှိဘူးလား ကိုကို .. "
ကုတ်ဝတ်ပေးပြီးတာနဲ့ ကိုကို့နက်ကတိုင်ကို ဆွဲယူကာ သပ်ရပ်အောင်လုပ်ပေးရင်း မေးတော့ ကိုကိုက ပြန်မဖြေဘဲ သူ့ကိုသာ ကြည့်သည်။ အဲ့ဒီ့နောက် ပြည့်စုံသွားတဲ့ ကိုကို့ပုံရိပ်ကို ကိုကို မှန်ထဲ ပြန်ကြည့်ပြီး အလုပ်ပြန်သွားဖို့ လက်ဆွဲအိတ်ကို လှမ်းယူသည်။
" ကိုကို! "
သူတကယ်စိတ်မကောင်းဖြစ်ပြီး ငိုမိတော့မှာမို့ အသံမြင့်ပြီး ခေါ်မိတော့ ကိုကိုက သူ့ကို လှည့်ကြည့်လာသည်။
" ငါ့ကို ပြောစရာစကားရှိနေတာလား "
ကိုကို့မေးခွန်းကြောင့် သူရှင်းပြရမယ့် ကိစ္စတွေ အများကြီးရှိတာကို သတိရသွားမိသည်။ သို့ပေမယ့် ကိုကို့မျက်နှာကို ကြည့်ရတာ အချိန်ကောင်းမဟုတ်။
" မင်းစကားတွေကို နားထောင်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး ဂျောင်ကု "
သူထင်ထားတဲ့အတိုင်း ကိုကို တကယ်အဆင်မပြေနေတာမို့ သူ စိတ်လျော့ပြီး ပြုံးပြလိုက်မိသည်။ အနည်းဆုံး သူ့အပြုံးက ကိုကို့ရဲ့အဆင်မပြေမှုတွေကို သက်သာစေဖို့ ရည်ရွယ်ပါသည်။ သူပြုံးလိုက်တာကြောင့် ကိုကို့မျက်ဝန်းရဲ့စူးရှမှုတွေ အနည်းငယ်ဖျော့တော့သွားတာကို သူခံစားလိုက်မိသည်။
" ပြောစရာမရှိဘူးဆိုရင် ငါ~~ "
" ညစာ အတူတူစားရအောင်! သားသားစောင့်နေမယ်ကိုကို ~ "
သူ့စကားအဆုံးမှာတော့ ကျောခိုင်းနေပြီဖြစ်တဲ့ကိုကိုက သူ့ဆီ ပြန်လျှောက်လာသည်။ အဲ့ဒီ့နောက် သူ့မျက်နှာကို စိုက်ကြည့်ကာ သူ့နဖူးကို ခပ်ဖွဖွငုံ့နမ်းသည်။ ကိုကို သူ့ကို ဥပေက္ခာပြုနေတာလို့ သူ မှတ်ယူထားမိပေမယ့် ကိုကို့ဆီက အနမ်းတစ်ပွင့်ကိုရပြီးတဲ့အချိန်မှာတော့ သူ့စိတ်တွေ ငြိမ်းအေးသွားသည်။ အဲ့ဒီ့နောက် ကိုကိုက သူ့ကို ခပ်ဖွဖွပြုံးပြကာ အိမ်ထဲကနေ ထွက်သွားတော့သည်။
သူ့စိတ်ထဲမှာတော့ ကိုကိုနဲ့ပတ်သက်တဲ့ မတင်မကျခံစားချက်လေးတစ်ခု ကြီးစိုးခဲ့ပါသည်။
တစ်ပတ်လောက် အလုပ်ခရီးသွားတာတောင် ပြန်လာတော့ သူ့ကို မပွေ့ဖက်နိုင်ဘူးလား ... ဘယ်လောက်ပဲ အဆင်မပြေနေပါစေ အနည်းဆုံး သူ့ကို ကြင်ကြင်နာနာလေး စကားပြောပေးလို့ မရဘူးလား ...
သူ့မှာ တစ်ယောက်တည်း တစ်ပတ်ကြီးများတောင် ကိုကို့ကိုလွမ်းရင်း အထီးကျန်နေခဲ့ရတာလေ ...
ဂျောင်ကု မျက်ဝန်းတွေ ပိတ်ရင်း အသက်ရှူထုတ်ကာ ဖြေလျော့လိုက်မိသည်။
ဒါတွေအားလုံးရဲ့ အကြောင်းရင်းက ကိုကို အလုပ်မှာ အဆင်မပြေလို့ပဲ ဖြစ်ပါစေလေ ~~။
ဂျောင်ကု အတွေးတွေကို သိမ်းဆည်းကာ ခြံထဲဆင်းဖို့ ပြင်လိုက်မိသည်။ ကိုကိုအလုပ်သွားချိန်မှ အလုပ်သမားတွေ အိမ်ထိန်းသိမ်းရေးစကြတာမို့ တာဝန်ကျတဲ့သူတွေက အိမ်ကြီးဆီသွားကြပေမယ့် ခြံထဲ တာဝန်ကျတဲ့ဝန်ထမ်းတစ်ယောက်ကတော့ သူ့ဆီ စာအိတ်ညိုလေးတစ်အိတ် လာကမ်းပေးသည်။
" ဆရာ~~ ဒါက ဒီမနက်ရောက်လာတဲ့စာအိတ်ပါ "
သူ လှမ်းယူရင်း ဖွင့်ကြည့်မိတော့ မြင်လိုက်ရတဲ့စာရွက်စာတမ်းတွေကြောင့် မျက်ဝန်းတွေ ပြူးကျယ်သွားမိသည်။
သူ ရှေ့နေရုံးဖွင့်ဖို့ လျှောက်လှဲချက်တင်ထားတဲ့ လျှောက်လွှာဟာ ပယ်ချခြင်း ခံထားရသည်တဲ့။ အဓိက အကြောင်းရင်းကို ကြည့်တော့ ဘဏ္ဍာရေးပိုင်းက ခွင့်ပြုချက်မရတာကြောင့်ပင်။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
"... ကိုကိုနဲ့ တိုင်ပင်ပြီးသားကို .. ကိုကိုက ဘာလို့ သဘောမတူရတာလဲ ... ကိုကိုက ဘာလို့ ~~ "
သူသက်ပြင်းချရင်း မနက်ကတည်းက စိုးရိမ်စိတ်ထင့်နေတဲ့ကိစ္စက ပြန်ပေါ်လာတော့သည်။ သေချာပြန်စဉ်းစားကြည့်ရင် မနက်ကတည်းက ကိုကို သူ့ကို မချေမငံဆက်ဆံနေတာဖြစ်သည်။ အလုပ်ခရီးကပြန်လာပြီးချင်းချင်း ဘာလို့ပြောင်းလဲသွားလဲ သူမသိ၊ အတည်ပြုချင်တာမို့ ကိုကို့ဆီ ဖုန်းဆက်ကြည့်မိသည်။
" ဟယ်လို ကိုကို! "
အတော်ကြာမှ ကိုင်လိုက်ပုံရတဲ့ကိုကိုဟာ တစ်ဖက်မှာ အလုပ်ရှုပ်နေတာနဲ့တူသည်။
" ကျွန်တော် ရှေ့နေရုံးအတွက် ပြည်နယ်ဆီ စာတင်ထားတာလေ အဲ့ဒါဘာလို့ ဘဏ္ဍာရေးပိုင်းက ခွင့်မပြုထားရတာလဲ ကျွန်တော်နဲ့ ကိုကို သေချာဆွေးနွေးပြီးပြီထင်နေတာ ~~ ကိုကို ကျွန်တော့်ကို ခွင့်မပြုချင်တာလား .."
သူမေးမိတော့ ကိုကို့သက်ပြင်းသံယဲ့ယဲ့ကို အရင်ကြားရသည်။
" အင်း ဟုတ်တယ် ... ဂျောင်ကု ... မင်းကို မလုပ်စေချင်လို့ ခွင့်ပြုချက်မပေးဖို့ ပြောခဲ့တာ ..."
အေးအေးဆေးဆေးသက်သောင့်သက်သာပြန်ဖြေလာတဲ့ကိုကို့စကားကြောင့် သူ အံ့ဩသွားသည်။ တကယ်ဆို အိမ်မှာ သူ လူအပိုလို မနေနိုင်ဘူးဆိုတာကို သေချာရှင်းပြထားပြီးပြီဖြစ်သည်။ အခုက မင်္ဂလာဦးကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်က နေမကောင်းတာမို့ ခဏအနားယူနေတာဖြစ်ပေမယ့် သိပ်မကြာတဲ့အချိန်မှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတဲ့သူဖြစ်သည်။
" ကိုကို သားသား သေချာပြောခဲ့ပြီးပြီလေ ~~ သားသား အိမ်မှာ မနေနိုင်ဘူးလို့ ~~~ သားသားဆီမှာ အလုပ်တစ်ခုခုရှိရမယ်လို့ ~~ အခု ကိုကို ကတိဖျက်လိုက်တာလား "
ခပ်ဆောင့်ဆောင့်ပြောမိတော့ ကိုကို့အသံတိတ်ဆိတ်သွားသည်။
" ... ငါ မင်းကို အလုပ်လုပ်ဖို့ ခွင့်မပြုဘူး ဂျွန်ဂျောင်ကု! ... အိမ်ကနေ ထွက်သွားဖို့လည်း ခွင့်မပြုဘူး ... ငါ မင်းလိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးမယ် အဲ့ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြောစရာရှိသေးတယ်ဆိုရင် ဖုန်းထပ်မဆက်နဲ့ ကိုင်မှာ မဟုတ်ဘူး "
ယတိပြတ်စကားကို ဆိုကာ သူ့ဖုန်းကို ချသွားတော့ သူ ကြောင်တောင်တောင်လေး ကျန်နေခဲ့ရပြန်သည်။
ပြောချင်တဲ့သဘောက အကုန်ဖြည့်ဆည်းပေးမယ် ... ဘာအလုပ်မှ မလုပ်ဘဲ အိမ်ထဲမှာနေ!
ဘယ်လိုတွေးတွေး အဲ့ဒီလိုပဲ ထွက်နေတာမို့ သူ မျက်နှာမဲ့လိုက်မိသည်။ သူ့အတွက်က ငွေဆိုတာ အဓိကမဟုတ်၊ အလုပ်ကပိုပြီး အဓိက ကျပါသည်။ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သူ့မှာ ကိုယ်ပိုင်အလုပ်တစ်ခုရှိသင့်သည်။ အဲ့ဒီ့အလုပ်ဟာ လုပ်ငန်းသေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် ... သူ အလုပ်လုပ်ချင်တဲ့ဆန္ဒရှိပါသည်။ ကိုကိုပြောသလိုတော့ အိမ်ထဲ မနေချင်၊ သူ မွန်းကျပ်ပြီး သေသွားလိမ့်မည်။
ဂျောင်ကု သက်ပြင်းချရင်း ကိုကို ငြင်းပယ်ထားတဲ့ ဘဏ္ဍာရေးအပိုင်းကို ဖြည့်ဖို့ အရင်ဆုံးစဉ်းစားလိုက်မိသည်။ ထို့ကြောင့် ဘာကိုမှ မစောင့်ဘဲ ကတ်တွေကိုင်ကာ ငွေသားအဖြစ်လွှဲပြောင်းဖို့ ကြိုးစားမိတော့သည်။ သို့ပေမယ့် ...
" ... အားနာပါတယ်ရှင့် ... ဒီကတ်တွေက လက်ရှိမှာ သုံးစွဲဖို့ တားမြစ်ခံထားရပါတယ်ရှင့် ... ပြီးတော့ ဒီအကောင့်ထဲက ငွေစီးဆင်းမှုတွေကိုလည်း ရပ်ဆိုင်းထားတာမျိုးတွေ့ရပါတယ် ... တခြားကတ်၊ တခြားအကောင့်တွေနဲ့ ပြန်ကြိုးစားပေးပါ .."
ဘဏ်သွားတော့ ဘဏ်ဝန်ထမ်းဆီက ကြားလိုက်ရတဲ့စကား။ ဘယ်သူလုပ်တာလဲ ပြေးကြည့်နေစရာမလိုအောင် သူ သေချာသိတာမို့ ဒုတိယအကြိမ် ကိုကို့ကို ဖုန်းဆက်မိသည်။ ဝင်ပေမယ့် ဖုန်းမကိုင်။ သူ အကြိမ်ပေါင်းများစွာ ဆက်တာတောင် ကိုကို သူ့ကို လျစ်လျူရှုလေတော့ သူအိမ်ပြန်ရုံကလွဲ အခြားမလုပ်နိုင်။ ကုမ္ပဏီအထိ လိုက်ပြီး ကိုကို့ကို မေးမြန်းဖို့ကလည်း မနက်က ကိုကို့အခြေအနေကို ကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်။ ထို့ကြောင့် သူ ညစာအတွက် လိုအပ်တာတွေကို ငွေသားတစ်ချို့နဲ့ ဝယ်ခြမ်းကာ အိမ်ကိုပဲ ပြန်လာလိုက်မိသည်။ ကိုကို့ကို ညစာချက်ကျွေးရင်းနဲ့မှ ဘာကြောင့် သူ့ကို ဒီလိုတွေ လုပ်လဲဆိုတာ သေချာမေးမြန်းရပေမည်။
ဂျောင်ကု ဖြည့်တွေးရင်း စိတ်ကို လျော့ကာ ညစာတွေ စီမံပြီး ကိုကို့ကို စောင့်နေခဲ့ပေမယ့် ကိုကိုဟာ အိမ်မရောက်လာခဲ့ပါ။ အဲ့ဒီလိုပဲ သူ ပို့ထားတဲ့ မက်ဆေ့ပေါင်းများစွာကိုလည်း လျစ်လျူရှုပြီး ကိုကို သူ့အပေါ် ပြောင်းလဲသွားခဲ့ပါသည်။
ပထမဦးဆုံးအနေနဲ့ ထမင်းစားပွဲဝိုင်းမှာ သူ ငုတ်တုတ်လေးထိုင်ပြီး ဖုန်းကိုသာ စိုက်ကြည့်မိသည်။
" .... လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ~~ "
" ... တိ! တိ! .. "
ပြန်ဖြေမယ့်သူ မရှိတဲ့ ဖုန်းကို သူဆက်တိုက်ခေါ်နေရတာ သူဝမ်းနည်းနေပြီဖြစ်သည်။ အလုပ်ခရီးက ပြန်လာလာချင်း ဘာတွေကြောင့်များ သူ့အပေါ်ပြောင်းလဲသွားလဲ သူမသိ။ အလုပ်တွေအရမ်းရှုပ်နေရင်တောင် အနည်းဆုံး သူပို့ထားတဲ့စာတွေကြည့်ပြီး သူခေါ်တဲ့ ဖုန်းကို ပြန်ဖြေပေးသင့်သည်။
သူ့ခမျာ ခူရိုဆီက ဟင်းချက်နည်းတွေ ကြိုးစားပမ်းစား သင်ထားခဲ့ရတာ ...။ လက်တွေအနာခံ၊ အချိန်တွေအကုန်ခံပြီး သင်ထားခဲ့ရတာ ... ။
အခုတော့ ကိုကိုက အကြောင်းပြချက်ရေရေရာရာတောင် မပေးဘဲ သူ့ကို တစ်ယောက်တည်း ချန်ထားခဲ့တာ ဖြစ်သည်။
ထားပါတော့ ~~ ကိုကိုက နောက်ကျနေတာ ~~ ကိုကိုပြန်လာလိမ့်မယ် ... ကိုကိုက ပေးထားတဲ့ကတိကို မမေ့ဘူးလေ ~~ ကိုကိုက ငါပြောတာကို မှတ်မိမှာပါ ... ဒီနေ့ည ညစာအတူတူစားမယ်ဆိုတာကို သတိရမှာပါ ...
ဂျောင်ကု ဖြည့်တွေးရင်း ထမင်းစားပွဲထက် လက်လေးထောက်ကာ အိပ်မောကျတဲ့အထိ စောင့်နေခဲ့ပေမယ့် တစ်ဖက်က သူစောင့်နေမိတဲ့ ကင်ဆော့ဂျင်မှာတော့ .... ။
" ရား~~ မင်း ဒီကိုလာတာ ဂျောင်ကု သိလား ..."
" ဘာအသိပေးစရာလိုလို့လဲ ! ဒါ ငါ့လွတ်လပ်ခွင့်ပဲလေ ~~ "
" ဒါပေမဲ့ မင်းဖန်တွေမြင်သွားမှာ မကြောက်ဘူးလား အနုပညာလှုပ်ရှားမှုတွေ မရှိပေမယ့် အခုထက်ထိ မင်းက Solo artist တစ်ယောက်ပဲလေ ...."
" ကောင်းတာပေါ့ ... ငါတောင် သတင်းထောက်တွေကို သတင်းပေးစရာမလိုဘဲ သတင်းတွေ ပြန်တက်လာလိမ့်မယ် အဲ့ဒါဆို ငါရိုက်မယ့်ကြေညာအတွက် imageတစ်ခုဖြစ်တာပေါ့ ..."
" ဘာကို image လာလုပ်နေလဲ .. ဒီလိုဘားမျိုးလာပြီး ဧည့်ခံဖို့ကောင်လေးတွေ ခေါ်တာက ကောင်းတဲ့ image လား ကင်ဆော့ဂျင်! ... သွား အိမ်ပြန်တော့! ဟိုဘက်က idol memberက နာမည်ဆိုးနဲ့ ပိုနာမည်ကြီးတယ် သူ့သတင်းမှာကပ်ပါလာရင် မင်းရှယ်ယာတွေအတွက်လည်း မကောင်းဘူး လစ် ပြန်တော့ !! အများကြီးလည်း သောက်နိုင်တာမဟုတ်ဘဲနဲ့ ... "
အိမ်ပြန်ဖို့ အနားမှာ ကပ်သီကပ်သီလာလုပ်နေတဲ့ မင်ယွန်ဂီကို သူမျက်စောင်းထိုးပြီး သောက်လက်စ ဝိုင်ကို မော့ချလိုက်မိသည်။
Advertisement
- In Serial6 Chapters
Omni
World setting: Game world-Gods came back after millennia of war against the darkness in order to re-forge humanity to face the coming end. They brought back a few of the creatures of myth and legends from the frontier realms to earth in order to adapt them for the coming days. And the best tool for the job is humanities imagination.
8 200 - In Serial8 Chapters
Dawn of the Blessing's Night
A God who has known infinite strength is exiled into a lower realm, where he finds himself trapped inside the body of a country boy. This citizens of this world are seemingly granted their wishes by a mysterious asteroid. Under the veil of a dreamlike world lies a storm in which the god struggles to find his way back to Heaven.
8 166 - In Serial19 Chapters
Acheron
Acheron, keeping you, and your family, safe, by keeping them…where they belong! Support the United Systems Alliance penal system, for a safer tomorrow. Great commercial. But that place is a total hellhole worse than death for many, and everybody knows it. The convicts are even having children. They’re supposed to be sterilized, but that costs too much, if the scandals are to be believed. Either way, Dan doesn’t care. He has a job to do—and that’s to get that lizard-ambassador out of there. How her ship crashed on that rock in the first place is an interesting mystery. Something big is at play here...
8 87 - In Serial26 Chapters
SKYDRIFT
Life has adapted to meet the demands of a world in resurgence, and Niles Wentworth, the captain of the water hauler Dusty Maiden, and his crew, are on their way to the desert capital Dara with a large shipment. During their journey, they come upon a Guardian aiship under attack. It's then that the down to earth captain learns the world isn't what he thought it was. SKYDRIFT is a completed novel and I'll be uploading a chapter daily until it's completion. If you want to help out, please point out any typos or textual errors by copying the sentence and posting it in a comment. This allows me to do a simple word search to find exactly where the mistake is located.
8 174 - In Serial37 Chapters
Affair with a married man
Being with someone who is 10 years older than you can be messyHaving an affair with a married man can be really messy. Having an affair with your friend's husband can be extremely messy.Can you risk everything and still end up with it all?
8 318 - In Serial25 Chapters
Church Boy |Yoonmin|
;Being gay is a sin.;Wait intill I have you on your knees sucking me off, church boy.
8 161

