《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၉] တစ္ဆေမိုးကောင်းကင်|တစ်ဆေမိုးကောင်းကင်
Advertisement
!unicode!
ကျင်းဖေးထုန်၏သရုပ်မှန်ကားယင်းကဲ့သို့ဖြစ်နေသည်ပင်။ သူဟာသူမထင်မှတ်ထားသည်ကိုပြောလာပေမဲ့ ၎င်းဟာလည်းတစ်ဖက်လူ၏ရိုးသားစစ်မှန်မှုကိုပြသလျက်ရှိသည်။
ရှုလင်ကျားဒေါသပြေသွားကာပြောမိသည်။
"ခင်ဗျားကျွန်တော့်ကိုဒီအကြောင်းပြောပြဖို့မလိုပါဘူး၊ ခင်ဗျားရဲ့မိစ္ဆာအတွင်းစိတ်ကကျွန်တော်နဲ့ဆက်စပ်နေလားလို့မေးတာ။"
ကျင်းဖေးထုန်ကသူ့ကိုအပြုံးတစ်ပွင့်ဖြင့်ပုတ်ကာပြောလာသည်။
"မိစ္ဆာအတွင်းစိတ်ကတကယ့်ကိုမင်းနဲ့ဆက်စပ်နေတာ၊ ဒါပေမဲ့ အဲ့ဒါကကိုယ့်ရဲ့ဇစ်မြစ်ကစတင်လာခဲ့တာ။"
သူကဆိုသည်။
"ကိုယ်ကကိုယ့်အဖေရဲ့တစ်ဦးတည်းသောသားဆိုတော့ ကိုယ်ငယ်ငယ်လေးကတည်းကအမွေဆက်ခံသူအဖြစ်ပျိုးထောင်ခံခဲ့ရတာ။ ကိုယ့်အဖေကကိုယ့်အပေါ်အရမ်းမျှော်မှန်းထားတယ်။ ကိုယ့်ပုခုံးပေါ်မှာဝန်ထမ်းထားရမှန်း ကိုယ်လည်းကောင်းကောင်းသတိထားမိတာမို့ ကြိုးစားပမ်းစားလေ့ကျင့်ခဲ့တယ်။ အဆင့်တက်တဲ့အရေးကြီးကာလအတွင်းမှာ ကိုယ်အခေါက်ပေါင်းများစွာမေ့မြောမှုနဲ့တွေ့ကြုံခဲ့ရတယ်၊ တစ်ခါတုန်းကဆို နှစ်တစ်ရာကျော်တောင်ကြာသွားခဲ့တာ။ ကိုယ်သတိပြန်ရလာတော့ အကျိုးကျေးဇူးတွေအများကြီးရရှိခဲ့တာပဲ။"
"အဲ့ဒါအပြင် ဘဝကြီးကချောမွေ့နေပြီး ထူးခြားတဲ့ဖြစ်ရပ်၊ ထူးဆန်းတဲ့ရိုက်ခတ်မှုနည်းနည်းလေးတောင်မတွေ့ကြုံခဲ့ရဘူး။"
ကျင်းဖေးထုန်၏စကားများမှာသာမန်ဖြစ်ပေမဲ့ ရှုလင်ကျားမှာထိုအထဲမှသဲလွန်စအချို့ရလိုက်သည်မို့ သူ့မျက်နှာထားမှာတဖြည်းဖြည်းချင်းလေးနက်လာသည်။
ကျင်းဖေးထုန်ကတစ်အောင့်မျှတန့်သွားပြီး တစ်ဖန်ပြန်ပြောလာသော် သူ့လေသံမှာအနည်းငယ်ဇဝေဇဝါဖြစ်နေပေသည်။
"ဒါပေမဲ့ ကိုယ့်မှာမိစ္ဆာအတွင်းစိတ်ရှိလာကတည်းက ကိုယ်အိပ်ရာကနိုးလာတိုင်း အိပ်မက်ထဲကလူရဲ့မျက်နှာကိုလုံးဝမမှတ်မိပေမဲ့ ကိုယ်အရင်ကတစ်ခါမှမကြုံဖူးခဲ့တဲ့ဖြစ်ရပ်တွေအများကြီးကိုတဖြည်းဖြည်းချင်းမှတ်မိလာခဲ့တယ်။ အဲ့ဒီ့အရာတွေဘယ်တုန်းကဖြစ်သွားခဲ့တာလဲ။ ကိုယ်မမှတ်မိသလို ကိုယ်သဲလွန်စတောင်လုံးဝရှာမရခဲ့ဘူး!"
သူ့နှလုံးသားမှာအခုန်ပိုမြန်လာသည်ကိုရှုလင်ကျားခံစားမိကာပြောလိုက်သည်။
"အဲ့ဒီ့ဖြစ်ရပ်တွေကခင်ဗျားမေ့မြောနေတုန်းဖြစ်သွားခဲ့တယ်လို့ ခင်ဗျားသံသယဝင်နေတာလား။ မေ့မြောတယ်ဆိုတာက တကယ်တော့ ဖုံးကွယ်ဖို့အကြောင်းရင်းသက်သက်ပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်ထပ်ခါတလဲလဲတွေးကြည့်ပေမဲ့ ဒီဟာအပြင်ဖြစ်နိုင်တဲ့အခြားဖြစ်နိုင်ချေကိုတကယ်စဥ်းစားလို့မရဘူး။"
"ဘာလို့လဲဆိုတော့ ကိုယ်မေ့မြောနေတုန်းက အခန်းထဲမှာကိုယ်တစ်ယောက်တည်းရှိနေပြီး ဘယ်သူ့မှကိုယ့်ကိုလာမနှောင့်ယှက်ရဲကြတာမို့ ကိုယ်တကယ်မေ့မြောတာလား၊ အတုအယောင်မေ့မြောတာလား၊ ကိုယ်အိပ်ခန်းထဲမှာရှိမရှိ ဘယ်သူမှမသိကြဘူး။ ဒါကြောင့်မို့ ကိုယ့်အနီးတစ်ဝိုက်ကလူတွေကိုစစ်ဆေးခဲ့တာ။ အချိန်တွေကြာပြီးနောက်မှာတောင် သဲလွန်စလုံးဝမတွေ့ခဲ့ဘူး....ကိုယ့်မိဘတွေသိလောက်တယ်၊ ဒါပေမဲ့သူတို့ကနည်းလမ်းရှာဖို့နန်းတော်ကထွက်သွားကြတာ၊ သူတို့ဘယ်မှာရှိနေမှန်းတောင်မသိလို့ ကိုယ်မေးလို့မရဘူး။"
ရှုလင်ကျားခေါင်းငြိမ့်မိသည်၊ ကျင်းဖေးထုန်၏စကားများဟာလည်းသူ၏ကိုယ်ပိုင်အတွေ့အကြုံနှင့်ပတ်သတ်၍ ထင်မြင်ချက်အချို့ကိုအတည်ပြုပေးလိုက်သည်ပင်။
---အတိတ်၊ လက်ရှိပစ္စုပ္ပန်နှင့်ဝိညာဥ်ကူးပြောင်းခြင်းမဟုတ်၊ သူတို့ဟာအလွန်အရေးကြီးသောဖြစ်ရပ်များကိုမေ့သွားခဲ့ရုံသာ။
"ကိုယ့်ရဲ့မိစ္ဆာအတွင်းစိတ်ကြောင့် မင်းကိုလျို့ဝှက်အကြံနဲ့ချဥ်းကပ်ခဲ့တာလို့မင်းပြောခဲ့တယ်မလား။ မဟုတ်ဘူး။"
ကျင်းဖေးထုန်ကပြောလာသည်။
"ကိုယ်မင်းကိုတွေ့တုန်းက ကိုယ်မင်းကိုမိစ္ဆာအတွင်းစိတ်နဲ့လုံးဝမဆက်စပ်မိဘူး။ ကိုယ်တို့သိပ်အကြာကြီးအတူမရှိဖူးတော့ သူကမင်းနဲ့တူမတူဆိုတာကိုယ်မပြောနိုင်ဘူး။ ကိုယ်တွေးမိတာက----"
သူခေါင်းလှည့်ကာရှုလင်ကျားကိုနက်ရှိုင်းသောအကြည့်တစ်ချက်ပေး၍ပြောလိုက်သည်။
"ကိုယ့်စိတ်ခံစားချက်တွေကမင်းကြောင့်ပိုပိုပြီးအလွယ်တကူသက်ရောက်ခံလိုက်ရတယ်လို့ကိုယ်ခံစားမိခဲ့ရုံပဲ။ ကိုယ်မနေနိုင်ဘဲတွေးကြည့်မိတယ်၊ လူတစ်ယောက်ရဲ့နှလုံးသားကနှစ်ခြမ်းခွဲလို့ရနိုင်လား။ တစ်ချိန်တည်းမှာလူနှစ်ယောက်ကိုသဘောကျနိုင်လား။ ဘယ်သူမှမသိဘူး၊ ဒါပေမဲ့ ကိုယ်...မလုပ်သင့်ဘူး။"
ထိုစကားထဲတွင် နှုတ်ခမ်းထက်တွင်မဖော်ပြခဲ့သည့်မရေတွက်နိုင်သောခံစားချက်များရှိနေပေရာ ရှုလင်ကျားနှလုံးတစ်ချက်ဆောင့်ခုန်သွားသည်။
ကျင်းဖေးထုန်ကမျက်လွှာချကာဆိုသည်။
"ဒီတော့မိစ္ဆာအတွင်းစိတ်ကမင်းနဲ့တူတယ်လို့ကိုယ်မတွေးမိဘူး၊ ဒါပေမဲ့ကိုယ်မိစ္ဆာအတွင်းစိတ်ကိုမင်းနဲ့ဆက်စပ်ကြည့်ပြီး အဲ့ဒါကိုအတည်ပြုချင်ခဲ့တာ။"
သူဒါကိုပြောသော် နောက်ဆုံးတွင်ပြုံးလိုက်သည်။
"မင်းတစ်ခုခုကိုသံသယဝင်လို့ရှိရင် လက်ဦးမှုရယူသင့်တယ်။ တကယ်တော့ ကိုယ်တို့နှစ်ယောက်လုံးတူတူပါပဲ။"
တစ်ခဏကြာသော် ရှုလင်ကျားတီးတိုးဆိုမိသည်။
"ခင်ဗျားဆုံးဖြတ်ပြီးပြီလို့ပြောခဲ့တယ်မလား။"
ကျင်းဖေးထုန်ကဆိုသည်။
"အင်း။ ဒါကဒီတစ်ခေါက်လျို့ဝှက်ဂူထဲဝင်လာရတဲ့ရည်ရွယ်ချက်မဟုတ်ဘူးလား။ ကိုယ်ခုနကအရင်ကနဲ့မတူတဲ့အိပ်မက်တစ်ခုမက်ခဲ့တယ်။ အဲ့ဒီ့အိပ်မက်ထဲမှာ ကိုယ်အဲ့လူရဲ့မျက်နှာကိုမြင်လိုက်ရတယ်။"
ကျင်းဖေးထုန်ဟာလည်းဖြောင့်မတ်မှန်ကန်သောလူတစ်ယောက်ဖြစ်သည်။ သူဘာမှမဖုံးကွယ်ဘူးဟုပြောခဲ့သည်မို့ သူဟာအရာရာတိုင်းကိုအလုံးစုံဖွင့်ပြောလာပေသည်။
သူသည်နှစ်ပေါင်းများစွာကြာအောင်ပျံ့ကြဲနေသည့်မရေတွက်နိုင်သောအိပ်မက်များစွာမက်ခဲ့သော်လည်း မအောက်မေ့နိုင်သောမြင်ကွင်းအချို့ကိုအချိန်နှင့်အမျှထပ်ခါတလဲလဲမြင်ယောင်နေခဲ့၏။ ယခုတွင် ကျင်းဖေးထုန်ကထိုအိပ်မက်များထဲရှိအရေးကြီးသောမြင်ကွင်းအများအပြားကိုကောက်နှုတ်ကာ ရှုလင်ကျားကိုပြောပြလိုက်သည်။
ရှုလင်ကျားမှာကျင်းဖေးထုန်ပြောတာကိုနားထောင်ရင်း သူ့အိပ်မက်ကိုသတိရသွားသည်။ သူပိုနားထောင်လေလေ သူပိုမိုကြောက်ရွံ့လာလေလေပင်။ ဘဝ၏အချိန်ကာလတစ်ခုကိုထပ်ပေါင်းထည့်ခြင်း၏ ဤမဖော်ပြနိုင်သောခံစားချက်မျိုးဟာ တကယ့်ကိုထူးဆန်းလှသည်။
သူဘာမှမမှတ်မိပေမဲ့ ကျင်းဖေးထုန်ပြောသည်ကိုကြားလိုက်ရသော် သူကူကယ်ရာမဲ့စွာရှုပ်ထွေးသွားရသည်။
ထို့နောက် ကျင်းဖေးထုန်ဟာလည်း မြစ်ထဲရှိရောင်ပြန်ဟပ်မှုကိုပြောလာသည်။
"...ဒီတော့ ကိုယ်အဖြူရောင်မြူခိုးနောက်လိုက်ပြီး မြစ်ဆီကိုမသိလိုက်ဘဲလျှောက်သွားမိတယ်။ အဲ့ဒီ့အချိန်တုန်းက ရေပေါ်မှာအရိပ်တစ်ခုပေါ်လာပေမဲ့ ကိုယ့်မျက်နှာမဟုတ်ဘူး..."
ထိုစကားလုံးများဟာရှုလင်ကျား၏ပျံ့ကြဲနေသည့်အတွေးများကိုပြန်ဆွဲခေါ်လာသည်။
ကျင်းဖေးထုန်ကရောင်ပြန်ဟပ်မှုအကြောင်းပြောလို့ပြီးသွားသည်ကိုကြားလိုက်ရရင်း သူ့ရင်ထဲတွင်သတိချပ်သွားသည်။
ကိစ္စကဒီလိုဆိုမှတော့ ဒီဟာကမှန်နှင့်ဆက်နွယ်နေသည်ပင်။
ကျင်းဖေးထုန်ဟာသူပြောသင့်သည့်အရာအားလုံးကိုတစ်နာရီနီးပါးပြောနေခဲ့သည်။ ရှုလင်ကျားကခေါင်းငုံ့ကာစဥ်းစားနေသည်ကိုမြင်လိုက်ရရင်း သူမနေနိုင်ဘဲစိုးရိမ်သွားမိသည်။
ကျင်းဖေးထုန်မဝံ့မရဲမေးမိသည်။
"မင်းဘာတွေတွေးနေတာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားကိုဘာလို့ရုတ်တရက်ထမေးလဲသိလား။"
ကျင်းဖေးထုန်သက်မချမိကာ တည်ငြိမ်စွာမေးလိုက်သည်။
"မင်းခုနကဓားရေးလေ့ကျင့်နေတုန်းက ဘာမြင်ခဲ့လို့လဲ။"
ရှုလင်ကျားသူ့ကိုနက်နဲသောအကြည့်တစ်ချက်ပေးလိုက်သည်။
သူလှည့်ကာကျန်းရွေ့၏ပုတီးစေ့လက်ကောက်ကိုသူ့ဝတ်ရုံလက်ထဲမှထုတ်၍ သူတို့နှစ်ဦးကြားတွင်ပစ်ချလိုက်သည်။
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်ခုနကအထင်လွဲသွားမိတယ်၊ ခင်ဗျားရိုးသားနေမှတော့ ကျွန်တော်ဘာပြောနိုင်အုံးမှာလဲ။ ဟုတ်တယ်၊ ကျွန်တော်ခုနအိပ်မက်တစ်ခုမက်ပြီးတော့ တစ်ခုခုကိုမြင်ခဲ့တယ်၊ ဒါပေမဲ့နောက်ဆုံးစမ်းစစ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက်လုံးဒီနေ့မတူတာတွေတွေ့ကြုံခဲ့ရတာက ဒီပစ္စည်းကြောင့်ပဲ။"
ကျင်းဖေးထုန်ပုတီးစေ့လက်ကောက်ကိုသာမန်ကာလျှံကာတစ်ချက်စိုက်ကြည့်လိုက်ပေမဲ့ အရေးမစိုက်ဘဲလည်ချောင်းရှင်းလိုက်သော်လည်း သူ့အသံကအနည်းငယ်သြရှနေဆဲပင်။
သူကရှုလင်ကျားကိုမေးလာသည်။
"အဲ့ဒါဆို မင်းအိပ်မက်ထဲမှာဘာမြင်ခဲ့တာလဲ....?"
ရှုလင်ကျားသူ့ကိုတစ်အောင့်မျှစိုက်ကြည့်ကာပြောမိသည်။
"ရှစ်ရှုန်း၊ ခင်ဗျားကကျွန်တော့်ရှစ်ရှုန်းလား။"
ကျင်းဖေးထုန်သူ့မျက်ဝန်းထဲစိုက်ကြည့်မိကာ သူ့ရင်ထဲတွင်ပူဆွေးသောကများစွာကိုရုတ်ခြည်းခံစားလိုက်သည်။
သူသည်ရှုလင်ကျား၏အိပ်မက်ကိုတိတ်တဆိတ်နားထောင်မိ၏။
နှစ်ပေါင်းများစွာတိုင်အောင်မိစ္ဆာတို့၏ဒုက္ခပေးခြင်းခံခဲ့ရရင်း ထိုပျံ့ကြကာမရင်းနှီးသောမှတ်ဉာဏ်တို့ကသူ့နှလုံးသားကိုကိုက်ခဲစေပေမဲ့ ၎င်းကအမှန်ဟုတ်မဟုတ်သူမပြောနိုင်ပေ။ ယင်းကားနောက်လူတစ်ဦး၏ရှုထောင့်မှထိုဖြစ်ရပ်တို့ကို ကျင်းဖေးထုန်အတည်ပြုနိုင်သည့်ပထမဆုံးအကြိမ်ဖြစ်သည်။
ရှုလင်ကျားစကားပြောနေတုန်း သူဟာလူနှစ်ဦး၏ပျံ့ကြဲနေသည့်မှတ်ဉာဏ်တို့ထံမှအဆုံးမဲ့လှပသောအတိတ်ကို အတူပြန်ဆက်ဖို့ရာအဆက်မပြတ်ကြိုးစားနေမိပေမဲ့ အရာရာတိုင်းကားမိုးရေထဲတွင်နစ်မြုပ်သွားသည့်စာရွက်ဝါပမာ မှင်တို့စွန်းထင်းသွားပြီး ချစ်ခြင်းမေတ္တာသာလျှင်စကားလုံးအနည်းငယ်ထဲတွင်မြင်နိုင်သည်။
ဒီလိုအချိန်ကောင်းလေးတွေကဘာလို့မေ့ဖျောက်ခံလိုက်ရတာလဲ။
မင်းချစ်ဖူးလား။
သို့သော် ဘာပဲဖြစ်ခဲ့ပါစေ အတိတ်မှာမေ့ဖျောက်ခံလိုက်ရပြီမို့ ယခုတော့ဖြင့်အချင်းချင်းအပြန်အလှန်ပွေ့ဖက်၍ အတည်ပြုလို့မရနိုင်တော့ပေ။
ကျင်းဖေးထုန်နှင့်ယှဥ်လျှင် ရှုလင်ကျား၏စိတ်အခြေအနေမှာပိုမိုရှုပ်ထွေးလျက်ရှိသည်။
ကျင်းဖေးထုန်ကနှစ်ပေါင်းများစွာကြာအောင်မိစ္ဆာအတွင်းစိတ်ကိုလက်ခံခဲ့ရသော်လည်း ရှုလင်ကျားကတော့ဒီကနေ့မှသာဝေဝါးသောသဲလွန်စအချို့ကိုရရှိခဲ့သည်။
သူ့အတွက် တစ်ခါတည်းနားလည်ကာလက်ခံဖို့လိုအပ်သည့်အရာများစွာရှိနေပြီး သူကလောကကြီးတစ်ခုလုံးကိုတစ်ဖန်နားလည်ဖို့လိုအပ်သည်ဟုပြောခြင်းဟာချဲ့ကားမှုတစ်ခုမဟုတ်ပေ။
သူ၏စိတ်မြန်သောအကျင့်စရိုက်ကြောင့်မဟုတ်ရင် သူနည်းနည်းသိလိုက်သည်နှင့် အခြားအရာများအကြောင်းမေးလိမ့်မည်ဖြစ်ရာ သူနှင့်ကျင်းဖေးထုန်ကြားရှိဆက်ဆံရေးမှာလည်းပျက်စီးသွားတာကြာပြီဖြစ်သည်။
ရလဒ်အနေဖြင့် သူစိတ်မရှည်ဖြစ်သွားကာ ကျင်းဖေးထုန်ကအရာရာတိုင်းကိုပြောပြလာပြီး ရှုလင်ကျားစိုးရိမ်သွားရသည်။
၎င်းမှာမတိကျသော်လည်း ထိုအိပ်မက်များထဲတွင် သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးမှာသိသိသာသာကိုပုံမှန်ဂိုဏ်းတူညီအစ်ကိုများထက်ပိုသည်။ ကျင်းဖေးထုန်၏စကားထဲရှိဝေဝါးသောခံစားချက်တို့ကိုရှုလင်ကျားအလုံးစုံနားမလည်ပေ။
သို့သော် အဆုံးတွင် ၎င်းဟာသူ့အိပ်မက်မဟုတ်သကဲ့သို့ သူဟာလည်းထိုအထဲတွင်ရှင်သန်နေထိုင်ခဲ့ခြင်းမရှိ။
လက်တွေ့ဘဝတွင် အတိတ်ကိုမမှတ်မိသရွေ့ ၎င်းတကယ်ဖြစ်ခဲ့သည်ဟုမဆိုလို။ ရှုလင်ကျားသည်ကျင်းဖေးထုန်စတွေ့တုန်းက နီးကပ်မှုနှင့်ရင်းနှီးမှုတို့ကိုခံစားရသကဲ့သို့စိမ်းကားမှုကိုလည်းခံစားခဲ့ရပြီး ၎င်းမှာဒီကမ္ဘာလောကကြီးထဲတွင်ပိုမိုနီးစပ်နိုင်ပုံမပေါ်ပေရာ သူ့စိတ်အခြေအနေမှာအလွန်ရှုပ်ထွေးနေပေသည်။
ကျင်းဖေးထုန်ကားလူတို့၏နှလုံးသားကိုထိုးဖောက်သိမြင်ရာတွင်အမြဲတမ်းထူးချွန်သော်လည်း ရှုလင်ကျား၏အတွေးတို့ကိုဖောက်မမြင်နိုင်ပေ။
တိတ်တဆိတ်သက်ပြင်းချကာ ကျင်းဖေးထုန်လက်နောက်ပစ်လျက်သားဖြင့် အဝေးရှိကောင်းကင်ပြာကိုမော့ကြည့်မိသည်။
သူရှုလင်ကျား၏အိပ်မက်ကိုတွေးကြည့်မိသည်၊ သူကသူ့ကိုအိပ်မက်ထဲတွင်တွန့်ဆုတ်စွာဆိုကာ သူ့အားသူ့ဆွေမျိုးသားချင်းတို့ကိုသွားတွေ့ရန်စည်းရုံးသိမ်းသွင်းခဲ့ပုံ၊ သူ့နံဘေးမှထွက်မသွားဖို့ပြောခဲ့ပုံတို့ကိုစဥ်းစားမိသည်။
ထိုနေ့ကနွေလယ်ခေါင်သစ်ပင်ရိပ်အောက်တွင် ချယ်ရီသီးများနှင့်ချယ်ရီအရသာအနမ်းတို့အကြောင်းသူတွေးမိသည်။
ထွက်သွားရာတွင်အနောက်လှည့်သွားပုံ၊ ပြန်တွေ့ကြရာတွင်သတိရှိနေပုံ၊ သူ့နှလုံးသားအားတစ်ဆင့်ပြီးတစ်ဆင်းလှုပ်ခတ်စေပုံတို့ကိုတွေးမိသည်။
ဂိုဏ်းထဲရှိရှုလင်ကျား၏အဖြစ်အပျက်အကြောင်းကြားလိုက်ရချိန်တွင် သူခံစားခဲ့ရသည့်နာကျည်းမှုနှင့်သောကတို့ကိုလည်းမှတ်မိသည်။
ဒီအခိုက်အတန့်မှာ သူဘာတွေးနေမိလဲ။ တကယ်တော့ အိပ်မက်ထဲ၌ အတိတ်နှင့်ပစ္စုပ္ပန်ထဲတွင် တစ်ဖက်လူကမှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ သူ့ရင်ထဲတွင်လူတစ်ယောက်တည်းသာရှိသည်။
ရှုလင်ကျားရေရွတ်မိသည်။
"ကျွန်တော်တော့မေ့လဲသွားတော့မှာပဲ၊ အဲ့ဒီ့လူကတကယ်ဘဲကျွန်တော်လား။ ခင်ဗျားပြောတာကြားပြီးတာတောင် ကျွန်တော်ဘာမှမမှတ်မိလာဘူး။"
ကျင်းဖေးထုန်ကရှုလင်ကျား၏ပုခုံးကိုပုတ်ကာရုတ်တရက်ဆိုသည်။
"မင်းကဘယ်သူလဲ။"
"...ရှုလင်ကျား။"
ကျင်းဖေးထုန်ကအပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"အဲ့ဒါပဲလေ၊ ကျင်းဖေးထုန်သိတဲ့လူကလည်းရှုလင်ကျားလို့ခေါ်တယ်။ ဘာတွေပဲဖြစ်နေပါစေ ကိုယ်တို့နှစ်ယောက်ကအရင်တုန်းကတွေ့ဖူးသည်ဖြစ်စေ မတွေ့ဖူးသည်ဖြစ်စေ၊ မင်းကမင်းပဲ။"
"အဲ့ဒီ့မှတ်ဉာဏ်တွေကတကယ်တွေ့ကြုံခဲ့တာဆိုရင် အဲဲ့ဒါတွေကမင်းရဲ့ခွဲထုတ်လို့မရတဲ့အစိတ်အပိုင်းပဲ။ တွေးကြည့်လိုက်ရင်အဆင်ပြေပေမဲ့ မေ့ပစ်လိုက်ရင် ဘာမှမခံစားရတော့ဘူးမလား။"
သူမထင်ထားမိပေ။ သူဟာထိုစကားများကိုအရင်ပြောလာသည့်တစ်ယောက်ဖြစ်သည်။ ရှုလင်ကျားကူကယ်ရာမဲ့စွာဖြင့်ခေါင်းလှည့်ကာသူ့ကိုကြည့်မိသည်။ ကျင်းဖေးထုန်ကသူ့ကိုပြုံးပြကာဆိုသည်။
"ကိုယ်ဒီမှာရှိနေတာပဲလေ။"
ရှုလင်ကျားကိုထိုသို့မြင်လိုက်ရရင်း ၎င်းမှာသူဓားတိုက်ကွက်ကိုပြန်လေ့ကျင့်တုန်းက အတိတ်ကိုအနည်းငယ်မျှသတိရသွားသောကြောင့်ဖြစ်ကာ မိစ္ဆာအတွင်းစိတ်ရှိလာမည်မဟုတ်။ ကျင်းဖေးထုန်အနည်းငယ်စိတ်သက်သာရာရသွားမိသော်လည်း ဒီယာယီပြောင်းလဲလို့မရနိုင်သောအခြေအနေတွင်ရှိမနေချင်ပေ။ မြင်ကွင်းအပေါ်တွင်အလွန်ငြိတွယ်နေခြင်းဟာသူတို့နှစ်ဦးကြားရှိလေထုအားထူးဆန်းသွားစေသည်။
ကျင်းဖေးထုန်ပြောလို့ပြီးသွားသော် သူကပုတီးစေ့လက်ကောက်ကိုကောက်မကာဆိုသည်။
"ကောင်းပြီ၊ ဒီအကြောင်းပြောကြရအောင်။"
ရှုလင်ကျားအာရုံစူးစိုက်ထားပြီးနောက် ပုတီးစေ့လက်ကောက်ထံအာရုံပြောင်းသွားကာပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ လက်ရှိအခြေအနေဆိုရင် ပုတီးစေ့ထဲကစိတ်ဝိညာဥ်ကပျောက်သွားပေမဲ့လည်း အထဲမှာအစွဲအလမ်းတချို့ရှိနေသေးတယ်၊ ဒီအစွဲကမှန်ဝိညာဥ်နဲ့တစ်ခုခုဆိုင်နေလိမ့်မယ်။"
ပုတီးစေ့လက်ကောက်ထဲရှိစိတ်ဝိညာဥ်ကိုယ်ထည်ပျောက်ကွယ်သွားသဖြင့် ဒီပုတီးစေ့လက်ကောက်ဟာသိပ်အသုံးမဝင်သည့်အသုံးမဝင်သောအခွံနှင့်ညီမျှသည်ဟုထင်ခဲ့မိသည်။ ဒီကနေ့တွေ့ရှိမှုဟာကြီးမားသောအမြတ်ဟုပြော၍ရသည်။
ကျင်းဖေးထုန်ကဆိုသည်။
"ဒါဖြင့်ရင် အစွဲတချို့မြင်ရမလားကြိုးစားကြည့်ရတာပေါ့။"
သူသည်သူ့နံဘေးရှိမြစ်ထံတိုက်ကွက်တစ်ခုထုတ်လိုက်ရာ ရေဘောလုံးတစ်လုံးကကျင်းဖေးထုန်လက်ထဲတွင်ဖြစ်တည်လာပြီး ကျင်းဖေးထုန်က၎င်းကိုပြားသွားအောင်ဖိညှစ်လိုက်ရာ ရေဘောလုံးကသလင်းကျောက်ပမာကြည်လင်သောရေခဲအဖြစ်ပြောင်းသွား၏။
ရှုလင်ကျားကရေခဲမှန်ရှေ့တွင်ပုတီးစေ့လက်ကောက်ကိုထားကာ သူ့လက်ချောင်းထိပ်မှာစိတ်ဝိညာဥ်စွမ်းအားကိုစုစည်း၍ ၎င်းကိုအသာထိလိုက်သည်။
ခုနကမှငြိမ်ကျသွားသည့်ပုတီးစေ့လက်ကောက်တစ်ခုလုံးမှာတစ်ဖန်ပြန်လည်တောက်ပလာပြီး ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့အတူကြည့်လိုက်ကြသည်။
တစ်အောင့်ကြာသော် မှန်မျက်နှာပြင်ကတဖြည်းဖြည်းချင်းသွေးနီရောင်ပြောင်းသွားသည်။
သူတို့နှစ်ဦးမှာသတိအပြည့်ကပ်ထားပြီး ရှုလင်ကျားပြောသည့်အနီရောင်ဝတ်ရုံနှင့်တစ္ဆေပေါ်လာသည်ဟုထင်မိသော်လည်း ပုံရိပ်ကတဖြည်းဖြည်းချင်းနောက်ပြန်ရွေ့သွားရင်းဖြင့် မှန်ထဲမှာပေါ်လာသည့်ပုံရိပ်မှာလူတစ်ယောက်မဟုတ်ဘဲ ရွှန်းရွှန်းတောက်နန်းတော်တစ်ခုဖြစ်ကြောင်း သူတို့ရှင်းလင်းစွာမြင်လိုက်ရသည်။
ထိုနန်းတော်ထဲ၌ ဖရိုဖရဲဖြစ်နေပြီး သွေးတို့ကလှေကားရှည်တစ်လျှောက်စီးကျနေကာ ကြမ်းပြင်မှာလက်နက်တို့နှင့်အတူဒဏ်ရာရသူများ၊ လူသေတို့ရှိနေပြီးလူအချို့မှာပျံဝဲလျက်၊ အချို့မှာအံ့အားသင့်စွာအော်ဟစ်နေလျက်၊ အချို့မှာတိုက်ခိုက်နေကြပြီး ပတ်ဝန်းကျင်မှာအလွန်ရှုပ်ယှက်ခတ်လျက်ရှိသည်။
သို့သော် ဤသည်ကားသာမန်စစ်မြေပြင်မဟုတ်ပေ။
နန်းတော်ထဲဝင်ရောက်လာသည့်ကျူးကျော်သူများမှာ"လူသား"ဟုပင်ခေါ်လို့မရနိုင်ကြောင်း ရှုလင်ကျားတွေ့လိုက်သည်။
မရေတွက်နိုင်သောရဲရဲတောက်လူသားပုံစံအရိပ်များဟာနန်းတော်ထဲတွင်လျှောက်သွားနေပြီး ၎င်းတို့၏လက်ဝါးဖြင့်ထိလိုက်သည်နှင့် လူတို့၏ခန္ဓာကိုယ်ထက်တွင်အနီရောင်အကွက်များပေါ်လာသည်ကိုသူမြင်လိုက်ရသည်။
ဤအနီရောင်အကွက်မှာဆက်လက်ပျံ့နှံ့လျက်ရှိပြီး နက်ရှိုင်းသောစိတ်ဝိညာဥ်စွမ်းအားနှင့်လူများမှာမနည်းတောင့်ခံနေစဥ် တိမ်ကောသောစိတ်ဝိညာဥ်စွမ်းအားရှိသည့်လူများမှာအသိစိတ်ပျောက်သွားပြီး ရူးသွပ်နေသည့်အလားအော်ဟစ်ကာဖြင့် နောက်ဆုံးတွင်သူတို့တစ်ကိုယ်လုံးမှာအနီရောင်၏ဝါးမျိုခြင်းခံလိုက်ရတော့သည်။
ရှုလင်ကျားကူကယ်ရာမဲ့စွာကြည့်နေရင်းဖြင့်
အစောင့်အဖြစ်ဝတ်စားထားသည့်အစောင့်များအနက်တစ်ယောက်မှာ မထင်မှတ်ထားစွာဖြင့်တိုက်ခိုက်ခံလိုက်ရပြီး ရွှေရောင်လှေကားထစ်ထိပ်မှတစ်ဆင့်တောက်လျှောက်လိမ့်ကျသွားကာ သူ့မျက်နှာမှာအနီရောင်တို့စိုးမိုးခြင်းခံလိုက်ရပြီးဖြစ်သည်။
သူကသူ့ခန္ဓာကိုယ်ကိုခက်ခက်ခဲခဲထောင်ကာအရှေ့ကိုကြည့်လိုက်သည်။ ကြည်လင်နေသေးသည့်မျက်ဝန်းတစ်စုံသာလျှင်အဆုံးမဲ့ကြောက်လန့်မှုအပြည့်ဖြစ်နေပုံမှာ ၎င်းတို့ကရေခဲမှန်ကိုထိုးဖောက်၍ ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့နှင့်အကြည့်ချင်းဆုံသွားသည့်နှယ်။
"မဟုတ်ဘူး၊ မကောင်းတော့ဘူး----"
သူသည်ရှိရှိသမျှအားကုန်သုံးကာ အက်ရှစွာအော်ပြောမိ၏။
"ကြောက်စရာအိပ်မက်ဆိုးကြီးထပ်ပေါ်လာပြန်ပြီ!"
သူတို့နှစ်ဦးသည်ထိုအသံကြောင့်ရင်ထဲတွင်တုန်လှုပ်သွားကြကာ ထို့နောက်ထိုလူဟာအကြိမ်အနည်းငယ်ရုန်းကန်နေပြီးနောက်တွင် သူ့မျက်လုံးများမှာရက်စက်ကာခက်ထန်လာပြီး သူဟာလည်းအနီရောင်ပုံရိပ်အဖြစ်ပြောင်းသွားကာ ကြမ်းပြင်ပေါ်မှခုန်ထ၍ ထူးဆန်းသောငိုသံနှင့်အတူပြေးထွက်သွားသည်ကို သူတို့မြင်လိုက်ကြရသည်။
သူတို့ရှေ့ရှိမြင်ကွင်းမှာ ငရဲပမာအလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ဒီပုတီးစေ့လက်ကောက်ကမိစ္ဆာပစ္စည်းဖြစ်နေသည်မှာမဆန်းပေ၊ ၎င်းကဤကဲ့သို့နေရာမျိုးမှထွက်လာလေရာ မိစ္ဆာမဟုတ်လျှင်ပင်ထူးဆန်းနေလိမ့်မည်။
ဤနန်းတော်မှာရင်းနှီးပုံပေါ်သည်ဟုရှုလင်ကျားဝေဝေဝါးဝါးခံစားမိလိုက်ပေမဲ့ တစ်အောင့်ကြာကြည့်နေမိပြီးနောက် သူမမှတ်မိပေမဲ့ အဓိကစကားလုံးကိုဖမ်းဆုပ်မိလိုက်သည်။
"အိပ်မက်ဆိုး?"
"ဒါကလွန်ခဲ့တဲ့နှစ်ရာချီတုန်းက ကျင့်ကြံရေးလောကကိုတိုက်ခိုက်ခဲ့တဲ့ဇုန်ဝူရှင်းရဲ့အကြီးစားတိုက်ခိုက်မှုဖြစ်လိမ့်မယ်။ အဲ့ဒီ့ဖြစ်ရပ်ကလူထုကိုဒေါသထွက်စေခဲ့တာမို့ ဂိုဏ်းအများအပြားကအတူစုဝေးပြီးတော့သူ့ကိုချိပ်ပိတ်ခဲ့တယ်၊ အဲ့ဒီ့အချိန်တုန်းက ဒီဖြစ်ရပ်ကိုမိစ္ဆာအိပ်မက်ဆိုးကပ်ဘေးလို့ခေါ်မှန်းကိုယ်မှတ်မိသေးတယ်။"
ရှုလင်ကျားကခပ်ဖွဖွ"အာ"ဟုဆိုကာပြောမိသည်။
"သူဖြစ်နေတာကိုး။"
အိပ်မက်ဆိုးကားတကယ်တော့ လူတို့၏စိတ်ထဲတွင်ဖယ်ရှားရခက်သည့် တဏှာလောဘနှင့်မိစ္ဆာအတွေးတို့ဖြစ်ကြောင်း ကျင်းဖေးထုန်ပြောခဲ့ဖူးသည်ကိုသူမှတ်မိနေဆဲပင်။
အရင်တုန်းက နူဝသည်လူသားတစ်ယောက်ကိုဖန်ဆင်းကာ စိတ်ဝိညာဥ်ဉာဏ်ပညာကိုမြေဆီလွှာထဲဖြည့်တင်းခဲ့ပြီး စိတ်ဝိညာဥ်ဉာဏ်ပညာနှင့်မွေးဖွားလာခဲ့သည့်သူများမှာလည်း အမုန်းတရား၊ အမျက်ဒေါသ၊ မနာလိုဝန်တိုမှု၊ လူသတ်ချင်စိတ်အစရှိသည့်မကောင်းသောစိတ်ခံစားချက်မျိုးစုံရှိသည်၊ အချို့မှာလူသားတို့၏ခန္ဓာကိုယ်ထဲတွင်ချိပ်ပိတ်ခံထားရပြီး အချို့မှာ ဖရိုဖရဲကမ္ဘာဦးအစစကြဝဠာထဲပျံ့ကြဲသွားကာ ကမ္ဘာကြီးနှင့်အတူယှဥ်တွဲဖြစ်တည်လျက်ရှိသည်။
မကောင်းသောစိတ်ခံစားချက်မျိုးစုံမှာစုဝေးဖြစ်တည်လာပြီး အချိန်ကြာလာသော်ပုံသဏ္ဍာန်အဖြစ်ပြောင်းလဲသွားကာ ၎င်းမှာအိပ်မက်ဆိုးဖြစ်သည်။
၎င်းမှာစိတ်ခံစားချက်ဖြစ်သည်မို့ ၎င်းဟာပင်ကိုယ်အားဖြင့်အခြားသူတို့ကိုကူးစက်နိုင်ပြီး ခွန်အားအကြီးဆုံးတစ်ခုဟာလူတစ်ယောက်၏ဉာဏ်ကောင်းမှုကို ပုလိပ်ရောဂါပမာ ၎င်းဘာသာ၎င်းဝါးမျိုသွားလိမ့်မည်။ ယင်းကားဤအရာ၏ကြောက်မက်ဖွယ်ကောင်းသောအချက်ဖြစ်သည်။
သူ့ရှေ့ရှိနန်းတော်မှာ၎င်းကဘာမှန်းမသိပါဘဲ သူတို့ဟာသိသိသာသာကို၎င်းတို့၏အကြီးစားတိုက်ခိုက်မှုကြောင့်အကာအကွယ်မဲ့သွားကာ သူတို့မှာရှုံးတော့မည်ပင်။
သူတို့ကျရှုံးသထက်ရှုံးလာသည်နှင့် ပုံရိပ်မှာတုန်ခါသွားကာ နန်းတော်၏အတွင်းပိုင်းထံသို့ခပ်မြန်မြန်ရွေ့သွားသည်။
ရှုလင်ကျားတိုးတိုးပြောမိသည်။
"မှန်ပေါ်ကမြင်ကွင်းဟာ ပုတီးစေ့လက်ကောက်ပိုင်ရှင် ဒါမှမဟုတ် ပုတီးစေ့ထဲစိတ်ဝိညာဥ်ရဲ့မျက်လုံးထဲမှာမြင်ရတဲ့မြင်ကွင်းဖြစ်လိမ့်မယ်။ ကြည့်ရတာတော့ သူ့အစွဲဖြစ်ပေါ်လာတဲ့နေရာကဒီနေရာဖြစ်နေပုံပဲ။"
ကျင်းဖေးထုန်ကတွေးကြည့်ကာ ဖြည်းညှင်းစွာခေါင်းငြိမ့်၍ပြောလာသည်။
"သူကသူ့အသက်အတွက်ထွက်မပြေးဘဲ နန်းတော်ထဲပြေးဝင်သွားတယ်။"
ရှုလင်ကျားပြောမိသည်။
"ဒီနန်းတော်ကဘယ်နေရာလဲသိလား။"
ကျင်းဖေးထုန်ကဆိုသည်။
"ဒီနေရာကပီလော့နန်းတော်မဟုတ်တာကိုဘဲကိုယ်သိတယ်။"
နှစ်ယောက်သားစကားပြောရင်း မြင်ကွင်းကအဆက်မပြတ်လျင်မြန်စွာတုန်ခါသွားသည်ကိုကြည့်နေကြပြီး သိသာစွာဖြင့်လမ်းလျှောက်နေသည့်လူများဟာအချိန်နှင့်အမျှလျို့ဝှက်နေရာတွင်ပုန်းနေရပြီး နောက်ဆုံးတွင်ခန်းမအတွင်းထဲသို့ခက်ခက်ခဲခဲဝင်သွားခဲ့သည်။
ဤနန်းတော်၏တည်နေရာကားဝေးလံခေါင်ပါးကာအတွင်းအကျဆုံးပင်။ ၎င်းမှာရန်သူ၏တိုက်ခိုက်ခြင်းခံနေရသည့်ပုံမပေါ်ပေ။ ပုတီးစေ့လက်ကောက်၏မူရင်းပိုင်ရှင်ကအထဲပြေးဝင်သွားရာ အထုပ်အပိုးတစ်ခုနှင့်နန်းတော်အစေခံမှာလွတ်မြောက်ဖို့လုပ်နေသည့်အလားပြေးထွက်လာသည်ကို သူတို့မြင်လိုက်ကြရသည်။
သူမကကြောက်လန့်မှုအပြည့်ပင်ဖြစ်ကာ ထိုအမျိုးသားကိုမြင်လိုက်ရသော် သူမရုတ်ခြည်းတောင့်တင်းသွားပြီး သူမကြောက်လန့်တကြားဒူးထောက်ချကာ တုန်ယင်နေသောအသံဖြင့်ပြောမိသည်။
"တတိယမင်းသား..."
ထိုအခေါ်အဝေါ်ကိုကြားလိုက်ရသော် ကျင်းဖေးထုန်နှင့်ရှုလင်ကျားမှာအပြန်အလှန်ကြည့်မိသည်။ အကြည့်တစ်ချက်တည်းဖြင့် သူတို့အသိများထဲတွင်ထိုကဲ့သို့သောလူရှိမရှိတိတ်တခိုးတွေးမိသည်။
သူတို့နှစ်ဦးမှာတစ်ဖက်လူကဲ့သို့မထူးချွန်သည်မှာသနားစရာပင်။ သူတို့သည်သူတို့၏ကိုယ်ပိုင်ကိစ္စကိုပင်ရှင်းရှင်းလင်းလင်းမမှတ်မိပေရာ အခြားသူတို့၏ကိစ္စကိုမှတ်မိဖို့ဆိုရင်ပြောမနေနှင့်တော့။ သူတို့ဟာတစ်ဖက်လူ၏မျက်နှာပေါ်ရှိဗလာနတ္ထိအကြည့်ကိုမြင်လိုက်ရသည်မို့ ခေါင်းပြန်လှည့်မိကြသည်။
သို့သော်လည်း တတိယမင်းသားဟာအစေခံအမျိုးသမီး၏သခင်ကိုစွန့်ပစ်သောအပြစ်ကိုအရေးစိုက်ပုံမရဘဲ ပြောသာပြောလာသည်။
"ဧကရီဘယ်မှာလဲ။"
သူ၏အသံကားညင်သာကာကြည်ကြည်လင်လင်ရှိပြီး အရွယ်ရောက်ပြောင်းလဲသောအချိန်ကာလအတွင်းရှိ ယောက်ျားလေးတစ်ယောက်၏သြရှသောအသံရှိသည်။ ကြည့်ရတာတော့ကောင်ငယ်လေးတစ်ယောက်ဖြစ်ပုံရသည်။
"ဧကရီက...န၊ န၊ နန်းတော်ထဲမှာပါရှင့်။"
လူငယ်ကဒါကိုကြားသော်ပြောလိုက်သည်။
"သွားတော့။"
နန်းတော်အစေခံမှာလွတ်ငြိမ်းချမ်းသွားခွင့်ရသွားသည့်အလား ခပ်သုတ်သုတ်ထွက်သွားပြီး သူကတော့ဖြင့်နန်းတော်၏အတွင်းပိုင်းထံခြေလှမ်းကျဲများနှင့်လျှောက်ဝင်လာခဲ့သည်။
ခြေလှမ်းအနည်းငယ်မျှမရောက်သေးမီ သိပ်မဝေးသောနေရာမှဝိုးတိုးဝါးဝါးအော်သံကိုရှုလင်ကျားကြားလိုက်ရပြီး အဆုံးတွင်အစေခံအမျိုးသမီးမှာမလွတ်မြောက်သွားကြောင်းသိနေရင်း သူကူကယ်ရာမဲ့စွာခေါင်းခါရမ်းမိသည်။
ထို့နောက် မှန်ထဲရှိပုံရိပ်ထက်တွင် အိပ်ခန်းတံခါးမှာတတိယမင်းသား၏"ဘန်း"ခနဲတွန်းဖွင့်ခြင်းခံလိုက်ရသည်။ သူကကျယ်လောင်စွာဆိုသည်။
"မယ်တော်? မယ်တော်?"
အထဲတွင်ပြန်ဖြေသံမကြားပေမဲ့ "ဒေါက်"ခနဲထွက်ပေါ်လာသည်၊
ကြမ်းပြင်ပေါ်တစ်ခုခုကျသွားသည့်အသံဖြစ်သည်။
လူငယ်မှာအထဲပြေးဝင်သွားပြီး စားပွဲရှေ့တွင်သူ့ကိုနောက်ကျောပေးကာထိုင်နေသည့်အနီရင့်ရောင်နန်းတွင်းဝတ်ရုံနှင့်အမျိုးသမီးကိုရှုလင်ကျားမြင်လိုက်ရသည်။ ကြမ်းပြင်ထက်တွင်ဇောက်ထိုးထားထားသည့်မှန်တစ်ချပ်ရှိနေသည်။
သူကျင်းဖေးထုန်ကိုအလျင်စလိုပြောမိသည်။
"ဒီတစ်ယောက်ပဲ! မှန်ထဲမှာကျွန်တော်မြင်ခဲ့ရတဲ့တစ္ဆေအမျိုးသမီးကသူမပဲ!"
သူမကပုတီးစေ့လက်ကောက်ပိုင်ရှင်၏မိခင်လား။
တတိယမင်းသားကအလျင်စလိုပြောလာသည်ကိုသူကြားလိုက်ရသည်။
"မယ်တော်၊ ဘယ်အချိန်ရှိနေပြီလဲ၊ မယ်တော်ဘာလို့ဒီမှာထိုင်နေသေးတာလဲ။ မိစ္ဆာအတုတွေကအပြင်မှာတိုက်ခိုက်နေကြပြီ၊ ဘာလို့သားတော်နဲ့အတူမလိုက်ခဲ့တာလဲ!"
သူကထိုသို့ပြောကာ ခြေလှမ်းကျဲဖြင့်လျှောက်သွားပြီး အမျိုးသမီးကိုဆွဲကာမနေနိုင်ဘဲလှောင်ပြုံးပြုံးမိသည်။
"ပုံမှန်ဆိုရင်မယ်တော်ကမယ်တော့်ရဲ့ဒုတိယသားတော်ကိုအချစ်ဆုံးမဟုတ်ဘူးလား။ မယ်တော်ကသားတော်ကိုကျဂရုမစိုက်ဘူး၊ မယ်တော်အရမ်းဘက်လိုက်တာပဲ၊ ဒီလိုသေရေးရှင်ရေးအခိုက်အတန့်မှာ ဘယ်သူကမယ်တော့်ကိုကယ်မှာလဲ။"
ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာပြောမိသည်။
"ထူးဆန်းတယ်၊ သူကတတိယမြောက်သားဖြစ်ပါရက်နဲ့ ဘာလို့သူ့ကိုယ်သူဒုတိယမြောက်သားတော်လို့ခေါ်နေတာလဲ။ သူကဒုတိယမြောက်သားမဖြစ်သင့်ဘူးမလား။"
ရှုလင်ကျားရုတ်တရက်ကျင်းဖေးထုန်ကိုလှမ်းဆွဲကာပြောလိုက်သည်။
"ကြည့်!"
တတိယမင်းသား၏လှုပ်ရှားမှုများမှာလမ်းတစ်ဝက်ရောက်နေပေမဲ့ သူ့လက်များကလေထဲတွင်တန့်သွားကာ မသိမသာတုန်ယင်နေပေသည်။
ချက်ချင်းပင်၊ အမျိုးသမီးကခေါင်းလှည့်လာသည်။
Advertisement
- In Serial81 Chapters
Collect The World
(From the creator of Desire, Zombie Slayer!!, and Towers of Heaven) In this world, the System bestows an innate gift to those who turn 18 years old.. So it was no wonder Keith was overjoyed when his innate gift manifested as a Grimoire that grows stronger the more items he collects. After all, he's somewhat of a hoarder. But as Keith learns more about his Grimoire and its unlimited potential, forces in the world begin to move. Swept up in events outside his control, Keith will need to confront hidden truths about the nature of his world, his family, and his destiny.
8 176 - In Serial223 Chapters
Skyfire Magus
Lynne Hyorn, seventeen years old laziness-personified, manages to enter one of the four prestigious Academies for the Arts of Magic, Skyfire Academy for Magical Arts. However, unlike others, the reason he enrolled was not to pursue Magic, but rather because his father promised him hefty allowance if he manages to enter. His temporary tranquility soon comes to an end, though, as his father is drafted for war and his home is confiscated shortly after, leaving him to sleep on the streets. With no other choice, he decides to finally dedicate himself for the first time in his life, rising up from being just a lowly, Unranked Mage, to the ultimate guardian of the Academy: Skyfire Magus. A coming-of-age story set in a world of Magic follows young Lynne through the perils of strength, dedication, and world where fist isn't always the answer to every question. ~If you find any mistakes, please do comment on them or send me a message. Even though I proofread my chapters, mistakes stay from time to time.~ Glossary of terms (may include spoilers): https://freelanceronfire.wordpress.com/skyfire-glossary/ ~~COMPLETED~~
8 276 - In Serial13 Chapters
The Hideous Horde
In a world where powers are more of a curse than a gift, terrible changes occur to normal humans for seemingly random reasons. These changes occur at the genetic level, and they are not your classic presto changeo. These changes are made of blood, pain, and pounds of flesh. The story begins with these transformations, and who knows when it'll end. This is currently becoming something; hopefully, it'll become something great. Keep your hopes up, because there is more to come.
8 150 - In Serial82 Chapters
Souls Reforged
The multiverse is slowly being corrupted. Many universes have already fallen into decay. As their worlds crumble the World Lords, ancient beings of immense power, call out to their long-forgotten creator, asking for aid. Their requests are answered, however the form that aid takes is rather, unexpected. They are not given more power or direct intervention. Instead, they get a few handfuls of weak unsuspecting souls in need of endless training, as soldiers. If that wasn’t bad enough. An entity that was ancient before their universe was born, is assigned to keep an eye on the help. The entity in question isn’t exactly happy about it either. None of the parties involved are happy with the situation, but they will have to learn to work together if they want to survive what is coming.
8 219 - In Serial9 Chapters
Right Hand of God
Ghosts, demons, and all things that go bump in the night crawl the Earth. Rarely, some people are born with the ability to see the supernatural no matter what form it takes to conceal itself, including invisibility. Even more rarely, some people are also born with the ability to exorcise any supernatural entity. This ability always manifests in the right hand and arm, and so in some circles it has come to be called the Right Hand of God. Jacob Davidson, a black seventeen-year-old living in Normal, Ohio, has been secretly fighting and exorcising ghosts all his life using this power. One night, however, a seemingly average job takes an unexpected turn when Jacob meets the sarcastic, suave, and ironically named Agent Mann, a revenant who hunts other supernatural creatures, and has his first encounter with the denizens of Hell itself. Now Jacob and Agent Mann must team up to stop all Hell from literally raising. But with the mysterious power known as the Left Hand of Lucifer also rising in Normal, Ohio, do they have any chance of success?
8 97 - In Serial12 Chapters
Fall of Jupiter
What happens when the most powerful man in the world loses his soulmate to a heart attack? What happens when an innocent woman is dragged into a world of magic, and superheroes? Who is the true hero of the story? Note: This is the first book I ever wrote seriously. (I even had a cover made before I decided against publishing it) I'd like to think my writing style has improved with practice, and the multiple other books I've worked on. It felt wrong to leave a nearly completed book gathering dust in my google docs, but I don't think it's good enough to be officially published. As a result, I'm putting it here instead where it at least won't be totally wasted. Eventually, I'll put in the last 10 hours or so to finish it for you guys. Hope you like it :)
8 158

