《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၇] ကျိုမုဇစ်ချန်|က်ိဳမုဇစ္ခ်န္
Advertisement
!unicode!
သူတို့နှစ်ဦးသည်သတိကပ်ကာ လှိုဏ်ခေါင်းကိုဖြတ်လျှောက်လာကြပေမဲ့ ဒီတစ်ခေါက်တွင်ထူးဆန်းသောအရာတစ်ခုမျှဖြစ်မသွားပေ။ လမ်းတစ်လျှောက်လုံးရှိမြေပြင်အနေအထားမှာအောက်သို့နိမ့်ဆင်းသွားသည်ဟုသူတို့ခံစားမိပြီး လေပြေမှာလည်းမဖော်ပြနိုင်လောက်သောအေးစက်မှုနှင့်အတူ သူတို့၏နားနှင့်ဆံနွယ်တို့ကိုအဆက်မပြတ်ဖြတ်တိုက်သွားပေသည်။
လမ်းမှာကျဥ်းလွန်းလှသဖြင့် သူတို့နှစ်ဦးဘေးချင်းကပ်လျှောက်သွားလို့မရပေ။ ကျင်းဖေးထုန်ကရှေ့ကသွားကာ ရှုလင်ကျားကသူ့နောက်မှလိုက်သွားသည်။ သူ့နားထဲတွင်တဝီဝီမြည်နေသည့်ဓားအသံများဟာတဖြည်းဖြည်းချင်းရှင်းလင်းပီသလာသည်ကိုသူခံစားမိပြီး သူတို့ဒီတစ်ခေါက်တွင်ညာဘက်လမ်းကြောင်းကိုလျှောက်သွားသင့်သည်ကိုသူတို့သိသည်။
ကျင်းဖေးထုန်ကလမ်းလျှောက်ရင်းတီးတိုးပြောလာသည်။
"ကိုယ်သူများတွေပြောတာကြားဖူးတယ်၊ လျို့ဝှက်ဂူထဲဝင်ပြီးနောက်မှာ ဘိုးဘေးတွေရဲ့လက်ကျန်စိတ်ဝိညာဥ်အသိစိတ်ကိုခံစားမိလောက်အောင်ကံကောင်းလို့ရှိရင် ဉာဏ်အလင်းပွင့်ရင်ပွင့်၊ မဟုတ်ရင်ဓားစွမ်းအင်ကိုဆက်ခံရလိမ့်မယ်တဲ့၊ ဒါပေမဲ့မတူညီတဲ့လူတွေရဲ့အခြေအနေအရ ဆက်ခံတဲ့ပုံစံကလည်းကွဲပြားတယ်၊ ဒီတော့မင်းကိုတိကျသေချာတဲ့အခြေအနေကိုပြောပြဖို့နည်းလမ်းမရှိဘူး။ မင်းပိုပြီးအာရုံစိုက်ရမယ်နော်။"
ကျင်းဖေးထုန်သည်ဝတ်ရုံလက်ကျယ်နှင့်ဝတ်ရုံရှည်ကိုဝတ်လေ့ရှိ၏။ ရှုလင်ကျားကသူ့နောက်မှလိုက်လာသည်။ ကျင်းဖေထုန်၏ဝတ်ရုံလက်ကျယ်များမှာလေပြင်းကြောင့်သူ့ရှေ့တွင်လွင့်ခါသွားပုံမှာ အမြီီးကြီးတစ်ခုပမာ။
သူ၏အာရုံတစ်ဝက်လွင့်သွားကာ မနေနိုင်ဘဲသူ့လက်ကိုလှမ်းဆွဲ၍ စိတ်ဝင်တစားမေးမိသည်။
"ဒါဆိုခင်ဗျားရဲ့နည်းလမ်းကဘာလဲ။ ကျွန်တော်သိချင်တယ်။"
ကျင်းဖေးထုန်ကခပ်ဖွဖွပြုံးကာဆိုသည်။
"ကိုယ်အရင်တစ်ခေါက်ဝင်လာတုန်းက အတိုက်ခိုက်မခံရပေမဲ့ ထူထဲတဲ့အဖြူရောင်မြူခိုးထဲမှာရှိနေတာ၊ အဲ့ဒါအပြင် အသံတစ်သံလေးတောင်မကြားရဘူး၊ ဘာအရောင်ကိုမှလည်းမမြင်ရဘူး..."
ရှုလင်ကျားပြောမိသည်။
"ခင်ဗျားရဲ့ဘဝလိုမျိုးလား။"
သူဟာကျင်းဖေးထုန်၏စကားများကိုအဓိကတွေးမိသောကြောင့် သူဟာဤအခိုက်အတန့်တွင်ချောမွေ့စွာပြောလာသည်မို့အလွန်အထင်ကြီးလေးစားမိသည်။
သူတို့စကားပြောလို့ပြီးသွားသော် ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့ပြိုင်တူတိတ်ဆိတ်သွားကြကာ ထို့နောက်မနေနိုင်ဘဲရယ်မောမိကြသည်။
ကျင်းဖေးထုန်ကပြောလာသည်။
"မင်းရဲ့မှတ်ဉာဏ်ကတကယ်ကောင်းတယ်ဆိုတာကိုယ်ပိုပိုပြီးသိလာရပြီ။ မင်းဒါကိုမင်းဘဝလက်ကျန်သက်တမ်းတစ်လျှောက်လုံးမှတ်မိနေရမယ်နော်?"
ရှုလင်ကျားပြုံးကာပြောလိုက်သည်။
"ခင်ဗျားပြောစရာမလိုပါဘူး။"
ကျင်းဖေးထုန်တွေးမိသည်၊ ကိုယ်ကသာမန်ကာလျှံကာပြောလိုက်ပေမဲ့ မင်းရှင်းရှင်းလင်းလင်းမှတ်မိနေမယ်လို့ဘယ်သူကတွေးမိမှာလဲ။ ပြီးတော့ မင်းမြေခွေးအသွင်ဖြစ်နေတုန်းက မင်းနားထောင်တဲ့အချိန်မှာ ကိုယ်ရဲ့ပေါင်ပေါ်မှာလှဲရင်းနဲ့ မင်းကိုယ်မင်းအမြှီးနဲ့ကာပြီးတော့ နားရွက်တစ်ဖက်ထောင်ပြီးနားထောင်ခဲ့တာကိုကျမင်းဘာလို့မပြောတာလဲ။
သို့သော် ထိုစကားလုံးများကိုသူမပြောရဲပေရာ ချောင်းပြန်ဟမ့်၍ စကားဆက်ပြောလိုက်သည်။
"အဲ့ဒီ့နောက်မှာကိုယ်ဘယ်လောက်ကြာကြာလမ်းလျှောက်နေမိလဲမသိဘူး၊ ကိုယ်သစ်သားငါးအသံကြားလိုက်ရပြီးတော့ မြူခိုးထူထဲကတစ်စုံတစ်ယောက်ကကျမ်းစာတွေကိုစရွတ်တော့တာပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ကျမ်းစာရွတ်တယ်? ဒါပေမဲ့ခင်ဗျားအမွေဆက်ခံခဲ့တာမို့လို့ ခင်ဗျားမှာမိစ္ဆာအတွင်းစိတ်ရှိလာတာလို့ ခင်ဗျားပြောခဲ့တာကိုကျွန်တော်မှတ်မိပါသေးတယ်၊ ခင်ဗျားရဲ့မိစ္ဆာအတွင်းစိတ်ကကျမ်းစာရွတ်တာကနေထွက်မလာနိုင်ဘူးမလား။"
ကျင်းဖေးထုန်ကတည်ငြိမ်စွာဆိုသည်။
"ဟုတ်တယ်၊ ကျမ်းစာရွတ်တာကနေ ထွက်လာတာ။"
ရှုလင်ကျားအနည်းငယ်မိန်းမောသွားရသည်။
"တကယ်တော့ ကိုယ့်မှာပုံမှန်ဆိုလုပ်စရာဘာမှမရှိတော့ ကျမ်းစာတွေအများကြီးကိုဖတ်ခဲ့ပေမဲ့ နှုတ်တိုက်ရွတ်တဲ့ကျမ်းစာကိုတော့ကိုယ်တစ်ခါမှမမြင်ဖူးဘူး၊ ဒါပေမဲ့ကိုယ်သူနဲ့အတူလိုက်ရွတ်နိုင်တယ်။ စိတ်တစ်ခုလုံးဗလာနတ္ထိဖြစ်သွားတာ၊ မသိရင် ဝိညာဥ်ကခန္ဓာကိုယ်ကထွက်သွားပြီးတော့ ကျယ်ပြောတဲ့လောကကြီးကိုမြင်ချင်နေတဲ့အတိုင်းပဲ။"
ရှုလင်ကျားသည်ကျင်းဖေးထုန်ပြောသည့်အရာနှင့်သိပ်မစိမ်းပေ။ ကျင့်ကြံသူများသည်တောက်ဓမ္မပညာကိုနားလည်ကာ နယ်ပယ်အဆင့်မြင့်အောင်ကြိုးစားကြချိန်တွင် သူတို့မှာ ဤကဲ့သို့ထူးခြားဆန်းပြားသောခံစားချက်ပေါ်ပေါက်လာပုံမှာ လောကကြီး၏အဓိကရုဏ်းနှင့်ဝေးရာတွင်ရှိနေသည့်နှယ်။
ယေဘုယျအားဖြင့်ပြောရလျှင် သင်နိုးလာလို့ရှိရင် သင့်မှာမကြာခဏအကြားအမြင်ရလာလိမ့်မည်ပင်၊ သို့သော်ထိုအချိန်တွင်အနှောင့်အယှက်ခံ၍မရ၊ မဟုတ်ရင် ရူးသွားနိုင်ချေရှိသည်။
ကျင်းဖေးထုန်ပြောမိသည်။
"ဒါပေမဲ့ ကိုယ်လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့မယ်လို့ခံစားမိလိုက်တဲ့အချိန်မှာ ကိုယ်ရှေ့ကအဖြူရောင်မြူခိုးရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ မြူခိုးရဲ့အခြားတစ်ဖက်မှာ တောင်တစ်လုံးနဲ့လူတစ်ယောက်ကိုကိုယ်မြင်ခဲ့ရတယ်။"
ရှုလင်ကျားနားထောင်လေလေ ပိုမိုပဟေဠိဖြစ်မိလေလေပင်။
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်သူ့ကိုလှမ်းခေါ်လိုက်ပေမဲ့ သူကတစ်ချက်လှည့်ကြည့်ပြီးထွက်သွားတာ၊ ကိုယ်သူ့ကိုမဆွဲလိုက်နိုင်ဘူး။ ပြီးတော့ကိုယ်မြင်..."
သူဘာပြောမလဲမသိပေမဲ့ ကျင်းဖေးထုန်ဟာအလွန့်အလွန်အရေးကြီးသည့်တစ်စုံတစ်ရာကိုပြောတော့မည်ဟုရှုလင်ကျားချက်ချင်းခံစားမိလိုက်ရာ သူအသက်ရှုအောင့်ကာ နောက်လာမည့်စစကားကိုစောင့်နေမိသည်။
သို့သော်ကျင်းဖေးထုန်ကတစ်အောင့်မျှနှုတ်ဆိတ်သွားပြီးနောက်ပြောလာသည်။
"တောင်းပန်ပါတယ်၊ ကိုယ်မင်းကိုနောက်ဘာဖြစ်သွားလဲဆိုတာမပြောပြနိုင်ဘူး။ အဲ့ဒါကကိုယ့်ကိုနက်နက်ရှိုင်းရှိုင်းခံစားရစေတယ်။"
ရှုလင်ကျားတန့်သွားကာပြောလိုက်သည်။
"ရပါတယ်။"
ထို့နောက်သူထပ်မေးမိပြန်သည်။
"အဲ့ဒီ့နောက်မှာ ခင်ဗျားမှာမိစ္ဆာအတွင်းစိတ်ရှိလာခဲ့တာလား။"
ကျင်းဖေးထုန်ကပြောလာသည်။
"အတိုချုံးပြောရရင် အဖြူရောင်မြူခိုးပျောက်ကွယ်သွားတဲ့နောက်ပိုင်းကမြင်ကွင်းကိုကိုယ်မြင်လိုက်ရတဲ့အချိန်မှာ ကိုယ့်စိတ်ကရုတ်တရက်ဇဝေဇဝါဖြစ်လာပြီးတော့ လောကကြီးထဲမှာလွင့်မျောနေတဲ့ခံစားချက်ကနေချက်ချင်းဆိုသလိုလွတ်မြောက်သွားတယ်။ ချက်ချင်းပဲ အဲ့ဒါတွေအကုန်ပျောက်သွားပြီးတော့ ကိုယ်အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာ လျို့ဝှက်ဂူအပြင်ကဝင်ပေါက်ဝမှာရောက်နေပြီးတော့ လျို့ဝှက်ဂူတစ်ခုလုံးကလည်းပိတ်ပြီးသားဖြစ်နေပြီ။"
"အဲ့ဒီကတည်းက ကိုယ့်ရဲ့မိစ္ဆာအတွင်းစိတ်တွေတဖြည်းဖြည်းချင်းပေါ်လာတာ၊ ဒီနေ့ထိတိုင်ကိုယ့်ကိုနှောင့်ယှက်နေခဲ့ကြတာပဲ။"
ကျင်းဖေးထုန်ပြောလို့ပြီးသွားသော် ရှုလင်ကျားဘာမှထပ်မပြောတော့ပေ။ သူတို့နှစ်ဦးမှာအတွေးကိုယ်စီရှိနေကြသည်။ ပတ်ဝန်းကျင်မှာတစ်အောင့်ကြာတိတ်ဆိတ်သွားပြီး ခြေသံနှင့်လေတိုက်သံတို့သာကြားနိုင်ပေသည်။
ရုတ်တရက်ချင်းပင်၊ အရှေ့ကလျှောက်နေသည့်ကျင်းဖေးထုန်မှာရပ်သွားပြီး လက်မောင်းအသာမြှောက်ကာ ရှုလင်ကျားရှေ့တွင်တစ်ဝက်ပိတ်ကာ၍ အရှေ့ကိုသတိရှိရှိကြည့်လိုက်သည်။
ရှုလင်ကျားသူ့အကြည့်နောက်လိုက်ကြည့်လိုက်ရာ လှိုဏ်ခေါင်းတစ်ခုလုံးဟာပဆုံးသတ်ကိုရောက်နေပြီးဖြစ်ကာ သူတို့နှစ်ဦးရှေ့တွင်ပုံရိပ်တစ်ခုကဓားကိုင်လျက်သားဖြင့်ခပ်မတ်မတ်ရပ်နေသည်ကိုမြင်လိုက်ရသည်။
သို့သော် တစ်ခဏကြာစောင့်နေပြီးနောက် ထိုလူဟာမလှုပ်ရှားသကဲ့သို့စကားလည်းပြောခြင်းမရှိပေ။
ရှုလင်ကျားကကျင်းဖေးထုန်၏လက်မောင်းကိုဆုပ်ကိုင်ကာ အနောက်မှတိုးထွက်၍ပြောလိုက်သည်။
"ဒီ...အကြီးအကဲ?"
သူပါးစပ်ဟလိုက်ပြီးမကြာမီတွင် တစ်ဖက်လူကရုတ်ခြည်းခေါင်းမော့ကာသူ့ကိုကြည့်လာသည်အားမြင်လိုက်ရသည်။ ယင်းကားဆံပင်နှင့်မုတ်ဆိတ်တို့ဖြူနေသည့်အဘိုးအိုတစ်ယောက်ဖြစ်ကာ သူ့မျက်လုံးများမှာလူသတ်ချင်စိတ်အပြည့်နှင့်ပင်။
ချက်ချင်းပင်၊ ထိုသူကဓားမြှောက်ကာ စကားတစ်ခွန်းမဆိုဘဲရှုလင်ကျားကိုထိုးစိုက်လာသည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့နှစ်ဦးလုံးအေးခဲသွားကြကာ ပြိုင်တူနီးပါးဓားဆွဲထုတ်လိုက်ကြသည်။
ရှုလင်ကျား၏အကွာအဝေးမှာပိုနီးကပ်နေပြီး သူဟာကျင်းဖေးထုန်၏အရှေ့သို့ပျံဝဲသွားကာ အဘိုးအို၏ဓားနှင့်ရင်ဆိုင်လိုက်သည်။
ဓားနှစ်လက်ထိခတ်သွားသည့်အခိုက်၊ ပတ်ဝန်းကျင်မှာတောက်ပမှုတို့ပြည့်သွားပြီး သူ့ဘဝတွင်တစ်ခါမှမတွေ့ဖူးသည့်ကြီးမားသောဖိအားတစ်ခုကဓားမှရုတ်တရက်ထွက်လာသည်ကိုသာရှုလင်ကျားခံစားမိလိုက်သည်။ သူ့လက်ထဲရှိဓားရှည်ကိုလက်ထဲမှလွတ်မကျသွားအောင်လုပ်ထားရသည်။
သို့သော် ၎င်းမှာထိုကဲ့သို့ပင်၊ သူကူကယ်ရာမဲ့စွာအနောက်ဆုတ်လိုက်မိပေမဲ့ အဘိုးအိုကအရှေ့ကိုဖိချလာသည်။ တိုက်စစ်တစ်ခုနှင့်ခံစစ်တစ်ခုကြားတွင် ရှုလင်ကျားမှာ၁၀ပေကျော်မျှနောက်ပြန်ဆုတ်သွားကာ သူ့ကျောပြင်မှာနံရံကိုလေးလံစွာမှီလိုက်ရပြီး သူ့နှဖူးမှာချွေးစေးပြန်နေပြီးဖြစ်သည်။
သူသည်ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ထိုအခါမှသာလျှင်ဘေးကိုတစ်ချက်ကြည့်မိလိုက်ရာ ကျင်းဖေးထုန်ဘယ်ရောက်သွားမှန်းမသိသည်ကိုသဘောပေါက်သွားရာထိတ်လန့်သွားမိသည်။
ရှုလင်ကျားဓားမြှောက်၍ အနောက်လှည့်ကာ သူ့အနောက်ရှိတစ်ဖက်လူ၏တိုက်ခိုက်ချက်ကိုဓားတစ်လက်ဖြင့်ဟန့်တားလိုက်ပြီး တစ််ဆက်တည်းမှာပင်အဘိုးအို၏ပုခုံးပေါ်မှခုန်ကျော်ကာ အော်ခေါ်လိုက်သည်။
"ရှစ်ရှုန်း?"
ကျင်းဖေးထုန်ကားတုံ့ပြန်ခြင်းမရှိ၊ တစ်ဖက်လူ၏ဓားကရောက်လာပြီးဖြစ်သည်။ ရှုလင်ကျားထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူ့ကိုယ်ပိုင်ဓားကိုဖြောင့်တန်းလိုက်ရာ ဓားကိုယ်ထည်ကမမှားယွင်းသွားဘဲ တစ်ဖက်လူ၏ဓားဖျားကိုဟန့်တားလိုက်ပေမဲ့ တစ်ပြိုင်နက်တည်းမှာပင်သူလည်းခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားရသည်။
သို့သော်ထိုသို့ပင်လျှင် တစ်ဖက်လူကခွန်အားအကုန်မသုံးထားမှန်း ရှုလင်ကျားခံစားလို့ရနိုင်သေးသည်။ ထိုသူ၏သနားညှာတာမှုကြောင့်မဟုတ်ရင် ဒီတိုက်ကွက်အနည်းငယ်ကြားမှာသူ့အသက်နှုတ်ယူခံလိုက်ရမှာစိုးသည်။
သူ့ဘဝတွင်ထိုကဲ့သို့သောဆရာတစ်ယောက်ကိုသာမြင်ဖူးသည်။ ဟယ်ဇီကျိုး၊ ကျင်းဖေးထုန်နှင့်အခြားသူများပင်ထိုသူ့ကိုလိုက်မမီပေ၊ ရှုလင်ကျားတစ်ဖက်လူ၏သရုပ်မှန်ကိုသိထားပြီးသားပင်။
ထိုသူသည်ကားဒီလျို့ဝှက်ဂူ၏ဆရာသခင်ကျန်ရစ်ခဲ့သည့်အသိစိတ်ဖြစ်ရမည်။ ရှုလင်ကျားက"အကြီးအကဲ"ဟုခေါ်လိုက်သည်နှင့် အဘိုးအိုကဓားကိုရုတ်ခြည်းရပ်ကာအံ့သြတကြီးပြောလာသည်။
"မင်းဘာလို့ခွန်အားအကုန်ထုတ်မသုံးတာလဲ။"
သူခွန်အားအကုန်ထုတ်သုံးပြီးသွားပြီဟုရှုလင်ကျားခံစားရသည်။ အဘိုးအို၏မေးခွန်းကဘယ်ကရောက်လာမှန်းမသိပေ။ သူဆိုးဆိုးဝါးဝါးပြုမူနေသည်ဟုပြောနေသယောင်ခံစားမိရသည်မို့ သူအနည်းငယ်စိုးရိမ်သွားကာမေးမိသည်။
"ကျွန်တော့်ဓားရေးကညံ့တယ်ထင်လား။"
အဘိုးအိုကသူ့ကိုတစ်အောင့်ကြာကြည့်ကာရုတ်ခြည်းမျက်ခုံးပင့်၍ ဒေါသတကြီးမေးလာသည်။
"မင်းမမှတ်မိဘူးလား။ မင်းအရင်ကလေ့လာသင်ယူထားတဲ့အရာရာတိုင်းကိုမေ့သွားတာပဲ၊ ဒီတော့မင်းမှာဘာအမွေရှိတော့မှာလဲဟ!"
ဤကျယ်လောင်သောအော်သံကားအဝေးမှလာပုံရကာ ရှုလင်ကျားအားမိန်းမောသွားစေပြီး တစ်ဖက်လူကဓားကိုအံ့သြစရာကောင်းသောအရှိန်ဖြင့်သူ့နှဖူးအလယ်ထည့်တည့်ထံထိုးစိုက်လာသည်ကိုချက်ချင်းမြင်လိုက်ရသည်။
နာကျင်မှုလုံးဝမရှိပေမဲ့ ၎င်းမှာအေးစက်မှုပမာမျက်ခုံးတစ်လျှောက်တိုက်ရိုက်ပျံ့နှံ့သွားကာ ခန္ဓာကိုယ်နေရာအနှံ့ပျံ့နှံ့သွားသည်။
ယင်းကားဗုဒ္ဓဘုရားကျောင်းပင်။
ရှုလင်ကျား၏ဆန့်ကျင်ဘက်ဘုရားကျောင်းထဲတွင် မြင့်မားသောနေရာထက်၌ခပ်မတ်မတ်တင်ပျဥ်ခွေထိုင်နေသည့် အနည်းငယ်မျက်လွှာချထားကာသနားကြင်နာကာကရုဏာတရားကြီးမာသည့်ဗုဒ္ဓရုပ်ပွားတော်ရှိသည်။
ဗုဒ္ဓရုပ်ပွားတော်ရှေ့ရှိဆီမီးခွက်ထဲတွင် စန္ဒကူးအမွှေးတိုင်သုံးတိုင်ထွန်းထားကာ စန္ဒကူးရနံ့မှာတဖြည်းဖြည်းချင်းနှင့်နည်းနည်းချင်းစီပျံ့နှံ့နေပေရာ ဘုရားကျောင်းခန်းမ၏ထောင့်တိုင်းတွင်မွှေးပျံ့လျက်ရှိသည်။
သို့သော် ရှုလင်ကျားကိုယ်၌ကတော့ဖြင့်ပြတင်းပေါက်အောက်ရှိကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ကွေးကာနောက်ခြေတစ်ဖက်ကထောင်လျက်သားဖြင့်ဆန္ဒရှိသလိုထိုင်နေပြီး သူ သေရည်ဝိုင်ခရားကိုင်ထားသည့်သူ့လက်မှာသူ့ဒူးပေါ်တွင်တင်ထားသည််။
သူကားသေရည်တစ်ငုံသောက်ထားပုံရကာ သူ့နှုတ်ခမ်းမှာပူလောင်လျက်ရှိသည်။
ဒီနေရာကဘယ်နေရာမှန်းရှုလင်ကျားမသိပေမဲ့ သူဟာတစ်စုံတစ်ယောက်နှင့်ဆက်နွယ်နေသည့်အလားခံစားနေရသည်။
သူသည်ခေါင်းထက်ရှိဗုဒ္ဓဆင်းတုတော်ကိုတိုက်ရိုက်မော့ကြည့်ကာ ဒီလူ၏လက်ရှိအမူအကျင့်မှာအလွန်မောက်မာသည်ဟုခံစားလိုက်ရသည်။ ဘုန်းကြီးတစ်ပါးပါးသာသူ့ကိုတွေ့သွားလို့ရှိရင် သေချာပေါက်ကိုတံမြက်စည်းကိုင်၍ သူ့ကိုလိုက်ရိုက်လိမ့်မည်ပင်။
ထိုအကြောင်းတွေးနေရင်းဖြင့် ဘေးရှိတံခါးမှာတစ်ခါတည်းတွန်းဖွင့်ခံလိုက်ရပြီး တစ်စုံတစ်ယောက်ကအထဲဝင်လာကာပြောလာသည်။
"ဒီတော့မင်းကဒီမှာရှိနေတာကိုး၊ ကိုယ့်ကိုရှာခိုင်းတယ်ပေါ့!"
ရှုလင်ကျားခေါင်းလှည့်လိုက်ရာမိန်းမောသွားရပုံမှာ ထိုလူကဘယ်သူမှန်းသူ့ရင်ထဲတွင်သိနေသည့်အလား သို့သော် ထိုလူ၏မျက်နှာကိုရှင်းလင်းစွာမမြင်ရပေ။
သူကိုယ်တိုင်က"ရှစ်ရှုန်း"ဟုခေါ်လိုက်သည်ကိုသူကြားလိုက်ရသည်။
ထိုလူကသူ့ထံလျှောက်လာကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှုလင်ကျား၏ခရားကိုဆွဲယူကာဆိုသည်။
"ကောင်ဆိုးလေး၊ မင်းတစ်နေရာရာသွားတယ်ထင်နေတာ၊ မင်းကိုလိုက်ရှာရတာကိုယ့်အတွက်အရမ်းလွယ်တာပဲ၊ မင်းကဒီမှာလာပုန်းနေတာပဲ။ အခြားနေရာမှာသွားသောက်ပါလား! ရှစ်စွင်းတွေ့သွားပြီးတော့ မင်းကိုအပြစ်ပေးတဲ့အနေနဲ့ကျမ်းစာကူးရေးခိုင်းမှာကိုမကြောက်ဘူးပေါ့လေ။"
သူသည်စကားလုံးများဖြင့်အပြစ်တင်နေသော်လည်း သူ၏လေသံမှာအလွန်ရင်းနှီးကျွမ်းဝင်နေပေသည်။
သူဝင်ပူးထားသည့်လူဟာသိသာစွာဖြင့်ဒီရှစ်ရှုန်းအားမကြောက်ပါပေ။ ခရားလုယူခံလိုက်ရပြီးနောက် ပျင်းရိပျင်းတွဲထိုင်ချကာ အနည်းငယ်အလိုလိုက်ခံထားရပြီးအနည်းငယ်မောက်မာပုံပေါက်ကာပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ ခရားကအစ်ကို့လက်ထဲမှာဆိုတော့ အဖမ်းခံလိုက်ရရင် အစ်ကိုသောက်တာလို့ကျွန်တော်ပြောလိုက်မှာ။"
တစ်ဖက်လူကပြုံးလိုက်ပေမဲ့ တကယ်ကြီးခရားကိုမော့ကာတစ်ငုံသောက်၍ပြောလာသည်။
"အဲ့ဒါကဘာဖြစ်နေတာလဲ။ ညီအစ်ကိုကောင်းတွေကဆိုးတူကောင်းတူပဲပေါ့ကွာ။"
ရှုလင်ကျားကလည်းပြုံးကာ သူ့ဘေးရှိကြမ်းပြင်ကိုပုတ်ပြ၍ပြောလိုက်သည်။
"ခဏထိုင်ပါအုံးလား။"
ထိုလူဟာလည်းသူ့ဘေးတွင်ထိုင်ချလိုက်ရာ ခမ်းနားသောဝတ်ရုံကကြမ်းပြင်ထက်တွင်မထူးခြားမခြားနားစွာပျံ့ကြဲသွားပြီး နူးညံ့စွာဆိုလာသည်။
"ဘာလို့လဲ၊ မင်းမဆုံးဖြတ်ရသေးဘူးလား။ မင်းရှက်နေတာလား။"
ရှုလင်ကျား"အင်း"ဟုပြောလိုက်သည်။
ထိုသူကသူ့ပုခုံးကိုဖျစ်ညှစ်လာသည်။
ရှုလင်ကျားပြောမိသည်။
"သူတို့ကျွန်တော့်ကိုအစကတည်းကဘာလို့ထားသွားလဲကျွန်တော်နားမလည်ရုံပါ။ ကျွန်တော့်အမေကကျွန်တော့်ကိုပြန်လာရှာမှာစောင့်နေလို့သေချာကြီးကတိပေးသွားတာ။ ဘာကိစ္စမှလည်းမရှိဘဲနဲ့ သူမဘာလို့ပြန်မလာခဲ့ရတာလဲ။ သူမတောင်ကျွန်တော့်ကိုမလိုချင်မှတော့ ကျွန်တော်ကသတင်းရပြီးတာနဲ့ ဘာလို့များအပြေးအလွှားပြန်သွားသင့်တာလဲ။"
"သူကိုယ်တိုင်"ထံမှထိုစကားများကိုကြားလိုက်ရသော် ရှုလင်ကျား၏နှလုံးသားမှာတစစီကြေမွသွားခဲ့သည်။
ဒါဘာကိုဆိုလိုတာလဲ။
သူသည်တစ်စုံတစ်ယောက်နှင့်ဆက်နွယ်နေပြီး သူစိမ်းတစ်ဦး၏ဘဝကိုတွေ့ကြုံနေရသည်ဟုခံစားနေခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော်သူ့မှတ်ဉာဏ်ထဲတွင် သူဟာဤကဲ့သို့နေရာကိုတစ်ခါမှမရောက်ဖူးသကဲ့သို့ ဤကဲ့သို့လူကိုလည်းလုံးဝမသိသောကြောင့်ဖြစ်သည်။
----အဆုံးတွင်မြေခွေးတစ်ကောင်၊ အတည်ငြိမ်ဆုံးမြေခွေးပင်လျှင် ဘုန်းကြီးကဲ့သို့သောအရာများနှင့်တစ်မျိုးဓာတ်မတည့်ခြင်းဖြစ်လိမ့်မည်ပင်။
သို့သော် ရှုလင်ကျား၏အမြင်ထဲတွင် သူပုန်းကာသူမပြန်အလာကိုစောင့်နေပါဟုသူ့အမေကသူ့ကိုပြောသွားသည်ကိုသူမှတ်မိသည်။ ရှုလင်ကျားသည်နောက်ထပ်ဖြစ်သွားသည့်ကိစ္စများကိိုမမှတ်မိသော်လည်း ၎င်းမှာဒီတစ်ခေါက်စကားများနှင့်ကိုက်ညီနေပေသည်။
ဒါဟာအတုအယောင်ဆန်းကြယ်မှု၊ တစ်စုံတစ်ယောက်၏ဘဝ(သို့) အတိတ်ဇာတ်ကြောင်းအစစ်လား။
ဒီ"ရှစ်ရှုန်း"ကဘယ်သူလဲ၊ ပြီးတော့သူ့အာရုံထဲမှာထိုသူဘာကြောင့်မရှိရသနည်း။
သို့သော် ဒီအချိန်တွင် ရှုလင်ကျားဟာမြေခွေးဟုတ်မနေဘဲ ဆယ်ကျော်သက်လူငယ်လေးတစ်ဦးဖြစ်နေပေရာ ဟယ်ဇီကျိုးသူ့ကိုတောင်ပေါ်ခေါ်သွားတုန်းကအခြေအနေနှင့်လုံးဝတခြားစီဖြစ်နေသည်။
သူ့ရင်ထဲတွင်အတွေးထောင်ပေါင်းများစွာရှိနေပြီး ထင်မြင်ချက်အများအပြားလည်းရှိနေပေသည်။ ရှုလင်ကျားစကားအနည်းငယ်ပိုနားထောင်ချင်သော်လည်း သူကိုယ်တိုင်ကစကားထပ်မပြောတော့ပေ။
သူ့ဘေးရှိရှစ်ရှုန်းကဆိုသည်။
"အခြေအနေကရှုပ်ထွေးနေတာဆိုတော့ ခက်ခဲတဲ့ကိစ္စတွေအများကြီးရှိတယ်။ တကယ်တော့ကိုယ်မင်းကိုပြန်မသွားစေချင်ဘူး။ အရမ်းအန္တရာယ်များလွန်းတာမို့လို့ မင်းကိုယ့်ဘေးမှာနေမှရမယ်။"
သူကရှုလင်ကျားကိုစိုက်ကြည့်ကာ သူ့ပုခုံးများကိုဆုပ်ကိုင်ရင်းပြောလာသည်။
"မင်းပြန်သွားဖို့လိုတယ်ထင်လား။"
တစ်ဖက်လူသည်သိသိသာသာကိုလူငယ်တစ်ဦးဖြစ်ပါသော်လည်း သူ၏လေသံမှာတည်ငြိမ်ကာဉာဏ်ပညာရှိပြီး သူ့ရှေ့တွင်အစ်ကိုကြီးတစ်ယောက်ကဲ့သို့ပြုမူကာစိုးရိမ်မှုများကိုအောင့်အီးထားပေသည်။
ရှုလင်ကျားတုံ့ဆိုင်းသွားသည်။
"ကျွန်တော်လည်းမပြောနိုင်ဘူး။"
"ဒါဆိုမင်းပြန်မသွားရင်နောင်တရမှာလား။"
ရှုလင်ကျားတန့်သွားကာ ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
"အင်း။"
ရှစ်ရှုန်းကပြုံးကာပျော့ပြောင်းစွာဆိုလာသည်။
"ဒါဖြင့်ရင် သွား။ ရှောင်လို့ရတဲ့အရာအချို့ရှိနေမှတော့ ဘာလို့နောင်တထပ်ဖြစ်ခံနေမှာလဲ။"
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်ပိုပြီးတော့တောင်နောင်တရသွားမှာစိုးတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်မိဘနှစ်ပါးကိုမမြင်နိုင်တော့ ကျွန်တော်သူတို့ရဲ့ပုံပန်းသွင်ပြင်ကိုအမြဲစိတ်ကူးယဥ်နေခဲ့ရတာ။ စိတ်ကူးယဥ်တာကပြီးပြည့်စုံတယ်။ ဒါပေမဲ့လက်တွေ့အစစ်အမှန်ကစိတ်ကူးထဲကထက်ပိုပြီးမကောင်းနိုင်ဘူးလေ။"
တစ်ဖက်လူကခေါင်းခါကာဆိုသည်။
"အဲ့လိုမတွေးပါနဲ့၊ ကိုယ်မင်းကိုအဲ့ဒီ့အခြေအနေကိုလက်လွှတ်ခိုင်းလိုက်တော့ နောက်ဆုံးအခြေအနေတစ်ခုတော့ရှိရမယ်၊ ကိုယ်မင်းကိုနှစ်ပေါင်းများစွာမဆက်သွယ်ခဲ့တော့ မင်းကောင်းကောင်းလုပ်နေမှန်းကိုယ်သိပေမဲ့ အဲ့ဒါကမင်းကိုနာကျင်စေမှာစိုးတယ်။ ကိုယ့်အထင် ရှစ်စွင်းပြန်လာတာကိုစောင့်ပြီးထပ်မေးကြည့်တာပိုကောင်းမယ်၊ သူကမင်းကိုအနောက်အရပ်နဲ့ဆက်သွယ်ပေးပြီးတော့ အဲ့ဒါကကံကြမ္မာလား တစ်ယောက်ယောက်ကြောင့်ဖြစ်တာလားမေးပေးလိမ့်မယ်။"
ရှုလင်ကျားမျက်ခုံးပင့်ကာပြောမိသည်။
"တကယ်လား။"
"တကယ်ပေါ့။"
ရှစ်ရှုန်းကပြုံး၍ ပြတင်းပေါက်အပြင်ကိုလက်ညှိုးထိုးပြကာပြောလာသည်။
"ဒီသစ်ပင်လိုမျိုးပဲ၊ မင်းကဒီသစ်ပင်သေသွားတော့မယ်လို့ထင်နေပေမဲ့ တစ်နှစ်ကြာပြီးနောက်မှာတောင် ဒီသစ်ပင်ကနွေဦးမှာသစ်ကိုင်းသစ်ခက်တွေထွက်လာပြီးတော့ ကောင်းကောင်းမွန်မွန်ရှင်သန်နေတုန်းပဲလေ။ ဒါဟာလက်တွေ့မှာဖြစ်ပျက်သွားခဲ့တာပဲ။ ထင်ထားတာထက်ပိုကောင်းတယ်! ဒီနည်းလမ်းတစ်ခုတည်းကသာ မင်းကိုအံ့အားသင့်သွားစေမှာ။"
ရှုလင်ကျားတစ်အောင့်မျှတွေးကြည့်လိုက်ပြီးနောက်ပြုံးကာပြောလိုက်သည်။
"အစ်ကိုပြောတာက ကျွန်တော့်ပင်ကိုယ်စရိုက်ကပြဿနာကနေရှောင်ပြေးမှာမဟုတ်ဘူးလို့ပဲ။ ကျွန်တော်စိတ်အနှောင့်အယှက်အဖြစ်မခံချင်ဘူး။ မနက်ဖြန်ကျကြည့်ကြတာပေါ့၊ ပျော်ရင်သွားမယ်၊ မပျော်ရင်မသွားဘူး။"
တစ်ဖက်လူကအပြုံးတစ်ပွင့်နှင့်ခေါင်းငြိမ့်ပြသည်။
ထိုကဲ့သို့ဆုံးဖြတ်သွားပြီးနောက် ရှုလင်ကျားစိတ်သက်သာရာရသွားကာ မတ်တပ်ထရပ်၍ သူ့ရှစ်ရှုန်းကိုလည်းကြမ်းပြင်ပေါ်ကဆွဲကာပြောလိုက်သည်။
"ဒါပဲ၊ သွားကြမယ်၊ ဒီအကြောင်းမတွေးနဲ့တော့၊ ဓားရေးသွားလေ့ကျင့်ကြရအောင်။"
နှစ်ဦးသားသည်ဓားရေးလေ့ကျင့်ရန်ဗုဒ္ဓဘုရားကျောင်းထဲမှထွက်သွားကြ၏။
ရှုလင်ကျားဓားဆွဲထုတ်ကာ ပင်ကိုယ်အားဖြင့်သူနှင့်လုံးဝမရင်းနှီးသည့်ဓားတိုက်ကွက်ကိုသုံးမိသည်။ ယင်းကားလင်ရှောင်းဂိုဏ်း၏ဓားရေးနှင့်လုံးဝကွဲပြားနေပေမဲ့ သူ့မှာသူလေ့လာသင်ယူခဲ့သည့်ပုဂ္ဂိုလ်နှင့်တူညီသောဇစ်မြစ်ရှိနေပေရာ နှစ်ဦးသားဟာသေချာပေါက်ကိုဂိုဏ်းတူညီအစ်ကိုဖြစ်ကြောင်းသက်သေပြလျက်ရှိသည်။
ဒီတစ်ခေါက်သူထုတ်ပြခဲ့သည့်ဓားရေးအဆင့်မှာ သူဒဏ်ရာမရခင်ကထက်....ပိုကောင်းသည်ဟုပြော၍ပင်ရသည်။
ရှုလင်ကျားသည်ဒီဓားတိုက်ကွက်တို့ကိုဘယ်တုန်းကမျှမလေ့လာဖူးသော်လည်း သူဟာဓားကိုလွှဲရမ်းရာတွင်အလွန်ကျွမ်းကျင်နေပေ၏။ ပျောက်ဆုံးသွားသောအရာကိုရှာတွေ့သွားသည့်ပီတိဖြစ်သောခံစားချက်ရှိနေသည်မှာ ခန္ဓာကိုယ်ထဲတွင်ပုန်းကွယ်နေသောစွမ်းအားတစ်မျိုးလွတ်မြောက်လာသည့်နှယ်၊ ၎င်းမှာမဖော်ပြနိုင်လောက်သောပျော်ရွှင်မှုဖြစ်သည်။
ပြိုင်ပွဲအတွင်းတွင် တစ်ဖက်လူ၏ဓားဖျားမှာပုံရိပ်ယောင်ပမာမြန်ဆန်လှပေမဲ့ ၎င်းဟာသိပ်သည်းကာတိတ်ဆိတ်နေပုံမှာ နွေဦးအစောပိုင်းရှိအပြာဖျော့ရောင်မိုးဖွဲပမာ။
ယင်းကားအလွန်တော်သောပြိုင်ဖက်တစ်ယောက်ဖြစ်ပြီး ၎င်းဟာလည်းရှုလင်ကျားအားပိုမိုကျွမ်းကျင်လာစေသည်။
ပီသသောလေချွန်သံနှင့်အတူ ထပ်လျက်ရှိသောမိုးကန့်လန့်ကာများအကြားတွင် သူဟာသူ့ရှစ်ရှုန်း၏ဓားနှင့်တိကျစွာထိခတ်သွားသည်။ ချက်ချင်းဆိုသလိုပင်၊ ဓားအလင်းတန်းကကောင်းကင်ပေါ်ထိုးတက်သွားကာ တိမ်တိုက်တို့ပွင့်အာသွားပြီး မိုးများရွာသွန်းလာကာ အရောင်မှာတောက်ပလျက်ရှိသည်။
တောက်ပသောအလင်းတန်းဟာကောင်းကင်နှင့်မြေကြီးကြားတွင်ရုတ်ခြည်းလင်းထိန်သွားပြီးနောက် သူ့ရှေ့ရှိမြင်ကွင်းမှာပြောင်းလဲသွားကာ မှောင်မိုက်သောညတစ်ညဖြစ်လာသည်။
သူသည်ခြံဝန်းငယ်လေးထဲတွင်မတ်တပ်ရပ်နေပြီး ညနှင်းတို့ဖုံးလွှမ်းနေပုံမှာ ဆောင်းဦးနှောင်းပိုင်းပမာ ညဘက်တွင်အေးစိမ့်နေသော်လည်း အနားမှာလူတစ်ဦးမျှရှိမနေပေ။
လရောင်မှာစကြံလမ်းဘက်လှည့်သွားပြီး အပြာရောင်ကျောက်ခြေနင်းတုံးများမှာရေပမာ၊ အလင်းရောင်မှာနူးညံ့သောရေစီးဆင်းမှုပမာ။
အဝေးရှိနောက်တောင်ထွတ်တစ်လုံး၏ထိပ်ဖျားမှခေါင်းလောင်းသံမြည်သွားသည်။ ရှုလင်ကျားအခန်းအပြင်ဘက်ထံလျှောက်သွားသည်။ တံခါးခေါက်ခြင်းမရှိဘဲ တံခါးနှစ်ချပ်ကိုတွန်းဖွင့်ကာ အထဲကိုဒယိမ်းဒယိုင်ဝင်သွားခဲ့သည်။
အသံကိုကြားလိုက်ရရာ ထိုင်ခုံပေါ်ရှိအပြင်ဝတ်ရုံအဖြူဝတ်ထားသောလူတစ်ယောက်ကထထိုင်လာပြီး ၎င်းမှာတူညီသောရှစ်ရှုန်းဖြစ်သည်။
တစ်ဖက်လူကသူ့ကိုမြင်လိုက်ရသော်အံ့အားသင့်ကာပျော်ရွှင်သွားပြီး ထရပ်ကာပြောလာသည်။
"မင်းပြန်လာတာမြန်လှချည်လား။"
အဖြေကိုစောင့်မနေဘဲ သူကရှုလင်ကျား၏လက်ကိုဆွဲကာဆိုသည်။
"မင်းရဲ့လက်တွေကဘာလို့အရမ်းအေးစက်နေတာလဲ၊ အပြင်မှာမအေးဘူးလား။ မြန်မြန်ထိုင်ပြီးနွေးအောင်လုပ်လိုက်အုံး။"
ရှုလင်ကျား"ဟုတ်ကဲ့"ဟုပြောလိုက်သည်။ သူ့ဘေးရှိထိုင်ခုံပေါ်တွင်ထိုင်မည့်အစား သူဟာအိပ်ရာဘေးအခြမ်းတွင်တက်ထိုင်ကာ စောင်ကိုမ၍ လက်ကိုအထဲထည့်ကာဖုံးလိုက်ပြီးနောက် အပြုံးတစ်ပွင့်နှင့်စနောက်လိုက်သည်။
"အိပ်ရာပေါ်ကနူးညံ့တဲ့ခေါင်းအုံးနဲ့ တိမ်တိုက်လိုအိစက်တဲ့စောင်ကိုသုံးနေပေမဲ့ နွေးထွေးတဲ့ကိုယ်သင်းရနံ့လေးပျောက်နေတော့ အဓိပ္ပါယ်မရှိတော့သလိုပဲ။"
တစ်ဖက်လူကစားပွဲထံသွားကာ ရေနွေးကြမ်းပူပူလေးတစ်ခွက်ထည့်လိုက်ပြီး သူ့အိပ်ရာကိုထိခိုက်အောင်လုပ်နေခြင်းအားမတားမြစ်ခဲ့ပေ။ ရှုလင်ကျား၏စကားကိုကြားလိုက်သော် သူကပြုံးရုံသာပြုံးနေပုံမှာ အဓိပ္ပါယ်အပြည့်နှင့်ပင်။
ရှုလင်ကျားသိချင်စိတ်ဖြစ်စွာမေးမိသည်။
"ဘာလို့ထူးထူးဆန်းဆန်းကြီးပြုံးနေတာလဲ၊ ကျွန်တော်အစ်ကို့အကြောင်းပြော..."
စကားတစ်ဝက်ပြောပြီးသော် သူရုတ်တရက်သဘောပေါက်သွားကာ သူ့ပါးစပ်နားရောက်လာချိန်တွင် သူတန့်သွားကာအောက်နှုတ်ခမ်းကိုတင်းတင်းစေ့မိကာ သူ့မျက်နှာမှာအနည်းငယ်ပူနွေးလာသည်။
သူ့ရှစ်ရှုန်းမှာဒါကိုမြင်သော် မနေနိုင်ဘဲရယ်မောကာရေနွေးကြမ်းခွက်လှမ်းပေး၍ပြောလာသည်။
"ရေသောက်လိုက်အုံး။"
ရှုလင်ကျားသူ့ကိုအကြည့်တစ်ချက်ပေးကာ ခွက်ကိုယူ၍ ရေကိုတစ်ခါတည်းမော့သောက်ပစ်လိုက်သည်။
ထို့နောက်သူကခွက်အလွတ်ကိုသူ့ရှစ်ရှုန်၏လက်ထဲပြန်ထည့်ပေးကာပြောလိုက်သည်။
"ကျွန်တော်ဒီကိုနောက်ကျမှရောက်လာတာက ဘာလို့လဲဆိုတော့ အစ်ကိုကျွန်တော့်ကိုမနက်ဖြန်မနက်တွေ့ရမှာမဟုတ်လို့ပဲ။"
တစ်ဖက်လူကခွက်ကိုစားပွဲပေါ်ပြန်တင်ဖို့ပြင်နေပေမဲ့ သူပြောတာကြားလိုက်ရပြီးနောက် တန့်သွားပြီး အနောက်လှည့်ကာပြောလာသည်။
"မင်းသွားချင်နေတုန်းပဲလား။"
ရှုလင်ကျားမှာစိတ်ကောင်းဝင်နေပြီး အပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။
"အင်း။ ဒီတစ်ခေါက်ကျွန်တော့်အဖေကိုတွေ့တော့ ကျွန်တော်တမင်သက်သက်မြေခွေးပုံစံပြောင်းပြီးတော့ ညီအစ်ကိုအနည်းငယ်ဆီသွားလည်ခဲ့တယ်။ လူတိုင်းကအရမ်းကောင်းပေမဲ့ ကျွန်တော့်အမေကိုတော့မမြင်မိဘူး၊ ဒါကြောင့်မို့ ကျွန်တော်တောင်အောက်ဆင်းရမယ်။ တကယ်တော့ ကျွန်တော်တန်းသွားလိုက်လို့ရပေမဲ့ အစ်ကို့ကိုလာပြောပြချင်သေးလို့လေ။"
ရှစ်ရှုန်းကမိန်းမောစွာနားထောင်နေပြီး အနည်းငယ်စိတ်ညှိုးငယ်နေပုံရကာ ပြတင်းပေါက်အပြင်ရှိလကိုတစ်ချက်ကြည့်၍ဆိုသည်။
"ညလယ်ခေါင်ကျော်သွားပြီဆိုတော့ ညဝက်ဘဲရှိတော့မယ်။"
ရှုလင်ကျားပြုံးကာပြောလိုက်သည်။
"ကျွန်တော်ပြန်မလာမှာမှမဟုတ်တာ။"
Advertisement
- End3215 Chapters
I Shall Seal the Heavens
What I want, the Heavens shall not lack! What I don’t want, had better not exist in the Heavens!” This is a story which originates between the Eighth and Ninth Mountains, the world in which the strong prey upon the weak. “My Name is Meng Hao! The Ninth Generation Demon Sealer, I shall seal the Heavens!“
8 1101 - In Serial13 Chapters
Black Sheep - A Permadeath GameLit/FPS
In the future a VR game called World Domination, has replaced 'real' warfare. The ChinKor Republic has invaded Britain, the last bastion of European resistance. The Black Sheep, a unit of convict pilots, is sent in to stem the tide and atone for their crimes. Can they overcome their hatred, distrust of each other and their sadistic guards?
8 210 - In Serial26 Chapters
L'Empire de Cendres
Devenez un chevalier du troisième millénaire! READ IN ENGLISH Au temps jadis, l’humanité régnait sur Terre et rêvait des étoiles. Mais cette époque est désormais révolue. La civilisation telle que nous la connaissons n’existe plus. Irrémédiablement balayée à la suite d’une mystérieuse catastrophe, elle est aujourd’hui à l’agonie ; oscillant entre un passé brisé et un avenir sans espoir.Erol, archéologue et aventurier du IIIe millénaire, parcourt dans le secret les ruines souterraines de l’Ancien Monde. Bravant la maléfique Inquisition et son obscurantisme, il réalise un jour une remarquable découverte. Dans un sarcophage de verre au plus profond des dangereux labyrinthes, repose une jeune femme ultime témoin du cataclysme.En quête de réponses, Erol va provoquer des évènements en suspens depuis mille ans et libérer des forces qui auraient dû rester ensevelies à jamais. L'Empire De Cendres est le tout premier roman de Quentin Raffoux et Aliénor Rossi, auteurs de l’irrévérencieux KITTY KITTY - Le futur qui ne fut jamais. L'histoire, qui se veut plus sombre, vous maintiendra en haleine jusqu’au dernier acte de son antihéros, Erol Fueurhammer. Pour plus d'informations, visitez notre site internet: raffourossi.com Le livre est disponible en kindle et broché sur amazon Les chapitres seront téléversés sur Royal Royal tous les Jeudi, 15:00 - heure de Paris
8 183 - In Serial6 Chapters
The Mysteries of the Dungeon
In the many worlds that filled our universe, paralleling our own, Earth is amongst the rarest worlds that seem to have the most sort of 'interferences' from these other worlds. The most common forms of interference are through hero summoning, being isekai-ed otherwise known as otherworldly reincarnation. However, in some cases, the system that governs that particular world would indeed try to pick up individuals from our world to fulfil a purpose or goal in mind. The story then follows our main protagonist, Allen Walter as he curiously pressed upon a popup ad, he is then reborn as a newly formed sentient dungeon. Watch as he slowly tries to adapt to the new world, moving on from the lingering feelings of his past life, whilst dealing with the serious affairs and problems brung about dealing with the inhabitants of this so-called new world. ===Release Details=== Daily release - 1 chapters (12:00 am - 3:00 am or 6:00 pm - 9:00 pm) (GMT+1) Timezone Chapter Length: 2000-2500 words per chapter Pov: first-person perspective
8 85 - In Serial10 Chapters
Humble Rumble
Planet Rumble Rock contains the story of the mask warrior named Humble Rumble. He is fighting on the planet's outlaw fighting leagues.
8 97 - In Serial27 Chapters
Re: Globus Online (Completed)
This is a story about an Otaku reincarnated into a game... But not as an NPC... But not as a player. What will this mix make him? Where will his story go? What will happen to him? Find out in this light novel! Inspired by multiple Light Novels across Royalroadl.
8 146

