《My souls》ချစ်ရတဲ့ မ'' (Short Story)
Advertisement
ချစ်ရတဲ့ မ''
''ချစ်တယ် ကျွန်တော် မ ကိုတကယ်ချစ်တာ''
''နောက်ကျသွားပြီ''
''ဟင့်အင်း ကျွန်တော့်ကိုကြိုးစားခွင့်တောင်မပေးတော့ဘူးလား''
''ငါစိတ်မကောင်းပါဘူး.......''
တကယ့်ကိုခါးခါးသီးသီးဖြစ်နေတဲ့ မ ကကျွန်တော့်ကိုရက်စက်တာလား။ကျွန်တော်ကမှားမိတာလား။
ကျွန်တော်သေချာမသိပေမယ့် ကျွန်တော်တို့အကြောင်းကိုပဲ ကျွန်တော်သိတယ်။
သူမ ကသိပ်ချစ်ဖို့ကောင်းတယ်။ သူမ ကပြုံးလိုက်ရင် ပါးအို့လေးတွေမို့တက်သွားပြီး လှပတဲ့မျက်လုံးလေးက မှေးစဥ်းသွားတက်တယ်။
သူမ ကတခြားလှပတဲ့သူတွေနဲ့ယှဥ်ရင် ပိုပြီးထူးလှပမနေလောက်ပေမယ့် သူမ ကကျွန်တော့် မျက်လုံးထဲမှာတော့ သိပ်လှပတယ်။
သူမရဲ့ ညာဘက်ပါးပြင်ပေါ်က မှဲ့နက်လေးကပြုံးရင်နေရာရွေ့သွားတက်တာ ကျွန်တော်သတိထားမိတယ် ကျွန်တော်အဲ့မှဲ့လေးကိုအရမ်းနမ်းခွင့်ရဖို့စိတ်ကူးယာဥ်ခဲ့ဖူးတယ်။
သူမ နဲ့ကျွန်တော့်ရဲ့ဇာတ်လမ်းလေးက တိုခဲ့ရပါတယ်။သူမ ရဲ့အကျင်နာတွေကိုတစ်ချိန်ကရခဲ့ဖူးတယ်။
သူမက တည်ငြိမ်ပြီး လူကြီးလေးလိုနေတက်တော့ ကျွန်တော့်လိုလူဆိုးလေးအတွက် တွယ်တာမိသွားတာ မစမ်းပါဘူး။
သူမကနားလည်ရ သိပ်ခက်တယ်လို့ ကျွန်တော်ထင်တယ် မဟုတ်ဘူး တကယ်ကိုသူမက သိပ်နားလည်ရခက်တာ။
''ကျွန်တော့်ကို မ လို့ခေါ်ခွင့်ပေးမလားဟင်''
''ရတာပေါ့''
''ဒါဆိုရင် ကျွန်တော့်ကိုလည်း မောင် လို့ပြန်ခေါ်နိုင်မလားဟင်''
''No ''
အဲ့လိုပဲ သူမက သိပ်ပြတ်သားတယ်။ သူမက ကျွန်တော့်ခံစားချက်တွေကို မသိသလိုမမြင်သလို နေနိုင်လွန်းတယ်။
ချစ်တယ်ပြောတိုင် ''အင်း'' လို့သာပြန်ဖြေတက်တယ်။သူမ ကျွန်တော့်ကိုချစ်လား ကျွန်တော်မသိပါဘူး။
သူမနဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးက ''သူငယ်ချင်း'' ခေါင်းစဥ်အောက်မှာပဲ သူမက ထားတက်တယ်။
သူမက ကျွန်တော့်ထက် တစ်နှစ်ပဲအသက်ကြီးပါတယ်။ သူမက ကျွန်တော် ရည်းစားတွေရှုပ်တာဘာမှမပြောဘူး။
အဲ့ဒီနေ့က သူမကို ကျွန်တော် နောက်ဆုံးဖွင့်ပြောခဲ့တယ်။ သူမဆီကလဲ အဖြေရအောင်တောင်းခဲ့တယ်။
ဒါပေမယ့်မထင်မှတ်စွာပဲ သူမက ပေါ့ပေါ့လေးပြန်ဖြေတယ်။ ''နောက်ကျသွားပြီ'' တဲ့...
ဘာလို့လဲ တကယ်ဆိုရင် ကျွန်တော်က သူမကိုငယ်ငယ်လေးထဲက ချစ်ခဲ့ရတဲ့သူလေ။ သူမက အကြောင်းပြချက်လေး တစ်ခုပေးသွားခဲ့တယ်။
''ငါစိတ်မကောင်းပါဘူး ငါ့မှာကောင်မလေးရှိနေပြီ ငါသူမကိုတကယ်ချစ်သွားပြီ'' တဲ့ ။ ဖြစ်နိုင်ရဲ့လား ကျွန်တော်သိပ်ချစ်ရတဲ့သူမက ကျွန်တော်ဖြစ်တဲ့ ယောက်ျားလေးတစ်ယောက်ကို မရွေးချယ်ခဲ့ပါပဲ ကောင်မလေးတစ်ယောက်ကို ရွေးချယ်သွားတယ်တဲ့။
ပြီးတော့ သူ့ကောင်မလေးက ကျွန်တော့်လို သူမထက်တစ်နှစ်ငယ်တယ်။
နောက်ဆုံး သူမကအချစ်စစ်ကိုတကယ် တွေ့သွားခဲ့ရပြီပေါ့။
ကျွန်တော်ဒီတစ်သက် သူမကို ''မ'' လို့ ထပ်ခေါ်ခွင့်လဲရမှာမဟုတ်တော့သလို အရမ်းကြားချင်ခဲ့ရဲ့ သူမရဲ့ ''မောင်'' ဆိုတဲ့ခေါ်သံလေးကို ကြားခွင့်ရမှာ မဟုတ်တော့ဘူး။
#Daisy☘
Advertisement
- In Serial8 Chapters
Bingo
In a broken kingdom full of crises and wars, there is a boy who dreams of becoming king someday
8 201 - In Serial22 Chapters
✓ | auriga ( faceclaims )
❝i called you every night, ever night for 353 days❞in which the author provides underage faceclaims for you it or stranger things ficsyoung / underage faceclaimsfor it/st stories includes plotscover by me
8 213 - In Serial27 Chapters
Home|Outer Banks (JJ)
for my jj girlies!!!Started: 4/24/20Finished: 5/12/20
8 212 - In Serial48 Chapters
Martial artist on a Mage World
A martial artist was left alone on a magical world. What will happen to him.
8 117 - In Serial7 Chapters
Magic with lies (Oumeno oneshots)
I'm here patiently waiting for people to say this is toxic
8 178 - In Serial100 Chapters
our princess || NCT 19th Member
"It's our Princess" "Don't call me that" "Princess""I love you Giselle" "I have to go, love you i guess""Get away from her" "it was an accident" "so you're telling me you accidentally ended up making out with him on stage?" "Indeed. A whole misunderstanding"Find out the adventures of NCT and their new girl member
8 155

