《My souls》တနင်္လာသမီးလေး အကြောင်း
Advertisement
သန်မာချင်ယောင်ဆောင်ထားတဲ့ ကျား သို့မဟုတ် တနင်္လာသမီးလေးအကြောင်း ...
၀ဲနတေဲ့ မျက်ရည်တွေကို တွေ့ပါရဲ့နဲ့ ဘာဖြစ်နေလဲမေးရင် ဘာမှ မဖြစ်ပါဘူးလို့ ဖြေတတ်တယ် ။ ကိုက်ထားတဲ့ နှုတ်ခမ်းတွေနောက်မှာ ပြောချင်ရဲ့နဲ့ မပြောရက်တဲ့ စကားလုံးတွေ အများကြီး မြိုသိပ်ထားတတ်တာလေ ။ ကျွန်မက သန်မာတယ်တဲ့ အင်း ဟုတ်မှာပါ ... မျက်ရည်တွေကျပြီး တစ်ညလုံး အိပ်မရတာကို ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ပဲဟာ ။ သန်မာတယ်ပဲ ထားပါ ။
မကြျနှာ၀ိုငျး၀ိုငျး မျက်ခုံးထူထူ နှုတ်ခမ်းဖူးဖူးလေးတွေက သူမရဲ့ သင်္ကေတတွေပေါ့ ။ ပြုံးနေရင်လှတယ် နာကျင်ရဲ့နဲ့ ပြုံးတဲ့ အပြုံးတွေက ပိုလှတယ်။ စကားတွေ အများကြီး ပြောရမှာ ၀နျလေးတတျသလို တစ်ခါတစ်လေကျ စကားတွေ အများကြီးလဲ ပြောနေတတ်တယ် ။ သူက သူသိပ်ချစ်တဲ့ လူအနားရောက်ရင် စကားတွေ အများကြီး ပြောတတ်တဲ့ ကလေးတစ်ယောက်ပဲလေ မသိတဲ့လူတွေအတွက်ကျ မာနသိပ်ကြီးတဲ့ ကောင်မလေးပေါ့ ။ စကား လိုသလောက်ပဲပြောတယ် ပြုံးပြဖို့ခက်တယ် သူချစ်တဲ့ လူတွေအပေါ်သည်းခံသလောက် တခြားလူတွေအပေါ်က စိတ်ရှည်ဖို့ ခက်တယ် ။ မတူတဲ့ လူနှစ်ယောက်ကို တစ်ဦးတစ်ယောက်တည်း ပေါင်းထားသလိုမျိုးပေါ့ ။
ပျော်စရာတွေဆို ဖွင့်ဟဖို့ လွယ်ကူသလောက် အဆင်မပြေတဲ့အရာတွေကို သိမ်းထားတတ်တယ် ။ တစ်ခါတစ်လေ အဆင်မပြေတဲ့ကြားက တခြားသူတွေ အဆင်ပြေသွားအောင် သည်းခံနေတတ်သေးတာလေ ။ သူမက ပြုံးရီဖို့လွယ်တယ် ပြီးတော့ မျက်ရည်လဲ လွယ်တယ် ။ ခင်ဗျားဘေးနားရှိနေရင်း ခင်ဗျားကို လွမ်းတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်သုံးတဲ့အထိ သူကလေ သိပ်ကို သိမ်ငယ်တတ်တာ ။ ကိုယ့်အနားမှာ ရှိနေရင်းက ကိုယ်နဲ့ ဝေးသွားသလိုမျိုး တွေးချင်တွေးနေတတ်တာ ။
အဆင်ပြေပါတယ်လို့ ပြောတဲ့စကားတွေကို မယုံနဲ့ ။ ပြုံးနေတိုင်း ပျော်နေတယ်လို့လဲ မထင်နဲ့ ။ မပြောဖြစ်တဲ့ စကားလုံးတွေ အများကြီးကို မြိုသိပ်ပြီးလဲ အလှဆုံးပြုံးချင် ပြုံးနေတတ်သလို ပျော်ပါတယ်ဆိုပြီး ရယ်ကျဲကျဲနဲ့ မျက်နှာလွဲသွားချင်လဲ လွဲသွားတာ ။ ကျန်းမာရေးတော့ ချူချာတယ် ။ ဖင်နာတယ် ခေါင်းနာတယ် မကြာခဏဖြစ်တယ် ။ ရောဂါဆိုတဲ့ စွဲစွဲမြဲမြဲ မဖြစ်တတ်ပေမယ့် အစဖော်မရတဲ့ နာမကျန်းမှုတွေ အများကြီး ဖြစ်တတ်တယ် ။ သေချာဂရုစိုက်ပေးရင်တော့ အဆင်ပြေသွားမှာပါ ။
အတွေးတွေ တအားလွန်တတ်တယ် ။ ကလေးဆန်တတ်တယ် အသက်အရွယ်ကြီးတဲ့အထိ ကာတွန်းကားတွေ ကြိုက်တတ်ပြန်ရော ။ သီချင်းအေးအေးလေးတွေ ကြိုက်တတ်တယ် ။ ဆူညံနေတာမျိုးကို အလိုလို မုန်းတီးတတ်တယ် ။ ထမင်းစားတဲ့အခါ ဂျီးအရမ်းများတယ် ။ မုန့်ပဲ သရေစာတွေ ပိုကြိုက်တတ်တယ် ။ ထမင်းမစားခင် ရေသောက်တတ်တာကတော့ ပြင်မရတဲ့ အကျင့်ပဲဆိုပါတော့ ။ သူကလေ ... သိပ်ကို ပြောရခက်တာ ခေါင်းလဲ သိပ်မာတာ ။ မတည့်ဘူးဆိုတဲ့အရာတွေကို ဘယ်သူတားတား စားတတ်တယ် ပြီးရင် ဖြစ်ရင်လဲ ခံတယ် ။ သူလုပ်ချင်တာတွေ လုပ်ပြီးသွားရင် ပျော်နေရောပဲ ။
အရာရာမှာ ... သူ့ကိုယ်သူစိတ်နဲ့ ရှင်သန်ရတာကို ပျော်တယ် ။ သူဝါသနာတဲ့ အလုပ်များဆို နေ့မအားညမနားလုပ်နေရလဲ ပင်ပန်းတယ်လို့ ထင်တာမဟုတ်ဘူး ။ သူ မလုပ်ချင်တဲ့အရာကိုများလုပ်နေရရင် စူပုတ်လို့ ။ ညည်းတွားလို့ စကားတွေ အများပြောပြီးရင် မလုပ်ပဲ နေတာလဲ မဟုတ်ပဲလေ ။ အရာရာမှာ သူ့စိတ်နဲ့သူ မဟုတ်ရတာများတာကလဲ သူ့ကံကြမ္မာလို့ပဲထားပါတော့ ။
တိရစ္ဆာန်လေးတွေကို ကြင်နာတတ်တယ် ။ သူတို့လေးများ တစ်ခုခုဖြစ်ရင် ... သူ့မှာ စားမ၀င် အိပ်မပျော်ရတာအမော စိတ်မချဖြစ်နေတာအမော ညည တကူးတက ထထ ကြည့်ရတာအမောပေါ့ ။ ပန်းပင်လေးတွေကို ချစ်တတ်တယ် လက်မှုပညာတွေမှာ ထူးချွန်တတ်တယ် ။ စိတ်၀င်စားတယ်ဆိုရင် ဘယ်အရာကိုမဆို လွယ်လွယ်လေးတတ်မြောက်တဲ့အထိ ဥာဏ်ကောင်းတတ်ကြတယ် ။ နေရာတကာမှာ သူ့ခြေသူ့လက်နဲ့ လုပ်ရမှ ကျေနပ်တတ်ကြတယ် ။ အဲ့တော့ ပိုပင်ပန်းရတာပေါ့ ။
တကယ်လို့ပေါ့ ... တနင်္လာသမီးလေး တစ်ယောက်ကိုသာ ကိုယ့်အနားထားချင်ရင်လေ ဆေးနည်းတွေ အများကြီး ဖတ်ထားပါ သီချင်းတွေ အများကြီး ကျက်ထားပါ သူကြိုက်တဲ့ IDOLတွေနဲ့ သ၀န်မတိုတတ်ဖို့ ကြိုးစားပါ ။ အစားအသောက်တွေ ချက်တတ်ဖို့လဲ လေ့လာပါ ။ သူက တစ်ခါတစ်လေ အစားကြီးသလောက် အပျင်းကြီးတတ်တယ် ။ နားလည်ဖို့ အများကြီး ကြိုးစားဖို့မလိုပါဘူး အရာအားလုံးကို သူပဲ ပြောပြသွားလိမ့်မယ် အရစ်မသန်ဘူး ဒါပေမယ့် သိပ်သိမ်ငယ်တတ်တယ် ။ လူတွေရှေ့မှာ သိပ်သန်မာချင်ယောင်ဆောင်ထားတတ်တယ် ။ အဆင်မပြေမှုတွေ အများကြီးကို မြိုသိပ်ထားတတ်တယ် ။ မင်းကို ချစ်မိရင်လေ သန်မာချင်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေအောက်မှာ မျက်နှာအမှန်ကို ထုတ်ပြလိမ့်မယ် ။ ဒီလောက်ပဲ ... သူမဟာ သန်မာချင်ယောင်ဆောင်ထားတဲ့ ကျားမလေးတစ်ကောင်ပါပဲ ။ ဒါကို သိနားလည်ထားရင် ရပြီ ။
#ကျေးကို
Advertisement
- In Serial50 Chapters
The Great Devourer
Thousands of years ago, Nox, the Goddess of Eternal Night tried to destroy the world and was sealed into an eternal prison for her crimes. Now the world wants to finish her off along with the girl who was unlucky enough to accidentally find and let her out.
8 159 - In Serial29 Chapters
Red Souls
In a world where Superheroes and villains exist, the conflicts that can not be solved by mere words will inevitably rise.Jack Mercer, a 17 year old high school student, becomes a victim in an unavoidable tragedy - but it also becomes the catalyst for an incredible change in him which will either lead him down the path to unparalleled greatness, or towards the cycle of the madness and darkness. Please note: The early draft/WIP chapters can be found in the Novel Updates Forums. Also, the chapters can be found on the Fantasy-Books.live as well.
8 180 - In Serial11 Chapters
In Life and In Death
Alex Torres, the leader of the best hunter team in all of The Empire has to make a choice. A choice that will decide the lives of his team and everyone else on this continent. What would he give to protect them? What will he become? (I am new to writing so any feedback on how to improve would be helpful, thank you for your time and please enjoy the story) PS-Cover art isn't mine it was a cool photo I found on the internet, If you are the artist and want me to take it down then send me a message and I will
8 69 - In Serial15 Chapters
kleinsen vs treebros
I dislike treebros because it makes no sense. blah, blah, blah, AU's, I KNOW! it's just my opinion.kleinsen is canon, could happen, and is adorable.I don't want to offend anyone and I respect everyone's opinions. butConnor 👏is👏Dead👏dEAL wiTH it![edited 7/15]
8 116 - In Serial99 Chapters
Seeing Double
11 years. It's been 11 years since Astrid's seen her twin in person, but when the USWNT has an injury crisis Astrid is called up. What will happen with Astrid and her twin?
8 289 - In Serial123 Chapters
OCCULT CLUB
── luxiemshe could step on me and i'd even thank her for it.wherein five boys helps (and simps over) the cute and pure occult club president.. . . .luxiemstatus: on-going©catconnoisseur 2022
8 322

