《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-144
Advertisement
အပိုင်း-144
ဆောင်းယု ချက်ချင်းဒူးထောက်ပြီး "မြို့စားငယ် လုံးဝမရဘူး.!!ကျွန်မတို့ မင်းသမီးလေးက ... ငယ်သေးတယ်ဆိုပေမဲ့လည်း သူမက မိန်းကလေးတစ်ယောက်ပါ။ယောကျာ်း နဲ့မိန်းမ တခန်းထဲ မသင့်တော်ပါဘူး။မြို့စားငယ် မင်းသမီးအခန်းမှာအချိန်ကုန်ဆုံးခဲ့ရင် မင်းသမီးရဲ့နာမည်ပျက်စီးသွားပါလိမ့်မယ်။!"
ရှီရှင်းဂျန် စိတ်မရှည်စွာ မော့ကြည့်ပြီး "သူမ ဘဝမရှိတော့ရင် နာမည်ကောင်းဆိုတာ ဘာအရေးလဲ? နန်းတော် ကိုမပြန်ခင်ထိ ညတိုင်းလာနေမှာ။ နောက်ထပ် လုပ်ကြံသူထပ်ဝင်လာရင် တစ်ကောင်ဝင်ရင် တစ်ကောင် သတ်မယ်။နှစ်ကောင် ဝင်ရင် နှစ်ကောင်သတ်ပစ်မယ်။!!"
"..."
ဆောင်းယု လုပ်ကြံသူကိစ္စ နဲ့ပတ်သက်ပြီး စိတ်ပူနေတာဖြစ်သည်။ဒါကိုကြားတော့ ကြက်သေသေသွားပြီး မင်းသမီး လေးရဲ့နာမည်နဲ့ လုံခြုံမှုကြား လွန်ဆွဲနေ၏။
ရှီရှင်းဂျန် အိပ်ရာပေါ် ပျော်ရွှင်စွာ လှဲနေပြီး သူ့လက်ကိုခေါင်းအုံးလုပ်ကာ ခြေထောက်နှစ်ဖက် ချိတ်ပြီး " ဆေးကြောပြီးအိပ်တော့ "
လင်းဖေးလု တီးတိုး " ဒီက ထွက်သွား"
ရှီရှင်းဂျန် ပြန်ထလာပြီး ခန္ဓာကိုယ်တစ်ဝက် အနောက်သို့မှီထားကာ ခြေထောက် ဆန့်ထားရင်း " အာ ပဲစေ့လေး။ မင်းက မင်းအစ်ကိုတော် ရှေ့ကျအမြဲတမ်း ချစ်ဖို့ကောင်းပြီး ကြင်နာတာ ငါ အံ့ဩတယ်။ ငါ နဲ့ဆိုရင် ဘာကြောင့် ချစ်ဖို့မကောင်းရတာလဲ?"
"လုလေးရဲ့ နေရာတစ်စက်လေးတောင် မပေးဘူး!! ထတော့!! "
လင်းဖေးလု စိတ်ပျက်လေလေ သူက ပိုပျော်လေလေ ဖြစ်တယ်။ သူတို့နှစ်ယောက်သား ငြင်းခုန်နေစဉ် အပြင်ဘက် က ခြေသံများ ကြားရတယ်။ နန်းတွင်းအစေခံများ အရိုအသေပေးပြီး"မင်းသား ၄ ကိုနှုတ်ဆက်ပါတယ်"
လင်းဂျင်းယွမ် အော်ခေါ် ပြီးပြေးလာတယ်. "လုလေး"
အခန်းထဲဝင်လာပြီး ရှီရှင်းဂျန် ကိုမြင်တော့ မျက်လုံးအထိတ်တလန့် ပြူးကျယ်သွားသည်။ ခြိမ်းခြောက်သည့်အပြုအမူဖြင့် ရှီရှင်းဂျန် ဆီပြေးဝင်ပြီး "မင်း အရှက်မရှိတဲ့ယောကျာ်း!! ငါ့ ညီမတော် အခန်းမှာ ဘာလုပ်နေတာလဲ?!"
လင်းဖေးလု သူတို့နှစ်ယောက် လုံးထွေးနေတာစောင့် ကြည့်နေသည်။ ဒီကလေးနှစ်ယောက် ရဲ့အဖျက်စွမ်းအား နှစ်ဆရှိတယ်။
လင်းဂျင်းယွမ် သူ့ဓားတိုကိုကြည့်ပြီး တစ်ဖက်၌ မတ်တပ်ရပ်နေသည့် ညီမတော် ၅ ကိုကြည့်လိုက်သည်။မျက်လုံးလှိမ့်လိုက်ပြီး သူ့ကိုယ်သူ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်တယ်။ "ဒါဆို ငါလည်း ဒီမှာ အိပ်မယ်။ ငါလလည်း ငါ့ညီမတော် ကို ကာကွယ်ချင်တယ်!! "
ရှီရှင်းဂျန် နှာခေါင်းရူံ့တယ်။ "မင်းရဲ့ကြောက်ဖို့ကောင်းတဲ့ စကေးနဲ့ လား?"
လင်းဂျင်းယွမ် ဒေါသတကြီး "မင်းလူ ကိုအောက်ငုံ့မကြည့်နဲ့ !!"
သူတို့နှစ်ယောက် နောက်ထပ်တစ်ပွဲမတိုက်ခင် လင်းဖေးလု ပါးစပ်ဖွင့်ဖို့အလုပ် ရုတ်တရက် လင်းဖေးလု မသိတဲ့လူတစ်ယောက် အခန်းထဲအလျင်စလိုဝင်ချလာတယ်။ အထိတ်တလန့် "မြို့စားငယ်။ အရှင်မဆီက စကား ရောက်လာပါတယ်။"
ရှီရှင်းဂျန် တုန်လှုပ်သွားပြီးမျက်နှာပေါ် ပုန်ကန်သည့်အရိပ်အယောင်နဲ့ ချောင်းခြောက်ဆိုးကာ " ငါ ဒီမှာဆိုတာ ငါ့ အဒေါ် ဘယ်လိုသလဲ?"
ထိုသူ ခေါင်းငုံ့သွားပြီး "အရှင်မက ပြောလိုက်ပါတယ်။ မြို့စားငယ် ဘယ်မှာရောက်နေတယ် ဘာလုပ်ဖို့လုပ်နေတယ်ဆိုတာအစ သိပါတယ်တဲ့။ လက်ဘက်ရည်တစ်ခွက်ကြာချိန်အတွင်း သူ့ရှေ့မရောက်လာရင် ကိုယ်တိုင်ခြေထောက်ချိုးပစ်မယ်တဲ့ "
လင်းဖေးလု တိတ်ကျသွားသည်။
တခြားတစ်ဖက်က လင်းဂျင်းယု ကျယ်လောင်စွာ ရီမောတယ်။ "ဟ..ဟား..ဟား...ဟား.."
ရှီရှင်ဂျန်း လုံးဝစိတ်ပျက်ဖွယ်အပြည့်နဲ့ ကုန်းကုန်းကိုစိုက်ကြည့်ပြီး လင်းဂျင်းယွမ်ရဲ့လှောင်သံကြားတော့ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
" မင်းသမီး ၅ ကို ကာကွယ်ဖို့နေချင်တဲ့ဟာကို ငါ့အဒေါ် ဆီ ပြောလိုက်"
ထိုကုန်းကုန်းလည်း ခေါင်းငုံ့ထားပြီး သူ့တာဝန်အတိုင်းထပ်ပြောတယ်။ "အရှင်မကပြောလိုက်ပါတယ်။ ဒီနေရာမှာအစောင့်တွေ ရှိပါတယ်တဲ့ မြို့စားငယ်ရဲ့ ကာကွယ်မှုမလိုပါဘူးတဲ့ ။မြို့စားငယ် ဆက်နေမယ်ဆိုရင် ...ကော်ရစ်ဒါ လျှောက်လှမ်းမှာ သွားအိပ်ပြီး နေပါတဲ့ "
"..."
Advertisement
- In Serial250 Chapters
Records Of Rebirth
Aurelia Ross was a normal girl who had it all planned. Her mottos were simple – stay out of trouble, get into university, take care of your siblings. Nothing too out of the ordinary.
8 828 - In Serial66 Chapters
Inheritors of Eschaton
The tear in reality led to a new world, one that promised fortune, prestige and a deeper understanding of the universe. Those that entered found only death. Four survivors are stranded in a strange and hostile world, at the mercy of forces they cannot understand. Their only path forward is to travel among the ashes of a broken and dying land searching for a way to survive, to endure - and to make their way back home. Cover art by Harry Rowland.
8 92 - In Serial7 Chapters
Pickle on the Nightmare Wall
She crawled out mines into squalid streets only to run into the bright fanged lights of the clubs to find the dustbowl trap that is the end of the world. Scraping a living in a forgotten corner of the world only defended for its dirt where people aren't people she survives. The wall of towers holding back the nightmares of the past where the warriors roam. Sure, most never come back, and few towers aren't run by the corps, church or tribes. One of the free towers will take her if she can pay. Gunther's Guns is the legend of old still holding back the tide. Maybe if she can survive the wall, she can hope for a better future, she has the capital to stake, but can she survive the world of shadows and iron. Join Pickle on the adventure to escape to a better life by descending into darkness.
8 190 - In Serial27 Chapters
My Yuri Adventure
I'm Sapphire a golem, well I wasn't always a golem I was a mage who lived almost three hundred years old, almost four times longer then the rest om my race. I took my soul and transferred it to a golem core.well anyway it wasn't perfect as most of my memories were reset but all my knowledge of my research, magic and combat knowledge remain to make sure I can survive.I also have left many books with much advice to make sure I avoid my previous mistakes
8 150 - In Serial16 Chapters
RE:tombdungeon
The main character gets reincarnated by a Godess, after getting killed by an drone.Now he has to survive as an tomb dungeon, in an empire that exploits it's own residents.
8 105 - In Serial200 Chapters
Soccer/Football Imagines
Original soccer/football imagines I have reached the maximum of 200 chapters on this story. So, if you want to keep reading my works, go to Soccer/Football Imagines Part 2 for more footballer imaginesSuggestions open
8 199

