《If you believe (Complete)》s2(3)
Advertisement
လူဆိုးလေးမောင်
~~~~~~~~
ဥက္ကာတို့ စာတစ်ခါလိုက်ရေးဖို့အရေး စာကိုအမှန်တကယ်
သင်ယူဖို့အရေး လင်းဆယူမှာ တတိယစစ်ပွဲဝင်နေရသလို
ကြိုးစားနေရသည်။ အနမ်းပေးဆိုရင်ပေးလိုက်ရ ဖက်ပေးဆိုရင်ဖက်ပေးရသည်။ အတန်းထဲကလူတွေမကလို့
ဆရာ ဆရာမတွေအကုန်မြင်နေလည်း ဂရုမစိုက်အား။
လူဆိုးလေးထက် အရေးကြီးတာ ဒီလောကမှာဘာမှမရှိတော့တာဘဲ။
နေ့ခင်း ကျောင်းဆင်းအနားယူလျှင် ကျောင်းက စီစဥ်ပေးတဲ့ အစားအသောက်တွေကို ကြိုက်ရာသွားယူစားရရုံကိုလည်း မသွားချင်ပြန်။ လူကများတယ် ဘာဖြစ်တယ်
ညာဖြစ်တယ်နဲ့ ပွစိပွစိပြောနေလို့မဆုံးတော့။
လင်းဆယူ က သွားမယ်လုပ်တော့ ပေးမသွားပြန်။
စောဟန်ကို ခိုင်းလိုက်ပါတဲ့။ ဟိုက အချေကိုယ်တော်
လင်းဆယူကို သူ့ဦးလေးမှန်းသိနေလို့သာ အဖတ်လို့တာ
အဖေတွေအဘိုးတွေကလွဲ ဘယ်သူနဲ့မှကို စကားမပြောတဲ့ အချေကိုယ်တော်လေးက ခိုင်းရင်လုပ်မယ်တဲ့လား။
"ထပ်ဆိုးရင် အလိုမလိုက်တော့ဘူးနော်''
တကတဲ လူကိုစတွေ့ကတည်းက ရစ်နေတာ။ သူများတွေ
မုန့်ဆင်းစားနေပြီ ။ သူကတော့ ရစ်လို့မဝသေး။ အသံနည်းနည်းမာပြီးဆူပေးလိုက်မှ မျက်နှာပုပ်နဲ့ငြိမ်သွားသည်။
"အဲ့ဒါဆိုသွားမယ် လက်မဖြုတ်နဲ့နော် ဖြုတ်ရဲဖြုတ်
ကြည့်''
စကားတစ်ခါနားထောင်ဖို့အရေး သူ့အလိုတော်ကျရမှ
ဖြစ်တာ။ ကန်တင်း ထမင်းစားရတဲ့နေရာကိုရောက်တော့
သူများတွေလို ပန်းကန်တွေယူပြီး ကိုယ့်စိတ်ကြိုက် ကိုယ်သွားယူတာမဟုတ်။ ကိုယ်ယူပေးမှစားမယ် ဖြစ်ရပြန်တော့ ပန်းကန်တစ်ချပ်ကို နှစ်ယောက်အတူသာ စားလိုက်ပါသည်။
ပေးမှ မစားရင် လူဆိုးက စိတ်ကောက်တော်မူဦးမှာမို့။
"ထမင်းကပျော့တယ် ကြက်ချိုချဥ်ကအချိုပဲများတယ်
ဟင်းခါးတွေက ပေါ့တယ် အရွက်ကြော်တွေက အရသာ
မရှိဘူး စက္ကူကြီးဝါးနေရသလိုပဲ''
စားဖိုမှူးတွေထက် ငါးနှစ်ပိုကြီးနေပြန်တယ် ထမင်းကအစလိုက်ရန်ရှာတာ သောက်ရေတွေက အဆုံး။ ရေသန့်က ညှီစော်နံတယ်တဲ့ ။ သူ့လောက် ဂျီးများပြီး စကားတတ်တဲ့လူ နောက်ထပ်ရှိဦးမယ်မထင်တော့။
"သူများကစေတနာနဲ့ချက်ပေးတာကို ကောင်းကောင်းစားမယ်မရှိဘူး''
"ဘာစေတနာတုန်း တစ်လတစ်လပိုက်ဆံပေးနေရတာကို''
ယခုထက်ထိ ပွစိနဲ့ပါပဲ။ မနက်တည်းကအခုထိသူ့အလိုတော်ပြည့်တာ တစ်ခုမှမရှိသေး။ ကျောင်းက သူ့ဖအေကျောင်းဖြစ်နေတော့ သူ့စိတ်ကြိုက် ပြောဆို ကြိမ်းမောင်း ရစ်နေတော့တာ။
"ခွံ့ကျွေးမယ်ဆိုစားမှာလား''
ထမင်းကိုယခုထိလက်ဖျားနဲ့မတို့သေးတဲ့ကိုယ်တော်က
သူ့အပြောကိုကြားတော့ ခေါင်းဆတ်တတ်ညိတ်သည်။
"တကယ့် လူဆိုး''
ခွံ့ကျွေးမှ အပြုံးနဲ့အပျော်နဲ့စားတော့တာ။ ရှေ့က
စောဟန်က မျက်နှာလေးတမဲ့မဲ့ ဘေးကလူတွေက
အမျိုးမျိုးနဲ့ကြည့်ကာပြောကာ နေသော်လည်း ဂရုမစိုက်မိပါ။ နှစ်ယောက်လုံးက နဂိုကတည်းက ဘယ်သူ့ကိုမှ
ဂရုမစိုက်တတ်တဲ့လူတွေမို့။
"ကျောင်းသားဥက္ကဋ္ဌကို ဘာလို့ယူမှလဲ ဆယ်တန်းကျောင်းသားတွေလုပ်ရမှာလေ''
သိရကတည်းကတင်းနေခဲ့တဲ့ ကိစ္စကို ဥက္ကာ အခုဖွင့်ချလိုက်သည်။ သူတကယ်ကိုမကျေနပ်ပါ။ ယူ့ကို ဘာတာဝန်တွေမှ မထမ်းစေလို။ ပေါ့လည်း အဆင်ပြေလည်း
မလုပ်စေချင်ပါ။ တစ်နည်းမဟုတ် တစ်နည်းနဲ့ခေါင်းခြောက်ရမှာအသေအချာပေမို့။
ယူကတော့ သူမေးတာမဖြေ။ ရေသောက်ရေး ခပ်ပါးပါးလေး ပြုံးသည်။ သိချင်ရင် ကျောင်းထဲရန်ဖြစ်ကြည့်ပါလားတဲ့။ ယူ့ကိုတော့ သူ့ယုံပါသည်။ အရင်ဘဝက
အရှိန်အဝါတွေသာကျန်သေးရင် ကိုင်တွယ်ပုံ ကိုင်တွယ်နည်းတွေ အတော်စည်းစနစ်ကျလောက်မှာ။ ပေါ့သေးသေးလုပ်လို့မရတာတော့ တကယ်ကိုအသေအချာ။
"တကယ်ကြီးရန်သွားဖြစ်ရင်ယူစိတ်မဆိုးဘူးလို့ ကတိပေးလား''
"မပေးပါဘူး ဘာလို့ပေးရမှာ''
ယူက မကျေနပ်သလို မျက်စောင်းထိုးပြီးပြောလာသဖြင့်
ဥက္ကာ ခပ်ဟဟ ရယ်ရင်း ယူ့တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်လိုက်မိသည်။ ချစ်နေရတာတောင် ချစ်မဝနိုင်တဲ့အချစ်ဆိုတာ ဥက္ကာအတွက်တော့ ယူ ပါပဲ။
"ကျောင်းဆင်းရင်မောင်နဲ့လိုက်ခဲ့ပါလား ယူ
မဟုတ်ရင် မောင်ယူနဲ့လိုက်ခဲ့မယ်လေ''
လုပ်ပုံက ကလေးဂျီကျသလိုဖြစ်နေပေမယ့် ယူက
ဆူမနေပါ။မျက်နှာကို ဂရုဏာသက်ဖွယ်ကြည့်လာပြီး
နဖူးပေါ်က ဆံပင်တွေကိုဖွဖွသပ်တင်သဖြင့် ဥက္ကာ ပြုံးသွားသည်။
"အိပ်မက်ဆိုးတွေမက်ပြန်လို့လား''
"ဟုတ်တယ်''
အတိတ်ဘဝကအဖြစ်ဆိုးတွေက ယခုချိန်ထိတိုင် အိပ်မက်လို ခြောက်လှန့်နေတုန်း။ တစ်ခါတလေ အိပ်မက်က ဒီဘဝမှာဖြစ်ပျက်လာမယ့်ဟန်လိုလို။ အိပ်မက်ကအိပ်မက်ပဲဆိုပေမယ့် ကြုံခဲ့ဖူးတာကြောင့်
ကြောက်စိတ်ကိုတားမရတာအမှန်။
"ကောင်းပြီလေ အစ်ကိုနဲဲ့ပြောလိုက်မယ်''
ယူ က သူ့ကိုဆို ငယ်ကတည်းကအလိုလိုက်ခဲ့သည်။
အလိုလိုက်မှန်းသိနေလို့သာ ဒီကလည်း တမင်ဆိုးတာ။
အားကစားချိန်ကို အတန်းထဲ ဘယ်သူမှရှိမနေပေမယ့်
ယူကရှိနေသည်မို့ ဥက္ကာလည်းအနားကမခွာပါ။ ယူက ကျန်းမာရေးကြောင့် သူများတွေလို ကျောင်းအားကစားတွေထဲဝင်မပါ။အခန်းရဲ့ပြတင်းပေါက်ရှေ့ခုံချပြီး နောက်ဖေးက ဘောလုံးကွင်းကို ထိုင်ကြည့်နေတော့
ဥက္ကာ လည်း ယူ့နံဘေးအတူရှိနေပေးလိုက်သည်။
ဘောလုံးကွင်းမှာ အသိဆိုလို့ ယူ့တူလေး စောဟန်သာရှိတာ ။ ဒီက လာချေရင်မကြိုက်ပေမယ့် ယူ့တူမို့ သည်းခံရတာလည်း အမောပါပဲ။
"ယူ့တူကတစ်စက်မှအချိုးမပြေဘူး မောင့်ကိုမတူသလို
မတန်သလိုဆက်ဆံတယ် မကြိုက်ဘူး ''
ခံပြင်းရတာကို ဝန်ခံပြတော့ ယူက ခပ်သဲ့သဲ့ရယ်သည်။
ဥက္ကာလို ပါးချိုင့်ကလေးမရှိပေမယ့် ရယ်လိုက်တိုင်း
မျက်လုံးကပါ လိုက်ရယ်နေသလို။
"ဒါနဲ့ယူ အဲ့ကောင်လက်မှာမောင်စေ့စပ်လက်စွပ်တွေ့လိုက်သလားလို့''
တကယ်တမ်း မျက်လုံးတပ်အပ်နဲ့အသေအချာကိုတွေ့ခဲ့တာ အရင်အသက်အရွယ်အရဆို စောဟန်ထက် ထက်ဝက်ကြီးနေတာမလို့ ဘာကဘာလဲကြည့်ရုံနဲ့တန်းသိသည်။ ဖြစ်ကတတ်ဆန်းပြောလိုက်ရင် ယူတစ်မျိုးထင်သွားမှာစိုးလို့သာ မသေချာသလိုမရေရာသလိုနဲ့ချင့်ချိန်ပြောရတာ။
"အဘိုးတွေကလူတကာထက်စည်းစိမ်ရှိနေလို့ မနာလိုသူက လုပ်ကြံတာ တစ်ဖက်ကလေးက ၁နှစ်ငယ်တယ်
အစ်ကိုတို့အိမ်ကအိမ်အကူတစ်ယောက်ရဲ့သား
နစ်နာခဲ့ရတဲ့ကလေးကိုအစ်ကိုတွေဘက်ကပိုက်ဆံပေးလိုက်ရုံနဲ့ရပေမယ့် စေ့စပ်ခိုင်းလိုက်တယ် သူများက
ပုံနဲ့အမိအရဖမ်းပြီး သိက္ခာချဖို့လုပ်နေတာဆိုတော့
စောဟန်အသက်၁၃နှစ်ပြည့်မွေးနေ့ပွဲမှာဖြစ်သွားတာ
ဖြစ်ပြီမနက်မှာပဲစေ့စပ်လိုက်ရတာ''
"ဪ''
ယူ့ဆီက သိရတော့ သူ့မှာ ဪ ကလွဲဘာမှမပြောနိုင်။
လောကမှာဒီလိုအဖြစ်ဆန်းတွေလည်းရှိနေသေးတာပဲ။
မလိုနာသူကလည်း မပြည့်စုံလို့ မတွေးခေါ်တတ်လို့
မနာလိုသူဖြစ်ရတာ ။ လိင်တူ ချစ်ကြိုက်တဲ့အိမ်က
သားမက်ရတာကိုဝမ်းနည်းနေမလား။ ချမ်းသာတဲ့လူက
အိမ်ဖော်ရဲ့သားကိုသားမက်ရလိုက်တော့ ဆင်းရဲသွားမှာ
မလို့လား ။
"ဟိုဘက်ကလေးမှာဘာချို့ယွင်းချက်မှမရှိဘူးမှတ်လား''
"ချို့ယွင်းချက်မရှိပါဘူး မိန်းမစိတ်ပေါက်နေတာတစ်ခုပဲ
မိန်းကလေးလိုပဲနေတာ ဆံပင်လည်းရှည်တယ် အချောအလှလေးဆိုပေမယ့် စောဟန်နဲ့တစ်စက်မှမတည့်ဘူး
Advertisement
မျက်နှာချင်းဆိုင်တာနဲ့တန်းရန်ဖြစ်တာပဲ''
ယူ့အပြောကိုကြားပြီး အားရလိုက်တာဆိုတာ
အဲ့ကောင်လိုလူကိုမတူသလိုမတန်သလိုလုပ်နေတဲ့ကောင်က ဆတ်ဆတ်ထိမခံတဲ့ဟာနဲ့မှပိုအားရတာ။ မျက်နှာက တစ်လောကလုံးသူ့လုပ်စာက်ိုထ်ိုင်စားနေသလို ဒါပေမဲ့
ယူ့ကိုကာကွယ်ပေးတာကိုတော့ ကြိုက်သား ။ ယူ့အနား
ဘယ်သူ့ကိုမှပေးမကပ်တာ ဥက္ကာမရောက်ခင်အထိတဲ့။
ဘေးကတစ်ယောက်ပြောလို့သိရတာ။ လူကိုဆက်ဆံပုံကိုမကြိုက်ပေမယ့် ယူ့ကိုကာကွယ်ပေးတဲ့အတွက်ရော
ယူ့တူဖြစ်နေတဲ့အတွက်ပါ ဒီကမှာ သဘောကောင်းပေးရပါတယ်။
"ဆယ်တန်းပြီးရင်ညားရအောင် ယူ''
ပခုံးပေါ်မှေးတင်လာတဲ့ကောင်ကို လင်းဆယူ မျက်စောင်းပိတ်ကျွေးလိုက်သည်။
"မဟုတ်ရင်အခုညားကြမလား ဘယ်သူမှမတွေ့တဲ့
တစ်နေရာကိုသွားပြီးတော့ အားးး''
ဥက္ကာတို့ နားရွက်လိမ်ခံလိုက်ရခြင်း။ အသက်ကဖြင့်
မပြည့်သေး။ ပါးစပ်က ၁၈ ကျော်နေသည်။
အတွေးတွေကဆို ၂၁တောင်ကျော်ချင်ကျော်နေလောက်သည်။ နားရွက်လိမ်ခံရတော့ ငြိမ်သလားဆိုမဟုတ်သေး။
ညားချင်တာ အပြစ်လားဆိုလို့ပြန်ရန်ထောင်နေလို့
မှတ်သားလောက်အောင် နားရွက်နှစ်ဖက်လုံးကိုလိမ်ပေးလိုက်သည်။
"ယူ မောင့်ကိုအနိုင်ကျင့်တယ်''
ရဲတွတ်နေတဲ့နားရွက်နှစ်ဖက်ကိုပွတ်ရင်းမျက်နှာပုပ်ကြီးနဲ့ပြောလာနေတာ။ လင်းဆယူ ပြုံးရင် ရွာတော့မယ့်ဟန်အုံ့နေတဲ့ မျက်နှာလေးကို တရှုပ်ရှုပ်နမ်းလိုက်မိသည်။
တကယ် ကိုအသည်းယားရလွန်းလို့။ ချော့တော့လည်း
ချက်ချင်း ပြုံးသွားတာပဲ။
အဖြစ်က သူစိတ်ကောက်ရင်ကိုယ်ချော့ သူစိတ်မကောက်လည်း ကိုယ်ချော့။ သူကောက်ကောက်မကောက်ကောက်
ကိုယ်ကချော့ကိုချော့နေရတော့တာပဲ။
.
Greenleaf🌿
စောဟန်ကတော့ တစ်ခန်းရပ်သွားပါပြီ ထပ်မပါတော့ပါဘူး ဇာတ်လမ်းသက်သက်ရှိတာမလို့။ ဥက္ကာတို့ကတော့
အချိုလေးတွေချည်းနဲ့ အတိုလေးတွေပဲဖြစ်မှာပါ။
ချစ်တို့ကိုငိုအောင်လုပ်ခဲ့လို့ပြန်ချော့တာပေါ့ ဟဲ ဟဲ🤭
_______________________________________
လူဆိုးေလးေမာင္
~~~~~~~~
ဥကၠာတို႔ စာတစ္ခါလိုက္ေရးဖို႔အေရး စာကိုအမွန္တကယ္
သင္ယူဖို႔အေရး လင္းဆယူမွာ တတိယစစ္ပြဲဝင္ေနရသလို
ႀကိဳးစားေနရသည္။ အနမ္းေပးဆိုရင္ေပးလိုက္ရ ဖက္ေပးဆိုရင္ဖက္ေပးရသည္။ အတန္းထဲကလူေတြမကလို႔
ဆရာ ဆရာမေတြအကုန္ျမင္ေနလည္း ဂ႐ုမစိုက္အား။
လူဆိုးေလးထက္ အေရးႀကီးတာ ဒီေလာကမွာဘာမွမရွိေတာ့တာဘဲ။
ေန႕ခင္း ေက်ာင္းဆင္းအနားယူလွ်င္ ေက်ာင္းက စီစဥ္ေပးတဲ့ အစားအေသာက္ေတြကို ႀကိဳက္ရာသြားယူစားရ႐ုံကိုလည္း မသြားခ်င္ျပန္။ လူကမ်ားတယ္ ဘာျဖစ္တယ္
ညာျဖစ္တယ္နဲ႕ ပြစိပြစိေျပာေနလို႔မဆုံးေတာ့။
လင္းဆယူ က သြားမယ္လုပ္ေတာ့ ေပးမသြားျပန္။
ေစာဟန္ကို ခိုင္းလိုက္ပါတဲ့။ ဟိုက အေခ်ကိဳယ္ေတာ္
လင္းဆယူကို သူ႕ဦးေလးမွန္းသိေနလို႔သာ အဖတ္လို႔တာ
အေဖေတြအဘိုးေတြကလြဲ ဘယ္သူနဲ႕မွကို စကားမေျပာတဲ့ အေခ်ကိဳယ္ေတာ္ေလးက ခိုင္းရင္လုပ္မယ္တဲ့လား။
"ထပ္ဆိုးရင္ အလိုမလိုက္ေတာ့ဘူးေနာ္''
တကတဲ လူကိုစေတြ႕ကတည္းက ရစ္ေနတာ။ သူမ်ားေတြ
မုန့္ဆင္းစားေနၿပီ ။ သူကေတာ့ ရစ္လို႔မဝေသး။ အသံနည္းနည္းမာၿပီးဆူေပးလိုက္မွ မ်က္ႏွာပုပ္နဲ႕ၿငိမ္သြားသည္။
"အဲ့ဒါဆိုသြားမယ္ လက္မျဖဳတ္နဲ႕ေနာ္ ျဖဳတ္ရဲျဖဳတ္
ၾကည့္''
စကားတစ္ခါနားေထာင္ဖို႔အေရး သူ႕အလိုေတာ္က်ရမွ
ျဖစ္တာ။ ကန္တင္း ထမင္းစားရတဲ့ေနရာကိုေရာက္ေတာ့
သူမ်ားေတြလို ပန္းကန္ေတြယူၿပီး ကိုယ့္စိတ္ႀကိဳက္ ကိုယ္သြားယူတာမဟုတ္။ ကိုယ္ယူေပးမွစားမယ္ ျဖစ္ရျပန္ေတာ့ ပန္းကန္တစ္ခ်ပ္ကို ႏွစ္ေယာက္အတူသာ စားလိုက္ပါသည္။
ေပးမွ မစားရင္ လူဆိုးက စိတ္ေကာက္ေတာ္မူဦးမွာမို႔။
"ထမင္းကေပ်ာ့တယ္ ၾကက္ခ်ိဳခ်ဥ္ကအခ်ိဳပဲမ်ားတယ္
ဟင္းခါးေတြက ေပါ့တယ္ အ႐ြက္ေၾကာ္ေတြက အရသာ
မရွိဘူး စကၠဴႀကီးဝါးေနရသလိုပဲ''
စားဖိုမႉးေတြထက္ ငါးႏွစ္ပိုႀကီးေနျပန္တယ္ ထမင္းကအစလိုက္ရန္ရွာတာ ေသာက္ေရေတြက အဆုံး။ ေရသန့္က ညွီေစာ္နံတယ္တဲ့ ။ သူ႕ေလာက္ ဂ်ီးမ်ားၿပီး စကားတတ္တဲ့လူ ေနာက္ထပ္ရွိဦးမယ္မထင္ေတာ့။
"သူမ်ားကေစတနာနဲ႕ခ်က္ေပးတာကို ေကာင္းေကာင္းစားမယ္မရွိဘူး''
"ဘာေစတနာတုန္း တစ္လတစ္လပိုက္ဆံေပးေနရတာကို''
ယခုထက္ထိ ပြစိနဲ႕ပါပဲ။ မနက္တည္းကအခုထိသူ႕အလိုေတာ္ျပည့္တာ တစ္ခုမွမရွိေသး။ ေက်ာင္းက သူ႕ဖေအေက်ာင္းျဖစ္ေနေတာ့ သူ႕စိတ္ႀကိဳက္ ေျပာဆို ႀကိမ္းေမာင္း ရစ္ေနေတာ့တာ။
"ခြံ႕ေကြၽးမယ္ဆိုစားမွာလား''
ထမင္းကိုယခုထိလက္ဖ်ားနဲ႕မတို႔ေသးတဲ့ကိုယ္ေတာ္က
သူ႕အေျပာကိုၾကားေတာ့ ေခါင္းဆတ္တတ္ညိတ္သည္။
"တကယ့္ လူဆိုး''
ခြံ႕ေကြၽးမွ အၿပဳံးနဲ႕အေပ်ာ္နဲ႕စားေတာ့တာ။ ေရွ႕က
ေစာဟန္က မ်က္ႏွာေလးတမဲ့မဲ့ ေဘးကလူေတြက
အမ်ိဳးမ်ိဳးနဲ႕ၾကည့္ကာေျပာကာ ေနေသာ္လည္း ဂ႐ုမစိုက္မိပါ။ ႏွစ္ေယာက္လုံးက နဂိုကတည္းက ဘယ္သူ႕ကိုမွ
ဂ႐ုမစိုက္တတ္တဲ့လူေတြမို႔။
"ေက်ာင္းသားဥကၠ႒ကို ဘာလို႔ယူမွလဲ ဆယ္တန္းေက်ာင္းသားေတြလုပ္ရမွာေလ''
သိရကတည္းကတင္းေနခဲ့တဲ့ ကိစၥကို ဥကၠာ အခုဖြင့္ခ်လိဳက္သည္။ သူတကယ္ကိုမေက်နပ္ပါ။ ယူ႕ကို ဘာတာဝန္ေတြမွ မထမ္းေစလို။ ေပါ့လည္း အဆင္ေျပလည္း
မလုပ္ေစခ်င္ပါ။ တစ္နည္းမဟုတ္ တစ္နည္းနဲ႕ေခါင္းေျခာက္ရမွာအေသအခ်ာေပမို႔။
ယူကေတာ့ သူေမးတာမေျဖ။ ေရေသာက္ေရး ခပ္ပါးပါးေလး ၿပဳံးသည္။ သိခ်င္ရင္ ေက်ာင္းထဲရန္ျဖစ္ၾကည့္ပါလားတဲ့။ ယူ႕ကိုေတာ့ သူ႕ယုံပါသည္။ အရင္ဘဝက
အရွိန္အဝါေတြသာက်န္ေသးရင္ ကိုင္တြယ္ပုံ ကိုင္တြယ္နည္းေတြ အေတာ္စည္းစနစ္က်ေလာက္မွာ။ ေပါ့ေသးေသးလုပ္လို႔မရတာေတာ့ တကယ္ကိုအေသအခ်ာ။
"တကယ္ႀကီးရန္သြားျဖစ္ရင္ယူစိတ္မဆိုးဘူးလို႔ ကတိေပးလား''
"မေပးပါဘူး ဘာလို႔ေပးရမွာ''
ယူက မေက်နပ္သလို မ်က္ေစာင္းထိုးၿပီးေျပာလာသျဖင့္
ဥကၠာ ခပ္ဟဟ ရယ္ရင္း ယူ႕တစ္ကိုယ္လုံးကိုသိမ္းက်ဳံးဖက္လိုက္မိသည္။ ခ်စ္ေနရတာေတာင္ ခ်စ္မဝနိုင္တဲ့အခ်စ္ဆိုတာ ဥကၠာအတြက္ေတာ့ ယူ ပါပဲ။
"ေက်ာင္းဆင္းရင္ေမာင္နဲ႕လိုက္ခဲ့ပါလား ယူ
မဟုတ္ရင္ ေမာင္ယူနဲ႕လိုက္ခဲ့မယ္ေလ''
လုပ္ပုံက ကေလးဂ်ီက်သလိုျဖစ္ေနေပမယ့္ ယူက
ဆူမေနပါ။မ်က္ႏွာကို ဂ႐ုဏာသက္ဖြယ္ၾကည့္လာၿပီး
နဖူးေပၚက ဆံပင္ေတြကိုဖြဖြသပ္တင္သျဖင့္ ဥကၠာ ၿပဳံးသြားသည္။
"အိပ္မက္ဆိုးေတြမက္ျပန္လို႔လား''
"ဟုတ္တယ္''
အတိတ္ဘဝကအျဖစ္ဆိုးေတြက ယခုခ်ိန္ထိတိုင္ အိပ္မက္လို ေျခာက္လွန့္ေနတုန္း။ တစ္ခါတေလ အိပ္မက္က ဒီဘဝမွာျဖစ္ပ်က္လာမယ့္ဟန္လိုလို။ အိပ္မက္ကအိပ္မက္ပဲဆိုေပမယ့္ ႀကဳံခဲ့ဖူးတာေၾကာင့္
ေၾကာက္စိတ္ကိုတားမရတာအမွန္။
"ေကာင္းၿပီေလ အစ္ကိုနဲဲ့ေျပာလိုက္မယ္''
ယူ က သူ႕ကိုဆို ငယ္ကတည္းကအလိုလိုက္ခဲ့သည္။
အလိုလိုက္မွန္းသိေနလို႔သာ ဒီကလည္း တမင္ဆိုးတာ။
အားကစားခ်ိန္ကို အတန္းထဲ ဘယ္သူမွရွိမေနေပမယ့္
ယူကရွိေနသည္မို႔ ဥကၠာလည္းအနားကမခြာပါ။ ယူက က်န္းမာေရးေၾကာင့္ သူမ်ားေတြလို ေက်ာင္းအားကစားေတြထဲဝင္မပါ။အခန္းရဲ႕ျပတင္းေပါက္ေရွ႕ခုံခ်ၿပီး ေနာက္ေဖးက ေဘာလုံးကြင္းကို ထိုင္ၾကည့္ေနေတာ့
ဥကၠာ လည္း ယူ႕နံေဘးအတူရွိေနေပးလိုက္သည္။
ေဘာလုံးကြင္းမွာ အသိဆိုလို႔ ယူ႕တူေလး ေစာဟန္သာရွိတာ ။ ဒီက လာေခ်ရင္မႀကိဳက္ေပမယ့္ ယူ႕တူမို႔ သည္းခံရတာလည္း အေမာပါပဲ။
"ယူ႕တူကတစ္စက္မွအခ်ိဳးမေျပဘူး ေမာင့္ကိုမတူသလို
မတန္သလိုဆက္ဆံတယ္ မႀကိဳက္ဘူး ''
ခံျပင္းရတာကို ဝန္ခံျပေတာ့ ယူက ခပ္သဲ့သဲ့ရယ္သည္။
ဥကၠာလို ပါးခ်ိဳင့္ကေလးမရွိေပမယ့္ ရယ္လိုက္တိုင္း
မ်က္လုံးကပါ လိုက္ရယ္ေနသလို။
"ဒါနဲ႕ယူ အဲ့ေကာင္လက္မွာေမာင္ေစ့စပ္လက္စြပ္ေတြ႕လိုက္သလားလို႔''
တကယ္တမ္း မ်က္လုံးတပ္အပ္နဲ႕အေသအခ်ာကိုေတြ႕ခဲ့တာ အရင္အသက္အ႐ြယ္အရဆို ေစာဟန္ထက္ ထက္ဝက္ႀကီးေနတာမလို႔ ဘာကဘာလဲၾကည့္႐ုံနဲ႕တန္းသိသည္။ ျဖစ္ကတတ္ဆန္းေျပာလိုက္ရင္ ယူတစ္မ်ိဳးထင္သြားမွာစိုးလို႔သာ မေသခ်ာသလိုမေရရာသလိုနဲ႕ခ်င့္ခ်ိန္ေျပာရတာ။
"အဘိုးေတြကလူတကာထက္စည္းစိမ္ရွိေနလို႔ မနာလိုသူက လုပ္ႀကံတာ တစ္ဖက္ကေလးက ၁ႏွစ္ငယ္တယ္
အစ္ကိုတို႔အိမ္ကအိမ္အကူတစ္ေယာက္ရဲ႕သား
နစ္နာခဲ့ရတဲ့ကေလးကိုအစ္ကိုေတြဘက္ကပိုက္ဆံေပးလိုက္႐ုံနဲ႕ရေပမယ့္ ေစ့စပ္ခိုင္းလိုက္တယ္ သူမ်ားက
ပုံနဲ႕အမိအရဖမ္းၿပီး သိကၡာခ်ဖိဳ႕လုပ္ေနတာဆိုေတာ့
ေစာဟန္အသက္၁၃ႏွစ္ျပည့္ေမြးေန႕ပြဲမွာျဖစ္သြားတာ
ျဖစ္ၿပီမနက္မွာပဲေစ့စပ္လိုက္ရတာ''
"ဪ''
ယူ႕ဆီက သိရေတာ့ သူ႕မွာ ဪ ကလြဲဘာမွမေျပာနိုင္။
ေလာကမွာဒီလိုအျဖစ္ဆန္းေတြလည္းရွိေနေသးတာပဲ။
မလိုနာသူကလည္း မျပည့္စုံလို႔ မေတြးေခၚတတ္လို႔
မနာလိုသူျဖစ္ရတာ ။ လိင္တူ ခ်စ္ႀကိဳက္တဲ့အိမ္က
သားမက္ရတာကိုဝမ္းနည္းေနမလား။ ခ်မ္းသာတဲ့လူက
အိမ္ေဖာ္ရဲ႕သားကိုသားမက္ရလိုက္ေတာ့ ဆင္းရဲသြားမွာ
မလို႔လား ။
"ဟိုဘက္ကေလးမွာဘာခ်ိဳ႕ယြင္းခ်က္မွမရွိဘူးမွတ္လား''
"ခ်ိဳ႕ယြင္းခ်က္မရွိပါဘူး မိန္းမစိတ္ေပါက္ေနတာတစ္ခုပဲ
မိန္းကေလးလိုပဲေနတာ ဆံပင္လည္းရွည္တယ္ အေခ်ာအလွေလးဆိုေပမယ့္ ေစာဟန္နဲ႕တစ္စက္မွမတည့္ဘူး
မ်က္ႏွာခ်င္းဆိုင္တာနဲ႕တန္းရန္ျဖစ္တာပဲ''
ယူ႕အေျပာကိုၾကားၿပီး အားရလိုက္တာဆိုတာ
အဲ့ေကာင္လိုလူကိုမတူသလိုမတန္သလိုလုပ္ေနတဲ့ေကာင္က ဆတ္ဆတ္ထိမခံတဲ့ဟာနဲ႕မွပိုအားရတာ။ မ်က္ႏွာက တစ္ေလာကလုံးသူ႕လုပ္စာက္ိုထ္ိုင္စားေနသလို ဒါေပမဲ့
ယူ႕ကိုကာကြယ္ေပးတာကိုေတာ့ ႀကိဳက္သား ။ ယူ႕အနား
ဘယ္သူ႕ကိုမွေပးမကပ္တာ ဥကၠာမေရာက္ခင္အထိတဲ့။
ေဘးကတစ္ေယာက္ေျပာလို႔သိရတာ။ လူကိုဆက္ဆံပုံကိုမႀကိဳက္ေပမယ့္ ယူ႕ကိုကာကြယ္ေပးတဲ့အတြက္ေရာ
ယူ႕တူျဖစ္ေနတဲ့အတြက္ပါ ဒီကမွာ သေဘာေကာင္းေပးရပါတယ္။
"ဆယ္တန္းၿပီးရင္ညားရေအာင္ ယူ''
ပခုံးေပၚေမွးတင္လာတဲ့ေကာင္ကို လင္းဆယူ မ်က္ေစာင္းပိတ္ေကြၽးလိုက္သည္။
"မဟုတ္ရင္အခုညားၾကမလား ဘယ္သူမွမေတြ႕တဲ့
တစ္ေနရာကိုသြားၿပီးေတာ့ အားးး''
ဥကၠာတို႔ နား႐ြက္လိမ္ခံလိုက္ရျခင္း။ အသက္ကျဖင့္
မျပည့္ေသး။ ပါးစပ္က ၁၈ ေက်ာ္ေနသည္။
အေတြးေတြကဆို ၂၁ေတာင္ေက်ာ္ခ်င္ေက်ာ္ေနေလာက္သည္။ နား႐ြက္လိမ္ခံရေတာ့ ၿငိမ္သလားဆိုမဟုတ္ေသး။
ညားခ်င္တာ အျပစ္လားဆိုလို႔ျပန္ရန္ေထာင္ေနလို႔
မွတ္သားေလာက္ေအာင္ နား႐ြက္ႏွစ္ဖက္လုံးကိုလိမ္ေပးလိုက္သည္။
"ယူ ေမာင့္ကိုအနိုင္က်င့္တယ္''
ရဲတြတ္ေနတဲ့နား႐ြက္ႏွစ္ဖက္ကိုပြတ္ရင္းမ်က္ႏွာပုပ္ႀကီးနဲ႕ေျပာလာေနတာ။ လင္းဆယူ ၿပဳံးရင္ ႐ြာေတာ့မယ့္ဟန္အုံ႕ေနတဲ့ မ်က္ႏွာေလးကို တရႈပ္ရႈပ္နမ္းလိုက္မိသည္။
တကယ္ ကိုအသည္းယားရလြန္းလို႔။ ေခ်ာ့ေတာ့လည္း
ခ်က္ခ်င္း ၿပဳံးသြားတာပဲ။
အျဖစ္က သူစိတ္ေကာက္ရင္ကိုယ္ေခ်ာ့ သူစိတ္မေကာက္လည္း ကိုယ္ေခ်ာ့။ သူေကာက္ေကာက္မေကာက္ေကာက္
ကိုယ္ကေခ်ာ့ကိုေခ်ာ့ေနရေတာ့တာပဲ။
.
Greenleaf🌿
ေစာဟန္ကေတာ့ တစ္ခန္းရပ္သြားပါၿပီ ထပ္မပါေတာ့ပါဘူး ဇာတ္လမ္းသက္သက္ရွိတာမလို႔။ ဥကၠာတို႔ကေတာ့
အခ်ိဳေလးေတြခ်ည္းနဲ႕ အတိုေလးေတြပဲျဖစ္မွာပါ။
ခ်စ္တို႔ကိုငိုေအာင္လုပ္ခဲ့လို႔ျပန္ေခ်ာ့တာေပါ့ ဟဲ ဟဲ🤭
_______________________________________
Advertisement
- In Serial8 Chapters
The Game of Petty Gods
They woke up in nothingness and knew two things: They knew who they were. They knew why they were there. The world before this one was hazy and meaningless but their identities, if not its details, were still in-tact. They were there to play the God's Game. What that meant was different for each of them but all had the same goal: to Win.
8 146 - In Serial37 Chapters
Galal: Horde Master
Mankind. Conquerors, builders, criminals and craftsmen. Tamers of beasts. Arrogant, they attempt upraise a beast, to create a machine of war. A beast born of blood and of violence, mankind will do its utmost to tame it as it resists their shackles and seeks the freedom it craves.
8 351 - In Serial11 Chapters
The Awakened
Mark was a data analyst that had recently landed a job in a company and his life was pretty normal if not a bit boring through upon meeting a mugger in an alley his life had a drastic change not neccesarily for the better. He stopped being a sleeper and saw a glimpse of the true form of the world which opened his eyes to a new life altogether. ============================================================================================== This is my first fiction and i am loosely basing this on Mage:The Awakening rulebook. Naturally i am going to change things a bit but i don't intend to make this a novel where the main character goes around changing the whole world. It will be based on a normal guy discovering a new world while trying to find his place in it. Also please write comments warning me about things such as development speed or unrealistic relations.
8 183 - In Serial35 Chapters
The One Eyed Chimera( Tokyo Ghoul x Male Reader)
For as long as you remember you've remembered you've been along in this world. Constantly you have to move from ward to ward to avoid being capture by doves. One night you're injured and run into a certain family.All characters belong to Tokyo Ghoul and not meHeads up this is my first time writing so be prepared(I have no idea what I'm doing)
8 207 - In Serial32 Chapters
TNS Piper Season 8 (Must Read)
This is my first ever story on Wattpad so enjoy! This is my thinking of season 8, for Piper, and I hope you all enjoy reading it. This is probably gonna include a LOT of Piper as she's one of my most favourite characters in TNS history. However there are some Richozzy moments, Hamy moments and other couples too! It's a wild ride for A troupe with nationals coming up and not knowing WHO is even going to go!
8 125 - In Serial14 Chapters
Rick and Morty x Reader Oneshots
**CANCELED**Oneshots about Rick and MortyAlways x readerFeel free to request! Come on, you already know what this is about... Just read it already!
8 177

