《If you believe (Complete)》10
Advertisement
Unicode
Zawgyi
~~~~~~
"ဗိုလ်လင်း ခေါင်းဆောင်နောင်ကဖုန်းပြန်ဆက်ပါတဲ့''
"နောင်က!''
တာပေါပြောမှတစ်နေ့ကနောင်နဲ့မပြီးပြတ်သေးတဲ့ဖုန်းထဲကစကားဝိုင်းအားပြန်ဆက်ဖို့မေ့နေတာကိုသူသတိရသွားသည်။ဒီနေ့တစ်နေကုန်အပြင်ရောက်ခဲ့တာတောင် နောင်ဆီဖုန်းခေါ်ဖို့လုံးလုံးမေ့နေခဲ့တာ။ ယခုလိုပေါ့ပျက်နေတဲ့အပေါ်သူ့ကိုယ်သူစိတ်ပျက်မိလာသည်။ လူတွေပြော ပြောနေတဲ့ ဗိုလ်လင်းလိုမပီသလိုက်လေခြင်း။
"ဖုန်းကဘယ်နားသွားပြောရတာ ''
"ဟိုနားလေးပဲ ''
တာပေါက စခန်းနံဘေးကတောင်ပုလေးကိုညွှန်ပြသည်။
လင်းဆယူ ခေါင်းညိတ်ပြီးတစ်ယောက်တည်းသာသွားလိုက်၏။ တောင်ပုလေးဟာ တောင်တက်လေ့မရှိသည့်
လူတွေအတွက် တမောတပန်းနဲ့တက်နေရသော်ငြား
လင်းဆယူတို့လို တောတောင်တွေကြားကျင်လည်လာ
သည့်လူတွေအတွက်ကတော့ ပါးပါးလေးသာဖြစ်သည်။
တောင်ပုလေးပေါ်တက်ရာတွင် လင်းဆယူအတွက်၅မိနစ်မျှတောင်မကြာခဲ့ပါ။ လူတစ်ယောက်မှရှိမနေပေမယ့်
တောင်အောက်ကအသံမှန်သမျှကိုတော့ကြားရပါသည်။
ကလိန်း~ကလိန်း!
ဖုန်းလှိုင်းမိသည့်နေရာရောက်သည်နှင့်မက်ဆေ့တွေကတန်းစီပြီးဝင်လာသည်။ ထိုမက်ဆေ့တွေထဲ နောင်ဖုန်းခေါ်ဆိုထားကြောင်းသက်သေပြနေသည့်မက်ဆေ့တွေလည်းပါနေသည်။ လင်းဆယူ ချက်ချင်းနောင့်နံပါတ်ကို
နှ်ိပ်ပြီးဖုန်းပြန်ခေါ်လိုက်ပါသည်။
တူ!
"ဟယ်လို''
ဖုန်းကတစ်ချက်ဝင်သည်နှင့်တစ်ဖက်ကကိုင်လိုက်သည့်နောင့်အသံချက်ချင်းထွက်လာသည်။
"နောင်! တာပေါကမင်းဖုန်းပြန်ခေါ်ခိုင်းတယ်ဆိုလို့''
"ငါကပြောမှသိတာလား လင်းဆယူ! ဗိုလ်လင်းပီသအောင်နေစမ်းပါ အဲ့နေ့ကတမင်ဖုန်းချသွားတာလား''
"မဟုတ်ပါဘူး ဖုန်းအားကုန်သွားတာ ပြီးတော့မင်းနံပါတ်လည်းအလွတ်မရတာနဲ့''
ဘယ်လောက်ပဲအနေဝေးလို့အသံပဲကြားနေရပါစေ
လေးစားခဲ့ဖူးတဲ့သူမို့ ရှိန်ခဲ့ဖူးတဲ့သူမို့ ဆင်ခြေတွေပေးနေချိန် လင်းဆယူ တည်ငြိမ်မှုအပြည့်နဲ့ရှိမနေနိုင်။ အရိုက်ခံရမှာစိုးတဲ့ကလေးလို ခေါင်းကုတ်ရင်းအသံကအလိုလိုတိုးနေတာ။ ယခုနေ သူဟာ တပ်သားတွေကိုဦးဆောင်တဲ့
ဗိုလ်လင်းမဟုတ်။ နောင်ရဲ့ဝမ်းကွဲညီ လင်းဆယူသက်သက်သာဖြစ်နေခြင်း။
"ဟိုနေ့ကငါပြောခဲ့တာတွေကိုရောမှတ်မိရဲ့လား''
"အင်း ''
လင်းဆယူမှတ်မိပါသည်။နောင်က ဥက္ကာရဲ့အကြောင်းပြောခဲ့တာ။ ဥက္ကာကိုတွေးလိုက်မိသည့်တဒင်္ဂ ရင်ဘတ်ကခုန်လာတာကိုတော့လင်းဆယူမတားနိုင်။ အပြောကအလုပ်ထက်ပိုလွယ်တယ်ဆိုတာဒါကသက်သေပဲ။ သူဘယ်သူ့ကိုမှမချစ်ချင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူချစ်တတ်လာခဲ့ပြီ။ ထို့အပြင် သူချစ်တဲ့သူကယောက်ျားလေး။
ဘေးကလူတွေသာသိရင် သွေးတက်ကုန်မလားပဲ။
"သူကဘာဖြစ်လို့လဲနောင်''
"အခြေနေကနှစ်ရပ်ရှိတယ် မင်းသူနဲ့လုံးဝအဆက်အသွယ်မရှိတော့ဘူးဆိုရင်ငါမပြောဘူး
အင်း တကယ်လို့မင်းသူနဲ့အဆက်အသွယ်ရှိသေးတယ်ဆိုရင်တော့ငါပြောရမယ် ဒါမှမင်းလည်းသိရမှာ
ကဲ ရွေးတော့!''
လင်းဆယူ အခက်တွေ့သွားသည်။တကယ်လို့သူကပထမအခြေနေကိုရွေးလိုက်တယ်ထား ဥက္ကာအကြောင်းကိုသူသိချင်သေးသည်။ဒုတိယအခြေနေကိုရွေးလိုက်ပြန်ရင်လည်း သူဥက္ကာနဲ့အဆက်သွယ်ရှိနေတာနောင်သိသွားလိမ့်မည်။သူဟာ ချဥ်းကပ်ရတာခက်တဲ့ကောင်ဆိုတာနောင်က
နောကျေနေအောင်သိထားသည်။ အပြင်လူတွေနဲ့ပတ်သက်ဖူးခြင်းမရှိသည့်အပြင် အတွင်းကလူတွေနဲ့တောင် လွယ်လွယ်နဲ့မိတ်ဖွဲ့မခံ။ ဒါကို သူဥက္ကာနဲ့အဆက်သွယ်ရှိနေတာနောင်ကိုပေးသိလို့ဖြစ်မည်လား။ ပေးသိလိုက်ရင် သူနဲ့ဥက္ကာကြားကဆက်ဆံရေးကိုပါနောင်ကရိပ်မိလိမ့်မည်။
"မင်းပြောမယ့်သူ့အကြောင်းတွေကငါ့အတွက်ဘာအကျိုးအမြတ်ရလောက်မယ်ထင်လဲနောင်''
"တကယ်လို့မင်းသူနဲ့ပတ်သက်နေတယ်ဆိုရင်တော့ မင်းနောင်တရသွားမယ် ''
လင်းဆယူ တစ်ကိုယ်လုံးဟာ လျှပ်စီးနဲ့အရိုက်ခံလိုက်ရသလို တောင့်တောင့်ကြီးနဲ့အူကြောင်ကြောင်ဖြစ်သွားသည်။ လင်းဆယူက နားတွင်ကပ်ထားသောဖုန်းကိုခွာ
ကြည့်ရင်း အရပ်မျက်နှာတိုင်းကိုကြောင်တောင်တောင်နှင့်လိုက်ကာကြည့်နေသည်။သူဘာဖြစ်နေမှန်းသူ့ကိုယ်သူ
မသိ။ အကြောက်တရားကင်းတဲ့သူက ကြောက်စိတ်တွေဝင်လာသလိုလို။ ဆောက်တည်ရာမရဖြစ်ပြီး သူမျက်လုံးကိုတင်းတင်းမှိတ်ရင်း သက်ပြင်းမောချနေ၏။
"ဒါဆို ငါမသိချင်ဘူး''
"မင်းသူနဲ့မပတ်သက်တဲ့သဘောပေါ့''
"အဲ့လိုတွေးလည်းရတယ်''
လင်းဆယူ ကြောက်နေခြင်း။ နောင်ပြောသလိုသိပြီးလို့
နောင်တရမည်ဆို သူမသိတာဘဲကောင်းပါသည်။ ဥက္ကာကို သူယခုလိုသိနေတဲ့ဥက္ကာလိုပဲဆက်ပြီးသိချင်သည်။
မဖြစ်မနေဆက်ပြီးသိသင့်တယ်ဆိုရင်တောင် နောင်တရမည်ဆိုလျှင် သူမျက်စိမှိတ်နားပိတ်ပြီးသာနေလိုက်မည်။
"ဒါဆို ငါတောင်အောက်ဆင်းတော့မယ်နောင် အလုပ်တွေရှိသေးလို့''
"အင်း ငါလည်းအလုပ်ရှိသေးတယ် ဒါပဲ''
နောင့်ဘက်ကဖုန်းအရင်ချသွားသည်။ လင်းဆယူအတွေးတွေကတော့ တောင်ပေါ်က်ိုတိုက်ခတ်လာသည့်လေတွေနဲ့အတူလွင့်ပြယ်နေဆဲ။လင်းဆယူ ခေါင်းကိုအကြမ်းပတမ်းယမ်းပြီးဖုန်းကိုအင်္ကျီအိတ်ကပ်ထဲပြန်ထိုးထည့်ထားလိုက်သည်။ တောင်အောက်ကိုပြန်ဆင်းဖို့လုပ်တော့ ဖုန်းခေါ်ဖို့ခဏခဏပူဆာထားတဲ့တစ်ယောက်ကိုသတိရမိသွားသည်။သို့သော်လောလောဆယ်သူမခေါ်ချင်။
တောင်အောက်ကစခန်းကိုပြန်ရောက်သည့်အခါ တာပေါတို့က သူ့အတွက်ထမင်းပြင်ထားနှင့်နေပြီ။ တပ်သားငယ်တွေကစားနေကြပြီဖြစ်ပေမယ့် တာပေါကတော့ သူ့ကိုစောင့်ရင်း အငယ်တွေကိုပေါက်ကရတွေလျှောက်ပြောကာ စပြီးရယ်နေ၏။
"ထမင်းစားရအောင် ဗိုလ်လင်း''
"အင်း ကြက်သွားဝယ်လာတာလား''
စပါးလင် ချင်း တောင်းထည့်ပြီးပြုတ်ထားတဲ့ကြက်သားစွပ်ပြုတ်ကိုကြည့်ပြီးလင်းဆယူမေးလိုက်ခြင်း။ထိုအခါတာပေါကခေါင်းယမ်း၏။
"အိမ်မွေးကြက်တစ်ပိဿာကိုဘတ်၃၀၀တောင်လေ
ကိုယ့်ဟာကိုယ်တောကြက်ပဲသွားပစ်လာတာ ''
"ဘာနဲ့သွားပစ်လာတာလဲ ''
"ဗိုလ်လင်း ထူးထူးနဲ့လေ''
ထိုစကားကြောင့် ဟင်းခပ်မည့်သူ့လက်တို့ရပ်တန့်သွား
သဖြင့် တာပေါကပြုံးစိစိဖြစ်သွားသည်။ထူးထူးဆိုတာက
ပေါ့ပေါ့ပါးပါးနဲ့သယ်ရတာလွယ်တဲ့မှန်ပြောင်းပါအမဲလိုက်သေနတ်။ ဘတ် ၅သောင်း ၆သောင်းပေးဝယ်ရတာ
ကြောင့် ဒီစခန်းမှာအမဲလိုက်သေနတ်ဆိုလို့ လင်းဆယူ
ဝယ်ထားတဲ့တစ်လက်ပဲရှိသည်။
"ကျည်ဘယ်လောက်သုံးလိုက်လဲ''
ခွီး!
တာပေါက ထခွီးလာသဖြင့် လင်းဆယူအံကြိတ်သွား၏။
"၂၉လုံးပါဗိုလ်လင်း''
"ဘာ!''
"ဒါပေမဲ့ ကျွန်တော်တို့၅ကောင်တောင်ရလာတာနော်
ပြီးတော့...''
တာပေါကပြောရင်းအသံတိမ်သွားတာကြောင့် လင်းဆယူ
မျက်မှောင်ကြုတ်လာ၏။ ထုံးစံအတိုင်း တာပေါတို့ပြဿနာရှာလာပြန်ပြီ။
"အမတစ်ကောင်ပါတယ်''
"အမ! ကဲ တာပေါ မင်းတော့လား အမတွေကိုမပစ်ရဘူးပြောထားတယ်လေ လျော်ကြေးက ဘတ်၅၀၀နော်
ဘယ်လိုလဲ မင်းပေးနိုင်လား''
လျော်ကြေးအကြောင်းပြောလိုက်တော့ သနားစဖွယ်မျက်နှာလေးနဲ့ခေါင်းကုတ်သည်။ ပြီးပြန်ရော
'ကြက်သားကခါးနေသလိုပဲ'တဲ့လေ။ ဘယ်လိုပြောပြော
မမှတ်။ တစ်ခေါက်ကဆို တောဝက်ကိုအမကြီးပစ်လာတာ။ သစ်တောထိန်းသိမ်းတဲ့သူတွေမိသွားတော့
လင်းဆယူကပဲ လျော်ကြေးငွေထုတ်ပေးလိုက်ရသည်။
တကယ်ဆို သူသာမှားတာ။ သူအမဲလိုက်သေနတ်မဝယ်ထားသင့်။
"ဒါနဲ့ တစ်ခေါက်ကဗိုလ်လင်းအိမ်ရောက်နေတဲ့
မြို့ကကောင်ကလေ ဘိန်းဘုရင်တဲ့"
ဖွီး!!
တာပေါဘက်ကပုံမှန်သာ ပြောနေပေမယ့် လင်းဆယူကတော့ထင်မှတ်မထားမှုကြောင့် သီးသွား၏။ သူက
သောက်လက်စ ရေခွက်ကိုဆောင့်ချပြီးအဆက်မပြတ်ချောင်းဆိုးနေသည်။တာပေါကမူပျာယာခတ်သွား၏။
"ဗိုလ်လင်းဘာဖြစ်တာလဲ ပူလို့လား ယပ်ခတ်ပေးရ
မလား''
တာပေါကပြောရင်း ယပ်တောင်ပြေးယူဖို့လုပ်နေတာကြောင့် လင်းဆယူ မလိုကြောင်းလက်ကာပြလိုက်သည်။
"ဘယ်သူကပြောတာလဲ!''
"ဘာကိုလဲ ဗိုလ်လင်း ''
"ဥက္ကာ. .အဲ ငါ့အိမ်လာနေဖူးတဲ့တစ်ယောက်က
ဘိန်းဘုရင်လို့''
"ခေါင်းဆောင်နောင်နဲ့ဇွဲသက်တန့်လေ ဗိုလ်လင်းကိုအဲ့အကြောင်းပြောဖို့ဖုန်းခေါ်ခိုင်းတာမဟုတ်လား ဘာလို့လဲ
သူတို့ကဘာမှမပြောဘူးလား''
ဒီတစ်ခါ ပျာယာခတ်ရမည့်သူက လင်းဆယူဖြစ်သွား၏။
သူကသူ့အနားနားကပ်ပြီးမေးနေတဲ့တာပေါကို မျက်လုံးလေးဟိုဝှေ့ဒိီဝှေ့ကြည့်ပြီး ငေါ့ခနဲထရပ်နေသည်။
လင်းဆယူက အရှိန်နဲ့ထရပ်နေတာကြောင့် တာပေါအပါအဝင်သူ့တပ်သားအားလုံးသူ့ကိုကြောင်ကြည့်ကုန်သည်။
"ဘာ ဘာဖြစ်လို့လဲ ဗိုလ်လင်း''
မြင်ဖူးခြင်းမရှိသည့်ခေါင်းဆောင်ဖြစ်သူ၏ ပုံမှန်မဟုတ်တဲ့ပုံစံကြောင့် ပါးစပ်မြန်သည့်တာပေါမှာ လျှာခလုတ်တိုက်ရကုန်သည်။ လင်းဆယူကား ခါးထောက်လျက်
မျက်လုံးမှိတ်ပြီးသက်ပြင်းရှိုက်ကာနေ နေသည်။ ယခုနေ
သူ့စိတ်ကဖမ်းဆုပ်မရတဲ့လေလိုငြိမ်သက်မှုမရှိ။
"နောက်နှစ်နာရီအထိငါအနားယူချင်တယ်တာပေါ
ဘာကိစ္စရှိရှိလာမခေါ်နဲ့''
"ဟုတ် ဟုတ်ကဲ့ ဗိုလ်လင်း''
လင်းဆယူ ထွက်သွားသည့်အခါမှာတော့ တာပေါနှင့်ကျန်တပ်သားတွေဟာတစ်ယောက်ကိုတစ်ယောက်မသိမသာခိုးကြည့်ရင်း ပခုံးပင့်ကြကုန်သည်။ ဗိုလ်လင်း
ဘာဖြစ်သလဲ သူတို့လည်းမသိသည့်သဘော။
"ငါ ကြက်ကိုအမပစ်လာလို့များလား''
တာပေါက တစ်ယောက်တည်းမသိမသာရေရွတ်ပြီး
ကြက်စွပ်ပြုတ်ကိုငိုမဲ့မဲ့နဲ့ကြည့်နေသည်။ထိုစဥ် လင်းဆယူ
ပြန်ရောက်လာသဖြင့်အားလုံးက မတ်မတ်ထလျက်သားဖြစ်သွားချေ၏။
"တာပေါ''
"ဟုတ် အမိန့်ရှိပါ ဗိုလ်လင်း''
Advertisement
"အဲ့ဘိန်းခင်းကိုခေါင်းဆောင်တာဘယ်သူလဲ! ဒီညအဖြေရအောင်ရှာပေး''
"ဟုတ် ဗိုလ်လင်း''
ဗိုလ်လင်းကစိတ်ဆောင်နေသည်။ဒေါသပဲထွက်လို့များလား စိတ်ဖိစီးနေတာများလို့လား ကြည့်ရုံနဲ့မခွဲနိုင်အောင်
ရောနှောလို့နေသည်။ ဗိုလ်လင်းကခါးကိုထောက်ကာမျက်လွှာချရင်းအသက်ကိုပြင်းပြင်းရှူနေသည်။ အောက်နှုတ်ခမ်းကိုဖိကိုက်ထားပြီးငိုတော့မလိုဖြစ်နေသည်။ ဒေါသထွက်နေသလို ငိုချင်နေသလိုနဲ့ ဗိုလ်လင်းကြောင့်
တာပေါတို့မှာလည်း ထမင်းစားချင်စိတ်မရှိတော့။
ဗိုလ်လင်းကြောင့်သူတို့ရဲ့အစာလမ်းကြောင်းကောက်ကွေးသွားချေပြီ။ ခြေနှစ်ချောင်းကိုဆင်းလျက်ခြေစုံကန်ပြီးမျိုချမယ်ဆိုရင်တောင် သူတို့မျိုနိုင်တော့မှာမဟုတ်။
ခေါင်းဆောင်ကောင်းဆိုတာသူတို့အတွက် မိဘလိုတန်ဖိုးရှိသည်။ဒါ့ကြောင့် ခေါင်းဆောင်ဖြစ်သူကယခုလိုတွေဖြစ်နေသည့်အခါ သူတို့အဖို့ ဝမ်းနည်းရပြီးစိတ်မသက်မသာဖြစ်နေရသည်။
ဗိုလ်လင်းသည်ကား တောင်ပုလေးပေါ်တစ်ဖန်ရောက်လို့နေလေသည်။သူက ဖုန်းကိုထုတ်ပြီးဥက္ကာဆီကိုဖုန်းဆက်တိုက်ခေါ်နေသည်။သို့သော် ကိုင်သူကမရှိ။ စိတ်ဆိုးရမှာထက် ဝမ်းနည်းလာသလို ခံပြင်းသလို နောင်တရသလို အမျိုးမျိုးသောခံစားချက်တို့ရောမွှေလာနေသည်။
သူက ဖုန်းကိုလုံးဝမနား ဆက်တိုက်ခေါ်ရင်းဖြင့် မြေပေါ်
စိတ်ပျက်လက်ပျက်ထိုင်ချပြီး ခေါင်းကိုငိုက်စိုက်ထားသည်။ ယခုဟာ သူဟာလုံးဝလမ်းပျောက်နေတဲ့လူတစ်ယောက်လို။
~~~~
တစ်ဖက်က လင်းဆယူခေါ်လိုနေတဲ့ဖုန်းဟာဆိုရင်ဖြင့်ကိုင်သူရှိမနေ။ဖုန်းကသီချင်းသံနဲ့အတူအဆက်မပြတ်မြည်နေသော်ငြား လျစ်လျူရှူခံနေရသည်။ပုံမှန်ဆို ဥက္ကာမရှိရင် Kက အစားကိုင်ပေးတတ်သော်ငြား ယခုမှာလည်း Kက အနားမရှိ။ တဲအပြင်တွင်ကင်းလှည့်နေတဲ့
ဥက္ကာ ကိုယ်ရံတော်တွေရှိနေသော်ငြား လေအပြင်
ကျေးငှက်အသံတ်ို့ကြောင့်် ဖုန်းအသံကိုကြားမှာမဟုတ်။
ဥက္ကာကိုယ်တိုင်ကမူ ချောင်းကိုရောက်နေတာ။မနက်က
အာလူးလေးကိုထားခဲ့တာကြောင့် ပြန်ရောက်သည်နှင့်သူတန်းချော့နေရသည်။ ကစားဖော်ဖြစ်ပေးရသည်။ အသုံးတော်ခံစက်ရုပ်လေးဖြစ်ပေးရသည်။သူမတတ်နိုင်ပါ။ ကလေးကိုသူအရင် ကလိမ်ကကျစ်လုပ်ခဲ့တာပဲ။
ယခုက 'Daddy အာလူးလေးကိုရေချိုးပေး'ဆိုလို့
ဥက္ကာ မှာ ချောင်းလေးဆီလိုက်လာပေးရသည်။ အားလုံးက ဒီချောင်းလေးမှာပဲရေချိုးနေကြမလို့ ဆပ်ပြာတို့
ဆိုတာ အမြဲအသင့်ရှိနေသည်။ စိုက်ခင်းတွင်သန့်စင်တဲ့ရေနှင့်ချောင်းရှိနေသည်မို့ ဥက္ကာအတွက်ဒီမှာတစ်နှစ်လောက် နေ နေရလည်းအဆင်ပြေသည်။
လာထောက်လှမ်းတဲ့ဗိုလ်လင်းဆိုလားဘာဆိုလားအဲ့အဖွဲ့တွေကိုတော့သူစိတ်မဝင်စား။မနက်ကပဲ စိုက်ခင်းနံဘေး
ပတ်ပတ်လည်တွေကို သူမြေမြှုပ်မိုင်းတွေအသေအချာ
စီမံချထားပြီးပြီ။ဒါ့ကြောင့်ဟိုကတက်ဖို့လာရင်မိုင်းတွေကိုအရင်ကျော်ဖြတ်နိုင်မှရလိမ့်မည်။
"ကိုဥက္ကာ ဟိုတစ်ယောက်ပြန်ရောက်လာပြီ ကိုဥက္ကာလိုချင်တာတွေလည်းရခဲ့ပါပြီ''
ချောင်းအနားကပ်လာရင်း Kကပြောခြင်း။အာလူးလေးကား ရေကစားနေသဖြင့် ချက်ချင်းတဲကိုပြန်တက်ဖို့ရာခက်နေသည်။
"အင်း အာလူးလေးအတွက် ညစာလေးသေချာပြင်ထားပေးဦး''
"ဟုတ်ကဲ့ ကိုဥက္ကာ''
အာလူးလေးကရေချိုးနေတာမဟုတ်ဘဲ ဂဏန်းလိုက်ဖမ်းနေတာ။ကျောက်တုံးတွေကိုမပြီးဂဏန်းတွေ့ရင် ဖမ်းပေးဖို့
အော်သည်။ ဥက္ကာလည်း သဘောအတိုင်းလိုက်ဖမ်းနေရသည်။
"Daddy! ဒီမှာတစ်ကောင် မြန်မြန် မြန်မြန်''
"Ok''
ညှပ်တံနဲ့မို့သာ အာလူးလေး လက်ညှိုးထိုးသမျှဥက္ကာ
ဖမ်းနိုင်တာ။ မဟုတ်ရင်တော့ သူတစ်ကောင်မှတောင်မိသေးမှာမဟုတ်။
"Daddyတို့ရေအမြန်ချိုးကြမယ်လေ အာလူးလေး''
"No! ဂဏန်းဖမ်းဦးမယ်''
"ဦးဦးနဲ့စကားပြောမယ်ဆို''
"အဲ..''
ယူနဲ့ချော့မှအာလူးလေးတို့ကလိမ္မာတာ။ ပြန်ရောက်တုန်းက 'ညကျရင်ဦးဦးကိုခေါ်ပေးမယ်'ဆိုပြီး ကလေးကိုသူ
ဒီကတိပေးခဲ့တာ။ ရလားမရလားတော့သူမသေချာသေး။
ရရင်တော့ပိုကောင်းပါသည်။သူလည်းလွမ်းလွန်းလို့ရူးချင်လာပြီ။ မနက်ကတွေ့ဆုံခဲ့တဲ့အချိန်ခဏလေးကို ပြန်တွေးရင်း ဥက္ကာ နွေးသွား၏။
"နောက်ကျတဲ့လူအဝတ်လျှော်! ဗြက် ဟက်ဟက်''
ယူနဲ့စကားပြောရမယ်ဆိုလို့ရေအမြန်ချိုးနေတာအလည်လေးက။ ပြီးလည်းပြီးရော အဝတ်တွေအကုန်ပစ်ချပြီး
ဥက္ကာကိုလျှာထုတ်ကာပြောင်ပြသည်။ ကလေးသာသာမို့
ရှက်တာတွေဘာတွေမသိသေး။ က်ိုယ်လုံးတီးကြီးနဲ့ချောင်းမှတဲဆီကိုလုံးလုံးနဲ့ပြေးသွားနေသည်။ အသားကဖြူသည့်အပြင် ခန္ဓာကလည်းဖွဲ့ဖွဲ့ဖြိုးဖြိုးလေးမို့ ပြေးလိုက်သည့်အခါ အဆီတွေကလှုပ်လှုပ်နဲ့။ ဥက္ကာပြုံးရင်း
အဝတ်တွေကိုအကုန်သိမ်းပြီးမှ အာလူးလေးနောက်လ်ိုက်လာရသည်။
တဲအိမ်ထဲရောက်သည့်အခါမှာတော့ အာလူးလေးက
အင်္ကျီတောင်ဝတ်ပြီးနေပြီ။ အဖြူရောင်တီရှပ်လေးနဲ့ကြက်သွေးရောင်ဂျင်းဘောင်းဘီတိုကိုဝတ်ထားပြီး သူ့ကိုလည်းဆင်တူဝတ်ဖို့ ပြောနေသည်။
"လာ Daddyခေါင်းသုတ်ပေးမယ်''
"No!''
ရေစိုကြီးနဲ့ခေါင်းကိုသုတ်ပေးမယ်ဆိုလည်းလက်မခံ။
စားပွဲပေါ်ကဖုန်းကိုပြေးယူပြီးဘိန်းခင်းထဲပြေးဝင်သွားသည်။
"K! အာလူးလေးနောက်လိုက်သွားချေ''
ယခုစိုက်ခင်းအနေအထားကအရင်လိုမဟုတ်။ မိုင်းတွေရှိလာသဖြင့် အာလူးလေးကိုအရင်လိုလွတ်လွတ်လပ်လပ်ပေးကစားဖို့ကမဖြစ်နိုင်တော့။ Kနဲ့အတူ ကိုယ်ရံတော်
နှစ်ယောက်က အာလူးလေးနောက်ပြေးလိုက်သွားပြီဖြစ်သော်ငြား ဥက္ကာစိတ်မချသေး။ ဒါ့ကြောင့် ဖွင့်ကြည့်စရာရှိသည့်စားပွဲပေါ်က ဖိုင်ထုပ်ကို ဥက္ကာတစ်ချက်သာလှည့်ကြည့်ပြီး အာလူးလေးဆီသွားလိုက်ရသည်။
"အာလူးလေးရေ လာပါဦး Daddyဆီ''
အာလူးလေးက ကိုယ်ရံတော်တွေကိုခါးထောက်ပြီးမျက်နှာပုပ်နဲ့ကြည့်နေတာ။ သူ့နောက်ပြေးလိုက်တာကို
သဘောမကျခြင်း။ ဥက္ကာခေါ်တော့ ခြေဆောင့်ပြီးအနားရောက်လာ၏။
"အဲ့ဦးဦးတွေကလေ အာလူးလေးအပြင်ထွက်ကစားမယ်ဆိုပေးမကစားဘူး ''
"ကောင်ကောင်ကိုက်မယ်စိုးလို့ပေါ့ကွာ ဦးဦးတွေကစိုးရိမ်လို့ အာလူးလေးကိုချစ်လို့ အာလူးလေးရ''
"ကောင်ကောင်!ဘာကောင်တွေလဲDaddy''
"အများကြီးမှအများကြီးပဲ ''
"ဒါဆို ချီ..''
လက်ဆန့်လာသဖြင့်ကိုယ်သေးသေးလေးကို ဥက္ကာမြှောက်ကာချီလိုက်၏။ လူပေါ်ရောက်ရင် သွားသေးသေးလေးတွေအကုန်ပေါ်နေအောင်ပြုံးတတ်သည်။
'ဘိုးဘိုးကိုတောင်သတိရမိတယ်'တဲ့လေ။
တကယ့်ကိုအတတ်လေး!
"ဦးဦးဖုန်းကခေါ်လို့မရဘူးDaddy''
"ဟုတ်တယ် စက်ပိတ်ထားတယ်တဲ့''
ယူ့ဖုန်းကခေါ်လိုက်တိုင်းစက်ပိတ်ထားသည်။ မက်ဆေ့ဝင်ထားတာတွေကိုကြည့်တော့ ယူ့ဆီကတွေချည်းဖြစ်သည်။
ဖုန်းကိုအကြိမ်၁၀၀မကခေါ်ဆိုထားသည်။ဥက္ကာရင်ထိတ်သွားသည်။ဒါသူသိတဲ့ယူမဟုတ်။ သူ့ကိုလွမ်းလို့ခေါ်တာဆိုရင်ပိုလို့တောင်မဖြစ်နိုင်။ ယူကသိပ်ကိုမာနကြီးတာ။
ချစ်နေရက်နဲ့တောင် လူကိုလှည့်မကြည့်တာ။
စာနဲ့ဝင်လာတဲ့မက်ဆေ့ကိုဖွင့်ကြည့်သည့်အခါ
'မနက်ဖြန်တွေ့ရအောင်'တဲ့။ ယူ့ဆီကဖြစ်သည်။
အာလူးလေးကလည်းမြင်သွားတော့သူပါလိုက်ဖို့ပြောတော့၏။
"နော် Daddy အာလူးလေးကိုပါခေါ်နော်''
". ...''
"နော်လို့Daddy နော်''
"ဟုတ်ပြီဗျာ ခေါ်မယ် Daddyအသည်းကလေးကို''
စိတ်ချမ်းသာအောင်အလိုလိုက်ပေးရင်ထုံးစံအတိုင်း
နှစ်လိုဖွယ်ပြုံးပျော်နေသည်။မပျော်နိုင်တာကတော့ ဥက္ကာပါပဲ။ ဘာမှကိုမသိရသေးမကြားရသေးသော်ငြား
စိတ်ကအလိုလိုလေးလာနေသည်။ မကောင်းတဲ့ကိစ္စတချို့က အနားကိုရောက်လာနေသလို။
"Daddy အာလူးလေး ဦးဦးKတို့နဲ့ကစားချင်တယ်''
"Ok အဝေးကြီးကိုမသွားရဘူးနော် ''
ကစားချင်တယ်ဆိုလို့ချီထားရာမှသူချပေးလိုက်၏။
ထိုအခါ အာလူးလေးက Kတို့ဆီပြေးသွားနေသည်။
အာလူးလေးကိုကြည့်နေစဥ် နံဘေးက ဒီနယ်ကနယ်ခံ
ကိုယ်ရံတော်ကိုမြင်မှ သူယူပေးလာသည့်ဖ်ိုင်ကိုကြည့်ရမှာသတိရသွားသည်။
ဥက္ကာတဲဆီကိုအမြန်ပြန်လာလိုက်သည်။ဒီကနယ်ခံကိုယ်ရံတော်ကိုပါ သူခေါ်လိုက်တာကြောင့်
သူ့နောက်လိုက်ပါလာ၏။
"အခုက မင်းပြောနေတဲ့ဗိုလ်လင်းရဲ့အကြောင်းတွေပေါ့''
"အဲ့ဒါတင်မကပါဘူး ကိုဥက္ကာ သူ့ရဲ့အင်အားကြီးတဲ့အပေါင်းအပါတွေလည်းပါတယ် ပြီးတော့ သူက
အထွေထွေညွှန်ချုပ်ကြီးနဲ့အချစ်တော်တူလေး ''
"ရို.. အတော်အာဏာကြီးတာပေါ့''
"ကျွန်တော်တို့ထင်ထားတာထက်ပိုပါတယ် ကိုဥက္ကာ''
"ဒါဆို ငါတို့သတိအကြီးကြီးထားရမယ့်ပုံပဲ''
ဥက္ကာပြောရင်းတစ်ယောက်တည်းခေါင်းတဆတ်ဆတ်ညိတ်သည်။ ဗိုလ်လင်းဆိုပြီးနာမည်ကြီးနေတာတော်ရုံမဟုတ်ဘူးဘဲ။ နောက်ခံသာမက အဘက်ဘက်မှာ မဟာတံတိုင်းကြီးတွေကရှိနေသေးတာ။ စစ်ဆင်ရေးတိုင်းအောင်နိုင်တာမဆန်းတော့ပါဘူး။ ညွှန်ချုပ်ကဦးဆိုမှတော့ စစ်ကူတွေအမြဲလုံလုံလောက်လောက်ရခဲ့မှာပဲ။
"ကဲ ကြည့်ကြရအောင် ''
ဥက္ကာက စက္ကူနဲ့ထုပ်ထားတဲ့ဖိုင်ကိုဆွဲဖြဲပစ်သည်။
ဦးဆုံးပေါ်လာသည်မှာစာတွေချည်းဖြစ်သည်။ ဗိုလ်လင်းဆိုတဲ့တစ်ယောက်ရဲ့ကိုယ်ရေးအကြောင်းတွေမို့ ဥက္ကာဖတ်ကြည့်ဖို့ ညှပ်ကလစ်နဲ့ညှပ်ထားတဲ့စာတွေကိုကောက်ယူလိုက်သည်။
"Daddyရေ Daddy!''
အနားကိုပြေးလာတဲ့အာလူးလေးကြောင့် ဥက္ကာစာတွေကိုပြန်ချလိုက်ရသည်။ လောလောဆယ်အာလူးလေးကနံပါတ်တစ် ဦးစားပေးပဲ။ တစ်နေကုန်ပစ်ထားတဲ့အတွက်
လျော်ကြေးပေါ့။
"ကဲ ပြော Daddyဘာလုပ်ပေးရမလဲ ဘုရင်လေး''
"ဟင့် ဗိုက်ဆာတယ်Daddy ရဲ့''
ငိုတော့မယောင်မျက်နှာလေးနဲ့ဆိုပေမယ့်တကယ်တမ်းကချွဲနေတာ။ ပွေ့ချီလိုက်တော့ သွားဖြီးပြလာ၏။
"အိုး ဦးဦးနဲ့တူလ်ိုက်တာ''
အာလူးလေးက စားပွဲပေါ်ကိုကြည့်ရင်းပြောနေခြင်း။
ဥက္ကာကြည့်လိုက်တော့ဘာမှမတွေ့။
"ဘယ်မှာတုန်း ဦးဦးနဲ့တူတာက''
"ဒီမှာလေ''
အာလူးလေးက စာတွေကြားညှပ်နေသည့်ပုံကိုလက်ညှိုးထိုးပြလာသည်။ ဥက္ကာမျက်မှောင်ကြုတ်သွားသည်။ ပုံမှာစာရွက်တွေကြားညှပ်ပြီးမျက်လုံးနှစ်လုံးသာပေါ်နေသော်ငြား အာလူးလေးပြောသလို ယူနဲ့ဆင်နေ
သယောင်။ နှစ်ယောက်လုံးကယူနဲ့ပတ်သက်ရင်အရူးအမူးဖြစ်သဖြင့် ယူရဲ့မျက်ခုံးသာမက အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကိုအလွတ်မှတ်ရနေသည်။
ဥက္ကာ အားမရသဖြင့်ပုံကိုဆတ်ခနဲဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် ဥက္ကာတစ်ကိုယ်လုံးကျောက်ရုပ်အလားဖြစ်သွားရချေသည်။
"ဝိုး တကယ်ကိုဦးဦးပဲ မိုက်လိုက်တာ''
အာလူးလေးကအနက်ရောင်ယူနီဖောင်းနဲ့ယူကို
သဘောတကျဖြစ်နေသော်ငြား ဥက္ကာကမူ ချက်ချင်း
မွန်းကြပ်လာ၏။ အနက်ရောင်ယူနီဖောင်းကိုဝတ်ထားပြီး
လက်တစ်ဖက်ကခါးကိုထောက် လက်တစ်ဖက်ကစက်
ကိုကိိုင်ကာစကားပြောနေသူ။ ညာဘက်ခါးတွင်ဓားမြှောင်ရှိနေပြီး ဘယ်ဘက်ခါးတွင်သေနတ်ရှိနေသည်။ ပခုံးထက်ဝယ် ရွှေရောင်ကြယ်ပွင့်လေး နှစ်ပွင့်ရှိနေပြီး
ညာဘက်ရင်ဘတ်တွင်အမျိုးသားအလံရှိနေသည်။ သူက
ယူနီဖောင်းနဲ့တွဲထားသည့်ဦးထုပ်ကိုပါဆောင်းထားသည်။
၁၀၀ရာခိုင်နှုန်း ယူနဲ့ဆင်နေသဖြင့် ဥက္ကာပုံက်ိုကိုင်ရင်း
ဒီကနယ်ခံကိုယ်ရံတော်ကို မယုံနိုင်မှုပေါင်းများစွာနှင့်လှည့်ကြည့်လာသည်။
"သူက မင်းပြောတဲ့ဗိုလ်လင်းလား''
"ဟုတ်ပါတယ် ကိုဥက္ကာ နာမည်အရင်းက လင်းဆယူပါ''
ကိုယ်ရံတော်က ဝတ်ကျေတန်းကျေဖြေသည်။ ဥက္ကာသည်ကား အာလူးလေးကိုကြမ်းပေါ်ချပြီး ပုံကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ယခုနေ သူ့ရင်ထဲ
မျိုးစုံသောအမည်မသိသောခံစားချက်တွေရောယှက်ကာပြေးလွှားနေသည်။
ယူက ဗိုလ်လင်းလား! အနားမှာရှိနေတာတောင်သူမသိခဲ့။
သူ့ဘက်ကချစ်လွန်းလို့များကန်းနေခဲ့တာလား။ စိတ်နဲ့တောင်သံသယမဝင်ရက်တဲ့အထိ ယူ့အပေါ်သူအဖြူရောင်အချစ်တွေနဲ့ချစ်ခဲ့မိတာ။
"ဦးဦးK ဒီမှာကြည့် ဒါ အာလူးလေးပြောတဲ့ဦးဦးလေ''
အာလူးလေးက စားပွဲပေါ်နောက်တစ်ပုံရှိနေသေးတော့
လင်းဆယူပုံကိုယူပြီးတဲထဲဝင်လာသည့်Kကိုပြေးပြသည်။
Kသည် ပုံကိုတစ်ချက်ကြည့်ပြီး ကျောက်ရုပ်အလားရပ်နေသည့် ဥက္ကာအနား အမြန်သွားနေသည်။
"သူ သူက ကိုဥက္ကာပြောနေတဲ့ယူလား ဥက္ကာချစ်နေတဲ့ယူက ကျွန်တော်တို့ကိုချေမှုန်းမယ့်ဗိုလ်လင်းလား''
Kက မယုံကြည်နိုင်အောင်ဖြစ်နေသဖြင့် ဥက္ကာကို
အထစ်ထစ်ငေါ့ငေါ့နဲ့မေးခွန်းတွေတရစပ်ထုတ်နေသည်။
ဥက္ကာကမူ တုတ်တုတ်မျှမလှုပ်။ သူက တောင့်တောင့်ကြီးရပ်နေပြီးအရောင်ကင်းမဲ့နေသောမျက်ဝန်းနှင့်ပြတင်းမှ
တဆင့်ကောင်းကင်ကိုမော့ကြည့်နေသည်။
ဒါ့ကြောင့်တွေ့ဖို့ပြောလာတာလားယူ!
သဘောက ယူလည်းကျွန်တော့်အကြောင်းသိသွားပြီပေါ့!
.
Greenleaf 🌿
_____________________________
Unicode
Zawgyi
~~~~~~
"နောင်က!''
"ဟိုနားလေးပဲ ''
ကလိန်း~ကလိန်း!
နှိပ်ပြီးဖုန်းပြန်ခေါ်လိုက်ပါသည်။
တူ!
"ဟယ်လို''
"အင်း ''
ကဲ ရွေးတော့!''
Advertisement
- In Serial81 Chapters
The Dragon Mage Saga: A portal fantasy LitRPG
A magic apocalypse. Refugees from Earth. A new world. Elves, orcs, and dragons!Portals from Overworld have appeared on Earth, and beings intent on conscripting humanity into the mysterious Trials have invaded.Earth is doomed. Humanity has been exiled. Can Jamie save mankind?Jamie Sinclair, a young man with unique gifts, must find a way for his family and friends to survive Earth’s destruction and build a new home in Overworld.The Trials is not a game. Will Jamie survive its challenges?Join Jamie as he struggles through the brutal Trials while wrestling with his new magics and Overworld’s game-like dynamics.A fantasy post-apocalyptic survival story of one man’s journey to save humanity. Book 1 has been released here in its entirety, but is also on amazon. You can grab it here! Book 2 is a WIP and expected to release in December 2021. You can read early chapters of Book 2 here on royalroad or on my patreon. Hi, I am Rohan Vider and the author of the Dragon Mage Saga, previously published on Amazon. If you want to support my writing, you can find the full book here! The story has over 600 ⭐⭐⭐⭐⭐ reviews on Amazon and a strong following already, but to increase readership I have released book 1 in its entirety here as well. I hope you enjoy the story, and keep an eye out for book 2, releasing soon! Release Schedule Book 1: All chapters released on Royal Road. Release Schedule Book 2: Early chapters will start posting on 25 October at a rate of 4 per week (1 per day Mon-Thurs).
8 294 - In Serial9 Chapters
Seaspelled
This is the second book in the series "The Mysteries of Venetta" - an adventure fantasy in the 16th-century Venice. Francesca returns to Venetta and is once again caught in the web of political intrigue. Anyone in this city can betray. But if her old friend is a traitor, then maybe the old enemy will come to the rescue? The first book here (Seabound): https://www.royalroad.com/fiction/31503/heart-of-a-seagull The translation was made by my sister, Mia Velisarova.
8 189 - In Serial44 Chapters
Master of divine blood
The hero finds himself in an empty white space. He does not remember himself and does not understand what is happening. The sweet voice of a girl with maternal care tells him about rebirth. Everyone who fulfilled their Great Dream on Earth gets here to choose abilities and become stronger.Superior beings act in a special space, but can also return to Earth. They are waiting for the conquest of 9 worlds of the dragon necklace.The hero receives only 12 points for choosing the ability, but the weakest costs 15. A sweet voice helps him cope with this problem. Having no memory of himself, the MC retained the principles of personality, so he joyfully plunges into a new world for him. But a series of strange coincidences shows that he fell into a certain conspiracy ...---------------If you are a lover of novels and have been reborn in such a magical way, is it not natural to think of the world as a fairy tale? Yes? Then you do not know how terrible the tales are in the original version. Embark on a journey with the hero to find out the hidden "Truth about the world"PS: The world of history is strictly thought out and obeys its laws. It has a history and development. Some readers may find it difficult at the beginning due to many terms. I know that many are tired of super-lucky heroes. As soon as they need something, they immediately receive it. This story is different. Everything has a reason.
8 123 - In Serial22 Chapters
Mass Effect: Instability
Every great once in a while you stumble upon something that changes your world and makes you fall in love with it. For me, that was Mass Effect; but that love affair only existed for the series to break my heart with a lackluster ending. Little did I know, the universe of Mass Effect needed me - and as it turned out, I needed it, too. (SI)(AU)
8 146 - In Serial13 Chapters
Let's Be Gods!
Hired by a god, Piper is about to step through death's door when she gets the chance to wield cosmic power. Only thing is, gods aren't immune to Murphy's Law, and Piper ends up thrown across the cosmos. As she fights to adjust to her powers, alongside reassigning ownership of various articles, she comes to realise being a god may actually be pretty fun. --------------------------------------------------------------- Comments on writing style, typos, character impressions? Fire at will!
8 212 - In Serial26 Chapters
Words and Emotions of Me
"I write. I am a writer. I am proud of myself for writing."The last months have been a true roller-coaster of emotions for me, and I did the one thing a writer would do in such a situation-I wrote about them. I wrote until my fingers hurt from typing and I wrote until my hands were stained with ink.For me, putting feelings into words has always made me feel better, or helped me understand what I was going through. I believe in the healing and therapeutic power of writing.And so, I wrote poems. Poems that I want to share with the world.This is the collection of the poetry that I wrote so far. The poems that may be written in the future, after the collection is out, will also be uploaded.
8 152