《If you believe (Complete)》9
Advertisement
Unicode
Zawgyi
~~~~~
သူတို့ယခုထောက်လှမ်းမိထားသောဘိန်းခင်း၏
အကြောင်းအရာအခြေအနေပြည့်ပြည့်စုံစုံကိုလင်းဆယူအထက်သို့တင်ပြခဲ့ပြီဖြစ်သည်။ တင်ပြပြီး၁၀နာရီအကြာမှာတော့ အထက်ကပြန်စာပြန်ရလာသည်။
'စောင့်ကြည့်ရုံသာစောင့်ကြည့်ဘာမှမလှုပ်ရှားသေးနဲ့ဦးတဲ့'။ ကိုယ်တိုင်လှုပ်ရှားဖို့မလိုသေးတာကြောင့်
တာဝန်ပါးသည်ပြော၍ရ၏။
ထို့ကြောင့် အာလူးလေးကိုကတိပေးထားသည့်အတိုင်း
လင်းဆယူ ခဏဖြစ်ဖြစ်မျက်နှာသွားပြဖို့ဆုံးဖြတ်လိုက်သည်။ ကတိလည်းပေးထားတာပဲ။ကလေးဖြစ်နေသဖြင့်
သူ့ဘက်က ကျိန်းသေတာဝန်ယူမှရလိမ့်မည်။
"နေဦး ဗိုလ်လင်း''
လင်းဆယူကားပေါ်တက်ဖို့လုပ်နေစဥ်နောက်ပါးမှတာပေါအသံကြောင့်ခြေလှမ်းကိုအရှိန်ရပ်လိုက်၏။
"ဖုန်းကျန်ခဲ့တယ်လေ ဗိုလ်လင်း''
"ဟုတ်သား''
"သေနတ်ပါယူသွားမလို့လား''
"ဟမ်!''
တာပေါပြောမှလင်းဆယူသူ့ကိုယ်သူငုံ့ကြည့်မိသည်။
ဟုတ်သား သူ့ခါးမှာ 9mamaသေနတ် တစ်လက်ရှိနေတာ။ အပြင်သွားမှာမလို့အရပ်သားဝတ်စုံပြောင်းဝတ်ထားတာဆိုပေမယ့် သေနတ်ထားခဲ့ဖို့သူမေ့သွားတာပဲ။
ဒီလက်နက်က သူ အမြဲလိုလိုကိုယ်နဲ့မကွာဆောင်ထားတတ်သည့်ကံကောင်းမှုလေး။
"ဟုတ်သားပဲ ရော့ ငါ့နေရာမှာပြန်ထားပေး''
တာပေါသည် လင်းဆယူကမ်းပေးလာတဲ့သေနတ်အား
ချက်ချင်းယူနေသည်။ သူအကြည့်တွေကတော့လင်းဆယူထံဝယ် ပြုံးစိစိနှင့်။လင်းဆယူမျက်မှောင်ကြုတ်သွား၏။
"ဘာဖြစ်တာလဲ တာပေါ''
"ဗိုလ်လင်းပုံစံကဘာနဲ့တူလဲသိလား''
"ဘာနဲ့တူလို့?''
"မသိရင်ချစ်သူနဲ့သွားတွေ့မယ့်လူလိုပဲ သတိကိုမရှိတာ''
တာပေါဆီကထိုသို့အပြောခံလိုက်ရသည့်လင်းဆယူသည်
ခါးထောက်လျက်သူ့ကိုယ်သူတစ်ချက်ငုံ့ကြည့်နေသည်။
ယခုလိုပြောခံလိုက်ရတာကြောင့်သူမျက်နှာပူသွားသည်။
"တစ်ခါတလေမေ့တတ်ကြတာလူတွေရဲ့သဘာဝပဲလေ
ဘာထူးဆန်းလို့လဲ မဟုတ်တာတွေလျှောက်ပြောနေတယ်
ဖားခုန်ချင်တာလား!''
ပုံမှန်မဟုတ်တဲ့ရန်စကားတွေပြောနေသည့်လင်းဆယူကို
တာပေါကအံ့သြသလိုမျက်လုံးအပြူးသားနှင့်ကြည့်သည်။
"ကြည့် ကြည့် ရန်ထောင်နေတာ အဲ့ဒါဗိုလ်လင်းမဟုတ်ဘူးနော် ''
"တာပေါ မင်း! ဖားမခုန်ချင်ရင်အခုသွားတော့''
လင်းဆယူကအံကြိတ်ရင်းပြောနေသည်။ ထိုအခါ
တာပေါက အူကြောင်ကြောင်နှင့်သူ့ဘေးပတ်ဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်ပြီး ခေါင်းကုတ်သည်။
"သွားရမှာ ဗိုလ်လင်းလေ မဟုတ်ဘူးလား''
လင်းဆယူ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ရင်းတာပေါကိုမျက်လုံးပြူးပြသည်။ထို့နောက်ခြေထောက်ကိုမလျက်
တာပေါအားကန်ဖို့လုပ်နေသည်။သို့သော် တာပေါကား
အခြေနေကိုကြိုရိပ်မိနေသဖြင့် ခုန်ပေါက်ပြီး ထွက်ပြေးသွား၏။ ကျန်ခဲ့သူလင်းဆယူသည်မှာ အံတကြိတ်ကြိတ်နှင့်။ နောက်တစ်ခါဆို နောက်စေ့ဘုထွက်ပြီမှတ် တာပေါ!
အာလူးလေးနှင့်ချိန်းထားသည့်နေရာကိုလင်းဆယူကိုယ်တိုင်ကားမောင်းရင်းသွားသည်။သူကဂျင်းကုတ်အနက်နဲ့ဂျင်းဘောင်းဘီအနက်ကိုဝတ်ထားသည်။ကုတ်အောက်က တီရှပ်အနက်သည် အဖွဲ့အစည်း၏တံဆိပ်ပါနေသည်။ သို့သော် တံဆိပ်ကဘယ်ဘက်အစွန်တွင်ရှိနေသည့်အပြင် ကုတ်ကလည်းကွယ်ထားသဖြင့်မည်သူမှမြင်နိုင်မည်မဟုတ်ချေ။
တွေ့ဆုံမည့်နေရာသည်တစ်ခေါက်ကသူဥက္ကာကိုပြောထားသည့် အဝေးပြေးကားဂိတ်၏နံဘေးက စားသောက်ဆိုင်ကြီးဖြစ်သည်။ ယခုတာဝန်ပါးပေမယ့် မကြာလျှင်တာဝန်ရှိလာနိုင်တာကြောင့် သူအစောကြီးထွက်လာလိုက်၏။ အချိန်အားဖြင့် မနက်၇နာရီမို့ လမ်းမထက်ဝယ်
လူရောကားရောရှင်းသည်။ဆိုင်ထဲလည်း လူရှင်းပြီး
နက်ပြာရောင်ဝတ်စုံအပြည့်နဲ့အရူးတစ်ယောက်သာရှိနေ၏။
"ဟိုင်း ယူ''
လင်းဆယူက လက်တစ်ဖက်မြောက်လျက်သူ့ကို ပြုံးကာနှုတ်ဆက်လာနေသောဥက္ကာကို ကြည့်ပြီးနှုတ်ခမ်းမဲ့သည်။
"မင်းက starလား မင်းဝတ်စုံကဒီကရာသီနဲ့မညီမျှတာသတိရသင့်တယ်''
လင်းဆယူဘက်ကသူ့ကိုရွဲ့သလိုလိုစောင်းသလိုလိုပြောနေသော်ငြား ဥက္ကာကား နှုတ်ခမ်းစွန်းတို့ကော့ညွှတ်နေအောင်ပြုံးသည်။
"ဘယ်သူမဆိုကိုယ်သဘောကျတဲ့လူရှေ့မှာကြည့်ကောင်းအောင်နေချင်မှာပဲလေ''
"ကမ္ဘာကျော်မယ့်ဆွဲဆောင်နည်းပဲ''
"ဘယ်လိုလဲ ရင်ခုန်သွားလား''
"ငါသာအဲ့လောက်လွယ်နေရင်ဒီအချိန်မြေးတောင်ချီနေရလောက်ပြီ''
"အိုးဟို အဲ့လိုစကားတတ်တာလေးကိုလည်းရင်ခုန်ရပါတယ် ယူနော်''
ဘယ်အချိန်ဘယ်အခါ စကားတွေဘယ်လောက်ပြောပြော
ဒီဘူတာကိုဆိုက်ရောက်ဖို့လုံးဝမမေ့တာတတ်တဲ့သူ့ကို
လင်းဆယူတကယ်လက်မြောက်အရှုံးပေးသည်။
ပထမဆုံးတွေ့ဆုံမှုမှာသူနှိပ်စက်ခဲ့တာတောင် သူ့ကို
စွဲလမ်းနိုင်သေးသည်။ ဉာဏ်ပဲမမီတာလား
ကိုယ့်ကိုယ်ကိုယ် ချစ်ရကောင်းမှန်းမသိတာလား။
လင်းဆယူသာဆိုရင်တော့ ကိုယ့်အသားထိလျှင်ဓားကြည့်
ကိုယ့်ကိုယ်ကိုယ်သာအချစ်ဆုံးဖြစ်တဲ့လူသားပဲလုပ်မှာ။
"မထိုင်တော့ဘူးလားယူ''
ခါးထောက်လျက်မတ်တတ်ရပ်နေသောယူဟာထိုင်ဖို့
ဘယ်လိုမှအစီစဥ်မရှိဟန်။
"အာလူးလေးရော မမြင်မိပါလား''
"မနှိုးသေးဘူး''
နိုးတာကြာပြီ။ မိုးမလင်းခင်ကတည်းက အာလူးလေးတို့က သွက်သွက်လက်လက်ထနေတာ။ ပါမလာဘူးဆိုတာ
ကလေးကိုဥက္ကာ ချော့မြူရင်းလူလည်ကျထားလို့ပါပဲ။
ဒါမှသူလင်းဆယူနဲ့နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နှင့်အချိန်ကြာကြာအတူရှိနေနိုင်မှာ။
"ဒါဆိုမင်းကဘာလို့ရောက်လာ.. တော်ပြီငါပြန်မယ်''
ဒီလိုပြောလာလိမ့်မယ်ဆိုတာကြိုသိထားသည့်ဥက္ကာအတွက် သွားဖြူဖြူလေးတွေစီစီရီရီပေါ်သည်အထိ
နှစ်လိုဖွယ်ပြုံးနိုင်ပါသည်။ လင်းဆယူဘယ်လောက်စိတ်တိုတတ်သလဲဆိုတာ သူ့ရဲ့မျက်နှာလှလှလေးနဲ့ဘယ်လိုမှမလိုက်ဖက်အောင်ပါပဲ။
ဥက္ကာ ကားပေါ်တက်တော့မယ့် လင်းဆယူအနားအမြန်သွားနေသည်။ဒီတစ်ခေါက်ယူက pradoအဖြူရောင်နဲ့။
လင်းဆယူစီးသမျှကားတော်တော်များများ pradoတွေဖြစ်နေတာ ဥက္ကာသတိထားမိသည်။
"နေဥိီးလေ ဒီလိုပြန်သွားပြီးကျွန်တော့်ကိုရက်စက်မလို့လား ကျွန်တော် မနက်၆နာရီကတည်းကယူ့ကိုထိုင်စောင့်နေခဲ့ရတာ စာနာပြီးသနားပေးပါယူရယ်''
ဥက္ကာက သူ့ချည်းမတရားမှုကိုခံရသလိုမျက်နှာလေးငယ်လျက် ပြောတော့ လင်းဆယူကဥက္ကာကိုနဂါးမျက်စောင်းနှင့်ပိတ်ထိုးလာသည်။ ရူးရုံတင််မကဘူး မူရာမာယာ ကလည်းများသေးသည်။ လင်းဆယူ မျက်မှောင်ကြုတ်ပြီး
သူ့လက်အားဆုပ်ကိုင်ထားတဲ့ဥက္ကာလက်ကိုပုတ်ချသည်။
"သနားရအောင်ငါကလာခိုင်းတာမှမဟုတ်တာ ''
" ရစ်တယ် ယူရယ် လာ''
ဥက္ကာက လင်းဆယူ၏ကြုတ်ထားသောမျက်မှောင်ကို
ဂရုမစိုက်ဘဲ လင်းဆယူကိုအတင်းဆွဲခေါ်နေသည်။
"မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲ ဥက္ကာ''
သူ့ကားထဲလူကိုအတင်းသွင်းဖို့လုပ်နေသော ဥက္ကာကို
လင်းဆယူက အလိုမကျသည့်မျက်နှာထားနှင့်ပြောနေသည်။ ဥက္ကာသည်ကား လင်းဆယူကိုအချစ်များ
ပြည့်နှက်နေတဲ့မျက်ဝန်းလေးနဲ့ကြည့်ရင်း ပြုံးသည်။
လင်းဆယူနှုတ်ခမ်းမှ သူ့နာမည်ကိုခေါ်လိုက်သည့်အခါတိုင်း ရင်ဘတ်တစ်နေရာက တလှိုက်လှိုက်ဖိုသည်။
"ဘာပြုံးနေတာလဲ''
"ယူကျွန်တော့်နာမည်ကိုခေါ်ရင်ကျွန်တော်သဘောကျလို့''
လင်းဆယူ နှုတ်ခမ်းတစ်ဖက်မဲ့လျက် မထိတထိရီသည်။
"မင်း စလုံးနဲ့စတဲ့ဆေးရုံကိုသွားသင့်တယ်''
"အဲဲ့ဒါကြောင့်ယူဆီအရင်လာတာလေ ယူကကုပေးပေါ့
လူနာအပေါ်စေတနာထားပါယူ ''
လင်းဆယူ သက်ပြင်းချလိုက်ရသည်။ ဥက္ကာလိုလူမျိုး
သူအရင်ကတစ်ခါမှမတွေ့ဖူး။ သူများကဘာပြောသလဲ
မရ ရအောင်စကားတွေအမျိုးမျိုးလှည့်ပြီးတုံ့ပြန်တာ။
ပြောချင်ရာပြောနေတဲ့အရူးတွေတောင်သူ့ထက်ပိုပြီးချစ်ဖို့ကောင်းဦးမယ်!
"သွားရအောင် ယူ''
ဥက္ကာကအပြောနဲ့အညီပြောရင်း လင်းဆယူအတွက်ကားတံခါးဖွင့်ပေးသည်။ လင်းဆယူကား တွန့်ဆုတ်ပြီး
ခါးထောက်လျက် ဥက္ကာကိုခပ်မိုက်မိုက်ကြည့်နေ၏။
လင်းဆယူကဘာမှမပြော။ ထိုအကြည့်ထိုပုံစံနဲ့တင်
လင်းဆယူဘာပြောချင်သလဲဆိုတာကို ဥက္ကာကောင်းကောင်းမွန်မွန်သိသည်။
"ခဏလေးပါပဲယူ ယူမအားတာကျွန်တော်သိတယ်
အမှန်ဆိုကျွန်တော်လည်းမအားပါဘူး ယူ့ကိုအရမ်းတွေ့ချင်နေလို့မရ ရအောင်ထွက်လာလိုက်တာ ကျွန်တော်တို့
နောက်ထပ်နာရီဝက်ဖြစ်ဖြစ်အတူဆက်ရှိနေလို့ရသေးတာမဟုတ်လား''
လင်းဆယူဘာမှမပြောတော့ချေ။သူကဥက္ကာကိုခေတ္တခန့်ကြည့်ပြီးနောက် ဥက္ကာတံခါးဖွင့်ထားတဲ့ကားပေါ်ဝင်ထိုင်နေသည်။ ဥက္ကာ အပျော်ဆကြီးပျော်သွားရပါသည်။
လင်းဆယူလိုလူက သူစိတ်မပါရင်ဘာနဲ့ပဲဖိအားပေးဖိအားပေး လိုက်လျောပေးမယ့်သူမဟုတ်။ ယခုလိုလိုက်လျောပေးကတည်းက မျှော်လင့်ခြင်းရောင်ခြည်လေးထွက်စပြုလာပြီလို့ သတ်မှတ်လို့ရပြီမဟုတ်လေသလား။
"ယူကားကိုစောင့်ကြည့်ပေးဖို့ကျွန်တော်လူငှားထားတယ်''
ဥက္ကာအပြောကြောင့် လင်းဆယူနှုတ်ခမ်းတစ်ဖက်တွန့်လျက်ခပ်မဲ့မဲ့ပြုံးသည်။ဒီအပြုံးကိုတော့ဥက္ကာကမမြင်။
လင်းဆယူအပြုံးဟာ သူ့အရှိန်အဝါအတိုင်းဖြစ်သည်။
သူက ကားကိုဖြစ်သလိုပစ်ထားရင်တောင် ထိရဲတဲ့လူရှိမှာမဟုတ်။ ဘာကြောင့်လဲ?။ဒါကို ဒီကနယ်ခံတိုင်းကောင်းကောင်းမွန်မွန်သိသည်။
~~~~
ဥက္ကာ လင်းဆယူကိုခေါ်သွားသည်မှာသူနှစ်ခြိုက်သည့်
ဒီနယ်ရဲ့အဖျားတစ်နေရာ။ လေပြည်တို့များစွာတိုက်ခတ်လျက်ရှိနေသည့် လယ်ကွင်းတစ်ခု။ တိတ်ဆိတ်ပြီးလူရှင်းသည်။ တောငွေ့ဆန်ဆန်အနံ့တို့ရနေသဖြင့် စိတ်အာရုံတို့ထဲ အမည်မရှိတဲ့ခံစားချက်တွေဖြစ်ပေါ်ချင်နေသည်။
ဥက္ကာသည်လက်နှစ်ဖက်ကိုဆန့်ရင်းခေါင်းကိုမော့လျက်
လတ်ဆတ်သောလေထုကိုအဝရှူရှိုက်နေသည်။
လင်းဆယူကား ဥက္ကာနံဘေးရှိနေပြီး လယ်ကွင်း၏
ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်နေသည်။
"ကျွန်တော်ဒီလယ်ကွင်းကိုဝယ်ဖို့ကြိုးစားခဲ့သေးတယ်ယူ''
"ကောက်စိုက်စားမလို့လား''
"ယူရယ် ကျွန်တော့်ရုပ်ကကောက်စိုက်စားမယ့်ရုပ်လားဗျ
ကောက်စိုက်တာကိုTv တွေထဲမှာသာမြင်ဖူးတာ
အမြင်မှာတစ်ခါမှမမြင်ဖူးဘူး''
လင်းဆယူက အကြောင်းပြချက်ရှိရှိနှင့်နှစ်လိုဖွယ်ပြုံးနေသည်။ သူက လယ်ကွင်းကိုပြုံးကာကြည့်ပြီး ဥက္ကာကို မျက်လုံးထောင့်ကပ်လျက် ခိုးကြည့်သည်။
"မင်းစိုက်ကြည့်လေ ဒါဆိုမြင်ဖူးရုံမက ကိုယ်တိုင်ပါလုပ်ဖူးသွားတာပေါ့''
လင်းဆယူအပြောကြောင့် ဥက္ကာက လယ်ကွင်းကို သဲကြီးမဲကြီးငုံ့ကြည့်နေသည်။ လယ်က ချောင်းနဲ့ကပ်နေသဖြင့် တစ်နှစ်ပတ်လုံးလယ်ထဲရေပြည့်နေသည်။
Advertisement
ထို့ကြောင့်ရေညှိုပင်တွေပေါနေသည်။ရေတွေကလည်း
မသန့်။ဥက္ကာကြည့်ရင်းမျက်နှာမဲ့သွား၏။
"မလုပ်ချင်ပါဘူး ညစ်ပတ်တယ်''
"ကျစ်! လုပ်စမ်းပါ မင်းလုပ်နည်းမှားလားမှန်လားငါသိချင်လို့''
ကိုယ်တိုင်ကထိုညစ်ပတ်နေတဲ့ရေတွေကိုမထိချင်သော်ငြား လင်းဆယူကျေနပ်ဖို့အရေး နံပါတ်တစ် ဦးစားပေး
မလို့ ဥက္ကာ လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ရသည်။ သို့သော်
စိုက်စရာစပါးပင်တွေမရှိ။ ဥက္ကာ နီးစပ်ရာကတွေ့သည့်သစ်ကိုင်းခြောက်ကလေးတွေကို၄ ၅ ခုချိုးယူပြီး လယ်ထဲထိုးစိုက်လိုက်၏။ ဥက္ကာကိုယ်တိုင်ကတော့လယ်ထဲ
မဆင်းချင်။ ကုန်းမြင့်လေးပေါ်ရပ်နေရာမှခါးကိုကိုင်း၍
သစ်ကိုင်းကိုထိုးစိုက်လိုက်ခြင်းဖြစ်သည်။ လက်က ညစ်ပတ်တဲ့ရေထဲမြှုပ်သွားသဖြင့် ဥက္ကာ မျက်နှာတွန့်သွားသည်။ သူဒီရေတွေကိုရွံသည်။
ခွီးး!
လင်းဆယူကသဘောတကျနှင့်ထခွီးနေသဖြင့် ဥက္ကာ
လင်းဆယူကိုအူကြောင်ကြောင်နှင့်ကြည့်လိုက်၏။
သူ့ပုံစံကိုကြည့်လို့ပဲရယ်တာလား တခြားအကြောင်း
ကြောင့်ပဲရယ်နေတာလား ဥက္ကာမသိ။ ဥက္ကာသိသည်မှာ
လင်းဆယူယခုလို စိတ်လိုလက်ရရယ်တာကိုမြင်ရတာ
အလွန်ကြည်နူးရသည်။
"မင်းလက်''
လင်းဆယူကရေစိုနေသောဥက္ကာ၏ညာလက်ကိုပြုံးစိစိမျက်နှာလေးနှင့်ထိုးပြသည်။ ဥက္ကာကလည်းချက်ချင်းသူ့လက်ကိုငုံ့ကြည့်သည်။
"ချီး! "
ဥက္ကာစပ်စလူးထခါသွားသည်။သူ့ညာလက်တွင် လက်ညှိုးအရွယ် မျှော့နှစ်ကောင်တွယ်နေသည်။ဥက္ကာသည်သူ့လက်ကမျှော့နှစ်ကောင်ကိုပြုတ်ကျအောင်သဲကြီးမဲကြီးခါချနေသည်။ ဘယ်လိုမှမရသဖြင့် ဥက္ကာ
ဆွေ့ဆွေ့ခုန်သွားသည်။
"ဟား ဟား''
လင်းဆယူက ဥက္ကာပုံစံကိုကြည့်ပြီးခွက်ထိုးခွက်လန်ရယ်နေသည်။ သူကဥက္ကာရဲ့အားနည်းချက်ကိုသိသွားသည်။
ဥက္ကာက မျှော့ကြောက်တတ်သည်။
"ယူ ကျွန်တော့်ကိုကယ်ပါဦး''
"ခွီးး ဆုတောင်းလေ ဟား ဟား''
လင်းဆယူကရယ်ရင်းထွက်ပြေးသွားသဖြင့် ဥက္ကာသိလိုက်ချေသည်။ယူကရေထဲမျှော့ရှိနေတာသိလို့သာ သူ့ကို
လယ်လက်တွေ့စိုက်ခိုင်းနေတာ။ ဥက္ကာ အံကြိတ်သွားသည်။ ယူနော် ယူ သက်သက်ညစ်ပတ်တာ။
ကယ်မယ့်သူမရှိသဖြင့် ဥက္ကာလန့်လန့်နှင့်သူ့လက်ကမျှော့နှစ်ကောင်ပြုတ်ကျဖို့အရေး ချွေးထွက်နေအောင်ကြိုးစားရတော့သည်။
ထို့နောက်အဝင်လမ်း ကုက္ကိုပင်အောက်က ကားအနားရပ်နေသော လင်းဆယူဆီ ဥက္ကာသွားလိုက်၏။
လင်းဆယူက ကျောခိုင်းလျက်ဖုန်းကြည့်နေတာ။
"ယူ''
လင်းဆယူကလူကိုတွေ့တော့ပြေးဖို့လုပ်သေးသည်။
ဒါ့ကြောင့် ဥက္ကာအမြန်ဖမ်းထားပြီး လင်းဆယူကို ကားတွင်ဖိထားနေသည်။
"ဘာလုပ်တာလဲ လွှတ်!''
"ယူကျွန်တော့်ကိုဂျင်းထည့်ထားတာကိုအရင်တောင်းပန်မှလွှတ်ပေးမယ်''
"ငါဂျင်းမထည့်ပါဘူး မင်းသာမျက်လုံးမကောင်းတာလေ
ဒီလောက်မျှော့တွေသွားလာနေတာကို ပြီးတော့ မင်းလိုယောက်ျားအရင့်အမာကြီးကမျှော့ကြောက်တတ်လိမ့်မယ်လို့ဘယ်သူကထင်မလဲ''
လင်းဆယူကပြောရင်းမျက်နှာကိုပြုံးဖြီးဖြီးလုပ်ပြန်သည်။
လင်းဆယူကဥက္ကာဆွေ့ဆွေ့ခုန်နေတဲ့ပုံစံကိုပြန်မြင်ယောင်ခြင်းမလို့။ ဥက္ကာကမူ ခေါင်းအသာလေးစောင်းပြီး
လင်းဆယူပါးတစ်ဖက်ကိုရှုပ်ခနဲနမ်းနေ၏။
"မင်း!''
လင်းဆယူက သူ့အနမ်းခံလိုက်ရသဖြင့် ဥက္ကာကိုအံကြိတ်နေသည်။ ဥက္ကာကတော့ ချက်ချင်းလက်နှစ်ဖက်ကိုအပေါ်မြောက်နေ၏။လင်းဆယူဘာလုပ်လုပ်သူခံပါ့မယ်ဆိုသည့်ဟန်။ လင်းဆယူကား မျက်မှောင်သာကြုတ်ပြီးကားတံခါးကိုဆွဲဖွင့်နေသည်။
"ဘာလုပ်မလို့လဲ ယူ''
"ပြန်မယ်လေ''
"နေပါဦး ယူ''
ဥက္ကာက လင်းဆယူလက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း
တောင်းဆိုသည့်အသံနှင့်ပြောပြန်သည်။လင်းဆယူ
သက်ပြင်းရှိုက်လိုက်ရသည်။
"မင်းဘာဖြစ်ပြန်ပြီလဲ ''
"တွဲရအောင်ယူ အချိန်ရတိုင်းဖုန်းခေါ်ခွင့်ရှိတဲ့ချစ်သူ
အဆင့် ညတိုင်းgoodnightအသံလေးကြားနိုင်တဲ့ချစ်သူအဆင့် မနက်တိုင်းချစ်သူရဲ့နှုတ်ဆက်သံလေးနဲ့နှိုးထလာမယ့်ချစ်သူအဆင့် ကျွန်တော်တို့ချစ်သူအဆင့်နဲ့ဖြတ်သန်းကြရအောင် ယူ''
ဥက္ကာက ပုလဲနှင့်မဟူရာရောင်ယှက်ပြေးနေသောမျက်ဝန်းစုံကိုတစိမ့်စိမ့်ကြည့်ကာဆိုနေသည်။သူ့အသံကချော့နေတဲ့အသံ တောင်းဆိုနေတဲ့အသံလိုမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းလင်းသည်။ဆန္ဒအတိုင်းနှလုံးသားရဲ့အလိုတော်အတိုင်းပြောရတာဖြစ်သဖြင့် သူရင်တွေအဆမတန်ခုန်နေသည်။
လင်းဆယူသည်ကား ဥက္ကာရဲ့ညှို့ယူနိုင်စွမ်းအားရှိတဲ့မျက်ဝန်းကိုတွေတွေလေးငေးနေသည်။
"မင်းငါပေးခဲ့တဲ့စာမရဘူးလား ငါ့ဘဝထဲဝင်မလာချင်နဲ့လို့ငါပြောထားတယ်လေ''
"ယူထားခဲ့တဲ့စာကျွန်တော်ရတယ် ဒါပေမဲ့ကျွန်တော်လူလိမ္မာလေးမဖြစ်ချင်ဘူး ယူ့ဆီမှာဘာအခက်ခဲတွေ
ဘာနာကျင်မှုတွေရှိလဲကျွန်တော်မသိဘူး ကျွန်တော်သိက ကျွန်တော်တို့ကြိုးစားရင်ဘာမဆိုဖြစ်တယ်ယူ''
လင်းဆယူ လည်ဇလုတ်တစ်ချက်လှုပ်သွားသည်။
ဥက္ကာကို တုံ့ပြန်ဖို့လောလောဆယ်သူစကားလုံးတွေရှာ
မတွေ့။ ညို့အားပြင်းတဲ့မျက်ဝန်းစုံကိုသာသူကြည့်နေသည်။ထိုစဥ် လေရူးတွေခပ်ပြင်းပြင်းတိုက်ခတ်လာ
သဖြင့် လင်းဆယူမျက်လုံးမှိတ်ချလိုက်သည်။
ချက်ချင်းပါပဲသူ့ရဲ့နှုတ်ခမ်းအစုံသည်လည်းနွေးထွေးသွားသည်။ ဥက္ကာ လင်းဆယူနှုတ်ခမ်းကိုသူ့နှုတ်ခမ်းနှင့်ဖိနမ်းလိုက်ခြင်းဖြစ်သည်။
လင်းဆယူသည်မှင်သေပြီးသာရပ်နေသည်။သူကဥက္ကာကိုတွန်းမထုတ်သလို ဥက္ကာအနမ်းကိုလည်းမတုံ့ပြန်။ ထိကပ်ရုံအနမ်းမှ နှုတ်ခမ်းသားကိုစုပ်ယူနေသည့်အနမ်းသို့ ပြောင်းလဲလာသည့်တိုင် လင်းဆယူသည်မှင်သေကာရှိနေတုန်းဖြစ်သည်။ခေတ္တအကြာမှာတော့သူ့ပါးနှစ်ဖက်အားအုပ်ကိုင်နေသည့်ဥက္ကာလက်နှစ်ဖက်ကိုဆွဲဖယ်ပြီး
လင်းဆယူက သက်ပြင်းဖွဖွနှင့်မျက်လွှာချသည်။
"မင်းနောင်တရလိမ့်မယ်နော် ဥက္ကာ''
ထုံးစံအတိုင်းဥက္ကာဟာခပ်ရေးရေးလေးပြုံးနေသည်။
သူကလင်းဆယူလက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီးနှုတ်ခမ်းတွင်တေ့လျက်လက်ဖမိုးအားနမ်းနေသည်။
"နောက်ကိစ္စတွေကိုနောက်မှရှင်းကြရအောင် ယူ''
ဘယ်လိုပြောပြောနောက်ဆုတ်မည့်ပုံမပေါ်သောဥက္ကာကို
လင်းဆယူ ပြောချင်စိတ်မရှိတော့သည့်ဟန်နှင့်ကြည့်ပြီး
ဥက္ကာပခုံးတစ်ဖက်ကိုကိုလက်သီးတစ်ချက်စာကျွေးပစ်နေသည်။
"မင်းကလေ အရမ်းဆိုးတာပဲ''
ငြူစူသလိုနှင့်အမှန်တကယ်လည်းမငြူစူရက်တဲ့
လင်းဆယူ၏ အေးတိအေးစက်နဲ့ချစ်ဖို့ကောင်းမှုများသည် ဥက္ကာအတွက်ပီတိဖြစ်နေရသည်။ ဥက္ကာဟာ
နှစ်လိုဖွယ်ပြုံးပြီးလင်းဆယူကိုလက်နှစ်ဖက်နှင့်တယုတယထွေးဖက်နေသည်။ လင်းဆယူကား သက်ပြင်းရှိုက်ရင်း ဥက္ကာကျောကိုလက်တစ်ဖက်နှင့်ခပ်ဖွဖွပုတ်နေသည်။
"ဒါဆိုကျွန်တော်တို့ကချစ်သူတွေဖြစ်သွားပြီပေါ့နော်ယူ''
"လိုရာဆွဲတွေးကျန်းမာရေးတဲ့ မင်းလိုအရူးစိတ်ချမ်းသာဖို့ငါဘာမှမပြောတော့ဘူး''
ဥက္ကာ သွားဖြူဖြူလေးတွေစီစီရီရီပေါ်သည်အထိပြုံးသွားသည်။ ယူက အေးတိအေးစက်နဲ့ဆိုပေမယ့်စကားတွေရှယ်တတ်တာ။ စကားလုံးတွေမှာမှော်အစွမ်းတွေပါနေသလို တစ်ခွန်းကြားလိုက်ရတိုင်း ဥက္ကာမှာရင်တလှပ်လှပ်ဖိုနေရသည်။
"ငါ့ကိုလွှတ်တော့ဥက္ကာ ငါအလုပ်ရှိသေးတယ်''
လင်းဆယူကအရင်လိုတွန်းမထုတ်တော့ဘဲ ပါးစပ်နှင့်ပြောနေသည်။ ထို့ကြောင့် ဥက္ကာလူလိမ္မာလေးလုပ်လိုက်ရပြီး လင်းဆယူ ကိုနဂိုချိန်းတွေ့ခဲ့သည့်နေရာသို့ပြန်ဖို့လိုက်ရသည်။
"ယူအားရင်ကျွန်တော့်ကိုဖုန်းခေါ်ရမယ်နော်''
ကားရပ်လိုက်သည်နှင့်ဥက္ကာပြောလိုက်ခြင်း။
"ဘေလ်မရှိဘူး''
လင်းဆယူကထုံးစံအတိုင်းအေးတိအေးစက်တုံ့ပြန်သည်။
ဥက္ကာကလည်းလွယ်သူမဟုတ်။ချက်ချင်းကုတ်အင်္ကျီအိတ်ထောင်ထဲကဖုန်းကိုထုတ်ပြီးတစ်ခုခုလုပ်နေသည်။
ထိုစဥ် လင်းဆယူဖုန်းကတိန်းခနဲထမြည်လာသည်။
လင်းဆယူကလည်း သူ့အင်္ကျီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကြည့်သည်။
ဖုန်းဘေလ်တစ်သိန်း! သူကဘေလ်မရှိဘူးပြောတော့
ဥက္ကာက ဘေလ်တစ်သိန်းဖိုးတန်းပို့ပေးလာတာ။ သူ့
ဦးနှောက်ကိုအမီလိုက်နေတာ။
"ထပ်ပြီးဘာရှိသေးလဲယူ ဖုန်းမကောင်းဘူးဆိုရင်လည်းပြောနော် ကျွန်တော့်မှာဟန်းဖုန်းအသစ်တစ်လုံးပါလာတယ် ဒေါ်လာ ၇ထောင်ပဲပေးရတာဆိုပေမယ့် ယူကျွန်တော်နဲ့စကားပြောဖို့လောက်တော့အဆင်ပြေမှာပါ''
လင်းဆယူအံကြိတ်ပြီး ဥက္ကာကိုစွေကြည့်နေသည်။
ဥက္ကာက သူလူလည်မကျနိုင်အောင်အကွက်တွေအရင်
ချထားနေတာ။ သူကလည်း လျှော့မတွက်ခဲ့ဖူးပါဘူး။
ချမ်းသာရင်ဘာမဆိုလုပ်နိုင်ကြတာပဲလေ။
"ဖုန်းမမျှော်နဲ့ ငါအခုတလောအလုပ်များလိမ့်မယ်''
"ဟုတ်ကဲ့ပါဗျာ ချစ်တာကိုသိထားပေးရင်ပဲကျေးဇူးတင်မိပါပြီဗျ''
ဥက္ကာ၏ပြောင်ချော်ချော်မျက်နှာထားကိုလင်းဆယူက
လက်သီးဆုပ်ပြပြီးမှကားပေါ်ကဆင်းသွားသည်။ ဆင်းဆင်းချင်းမှာတင်သူ့အသိတွေနဲ့တန်းတိုးသည်။
"ဗိုလ်လင်းပဲ''
ကားထဲကဥက္ကာသည် ဗိုလ်လင်းဟူသည့်အသံကြားသည်နှင့်ချက်ချင်းခေါင်းထောင်လာပြီးအသံလာရာကိုဆတ်ခနဲလှည့်ကြည့်သည်။ သူမြင်လိုက်သည်မှာ သူချစ်တဲ့ယူနဲ့
တခြား အမျိုးသားသုံးယောက်။ သူတို့ထဲကနှစ်ယောက်က ယူထက်အသက်ကြီးသည်။ လေးယောက်သားကစကားတွေပြောရင်း ဥက္ကာကားနဲ့ဝေးရာကိုတဖြည်းဖြည်းသွားနေသည်။
ဥက္ကာသည် သူချစ်တဲ့ယူနံဘေးကသုံးယောက်ရဲ့မျက်နှာတွေကိုသေသေချာချာအလွှတ်ကျက်မှတ်နေသည်။
ဗိုလ်လင်းဟူပြီးခေါ်လိုက်တာကို သူသေသေချာချာကြားလိုက်သည်။ဒါ့ကြောင့်သူသေချာသည်။ ယူအနားကသုံးယောက်ထဲကတစ်ယောက်ဟာသေချာပေါက်
ဗိုလ်လင်းဖြစ်ရမည်။
ယူ ကိုတော့ သူသံသယမဝင်ရက်။သူဆိုတာမချစ်ဖူးလို့
ရူးနေတာလို့အများကပြောလည်းသူခံမည်။ချစ်တဲ့ယူကို
သူဘာအကြောင်းကြောင်းနဲ့မှ သံသယမဝင်ရက်ပါ။
စိတ်နဲ့တောင်မပြစ်မှားရက်တဲ့အထိ ယူကို သူ ရိုသေလေးစားသည်။
.
.
Greenleaf🌿
_____________________________
Unicode
Zawgyi
~~~~~
သူတို႔ယခုေထာက္လွမ္းမိထားေသာဘိန္းခင္း၏
အေၾကာင္းအရာအေျခအေနျပည့္ျပည့္စုံစုံကိုလင္းဆယူအထက္သို႔တင္ျပခဲ့ၿပီျဖစ္သည္။ တင္ျပၿပီး၁၀နာရီအၾကာမွာေတာ့ အထက္ကျပန္စာျပန္ရလာသည္။
'ေစာင့္ၾကည့္႐ုံသာေစာင့္ၾကည့္ဘာမွမလႈပ္ရွားေသးနဲ႕ဦးတဲ့'။ ကိုယ္တိုင္လႈပ္ရွားဖို႔မလိုေသးတာေၾကာင့္
တာဝန္ပါးသည္ေျပာ၍ရ၏။
ထို႔ေၾကာင့္ အာလူးေလးကိုကတိေပးထားသည့္အတိုင္း
လင္းဆယူ ခဏျဖစ္ျဖစ္မ်က္ႏွာသြားျပဖို႔ဆုံးျဖတ္လိုက္သည္။ ကတိလည္းေပးထားတာပဲ။ကေလးျဖစ္ေနသျဖင့္
သူ႕ဘက္က က်ိန္းေသတာဝန္ယူမွရလိမ့္မည္။
"ေနဦး ဗိုလ္လင္း''
လင္းဆယူကားေပၚတက္ဖို႔လုပ္ေနစဥ္ေနာက္ပါးမွတာေပါအသံေၾကာင့္ေျခလွမ္းကိုအရွိန္ရပ္လိုက္၏။
"ဖုန္းက်န္ခဲ့တယ္ေလ ဗိုလ္လင္း''
"ဟုတ္သား''
"ေသနတ္ပါယူသြားမလို႔လား''
"ဟမ္!''
တာေပါေျပာမွလင္းဆယူသူ႕ကိုယ္သူငုံ႕ၾကည့္မိသည္။
ဟုတ္သား သူ႕ခါးမွာ 9mamaေသနတ္ တစ္လက္ရွိေနတာ။ အျပင္သြားမွာမလို႔အရပ္သားဝတ္စုံေျပာင္းဝတ္ထားတာဆိုေပမယ့္ ေသနတ္ထားခဲ့ဖို႔သူေမ့သြားတာပဲ။
ဒီလက္နက္က သူ အၿမဲလိုလိုကိုယ္နဲ႕မကြာေဆာင္ထားတတ္သည့္ကံေကာင္းမႈေလး။
"ဟုတ္သားပဲ ေရာ့ ငါ့ေနရာမွာျပန္ထားေပး''
တာေပါသည္ လင္းဆယူကမ္းေပးလာတဲ့ေသနတ္အား
ခ်က္ခ်င္းယူေနသည္။ သူအၾကည့္ေတြကေတာ့လင္းဆယူထံဝယ္ ၿပဳံးစိစိႏွင့္။လင္းဆယူမ်က္ေမွာင္ၾကဳတ္သြား၏။
"ဘာျဖစ္တာလဲ တာေပါ''
"ဗိုလ္လင္းပုံစံကဘာနဲ႕တူလဲသိလား''
"ဘာနဲ႕တူလို႔?''
"မသိရင္ခ်စ္သူနဲ႕သြားေတြ႕မယ့္လူလိုပဲ သတိကိုမရွိတာ''
တာေပါဆီကထိုသို႔အေျပာခံလိုက္ရသည့္လင္းဆယူသည္
ခါးေထာက္လ်က္သူ႕ကိုယ္သူတစ္ခ်က္ငုံ႕ၾကည့္ေနသည္။
ယခုလိုေျပာခံလိုက္ရတာေၾကာင့္သူမ်က္ႏွာပူသြားသည္။
"တစ္ခါတေလေမ့တတ္ၾကတာလူေတြရဲ႕သဘာဝပဲေလ
ဘာထူးဆန္းလို႔လဲ မဟုတ္တာေတြေလွ်ာက္ေျပာေနတယ္
ဖားခုန္ခ်င္တာလား!''
ပုံမွန္မဟုတ္တဲ့ရန္စကားေတြေျပာေနသည့္လင္းဆယူကို
တာေပါကအံ့ၾသသလိုမ်က္လုံးအျပဴးသားႏွင့္ၾကည့္သည္။
"ၾကည့္ ၾကည့္ ရန္ေထာင္ေနတာ အဲ့ဒါဗိုလ္လင္းမဟုတ္ဘူးေနာ္ ''
"တာေပါ မင္း! ဖားမခုန္ခ်င္ရင္အခုသြားေတာ့''
လင္းဆယူကအံႀကိတ္ရင္းေျပာေနသည္။ ထိုအခါ
တာေပါက အူေၾကာင္ေၾကာင္ႏွင့္သူ႕ေဘးပတ္ဝန္းက်င္ကိုမ်က္လုံးေဝွ႕ၾကည့္ၿပီး ေခါင္းကုတ္သည္။
"သြားရမွာ ဗိုလ္လင္းေလ မဟုတ္ဘူးလား''
လင္းဆယူ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္ရင္းတာေပါကိုမ်က္လုံးျပဴးျပသည္။ထို႔ေနာက္ေျခေထာက္ကိုမလ်က္
တာေပါအားကန္ဖို႔လုပ္ေနသည္။သို႔ေသာ္ တာေပါကား
အေျခေနကိုႀကိဳရိပ္မိေနသျဖင့္ ခုန္ေပါက္ၿပီး ထြက္ေျပးသြား၏။ က်န္ခဲ့သူလင္းဆယူသည္မွာ အံတႀကိတ္ႀကိတ္ႏွင့္။ ေနာက္တစ္ခါဆို ေနာက္ေစ့ဘုထြက္ၿပီမွတ္ တာေပါ!
အာလူးေလးႏွင့္ခ်ိန္းထားသည့္ေနရာကိုလင္းဆယူကိုယ္တိုင္ကားေမာင္းရင္းသြားသည္။သူကဂ်င္းကုတ္အနက္နဲ႕ဂ်င္းေဘာင္းဘီအနက္ကိုဝတ္ထားသည္။ကုတ္ေအာက္က တီရွပ္အနက္သည္ အဖြဲ႕အစည္း၏တံဆိပ္ပါေနသည္။ သို႔ေသာ္ တံဆိပ္ကဘယ္ဘက္အစြန္တြင္ရွိေနသည့္အျပင္ ကုတ္ကလည္းကြယ္ထားသျဖင့္မည္သူမွျမင္နိုင္မည္မဟုတ္ေခ်။
ေတြ႕ဆုံမည့္ေနရာသည္တစ္ေခါက္ကသူဥကၠာကိုေျပာထားသည့္ အေဝးေျပးကားဂိတ္၏နံေဘးက စားေသာက္ဆိုင္ႀကီးျဖစ္သည္။ ယခုတာဝန္ပါးေပမယ့္ မၾကာလွ်င္တာဝန္ရွိလာနိုင္တာေၾကာင့္ သူအေစာႀကီးထြက္လာလိုက္၏။ အခ်ိန္အားျဖင့္ မနက္၇နာရီမို႔ လမ္းမထက္ဝယ္
လူေရာကားေရာရွင္းသည္။ဆိုင္ထဲလည္း လူရွင္းၿပီး
နက္ျပာေရာင္ဝတ္စုံအျပည့္နဲ႕အ႐ူးတစ္ေယာက္သာရွိေန၏။
"ဟိုင္း ယူ''
လင္းဆယူက လက္တစ္ဖက္ေျမာက္လ်က္သူ႕ကို ၿပဳံးကာႏႈတ္ဆက္လာေနေသာဥကၠာကို ၾကည့္ၿပီးႏႈတ္ခမ္းမဲ့သည္။
"မင္းက starလား မင္းဝတ္စုံကဒီကရာသီနဲ႕မညီမွ်တာသတိရသင့္တယ္''
လင္းဆယူဘက္ကသူ႕ကို႐ြဲ႕သလိုလိုေစာင္းသလိုလိုေျပာေနေသာ္ျငား ဥကၠာကား ႏႈတ္ခမ္းစြန္းတို႔ေကာ့ၫႊတ္ေနေအာင္ၿပဳံးသည္။
"ဘယ္သူမဆိုကိုယ္သေဘာက်တဲ့လူေရွ႕မွာၾကည့္ေကာင္းေအာင္ေနခ်င္မွာပဲေလ''
"ကမၻာေက်ာ္မယ့္ဆြဲေဆာင္နည္းပဲ''
"ဘယ္လိုလဲ ရင္ခုန္သြားလား''
"ငါသာအဲ့ေလာက္လြယ္ေနရင္ဒီအခ်ိန္ေျမးေတာင္ခ်ီေနရေလာက္ၿပီ''
"အိုးဟို အဲ့လိုစကားတတ္တာေလးကိုလည္းရင္ခုန္ရပါတယ္ ယူေနာ္''
ဘယ္အခ်ိန္ဘယ္အခါ စကားေတြဘယ္ေလာက္ေျပာေျပာ
ဒီဘူတာကိုဆိုက္ေရာက္ဖို႔လုံးဝမေမ့တာတတ္တဲ့သူ႕ကို
လင္းဆယူတကယ္လက္ေျမာက္အရႈံးေပးသည္။
ပထမဆုံးေတြ႕ဆုံမႈမွာသူႏွိပ္စက္ခဲ့တာေတာင္ သူ႕ကို
စြဲလမ္းနိုင္ေသးသည္။ ဉာဏ္ပဲမမီတာလား
ကိုယ့္ကိုယ္ကိုယ္ ခ်စ္ရေကာင္းမွန္းမသိတာလား။
လင္းဆယူသာဆိုရင္ေတာ့ ကိုယ့္အသားထိလွ်င္ဓားၾကည့္
ကိုယ့္ကိုယ္ကိုယ္သာအခ်စ္ဆုံးျဖစ္တဲ့လူသားပဲလုပ္မွာ။
"မထိုင္ေတာ့ဘူးလားယူ''
ခါးေထာက္လ်က္မတ္တတ္ရပ္ေနေသာယူဟာထိုင္ဖို႔
ဘယ္လိုမွအစီစဥ္မရွိဟန္။
"အာလူးေလးေရာ မျမင္မိပါလား''
"မႏွိုးေသးဘူး''
နိုးတာၾကာၿပီ။ မိုးမလင္းခင္ကတည္းက အာလူးေလးတို႔က သြက္သြက္လက္လက္ထေနတာ။ ပါမလာဘူးဆိုတာ
ကေလးကိုဥကၠာ ေခ်ာ့ျမဴရင္းလူလည္က်ထားလို႔ပါပဲ။
ဒါမွသူလင္းဆယူနဲ႕ႏွစ္ေယာက္တည္းလြတ္လြတ္လပ္လပ္ႏွင့္အခ်ိန္ၾကာၾကာအတူရွိေနနိုင္မွာ။
"ဒါဆိုမင္းကဘာလို႔ေရာက္လာ.. ေတာ္ၿပီငါျပန္မယ္''
ဒီလိုေျပာလာလိမ့္မယ္ဆိုတာႀကိဳသိထားသည့္ဥကၠာအတြက္ သြားျဖဴျဖဴေလးေတြစီစီရီရီေပၚသည္အထိ
ႏွစ္လိုဖြယ္ၿပဳံးနိုင္ပါသည္။ လင္းဆယူဘယ္ေလာက္စိတ္တိုတတ္သလဲဆိုတာ သူ႕ရဲ႕မ်က္ႏွာလွလွေလးနဲ႕ဘယ္လိုမွမလိုက္ဖက္ေအာင္ပါပဲ။
Advertisement
- In Serial7 Chapters
Lost in a Dream
Published Monday, Wednesday, and Friday! If dreaming is a drug, then I'm a junkie. For most people, sleeping is an obstacle. Something to get out of the way, so they can get back to their life. For others, it's an escape to nothing, a blissful break from the wears of life. It's the opposite for me. I live so that I can dream; I work so that I can go home and close my eyes, awakening in the real world. My real world. After all, what is reality if not the place where dreams don't come true? Can you fight a dragon on your way home from work, or conquer a foreign land to save an oppressed people from their malevolent overlords after vacuuming the living room? Can you visit a land where mountains look like freshly baked phyllo dough, or live in a castle bigger than my apartment complex? Tigers instead of taxes. Monsters instead of men with too much power. Reality is just the word we came up with to accept a mundane life. A birthing place for grander ideas we wish could materialize. I choose to live in a world where they do.
8 164 - In Serial11 Chapters
ALmond
When Max O'Brien receives an almond with a skull painted on it, he initially plays it off as a prank. But, after his wife leaves town, he begins discovering more of the nuts hidden around the house. More disturbing than that is that some unseen intruder is keeping an accurate running count. The more almonds Max finds, the stranger things get. Mysterious noises. Moving objects. Damaged valuables. It's a haunting that grows in power with each success in the involuntary scavenger hunt. As the almonds pile up so do the threats until Max realizes he may just not survive. ____________________________________________________________________________ Author note - This is a short work originally written for Wattpad's Novella Contest (finished second overall). It's a total of 11 chapters and just about 23k words. I'll post a chapter every 2-3 days so it'll wrap up fairly quickly. Anyone in the mood for a quick goofy/creepy read should give it a try. Thanks.
8 110 - In Serial61 Chapters
Falling for the Hothead!- Paul Lahote
This story is complete!⚠️Warning⚠️ Smut in this Book!- Description of sexual activity, body parts, Inappropriate language, gif that show Semi sexual activity. As well as other things inappropriate for Readers under the age of 18.🔞 Aleera Swan has lived with her cousin Bella Swan and Aunt Renee Dwyer since she was 11 years old. All due to her parents untimely death. What happens when Aleera and Bella moving back to Forks, Washington, and they go their separate ways in the supernatural world of vampires and shape-sifters? One falling for the vampire and the other for the hothead shape-sifter.First story attempt! please be patient with me!I DO NOT OWN TWILIGHT!! Just Aleera and her story!!April 29, 2020January 15, 2021
8 220 - In Serial20 Chapters
a force bond | anidala au
Luke and Leia were about to turn four years old, and Padmé was desperate to have Anakin back. She was desperate to turn the sad & lonely Darth Vader into the man she once knew as Anakin Skywalker.She wasn't giving up.Padmé was lucky enough to even be alive, Bail Organa and Obi-Wan stored her in frozen carbonite to rejuvenate her health, she only just got out of it recently.highest ranks:#3 in #padme#5 in #leiaskywalker#19 in #anidaladisclaimer;-this was made before that last season of tcw came out, and along with the bad batch, and the mandalorian season. ahsoka's timeline might be iffy.-i personally have not made any characters in this story, they all belong to george lucas, and if i do make one, i'd tell you.-this is an au so some things may be incorrect, but it's alright. ITS AN AU!!-vader's suit is simply just armour, not a life support.. since in this story he did not burn back on mustafar.-padmé is indeed a force sensitive in this story, that's how they have this connection. she may have less than anakin and obi-wan but she still obtains the power. -spelling may be a problem but it'll be checked once it's officially done
8 206 - In Serial37 Chapters
MaAn : The fairytale
So, its my first ff....hope u like it....Pls koi bhool ho gayi ho toh maaf kar dena..🥺🥺Enjoyyyy
8 439 - In Serial20 Chapters
Ahs preferences imagines
(Mainly Evan Peters characters) I take requests and update as regularly as I can!
8 137

