《Sour Candy》part 28💔
Advertisement
*Unicode*
ကုတင်ထက်အသက်ရှူမှန်မှန် ငြိမ်သက်စွာအိပ်မောကျနေသည့် ကူး။ သူလေ ဒီသက်ရှိလေးကိုမျက်စိရှေ့မှောက်မြင်နေရပါလျက် လွမ်းနေတဲ့ခံစားချက်ကြီးကအတိုင်းထက်အလွန်။ ညနေစောင်းနေရောင်ဖျဖျ အနည်းငယ်ကကူးခန္ဓာထက်ဖြာကျနေတဲ့အခါ ခပ်ရမ်းရမ်းအဝတ်အစားနဲ့ ကူးဟာသိပ်လှပါသည်။
မြတ်နိုးလိုက်တာ ချစ်လိုက်ရတာကူးရယ်...မင်းကိုထိတွေ့ဖို့တောင် ဒီကောင်နဲ့တန်ပါ့မလား စိုးရိမ်နေမိတယ်။ ဆံနွယ်ဖျဖျတို့အားသပ်တင်ပေးရင်း နဖူးပြင်လေးအား နှုတ်ခမ်းဖြင့်ခပ်ဖွဖွဖိကပ်မိသည်။ မျက်တောင်စိတ်စိတ်လေးတွေ နှာတံလုံးလုံးလေးရယ် ပြီးတော့နှုတ်ခမ်းကောက်ကမှည့်နက်လေး ဘယ်လောက်ထိတောင်အောက်မေ့ခဲ့ရလဲ ကိုယ်သာအသိ။ လက်ချောင်းထွေးထွေးလေးတွေအား ဆုတ်ကိုင်ကာ တက်တူးခပ်နက်နက်တို့ပြည့်နေသည့် လက်ဖမိုးအား နမ်းရှိုက်မိပြန်သည်။ လက်မောင်းတစ်လျှောက်က အရုပ်တွေအားထယ်ယောင်းတစ်ခုခြင်းစီထိတွေ့ရင်း မျောဆဲ။
အရင်ကကူးငယ်က သေးသွယ်သွယ်လေးဆို အခုကူးငယ်က ထယ်ယောင်းအမြင်ကြီးထွားနေတာမဟုတ်ပဲ ခပ်ကစ်ကစ်နဲ့လုံးလုံးလေး...ပါးဖောင်းဖောင်းတွေပျောက်နေတာကလွဲရင်ပေါ့။
အိပ်ရာတစ်ဖက်ဘေးဝင်လှဲကာ ကူးငယ်ရဲ့ခေါင်းလုံးလုံးအောက် လက်လျိုသွင်း၍ ခပ်ဆွေးဆွေးမျက်ဝန်းတွေက မြတ်နိုးမှုအပေါင်းခညောင်းကာ တရိပ်ရိပ်ကြည့်နေလိုက်သည်။ ကြည့်လေလွမ်းလေအချစ်ပိုရလေ...ကိုယ့်ကိုမမှတ်မိတော့ရင်တောင် ကိုယ့်ကိုတော့အရင်လိုပြန်ချစ်ပေးမယ်မဟုတ်လား။
ယောင်ရမ်းကာရင်ခွင်ထဲတိုးဝင်လာသည့် နှလုံးသားငယ်ငယ်ကြောင့် ထယ်ယောင်းပြုံးမိပြန်သည်။ အံ့ဝင်ခွင်ကျစေရန် ကူးအားရင်ခွင်ထဲအနည်းငယ်ဆွဲသွင်းပစ်လိုက်သည်။
"ဒီရင်ခွင်ကမင်းကိုယ်ငွေ့ကို လွမ်းနေခဲ့တာနှစ်တွေအတော်ကြာပြီ ကိုယ့် Honey ရယ် "
ဆံနွယ်တွေအားနမ်းရှုံ့ကာ ထယ်ယောင်းသည်ကူးဆိုတဲ့သက်ရှိလေးကို အနူးညံ့ဆုံးအထိအတွေ့ အညင်သာဆုံးနမ်းရှိုက်ခြင်းတွေနဲ့ နယူးယောက်ခ်ရဲ့ညနေခင်းအား အလှဆုံးပုံဖော်ပစ်လိုက်သည်။
နောက်ကျနောက်ကျရင် နေထွက်ချိန်အစ နေဝင်ချိန်အဆုံးကူးကကိုယ့်ဘေးမှာ ရှိနေရမှာ။ မနက်ပိုင်းမှာ နဖူးပြင်ကိုအနမ်းပေးမယ်။ ညနေစောင်းမှာတော့ ဆွဲဆောင်လွန်းတဲ့နှုတ်ခမ်းအောက်က မှည့်နက်လေးကိုပြင်းပြင်းစုပ်ယူပစ်မယ်...။ ရုန်းမရတဲ့ အချစ်ကြိုးတွေနဲ့တင်းတင်းချည်မည်။
တတီတီမြည်တီးလာသော ဖုန်းသံဟာတိတ်ဆိတ်နေသော Condo အတွင်းကျယ်လောင်စွာထွက်ပေါ်လာခြင်းရဲ့နောက် ရင်ခွင်ထဲအိပ်မောကျနေတဲ့ ကူးငယ်နိုးထလာခဲ့ပြီ။
"ဘယ်ကဖုန်း...ဟင်...ခင်ဗျား"
အိမ်မှာအိပ်နေမိသည်အထင်ဖြင့် ထအော်မည့်အသံသည် မျက်လုံးအဖွင့် လူကိုစိုက်ကြည့်နေသည့် ထယ်ယောင်းဆိုတဲ့လူကြောင့် တိမ်ဝင်သွားလျက်။
ထွေထွေထူးထူးမေးမနေပဲ မလှမ်းမကမ်းစားပွဲမှအဆက်မပျက်မြည်တီးနေတဲ့ အိပ်ရေးပျက်စေသောဖုန်းကို အလိုမကျစွာကောက်ကိုင်၍ လက်တစ်ဖက်ကဆံနွယ်တို့အား ခပ်ကြမ်းကြမ်းထိုးဖွပစ်လိုက်သည်။
"အွန်း Darling...ကိစ္စမရှိရင်ဖုန်းမဆက်စမ်းနဲ့ ငါအားမနေဘူး..."
"ကျစ်! ဂျေ...ကိုယ်ကမင်းရဲ့ချစ်သူနော်။ ပေါ့ပျက်ပျက်တွေမပြောလာနဲ့! ချစ်လို့လွှတ်ထားတာမဆိုးလာနဲ့ ဂျေ...ပြော အခုဘယ်မှာလဲ"
"ငါ့ကိစ္စပါ !"
"မင်းကိစ္စကကိုယ့်ကိစ္စပဲ...ကိုယ်လာခေါ်မယ် လိပ်စာပြော"
"Grayson !!.စိတ်မတိုချင်ဘူးနော် ငါတစ်နေရာရာမှာကောင်းကောင်းရှိနေတယ်...လာလာမရစ်နဲ့ အာရုံစားတယ်"
"ကိုယ်မင်းနဲ့ညစာအတူစားချင်ရုံကို..."
"နောက်မှပေါ့...ဒါပဲ Darling "
လေလိုအနားရောက်လာသည့် ထယ်ယောင်းဟာခါးကိုအနောက်မှသိုင်းဖက်လာခြင်းမှာ မရုန်းမိ။ ကိုယ်တိုင်လည်းသဘောကျနေခြင်းမှာ ငြင်းရင်ရူးနေလို့ဖြစ်ပေလိမ့်မည်။
"မင်းသတိလစ်သွားလို့ ခေါ်လာတာ...ကိုယ်နမ်းရုံနမ်းမိတာပါ "
ပြောရင်းဆိုရင်းပင် ဂုတ်ပိုးသားအားတရှုံ့ရှုံ့နမ်းရှိုက်လာသည့်သူဟာထယ်ယောင်း။ ခေသူမဟုတ်သည့် ဂျေဟာငြိမ်မနေခဲ့။ ကျောပေးရာမှမျက်နှာချင်းဆိုရင်လှည့်ကာ ထယ်ယောင်းလည်တိုင်တွေထက် လက်တို့ရောယှက်ထား၍ ထယ်ယောင်းနည်းတူ ရီဝေဝေအကြည့်တွေက မှောင်စပျိုးချိန်၌ အရည်လဲ့ကာနေ၏။
"ခွင့်မတောင်းနမ်းတဲ့သူက ခင်ဗျားသာမဟုတ်နေရင် ကျုပ်ဆွဲထိုးပြီးလောက်ပြီ...ကျုပ်ကဈေးမပေါဘူး"
ကင်မ်ထယ်ယောင်းဆိုတဲ့ လူအတွက်ဆိုရင်တော့ ကူးငယ်ဖြစ်စေ Jeykay ဖြစ်စေ...အလိုလိုနေရင်း ခင်ဗျားဆန္ဒတွေမငြိုမငြင် လိုက်လျောမိတဲ့အထိ ဈေးပေါပစ်မိတာ ကံစေရာလား ဝဋ်ဆိုတာလား။
ဒီကောင် ချစ်မိသွားခြင်းနောက်ကူးလောက်အဖိုးတန်တာ ဘယ်အရာမှမရှိပါဘူး။ ကူးနဲ့ပတ်သက်ရင် အပြုံးလေးတွေကအစ ဆံချည်မျှင်လေးအဆုံး ထယ်ယောင်ဆိုတဲ့ကောင်က သိမ်းဆည်းထားချင်တာ။ ဈေးမပေါမှန်း ဒီကောင်သိပါတယ် ကိုယ်မင်းကိုတစ်ခြားတစ်ယောက်နဲ့ တွဲမြင်ခြင်းမှာ မခံမရက်အောင်ပူလောင်လွန်းလို့ မထိန်းချုပ်နိုင်ခဲ့တာ မင်းကိုပေါပေါပဲပဲဆက်ဆံခဲ့တာမှမဟုတ်ပဲ။
"မင်းကကိုယ်တန်ဖိုးဖြတ်လို့မရတဲ့အထိ အဖိုးတန်လွန်းတာထက်ပိုတယ် ကူးရဲ့..."
"ဟဟ...!"
"မလှောင်ပါနဲ့ကွာ"
"မလှောင်ပါဘူး သဘောကျလို့ရယ်မိတာ လှောင်တဲ့သဘော ဆောင်သွားရင် ခွင့်လွှတ်ပေးပေါ့!"
နဖူးခြင်းတေ့ကာ မျက်လွှာလေးချလိုက်သူ၏ ကော့ညွတ်နေသော မျက်တောင်စိတ်စိတ်တွေသည် သဘောကျစရာကောင်းစွာ ညို့ယူလွန်း၍ ဝဲအုံကတဒုန်ဒုန်ဖြင့်။
"ထယ်ယောင်းဂီး..."
"ဗျာ ကိုယ့်ရဲ့ကူး"
အနူးညံ့ဆုံးထူးသံလေးမှာ ဂျေဆိုတဲ့ ဇိုးလေးမျက်နှာ၌ ပန်းရောင်လှိုင်းလေးဖြတ်ပြေးသွားကာ အပြုံးနုနုလေးဖြစ်ထွန်းလျက်။
ထိုလူက ဂျေစိတ်တွေအားတသိမ့်သိမ့်ဖြစ်အောင် လုပ်နိုင်တဲ့ပထမဆုံးလူ။ ထူးဆန်းတဲ့ခံစားချက်တွေက နိမ့်လိုက်မြင့်လိုက် ရိုလာကိုစတာ စီးနေရသလို ခပ်ပြင်းပြင်းလေး။
"ခင်ဗျားနဲ့ထိတွေနေရတာ ခင်ဗျားနဲ့နီးကပ်နေတာ ခင်ဗျားစီကမက်မက်မောမောနမ်းရှိုက်ခံရတာ ခင်ဗျားကျုပ်ကိုကြည့်နေတဲ့ နှစ်နှစ်ကာကာအကြည့်တွေ...အင်း ကျုပ်ရူးလောက်အောင်သဘောကျမိပြီထင်တယ်။ "
ဖြတ်ခနဲပွင့်လာတဲ့ ပင်လယ်ပြာရောင်မျက်ဝန်းလှလှတွေ အညိုရောင်မျက်ဝန်းအား စူးစူးစိုက်စိုက်ကြည့်ကာ နှုတ်ခမ်းနှစ်လွှာမှစကားလုံးတစ်ချို့ပွင့်အံထွက်ကျလာခဲ့သည်။
နားဝင်အချိုဆုံးဆိုတာတွေပေါ့...နောက်ကွယ်ကခါးသက်မှုအတွက်လည်း ပြင်ဆင်ထားသင့်ပြီ။
"ကျုပ်နဲ့ တွဲမလား"
"က...ကူး"
"ကျုပ်ဘက်က ပထမဦးဆုံးတွဲဖို့စပြောဖူးတာ ခင်ဗျားကိုပဲ...ငြင်းရက်လားကင်မ်ထယ်ယောင်း။"
လက်ခံပေးမလား မငြင်းဘူးမဟုတ်လား ဆိုတဲ့စကားတွေထက် ငြင်းရက်လားကင်မ်ထယ်ယောင်း ဆိုသော တင်တင်စီးစီးစကားလုံးအား ပိုင်ပိုင်နိုင်နိုင်သုံးကာ အပီအပြင်ချုပ်သွားခြင်း။ Jeykay ဟာ Jeykay ပါပဲ။ ကိုယ့်ဘက်ပါအောင်သိပ်စွယ်တက်တာ။
"မင်းဆိုတာနဲ့ ယိမ်းပြီးသားကောင်ပါ..."
ညို့ယူနေတာတော့မင်းလွန်တယ်ကလေးရယ်။
"ကိုယ်မင်းကောင်လေးလုပ်မယ်"
"Nice! ထယ်ယောင်းဂီးကကျုပ်လိုချင်တဲ့အဖြေကိုကောင်းကောင်းပေးတက်တာပဲ ဟဟ"
"ကိုယ်တို့ တွဲနေပြီဆိုတော့...Grayson ကရော"
"သူ့ကိုခေါင်းထဲမထည့်နဲ့ ကျုပ်အကြောင်းပဲခေါင်းထဲထည့်ပါခင်ဗျားရယ်..."
လက်ပေါ်လက်ညိုးကပ်ရင်း ပြုစားပြန်သည်။ လေသံဖျော့ဖျော့ရယ် ပြာလဲ့လဲ့မျက်ဝန်းတွေရယ် ရူးသထက်ရူးရတာဒီကောင်။ ကိုယ်မင်းကို ချစ်တာထက်ပိုမိကုန်ပြီ...။
"ကူးငယ် ကိုယ်တို့နမ်းကြမလား"
"ပျော့ခွေသွားတဲ့အထိ စွမ်းနိုင်မလားကင်မ် "
"အဆိုးလေးပဲ"
"ထင်ထားတာထက်ဆိုးတယ် ခံနိုင်ပါ့မလား"
"ဟဟ စိန်လိုက်လေ..."
ထိကပ်သွားတဲ့နှုတ်ခမ်းတွေ ဆာလောင်ခြင်းအနမ်းကိုပုံဖော်မိကြသည့် စုပ်ချက်တွေပြင်းလွန်းသည်။ ကုဋေကဋာ အဆိုးလေးဂျေဟာ စီနီယာကျသည့် ထယ်ယောင်းအနမ်းတွေအား အမှီလိုက်နိုင်သည့်စကေးသည်တော်ရုံမဟုတ်။ တိုးဝင်နယ်ချဲ့၍ ရစ်ပတ်သွားသောလျှာဖျားတွေ...ယိုဖိတ်လာသောနှုတ်ခမ်းထောင့်မှ ငွေမျှင်ရောင်တချို့သည် စီးဆင်းသွားပုံသိပ်လှ၏။ ကူးငယ်ခါးထက် လက်ဝါးပြင်တွေဟာ အငြိမ်မနေခဲ့သလို ထယ်ယောင်းလည်ထောင်မှ လက်ဝါးရဲရဲတွေဟာလည်း အနက်ရောင်ဆံနွယ်တို့ကြား တိုးဖွကာနေသည်။ မောဟိုက်သောအသက်ရှူသံပြင်းပြင်းတွေဖြင့် ထိုနေ့ရဲ့နေဝင်ချိန်ဟာပို၍အသက်ဝင်နေခဲ့သည်။
Advertisement
ကူးကို 25℅ ကင်မ်ထယ်ယောင်းပိုင်ပြီဟု သတ်မှတ်ထားနိုင်သည်။ ကျန် 75℅ ၌ 25℅ သည်မင်ညီအစ်ကိုပိုင်၍ 50℅ သည်တော့ Grayson ဆိုတဲ့ကောင်လေးကပိုင်၏။ အပြည့်အဝပိုင်ဆိုင်ချင်သည့် သူ့အတွက်ရင်ဆိုင်ရမဲ့လူတွေက အင်အားအသင့်အတင့်ဖြင့်စောင့်ကြိုလျက်။
ကင်မ်ထယ်ယောင်းအတွေးသိပ်မှားခဲ့တာ...ရင်ဆိုင်ရမဲ့အကြီးမှားဆုံးက ကူးဆိုတဲ့ ရင်ခုန်သံလှလှလေးဆိုတာ တွေးပင်မကြည့်ခဲ့မိ။လက်ရှိတွဲလာနေစဥ်တစ်လျှောက်လုံး ဒီကောင့်နှလုံသားကို ကစားလိုက်တာမှ စုတ်ပြတ်သတ်နေအောင်။ အဆိပ်တွေပြည့်နေတဲ့ မျက်ဝန်းပြာလဲ့လဲ့လေးတွေ အပြစ်ဆိုချင်ဖွယ်တစ်စက်မှ မရှိတဲ့အထိ။ နှုတ်ခမ်းရဲရဲက ထိထိမိမိနာကျင်အောင်ပြောတက်တဲ့ စကားလုံးလှလှတွေ။ မှန်းရခက်တဲ့စိတ်အခြေအနေတွေ နားလည်ရခက်လွန်းတဲ့အပြုအမူတွေ မသေရုံတမယ်ထိုးစိုက်လာတဲ့ဓားသွားလေးတွေက ကူးငယ်စီကပေမို့ မျက်ရည်တွေနဲ့ ထယ်ယောင်းအတွက် တန်ဖိုးကြီးလွန်းသည်။
ဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံပြန်လည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး...။
"ကျစ်...ကိုင်စမ်းပါကွာ။ စိတ်ပူရလွန်းလို့ရူးတော့မယ်"
ကိုရီးယားမပြန်ဖြစ်ပဲ နယူးယောက််ခ်မှလုပ်ငန်းခွဲတွေ၌ ဦးစီးရင်း ချစ်ရသူပေးတဲ့ပြစ်ဒဏ်တွေ ခံယူနေတဲ့ ဦးလေးကြီးကင်မ်ထယ်ယောင်းဟာ မငြိုမငြင်။ ဒီနေ့နဲ့ဆို 3 ရက်အတိရှိပြီ။ စာမလာ အကြောင်းမကြား ဖုန်းခေါ်တော့လည်းဝင်ရက်သား ချပစ်...တကယ်ပူထူလွန်းလို့ရူးတော့မယ်။ စိတ်ဆိုးစိတ်ကောက်ရင်တောင် ဒီကောင်ကချော့မှာပါ အဆက်အသွယ်ဖျက်ထားတော့ အရူးမီးဝိုင်းပြာယာခတ်နေပုံက အိန္ဒြေပျက်စွာ။
အိပ်ခန်းထဲ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း မနက်အာရုံကတည်းက ထပ်ဖန်တလဲလဲခေါ်နေမိတဲ့ ဖုန်းဟာကိုင်သူမဲ့နေလည်း ဇွဲဟာမလျော့ခဲ့...အခုဆိုညနေပိုင်းဘက်ရောက်လို့လာပြီ။ ကူးစီသာစိတ်ရောက်နေ၍ ဘာမှမစားရသေးတဲ့ဗိုက်ကိုလည်း အာရုံရမနေ။
တစ်ဖက်တွင်လည်း...
"ဂျေ မင်းဖုန်းတွေဆက်တိုက်လာနေတယ်...ဘာတွေရှုပ်ထားပြန်ပြီလဲ..."
"ငါဘယ်သူနဲ့မှရန်မဖြစ်ထားပါဘူး Darling ရာ...အာရုံစိုက်မနေနဲ့ မောသွားရင်ရပ်လိမ့်မယ်"
ဒီရက်ပိုင်းလူကပ်လွန်းတဲ့ဂျေ လိုချင်တာအတွက်လာချွဲနေမှန်းသိပေမဲ့ ချွဲခံရတဲ့သူမှာပန်းတွေပွင့်လို့။ ရှားပါးလွန်းနဲ့နေ့ရက်လေပေမို့ အပန်းဖြေအိမ်ကိုခေါ်တဲ့အခါ ချောချောခြူခြူပါလာသည်။အခုလည်းပေါင်ပေါ်ခေါင်းအုံး၍ Grayson ဖုန်းကိုအပိုင်စီးကာဂိမ်းဆော့နေသူသည် အခန်းထဲကတဂွမ်ဂွမ်မြည်နေတဲ့ဖုန်းအား နည်းနည်းမျှအရေးမစိုက်။ ဆံနွယ်တို့အား ထိုးဖွပေးနေသည့် Grayson လက်တွေအောက် Jeykay ဟာလုံးဝကိုဇိမ်ခံနေသည်။
"Darling အခုထွက်မဲ့ကားမော်ဒယ်ကရှယ်ပဲ သိလား"
"အင်း..."
ဆတ်ခနဲထထိုင်ကာ ဖုန်းအားစားပွဲပေါ်ပစ်တင်လိုက်ပြီး တွန့်ချိုးထားပြန်တဲ့မျက်ခုံးတွေ။ အင်း အွန်း အော် ဆိုတဲ့စကားလုံးတွေက ဂျေမကြိုက်ဆုံးပဲ...အကြောင်းပြချက်လာမမေးနဲ့ မသိဘူး။ ဒေါသအား တံတွေးနဲ့အတူမြိုချပစ်ကာ လိုချင်တာကိုရအောင်တောင်းရဦးမည်...ဘဝကခါးလိုက်တာ။ လူပျိုကြီးတွေကလည်း ဝယ်ပေးလိုက်ရင်ပြီးနေတာကို အခုတော့အောက်ကျခံနေရတယ်။
"ကားဘော်ဒီပိုင်းတွေက လုံးဝငါ့အကြိုက်တွေပဲ သိလား Darling..."
"ကိုယ်မင်းနဲ့ လက်ထက်ချင်ပြီ"
"ဘာ!!!"
ဝိုင်းစက်သွားသော မျက်ဝန်းတွေနဲ့အတူ ထအော်သောအသံနက်နက်ဟာ တစ်အိမ်လုံးဟိန်းထွက်လျက်။
"တွဲလာတာနှစ်တွေကြာပြီ ဂျေ...ထင်တိုင်းကျဲ ရည်းစားထည်လဲတွဲနေတာ ကိုယ်တကယ်မကြိုက်ဘူး။ ကိုယ့်ဂျေကတခြားကောင်တွေ ကောင်မတွေနဲ့ထိတွေ့နေတာ မမြင်ချင်ယောင်ဆောင်ထားရတာပင်ပန်းပြီ...ဂျေ့ အိမ်ကလူတွေလည်းသဘောတူထားပြီပဲ ကိုယ်ကိုလက်ထက်ပါနော်"
ဂနာမငြိမ်သည့် မျက်ဝန်းပြာတွေဟာလှုပ်လှုပ်ရှားရှား လွင့်စဲမျောစဲအခြေအနေကိုပဲသဘောကျတာ။ ကြိုးတွေနဲ့ချည်မဲ့ ဆက်ဆံရေးတွေမှာ အထိန်းအချုပ်တွေဟာရှိကိုရှိနေမှာ...အရာရာသည်းခံပေးထားတဲ့ Grayson ကိုလည်း ငြင်းဆန်ရမှာ အားနာသည်။ Grayson ဟာလူကောင်းတစ်ယောက် Jeykay လိုအဆိုးအသွမ်းနဲ့မလိုက်ဖက်ဘူး...ချစ်ပေးတာနဲ့တင်လုံလောက်နေပြီ။ ညီလေးတစ်ယောက်လိုပဲသဘောထားကြောင်း မျှော်လင့်ချက်တွေနဲ့ကြည့်နေတဲ့ မျက်ဝန်းပိုင်ရှင်ကိုမဖွင့်ဟရက်။
ဒီကိစ္စချွန်လွှတ်လိုက်သူဟာ နှစ်ယောက်မရှိသည့် မြောင် ဆိုတာတွေးကြည့်တာနဲ့ပြေးသိသည်။
"ကိုယ်မင်းကိုချစ်တယ် ကိုယ့်ကိုလက်ထက်ပါ ဂျေ...မင်းစီကပထမဆုံးတောင်းဆိုနေတာ မငြင်းပါနဲ့လား"
"ဟင့်အင်း...ငါ...ငါအဆင်သင့်မဖြစ်သေးသလို မင်းကိုလည်း မချစ်သေးဘူး။ မဟုတ်ဘူး အချစ်ဆိုတာကို မသိဘူး...မခံစားကြည့်ချင်ဘူး"
"ဂျေ !"
"ငါ့ကို နေရကြပ်အောင်မလုပ်စမ်းပါနဲ့ ! ငါမလုပ်ချင်တဲ့အရာတွေ တွန်းအားပေးတာ မကြိုက်မှန်းမင်းအသိဆုံးနော် Grayson !"
Grayson လက်တွေတင်းနေအောင် ဆုတ်မိသွားသည်။ Darling လို့သာခေါ်ခဲ့တဲ့သူက နာမည်အရင်းကိုအော်ခေါ်လိုက်သည့်အခါ ဒေါသအရင်းခံလေးကပေါက်ထွက်ချင်လာပြီ။ ခေါင်းအားတဖျင်းဖျင်းကုတ်ကာ စီးကရက်တွေရှိုက်ဖွာရင်း နိမ့်ချည်မြင့်ချည်ရင်ဘတ်တွေဖြင့် ဂျေရဲ့စိတ်ရှုပ်နေပုံကရူးလောက်သည်။ စိတ်မချနိုင်တာဒါတွေ...အခုနောက်ပိုင်းဂျေကသူတွဲနေတဲ့ ဘဲကြီးနဲ့သာမာန်ထက်ပိုနေတာ သတင်းတွေနားနဲ့မဆံ့အောင်အထိ။ ဂျေဆက်ဆံပုံတွေက အရင်လူတွေနဲ့မတူကြောင်း မြည်နေတဲ့ဖုန်းသံတွေကသက်သေ။
"ဘာလို့လဲ! ဘာကြောင့်လဲ ဂျေ!!..မင်းစီဖုန်းခေါ်နေတဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်ကြောင့်လား...အဲ့ဘဲနဲ့တွဲကတည်းကမင်းစောက်ချိုးတွေ ကိုယ့်အပေါ်ပြောင်းလွန်းနေတာ မသိဘူးထင်နေလား!"
"မဆိုင်တာပတ်မရမ်းနဲ့ !!"
"ကိုယ်သတ်မှာနော်...မင်းရှုပ်တာပွေတာသည်းခံပေးနိုင်တယ် အဆုံးသတ်မှာ Grayson ဆိုတဲ့ဒီကကောင်နဲ့ပဲလက်ထက်ရမှာ Jeykay ! ငါမလုပ်ဘူးမထင်နဲ့ "
"အားရှ်...စိတ်ပျက်ဖို့ကောင်းလိုက်တာ F**K! "
Online Class ကိစ္စတွေကြောင့်နောက်ကျနေတာ စိတ်မဆိုးကြပါနဲ့ဗျာ
ဒဏ္ဍာရီ အက်ကြောင်း ဆိုတဲ့ အသစ်လေးတင်ထားတယ် နိုတီမတက်ဘူးဆိုလို့≧﹏≦
Love you all ❤
**************
*Zawgyi*
Advertisement
"ဘယ်ကဖုန်း...ဟင်...ခင်ဗျား"
"ငါ့ကိစ္စပါ !"
"ဟဟ...!"
"မလှောင်ပါနဲ့ကွာ"
"ထယ်ယောင်းဂီး..."
"ဗျာ ကိုယ့်ရဲ့ကူး"
"ကျုပ်နဲ့ တွဲမလား"
"က...ကူး"
"အဆိုးလေးပဲ"
"ဟဟ စိန်လိုက်လေ..."
တစ်ဖက်တွင်လည်း...
"အင်း..."
Advertisement
- In Serial53 Chapters
Plague Children
Years ago, in the country of Sei'O, a plague spread and turned half of their population to stone. The children of those infected were born with skin abandoned of all color. Completely grey, they were known as Plague Children. Though they possessed no ability to spread the plague, they were heavily mistreated, discriminated against, ostracized, and often times killed at their younger ages. The story follows the young Plague Child Ora, as he gains one of the strongest relics the world would ever come to see. With it, everything changes with relative ease. What fate awaits this world that heavily mistreated Ora? In this world of magic, relics, and ancient arts, no one could be certain. Tags OP Main Magic High Fantasy Races Lore World Building Evil Main Multiple Views Multiple Arcs Relics Tragedy Grimdark Strategical Politics Evil Organization Light Humo Death Elves Beastkin Magic Technology
8 194 - In Serial14 Chapters
Wrath of the chosen (DROPPED)
Wrath of the chosen follows Jon sizlash, a forensic pathologist that is brutally murdered by some hired guns. However instead of going to whatever awaits you after death, his soul is summoned by Rignath the god of entertainment, for the purpose of saving another world while bringing joy to the gods of the multiverse. Unsurprisingly Jon gets pissed and promises two things to Rignath; 1 that he will save the world, but he will do so using his methods and 2 that when he is done Rignath owes him any one favor. DROPPED
8 194 - In Serial7 Chapters
Digital Immigrant
This is the story of how James Allen Quick and Sarah Lynn Abernathy died. By 'died', I mean that their hearts stopped, their brains ceased sending electrical impulses, and all other physical functions terminated. Immediately after which, their bodies were placed into an industrial furnace, reduced to ash, and the ash was spread about in one of the last forest reserves in North America. As ash-spreading locations go, this ranked third. First and second places were, of course, a person’s favorite athletic team’s playing field and the sea. Or rather, I should say that this is how the story begins. You see, it’s what came after that is so interesting.
8 183 - In Serial15 Chapters
The Foxy Dungeon
Inspired by stories like The Slime Dungeon and Arnar the dungeon, This is my dungeon tale with the mystical Yokai, Kitsune! Kitsune, Foxes with great magical power as well as being naturally gifted in illusions. They also hold the power to take human form. Now is the time to make their race known to the world through the powers of a newly born dungeon!
8 249 - In Serial27 Chapters
Black Butler/Kuroshitsuji 7 Minutes in Heaven
Another set for the 7 Minutes In Heaven game! A simple meeting in the closet in seven minutes can change everything! Even the unlikeliest of friends may change into the unexpected. Of course, who wouldn't turn down the offer of playing a game when there are pleasant-looking, marriageable bachelors surrounding you?
8 166 - In Serial6 Chapters
MoshiMonsterXReaderXDonaldTrumpXDonaldDuck
*co-writter ~ bearsandcupcakes*What happens when Donald Trump finds out that the creator of his favourite game Moshi Monsters is a mexican? Can he deport his feelings??
8 194