《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(19) အရေးပေါ်အခြေအနေ
Advertisement
Unicode
တောင်ကိုတိုက်ခိုက်၊ ဝင်ရောက်စီးနင်း၊ မြွေအမှတ်အသား
ယခုအခါတွင် တစ္ဆေကျင့်ကြံသူများ၏ ခိုအောင်းရာနေရာကို ဆုံးဖြတ်ပြီးနောက် သူတို့သည် ထိုနတ်ဆိုးများအားလုံးကို တစ်ကြိမ်တည်းဖြင့် ဘယ်လိုအပြတ်ရှင်းရမည်ကို စတင်စီစဉ်ခဲ့ကြသည်။
ထောင်ရှန်း၏ အဆိုအရ၊ တောင်ဘုရားကျောင်းပေါ်က အဖွဲ့ကိုပြန်ပေးဆွဲရန် တစ္ဆေကျင့်ကြံသူ တစ်ဒါဇင်ခန့်ရှိသော်လည်း ပိုင်မာတောင်ထိပ်တွင် အမှန်တကယ် မည်မျှရှိနေသည်ကို မသိရပေ။
ဂိုဏ်းခွဲလေးခုမှ ခေါင်းဆောင်များသည် စားပွဲတစ်ခုတွင် စုဝေး၍ ဆွေးနွေးကြလေသည်။
ကျိုးပိုင်နန်က ဦးဆောင်ပြီး - "ထုံးစံအတိုင်း ငါတို့တွေ သူတို့ကို ဘက်ပေါင်းစုံကဝိုင်းပြီး တိုက်ရမှာ"
ချွီချီက ခေါင်းခါလိုက်ပြီး “အဲဒါက ကောင်းတဲ့အကြံမဟုတ်ဘူး၊ အထဲထဲမှာ တစ္ဆေကျင့်ကြံသူ ဘယ်နှစ်ယောက် ပုန်းနေလဲ ငါတို့သိတာမဟုတ်ဘူး။ တကယ်လို့ ငါတို့သာမဆင်မခြင် ဝင်တိုက်ပြီး အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့ကတော့ ဒဏ်ရာမရဘဲ ပြန်ဆုတ်နိုင်ပေမယ့် ကျန်တဲ့တပည့်တွေကရော ဘယ်လိုလုပ်မလဲ?"
"ဒါဆိုငါတို့ ဘယ်လိုရှေ့ဆက်သင့်တယ်လို့ မင်းထင်လဲ?" ကျိုးပိုင်နန်က ပြန်တုံ့ပြန်လိုက်သည်။ "အရင်ဆုံး ပိုင်မာတောင်ကိုဝိုင်းပြီး ဂိုဏ်းလေးခုဆီ နှိမ်နင်းဖို့စစ်ကူတွေ ထပ်ပို့ခိုင်းလိုက်ရင်ရော?"
ဝမ်ရွှယ်ချန်က မဆိုင်းမတွ ပြန်ဖြေသည်။ “မရပြန်ဘူး”
ရွှီရှင်းကျီက သူ့ပါးပေါ် လက်ထောက်လိုက်ပြီး "ရွှယ်ချန် ပြောတာမှန်တယ်"
သူ့သဘောတူချက်ကို ထုတ်ဖော်ပြီးနောက်၊ သူသည် သူတို့၏အမိန့်ကို စိတ်ရှည်စွာစောင့်ဆိုင်းနေသော တပည့်အုပ်စုဆီသို့ လှည့်၍ ကျပန်းရွေးချယ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။ "လုယွီကျို့၊ မင်းတို့ချင်းလျန်တောင်ကြားဟာ တစ်နှစ်ပတ်လုံး အစီအရင်မျိုးစုံ လေ့လာနေတာပဲလေ။ အခုတော့ တစ္ဆေမျိုးနွယ်စုက လူအများကြီးကို ပြန်ပေးဆွဲပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့ ဝိညာဉ်ရောင်ဝါရှိတဲ့ တောင်ကိုတောင်ရွေးခဲ့တယ်။ သူတို့ရဲ့တစ္ဆေရောင်ဝါတွေကို ဖုံးကွယ်ဖို့ အစီအရင်ကြီးကြီးတစ်ခု ဖန်တီးဖို့ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ငှားယူရလိမ့်မယ်။ အဲဒီအစီအရင်တွေကို ကျင့်ကြံဖို့အတွက် အသုံးချချင်ရင် ဘယ်နှစ်ရက်လောက် လိုမယ်ထင်လဲ?"
ချင်းလျန်တောင်ကြားတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများရှိပြီး အဆင့်ရာထူးကို ရှင်းလင်းစွာ ခွဲခြားထားသည်။ လက်ရှိလူများထဲတွင် လုယွီကျို့ထက် နောက်ကျမှ အတွင်းစည်းတပည့်အဖြစ်သို့ ရာထူးတိုးခံရသူ တစ်ယောက်မျှမရှိပါ။ သူ့ရှေ့မှာ စီနီယာတွေရှိတာကြောင့် ခွင့်ပြုချက်မရှိဘဲ မနှောက်ယှက်ဝံ့ပေ။
ဝမ်ရွှယ်ချန်က သူ့ကို တိတ်တဆိတ် သဘောတူလိုက်မှသာ ထုတ်ပြောလာသည်။ “72နာရီ တိတိ။ ဒီရွာသားတွေ ပြန်ပေးဆွဲခံရတာ နှစ်ရက်ကျော်သွားပြီ။ တကယ်လို့ ကျွန်တော်တို့သာ ကျွန်တော်တို့ဂိုဏ်းဝင်တွေဆီက အကူအညီတောင်းနေရင် စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ပေးရင်တောင် အရမ်းနောက်ကျသွားမှာစိုးရတယ်။ သူတို့ရဲ့ တစ္ဆေရောင်ဝါတွေကို ဖုံးနိုင်အောင် အစီအရင် သန့်စင်ပြီးတဲ့အထိ စောင့်ရမယ်ဆို၊ ဝိညာဉ်ကိုတောင် အောင်အောင်မြင်မြင် ဆင့်ခေါ်နိုင်တဲ့အစီအရင်ရဲ့ စွမ်းအားကနေ ကျားကိုအတောင်ပံနဲ့ တန်ဆာဆင်ပေးလိုက်သလိုမျိုး၊ ရေထဲမှာငါးကို လွှတ်ချလိုက်တာနဲ့ တူတူပဲ။ သူတို့ကို ဖိနှိပ်ဖို့ ပိုခက်သွားလိမ့်မယ်”
ရွှီရှင်းကျီက "ဒီကလေးက တော်တော်တော်သားပဲ။ သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက တော်တော်လေးပြီးပြည့်စုံပြီး သေချာလည်း ကျင့်ကြံထားတယ်"
လုယွီကျို့၏ ခွဲခြမ်းစိတ်ဖြာမှုသည် အမှန်တကယ်ပင် ကောင်းမွန်လွန်းသောကြောင့် ကျိုးပိုင်နန်ပင် သူ့ကို နောက်ထပ်အနည်းငယ် မကြည့်ဘဲမနေနိုင်ပေ။
ဝမ်ရွှယ်ချန်သည် သူ့ဘီးတပ်ကုလားထိုင်၏လက်မောင်းကို လက်ညှိုးဖြင့် စည်းချက်ညီစွာ ပုတ်လိုက်ကာ ရွှီရှင်းကျီကို ကြည့်လိုက်သည်။ "မင်းကငါတို့ တောင်ကြားက တပည့်တွေနဲ့ တော်တော်ရင်းနှီးတာပဲ"
ဒါကိုကြားတော့ လုယွီကျို့ မသိစိတ်မှ သူ့အဝတ်တွေရဲ့ ချည်သားကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်မိသည်။
သို့သော်လည်း ရွှီရှင်းကျီက “လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အရှေ့ဧကရာဇ်ရဲ့ ယဇ်ပူဇော်ပွဲအခမ်းအနားမှာ ကံကောင်းပြီး သူနဲ့ တစ်ကြိမ်တွေ့ခဲ့တယ်လေ။ သူကငါ့ဖုန်းလင်တောင်ရဲ့ တပည့်တွေကိုကယ်ခဲ့တယ်၊ သစ္စာရှိပြီး ဖြောင့်မတ်တယ်၊ သူက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပဲ။ မင်းသူ့ကို နည်းနည်းလောက် ကြိုးစားပြီး တိုးတက်အောင်လုပ်ပေးသင့်တယ်။ မင်းငါပြောတာကြားလား ဝမ်ပိုင်မောင်?"
ဝမ်ရွှယ်ချန်မှာ အခြားသူကို ကြုံသလိုမြှောက်ပင့်တတ်တဲ့ ဒီလိုအရှက်မရှိတဲ့ လူမျိုးနဲ့တွေ့သောအခါ သူလည်း စကားမပြောနိုင်တော့။ "ရွှီရှင်းကျီ၊ မင်းစိတ်ထဲမှာ အကြံတစ်ခုခုရှိရင် မြန်မြန်ပြော၊ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့"
ရွှီရှင်းကျီက သူ့မျက်နှာရှေ့တွင် ကျနေသော အစိမ်းရောင်ဖျော့ဖျော့ဆံပင်စည်းကို ခေါင်းနောက်သို့ ပြန်တွန်းလိုက်သည်။
"တကယ်တော့ ငါ့မှာ နည်းလမ်းရှိတယ်" သူပြောရင်း ပြုံးလာသည်။ "...ဒါပေမယ့်နည်းနည်းတော့ အန္တရာယ်များတယ်”
ဝမ်ရွှယ်ချန်: "....ပြောကြည့်"
ရွှီရှင်းကျီက စိတ်အားထက်သန်စွာ ပြန်ပြောသည်။ "ဘက်ပေါင်းစုံကနေ အငိုက်ဝင်တိုက်ပြီး တောင်ကို အပြင်ကနေ ဖောက်ခွဲလိုက်"
ကျိုးပိုင်နန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဒါဘယ်လို ဖြေရှင်းချက်ကြီးလဲ?"
ဝမ်ရွှယ်ချန်က မပြုံး။ သူက မျက်မှောင်ကြုတ်ပြီး ပြောသည်။ "....ဖြစ်နိုင်လောက်တယ်”
ချွီချီကလည်း “ဒါတကယ်ဖြစ်နိုင်တယ်။ ငါသိသလောက်တော့ တစ္ဆေမျိုးနွယ်တွေက သူတို့ရဲ့အစီအရင်ဆွဲတဲ့အခါ ယဇ်ပလ္လင်တစ်ခုတည်၊ စင်မြင့်မြင့်လုပ်ပြီး ဝိညာဉ်တွေကို ကိုးကွယ်ရမယ်။ အခုတော့ သူတို့ရဲ့အိမ်တွေ ဆုံးရှုံးသွားရပြီး ပိုင်မာတောင်မှာတောင် ဝိညာဉ်စွမ်းအင် ငှားသုံးဖို့လိုနေတဲ့ ခွေးတွေဖြစ်နေကြပြီ။ ပိုင်မာတောင်ထိပ်မှာ ယဇ်ပလ္လင်ကို ကြီးကြီးကျယ်ဆောက်ဖို့ မဖြစ်နိုင်တာကြောင့် ပွေးတွေလိုပဲ ယဇ်ပလ္လင်တည်ဖို့အတွက် တောင်ပေါ်ကစွမ်းအင်ကို ချေးယူဖို့ နေရာတူးထုတ်ကြမှာ”
"သူတို့က အစီအရင်တစ်ခုဆွဲဖို့ပဲ ကြိုးစားနေတာမဟုတ်ဘူးလား?" ရွှီရှင်းကျီက လိမ္မာပါးနပ်စွာ ပြုံးပြရင်း "အဲဒါမတိုင်ခင်၊ ပိုင်မာတောင်မှာ သူတို့လွတ်လမ်း ဘယ်လောက်ရှိလဲ ရှာကြည့်ရအောင်၊ ပြီးရင် အပြင်ဘက်ကနေ ပိုင်မာတောင်ထိပ်ကို ငါတို့ လေးယောက်ရဲ့ အင်အားတွေပေါင်းပြီး တိုက်လိုက်မယ်-- တကယ်တော့ ငါတို့သာ သူတို့ရဲ့ယဇ်ပလ္လင်ကို ဖျက်စီးပြီး သူတို့ဆွဲထားတဲ့ ယဇ်ပူဇော်တဲ့အစီအရင်မှာ အက်ကွဲကြောင်းဖြစ်သွားအောင် ဖန်တီးနိုင်ရင် ခွဲထွက်စရာမလိုပါဘူး။ သူတို့အစီအရင်ပျက်သွားလို့ ထိတ်လန့်တကြားဖြစ်သွားတာနဲ့ သူတို့ဆက်ပြီး မာနကြီးနိုင်ပါအုံးမလား?”
Advertisement
"အချိန်ကျလာရင်၊ ငါတို့က ရှာတွေ့ထားတဲ့ လမ်းကြောင်းမှန်အတိုင်း လိုက်သွားဖို့ပဲလိုတယ်၊ အဲဒါကငါးတွေကို စည်ထဲပစ်လိုက်သလိုပါပဲ"
ဆွေးနွေးပွဲအပြီးတွင် သူတို့သည် ထောင်ရှန်းငယ်လေးကို လက်ဖက်ရည်ဆိုင်တွင် အခြေချလိုက်ကြသည်။
သူဌေးက ဒီကလေးကို သနားသွားပြီး လက်ဖက်ရည်နဲ့ ရေနွေးကျိုဖို့ သူ့ဆိုင်မှာ ထားဖို့ ဆုံးဖြတ်လိုက်ပေသည်။ အသက်နည်းနည်းကြီးလာတဲ့အခါ ဆက်နေမလား၊ ထွက်သွားမလား ဆုံးဖြတ်ချက်ချနိုင်ပြီး သူဌေးက သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးပါလိမ့်မယ်။
ဝမ်ရွှယ်ချန်ဟာ ပြင်းထန်တဲ့ နှလုံးရောဂါနဲ့ သွားလာရခက်ခဲတဲ့အတွက် ကျိုးရှန့်ကသူ့ကို ခေါ်သွားပြီး တပည့်များကို ပိုင်မာတောင်သို့ အစီအရင်တည်ဆောက်ရန် ဦးဆောင်ခဲ့သည်။ ကျိုးပိုင်နန်နှင့် ဝမ်ရွှယ်ချန်တို့က နောက်မှအနီးကပ်လိုက်ကြပြီး ပိုက်ဆံရှင်းနေရသော ရွှီရှင်းကျီမှာ လက်ဖက်ရည်ဆိုင်မှ နောက်ဆုံးလိုက်သွားခဲ့သည်။
ကျန်တဲ့အဖွဲ့တွေနဲ့ လိုက်မှီပြီးနောက်၊ သူပထမဆုံးလုပ်တာက ချွီချီရဲ့ တောင်မွှေးအစွန်းကိုဆွဲပြီး အုပ်စုရဲ့နောက်ဘက်ဆီ ဆွဲထုတ်လိုက်တာပါပဲ- "ချွီချီ၊ ချွီချီ၊ ဒီကိုလာ၊ ငါမင်းကို ကောင်းတာတစ်ခုပြမယ်"
ချွီချီက သူကျေနပ်သလို လုပ်ခွင့်ပေးထားပြီး "ဘာမို့လို့လဲ?"
ရွှီရှင်းကျီက စက္ကူအိတ်ဖြင့်ထုပ်ထားသော သကြားလုံးတုတ်ချောင်းကို သူ့အင်္ကျီလက်ထဲမှ ဆွဲထုတ်လိုက်သည်။
ချွီချီ- ".....???”
“ငါနွှေးထားတာ၊ ငါ့ဆရာချင်ကျင့်-ကျွင်းက ငါ့ကိုအမြဲ အလိုလိုက်ပေမယ့် လတိုင်းဝိညာဉ်ကိရိယာတွေလုပ်ဖို့ ဝိညာဉ်ကျောက်တုံး တစ်ရာပဲပေးတယ်လေ။ သကြားလုံးချောင်းတစ်ချောင်းအတွက်နဲ့ ဝိညာဉ်ကျောက်တစ်ရာပေးဖို့က ငါ့အတွက်နည်းနည်း မြင့်လွန်းတယ်" ရွှီရှင်းကျီက သူ့လက်ထဲမှာ သကြားလုံးတွေကို ကိုင်လိုက်ပြီး "အဲ့တော့ မင်းအတွက်ပဲ ငါဝယ်လာတာ၊ ငါကတကယ့် သူငယ်ချင်းကောင်းပဲအာ"
ချွီချီမှာ ငိုရမလားရယ်မလားမသိ။ ဒီအတိုင်း သကြားလုံးချောင်းတွေကိုသာ ကျော်သွားလိုက်ပြီး "...ကျေးဇူးပဲ"
"....ဒါဘာသဘောလဲ?"
"မလိုပါဘူး" ချွီချီက ပြန်ဖြေလိုက်သည်။ "ဆရာကငါ့ကို ငယ်ငယ်ကတည်းက သင်ထားတယ်၊ ကျင့်ကြံသူဆိုတာ သာမာန်ကမ္ဘာက အရာတွေအပေါ် မတက်မက်ရဘူးတဲ့။ ဒါပေမယ့် မင်းကိုပေးရမယ့် ဝိညာဥ်ကျောက်တွေကိုတော့ မပေးဘဲပြေးမှာ မဟုတ်ပါဘူး၊ မင်းစိတ်ချလိုက်"
ချွီချီရဲ့ကတိကြောင့် ရွှီရှင်းကျီမှာ နောက်ဆုံးတော့ သက်သာရာရသွားတော့သည်။
သူသည် သကြားလုံးချောင်းများကို ပါးစပ်ထဲသို့ ထည့်ကာ သကြားလုံးကို ကိုက်ပြီးနောက် တစ်ခုခုကိုသတိရသွားကာ သူလှည့်ပြီး မေးလိုက်သည်။ “ဒါနဲ့၊ ပြောချင်တာက မင်းဒီလို သရေစာမျိုးတွေ တခါမှမစားဖူးဘူးပေါ့?”
ချွီချီက ရိုးသားစွာ ခေါင်းခါလိုက်သည်။
ကိုယ်ချင်းစာစိတ်ရှိသော်လည်း ရွှီရှင်းကျီက သူ့ကို နောက်ပြောင်သည့်ပုံစံဖြင့် “အချိုအရသာက ဘယ်လိုမျိုးလဲသိလား? မင်းမစမ်းချင်ဘူးလား?"
"သေချာပေါက် ငါစဉ်းစားကြည့်တာပေါ့" ချွီချီက နွေးထွေးစွာ ပြန်ပြောလိုက်သည်။ “ဆရာက ခွင့်မပြုဘူးလေ။ အဲ့တော့ ငါလည်းဆင်ခြင်လိုက်တယ် ဒါပဲ....မင်းလည်းသိပါတယ်၊ ငါမွေးတုန်းက ငါ့မိဘတွေက ရေထဲမျှောပြီး စွန့်ပစ်ခဲ့ပြီး ဘုရားကျောင်းတစ်ခုက မွေးစားခဲ့တာ။ ဆရာဖြတ်သွားပြီး ငါ့မှာ ဝိညာဉ်အရင်းမြစ်နှင့် ကျင့်ကြံနိုင်စွမ်းရှိတာ တွေ့သွားတော့ တန်းယန်တောင်ပေါ်ခေါ်ပြီး ငါ့ကိုဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ငါဆရာ့အပေါ်မှာ အများကြီးကြွေးတင်နေတော့ သူသွန်သင်တာကို နာခံသင့်တာပေါ့”
ချွီချီကို စနောက်ပြီးနောက် ရွှီရှင်းကျီသည် သကြားလုံးကိုကိုက်ပြီး ကျိုးပိုင်နန်ဆီ ပြန်လှည့်သွားသည်။ "ရှောင်ပိုင်ပိုင်"
ကျိုးပိုင်နန်က မျက်လုံးလှိမ့်ကာ “....မင်းဘာလို့ ဂနာမငြိမ်ရတာလဲ? အခုရော ဘာလိုချင်ပြန်ပြီလဲ?"
"ဘာမှမလုပ်ပါဘူး" ရွှီရှင်းကျီက သကြားလုံးတွေကို သူ့ပါးစပ်ထဲမှာ သကြားလုံးတွေကို စုပ်ထားပြီး "ငါမေးချင်တာက ရှောင်ရှန့်အာနဲ့ ရွှယ်ချန်တို့ကြားက ကိစ္စက ဘယ်တော့ပြေလည်မလဲလို့?"
(T/N: မင်္ဂလာကိစ္စကို ပြောချင်တာပါ)
ဒါကိုပြောလိုက်တော့ ကျိုးပိုင်နန်က သူ့ကို တံတောင်နဲ့ထိုးလိုက်သည်။ "ကဲ၊ ရှူး ရှူး၊ လစ်တော့၊ ငါ့ညီမကိစ္စမှာ မင်းနှာခေါင်းကြီးဝင်မပါလာနဲ့၊ မင်းအတွက်မင်းပဲ အဖော်ကောင်းကောင်း ရှာစမ်းပါ"
ရွှီရှင်းကျီက ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။ "မင်းတောင် အလျင်မလိုတာ၊ ငါလည်း အလျင်မလိုပါဘူး"
"ရူကျိုးက မဆိုးဘူးထင်တာပဲ" ကျိုးပိုင်နန်က "သူမကြည့်ရတာ မင်းကိုနည်းနည်း စိတ်ဝင်စားနေသလိုပဲ"
ရွှီရှင်းကျီက သူ့ပါးကို ကုတ်လိုက်ပြီး "ရူကျိုးအာ၊ သူက မိန်းမကောင်းလေးပဲ၊ ဒါပေမယ့်....ငါ့အစ်ကိုက သူမကို အရမ်းကြိုက်တယ်ထင်တယ်"
ကျိုးပိုင်နန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “...ရွှီဖျင်ရှန့်? မင်းသူ့ကိုဘာလို့ ဂရုစိုက်နေတာလဲ? လက်မထက်ရသေးတဲ့ယောက်ျားနဲ့ လက်မထပ်ရသေးတဲ့ မိန်းမပဲလေ။ ဘယ်လိုလုပ် ဒီလိုကိစ္စတွေကို ဦးစားပေးစနစ် ကျင့်သုံးနေရမှာလဲ?"
ရွှီရှင်းကျီက ထုတ်ပြခဲသော ချောင်ပိတ်မိသည့် ကျောက်တုံးတစ်တုံး၏ အမူအရာပြလာသည်။ "ငါ့အစ်ကိုက သူမကိုကြိုက်တာ ငါသိပြီးသားလေ၊ ဒါကြောင့် သူမကိုလိုက်ရင် ငါ့အတွက် ကောင်းမှာမဟုတ်ဘူး။ ပြီးတော့ ငါ့မှာသူမအတွက် အချစ်ရေး ခံစားချက်တွေလည်း မရှိပါဘူး။ ငါသာ သူမနဲ့တွဲလိုက်ရင် သူမအပေါ် အမှားလုပ်မိလိမ့်မယ်"
“ရူကျိူးက ငါတို့ဂိုဏ်းလေးခုလုံးမှာ နာမည်ကြီးတဲ့ အလှလေးလေ။ မင်းကသူမနဲ့ နေ့တိုင်းညတိုင်း ထိတွေ့ဆက်ဆံနေရတာတောင် ခံစားချက် မပေါ်သေးဘူးလား?" ကျိုးပိုင်နန်က ချီးကျူးစကားဆိုသည်။ "....မင်းကတော့ တကယ်ကိုထူးဆန်းတဲ့လူပဲ"
ရွှီရှင်းကျီ ပြန်ဖြေတော့မယ့်အချိန်မှာ အနီးနားက တောင်ပေါ်ကနေ အရမ်းပျော်နေတဲ့ခေါ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ “ရှစ်ရှုန်းးးးးးးးးး—”
ထိုအော်သံကို ချွီချီကြားသောအခါ အံ့ဩသွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။
Advertisement
ကျိုးပိုင်နန်မှာ ဤအသံကို ယခင်ကတည်းက အကြိမ်များစွာကြားခဲ့ရပြီး ရွှီရှင်းကျီထက် အရိပ်အကဲပိုမြန်သည်။
သူက စနောက်လိုက်သည်။ “မင်းမိသားစုက ရှစ်သိလေးနှစ်ယောက်က မင်းနားကပ်နေရတာ အရမ်းသဘောကျတာပဲအာ”
ရွှီရှင်းကျီက သူ့ကို ပြန်မကဲ့ရဲ့တော့ဘဲ သူ့ဓားနဲ့လေထဲ ပျံတက်သွားပြီး တောင်ကြားတွေကြားမှာ စုပြုံနေတဲ့ ကောင်စုတ်လေးနှစ်ကောင်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ သူဓားကို ယက်တောင်ထဲ ပြန်ထည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ ယက်တောင်ခေါင်းဖြင့် ခေါင်းများကို တစ်ချက်စီခေါက်လိုက်သည်။ "ဝမ်ရှစ်ရှုန်းနောက် အရင်လိုက်သွားဖို့ ငါပြောခဲ့တယ် မဟုတ်ဘူးလား? မင်းတို့ဘာလို့ ဒီရောက်နေတာလဲ?"
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီကို လုံးဝမကြောက်ဘဲ အရွယ်ရောက်ပြီးကောင်လေးအနေနဲ့လည်း မရှက်သွားပေ။ သူကလက်တွေကို ဆန့်ထုတ်ပြီး ရွှီရှင်းကျီရဲ့ခါးကို ပတ်ကာ "ရှစ်ရှုန်းကို လွမ်းလို့ပါ၊ ရှစ်ရှုန်းနဲ့ နေချင်တယ်"
ရွှီရှင်းကျီက သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးထားသည်။ "....ငါတို့ ကွဲတာဖြင့် ဘယ်လောက်ကြာသေးလို့လဲ?"
မုန့်ချုံ့ကွမ်းက သူ့လက်နှစ်ဖက်ကြားထဲ တိုးဝှေ့ရင်း “မသိဘူး၊ မတွေ့တာကြာပြီလို့ပဲ ခံစားရတယ်”
ရွှီရှင်းကျီ သူ့ကိုဘာမှ မလုပ်နိုင်တော့ဘဲ ခေါင်းကိုပွတ်သပ်လိုက်ကာ သူ့ဘေးနားက ကျို့ကျစ်သမ်းကို မေးလိုက်သည်။ "မင်းကရောဘာလို့ သူနဲ့လိုက်ရှုပ်နေရတာလဲ?"
ကျို့ကျစ်သမ်း၏ စကားမှာ ယခင်အတိုင်း တိုတိုတုတ်တုတ်ပင်။ "....သူလျှောက်သွားပြီး ပြဿနာရှာမှာ စိုးလို့ပါ”
ရွှီရှင်းကျီက ထပ်မေးလိုက်သည်။ "မင်းတို့လမ်းတစ်ဝက်ကနေ ခိုးထွက်လာကြတာလား?"
မုန့်ချုံ့ကွမ်းက ခေါင်းညိတ်သည်။ "အင်း!"
"အင်း ဘာအင်းလဲ? ဂုဏ်ယူနေတာလား?" ရွှီရှင်းကျီက လေးနက်သောမျက်နှာဖြင့် "ဝမ်ရှစ်ရှုန်း မင်းကိုဆူရင် ငါဝင်ပါမှာမဟုတ်ဘူးနော်"
မုန့်ချုံ့ကွမ်း၏ ပြုံးနေသော မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားကာ မြူများကြားတွင် ဖုံးအုပ်သွားလေသည်။ "ရှစ်ရှုန်းက ကျွန်တော့်ကိုအဆူ မခံစေချင်ဘူးပဲ"
မုန့်ချုံ့ကွမ်း၏ စကားဝိုင်းမှ လုံးဝဖယ်ထုတ်ခံထားရသော ကျို့ကျစ်သမ်းမှာ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘဲ ရွှီရှင်းကျီအပေါ်သာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ "ရှစ်ရှုန်း၊ သွားရအောင်"
ရွှီရှင်းကျီက သက်ပြင်းချပြီး သူ့လက်ထဲမှာ ကျန်ရှိနေတဲ့ သကြားလုံးတွေကို ကျို့ကျစ်သမ်းအား ပေးခဲ့သည်- "ကောင်းပြီလေ၊ သွားရအောင်"
ကျို့ကျစ်သမ်းက ၎င်းကိုလက်ခံပြီး တစ်ကြိမ်သာကိုက်စားကာ မြတ်နိုးစွာကိုင်ထားသည်။
ဤသကြားလုံးချောင်းတွေကြောင့်၊ မုန့်ချုံ့ကွမ်းမှာ ကျို့ကျစ်သမ်းအား မနာလိုစိတ်ဖြင့် လမ်းတစ်လျှောက်လုံး စိုက်ကြည့်နေတော့သည်။
ရွှီရှင်းကျီ၏ ပေါက်စများကိုကာကွယ်ပေးတတ်သည့် အလေ့အထကို သူကောင်းကောင်းသိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရွှီရှင်းကျီ၏အဖွဲ့ ပိုင်မာတောင်သို့ရောက်ရှိပြီး ဝမ်ရွှယ်ချန်နှင့်သူ့အဖွဲ့နှင့် တွေ့ဆုံသောအခါတွင် ဝမ်ရွှယ်ချန်က ဖုန်းလင်တောင်တပည့်နှစ်ယောက် လမ်းတစ်ဝက်မှာ ထွက်ပြေးခဲ့ကြတာအပေါ် ဘာမှမပြောခဲ့ပေ။
ဟုတ်တာပေါ့၊ သူ့ကိုယ်ပိုင်ဂိုဏ်းမဟုတ်တဲ့ တပည့်တွေရဲ့ကိစ္စမှာ ဝင်ပါဖို့လည်း ပျင်းလွန်းတယ်လေ။
သူသည် မြေပုံကြမ်းပေါ်တွင် တစ္ဆေကျင့်ကြံသူများ ရှိနေသည့်နေရာကို အတည်ပြုပြီး ရွှီရှင်းကျီနှင့် အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် ညွှန်ပြခဲ့သည်။
ဤဧရိယာသည် ကီလိုမီတာ 500အချင်းဝက်အတွင်း လူသူမရှိတာကြောင့် ဤတစ္ဆေကျင့်ကြံသူများမှာ တောယုန်များလို တတိတ်တဆိတ် ခိုးဝင်လာပြီး ပိုင်မာပင်မတောင်ထွတ်တွင် ဂူခုနစ်ပေါက်ခွဲကာ ပုန်းအောင်းနေကြသည်။
ရောက်ရှိလာသောအဖွဲ့တွင် စုစုပေါင်းလူအင်အား 14-15ယောက်သာပါပြီး လူအင်အားခွဲပြီးနောက် ဂူတစ်ခုစီကို တာဝန်ခံနှစ်ဦးသာ ရတော့သည်။
တောင်ကြီးကို လှုပ်ခတ်ပြီး ပြင်းထန်စွာ ဖြိုခွဲပြီးနောက် သူတို့အစီအစဉ်အတိုင်း လိုဏ်ဂူများအတွင်းသို့ ဖောက်ဝင်ပြီး တစ္ဆေကျင့်ကြံသူများကို ချေမှုန်းပစ်ကာ၊ အဆိုပါအရပ်သားများ၏ အလောင်းများကို ပြန်လည်သိမ်းဆည်းပြီး နောက်ဆုံးတွင် စနစ်တကျ မြှုပ်နှံရမည်ပင်။
ရွှီရှင်းကျီက အောက်ပါအတိုင်း စီစဉ်ခဲ့သည်- "ချုံ့ကွမ်းရဲ့ ကျင့်ကြံရေးအခြေခံက တိမ်မြုပ်နေသေးတာမို့ သူငါနဲ့အတူ တောင်ဘက်လှိုဏ်ဂူထဲ လိုက်သွားရမယ်။ ပိုင်နန်နှင့်ရူကျိုးက ပထမအဆင့် ဓားရေးကျွမ်းကျင်ပြီး သူမကဖုန်းလင်တောင်ရဲ့ အမျိုးသမီး တပည့်တွေကြားမှာ အကောင်းဆုံးဖြစ်ပြီး ဆေးပညာမှာလည်း ကျွမ်းကျင်တယ်။ သူမ ချင်းလျန်တောင်ကြားက တပည့်တွေနဲ့ ဂူထဲသွားလို့ရတယ်။ ....လုယွီကျို့၊ မင်းသူမနဲ့လိုက်သွားလိုက်"
လုယွီကျို့က အရိုအသေပေးလိုက်ကာ “ဟုတ်ကဲ့ ရွီရှစ်ရှုန်း”
ယွမ်ရူကျိုး ၏အမူအရာမှာ မလိုလားယောင်။ ".....ဟုတ်”
သူဆက်ပြောသည်။ “ရှောင်သမ်း၊ မင်းနဲ့အတူ တန်းယန်တောင်က တပည့်တစ်ယောက်ကိုဂူထဲ ခေါ်သွားလိုက်”
ကျို့ကျစ်သမ်းက တည်ငြိမ်စွာ ပြန်ဖြေလာသည်။ "ကျွန်တော် ရှစ်ရှုန်းနဲ့လိုက်ခဲ့မယ်။ မဟုတ်ရင်တစ်ယောက်တည်းပဲ သွားပါမယ်"
ရွှီရှင်းကျီက မျက်မှောင်ကြုတ်ပြီး “တစ်ယောက်တည်းသွားဖို့က အရမ်းအန္တရာယ်များလွန်းတယ်....ထားလိုက်တော့၊ ငါ့နောက်ပဲ လိုက်ခဲ့လိုက်"
ဂူထဲသို့ဝင်ရန်ကိစ္စကို ရိုးရှင်းစွာစီစဉ်ပြီးနောက် ရွှီရှင်းကျီက ချွီချီနှင့် အခြားလူများကို မျက်ခုံးပင့်ပြကာ တမင်တကာစလိုက်သည်။ “...အားလုံးပဲ သွားမယ်လေနော်? ဘယ်သူအရင်လဲ?"
ခဏလေးအတွင်းမှာပဲ သူတို့လေးယောက်က နေရာရွေးပြီး တောင်ပတ်ပတ်လည်မှာ နေရာယူလိုက်သည်။
ရွှီရှင်းကျီက လေချွန်ပြီး ဦးဆောင်ကာ သူ့လက်ပေါ်က ခေါက်ယက်တောင်ကို တောက်ပြောင်နေတဲ့ လှံရှည်ရှည်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ လေထဲမှာ အကြိမ်အနည်းငယ်လောက် ချာချာလည်အောင်မွှေပြီးနောက် အေးစက်ကာ ရဲရဲတောက်နေတဲ့ မီးတောက်ကိုမီးညှိပြီး လေစီးကြောင်းကို အခွင့်ကောင်းယူကာ ပိုင်မာတောင်ထိပ်ကို ခုတ်ပိုင်းလိုက်တော့သည်။
အပင်များခုတ်ခံလိုက်ရသောအခါ ငှက်များ လန့်ဖျပ်သွားပြီး တောင်ကြီးမှာ ၎င်း၏အသွင်အပြင်ကို မထိန်းနိုင်တော့ပေ။ တောင်တစ်ခုလုံး ပြင်းထန်စွာလှုပ်ခါပြီး ဖုန်မှုန့်နှင့် မီးခိုးတိမ်တိုက်များဖြင့် နေကိုဖုံးအုပ်ကာ ကောင်းကင်ယံကို နောက်ကျိသွားစေသည်။
တောင်ထိပ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသည် တိုက်ရိုက်ပြိုကျပြီး ကျောက်တုံးကြီးများသည် တောင်အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ဤအရှိန်အဟုန် ပျောက်ကွယ်သွားမည့်အချိန်ကို မစောင့်နေဘဲ၊ အခြားတပ်ဖွဲ့သုံးဖွဲ့လည်း ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်လာကြသည်။
သူတို့အစီအစဉ်အရ တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်နှင့်တပြိုင်နက် လူတိုင်းလိုဏ်ဂူထဲသို့ ချက်ချင်းဝင်သွားကြသည်။
တိုက်ပွဲဖြစ်ပွားသည့် ပထမဆုံးသောဂူမှာ ကျိုးရှန့်နှင့်ဝမ်ရွှယ်ချန် တာဝန်ခံဖြစ်သည်။
သူတို့နှစ်ယောက် ဝင်သွားပြီး သိပ်မကြာခင်မှာပဲ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူတို့ရှေ့ မလှမ်းမကမ်းမှာ တစ္ဆေတွေရဲ့ အော်ဟစ်သံကို ကြားလိုက်ရသည်။
သိပ်မကြာခင် လမ်းရှင်းသွားပြီးနောက် နတ်ဆိုးနှစ်ကောင်သည် အသီးသီး လက်နက်များကိုင်ဆောင်ကာ သူတို့ဆီသို့ ပြေးလာကြသည်။
ကျိုးရှန့်သည် အသင့်ပြင်ကာ သူမ၏လှံရှည်ကို ကိုင်လျက်၊ သရဲ၏ အသက်ကယ်ချိတ်များအား ဖမ်းကာ မြေပြေပေါ် ပစ်ချလိုက်ပြီး ဝမ်ရွှယ်ချန်၏ ရှစ်လေးလုံးအစီအရင်ဖြင့် ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဖမ်းစားလိုက်သည်။ သရဲမှာ ဝေဒနာကြောင့် တစ်ချက်သာ အော်ဟစ်လိုက်ရပြီး ပျောက်ကွယ်သွားလေသည်။
ကျိုးရှန့်၏ လှုပ်ရှားမှုများ လုံးဝမရပ်တန့်သွားဘဲ သူမ၏ လှံရှည်ဖြင့်သရဲနောက်တစ်ကောင်၏ ဓားရှည်ကိုခုတ်ပြီးနောက် လှံရှည်အား ဂူအတွင်းပိုင်းသို့ လွှတ်လိုက်ကာ နောက်ကွယ်မှ သရဲများအား ချုပ်ကိုင်ထားသော တစ္တေကျင့်ကြံသူကို မြေပြင်ပေါ်စိုက်ချလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော ရိုက်ချက်တစ်ခုဖြင့် ပွဲသိမ်းလိုက်တော့သည်။
သူမဆွဲလှံကိုယူကာ ဝမ်ရွှယ်ချန်ကို ပြန်ကြည့်လိုက်သည်။
တစ္ဆေသခင် ကွယ်လွန်သွားသဖြင့် ကျန်တစ္ဆေကျွန်များလည်း ပျောက်ကွယ်သွားကြလေသည်။
ကျိုးရှန့်က ညင်သာစွာပြုံးပြီး သူမနားထင်ကို ညွှန်ပြလိုက်သည်။
ဝမ်ရွှယ်ချန်က သူမအဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားပြီး လက်မြှောက်လိုက်ကာ သူ့နားထင်နားရှိ ဆံပင်တွင်ကပ်နေသော သစ်ရွက်တစ်ရွက်ကို ကောက်ယူလိုက်သည်။
နားရွက်အနည်းငယ်ပူလာပြီး နောက်မှာတော့ မျက်နှာလွှဲကာ ဘီးတပ်ကုလားထိုင်ကို လှည့်ပြီး အတွင်းဘက်သို့ သွားရန် ကြိုးစားတော့သည်။
ကျိုးရှန့်က သူမ၏လှံကို နောက်ကျောသို့ ပြန်ပို့လိုက်ပြီး သူ၏ဘီးတပ်ကုလားထိုင်ကို တွန်းကာ ဂူအနက်ထဲသို့ ဦးတည်သွားခဲ့သည်။
ရွှီရှင်းကျီ၊ မုန့်ချုံ့ကွမ်းနှင့် ကျို့ကျစ်သမ်းတို့သည် သူတို့ဘက်ဆီသို့ ချောချောမွေ့မွေ့ ဝင်ခဲ့ကြသည်။ ရွှီရှင်းကျီက အကုန်ထိန်းချုပ်ထားတာကြောင့် မုန့်ချုံ့ကွမ်းနှင့် ကျို့ကျစ်သမ်းမှာ ဘာမှလုပ်စရာမလိုတော့ပေ။
သူတို့မှာ ယဇ်ပလ္လင်၏ နက်နဲရာသို့ ဖောက်ထွင်းဝင်ရောက်နိုင်သည့် ပထမဆုံးအဖွဲ့ပင်။
ရွှီရှင်းကျီ မှန်းထားသည့်အတိုင်း ယဇ်ပလ္လင်သည် တုန်လှုပ်ကာ ကွဲအက်သွားပြီး ကျိန်စာအစီအရင်ကိုလည်း ပျက်စီးသွားစေခဲ့သည်။
၎င်းကို စောင့်ကြပ်နေသော တစ္ဆေကျင့်ကြံသူများမှာ ယဇ်ပလ္လင်ကို စွန့်ပြီး ထွက်ပြေးခဲ့ကြသည်။ စုဆောင်းထားသော ဇာတ်အဖွဲ့၀င်များ၏ အလောင်းများကို အကြီးအငယ် စီတန်းထားပြီး သူတို့၏ မျက်နှာအများစုမှာ တစ္ဆေမျိုးနွယ်၏ ကျိန်စာဖမ်းစားမှုကြောင့် ပုပ်ပွနေပြီဖြစ်သည်။
ရွှီရှင်းကျီက "ဝမ်းနည်းစကား" ကို တိုးတိုးပြောပြီး သူတို့ဝိညာဉ်များကို အနားယူရန် မဟာဂရုဏာမန္တန်ကို စိတ်ရင်းမှန်ဖြင့် ရုတ်ဆိုရင်း ယဇ်ပလ္လင်ကို စူးစမ်းလေ့လာလိုက်သည်။
.....မဟာဂရုဏာမန္တန်ကို ရွတ်ဆိုရင်း သူ့လေသံက အမြင့်ဆုံးကောင်းကင်ယံသို့ ကျော်လွန်ပြီး လွင့်ပျံသွားကာ အသံသိပ်မကောင်းလှပေ။
မုန့်ချုံ့ကွမ်းနဲ့ ကျို့ကျစ်သမ်းတို့ဟာ မူလက အလောင်းတွေကို သွားကြည့်ဖို့ စီစဉ်ထားပေမယ့် သူတို့နှစ်ယောက် ခြေလှမ်းအနည်းငယ်လှမ်းပြီးတာနဲ့ ယဇ်ပလ္လင်ရဲ့ အလယ်ဗဟိုကနေ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံ ကြားလိုက်ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ?
ကျောက်စရစ်များ တလိမ့်လိမ့်ကျလာကာ မိုးပေါ်တွင်ထုံးများဖြင့် ဖုံးလွှမ်းသွားပြီး ရွှီရှင်းကျီ၏ပုံရိပ်သည်လည်း ယဇ်ပလ္လင်အတွင်းသို့ လုံးဝနစ်မြှုပ်သွားတော့သည်။
မုန့်ချုံ့ကွမ်း ထိတ်လန့်သွားပြီး ထုံးကဘယ်လောက် ညစ်ပတ်ပတ်၊ ခြေလှမ်းနည်းနည်း လှမ်းပြီးတာနဲ့ ဘယ်လောက်ပဲ သူ့ကိုရင်ကျပ်စေစေ လုံးဝဂရုမစိုက်တော့ဘဲ ရှေ့တိုးလာခဲ့သည်။ "ရှစ်ရှုန်း? ရှစ်ရှုန်း!!!"
ဖုန်မှုန့်များနှင့် မြူများကြားတွင် လူတစ်ယောက် ခုန်ထွက်လာသည်။
မုန့်ချုံ့ကွမ်းက သူ့ကို အပေါ်အောက်ကြည့်ရင်း ရွှီရှင်းကျီ၏ ၀တ်ရုံကို ဆွဲကိုင်လိုက်သည်။ "ရှစ်ရှုန်း အဆင်ပြေရဲ့လား? ဒဏ်ရာရသွားသေးလား?"
ရွှီရှင်းကျီ၏ ခြေထောက်များသည် အနည်းငယ် ပျော့ခွေနေပြီး အချိန်အတော်ကြာပြီးမှသာ “....လိ၊ ပိုးကောင်တွေရှိတယ်ဟ"
စောစောက သူသည် ယဇ်ပလ္လင်ပေါ်ရှိ ကြေးအိုးထဲမှ တစ္ဆေမျိုးနွယ် အချိန်မီမထုတ်ယူနိုင်ခဲ့သော ဂူပိုးကောင်များကို တွေ့လိုက်ရသည်။ ဖြူဖြူနှင့် အဆီကွင်းကွင်းပိုးကောင်များက အချင်းချင်းတိုးဝှေ့နေကြပြီး နွေဦးပေါက်ရာသီ၏ ပိုးမျှင်ကောင်များလို အိုးထဲတွင်လုံးထွေးနေကြသည်။
ဒီပုံကိုမြင်တော့ ရွှီရှင်းကျီရဲ့ ဦးရေပြားတစ်လျှောက် ကြက်သီးမွေးထလာကာ သူ့ဝိညာဉ်စွမ်းအားက ချက်ချင်း ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး ယဇ်ပလ္လင်ကို ပေါက်ကွဲပစ်လိုက်တော့သည်။
ရွှီရှင်းကျီ တုန်လှုပ်နေပုံကို မြင်လိုက်ရတော့ မုန့်ချုံ့ကွမ်းသည် မထိန်းနိုင်ဘဲ အနည်းငယ်ရယ်မောကာ ကျို့ကျစ်သမ်း၏ နှုတ်ခမ်းထောင့်များပင် အနည်းငယ် မြှောက်သွားလေသည်။
သို့သော် ထိုခဏ၌ မမျှော်လင့်သောအရာ ဖြစ်ပျက်ခဲ့သည်။
အလောင်းပုံထဲတွင် ပုန်းအောင်းနေသော တစ္ဆေကျင့်ကြံသည် လူတိုင်းသတိလျော့နေချိန်တွင် အသံမပေးဘဲ နိုးထလာခဲ့သည်။
သူ့ရှေ့မှာတော့ ကျို့ကျစ်သမ်း၏ အကာအကွယ်မရှိသော နောက်ကျောပင်။
ရွှီရှင်းကျီ၏ မျက်လုံးများ ဝင်းလက်သွားပြီး ကျို့ကျစ်သမ်း၏ နောက်သို့ ဦးတည်လာသော တစ္ဆေကျင့်ကြံသူ၏လက်ထဲမှ မှော်တုတ်တံကို မြင်လိုက်ရသည်။
Advertisement
- In Serial44 Chapters
The Wolfram Chronicles
A world is torn apart by a seemingly endless Civil War and the gods cannot sit back and watch their children suffer any longer. Having failed to bring the conflict to an end through other Champions selected by individual deities, the Pantheon of Ten have come together to summon a single individual to serve as their Champion to unite the warring factions and bring about a new age of peace. That Champion? Vance Wolfram, a University Professor of History who had his memories and past sealed upon coming to Tavaria, by nefarious forces. Now he is cast into a world with no memories of his past life and lived the life of a common-born farmboy until one fateful day he is conscripted and forced to experience the horrors of war... DISCLAIMER: This is a overpowered character, please expect isekei levels of OP-ness!
8 205 - In Serial7 Chapters
Welcome Home
An emotionally troubled man is taken from earth to Pangaea. He finds out that the Earth we all know is the equivalent to a cosmic fall-out shelter, with Pangaea being our original homeworld. An invasion of gods and demons from an eldritch universe made it unihabitable, but our gods stayed behind to fight and make it possible for us to return. Now is the time for Humanity to return and take back our world, whether we like it or not.
8 100 - In Serial39 Chapters
Epistula Amoris // SeokSoo
"Wag kang mag seselos ha? ikaw lang talaga pramis hihi muah" -Seokmin Lee, Writing for his future someone. [Love Letter series 1]
8 179 - In Serial15 Chapters
The In-Between // an It and Stranger Things crossover
Y/N L/N never thought she would leave the comfort of Hawkins, Indiana, but after the events that left Hawkins flipped upside down, her parents were quick to rush her away from all the action and to a small town in Maine called Derry. she quickly became friends with a group of people who called themselves the Losers Club and finds out that Derry isn't so quiet and normal as her parents might have hoped for. but now it's 1987, three years after the Losers Club defeated It and two years after Y/N and the Party last defeated the Mind Flayer and demodogs, and both forces are back at full force, only this time they seemed to have teamed up to create an even bigger problem than either group had ever seen. there's only one way to stop the horrific events that are taking place and Y/N isn't so sure how it's all going to play out. then again, if she wants to save her friend and protect the lives of her family and friends, this would be the only way.it was time for the Party to meet the Losers Club| It x Stranger Things Crossover |{ some Bill Denbrough x reader }
8 71 - In Serial26 Chapters
17 year old Jordyn walker moves to Brighton, Shes not very happy about it, she went to the pier and sees a trampoline park, *fuck it* she thought and went inside. once they told her it was rented out she went to walk out the door"hey! wait!"
8 282 - In Serial21 Chapters
DOLLHOUSE
❝ i see things that nobody else sees ❞YG's top girl group, BLACKPINK, are not exactly what they seem to be. What happens if the curtains close? [ BOOK 1 OFTHE DOLLHOUSESERIES. ] ORIGINALLY PUBLISHED: 2017RE-PUBLISHED: 2020
8 180

