《Sour Candy》part 24💔
Advertisement
*Unicode*
"Darling..."
ပြန်တွေ့ခဲ့ရပြီ။ ဘယ်လောက်တောင်လွမ်းနေခဲ့ရတဲ့မျက်နှာလေးလည်း...ဒီတစ်ခါ ဒီတစ်ခါတော့ ပံုရိပ်ယောင်ဟုတ်မနေခဲ့ဘူးမဟုတ်လား။ ထိတွေ့မိရင်ပျောက်ကွယ်သွားမလား စိုးသည့်စိတ်တွေနှင့် အနာတရဖြစ်ထားသည့် မျက်နှာလှလှလေးကို အုပ်ကိုင်ချင်စိတ်တွေအား တင်းခံထားရခြင်းတွေဟာ မလွယ်လှပါ။ နှစ်တွေကြာမှမျက်စိရှေ့ မှောက်မြင်တွေ့ရသည့်အခါ ထယ်ယောင်းအဖို့အသက်ရှူရပ်မတက်။ အေးစက်လာတဲ့ခြေဖျားလက်ဖျားတွေ အလံုးအရင်းတိုးရင်လာတဲ့ဝမ်းနည်းမှုတွေ ကူးများသူ့ကိုမုန်းနေလေမလား စိုးထိတ်မှုတွေရင်ဝယ်လေးလံလာ၍ ဒူးထောက်တောင်းပန်ပစ်ချင်နေပြီ။
ပြင်းရှရှဆွဲမက်စရာအသံက အရင်လိုချိုချိုလေးမဟုတ်တော့။ ပြောင်းလဲသွားတဲ့ခန္ဓာ မဟုတ်ဘူး အရာအားလုံးပြောင်းလဲနေတဲ့ အဝါရောင်ရှပ်လက်တိုနှင့်ကောင်လေးက ကူးမှကူးအစစ်ဖြစ်ကြောင်း အက်ကြောင်းရာတွေနဲ့ အေးခဲနေခဲ့တဲ့နှလုံးစီမှ တဒုန်ဒုန်ပြန်ခုန်လာခြင်းတွေက သက်သေတည်သည်။ ဖောင်းကားကားပါးပြင်လေးတွေပျောက်၍ ထင်းနေတဲ့မေးရိုးတွေ အပြစ်သိပ်ကင်းကြောင်းပြသရာ မျက်ဝန်းတွေက အရောင်မျိုးစံုဖြတ်ပြေးလျက်။ ဖြူဥဥလက်မောင်းသားတွေက အခုတော့ညာဘက်တစ်ဖက်လံုး နေရာလပ်မရှိတဲ့ရုပ်ပံုတွေ...အရိုးသားဆံုးအပြုံးလှလှတွေဖြစ်ထွန်းရာ နှုတ်ခမ်းရဲရဲက ခပ်ထေ့ထေ့အပြုံးဖြင့်...
ပြောင်းလဲသွားခြင်းတွေမှာ ထယ်ယောင်းရင်ကွဲရပြန်သည်။ ဘာတွေကြောင့်အခုလိုပြောင္းလဲကုန်ရတာလဲ ကူးရာ...ကိုယ့်ပရောဂမကင်းမှန်းသိပေမဲ့ ဒီလိုကြီးပြောင်းလဲပစ်တာေတာ့ ဒီကောင်ကိုယ့်ကိုယ်ကိုမုန်းပစ်မိတော့မယ်။ ဒီကြားထဲအဆင်ပြေခဲ့ရလား...ဒေစီအတွက်နှလုံးပေးခဲ့ရင် အသက်ရှင်စရာအကြောင်းမရှိဘူး...ကိုယ်မသိသေးတဲ့ကိစ္စတွေရှိနေသေးတာလား...ဒါမှမဟုတ် မျက်စိရှေ့ကကူးမဟုတ်ပဲ တစ်ခြားတစ်ယောက်လား
အမျိုးမျိုးသောမေးခွန်းတွေ ခေါင်းထဲဖြတ်ပြေးနေ၍ စတိုင်ကျစွာလေချွန်ရင်း သူတို့စီဦးတည်လာနေသောကောင်လေးကို စို့နင့်စွာသတိလက်လွတ်ငေးနေမိသည်။ Darling လို့ခေါ်လိုက်တာသူ့ကိုများလေလား။
"Darling... Club ထဲက မီးလံုးတွေခွဲပြစ်ခဲ့တယ်"
"ဟင်..."
စားပွဲပေါ်လက်နှစ်ဖက်ထောက်ကာ ခပ်စောင်းစောင်းစကားသံ၌ ဟင် ဆိုတဲ့အာမေဋိတ်အသံသာထွက်မိသည်။
"Darling မင်းစီကအကြောင်းပြချက်လိုချင်တယ် Bae"
"ဟဟ...Darling အပြစ်လုပ်ထားတယ်လေ"
ကိုယ့်အတွက်မဟုတ်ခဲ့တဲ့နာမ်စားမှာ ထယ်ယောင်းရင်ကိုအရေခွံ့ဆုတ်သလိုသိပ်နာသွားရသည်။ Grayson ဆိုတဲ့လူနဲ့ရင်းနှီးလွန်းတဲ့အသံုးအနှုန်းတွေမှာ ဘေးလူကိုဂရုမစိုက်ဟန်ပြုမူနေတဲ့ ကူးက ဒီကကောင်ကိုအသေသတ်နေသလို။
Darling တဲ့ တချိန်ကကင်မ်ထယ်ယောင်းအပိုင်စားရခဲ့တဲ့ နာမ်စားလှလှလေး။ တစ်ပါးသူအပေါ်ခေါ်ဝေါ်နေခဲ့တာ...
"ပါရီကပြန်ရောက်ကြောင်း အသိပေးရင်ရော မင်းက Darling အနားကပ်မှာမို့လို့လား..."
Grayson ရဲ့အပြောမှာပျက်ယွင်းသွားတဲ့မျက်နှာအား JeyKay အမြန်ထိန်းကာ စားသောက်ဖွယ်ရာအပြည့်နှင့်စားပွဲအားမျက်စိကစားရင်း သူ့အားတွေတွေကြီးငေးနေတဲ့ အမျိုးသားရဲ့မျက်ဝန်းတွေနှင့်စံုသွားသည့်တစ်ခဏ ရင်ဘတ်တစ်ခုလံုးဆွဲလှုပ်ခံရသည့်နှယ် အောင့်မျက်သွားရသည်ကြောင့် အကြည့်အမြန်ပင်လွဲပစ်၍ စားပွဲပေါ်ကအပြင်းစားဝီစကီပုလင်းအား ခွင့်တောင်းခြင်းမရှိ ရိုင်းပြစွာ ကောက်ယူ၍ ပါးစပ်ဖြင့်ဟန်ပါပါကိုက်ပေါက်ကာ ပုလင်းအပိတ်အား အခန်းတွင်း တွေ့ရာပစ်ထွေးလိုက်သည်။ သင်းပျံ့ပျံ့ကျီစယ်လာသည့် ဝီစကီအနံ့အား ရှူရှုိက်ကာတစ်ကျိုင့်မော့သောက်ပစ်လောက်သည်။
"ဂျေ...မရိုင်းပြနဲ့ "
"အိုဟိုး..Darling ကငြိုငြင်ပြီပေါ့လေ"
မထီမခန့်ပြောပံုဆိုပံုတွေ၌ အရှေ့ကဧည့်သည်နှစ်ယောက်အား အားနာနေဟန် Grayson မျက်နှာထားကိုအရသာခံကာ ကြည့်ရတာလည်း တစ်မျိုးပင်။
"Darling ဒီမှာကြည့် မင်းရဲ့စောက်ချိုးမပြေတဲ့ DJ သမားငါ့ကိုထိုးသွားတာ "
မျက်နှာလေးငေါ့ကာ တိုင်နေသူသည်အများအမြင်မိမိုက်လွန်းနေသည်။ ထယ်ယောင်းမှာတော့ အသဲယားစွာ။ ယောင်ကိုင်းနေတဲ့မျက်နှာလေးအားဆေးပြေးလိမ်းပေးချင်စိတ်အား ချိုးနှိမ်ကာ တစ်ခြားသောတစ်ယောက်ကိုတိုင်တောနေသည့် ပံုရိပ်လှလှအားမလွတ်တမ်းငေးနေမိသည်။ ခံစားချက်ကြီးကဆိုးလိုက်တာကူးရယ်။
"ဆေးထည့်ရမယ်လေ "
"မလိုဘူး အေးဆေး!"
သောက်လတ်စ ဝီစကီအား ထိုးခံရ၍ပေါက်နေသော မေးရိုးပေါ်လောင်းချကာ စပ်ဖျင်းဖျင်းဖြစ်လာသည့် ခံစားချက်အားမျက်လံုးမှိတ်ကာကောင်းကောင်းခံစားပစ်လိုက်သည်။
"ပိုးသတ်တာ...ဧည့်သည်တော်တို့မလန့်ပါနဲ့နော် ကျုပ်ကလူဆိုးမဟုတ်ပါဘူး"
ခံကြိတ်လျက်သားဆိုလာခြင်းမှာ Grayson အပြုံးသဲ့သဲ့လေးထွက်လာလျက်။ တော်ထားတဲ့ရည်စားက ကိုယ်ထက်ကြီးကိုယ့်ထက်ဆိုးနေတဲ့အခါ လက်မြောက်ရံုမှအပလုပ်စရာမရှိ။ အလိုမကျလို့ရွှေစိတ်တော်ကောက်ပြီး ပလစ်ထားရင် ဒီကောင်ကပဲမနေနိုင်မထိုင်နိုင်ဖြစ်ရမှာ...မနိုင်ဘူး တကယ့်အဆိုးအဆာ။
" ဒေစီယာတို့အားနာလိုက်တာဗျာ...အလိုလိုက်ထားတော့နဲနဲဆိုးနေတာ"
"ရပါတယ္...သူက "
"JeyKay..."
မျက်ခံုးလှလှလေးတွန့်ချိုးကာ မီးရောင်ဖျဖျအောက်ခေါင်းမော့ထားသည့် အလှတရားလေးအားရှူ့စားနေသည့် ထယ်ယောင်းမှာ JeyKay ဆိုသည့်အသံကြားမှ အကြည့်လွဲမိသည်။ သေချာပေါက်ကူးပါ။ နှုတ်ခမ်းအောက်ကမှည့် လည်တိုင်ကမှည့်ပါးပြင်ပေါ်က အမာရွတ်ပါးပါး ကင်မ်ထယ်ယောင်းရဲ့ကူးငယ်မှ ကူးငယ်အစစ်။ နာမည်ပြောင်းပြီး ဒီကောင့်ကိုစိတ်ကောက်ကာပုန်းနေခဲ့တာပဲဖြစ်မှာ။
"အသိတစ်ယောက်နဲ့တူနေတယ္...ကင်မ်"
ထယ်ယောင်းလက်အားကိုင်ရင် နွေးထွေးစွာကြည့်လာတဲ့သူမအကြည့်ကို သဘောပေါက္ပါတယ္။
"ဟဟ...ဂျေကနည်းနည်း မဟုတ်ဘူး အများကြီးပွေလွန်းတော့ မြင်ဖူးနေတာဖြစ်ပါလိမ့်မယ္"
"ဂျွန်ဂျောင်ဂု...ဂျွန်ဂျောင်ဂုမဟုတ်လား JeyKay ဆိုတာဂျွန်ဂျောင်ဂုပဲ မဟုတ်လား"
မျှော်လင့်ချက်ကြီးစွာ မေးနေသည့်ထယ်ယောင်း၏လက်ဖျားတွေမှာတုန်ရီလျက်။ အရှေ့ကလူဆိုးလေးသာ ဂျွန်ဂျောင်ဂုဆိုရင် ဒီကောင်ပျော်လွန်းလို့ရူးရလိမ့်မယ်။ အသေးအဖွဲကအစဂရုစိုက်ပေးမယ် နွေးထွေးပေးမယ် အရာရာမှာမင်းသာနံပါတ်တစ်ဦးစားပေးဖြစ်စေရမယ်။ ကိုယ့်အချစ်ကိုယ့်ခန္ဓာကိုယ့်စိတ်နှလုံးသံုးပါး ကူးဆိုတဲ့လူသားထံအပ်နှံထားပစ်မှာ။ ဒီကောင့်အပြစ်တွေအတွက်မင်းအနား ဘဝတစ်လျှောက်လံုး ဒူးထောက်ပြီးကိုခစားမှာ ကူး။ ကတိမပေးပဲ အလုပ်နဲ့ပဲသက်သေပြပါရစေ။ ကိုယ်မင်းကိုဘယ်လောက်ထိချစ်ကြောင်း မင်းလက်ကိုဆုတ်ကိုင်ပြီး တဖွဖွပြောချင်သေးတာ။
"ဂျွန်ဂျောင်ဂုဆိုတာ ကိုရီးယားနာမည်မဟုတ်လား...ဂျေက "
"ကျုပ်က JeyKay ခင်ဗျားပြောတဲ့ဂျွန်ဂျောင်ဂု ဆိုတာမဟုတ်ဘူး"
Grayson ဘေးပစ်ထိုင်ကာ သောက်ထားသည့်အရှိန်တွေဟာတရိပ်ရိပ်တက်လာ၍ JeyKay ဟာရီဝေဝေဖြစ်နေပြီ။ နှစ်ထပ်ဖြစ်နေသောပံုရိပ်တွေဟာ မသဲကွဲတော့။သို့သော် မျက်ဝန်းတွေကထိုလူထိုအမျိုးသားစီမှ ခွာမရနိုင်အောင်ညို့ခံထားရသူပမာ။
သဘောကျတယ် ရင်ခုန်တယ် ကြည်နူးတယ် တစ်ဆက်တည်း ထိရှတယ် နင့်သည်းတယ် အဆံုးထိစို့နင့်ဝမ်းနည်းရတယ်။ အရည်လဲ့နေတဲ့မျက်ဝန်းရှရှတွေက လူကိုပူပူလောင်လောင်။ ပြေးဖက်ချင်လောက်အောင် လွမ်းဆွတ်နေသောစိတ်တွေ ထိုလူနဲ့တစ်နေရာမှာရင်းနှီးခဲ့ဖူးသလေလား။ ဘေးကအမျိုးသမီးနဲ့တွဲမြင်နေရတာ မသက်သာလိုက်တာ။ ဘာမဆိုင်ညာမဆိုင် ခံပြင်းလာတဲ့စိတ်တွေ ကိုယ်တိုင်နားလည်ရခက်စွာ။
နာမည်လေးသိလိုသိရညား Grayson အားမေးရန်မျက်နှာအလှည့် စုတ်ယူခံလိုက်ရသည့်နှုတ်ခမ်းသားကြောင့် မျက်ဝန်းတို့ပြူးကျယ်ရသည်။ တွဲနေသည့်အချိန်ကာလကြာမြင့်လာသည့်အလျောက် Grayson ရဲ့လက်ရဲဇက်ရဲအပြုအမူတွေနဲ့ အသားမကျသေးပါ။ အလိုက်ထိုက်ပြန်နမ်းပြီး ဖယ်ခွာသွားပြီဖြစ်တဲ့ နှုတ်ခမ်းသားတွေ။ အရှေ့ကထိုလူကတော့ အံ့ကြိတ်ကာ ကြေကွဲနေသည့်မျက်ဝန်းတွေဖြင့် JeyKay ကိုစူးရဲရဲကြည့်လျက်။
ဘာလို့အဲ့လူကဒေါသထွက်နေရတာလဲ။ သူကရော ဘာလို့ဒေါသထွက်နေတဲ့ ပံုစံကိုသဘောကျနေရတာလဲ။ ရှုပ်ထွေးလွန်းပါတယ်။
"JeyKay ရဲ့မွေးရပ်ဇာတိတွေမသိထားပေမဲ့ နယူးယောက်ခ် ရဲ့အဆိုးအပေလေးဆိုပြီး မှတ်ထားလိုက်ပါ...ပြီးတော့ Grayson ရဲ့သတို့သားလောင်းပေါ့"
"ဘယ်သူကလက်ထက်မယ်ပြောလို့လဲ Darling နော်ပိုင္စိုးပိုင်နင်းတွေမပြောစမ်းနဲ့"
ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းပေါင်းများစွာကို ဦးစီးနိုင်တဲ့ Grayson ကိုသဘောကျပါတယ်။ အလိုလိုက်အကြိုက်ဆောင် သူ့စိတ်ကိုသိတဲ့ Grayson ကိုလက်ထက်ယူဖို့တော့ အာရုံထဲရှိမနေ။ ဒီတိုင်းသဘောကျလို့တွဲနေခြင်းမှာ JeyKay ဘက်ကအဖြူရောင်သံယောဇဥ်သာ ရှိသည်။
Advertisement
"Grayson နဲ့ JeyKay ရဲ့ဆက်ဆံရေးက "
"Open Relationship "
နားဝင်ခါးလိုက်တဲ့ အဖြေ...ဒေစီယာမေးခွန်းကိုခပ်ပြုံးပြုံးသာတံုပြန်လာသည့် Grayson ရန်အဖြေဟာ ထယ်ယောင်းနားထဲတစ်ဝဲလည်လည်။
ဘာတဲ့...Open Relationship ဆိုပဲ ကူးဆိုတာကင်မ်ထယ်ယောင်းအပိုင်လေ။ မျက်ဝန်းတွေ နှုတ်ခမ်းပါးပါးတွေ ကင်မ်ထယ်ယောင်းတစ်ယောက်ပဲထိတွေ့ခွင့်ရှိခဲ့တာ။ မခံမရက်နိုင်အောင် ပူလောင်ရသည်။ နာကျင်ခြင်းတွေ ဖွင့်ဟဖို့တောင် ဝန်လေးနေမိသည်။ ကူးကိုယ်တိုင်လိုလားစွာ တံု့ပြန်နမ်းရှုိက်ခဲ့တဲ့မြင်ကွင်း မျက်စိထဲကမထွက်နိုင်လောက်အောင်ထိ ကင်မ်ထယ်ယောင်းအပေါ် ဆိုးဆိုးဝါးဝါးခြောက်လန့်နေတာ။
Grayson ပုခံုးပေါ်မှီရင်း ရီဝေဝေဖြစ်နေတဲ့သူကို ဆွဲရမ်းကခေါ်သွားပစ်ချင်သည်။ ကိုယ်မပိုင်ဘူးဆိုတဲ့အသိ ကူးပျော်နေခြင်းအရိပ်အယောင်တွေမှာ တွေတွေလေးကြည့်ရင်း နှလုံးသွေးထွက်ရုံနာကျင်မှုကိုကောင်းကောင်းစံစားရင်း စိတ်ကိုိထိန်းချုပ်ခြင်းတွေမှာ မွန်းကြပ်လွန်းသည်။
5 နှစ်လံုးလံုးအရူးတစ်ယောက်ဖြစ်တဲ့အထိ ကိုယ်မင်းကိုတမ်းတခဲ့တာ မင်းကိုပြန်တွေ့ပြန်တော့ ခြောက်သွေ့နေတဲ့အက်ကြောင်းရာတွေနဲ့ နှလုံးသားက သွေးထပ်ထွက်ရပြီ။ ကိုယ်လိုချင်တာဒီလိုမျိိုးမှမဟုတ်တာ...။
စီးပွားရေးကိစ္စဆွေးနွေးနေကြသည့် Grayson နှင့် ဒေစီယာစကားတွေအား တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်ရင်း အချိန်ကုန်ဆံုးစေတဲ့လူနှစ်ယောက် JeyKay နဲ့ Kim Taehyung အပေါ်သက်ရောက်မယ်မထင်။
"ဒေစီ ငါပြန်ပြီ..."
"ဟုတ်ပြီ လမ်းတေွမှတ်မိတယ်မဟုတ်လား...လိုက်မပို့တော့ဘူးနော် "
"အင်း "
ရုတ်တရက်ကြီးထပြန်သည့်လူကြောင့် JeyKay ဟာဝီစကီတစ်ခွက်နှင့် Grayson လက်မောင်းပေါ်ဇိမ်ခံနေရာမှ မတ်ခနဲထိုင်လိုက်မိသည်။
ဘာဖြစ်တာလဲ ထိုသူကိုမပြန်စေချင်တဲ့စိတ်တွေ JeyKay ရဲ့ဂုဏ်သိက္ခာကိုထိခိုက်လိုက်တာ။
"မစ္စတာကင်မ်ထယ်ယောင်း ကောင်းကောင်းပြန်ပါ "
"ခွင့်ပြုပါဦး"
ကင်မ်ထယ်ယောင်း....ကင်မ်ထယ်ယောင်းတဲ့ အကြည့်တွေသိပ်မိုက်တဲ့ ထိုသူကကင်မ်ထယ်ယောင်းတဲ့....ကိုယ်တိုင်မသိလိုက်ပဲ ကော့တက်သွားတဲ့နှုတ်ခမ်းပါးတွေဟာ ဟန်ဆောင်ခြင်းတွေမဟုတ်ခဲ့။ ရှည်လျားတဲ့ခြေတံတွေဖြင့် အမြန်အဆန်ထွက်သွားတဲ့ကျောပြင်ကို အလိုမကျခဲ့ပါ။ ကျောပေးထွက်သွားခံရတဲ့ အောင့်မျက်မျက်ခံစားချက်ကို သိပ်ရင်းနှီးသည်။
အခုမှတွေ့ပြီး ပထမဆံုးကြားရသည့်အသံ ရှသသမှာ JeyKay ရင်၌လှုိင်းအနည်းငယ်ထသွားခြင်းကိုငြင်းမရ။ အေးအေးတည်တည်ကြီးနဲ့ တွဲလိုက်ရင် JeyKay အတွက်အသာချည်းပဲ။
"Darling နောက်မှအေးဆေးတွေ့ကြမယ်...ငါသွားစရာရှိသေးလို့ "
*ပြွတ်စ့်*
လိုရာသွားဖို့ Grayson နှုတ်ခမ်းအားထိရုံမျှနမ်း၍ ပြန်ခွာသွားခဲ့သည်။ စိတ်တွေသည် ကင်မ်ထယ်ယောင်းဆိုသော လူနောက်။ စကားပြောကြည့်ချင်တာ ဘာကြောင့်မှန်းမသိ။ Leo သာမြင်ရင် နောက်တစ်ယောက်ချိန်ပြန်ပြီဆိုပြီး ဆဲတော့မှာ ဟဟ မတက်နိုင်ဘူး စိတ်ဝင်စားမှတော့ကိုယ်ဘက်ကလှုပ်ရှားရမှာပဲ။ မျက်မှန်အနက်အား ကောက်တပ်ကာ အထာကျကျထွက်လာခဲ့သည့် လူဆိုးလေးဟာ အညိုအမဲစွဲနေလည်းသိပ်ချောသည်။
အနောက်နားစီက Darling အော်သံအား လက်သာထောင်ပြရင်းမမှန်သောခြေလှမ်းတွေကြား ပီကေတစ်ခုပါးစပ်ထဲပစ်ထည့်ကာ ကလပ်အတွင်းမျက်စိကစား၍ ကားပါကင်ဘက်သို့ရောက်လာခဲ့သည်။
တဖောက်ဖောက်ဝါးနေသည့် ပီကေ...ဝေ့ဝဲနေတဲ့ရီဝေဝေမျက်ဝန်းတွေ လိုရာမတွေ့သည့်အခါ တွန့်ချိုးသွားလျက်။ အလကား အချိန်ကုန်တာပဲရှိတယ် အကောင်းစားဆိုသောကားတွေကြား လူဆိုလို့သူတစ်ယောက်သာရှိသည်။ အချိုကုန်လာသောပီကေအား အာရုံရရာကားမှန်၌ ပစ်ကပ်ပစ်လိုက်သည်။
"ချီးပဲ! ပျောက်သွားတာမြန်ချက်....အမေ့!"
သံယောင်ထပ်လာသည့် ကားပါကင်ဟာလိုအပ်တာထက်ပိုတိတ်ဆိတ်လွန်းသည်။ အေးစိမ့်စိမ့်နှင့်ကြက်သီးပါထစေသည်အထိ ယနေ့မှပိုပြီးဆိတ်ငြိမ်နေလျက်။
အနောက်မှသိုင်းဖက်လာတဲ့ လက်သန်သန်တွေ တစ်ကိုယ်လံုးသိမ်းကြုံးကာ တင်းကြပ်လွန်းတဲ့ပွေ့ဖက်ခြင်းမှာ ဒေါသဆိုတာဟုန်းဟုန်းတောက်၍လာသည်။
"ဘယ်...."
"လွမ်းနေတာ...ဘယ်လောက်ထိတောင်လွမ်းခဲ့ရလဲသိရဲ့လား ကိုယ်ရဲ့...ကူး "
KIM TAEHYUNG Ep-4 ကမနေ့တည်းကအပ်ထားပြီးနော် နိုတီမတက်ဘူးဆိုလို့ကွယ် ငိုချင်လာပြီ
Love you all❤
****************
*Zawgyi*
"Darling..."
"Darling... Club ထဲက မီးလံုးတွေခွဲပြစ်ခဲ့တယ်"
"ဟင်..."
Advertisement
"ဂျေ...မရိုင်းပြနဲ့ "
မထီမခနျ့ပွောပုံဆိုပုံတှေ၌ အရှေ့ကဧည့်သည်နှစ်ယောက်အား အားနာနေဟန် Grayson မျက်နှာထားကိုအရသာခံကာ ကြည့်ရတာလည်း တစ်မျိုးပင်။
"ဆေးထည့်ရမယ်လေ "
"မလိုဘူး အေးဆေး!"
"ရပါတယ်...သူက "
"JeyKay..."
"အသိတဈယောကျနဲ့တူနတေယ်...ကင်မ်"
ထယ်ယောင်းလက်အားကိုင်ရင် နွေးထွေးစွာကြည့်လာတဲ့သူမအကြည့်ကို သဘောပေါက်ပါတယ်။
"ဟဟ...ဂျေကနည်းနည်း မဟုတ်ဘူး အများကြီးပွေလွန်းတော့ မွငျဖူးနတောဖွဈပါလိမျ့မယ်"
"Open Relationship "
"ဒေစီ ငါပြန်ပြီ..."
"အင်း "
"ခွင့်ပြုပါဦး"
*ပြွတ်စ့်*
"ဘယ်...."
Love you all❤
Advertisement
- In Serial69 Chapters
Black God of Lightning.
Lucas is an orphan who worked hard to achieve good grades. But before he could realize his dream, he died... However, a God "invites" him to another world where magic is used and gives him a system! Can Lucas reclaim his former dreams but in another world? Can Lucas become the strongest despite being different from the rest of the population? Adventure: CheckSystem: Check Follow: CheckFavourite: CheckAm I shameless: Check Join Lucas on his road to becoming the Black God of Lightning!
8 109 - In Serial27 Chapters
The Girl Who Jumped Through Worlds
Evelyn, after conducting a fairly ordinary life, finds the way to her absent dad’s laboratory. Wondering what may lay inside, she decides to further inspect; just to find a person. Inexplicably, her gut-feeling tells her that the mysterious person is her dad. However, the individual presents himself as the Devil. Astonished and bewildered, Evelyn is left with the task of finding the visitor’s true intention.
8 170 - In Serial17 Chapters
Jiharu: A Story of The Hunt
Venn and Guff were born ready for the hunt, as were a thousand generations of the reptilian skern before them. But the balance of power is changing. Their favourite prey, the mouse-like levin, are organising... and retaliating. When the two young predators risk a forbidden trek away from their clan, they uncover worrying evidence of a wider union of their enemies. The call of the hunt grows strong within them, but they must accept exile to reach out on their own and face the mysterious heart of their kind’s troubles - Jiharu. A novella-length fantasy of seventeen chapters.
8 160 - In Serial10 Chapters
Tales of a lonely op girl and an evil op demon
Elsa has two of the heaven defying treasures and Lewis has one of the heaven defying treasures. Thanks to that both of them become extreamely overpowered. Lewis is a demon and he wants all the heavenly treasures. He is greedy, evil and shameless. Elsa is constantly bored and lonely. She also has a mood disorder. What will happen when they eventually cross paths? This is a world of magic. The magic of this world is simple. But there are higher realms of planets and many ways to gain power beside magic.
8 150 - In Serial53 Chapters
Henry Cavill imagines
I feel we don't have enough of Henry Cavill and I've decided share some of my favourite tumblr imagines!(Disclaimer: I do not write these imagines I'm just sharing them on here) ENJOY!!
8 198 - In Serial21 Chapters
COTE:-Reaction to their future
Hello guys!!! Excalty I am recreating the story I had left...I wanted to continue that one but because of some problems I am unable to do so 😢WELL ANYWAY this reaction fic is also based End of V3 Y1 after inhabited Insland....okay thank you Disclaimer:- Non of the characters from Cote/Classroom of the elite becomes to me other than one character who is "Zato"
8 127