《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၃] ထင်းကျိုးတုရွောက်|ထင်းကျိုးတုရွောက်
Advertisement
!unicode!
တကယ်တမ်းတွင် ကျင်းဖေးထုန်မှတစ်ပါး ၊ လက်ရှိလူတိုင်းဟာလင်ရှောင်းချီဇုန်ဂိုဏ်းသားများဖြစ်ကြသည်။
သူကဒီနေရာမှာဘာအတွက်ရှိနေပြီး ဒီမှာဘာလို့စကားပြောနေလဲဆိုတာကို မည်သူမျှမသိကြပေ။
သို့သော် ယခုတွင်ကျင်းဖေးထုန်၏စိတ်သဘောထားမှာအလွန်သဘာဝကျလွန်းလှသည်မို့ လူတိုင်းမှာတစ်ခုခုမှားနေသည်ဟုပင်မတွေးမိဘဲ သူပြောတာကိုရိုးရိုးသားသားနားထောင်နေကြသည်။
ဟယ်ဇီကျိုးမှာအတွေးများပြည့်နေပေမဲ့ သူ့စိတ်အခြေအနေကတော့ဖြင့်ဖရိုဖရဲဖြစ်နေသည်ပင်။ ကျင်းဖေးထုန်၏နှောင့်ယှက်ခြင်းခံလိုက်ရရာ သူစိတ်ငြိမ်သွားပြီး သြရှရှအသံဖြင့်ပြောမိသည်။
"ကျန်းအကြီးအကဲရဲ့ဝိညာဥ်ကခန္ဓာထဲကထွက်သွားတာသိပ်မကြာသေးဘူး။ အခြေအနေကအကောင်းဘက်မှာမရှိမှာစိုးတယ်။ သူ့ဝိညာဥ်ကိုစုစည်းပြီး မသန့်စင်မှုတွေကိုဖယ်ရှားပစ်ဖို့ ကျုပ်ကွေ့ရီဂိုဏ်းကိုမှော်သန့်စင်မီးအိမ်ငှားလိုက်မယ်..."
ကျန်းအကြီးအကဲမှာတစ်ဝက်သေနေသော်လည်း လင်ရှောင်းဂိုဏ်းခံစားရတော့မည်ကိုကြားလိုက်ရသည်နှင့် သူချက်ချင်းအသိစိတ်ပြန်ဝင်လာလိမ့်မည်ပင်။ သူကဆိုသည်။
"အဲ့ဒါကလင်ရှောင်းဂိုဏ်းရဲ့ရတနာလေ! မင်းသုံးလိုက်တိုင်း အဲ့ထဲမှာစုထားတဲ့စိတ်ဝိညာဥ်စွမ်းအားတွေကုန်သွားမှာ။ မင်းငှားချင်တယ်လား။"
"ဘာပဲဖြစ်ဖြစ်ပါ၊ ကွေ့ရီဂိုဏ်းကတစ်နေ့ပြီးတစ်နေ့ပိုပြီးကြီးထွားလာတာပဲ။ ဒီတစ်ခေါက်လင်းယွဲ့ရဲ့ကိစ္စကလည်း ကျုပ်တို့ဘက်ကကြောင့်ဖြစ်သွားတာ၊ မကျေနပ်ချက်တွေကိုမဖြေရှင်းတာကြာသွားလို့ရှိရင် သူတို့ကပိုပြီးစုလာပြီးတော့ အနာဂတ်မှာပြဿနာဖြစ်လာလိမ့်မယ်။"
သူပြောသည်ကားတကယ့်ကိုအဓိပ္ပါယ်ရှိပေရာ ကျန်းအကြီးအကဲတစ်ယောက်စကားပြောရပ်သွားချေသည်။
ဟယ်ဇီကျိုးကဖြည်းဖြည်းချင်းထပ်ပေါင်းပြောလာသည်။
"ဒီတော့ ကျန်းရွေ့ကိုလည်းသူ့အပြစ်အချို့ကျေသွားအောင်လို့ သူ့ရဲ့ခန္ဓာကိုယ်အနှစ်သာရနဲ့သွေးကိုယဇ်ပူဇော်ခိုင်းဖို့ကျုပ်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါဆိုရင် မျှတပြီးတော့ကျိုးကြောင်းသင့်သွားလိမ့်မယ်။"
ကျန်းရွေ့တောင့်ခဲသွားရသည်။ သူထိုသို့ဆက်ဆံခံရမည်ဟုမထင်ထားမိပေ၊ သူချက်ချင်းခေါင်းအစခြေအဆုံးအေးစက်သွားပေသည်။
မှော်သန့်စင်မီးအိမ်ကား လင်ရှောင်းဂိုဏ်းမျိုးရိုးစဥ်ဆက်အလိုက်လက်ဆင့်ကမ်းလာသောအစောဆုံးရှေးဟောင်းရတနာဖြစ်၏။ ဂိုဏ်းနှစ်ခြမ်းကွဲသွားသော် ချီဇုန်နှင့်ရှင်းဇုန်ကထိုအတွက်အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။
ဤမီးအိမ်ဟာ ဝိညာဥ်ကိုသန့်စင်ရာတွင်ကြီးမားသောအကျိုးကျေးဇူးရှိသည်။ မီးအိမ်ထဲမီးစာလောင်ကျွမ်းသွားသောအခါ ၎င်းကရတနာထဲရှိစိတ်ဝိညာဥ်စွမ်းအားအများအပြားကိုကုန်ဆုံးသွားစေသည်မို့ ၎င်းကိုသေရေးရှင်ရေးအခိုက်အတန့်များတွင်အသက်ကယ်ပစ္စည်းအဖြစ်သာအသုံးပြုနိုင်သည်။
လွန်ခဲ့သောနှစ်ရာချီတုန်းက ချီဇုန်ဂိုဏ်းချုပ်ဟာဒဏ်ရာရသွားပြီး မှော်မီးအိမ်အသုံးပြုဖို့လိုအပ်ခဲ့သည်။ သူ၏တောက်ဓမ္မအပေါင်းအဖော်များသည်၎င်းကိုအသုံးမပြုခင်တွင် ရတနာထဲရှိစိတ်ဝိညာဥ်စွမ်းအားကိုပြည့်တင်းစေရန်ယဇ်ပူဇော်သည့်အနေဖြင့် သူတို့၏သွေးများကိုသုံးခဲ့ကြ၏။
သို့သော် ယခုမူ ကျန်းရွေ့၏စိတ်ဝိညာဥ်စွမ်းအားတစ်ခုလုံးပျောက်ဆုံးသွားပေရာယင်းကိုပြုလုပ်ခြင်းကား သူ့အသက်ကိုဖြုန်းတီးသည်နှင့်ညီမျှပေသည်။ ထို့အပြင် ၎င်းကခန္ဓာကိုယ်ကိုနည်းနည်းချင်းစီတိုက်စားသွားကာ ခန္ဓာကိုယ်၏အနှစ်သာရကိုစုပ်ယူသွားလိမ့်မည်ပင်။
လူတစ်ယောက်သည်အနှစ်သာရများစွာဆုံးရှုံးသွားပါက အဆုံးတွင်တဖြည်းဖြည်းချင်းရူးသွပ်လာကာ ကိုယ်ခန္ဓာမှာလည်းအိုမင်းကာ ယိုယွင်းလာပြီး ထိုသူဟာမံမီအလောင်းအဖြစ်သေဆုံးပေလိမ့်မည်။ ဤကဲ့သို့သောနာကျင်မှုဟာ လင်းချီနှင့်ကွာခြားမှုမရှိပေ၊ သူဘယ်လိုလုပ်မကြောက်ဘဲနေမှာလဲ။
ကျန်းရွေ့ပျော်ရွှင်သည်ဟုပြောကာ အရှုံးပေးမိတော့မည်ဟုခံစားရသည်။ ထိုစဥ်၊ ဟယ်ဇီကျိုး၏စကားများကိုကြားလိုက်ရရာ သူရုတ်ခြည်းရှော့ခ်ရသွားကာ ကြောက်သွားမိသည်ပင်။
သူအလျင်စလိုပြောမိသည်။
"ဟင့်အင်း၊ မလုပ်နဲ့!"
ကျန်းရွေ့ကဟယ်ဇီကျိုးရှေ့တွင်ဒူးထောက်ကာ သူ့ဝတ်ရုံအဖျားကိုလှမ်းဆွဲ၍ တောင်းပန်လာသည်။
"ရှစ်စွင်း၊ ဒီတပည့်တကယ်မှားမှန်းသိပါပြီ! အခုကျွန်တော့်ရဲ့စိတ်ဝိညာဥ်စွမ်းအားတစ်ခုလုံးပျောက်သွားပြီ၊ ကျွန်တော့်ရဲ့ပါရမီစွမ်းရည်လည်းမရှိတော့ဘူး၊ ကျွန်တော့်မှာဘာမှမကျန်တော့ဘူး၊ ကျွန်တော်ပြန်သွားပြီး လယ်သမားဘဲဖြစ်ချင်ပါတော့တယ်! ကျေးဇူးပြုပြီး ဆရာတပည့်ဆက်ဆံရေးကိုထောက်ထားပြီးတော့ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ၊ ရှစ်စွင်း!"
ဟယ်ဇီကျိုးကသူ့ကိုခါချကာ ပေါ့ပါးစွာဆိုသည်။
"ငါခုနကပြောပြီးပြီ၊ ငါတို့နှစ်ယောက်ကဆရာနဲ့တပည့်မဟုတ်ဘူး၊ ကျန်းရွေ့အစစ်ကသူခိုးတစ်ယောက်သတ်တာခံလိုက်ရပြီးပြီ၊ မင်းကအယောင်ဆောင်ထားတဲ့တစ်ယောက်ပဲ။"
ထိုစကားများကိုလူတိုင်းရှေ့တွင်ပြောလိုက်ချိန်တွင် သူဟာသူ၏အဆုံးသတ်ကိုတွေးထားပြီးပုံပင်။
ကျန်းရွေ့တစ်အောင့်မျှခြောက်ခြားသွားရကာ တောင်းပန်ခယစွာဖြင့်ဟိုဟိုဒီဒီလိုက်ကြည့်ပေမဲ့ လူတိုင်းကမထူးခြားမခြားနားစွာအကြည့်လွှဲသွားကြပြီး အတိတ်ကနီးစပ်သောမိတ်ဆွေများပင်အထင်သေးရွံရှာကာ စက်ဆုပ်နေကြပြီး သူ့ကိုပြန်ကြည့်ဖို့ငြင်းဆန်နေကြသည်။
ထိုအခိုက်အတန့်တွင် ရှုလင်ကျား၏ခံစားချက်တို့ကို ကျန်းရွေ့ရုတ်တရက်နားလည်သွားသည်။ လောကကြီးကားမျက်စိတစ်မှိတ်အတွင်းတွင်ဇောက်ထိုးမိုးမျှော်ဖြစ်သွားသယောင်။
ကျန်းရွေ့၏တစ်ကိုယ်လုံးမှာအားနည်းကာတုန်ယင်လျက်ရှိသည်။ သူမတ်တပ်ပင်မရပ်နိုင်ဘဲ အောက်ပြန်လဲကျသွားသည်။
ယင်းကားကိစ္စ၏အဆုံးသတ်ဖြစ်သော်လည်း ခန်းမတစ်ခုလုံးထဲရှိလူတိုင်းဟာမိန်းမောစွာဖြင့်လှုပ်ပင်မလှုပ်ကြပေ။ ဤကိစ္စများမှာအလွန်လျင်မြန်စွာဖြင့်လျှပ်တပြက်ဖြစ်ပျက်သွားခဲ့သည်။ သူတို့စိတ်ငြိမ်သွားကာ ကိစ္စတစ်ခုလုံးအကြောင်းမတွေးမိခင်အထိ၊ မစစ်မှန်သောခံစားချက်တစ်မျိုးရှိနေခဲ့ပေသည်။
ရှောင်းနဥ်အာနှင့်အခြားသူများမှာကျန်းရွေ့ကိုအစကတည်းကမုန်းနေကြသည်မို့ အဆင်ပြေသည်။ သို့သော် ကျန်းရွေ့နှင့်မိတ်ဆွေဖြစ်ခဲ့သည့်အခြားဂိုဏ်းသားများမှာ ကျန်းရွေ့ဂိုဏ်းကိုပထမဆုံးစရောက်လာတုန်းက သူဟာစိတ်အားထက်သန်မှုတို့ဖြင့်ပြည့်နေသည်ကိုပြန်မြင်ယောင်ကာ ချွေးစေးပြန်သွားကြသည်။
လူတိုင်းကအမှားနှင့်အမှန်မခွဲခြားနိုင်ရသည့်အကြောင်းရင်းကိုသူတို့နားမလည်နိုင်ပေ၊ သူတို့ဟာအချိန်အကြာကြီးသူ့ကြောင့်အမှောင်ဖုံးနေခဲ့သည်ပင်။
ချင်းချိုးတွင်ရှုလင်ကျားကိုသတ်ရန်ကြံစည်သည့်ကျန်းရွေ့၏သတင်းထွက်လာပြီးနောက်ပိုင်းတွင်ပင် လူအများအပြားကကျန်းရွေ့နှင့်ခပ်တန်းတန်းဖြစ်လာကြပေမဲ့ သူလင်ရှောင်းဂိုဏ်းကိုစရောက်လာကတည်းက ပလွှားကြားဝါခြင်းမရှိဘဲ စိတ်အားထက်သန်စွာဖြင့်ပြုမူနေခဲ့သည်ကို ဒီကနေ့မှသာလျှင်သူတို့တွေ့ရှိသွားကြသည်။ အစကတည်းက အရာရာတိုင်းဟာသူ၏တွက်ချက်မှုထဲတွင်ရှိနေခဲ့သည်ပင်။
ထို့အပြင် ဤလူများမှာအရူးပမာအသုံးချခံခဲ့ရသည်။
သူတို့အနက်၊ ကျန်းရွေ့နှင့်ဆက်ဆံရေးအကောင်းဆုံးမှာ ကျန်းခဲ့၏အုပ်စုဖြစ်သည်။ သူသည်မကြာသေးခင်ကကျန်းအကြီးအကဲ၏သေဆုံးမှုကြောင့် ရှုလင်ကျားကိုဆဲရေးဆိုနေခဲ့သေးသည်။ သူကအမှန်တရားကိုရုတ်တရက်ကြားလိုက်ရသည်မို့ သူဟာအသုံးချခံလိုက်ရကာ ကျန်းရွေ့၏သတ်ဖြတ်ခြင်းခံရလုနီးပါးဖြစ်သွားခဲ့သည်ကိုသိသွားခဲ့သည်။ တစ်ပြိုင်နက်တည်း၌ ၎င်းဟာလည်းသိမြင်နားလည်နိုင်စွမ်းကိုဖယ်ရှားပစ်ခဲ့သည်။
သူ့အပေါ်လှည့်ကွက်သုံးကာ သူ့အဖိုးကိုအဆိပ်ခပ်ခဲ့သည့်ဒီလူကို ကျန်းခဲ့မုန်းသည်။ ကျန်းရွေ့ဆွဲချခံလိုက်ရသည်ကိုမြင်လိုက်ရရင်း ရှုလင်ကျားကိုပြန်ကြည့်မိရာ သူရှက်ရွံ့သွားရပြီး တစ်ဆက်တည်းမှာပင်ကူကယ်ရာမဲ့သွားပေသည်။
ကျန်းခဲ့နှုတ်ခမ်းတင်းတင်းစေ့မိသည်။ တစ်အောင့်ကြာသော် သူပြောလိုက်သည်။
"ရှုရှစ်ရှုန်း၊ ခုနက...တောင်းပန်ပါတယ်။"
တစ်ပါးသူကိုတိုက်ခိုက်ရတာလွယ်ပေမဲ့ တောင်းပန်ရာတွင် သူတကယ့်ကိုဘယ်လိုပြောရမယ်မှန်းမသိပေ။ ကျန်းခဲ့ထစ်ထစ်အအဖြင့်ပြောမိသည်။
"အရင်တုန်းက ကျွန်တော်မသိမိုက်မဲခဲ့မိတယ်။ ကျွန်တော်ကမှားယွင်းတဲ့လူကိုယုံကြည်မိရုံတင်မကဘဲ အမှန်တရားကိုမသိခင် ကျွန်တော့်ရဲ့ရှစ်ရှုန်းကိုစွပ်စွဲပြီးအမှားလုပ်ခဲ့မိတယ်။ အခုကျွန်တော်တကယ်...ရှက်မိပါတယ်...ကျေးဇူးပြုပြီး ရှစ်ရှုန်း၊ ကျေးဇူးပြုပြီးတော့ရှစ်ရှုန်း...."
အစက'ကျေးဇူးပြုပြီးတော့ကျွန်တော့်ကိုခွင့်လွှတ်ပါ'ဟုပြောချင်သော်လည်း နောက်တစ်ခါတွေးမိချိန်တွင် သူပြောင်းလဲလိုက်ရင်တောင် သူ့မှာသေချာပေါက်သူ့ကိုခွင့်လွှတ်ချင်စိတ်ရှိမှာမဟုတ်ဘူး၊ ဘာမှအဓိပ္ပါယ်မရှိဘူးဟုပြောလာလို့ရှိရင် ငါချောင်ပိတ်မိသွားလိမ့်မယ်။
ကျန်းအကြီးအကဲကမျက်လွှာအသာချထားကာစကားမပြောပေ။ ဒီတစ်ကြိမ်တွင် ဤခေါင်းမာကာဒေါသကြီးသောလူအိုကြီးကရုတ်တရက်သူ၏အိုမင်းသောအခြေအနေကိုထုတ်ပြနေသယောင်။
၎င်းမှာကျန်းခဲ့ချောင်ပိတ်မိနေသည်ကိုမကြားလိုက်ရခင်အထိပင်၊ သူရုတ်တရက်ပြောလာသည်။
"မင်းအမှားလုပ်ထားရင် သည်းခံရလိမ့်မယ်။ တစ်ခုခုပြောရုံနဲ့ ရိုးသားမှုကိုပြနိုင်မယ်တဲ့လား။ မင်းရဲ့ရှစ်ရှုန်းကို ဒူးထောက်ပြီးတော့သုံးကြိမ်ကန်တော့လိုက်။"
ကျန်းခဲ့ကြောင်အမ်းသွားကာ တောင့်ခဲသွားပြီးနောက် ဒီတောင်းပန်မှုဟာတကယ်တမ်းတွင်ကျန်းအကြီးအကဲ၏တောင်းပန်မှုလည်းပါဝင်ကြောင်းသဘောပေါက်သွားသည်။
ဟယ်ဇီကျိုးကကျန်းရွေ့ကိုလေ့ကျင့်ပေးကာအလိုလိုက်ခဲ့လို့ရှိရင် ကျန်းအကြီးအကဲဟာလည်းအရင်နှစ်များတွင်ကျန်းရွေ့ကိုမြောက်မြားစွာထောက်ပံ့ပေးခဲ့သည်ပင်။ ကျန်းရွေ့ရရှိခဲ့သည့်အရာများစွာနှင့်ဆက်ဆံမှုအများအပြားဟာသူ့ကြောင့်ဖြစ်ပေရာ သူဟာလည်းဒီကနေ့အခြေအနေအတွက်ကြီးမားသောတာဝန်ရှိသည်။
ကျန်းအကြီးအကဲ၏စကားများကိုရှုလင်ကျားကြားလိုက်ရသော် သူဘာကိုဆိုလိုမှန်းနားလည်သွားသည်။ သူအနည်းငယ်စိတ်သက်သာရာရသွားပေမဲ့ နည်းနည်းထုံထိုင်းနေဆဲဖြစ်သည်။
သူသည်အမှန်တရားကိုသိလိုက်ရတည်းက တစ်ခါတရံရန်လိုမိကာ ကျန်းရွေ့၏မျက်နှာအစစ်ကိုအမြဲဖော်ထုတ်ချင်နေပေမဲ့ ကျန်းရွေ့ကိုယုံကြည်ကြသည့်လူအများကြီးရှိပြီး ရှုလင်ကျားမှာသက်သေအလုံအလောက်မရှိသည်မို့ ဒီလျို့ဝှက်ချက်ကိုရင်ထဲမှာတိတ်တခိုးသိမ်းထားရုံသာတတ်နိုင်သည်။
သို့သော် ယခုတွင် လူတိုင်းရှေ့မှာအမှန်တရားပေါ်ပေါက်လာသော် လူတိုင်း၏တုံ့ပြန်မှုကိုကြည့်ရင်း ထိုအရာတွင်သူပျော်ရွှင်မှုသိပ်မရှိကြောင်း ရှုလင်ကျားသိလိုက်ရသည်။
မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲ။
ငါဘာလို့သူ့ကိုအစကတည်းကနားလည်ပြီးယုံကြည်မပေးခဲ့ရတာလဲ။
ထိုအရာများဟာပြန်ပြင်လိုက်ရင် ဘယ်တုန်းကမျှမဖြစ်ခဲ့သလိုသတ်မှတ်လို့ရသည်ဟုမဆိုလို။ သူ့နှလုံးသားထဲရှိခံစားချက်များမှာပြောင်းလဲသွားပြီမို့ ပြန်လာဖို့ရာမဖြစ်နိုင်တော့ပေ။
ကျန်းခဲ့ကတော်တော်လေးဖြောင့်မတ်ကာ ခပ်မြန်မြန်ခေါင်းငြိမ့်၍ ကန်တော့ဖို့ပြင်လိုက်ပေမဲ့ သူ့ဒူးခေါင်းမှာမမြင်နိုင်သောစွမ်းအားတစ်ခုဖြင့်ရပ်တန့်ခံလိုက်ရကာ သူ့ကိုဒူးထောက်ဖို့လက်မခံပေ။
ရှုလင်ကျားပြောလိုက်သည်။
"မေ့လိုက်တော့။"
သူကလူထုကိုခေါင်းငြိမ့်ပြကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"အကုန်လုံးပြီးသွားပြီဆိုတော့ ရှင်းရှင်းလင်းလင်းလုပ်ကြရုံပဲ။ ပြီးတော့ ဂိုဏ်းထဲကအခြားကိစ္စတွေကကျွန်တော်နဲ့မဆိုင်ဘူး၊ ကျွန်တော်အရင်သွားနှင့်မယ်။"
ရှုလင်ကျားသည်နန်ဇီတောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူထဲမဝင်ရသေးသည်မို့ သူချက်ချင်းထွက်သွားလို့မရနိုင်ပေ။ သူသာခြေတစ်လှမ်းအရင်လှမ်းလိုက်လို့ရှိရင် အဝေးကြီးသွားနိုင်လိမ့်မည်မဟုတ်ဟုဆိုသည်။
သူသည်နန်ဇီတောင်ခြေတွင်ဟိုဟိုဒိဒီပတ်လျှောက်နေပြီး အနီးဝန်းကျင်တွင်လူတစ်ဦးမျှရှိမနေသည့်နေရာကိုရှာကာ မြေခွေးလေးဖြစ်လာ၏။
သူဟာကျန်းရွေ့နှင့်တိုက်ခိုက်နေတုန်းက သူ၏ဓားစွမ်းအင်ကြောင့်အကြိမ်အနည်းငယ်မျှထိတ်လန့်အံ့သြသွားခဲ့သည်။ ရှုလင်ကျားခေါင်းငုံ့ကာ နည်းနည်းနာနေသည့်သူ၏ညာလက်ဖဝါးကိုပွတ်လိုက်ပြီး ကျောက်ခြေနင်းတုံးများထံပြေးသွားကာ လှဲချလိုက်သည်။
မည်သူကမျှဒီနေရာကိုဖြတ်မသွားပေ၊ ထိုနေရာတွင်လေပြေသာလျှင်သစ်ရွက်နှင့်ပန်းပွင့်တို့ကိုတိုက်ခတ်လျက်ရှိပြီး နေ့လယ်ခင်းနေရောင်ခြည်ကားအလွန်တောက်ပကာ တောင်ထွတ်လမ်းမပေါ်တွင်နေသာနေသည်ကသူ့အားပျင်းရိစေသည်။
တစ်ခဏတာမျှ ပတ်ဝန်းကျင်ကားအလွန်အမင်းတိတ်ဆိတ်နေသယောင်။
ရှုလင်ကျားနည်းနည်းပူအိုက်နေသည်မို့ အမြှီးဆန့်ထုတ်ကာ မြေပြင်ပေါ်ရှိအပြာရောင်ကျောက်ပြားပေါ်ခေါင်းလေးတင်လျက်သားဖြင့် သိပ်မဝေးသောနေရာရှိလေထဲတွင်ယိမ်းနွဲ့နေသည့်ခရမ်းရောင်ပန်းနွယ်ပင်များကိုကြည့်နေမိသည်။
ပွင့်လွှာလေးများဟာနွယ်ပင်မှခွာ၍ အရှေ့ရှိလွင့်မျောနေသောနှင်းမှုန်များထဲအရည်ပျော်သွားချေသည်။
သူလင်ရှောင်းတောင်ထွတ်ပေါ်တွင်ရှိနေစဥ်တုန်းက ရှစ်စွင်း၏အခန်းရှေ့တွင်ထိုသို့သောပန်းနွယ်ပင်ရှိသည်ကိုသူမှတ်မိသည်။
တစ်နေ့မှာ သူကတံခါးဝတွင်ထိုင်၍ ဆရာသခင်ရှစ်စွင်းပြန်အလာကိုစောင့်နေပြီး သူပင်ပန်းလာသောအခါ ဤကဲ့သို့လဲလျောင်းကာဖြင့် သူ့တစ်ကိုယ်လုံးကိုကျောက်ခြေနင်းပေါ်ကပ်ထားလေ့ရှိသည်မို့ သူ့ကိုယ်ပေါ်ရှိအမွှေးနုလေးများမှာနေရောင်ခြည်ထဲတွင်နေပူဆာလှုံနေပေရာ အလွန်သက်တောင့်သက်တာရှိလှသည်။
လေပြင်းတစ်ချက်ရုတ်ခြည်းဝေ့ဝဲသွားကာ ပန်းနွယ်ပင်၏ခရမ်းရောင်ပန်းပွင့်များကိုနွယ်ပင်မှဆွဲခွာတိုက်ခတ်သွားပြီး ကောင်းကင်ယံထက်တွင်မျောလွင့်သွားစေသည်။
ရှစ်စွင်းပြန်လာချိန်တွင် သူကကောင်းကင်ပေါ်ရှိပန်းပွင့်များအားမော့ကြည့်နေသည်ကိုမြင်သွားသော် လက်ခုပ်တီးလိုက်လေရာ ပျံဝဲနေသည့်ပွင့်ဖတ်လွှာများအားလုံးဟာမီးရှုးမီးပန်းပမာပေါက်ကွဲသွားပြီး မရေတွက်နိုင်သောခရမ်းရောင်အလင်းတောက်တောက်များအဖြစ်ပြောင်းလဲသွားကာ မိုးပမာကျဆင်းလာခဲ့သည်။
သူကပျော်ရွှင်စွာဖြင့်ကျောက်ခြေနင်းပြားပေါ်မှခုန်ဆင်းကာ ဟယ်ဇီကျိုး၏လက်မောင်းကြားထဲခုန်ဝင်သွားခဲ့သည်။
ဆရာသခင်ရှစ်စွင်း၏ဝတ်ရုံကော်လာမှာ မြက်ခင်းနှင့်တူသောရနံ့ဖြစ်သည်ကို ဒီကနေ့ထိတိုင်သူမှတ်မိနေဆဲပင်။
လောကကြီးထဲတွင် "အရာဝတ္ထုတွေကမှန်ကန်ပြီး လူတွေကမှားယွင်းနေသည်"ဟူသောစကားပုံရှိသည်၊ သို့သော် တကယ်တမ်းတွင် "လူတို့၏နှလုံးသားဟာပြောင်းလဲလွယ်သည်"ဟူသောဆိုရိုးစကားလည်းရှိပေသည်။
Advertisement
ရှုလင်ကျား၏ယခင်ကဒဏ်ရာမှာအပြည့်အဝပြန်မကောင်းသေးပေ။ မြေခွေးအသွင်ဖြစ်လာပြီးနောက် သူပိုမိုသက်တောင့်သက်တာဖြစ်သွားပြီး လှုပ်ပင်မလှုပ်ချင်တော့ပေ။ ကျောက်ခြေနင်းပြားကအနည်းငယ်ထူးဆန်းသော်လည်း သူမျက်စိတစ်ဝက်မှိတ်ကာ ပျင်းရိပျင်းတွဲလှဲနေမိသည်ပင်။
ကျင်းဖေးထုန်သည်တောင်ထွတ်ပေါ်တွင်ကြိမ်ဖန်များစွာဟိုဟိုဒီဒီလျှောက်ရှာနေပြီး တောင်ထွတ်ဂိတ်ဝ၏အရှေ့ကိုရောက်သွားမှသာ မြေခွေးလေး၏ကျောပြင်ကိုနောက်ဆုံးတွင်မြင်လိုက်ရသည်။
သူကကျောက်ခြေနင်းပြားပေါ်တွင်တစ်ကောင်တည်းလှဲနေပြီး ခန္ဓာကိုယ်ကိုကွေးထားကာ သူ့ခေါင်းကလက်ဖဝါးနှစ်ဖက်ထဲတွင်မြှုပ်ထားပြီး သူ့ကြည့်ရတာနာခံကာရန်လိုတတ်ပုံပေါက်နေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူဟာလည်းထိုကဲ့သို့မြေခွေးလေးဖြစ်သည်ကိုကျင်းဖေးထုန်စိတ်မကူးကြည့်ဘဲမနေနိုင်ပေ။ လောကကြီးထဲတွင်ပန်းပွင့်နှင့်ပန်းပင်များ၊ နေ၊ လ၊ ရေ၊ လေနှင့် သူ၏ရှစ်စွင်းသာလျှင်ရှိသည်။ နေ့စဥ်နေ့တိုင်းအရေးကြီးဆုံးအရာကား သူ၏ရှစ်စွင်းပြန်အလာကိုပျော်ရွှင်စွာဖြင့်စောင့်မျှော်နေခြင်းဖြစ်လောက်သည်။
ထိုနေ့များမှာ ရှုလင်ကျားတွင်အချိန်ကောင်းလေးများရှိခဲ့ရမည်၊ မဟုတ်ရင် သူ့မှာဟယ်ဇီကျိုးအပေါ်ထိုကဲ့သို့နက်ရှိုင်းသောခံစားချက်များရှိနေလိမ့်မည်မဟုတ်။
သို့သော်လောကကြီးထဲတွင်ကြောက်စရာအကောင်းဆုံးသစ္စာဖောက်မှုကား သူ့ကိုစိတ်ပျက်အောင်လုပ်ခြင်းဖြစ်သည်။
သူပန်းပွင့်တာကိုတစ်ခါမြင်ဖူးပြီး ပျော်ရွှင်စွာဖြင့်ဝေမျှလိမ့်မည်ပင်၊ သို့သော် သူမသိလိုက်ခင် သူ့ပါရမီစွမ်းရည်လုယူခံလိုက်ရသည်မို့ သူဟာထိုကဲ့သို့ကိစ္စကြီးကိုပြောရန်ချိတုံချတုံဖြစ်နေမိသည်။
သူဟာသူ့လက်ဖဝါးထဲတွင်အရာရာတိုင်းကိုဆုပ်ကိုင်ကာ နေ့စဥ်နေ့တိုင်းဖြူစင်တောက်ပစွာဖြင့်တစ်သက်လုံးအသက်ရှင်နေထိုင်သွားသင့်သည်။ သူဟာဘာအမှားမှမလုပ်ခဲ့ဘဲ လူတိုင်းကိုအကောင်းဆုံးဆက်ဆံပေးခဲ့ပေမဲ့ သူကသူ့ကိုအဘယ်ကြောင့်နာကျင်စေခဲ့ရသနည်း။
ထိုအကြောင်းတွေးမိရင်း ကျင်းဖေးထုန်လွန်စွာစိတ်သောကရောက်ရသည်။
ဒီအချိန်တွင်ရှုလင်ကျားကတစ်ယောက်ယောက်နှောင့်ယှက်တာကိုလိုလားလားသူမသိပေမဲ့ သူ့ထံလျှောက်မသွားဘဲမနေနိုင်ပါပေ။
ရှုလင်ကျား၏တစ်ကိုယ်လုံးဟာမြေပြင်နှင့်ကပ်ထားသည်။ တစ်လှမ်းချင်းဆင်းလာသည့်ခြေသံကိုကြားလိုက်ရသော် သူချက်ချင်းနားရွက်ခါကာ ကျောက်ခြေနင်းပြားပေါ်မှခေါင်းမလိုက်မိသည်။
တစ်ယောက်ယောက်သူ့ကိုတက်နင်းသွားမည်ကိုသူစိတ်ပူနေမိပြီး သူလှည့်ကြည့်ဖို့ပြင်လိုက်သည်နှင့် အပြာရောင်ဝတ်ရုံအဖျားကသူ့ဘေးတွင်ရပ်သွားသည်။
ကျင်းဖေးထုန်ခေါင်းငုံ့ကာ သူ့ကိုပြုံးပြလိုက်ပြီး သူ့ဝတ်ရုံအဖျားကိုပင့်မကာ ရှုလင်ကျားဘေးရှိကျောက်ခြေနင်းပြားပေါ်တွင်ထိုင်ချလိုက်သည်။
သူကမြေခွေးလေး၏ခေါင်းကိုထိကာ နူးညံ့စွာပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ မင်းလည်းဒီမှာရှိနေတာပဲ၊ ကိုယ်လာတာမင်းစိတ်မရှိဘူးမလား။"
ခုနကရှုလင်ကျားတစ်ယောက်တည်းနေချင်သည်မို့ ကျင်းဖေးထုန်ကိုမစောင့်ဘဲသူအရင်ထွက်လာခဲ့သည်။ ဒီတစ်ကြိမ်သူဘာလုပ်မည်မှန်းသူမသိပေမဲ့ ဒီနေရာမှာလာဆုံသည်။
ရှုလင်ကျားနှုတ်ဆက်သည့်အနေဖြင့်အမြှီးယမ်းပြလိုက်သည်။
လူတစ်ယောက်နှင့်မြေခွေးတစ်ကောင်ဟာဘေးချင်းကပ်ထိုင်ရင်း နေရောင်ခြည်ကမြေပြင်ပေါ်ရှိကျောက်ပြားထံတဖြည်းဖြည်းရွှေ့လာသည်ကိုကြည့်နေကြသည။
ကျင်းဖေးထုန်ကရှုလင်ကျား၏အမွှေးကိုညင်သာစွာပွတ်သပ်ပေးကာပြောလာသည်။
"ဒီနေရာကရှုခင်းကသိပ်လှတယ်၊ နေရောင်ခြည်ကမပူဘဲနွေးနွေးလေး။ ကိုယ်နန်ဇီတောင်ထွတ်ကိုအရင်တုန်းကတစ်ခေါက်လာဖူးပေမဲ့ တစ်ချက်ကြည့်ဖို့တွေးတောင်မတွေးမိဘူး။ မင်းကတောဒီနေရာကိုရှာတွေ့သွားတယ်။ ဒီကနေရောင်ခြည်ကတကယ်ကြည့်ရတာတန်တယ်။"
ရှုလင်ကျားလက်ဖဝါးဆန့်ထုတ်ကာ သူ့ခြေထောက်ကိုပုတ်လိုက်သည်။
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ဟုတ်တယ်၊ ကိုယ်လည်းဒီကိုရောက်လာတာပဲ။ ကြည့်ရတာတော့ကိုယ်တို့ကစိတ်တူကိုယ်တူ သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်တဲ့ပုံပဲ။"
သူပြောလို့ပြီးသွားသော် ထပ်မေးလာပြန်သည်။
"ဒါနဲ့စကားမစပ်၊ မြေကြီးကမာလား။"
ထိုသို့ပြောပြီးနောက် သူဟာရှုလင်ကျားအပြောကိုစောင့်မနေဘဲ သူ၏နေပူဆာလှုံနေသည့်အမွှေးနုများကိုပွတ်သပ်ကာ ရှုလင်ကျားကိုဂုတ်ကဆွဲမပြီး ညင်သာစွာမ၍ သူ့ပေါင်ပေါ်တင်လိုက်သည်။
ကျင်းဖေးထုန်သည်ပုံမှန်ဆိုရင်သူ့ကိုလက်နှစ်ဖက်လုံးဖြင့်ချီလေ့ရှိသော်လည်း ဒီကနေ့နည်းလမ်းကတော့နည်းနည်းကြမ်းတမ်းသည်။ ရှုလင်ကျားအစကအနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားမိပေမဲ့ ကျင်းဖေးထုန်၏ခြေထောက်များဟာမာကြောသောကျောက်ခေါင်းအုံးထင်ပို၍သက်တောင့်သက်တာရှိသည်ဟုပြောရပေလိမ့်မည်။
သူဟိုဟိုဒီဒီလှိမ့်ကာ သင့်တော်သောအနေအထားကိုရွေး၍ကွေးကွေးလေးနေလိုက်ပြီး ဒီရှစ်ရှုန်း၏မဆင်မခြင်လုပ်ရပ်ကိုတစ်ဖက်သတ်ခွင့်လွှတ်ပေးဖို့ဆုံးဖြတ်လိုက်သည်။
ဤအချိန်တွင် နောက်ကျနေပြီးဖြစ်သည်။ နန်ဇီတောင်ထွတ်လမ်းမထက်တွင် အချိန်နှင့်အမျှ ကုန်သည်များ(သို့) အိမ်ပြန်လာသည့်သစ်ခုတ်သမားကသူတို့၏အထုပ်အပိုးကိုသယ်ကာ လှည်းများမောင်း၍ဖြတ်သွားကြပြီး ပင်ပန်းနွမ်းနယ်နေသည့်ငှက်များဟာလည်းတောအုပ်ထဲပြန်သွားကာ မီးခိုးငွေ့တစ်လှိုင်းကအဝေးရှိကောင်းကင်ယံထက်တွင်တလူလူထွက်နေပေသည်။
ယင်းကားမသေမျိုးတောင်ထွတ်နှင့်ဖုန်မှုန့်နီတို့၏လမ်းဆုံဖြစ်သည်။
ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ဖဝါးလေးများကိုပွတ်သပ်လျက် သူ့ဘာသာသူတွေးမိသည်။
"မကြောက်ပါနဲ့၊ မင်းလိုချင်ရင် ကိုယ်မင်းနဲ့အမြဲတမ်းအတူရှိနေမယ်။"
ရိုးရာတေးသီချင်းသံနှင့်အတူ နောက်ထပ်မိသားစုသုံးယောက်ကလျှောက်လာပြီး ရှေ့ဆုံးကအမျိုးသားမှာလက်ထဲတွင်သစ်လုံးတစ်လုံးသယ်ထားကာ အဝတ်စကပ်နှင့်အမျိုးသမီးကလက်ထဲတွင်ကလေးချီလျက်သားဖြင့် အနောက်ကလိုက်ပါလာသည်။
ထိုစဥ် ကလေးက"ဝါး"ခနဲအော်ငိုလာပြီး အမျိုးသမီးကအကြိမ်အနည်းငယ်မျှချော့နေပေမဲ့ ချော့လို့မရသည်မို့ဒေါသတကြီးပြောလာသည်။
"မဆိုနဲ့တော့၊ ရှင့်အသံကဝံပုလွေအူသံလောက်တောင်မကောင်းဘူး၊ သားလေးဘယ်လောက်ကြောက်သွားလဲကြည့်လိုက်အုံး။"
အမျိုးသားကအကျယ်ကြီးအော်ရယ်ကာ အနောက်လှည့်၍ အနှီးထဲရှိကလေးလေးကိုမျက်နှာအမူအရာလုပ်ပြကာပြောလိုက်သည်။
"ချစ်သားလေးရ၊ မငိုပါနဲ့၊ မငိုပါနဲ့ကွာ၊ မဟုတ်ရင် သိုးလေးကသားကိုဖမ်းသွားလိုက်မယ်ကွ။"
အမျိုးသမီးမှာမတတ်သာစွာရယ်မောမိပေမဲ့ ကလေးကသူ့ဖခင်၏မဲ့ရှုံ့သောမျက်နှာကိုမြင်သွားသော် ငိုသံကတဖြည်းဖြည်းချင်းရပ်သွားကာ မိသားစုသုံးယောက်မှာဖြည်းဖြည်းချင်းဖြတ်လျှောက်သွားတော့သည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်ကထိုမြင်ကွင်းကိုအတူကြည့်နေကြပြီး ကျင်းဖေးထုန်ကရယ်မောကာပြောလာသည်။
"ကိုယ်ငယ်ငယ်တုန်းက ကိုယ့်ကိုခစားတဲ့နိူ့ထိန်းပြောတာကိုကြားဖူးတယ်၊ အဲ့ဒီ့တုန်းကကိုယ်မကြောက်ဘူး၊ သိချင်စိတ်ဖြစ်သွားခဲ့တာ။ မာလောင်ကဘာလဲပေါ့။ ကိုယ်လူတော်တော်များများကိုလိုက်မေးကြည့်ပြီးနောက်မှာတော့ အဲ့ဒါကမှန်ထဲမှာနေတဲ့တစ္ဆေဖြစ်ကြောင်း အစေခံတစ်ယောက်ကကိုယ့်ကိုတိတ်တခိုးပြောပြလာတယ်။ အဲ့ဒီ့တစ္ဆေကညလယ်ခေါင်မှာလူတွေကိုစားဖို့ထွက်လာတယ်တဲ့၊ အထူးသဖြင့် ငိုရတာကြိုက်တဲ့ကလေးတွေကိုဆိုပဲ။"
ရှုလင်ကျားတွေးမိသည်။ ခင်ဗျားငယ်ငယ်တုန်းက တော်တော်လေးပြဿနာရှာခဲ့တဲ့ပုံပဲ၊ သူတို့ကိုခစားဖို့တွန်းအားပေးခံရတဲ့လူတိုင်းကဒီလိုလှည့်ကွက်မျိုးကိုသုံးကြတယ်။
သူဘာတွေးနေမှန်းကျင်းဖေးထုန်မသိပေ။ ရှုလင်ကျားကသူ့ပေါင်ပေါ်တွင်ထိုင်ကာ ခေါင်းသေးသေးလေးဖြင့်မော့ကြည့်နေပြီး သူ့ကြည့်ရတာအရမ်းသိချင်နေပုံရသည်။ ထိုသာမန်ညောင်ညရိုးရှင်းသောအတိတ်ဖြစ်ရပ်ကရုတ်တရက်စိတ်ဝင်စားစရာကောင်းလာသည်။
သူတက်ကြွစွာပြောလိုက်သည်။
"ကိုယ်တစ္ဆေဖမ်းချင်တာမို့ ညလယ်ခေါင်ကြီးမှန်ရှေ့မှာသွားရပ်နေခဲ့ပေမဲ့ တစ္ဆေကထွက်မလာဘဲ ကိုယ့်အဖေတွေ့သွားတယ်လေ။ ကိုယ့်ရှေ့မှာဒီလိုအဓိပ္ပါယ်မရှိတာတွေပြောခွင့်မရှိတော့ဘူး။"
ရှုလင်ကျားထူးဆန်းစွာနားထောင်နေပြီး ထိုအကြောင်းတွေးမိကာ လက်ဖဝါးမြှောက်၍ ကျင်းဖေးထုန်၏ရင်ဘတ်ကိုတိုက်ခိုက်ချက်အလားဖိလိုက်ပြီးနောက် လက်ပြန်ရုတ်ကာ ခေါင်းလေးစောင်းလိုက်သည်။
ကျင်းဖေးထုန်၏မြေခွေးဘာသာစကားမှာအတော်လေးကောင်းမွန်စွာလေ့ကျင့်ထားပေရာ သူမေးမိသည်။
"မင်းမေးချင်တာက ကိုယ်တို့တွေကမှော်အစွမ်းမလုပ်နိုင်တဲ့သာမန်လူတွေမဟုတ်တာကို ကိုယ့်အဖေကဒီလိုဒဏ္ဍာရီမျိုးကိုဘာလို့ဒီလောက်တားမြစ်ထားတာလဲလို့လား။"
ရှုလင်ကျားကခေါင်းငြိမ့်သည်။
ကျင်းဖေးထုန်သက်ပြင်းချကာပြောလိုက်သည်။
"ကံဆိုးချင်တော့ ကိုယ်ကမေးခွန်းထုတ်ဖို့အရမ်းငယ်နေသေးတယ်လေ။ နောက်ကျ ကိုယ်အရွယ်ရောက်လာတော့ အဲ့အကြောင်းမေ့သွားတော့တာပဲ။ သိပ်မရှင်းတော့ဘူး။"
သူ၏မိဘများနှင့်သက်ဆိုင်သည့်ကိစ္စများကိုနားထောင်လိုက်တိုင်း သူကိုယ်တိုင်နှင့်သူ၏မိဘများကြားတွင် ထိုကဲ့သို့သောအခိုက်အတန့်ရှိမရှိ သူလည်းစိတ်ကူးမိလိမ့်မည်ပင်။
သို့သော် ကျင်းဖေးထုန်၏ဖခင်ကားအနည်းငယ်စည်းကမ်းတင်းကြပ်ပုံပင်။ ရှုလင်ကျား၏ဝိုးတိုးဝါးဝါးအမြင်အာရုံထဲတွင် သူဟာသူ့ဖခင်၏ပင်ကိုယ်စရိုက်ကိုမမှတ်မိသော်လည်း သူဟာစိတ်ထားကောင်းပုံရသည်။ အနည်းဆုံးတော့ သူဟာသူ၏ဇနီးနှင့်သားအပေါ်တွင်ဘယ်တုန်းကမျှဒေါသမထွက်ခဲ့ပေ။ သူ့ကိုလည်ကုပ်ပေါ်တွင်တင်ကာ မြင်းစီးတိုင်းကစားပေးခဲ့သည်...
ထိုအကြောင်းတွေးမိရင်း ရှုလင်ကျားမိန်းမောသွားရကာ သူသာထိုကဲ့သို့ကစားခဲ့လို့ရှိရင် သူ့မိဘများနှင့်ရှိနေတုန်းက သူဟာလူသားအသွင်နှင့်ဖြစ်ရမည်ဟုရုတ်ခြည်းသဘောပေါက်သွားသည်။
သို့သော် သူဟယ်ဇီကျိုးနောက်လိုက်ကာတောင်ပေါ်တက်လာချိန်တွင် သူအသွင်မပြောင်းနိုင်ခဲ့ပေ။
ဘာမှားနေတာလဲ။
ကျင်းဖေးထုန်ကရှုလင်ကျား၏အမြှီးကိုညင်သာစွာလှမ်းဆွဲကာမေးလာသည်။
"မင်းဘာတွေစဥ်းစားနေတာလဲ။ သရဲကြောက်လို့လား။"
သူကများသူ့အမြှီးကိုဆွဲရဲတယ်!
ရှုလင်ကျားအမြှီးကိုကျင်းဖေးထုန်လက်ထဲကဆွဲထုတ်ကာ သူ့လက်ဖမိုးကိုဖြန်းခနဲရိုက်ချ၍ မျက်လုံးလှိမ့်လိုက်သည်။
ကျင်းဖေးထုန်ကရယ်သည်။
ကြင်စဦးလင်မယားနှစ်ယောက်စနောက်နေကြစဥ် သူတို့ဘေးရှိသစ်ပင်မှတရှဲရှဲမြည်သံကိုရုတ်တရက်ကြားလိုက်ရသည်။
ထို့နောက်ချက်ချင်းပင်၊ ထိုထဲကလှပသောမြေခွေးဖြူတစ်ကောင်ထွက်လာပြီး ၎င်းကိုယ်ပေါ်ရှိအမွှေးများမှာအနည်းငယ်စိုရွှဲနေကာ ၎င်းကလမ်းလျှောက်ရင်းရေခါနေပေသည်။
ရှုလင်ကျားနှင့်ယှဥ်လျှင် ဒီမြေခွေးကပုံမှန်မြေခွေးတစ်ကောင်၏အရွယ်အစားရှိသည်။ တစ်ကိုယ်လုံးပေါ်တွင်ကျွတ်နေသောအမွှေးတစ်ပင်မျှမရှိ။ ၎င်းမှာဖွာနုကာတောက်ပလျက်ရှိပြီး ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့၏အာရုံကိုတစ်ပြိုင်နက်တည်းဆွဲဆောင်သွားသည်။
သူတို့သည်မြေခွေးဖြူလျှောက်လာသည်ကိုပြိုင်တူကြည့်နေကြပြီး မြေခွေးဖြူကအနားမရောက်လာခင်အထိ ကျင်းဖေးထုန်၏လက်မောင်းကြားထဲတွင်ရှိနေသောရှုလင်ကျားကိုမမြင်ပေ။
၎င်း၏မျက်လုံးများတောက်ပသွားရကာ ၎င်းကချက်ချင်းရပ်၍ပြောလာသည်။
"ဒီမြေခွေးကဘာလို့ဒီလောက်သေးနေတာလဲ။ အသက်ရှိနေတာလား။ တကယ်ပဲလား။ အရမ်းချစ်ဖို့ကောင်းတာပဲ! ဘုရားသခင်! ငါ့သားလေးနဲ့တူတယ်တော်!"
----၎င်းမှာသိသိသာသာကိုအလွန်ကြည်လင်သောချိုသာသောအမျိုးသမီးအသံဖြစ်သည်။
ရှုလင်ကျား: "..."
သူ့ကိုယ်ပေါ်ရှိအမွှေးများမှာတစ်ခါတည်းပေါက်ကွဲသွားတော့မည်ပင်။
ဒီမိန်းကလေး...ဘာလို့ဒီလိုဖြစ်နေတာလဲ! သူတို့တွေ့တာပထမဆုံးအကြိမ်ပေမဲ့ စကားလုံးတိုင်းကလူတိုင်းရဲ့နှလုံးသားကိုထိုးနှက်သွားပေသည်။
Advertisement
- In Serial30 Chapters
CZEPTA // Light from Darkness
In Babylon City the sun never shines. Blanketed in endless rain, the futuristic city is ruled by the iron grip of its vampiric overlords. Thaqib, a local trash hauler vents his frustration painting the city streets. But tonight his life is about to change. When a strange object falls into the harbour, Thaqib will come to learn of Zion – the ancient civilization that once stood in Babylon’s place. Drawn into a perilous quest, he must master Zion’s ancient cultivation techniques if he is to survive. The dark forces that rule the empire of Babylon seek total domination of the planet and will not allow anyone to threaten their plan. Along the way Thaqib will meet powerful warriors and mighty sages who will impart the wisdom he needs to cultivate the only power that can restore the light of Zion.
8 79 - In Serial8 Chapters
The Mountains of Mourning
After his rebellion failed, Patrick and his team escaped to another world, thinking to be safe there, and live out what remained of their broken lives in whatever peace they might find. But the world he found wasn't the one he expected, and that remainder of his life threatened to become very short, unless he found a way to survive in this monster-ridden hostile environment. To make matters worse, more refugees started to come in, falling through portals, disturbing the balance. With them they brought tales of war and chaos, the horrors of those who were left behind, and the ravenous hunger for blood of the Tyrant they thought they left behind. Unable to leave the new settlers to their fate, Patrick and his team take on the roles that are pushed onto them, some with enthusiasm, some with reluctance, all striving to build a better world than the one they left behind. They should have realized that portals that open once, can be opened again, and that what they thought they left behind, might one day catch up.
8 91 - In Serial103 Chapters
Flock of Doves
Twelve years ago, after being pulled from a cage in a Russian military base, Kiromir brought Niala to his people thinking that her wings and funny words meant that she could be one of them, a Wildling warrior full of fire and magic. Now, she's the lone mockingbird in a flock of doves. Though, Gaffriel thinks she looks more like a woodpecker, but he's an idiot... a likeable idiot, but still an idiot. Can she really be one of them? Will they ever find her family, or did she make the best one for herself, already? When her stupid grandmother starts to bargain her future 'for the better of the flock,' things go all the right kinds of wrong [1st person, switching POV] [Book is completed and being edited] Cover art by Damien Birdyboi @BirdyBoiWonder on twitter Calligraphy by Sadcat SadCat#0732 on discord
8 95 - In Serial14 Chapters
The General's Manor Young Concubine Survival Report/將軍府小妾生存報告
Автор - Фэн дэ Линдан/風的鈴鐺Оригинал - http://www.jjwxc.net/onebook.php?novelid=2575677Анлейт (разрешение получено) - https://spicychickentranslations.wordpress.com/novel-translations/tgmycsr/Я думала, что я буду императрицей! Мне оставалось лишь схватить свою удачу за хвост и стать его истинной любовью. После этого мы бы поженились, завели бы детей. Обязательно мальчика! А потом бы мы жили долго и счастливо. Разве не все подобные истории заканчиваются так?!Но вышло так, что я застряла в самом начале, ведь моя удача это...Ах, генерал! _(:з"∠)_ Авторская заметка: Эта работа имеет альтернативное название "Га-га-га" (нет).П/п: авторская заметка отсылает нас к поэме Ло Биньвана "Воспеваю гуся".
8 198 - In Serial7 Chapters
Villain rehab
Deku,bakugou and todoroki are villains in rehab and they hate hero's especially all night and endeavour but one of their childhood friends is in the hero course, will she convince them to become hero's? Or will the convince her to become a villain?
8 173 - In Serial67 Chapters
shades of blue
Charlie doesn't speak, so he paints.
8 196

