《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》270
Advertisement
၂၇၀။ ချူးလီလီပြန်လာပြီ
လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ ဘာမှမပြောတော့ဘဲ နယ်မြေထဲက ထွက်လာသည်။ ထို့နောက် အမိုးပေါ်မှ ခုန်ချလိုက်သည်။
လှောင်ချိုင့်ကြီးနှင့် အထဲကလိပ်ကြီးများသည်လည်း အခုဆိုရင် ရေခဲရုပ်များ ဖြစ်ကုန်သည်။ ဟိုတယ်အဆောက်အဦးကြီးသည် မြေကြီးပေါ်တွင်ချထားသည့် ရေခဲတုံးကြီးဖြင့်ပဲ တူနေတော့သည်။ ရွေးချယ်စရာမရှိတော့သဖြင့် လင်းချင်းသည် သူမ၏နယ်မြေထဲမှာသာ သူတို့ကို ခနတဖြုတ်နေခိုင်းရတော့မည်။ ယန်ကျင်းဟွာက ပြန်လာမည် မလာမည်က မသေချာသောကြောင့် သတိထားရတာက မမှားပေ။
သူမသည် နောက်ဟိုတယ်တစ်လုံးကို ထပ်ရှာလိုက်သည်။ အရင်ဟာလောက်တော့ မခမ်းနားဘဲ ခြောက်လွှာပဲရှိကာ အခန်းတွေက သိပ်မများပေ။ လင်းချင်းသည် နယ်မြေထဲသို့ဝင်ကာ လူစုဆီသို့ လျှောက်သွားသည်။
သူမကိုမြင်သည့်အခါ စကားပြောနေခြင်းကိုရပ်လိုက်ကာ သူမကို ကြည့်မေးသည်။
“ဘာဖြစ်လို့လဲ? ခုနက အပြင်ထွက်သွားတာ ငါတို့မြင်တယ်။ အပြင်မှာ အခြေအနေဘယ်လိုရှိလဲ?”
“ယန်ကျင်းဟွာက ထွက်သွားပြီ”
လင်းချင်းက ပြောသည်။
“ငါတို့နေတဲ့ အဆောက်အဦးကတော့ လုံးဝကို ခဲသွားပြီ။ အဲ့ဒါကြောင့် ငါနောက်နေရာတစ်ခု ရှာထားပေးတယ်”
“ငါတို့အခုထွက်ရပြီလား? ယန်ကျင်းဟွာက သွားပြီလား?”
လင်းဖန်က သူမကိုကြည့်ကာ မေးသည်။
“သူသွားပြီ”
လင်းချင်းက ဖြေသည်။
လင်းဖန်က ခေါင်းငြိမ့်ကာ
“ဒါဆိုရင် ငါတို့အခုထွက်လို့ရပါပြီ။ နင့်နယ်မြေကို ဝင်နေရမိတာ တကယ့်ကို အားနာပါတယ်”
“အချင်းချင်းကိုင်ထားကြ။ တစ်ခါတည်းနဲ့ အကုန်လုံးကို အပြင်ထုတ်ပေးမလို့”
လင်းချင်းက ပြောသည်။
လင်းဖန်တို့သည် အံ့သြသွားသည်။ သူတို့သည် နှစ်စုခွဲကာ အချင်းချင်းလက်ကိုင်ထားကြသည်။ ပထမတစ်စုသည် လင်းမိသားစုဖြစ်ပြီး နောက်တစ်စုသည် လုံချင်းယင်တို့နှင့် လီကျန်းတို့ဖြစ်သည်။
လင်းချင်းသည် လုံချင်းယင်၏ပုခုံးကို လက်တစ်ဖက်ဖြင့်ထိကာ ‘ထွက်’ဟု စိတ်ထဲက ပြောလိုကသည်။ ထို့နောက် သူမသည် လင်းဖန်တို့ရှေ့တွင် ပျောက်သွားကာ ဟိုတယ်အသစ်၏ ဧည့်ကြိုခန်းတွင် အကုန်လုံးနှင့်ပေါ်လာသည်။
“တခြားသူတွေကို သွားခေါ်လိုက်ဦးမယ်”
လင်းချင်းသည် လုံချင်းယင်၏ ပုခုံးပေါ်မှ လက်ကိုဖယ်ကာ ပြောသည်။ ထို့နောက် နယ်မြေထဲသို့ဝင်ကာ တခြားသူများကို ခေါ်လာသည်။
“လူနှစ်ယောက်ထပ်ပိုပြီးတော့ ခေါ်နိုင်နေပြီလား?”
လင်းဖန်က မေးသည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ လီကျန်းတို့ကို ညွှန်ပြရင်း
“သူတို့ကျေးဇူးနဲ့။ သူတို့ကြောင့် လူတွေကို ဒီလိုခေါ်လိုက်ထုတ်လိုက် လုပ်ရမှန်းသိတာ။ အစက ဒါမျိုးကို မတွေးခဲ့မိဘူး”
လီကျန်းသည် လင်းချင်းကို ကြည့်ကာ
“ငါတို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဇွန်ဘီတစ်ကောင်ဆီက အကယ်ခံရလိမ့်မယ်လို့ ငါတို့တစ်ခါမှတောင် ယောင်လို့မတွေးမိဘူး”
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။
“ဒီနေရာက ဘယ်မှာလဲ?”
လင်းဟောင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မေးသည်။
“ဒါကငါတို့အရင်နေတဲ့ ဟိုတယ်နားက ဟိုတယ်လေးတစ်ခုပဲ”
လင်းချင်းက ပြောသည်။
လင်းဟောင်သည် ခေါင်းငြိမ့်ကာ လင်းဖန်အား
“အပေါ်ထပ်တက်ပြီး အခန်းတွေကို ကြည့်ကြမလား?”
လင်းဖန်သည် ခေါင်းငြိမ့်ကာ
“အင်း။ အမေ့အတွက် သန့်တဲ့အခန်း အရင်ရှာပေးရအောင်”
ထို့နောက် သူတို့သည် အပေါ်ထပ်များသို့ တက်သွားကာ အခန်းရှာကြသည်။
ဟိုတယ်လေးသည် မီတာနှစ်ရာလောက်ပဲ အရင်ကဟာနှင့် ဝေးသည်။ ဒီနေရာက ဇွန်ဘီများကို အရင်ထဲက ချူးလီလီသည် မောင်းထုတ်ပေးထားသည်ဖြစ်ရာ အခုတော့ ဒီအဆောက်အဦးသည် လုံးဝကို ရှင်းလင်းနေသည်။ ထို့ကြောင့် သူတို့သည် အဆောက်အဦး၏ ဘယ်နေရာကိုမဆို စိတ်မပူဘဲ သွားနိုင်နေတာဖြစ်သည်။
နောက်ဆုံးတော့ လင်းဖန်နှင့် သူ့မိသားစုသည် သုံးလွှာတွင်နေသည်။ လီကျန်းတို့က ငါးလွှာသို့ တက်သွားသည်။ လင်းချင်းသည် ခြောက်လွှာက အခန်းတိုင်းကို စစ်ကြည့်ပြီးနောက် နှစ်ခန်းရွေးလိုက်သည်။ လျူကျွင်းနှင့် ရှဲ့တုန်းတို့ကို နယ်မြေထဲက ထုတ်ပေးကာ သူတို့အခန်းများကို သူတို့သန့်ရှင်းရေး လုပ်စေသည်။ တကယ်တော့ လျူကျွင်းနှင့် ရှဲ့တုန်းတို့သည် အိပ်ဖို့မလိုလေရာ အခန်းမရှိလည်း အဆင်ပြေပါသည်။
ထို့နောက် သူမသည် အမိုးပေါ်သို့ တက်သွားသည်။ လင်းချင်းသည် မိုးလင်းသည့်အထိ အမိုးစွန်တွင် ထိုင်နေခဲ့သည်။ နောက်တစ်နေ့ မိုးလင်းသည့်အချိန်တွင် လင်းချင်းသည် ခပ်လှမ်းလှမ်းနေရာမှ ချူးလီလီ၏ အရှိန်အဝါကို ခံစားမိသည်။ သိပ်မကြာခင်တွင်ပဲ သူမသည် ချူးလီလီနားမှ ဇွန်ဘီအနံ့အချို့ပါ ရလိုက်သည်။
လင်းချင်းသည် စိတ်ရှုပ်သွားသည်။
‘ဘာဖြစ်တာလဲ? ငါသူ့ကို ဇွန်ဘီသတ်ပြီး ဇွန်ဘီအမြူတေ စုဖို့ပဲ မှာလိုက်တာပါ။ ဘာဖြစ်လို့ ဇွန်ဘီအုပ်ကြီးနဲ့ ပြန်လာတာလဲ?’
လင်းချင်းသည် ထိုဇွန်ဘီအနံ့များကို ရလေလေ ပိုသန်မာလေလေဖြစ်ကြောင်း သိလိုက်သည်။ သူမသည် ထရပ်ကာ ချူးလီလီရှိရာဘက်ကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ ချူးလီလီကလွဲ၍ သူမသည် မတူသည့်နောက်အနံ့တစ်ခုကို ရလိုက်သည်။ သိပ်မကြာခင်တွင် ချူးလီလီသည် ခဲနေသည့် ဟိုတယ်မှ သူမရှိရာသို့ ရောက်ချလာသည်။
“အာ ယာ ယေး အား”
‘ဘာဖြစ်တာလဲ? ဟိုတယ်က ဘာဖြစ်လို့ ခဲနေတာလဲ?’
ချူးလီလီသည် အဖြူဂါဝန်သန့်သန့်လေးကို ဝတ်ထားဆဲဖြစ်ပင်မယ့် သူမ၏ မျက်နှာသည် ထိတ်လန့်ကာ ဒေါသထွက်နေသည်။
လင်းချင်းသည် သူမ၏မေးခွန်းကို မဖြေဘဲ သူမ၏နောက်ကနေ အမိုးပေါ်သို့ တက်လာသည့် ဇွန်ဘီနှစ်ကောင်ကို ကြည့်ကာ
“နောက်ရှင်းပြပါ့မယ်။ ဒါတွေကို ဘာတွေလဲဆိုတာကို အရင်ပြောပြဦး”
Advertisement
ထိုအချိန်တွင် တစ်ယောက်သည် ရုတ်တရပ် လင်းချင်းကို ဒေါသတကြီးဖြင့် လက်ညိုးငေါက်ငေါက်ထိုးကာ
“ဂါး! ဂါး!”
‘နင်! မကောင်းတဲ့မိန်းမ!’
လင်းချင်းသည် သူမအား ရုတ်တရပ် တိုက်လာသည့် ဇွန်ဘီမငယ်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ကိုယ်ကိုယိမ်းရင်း သူမ၏ဇွန်ဘီလက်သည်းများကို ရှောင်လိုက်သည်။
“ဘာဖြစ်လို့ နင်ကဒီကိုရောက်နေတာလဲ?”
သူမမေးသည်။
“ဂါး! ဂါး!”
‘ငါ့ညီမလေးကို ပြန်ပေး!’
ဇွန်ဘီမငယ်သည် ဒေါသတကြီးဖြစ်စွာဖြင့် လင်းချင်းအား ကြောက်ဖို့ကောင်းအောင် အော်သည်။ ထို့နောက် လင်းချင်းကို တိုက်ဖို့ ထပ်လာပြန်သည်။
ထိုအခါ ချူးလီလီသည် ရုတ်တရပ် သူမကို အော်သည်။
“အား!”
‘သွား!’
ဇွန်ဘီမငယ်သည် စတိုက်ဖို့လုပ်သော်လည်း ရပ်သွားကာ ချူးလီလီကို ကြည့်ရင်း
“ဂါး? ဂါး?”
‘နင်က သူနဲ့ အတူတူပဲလား?’
ချူးလီလီသည် စိတ်မကြည်စွာဖြင့် ဇွန်ဘီမငယ်ကို အော်ကာ
“အားယ အား ယား ယား ယား ယား အာ ယေး အား”
‘ဟုတ်တယ်! ပြီးတော့ ဒါက နင့်ကိစ္စလည်း မဟုတ်ဘူး! နင်မကြီးကို ထပ်တိုက်လို့ကတော့ ငါနင့်ကို ချမှာ!’
ဇွန်ဘီမငယ်သည် မျက်နှာမဲ့သွားကာ လင်းချင်းကို ရန်လိုစွာ ကြည့်သည်။ ထို့နောက် လှေကားရှိရာနားသို့ လှည့်သွားကာ ထိုဘေးက အမိုးပေါ်တွင် ခြေထောက်ကို တွဲလောင်းချကာ လှုပ်ထိုင်နေရင်း လင်းချင်းကို စိုက်ကြည့်နေသည်။
လင်းချင်းသည် နဖူးကို လက်ဖြင့်မကာမိဘဲ မနေနိုင်ပေ။
“ဘာဖြစ်လို့ သူ့ကိုခေါ်လာတာလဲ?”
သူမဆက်မေးသည်။
“ဘယ်လိုလုပ် တွေ့လာတာလဲ?”
“အာ အာ”
ချူးလီလီက ပြောသည်။
“ညီမလေးက သူ့ကိုမရှာပါဘူး။ ရုတ်တရပ်ကြီး သူကပေါ်လာပြီး စိန်ခေါ်တာ”
“သူ့ကိုသိလား?”
လင်းချင်းက ပြောသည်။
“ကလေးခိုးတယ်လို့ ပြောဖူးတဲ့ ဇွန်ဘီမက သူလေ။ အရင်က နင့်ကိုပြောပြဖူးတယ်။ သူ့အကြောင်း အခုနည်းနည်းသိပြီမလား?”
“အာ ယေး!”
ချူးလီလီက နှုတ်ခမ်းဆူကာ ပြောသည်။
‘အရမ်းအာရုံနောက်ဖို့ ကောင်းတာပဲ!’
“နင့်နောက်ကို လိုက်လာတာလား?”
လင်းချင်းက ဇွန်ဘီမငယ်ကိုကြည့်ကာ မေးသည်။
ချူးလီလီက ခေါင်းငြိမ့်ကာ
“ယား အား အာယာ”
‘ဟုတ်တယ်။ ညီမလေးကို သူမနိုင်ဘူးလေ။ ပြီးတော့လည်း ညီမလေးနဲ့ တိုက်ရတာကို သူကတကယ်သဘောကျနေတာ။ ညီမလေးကဖြင့် သူနဲ့မတိုက်ချင်ပါဘူး’
လင်းချင်းသည် ချူးလီလီ၏ အနောက်က တခြားဇွန်ဘီများကို ကြည့်လိုက်သည်။ အဆင့်ငါးဇွန်ဘီခေါင်းဆောင်များဖြစ်၍ တစ်ကောင်ဆိုလျှင် လင်းချင်း၏ အသိဟောင်းကြီးပင်။ ရှဲ့တုန်းနှင့် သူမကို အလျှော့မပေးဘဲ နောက်ကနေ လိုက်ဖမ်းနေခဲ့သည့် ရေခဲအစွမ်းဖြင့် ဇွန်ဘီခေါင်းဆောင် ပါလာသည်။
လင်းချင်းသည် ရေခဲဇွန်ဘီခေါင်းဆောင်ကို ကြည့်နေစဉ်တွင် သူကလည်း သူမကို စိုက်ကြည့်နေသည်။ သူမကို လာစိုက်ကြည့်နေသဖြင့် လင်းချင်းသည် မအော်ဘဲ မနေနိုင်တော့ပေ။
“ဘာကြည့်တာလဲ? ငါနင့်ကို နည်းနည်းလေးတောင် မကြောက်တော့ဘူး! ရဲရင်လာလေ! ငါနင့်ကို နာအောင်လုပ်ပေးမယ်”
“ဂါး!”
ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းကို ချက်ချင်းပြန်အော်ကာ တိုက်ခိုက်ဖို့အတွက် ခြိမ်းခြောက်သည်။ လင်းချင်းကို တိုက်ချင်သော်လည်း ချူးလီလီကို တစ်ချက်ကြည့်ကာ မလှုပ်ရဲပေ။ ထို့နောက် ဘာမှမလုပ်ရဲဘဲ လင်းချင်းကိုသာ ဆက်၍စိုက်ကြည့်နေသည်။
Zawgyi Ver
၂၇၀။ ခ်ဴးလီလီျပန္လာၿပီ
လင္းခ်င္းသည္ သူမကိုတစ္ခ်က္ၾကည့္ကာ ဘာမွမေျပာေတာ့ဘဲ နယ္ေျမထဲက ထြက္လာသည္။ ထို႔ေနာက္ အမိုးေပၚမွ ခုန္ခ်လိဳက္သည္။
ေလွာင္ခ်ိဳင့္ႀကီးႏွင့္ အထဲကလိပ္ႀကီးမ်ားသည္လည္း အခုဆိုရင္ ေရခဲ႐ုပ္မ်ား ျဖစ္ကုန္သည္။ ဟိုတယ္အေဆာက္အဦးႀကီးသည္ ေျမႀကီးေပၚတြင္ခ်ထားသည့္ ေရခဲတုံးႀကီးျဖင့္ပဲ တူေနေတာ့သည္။ ေ႐ြးခ်ယ္စရာမရွိေတာ့သျဖင့္ လင္းခ်င္းသည္ သူမ၏နယ္ေျမထဲမွာသာ သူတို႔ကို ခနတျဖဳတ္ေနခိုင္းရေတာ့မည္။ ယန္က်င္းဟြာက ျပန္လာမည္ မလာမည္က မေသခ်ာေသာေၾကာင့္ သတိထားရတာက မမွားေပ။
သူမသည္ ေနာက္ဟိုတယ္တစ္လုံးကို ထပ္ရွာလိုက္သည္။ အရင္ဟာေလာက္ေတာ့ မခမ္းနားဘဲ ေျခာက္လႊာပဲရွိကာ အခန္းေတြက သိပ္မမ်ားေပ။ လင္းခ်င္းသည္ နယ္ေျမထဲသို႔ဝင္ကာ လူစုဆီသို႔ ေလွ်ာက္သြားသည္။
သူမကိုျမင္သည့္အခါ စကားေျပာေနျခင္းကိုရပ္လိုက္ကာ သူမကို ၾကည့္ေမးသည္။
“ဘာျဖစ္လို႔လဲ? ခုနက အျပင္ထြက္သြားတာ ငါတို႔ျမင္တယ္။ အျပင္မွာ အေျခအေနဘယ္လိုရွိလဲ?”
“ယန္က်င္းဟြာက ထြက္သြားၿပီ”
လင္းခ်င္းက ေျပာသည္။
“ငါတို႔ေနတဲ့ အေဆာက္အဦးကေတာ့ လုံးဝကို ခဲသြားၿပီ။ အဲ့ဒါေၾကာင့္ ငါေနာက္ေနရာတစ္ခု ရွာထားေပးတယ္”
“ငါတို႔အခုထြက္ရၿပီလား? ယန္က်င္းဟြာက သြားၿပီလား?”
လင္းဖန္က သူမကိုၾကည့္ကာ ေမးသည္။
“သူသြားၿပီ”
လင္းခ်င္းက ေျဖသည္။
လင္းဖန္က ေခါင္းၿငိမ့္ကာ
“ဒါဆိုရင္ ငါတို႔အခုထြက္လို႔ရပါၿပီ။ နင့္နယ္ေျမကို ဝင္ေနရမိတာ တကယ့္ကို အားနာပါတယ္”
“အခ်င္းခ်င္းကိုင္ထားၾက။ တစ္ခါတည္းနဲ႕ အကုန္လုံးကို အျပင္ထုတ္ေပးမလို႔”
Advertisement
လင္းခ်င္းက ေျပာသည္။
လင္းဖန္တို႔သည္ အံ့ၾသသြားသည္။ သူတို႔သည္ ႏွစ္စုခြဲကာ အခ်င္းခ်င္းလက္ကိုင္ထားၾကသည္။ ပထမတစ္စုသည္ လင္းမိသားစုျဖစ္ၿပီး ေနာက္တစ္စုသည္ လုံခ်င္းယင္တို႔ႏွင့္ လီက်န္းတို႔ျဖစ္သည္။
လင္းခ်င္းသည္ လုံခ်င္းယင္၏ပုခုံးကို လက္တစ္ဖက္ျဖင့္ထိကာ ‘ထြက္’ဟု စိတ္ထဲက ေျပာလိုကသည္။ ထို႔ေနာက္ သူမသည္ လင္းဖန္တို႔ေရွ႕တြင္ ေပ်ာက္သြားကာ ဟိုတယ္အသစ္၏ ဧည့္ႀကိဳခန္းတြင္ အကုန္လုံးႏွင့္ေပၚလာသည္။
“တျခားသူေတြကို သြားေခၚလိုက္ဦးမယ္”
လင္းခ်င္းသည္ လုံခ်င္းယင္၏ ပုခုံးေပၚမွ လက္ကိုဖယ္ကာ ေျပာသည္။ ထို႔ေနာက္ နယ္ေျမထဲသို႔ဝင္ကာ တျခားသူမ်ားကို ေခၚလာသည္။
“လူႏွစ္ေယာက္ထပ္ပိုၿပီးေတာ့ ေခၚနိုင္ေနၿပီလား?”
လင္းဖန္က ေမးသည္။
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ လီက်န္းတို႔ကို ၫႊန္ျပရင္း
“သူတို႔ေက်းဇူးနဲ႕။ သူတို႔ေၾကာင့္ လူေတြကို ဒီလိုေခၚလိုက္ထုတ္လိုက္ လုပ္ရမွန္းသိတာ။ အစက ဒါမ်ိဳးကို မေတြးခဲ့မိဘူး”
လီက်န္းသည္ လင္းခ်င္းကို ၾကည့္ကာ
“ငါတို႔ကို ကယ္ေပးလို႔ ေက်းဇူးတင္ပါတယ္။ ဇြန္ဘီတစ္ေကာင္ဆီက အကယ္ခံရလိမ့္မယ္လို႔ ငါတို႔တစ္ခါမွေတာင္ ေယာင္လို႔မေတြးမိဘူး”
လင္းခ်င္းသည္ ေခါင္းၿငိမ့္ျပသည္။
“ဒီေနရာက ဘယ္မွာလဲ?”
လင္းေဟာင္သည္ ပတ္ဝန္းက်င္ကို ၾကည့္ကာ ေမးသည္။
“ဒါကငါတို႔အရင္ေနတဲ့ ဟိုတယ္နားက ဟိုတယ္ေလးတစ္ခုပဲ”
လင္းခ်င္းက ေျပာသည္။
လင္းေဟာင္သည္ ေခါင္းၿငိမ့္ကာ လင္းဖန္အား
“အေပၚထပ္တက္ၿပီး အခန္းေတြကို ၾကည့္ၾကမလား?”
လင္းဖန္သည္ ေခါင္းၿငိမ့္ကာ
“အင္း။ အေမ့အတြက္ သန့္တဲ့အခန္း အရင္ရွာေပးရေအာင္”
ထို႔ေနာက္ သူတို႔သည္ အေပၚထပ္မ်ားသို႔ တက္သြားကာ အခန္းရွာၾကသည္။
ဟိုတယ္ေလးသည္ မီတာႏွစ္ရာေလာက္ပဲ အရင္ကဟာႏွင့္ ေဝးသည္။ ဒီေနရာက ဇြန္ဘီမ်ားကို အရင္ထဲက ခ်ဴးလီလီသည္ ေမာင္းထုတ္ေပးထားသည္ျဖစ္ရာ အခုေတာ့ ဒီအေဆာက္အဦးသည္ လုံးဝကို ရွင္းလင္းေနသည္။ ထို႔ေၾကာင့္ သူတို႔သည္ အေဆာက္အဦး၏ ဘယ္ေနရာကိုမဆို စိတ္မပူဘဲ သြားနိုင္ေနတာျဖစ္သည္။
ေနာက္ဆုံးေတာ့ လင္းဖန္ႏွင့္ သူ႕မိသားစုသည္ သုံးလႊာတြင္ေနသည္။ လီက်န္းတို႔က ငါးလႊာသို႔ တက္သြားသည္။ လင္းခ်င္းသည္ ေျခာက္လႊာက အခန္းတိုင္းကို စစ္ၾကည့္ၿပီးေနာက္ ႏွစ္ခန္းေ႐ြးလိုက္သည္။ လ်ဴကြၽင္းႏွင့္ ရွဲ႕တုန္းတို႔ကို နယ္ေျမထဲက ထုတ္ေပးကာ သူတို႔အခန္းမ်ားကို သူတို႔သန့္ရွင္းေရး လုပ္ေစသည္။ တကယ္ေတာ့ လ်ဴကြၽင္းႏွင့္ ရွဲ႕တုန္းတို႔သည္ အိပ္ဖို႔မလိုေလရာ အခန္းမရွိလည္း အဆင္ေျပပါသည္။
ထို႔ေနာက္ သူမသည္ အမိုးေပၚသို႔ တက္သြားသည္။ လင္းခ်င္းသည္ မိုးလင္းသည့္အထိ အမိုးစြန္တြင္ ထိုင္ေနခဲ့သည္။ ေနာက္တစ္ေန႕ မိုးလင္းသည့္အခ်ိန္တြင္ လင္းခ်င္းသည္ ခပ္လွမ္းလွမ္းေနရာမွ ခ်ဴးလီလီ၏ အရွိန္အဝါကို ခံစားမိသည္။ သိပ္မၾကာခင္တြင္ပဲ သူမသည္ ခ်ဴးလီလီနားမွ ဇြန္ဘီအနံ႕အခ်ိဳ႕ပါ ရလိုက္သည္။
လင္းခ်င္းသည္ စိတ္ရႈပ္သြားသည္။
‘ဘာျဖစ္တာလဲ? ငါသူ႕ကို ဇြန္ဘီသတ္ၿပီး ဇြန္ဘီအျမဴေတ စုဖို႔ပဲ မွာလိုက္တာပါ။ ဘာျဖစ္လို႔ ဇြန္ဘီအုပ္ႀကီးနဲ႕ ျပန္လာတာလဲ?’
လင္းခ်င္းသည္ ထိုဇြန္ဘီအနံ႕မ်ားကို ရေလေလ ပိုသန္မာေလေလျဖစ္ေၾကာင္း သိလိုက္သည္။ သူမသည္ ထရပ္ကာ ခ်ဴးလီလီရွိရာဘက္ကို မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္သည္။ ခ်ဴးလီလီကလြဲ၍ သူမသည္ မတူသည့္ေနာက္အနံ႕တစ္ခုကို ရလိုက္သည္။ သိပ္မၾကာခင္တြင္ ခ်ဴးလီလီသည္ ခဲေနသည့္ ဟိုတယ္မွ သူမရွိရာသို႔ ေရာက္ခ်လာသည္။
“အာ ယာ ေယး အား”
‘ဘာျဖစ္တာလဲ? ဟိုတယ္က ဘာျဖစ္လို႔ ခဲေနတာလဲ?’
ခ်ဴးလီလီသည္ အျဖဴဂါဝန္သန့္သန့္ေလးကို ဝတ္ထားဆဲျဖစ္ပင္မယ့္ သူမ၏ မ်က္ႏွာသည္ ထိတ္လန့္ကာ ေဒါသထြက္ေနသည္။
လင္းခ်င္းသည္ သူမ၏ေမးခြန္းကို မေျဖဘဲ သူမ၏ေနာက္ကေန အမိုးေပၚသို႔ တက္လာသည့္ ဇြန္ဘီႏွစ္ေကာင္ကို ၾကည့္ကာ
“ေနာက္ရွင္းျပပါ့မယ္။ ဒါေတြကို ဘာေတြလဲဆိုတာကို အရင္ေျပာျပဦး”
ထိုအခ်ိန္တြင္ တစ္ေယာက္သည္ ႐ုတ္တရပ္ လင္းခ်င္းကို ေဒါသတႀကီးျဖင့္ လက္ညိုးေငါက္ေငါက္ထိုးကာ
“ဂါး! ဂါး!”
‘နင္! မေကာင္းတဲ့မိန္းမ!’
လင္းခ်င္းသည္ သူမအား ႐ုတ္တရပ္ တိုက္လာသည့္ ဇြန္ဘီမငယ္ကို ၾကည့္ကာ တည္ၿငိမ္စြာျဖင့္ ကိုယ္ကိုယိမ္းရင္း သူမ၏ဇြန္ဘီလက္သည္းမ်ားကို ေရွာင္လိုက္သည္။
“ဘာျဖစ္လို႔ နင္ကဒီကိုေရာက္ေနတာလဲ?”
သူမေမးသည္။
“ဂါး! ဂါး!”
‘ငါ့ညီမေလးကို ျပန္ေပး!’
ဇြန္ဘီမငယ္သည္ ေဒါသတႀကီးျဖစ္စြာျဖင့္ လင္းခ်င္းအား ေၾကာက္ဖို႔ေကာင္းေအာင္ ေအာ္သည္။ ထို႔ေနာက္ လင္းခ်င္းကို တိုက္ဖို႔ ထပ္လာျပန္သည္။
ထိုအခါ ခ်ဴးလီလီသည္ ႐ုတ္တရပ္ သူမကို ေအာ္သည္။
“အား!”
‘သြား!’
ဇြန္ဘီမငယ္သည္ စတိုက္ဖို႔လုပ္ေသာ္လည္း ရပ္သြားကာ ခ်ဴးလီလီကို ၾကည့္ရင္း
“ဂါး? ဂါး?”
‘နင္က သူနဲ႕ အတူတူပဲလား?’
ခ်ဴးလီလီသည္ စိတ္မၾကည္စြာျဖင့္ ဇြန္ဘီမငယ္ကို ေအာ္ကာ
“အားယ အား ယား ယား ယား ယား အာ ေယး အား”
‘ဟုတ္တယ္! ၿပီးေတာ့ ဒါက နင့္ကိစၥလည္း မဟုတ္ဘူး! နင္မႀကီးကို ထပ္တိုက္လို႔ကေတာ့ ငါနင့္ကို ခ်မွာ!’
ဇြန္ဘီမငယ္သည္ မ်က္ႏွာမဲ့သြားကာ လင္းခ်င္းကို ရန္လိုစြာ ၾကည့္သည္။ ထို႔ေနာက္ ေလွကားရွိရာနားသို႔ လွည့္သြားကာ ထိုေဘးက အမိုးေပၚတြင္ ေျခေထာက္ကို တြဲေလာင္းခ်ကာ လႈပ္ထိုင္ေနရင္း လင္းခ်င္းကို စိုက္ၾကည့္ေနသည္။
လင္းခ်င္းသည္ နဖူးကို လက္ျဖင့္မကာမိဘဲ မေနနိုင္ေပ။
“ဘာျဖစ္လို႔ သူ႕ကိုေခၚလာတာလဲ?”
သူမဆက္ေမးသည္။
“ဘယ္လိုလုပ္ ေတြ႕လာတာလဲ?”
“အာ အာ”
ခ်ဴးလီလီက ေျပာသည္။
“ညီမေလးက သူ႕ကိုမရွာပါဘူး။ ႐ုတ္တရပ္ႀကီး သူကေပၚလာၿပီး စိန္ေခၚတာ”
“သူ႕ကိုသိလား?”
လင္းခ်င္းက ေျပာသည္။
“ကေလးခိုးတယ္လို႔ ေျပာဖူးတဲ့ ဇြန္ဘီမက သူေလ။ အရင္က နင့္ကိုေျပာျပဖူးတယ္။ သူ႕အေၾကာင္း အခုနည္းနည္းသိၿပီမလား?”
“အာ ေယး!”
ခ်ဴးလီလီက ႏႈတ္ခမ္းဆူကာ ေျပာသည္။
‘အရမ္းအာ႐ုံေနာက္ဖို႔ ေကာင္းတာပဲ!’
“နင့္ေနာက္ကို လိုက္လာတာလား?”
လင္းခ်င္းက ဇြန္ဘီမငယ္ကိုၾကည့္ကာ ေမးသည္။
ခ်ဴးလီလီက ေခါင္းၿငိမ့္ကာ
“ယား အား အာယာ”
‘ဟုတ္တယ္။ ညီမေလးကို သူမနိုင္ဘူးေလ။ ၿပီးေတာ့လည္း ညီမေလးနဲ႕ တိုက္ရတာကို သူကတကယ္သေဘာက်ေနတာ။ ညီမေလးကျဖင့္ သူနဲ႕မတိုက္ခ်င္ပါဘူး’
လင္းခ်င္းသည္ ခ်ဴးလီလီ၏ အေနာက္က တျခားဇြန္ဘီမ်ားကို ၾကည့္လိုက္သည္။ အဆင့္ငါးဇြန္ဘီေခါင္းေဆာင္မ်ားျဖစ္၍ တစ္ေကာင္ဆိုလွ်င္ လင္းခ်င္း၏ အသိေဟာင္းႀကီးပင္။ ရွဲ႕တုန္းႏွင့္ သူမကို အေလွ်ာ့မေပးဘဲ ေနာက္ကေန လိုက္ဖမ္းေနခဲ့သည့္ ေရခဲအစြမ္းျဖင့္ ဇြန္ဘီေခါင္းေဆာင္ ပါလာသည္။
လင္းခ်င္းသည္ ေရခဲဇြန္ဘီေခါင္းေဆာင္ကို ၾကည့္ေနစဥ္တြင္ သူကလည္း သူမကို စိုက္ၾကည့္ေနသည္။ သူမကို လာစိုက္ၾကည့္ေနသျဖင့္ လင္းခ်င္းသည္ မေအာ္ဘဲ မေနနိုင္ေတာ့ေပ။
“ဘာၾကည့္တာလဲ? ငါနင့္ကို နည္းနည္းေလးေတာင္ မေၾကာက္ေတာ့ဘူး! ရဲရင္လာေလ! ငါနင့္ကို နာေအာင္လုပ္ေပးမယ္”
“ဂါး!”
ဇြန္ဘီေခါင္းေဆာင္သည္ လင္းခ်င္းကို ခ်က္ခ်င္းျပန္ေအာ္ကာ တိုက္ခိုက္ဖို႔အတြက္ ၿခိမ္းေျခာက္သည္။ လင္းခ်င္းကို တိုက္ခ်င္ေသာ္လည္း ခ်ဴးလီလီကို တစ္ခ်က္ၾကည့္ကာ မလႈပ္ရဲေပ။ ထို႔ေနာက္ ဘာမွမလုပ္ရဲဘဲ လင္းခ်င္းကိုသာ ဆက္၍စိုက္ၾကည့္ေနသည္။
Advertisement
- In Serial205 Chapters
Douluo Dalu: The Legend Of Heavenly Ruler
Leon is an average high school student who likes to watch anime and read novels.
8 2432 - In Serial18 Chapters
The Badger Dungeon
[Participant in the Royal Road Writathon challenge] Dungeons. Everyone's heard of them. Sprawling maze-like places where you can find special objects that can't be found anywhere else in the world, train to become a great warrior or wizard, and slay dozens of monsters. Drops! Loot! Glory! What more could you want? Dungeons are places of danger and adventure, full of thrills and maybe even romance, where people enter as your normal and everyday person but leave as a hero. Even a child knows what a dungeon is! A dungeon is controlled and ruled over by its Dungeon Core, a mana crystal that's gained sentience, and with it a mind just as twisted as the home that it makes for itself. Dungeon Cores all have very simple wants and needs: to expand and to devour, and to that end, they'll do absolutely everything and anything within their power. Everyone knows that. Sometimes, though? Sometimes the Dungeon Core doesn't know that. Sometimes they wake up all alone, confused and with no clue what they should do, and find themselves quickly becoming the home to a family of badgers and other creatures. The Dungeon Core can be left struggling to figure out their role in the world and how exactly they're supposed to achieve it. They're really doing their best, and you shouldn't judge them for it! The badger thing was a complete mistake but there's just no way they can turn back and fix it so they're just trying to make do, okay?! What would you do in their situation?! Cover art was made with pixel assets from Szadi art and 0x72.
8 265 - In Serial8 Chapters
Beautiful Life
Reyansh is a teenager dealing with issues like depression, loneliness, insecurities and other psychological issues. And because of that, he is not able to cope up with the harsh courses of his studies. He frequently gets bullied by Aryan, the topper of the class. Nobody tries to help him or interfere as Aryan belongs to a rich group of Brahmins. Where will this journey lead Reyansh to?
8 422 - In Serial60 Chapters
Chronicler’s Tale
When two universes are merged together due to the betrayal of gods, chaos descends on the newly reborn universe. This is the story of one young man who is thrust into a new and dangerous world beyond his wildest imagination. He must learn how to navigate this unknown world and how to survive his encounters with its deadly inhabitants.
8 210 - In Serial102 Chapters
EMOTIONS
I hide a thousands feelings behind a pretty little face,but deep down it's melting so weak and weary! It cries,screams and wanders in the forest of darkness hopping to locate sunlight at dawn but all in vain! Your most welcome to my "EMOTIONAL BANK" basically Conservations between my Heart and mind of love,hate,betrayal,lust and that life has to offer! AWARDS IT WONPOET OF THE YEAR @THE KING AWARDS 2020GOD OF POETRY @BANANA AWARDS 20211st PLACE BEST POETRY @THE KING AWARDS 2020🥇 1st PLACE BEST POETRY WRITER @BANANA AWARDS 20211st PLACE POETRY WINNER @DEBONAIR ACCORD1st PLACE @THE INDIAN AWARDS 20211st PLACE POETRY @RISING PHOENIX AWARDS 2020🥇 1st PLACE @The Junior Inn Community 20211st PLACE @THE INK & PEN AWARDS 20201st PLACE @THE SITTING DOWN AWARDS 20211st PLACE @THE HALL OF FAME 20202nd PLACE @THE DARKNESS POETRY AWARDS 2020 🥈 2nd PLACE @THE MARINE COMMUNITY 20212nd PLACE @CLNAWARDS 20213rd PLACE @THE FAST FOOD AWARDS 20213rd PLACE @THE CARNIVAL AWARDS 2021 3rd PLACE @THE RISING STAR 💫 AWARDS 2020🥉 3rd PLACE @ THE PHOENIX AWARDS 20203rd PLACE @THE CHERRY COMMUNITY AWARDS 2020BEST BOOK OF DECEMBER 2020 POETRY @THE LOTUS COMMUNITY 2020BEST COVER @RISING PHOENIX AWARDS 2020BEST OVERALL COVER @MINI AWARDS 2021BEST CREATIVE COVER @THE AESTHETIC AWARDS 2020
8 395 - In Serial4 Chapters
sturniolo imagines :)
Basically I'll write imagines about the sturniolos(romantic and platonic) I'm a girl so the Nick ones are basically just friends imagines ofc. Okay have fun reading!
8 163

