《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》264
Advertisement
၂၆၄။ နည်းနည်းရူးနေတာ
မိုလီသည် သူ့ကိုကြည့်ကာ ပြောသည်။
“ခေါင်းဆောင်က ကလေးကို သူစိမ်းကပေးတဲ့ ဘာမှန်းမသိတဲ့အရည်ကို ဒီတိုင်းသောက်ခိုင်းရအောင် အရမ်းပေါ့ဆတာပဲ။ အကျိုးဆက်ကို မတွေးဘူးလား?”
ဝူချန်းယွဲ့သည် သက်ပြင်းချကာ
“ငါကဘာလုပ်နိုင်မှာတဲ့လဲ? စွမ်းအားနိုးလာတာက လူတိုင်းအတွက် အသက်အန္တရာယ်ပဲ။ လင်းလင်းကိုကယ်ဖို့ဆိုရင် ဒါကအဆိပ်ဆိုရင်တောင် ငါကဆေးလို့ပဲ တွေးနေမိဦးမှာ။ တကယ်အသုံးဝင်ရင်ရော? မြင်တဲ့အတိုင်းပဲ အခုရလဒ်က ကောင်းတာပဲမလား?”
မိုလီသည် ခေါင်းငြိမ့်ကာ
“ဟုတ်တယ် မျှော်လင့်ချက်မဲ့နေတာထက် မျှော်လင့်ချက်ရှိတာက ပိုကောင်းတာပေါ့။ ပြီးတော့လည်း ဘာမှမလုပ်နိုင်တာမှ မလုပ်တာ”
ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် အခန်းထဲတွင် လျှောက်လွှာများကို ဖတ်နေကြသည်။ ယွမ်ထန်ရှင်း၏ ဆုကြေးဖြစ်သည့် အစားအသောက်များအား စိတ်ဝင်စားသူ အမြောက်အများရှိသော်လည်း အများစုသည် ဇွန်ဘီမြို့တော်သို့ သွားရမည်ကို ကြားသည်နှင့် လက်လျှော့လိုက်ကြတော့သည်။
ဇွန်ဘီမြို့တော်သည် တားမြစ်နေရာဖြစ်သည်။ သာမန်လူများသည် ဇွန်ဘီမြို့တော်သို့ ဝင်နိုင်ရင်တောင်မှ အသက်နဲ့ကိုယ်မြဲလျှက် ပြန်လာနိုင်ပါက ဒါသည်အလွန်တရာကို ကံထူးတာဖြစ်သည်။ အဆင့်သုံးနှင့် အဆင့်လေးစွမ်းအားရှင်များတောင်မှ အသက်ရှင်နိုင်ချေသည် အရမ်းနည်းတာ ဖြစ်သည်။ ထို့ကြောင့် ၉၉ရာခိုင်နှုန်းသည် လက်လျှော့သွားကာ ငတ်၍သေတော့မည့်သူများသာ ရွေးချယ်စရာမရှိဘဲ လျှောက်ကြတာဖြစ်သည်။
ယွမ်ထန်ရှင်းသည် သူတို့အား ဘယ်ဇွန်ဘီတိုက်ခိုက်ခြင်းမှ မရှိပါဘူးဟု ထပ်ခါတစ်လဲလဲ အာမခံချက်ပေးနေသော်လည်း လျှောက်ထားသူတို့သည် သူတို့အသက်လုံခြုံမှုကို အာမမခံနိုင်ဘူးဟုသာ ထင်ကြသည်။ သူတို့တာဝန်တွင် အလုပ်လုပ်မည့်သူဟူ၍ သုံးယောက်သာ ရလေသည်။
“ဆရာ ဒီတစ်ယောက်က ဆရာလိုမျိုး မြေစွမ်းအားရှင်ပဲ။ အဆင့်လေးဆိုတော့ ကောင်းတယ်ထင်တယ်”
“ဪ သူလား? ကျွန်တော်သူ့နောက်ကြောင်းကို စစ်ဆေးကြည့်ထားသေးတယ်။ အဆင့်လေးစွမ်းအားရှင်ပင်မယ့် နည်းနည်းရူးနေတာ။ သူများတွေနဲ တာဝန်အတူသွားလုပ်တိုင်း ဒဏ်ရာတွေနဲ့ ပြန်လာတက်တယ်။ သူတို့ရတဲ့အစာထဲမှာ သူရတာက အတော်နည်းပင်မယ့် မြင်းတစ်ကောင်လို စားနိုင်တယ်။ အစာဘယ်လောက်ပဲရရ သုံးရက်ထက်ကို ပိုမခံဘူး။ သူများတွေက တစ်ပတ်လောက်စားရတာကို သူကနှစ်ရက်လောက်နဲ့ ကုန်သွားတက်တဲ့သူမျိုးဗျ”
“ဘယ်လိုတောင်လား သူများတွေက စုဆောင်းဖို့ ကြိုးစားနေကြတာကို ဘာဖြစ်လို့ သူကအများကြီးစားတာလဲ?”
“အဲ့ဒါကြောင့်လည်း နည်းနည်းရူးတယ်လို့ ပြောတာပေါ့။ သူကအစာကိုသိမ်းထားသင့်တာမျိုးကို လုံးဝမသိဘူး။ အခုဆိုရင် သူကနာမည်ကြီးပဲ။ ဉာဏ်ကောင်းလို့တော့ မဟုတ်ဘူး။ လူတွေက တာဝန်လုပ်ရင် သူကတာဝန်ပိုကြီး ဖြစ်နေလွန်းလို့ အဖွဲ့အများစုက သူ့ကိုမခေါ်တော့တာ”
“ဒါဖြစ်နိုင်ပါတယ်။ အပြင်မှာ အန္တရာယ်က အရမ်းများတယ်။ ငါတို့သူ့ကို ခေါ်သင့်လား? သူက ဘာပြဿနာမှ မတက်လောက်ဘူးမလား?”
ယွမ်ထန်ရှင်းသည် သက်ပြင်းချကာ
“အခုတော့ ငါတို့မှာ လူနည်းနည်းပဲရတော့ သူ့ကိုလက်ခံဖို့အပြင် မရှိတော့ဘူး။ သူကနည်းနည်း တုံးပင်မယ့် ငါတို့သူ့ကို ပိုဂရုစိုက်ပေးရင်တော့ အဆင်ပြေမယ်လို့ ငါထင်တယ်”
တူယွမ်ရှင်းသည် ခေါင်းငြိမ့်သည်။ သူတို့သည် အခုအချိန်တွင် ရွေးချယ်စရာမများသဖြင့် ကြေးများနေ၍ မရပေ။ ထိုအချိန်တွင် တံခါးစောင့်နေသည့် လုကျွင်းကျားသည် တံခါးခေါက်၍ သတင်းပို့သည်။
“ဆရာ ဒုခေါင်းဆောင်ရှောင် ရောက်လာတယ်”
ယွမ်ထန်ရှင်းသည် ခနအံ့သြသွားပြီးနောက် လှည့်မကြည့်ဘဲ ပြောသည်။
“ခေါင်းဆောင်ရှောင်လား? ဝင်ခိုင်းလိုက်”
လုကျွင်းကျားသည် တံခါးဖွင့်ပေး၍ အထဲသို့ဝင်ရန် လက်ပြလျှက်
“ဝင်လို့ရပါပြီ”
ရှောင်ယွင့်လုံ ဝင်လာသည့်အခါ သူ့အနောက်တွင် မုတ်ဆိတ်ဖြင့်လူ ပါလာသည်။ ယွမ်ထန်ရှင်းသည် ဆိုဖာကို ညွှန်ပြကာ ယဉ်ကျေးစွာဖြင့်
“ထိုင်ကြပါ။ လင်းလင်း အကြောင်းမလား? ဘာဖြစ်လို့လဲ?”
ရှောင်ယွင်လုံသည် လျန်တရှုကို ညွှန်ပြ၍
“ဒါက ဒီစခန်းက ဒေါက်တာလျန်။ မင်းတို့ရေကြောင့် ငါတို့ဒီကိုရောက်လာတာ”
ဒီလိုပြောရင်း ဆိုဖာတွင်ထိုင်ချသည်။
လုကျွင်းကျားသည် တံခါးကို ပြန်ပိတ်ပေးသွားသည်။
ရှောင်ယွင့်လုံ၏စကားများကြောင့် ယွမ်ထန်ရှင်းသည် လျန်တရှုကို ခေါင်းငြိမ့်၍ နှုတ်ဆက်ကာ
“တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာလျန်”
“တွေ့ရတာ ဝမ်းသာပါတယ်”
လျန်တရှုသည်လည်း ခေါင်းပြန်ငြိမ့်ပြသည်။ ထို့နောက် ရှောင်ယွင့်လုံသည် ယွမ်ထန်ရှင်းအား ညွှန်ပြကာ လျန်တရှုကို
“ဒါကဟေးဒီးစခန်းက ဒုခေါင်းဆောင်ယွမ်”
“လူကြီးမင်းယွမ်”
လျန်တရှုက
“ခင်ဗျားတို့ယူလာတဲ့ ရေကိုပြပေးပါလား?”
လျန်တရှု၏စကားကြောင့် ယွမ်ထန်ရှင်း၏ မျက်နှာသည် မည်းသည်းသွားကာ ရှောင်ယွင့်လုံကို ကြည့်သည်။ ခုနတုန်းက ရေအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ သူမှာထားခဲ့သည်။ အခုတော့ ဆရာဝန်တစ်ယောက်က ပေါ်လာလေပြီ!
သူ့မျက်နှာထားကြောင့် ရှောင်ယွင့်လုံသည် နားလည်သွားကာ အမြန်ရှင်းပြသည်။
“အာ မစိုးရိမ်ပါနဲ့။ ဒေါက်တာလျန်က တခြားဆရာဝန်တွေနဲ့ မတူပါဘူး။ ဒီအကြောင်းကို သူကဘယ်သူ့ကိုမှ မပြောဘူး။ ပြီးတော့လည်း သူကသီးသန့်ဆန်လွန်းတော့ တခြားသူတွေနဲ့ ပြောဆိုဆက်ခံခဲတယ်။ ဒါကြောင့် မင်းတို့စိတ်မပူနဲ့”
လျန်တရှုသည် သူတို့ဘာကိုဆိုလိုသလဲကို သိသဖြင့် ခေါင်းငြိမ့်ပြကာ ယွမ်ထန်ရှင်းအား
“ငါနဲ့ ငါ့လက်ထောက်ကလွဲရင် ဒီကိစ္စကို ဘယ်သူမှ မသိစေရဘူးလို့ ငါကတိပေးပါတယ်”
“လင်းလင်းရဲ့ လက်ရှိအခြေအနေက နည်းနည်းထူးခြားတယ်”
ရှောင်ယွင့်လုံက ပြောသည်။
“ဒေါက်တာလျန်နဲ့ ငါတို့က ဒီလိုဖြစ်ရတာ မင်းတို့ပေးလိုက်တဲ့ ရေကြောင့်လို့ ထင်တယ်။ အဲ့ဒါကြောင့် စကားပြောဖို့ ရောက်လာတာပဲ”
ယွမ်ထန်ရှင်းသည် လျန်တရှုကို တည်ငြိမ်စွာကြည့်ကာ ရှောင်ယွင့်လုံအား
“လင်းလင်းက အခုဘယ်လိုနေလဲ?”
Advertisement
ရှောင်ယွင့်လုံသည် လျန်တရှုကို ကြည့်သည်။
“သူ့အခြေအနေက အတော်ထူးခြားတယ်!”
လျန်တရှုက ပြောသည်။
“စွမ်းအားနိုးတာက တစ်ခုခုကြောင့် ရပ်သွားတယ်။ အခုရပ်သွားပင်မယ့် အဖျားကြီးပြီးတော့ ကိုမာမဝင်တော့ဘူး။ ဒါကခနပဲလားဆိုတာတော့ ငါမသေချာဘူး။ သူ့စွမ်းအားက ရပ်သွားမလား ဆက်နိုးလာမလားဆိုတာတော့ ငါတို့လည်း မသိဘူး”
ယွမ်ထန်ရှင်းသည် မျက်လုံးပြူးကျယ်၍ အံ့သြကာ သူ့နောက်က တူယွမ်ရှင်းကို လှည့်ကြည်သည်။ ထို့နောက် ရှောင်ယွင့်လုံတို့အား
“ရပ်သွားတာလား? တကယ်လား?”
သူတို့နှစ်ယောက်သည် ခေါင်းငြိမ့်ပြကာ လျန်တရှုက
“ဒါမျိုးအခြေအနေက ပထမဆုံးပဲဆိုတော့ ငါတို့လည်း နောက်ဘာဖြစ်မလဲ မသိဘူး။ အဲ့ဒါကြောင့် ရေထဲမှာ ဘာတွေပါနေပြီးတော့ လင်းလင်းရဲ့အစွမ်းကို ရပ်ထားတာလဲဆိုတာကို ငါတို့သိချင်တယ်”
ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းအား လက်ပြလိုက်ကာ ရှောင်ယွင့်လုံတို့ကို မေးသည်။
“လင်းလင်းအခြေအနေက ဘယ်လောက်ကြာကြာခံမလဲ? ဘယ်တုန်းက စပြောင်းတာလဲ?”
တူယွမ်ရှင်းသည် လင်းချင်း၏နယ်မြေထဲမှရေအား လက်ဖက်ရည်ပန်းကန်ထဲသို့ထည့်ကာ လျန်တရှုတို့ရှေ့သို့ ချပေးသည်။ စိတ်မရှည်သည့် လျန်တရှုသည် ချက်ချင်းပန်းကန်ကို အမြန်ဆွဲယူကာ မျက်လုံးဖြင့် သေချာကြည့်သည်။ ထိုအချိန်တွင် ယွမ်ထန်ရှင်းက ဖြေသည်။
“ငါတို့ပြန်ရောက်တည်းကပဲ။ မျက်လုံးတော့ ပွင့်နေသေးပင်မယ့် စိတ်နဲ့လူသိပ်မကပ်တော့ဘူး”
ရှောင်ယွင့်လုံသည်လည်း လျန်တရှုလက်ထဲက ပန်းကန်ခွက်ထဲက ရေကိုစိတ်ဝင်စားစွာ ကြည့်သည်။ ကြည်နေသည့်ရေဖြစ်ကာ သိပ်ထူးခြားပုံမရပေ။
“နာရီဝက်လောက်တော့ကြာပြီ။ သူ့အပူချိန်က ၅၈ဒီဂရီထိ တက်သွားတယ်။ ဒေါက်တာလျန် ရောက်တာတော့ အပူချိန်က ဖြည်းဖြည်းချင်း ပြန်ကျတော့နေတယ်”
ယွမ်ထန်ရှင်းသည် လက်ပိုက်၍ စဉ်းစားကာ ပြောသည်။
“၅၈ဒီဂရီက စွမ်းအားနိုးရင်ဖြစ်တဲ့ ပုံမှန်အပူချိန်ပဲ။ တစ်ခါတစ်လေ ၇၀တောင်ကျော်တာ။ သာမန်လူဆိုရင် ဒီလောက်အပူကြီးရင် မေ့မျောနေမှာ။ လင်းလင်းက နိုးနေသေးတော့ ဒါတကယ့်အံ့ဖွယ်ပဲ”
“ဟုတ်တယ်!”
ရှောင်ယွင့်လုံက ပြောသည်။
“အဲ့ဒါကြောင့် မင်းတို့ဆီကို ငါတို့လာတာ။ လင်းလင်းကို ရေထပ်တိုက်ပြီး သူ့အစွမ်းနိုးတာက ရပ်သွားမလား ငါတို့ကြည့်ချင်လို့”
ယွမ်ထန်ရှင်းသည် ခေါင်းခါကာ ပြောသည်။
“ဒါမဖြစ်နိုင်ဘူး။ အကျိုးသက်ရောက်မှုက ကန့်သတ်ချက်ရှိတယ်။ အများကြီးသောက်လည်း အကျိုးများမလာဘူး”
Zawgyi Ver
၂၆၄။ နည်းနည်းရူးနေတာ
Advertisement
“ဝင်လို့ရပါပြီ”
“တွေ့ရတာ ဝမ်းသာပါတယ်”
“လူကြီးမင်းယွမ်”
လျန်တရှုက
လျန်တရှုက ပြောသည်။
“ရပ်သွားတာလား? တကယ်လား?”
“ဟုတ်တယ်!”
Advertisement
- In Serial283 Chapters
The Mook Maker
There are many possible fates that can await those whisked away from our world to another. Some became heroes or villains, given the right power to forge their own destinies as they wished. Others, the powerless, became victims, doomed to perish, at the mercy of the cruel world filled with mystical powers they are unprepared for. A lone man that woke up alone under the alien sky was neither of those. He didn't get to choose what he was going to become - a disaster, an unwilling source of intelligent, yet violent monsters, slowly but steadily rising in numbers. Stranded in a foreign land, without even knowing the language, his creations may be the only company he would ever find. He wasn’t powerless. But was he really that much better off? It just took one wrong power.
8 367 - In Serial12 Chapters
The Crystern: Heart of Adventures
The Crystern: Heart of Adventure has been dropped out of the Writathon Challenge and placed on hiatus until further notice, in order to better plan out what's happening and to give me time to work on older projects. Fifteen-year-old Skyler Kadrix III wishes to set off on a journey to find the fabled Cyrstern, a skybeast unlike any other and the origin of the Crystals that grant people special abilities, increase their own abilities, and even allow them to gain Experience and Levels. A promise to his mother has kept him from setting off yet, but he's nearly ready to leave. When he meets Finn, who came with his master, the elf Sara, in search of a relic of the Ancients rumored to have been hidden somewhere on their skybeast, Skyler finds his journey beginning sooner than he'd expected. The journey takes the young boys across the sea of clouds, to various skybeasts and adventures. Whether they find the Crystern or not, they don't care as long as they keep moving forward. Posting schedule TBD upon return. The Sexual Content tag is for once the boys are adults, not while they're still minors. Because of this, it will be a fair while before the qualifying content appears in-story.
8 130 - In Serial7 Chapters
Deus Ex Alice Madness
The person that is allowed to reincarnated into another after death and then meet the true god. He is allowed to reincarnate into the world of magic and according his desire he is make the gender and also a new race with an overpowered cheat for him to enjoy the world. Whether you are hero, demon, fairy, magical creature or god all will be burn down in the face of wrath. The story will be continue at this site https://fantasyofthefuture.wordpress.com/2017/02/13/first-blog-post/
8 114 - In Serial18 Chapters
By Myself
The diurnal monsters worship the day, while the nocturnal creatures rule over the night. But nothing opposes two folks more than living on the same land at the same time. Humanity prospered until it reached a pre-industrial age where the largest cities observed the first long chimneys made in brick whereas the smaller villages still had to cut the forest's logs with their axe. But to get to this flourishing era, something had to be sacrificed.
8 197 - In Serial83 Chapters
Cupid's Match : CUPID'S MATCH BOOK 1
[IN BOOKSTORES NOW!] What if you were matched with the original love god?---When Lila goes to the Cupids Matchmaking Service it is to tell them to stop spamming her. Instead she finds out that cupids are real, she has been matched with a dangerous love god, and that he is coming to find her. Soon arrows fly, myths are awoken, and Lila finds herself part of a deadly supernatural war that could cost her her life, and her heart. Perfect for fans of Percy Jackson and the Vampire Diaries.---THE PUBLISHED VERSION OF CUPID'S MATCH IS OUT NOW!Get your copy of Cupid's Match at bit.ly/CupidsMatch or follow the link in my profile!
8 155 - In Serial5 Chapters
Naruto's Life
What of Kakashi turns into a Dog? What if he found out about Naruto life?
8 69