《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》262
Advertisement
၂၆၂။ ဆရာဝန် လျန်တရှု
“ရပါတယ်”
ယွမ်ထန်ရှင်းက ပြောသည်။
“လုထန်ယုဆီက ရေဆိုတာကို သူတို့မှမသိတာ။ သူတို့သိသွားရင်လည်း အဲ့ဒီ. . . အဟမ်း လုထန်ယုက လူကယ်တဲ့ ဇွန်ဘီဖြစ်နေတော့ ကိစ္စတွေက ပိုစိတ်ဝင်စားဖို့ ကောင်းဦးမယ်”
ဒီလိုပြောကာ အဓိပ္ပါယ်ရှိစွာဖြင့် ပြုံးသည်။
တူယွမ်ရှင်းသည် မျက်လုံးများပြူးသွားကာ ယွမ်ထန်ရှင်းကိုကြည့်ရင်း
“ဒါကဆိုးတယ် သူ့ကိုပြဿနာတွေ သွားပေးနေသလို ဖြစ်တော့မှာမလား?”
ယွမ်ထန်ရှင်းသည် သူ့အားတစ်ချက်ကြည့်ကာ အရေးမပါသလိုဖြင့်
“မင်းရူးနေလား? သူကဘယ်လိုဇွန်ဘီလဲဆိုတာကို မသိတာကြနေတာပဲကွာ။ ငါ့အထင် အဆင့်၇စွမ်းအားရှင်တောင် သူ့ကိုဖမ်းဖို့ မလွယ်လောက်ဘူး။ သူ့ကိုမင်းလို ပိန်းတယ်များ ထင်နေလား? မဟုတ်ဘူး မင်းထက်အများကြီးကို ဉာဏ်ကပြေးလွန်းတယ်။ ပြီးတော့လည်း သူ့အစွမ်းတွေကို မင်းမေ့သွားပြီလား?”
လင်းယုသည် စပ်စုစွာဖြင့် ဝင်ပြောသည်။
“လုထန်ယုဆိုတဲ့ ဇွန်ဘီနဲ့ နယ်မြေအကြောင်း ပြောနေကြတာဆိုတော့ ဒါကကျွန်တော် ထင်နေမိတာတော့ မဟုတ်ဘူးမလား? ဒီစခန်းက နာမည်ကြီးလုထန်ယုတော့ မဟုတ်ဘူးမလား?”
တူယွမ်ရှင်းနှင့် ယွမ်ထန်ရှင်းတို့သည် သူ့အားခေါင်းငြိမ့်ပြကြသည်။
“မဖြစ်နိုင်တာ!”
လင်းယုက မယုံနိုင်စွာဖြင့် ပြောသည်။
“သူက တကယ်ဇွန်ဘီ ဖြစ်သွားတာလား? ကျွန်တော်ကြားတာတော့ သူ့ကိုဇွန်ဘီအုပ်ထဲ ကန်ချခံရပြီးတော့ အပိုင်းပိုင်းပြတ်သွားတယ်ဆို?”
“မဟုတ်ဘူး! သူကအကောင်းကြီးပဲ!”
ယွမ်ထန်ရှင်းသည် ခေါင်းကိုခါကာ ပြောသည်။
“ဇွန်ဘီဖြစ်သွားတာကတော့ အမှန်ပဲ”
တူယွမ်ရှင်းက ဆက်ပြောသည်။
“ပြီးတော့လည်း ဒီစခန်းက လူတိုင်းမုန်းနေတဲ့ လုထန်ယုနဲ့ကို မတူတော့ဘူး။ ကုသိုလ်ကောင်းမှုလုပ်ရတာ ကြိုက်တဲ့ဇွန်ဘီ ဖြစ်သွားတာ!”
“ဘယ်လို?”
လင်းယုသည် နားမလည်ဖြစ်သွားသည်။ ပြောနေသည့်စကားများက ဟာသကြီးများလို ဖြစ်သွားသည်။
‘ဇွန်ဘီဖြစ်သွားတာက ထားဦး။ ဒါပင်မယ့် ကောင်းမှုလုပ်တာက ဘာလဲ? သေတုန်းက ဇွန်ဘီကိုက်စားခံထားရတာမလို့ အခုဆိုရင် ဘယ်သူကမှ သူ့ကိုမှတ်မိတော့မှာ မဟုတ်ဘူးမလား? ပြီးတော့လည်း ရေကသူနဲ့ ဘာဆိုင်လို့လဲ?’
တူယွမ်ရှင်းနှင့် ယွမ်ထန်ရှင်းတို့၏ စကားများသည် လုထန်ယုနှင့်ရေအကြောင်းဖြစ်သည်။ သို့သော်လည်း သူနားမလည်သည်ကို ခနထားကာ အရင်သိချင်တာကို မေးလိုက်သည်။
“တကယ်ကြီး ရေက စွမ်းအားနိုးတာကို ကူနိုင်မှာလား? တကယ်လို့ မင်းသမီးလေးအပေါ် အကျိုးမရှိရင် ဝူချန်းယွဲ့က ကျွန်တော်တို့ကို ရန်ငြိုးထားမှာလား?”
“သူ့မှာ ဘာရွေးချယ်စရာများ ရှိသေးလို့လဲ?”
ယွမ်ထန်ရှင်းက ပြောသည်။
“ငါက စိတ်ကောင်းထား ကူညီပေးရုံတင်။ ရေက မထိရောက်ဘူးဆိုရင်လည်း မင်းသမီးလေးကိုတော့ မထိခိုက်ပါဘူး။ ပြီးတော့လည်း ငါအာမမခံဘူးလို့ ကြိုပြောထားသားပဲ”
“စခန်းမှာ သူ့လုပ်ရပ်တွေကိုကြည့်ရင် ခေါင်းဆောင်ဝူက အမြင်ကျဉ်းပြီးတော့ အကျိုးအကြောင်းမစီလျော်တဲ့သူမျိုး မဟုတ်ပါဘူး”
တူယွမ်ရှင်းက ပြောသည်။
“ငါတို့ကို အပြစ်မတင်လောက်ပါဘူး”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်သည်။
တစ်ဖက်တွင် ဝူချန်းယွဲ့သည် လင်းလင်းကို သူတို့နေသည့်နေရာသို့ ခေါ်သွားကာ သူမ၏အိပ်ခန်းထဲမှ ကုတင်ပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရှောင်ယွင့်လုံအား နောက်ဆရာဝန်တစ်ယောက်ကို သွားရှာခိုင်းသည်။ ထိုဆရာဝန်သည် စခန်းတွင် ငကြောင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူသည် သူများစကားကို နားထောင်သည်ဆိုသည်က ရှားပါးလွန်းကာ သူ့လူနာကို သူကုသချင်သလိုသာ ကုသတက်သည်။ သူမကုချင်ဘူးဆိုလျှင်လည်း ဘယ်သူကမှ အတင်းခိုင်း၍ မရပေ။ သို့သော်လည်း ဝူချန်းယွဲ့က အကူအညီတောင်းလျှင်တော့ အမြဲလက်ခံကာ ကူညီပေးလေ့ရှိသည်။
ဆရာဝန်၏အမည်သည် လျန်တရှုဖြစ်သည်။ အရင်က ဆရာဝန်မဟုတ်ဘဲ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်သာ ဖြစ်သည်။ စာဖတ်ခြင်းကို အရမ်းနှစ်သက်မြတ်နိုးကာ သူသည် စိတ်ကူးယဉ်ဝတ္တု၊ ကာတွန်းနှင့် အွန်လိုင်းဝတ္တုများကအစ အကုန်လုံးကို ဖတ်သည့်သူဖြစ်သည်။ သူသည် ပညာရပ်ဆိုင်များ စာအုပ်များကိုလည်း လုံးဝနားမလည်တာတောင်မှ ကြိုးစားဖတ်ရှုခဲ့သည်။ စိတ်ဝင်စားစရာ တစ်ခုခုကိုဖတ်မိပါက အဆုံးအထိကို လိုက်လေ့လာဖတ်တက်သည့်သူ ဖြစ်သည်။
ဆေးပညာကို သင်ကြားခဲ့ဖူးခြင်း မရှိသော်လည်း လူတွေက သူ့အားဆရာဝန်ဟု ခေါ်ခြင်းမှာ သူ့အစွမ်းကြောင့် ဖြစ်သည်။ သူ့တွင် ကုသရေးစွမ်းအားရှိသဖြင့် ဒဏ်ရာအသေးအမွှားနှင့် ရောဂါများကို လွယ်ကူစွာ ကုသနိုင်သည်။ သူ့စွမ်းအားသည် အရမ်းမမြင့်သေးသောကြောင့် ရောဂါကြီးများနှင့် ကုသမရသည့်ဖျားနာခြင်းများအတွက်တော့ နှေးသွားအောင် လုပ်ပေးနိုင်သည်။
လက်ရှိတွင် သူသည် စာအုပ်ဆိုင်တွင် အလုပ်မလုပ်တော့သလို ဆရာဝန်လည်း မလုပ်ပေ။ သူသည် ဇွန်ဘီပိုးလေ့လာရေးအဖွဲ့အစည်းတွင် သုသေသနပညာရှင် ဖြစ်နေသည်။ စာအုပ်အများကြီး ဖတ်ခဲ့သူဖြစ်သောကြောင့် ထိုဗဟုသုတများသည် ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီပိုးဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုသည်နှင့် ပတ်သတ်၍ ထင်မြင်ယူဆချက်များစွာကို တင်ပြနိုင်ခဲ့သည်။ သူ့ယူဆချက်အများစုသည် သက်သေပြနိုင်သဖြင့် ဝူချန်းယွဲ့၏ ထောက်ခံချက်ဖြင့် သူသည် သုသေသန ပညာရှင်ဖြစ်လာတာ ဖြစ်သည်။ ကုသရေးအစွမ်းကြောင့် သူသည် ဆေးပညာဗဟုသုတ အချို့ကိုလည်း ဆက်၍လေ့လာသည်။
ရှုပ်ထွေးသည့် စက်ကိရိယာများဖြင့် ပြည့်နေသည့် ဓာတ်ခွဲခန်းတစ်ခုအတွင်းတွင် မုတ်ဆိတ်မရိတ်ဘဲ ဆံပင်ရှည်ကြီးဖြင့် ယောက်ျားတစ်ယောက်သည် ဒေတာများကို နှိုင်းယှဉ်ရင်း လေ့လာစူးစမ်းနေသည်။
သူ့အခန်းတံခါးကို နှစ်ကြိမ်တိုင်ခေါက်နေသော်လည်း ပြန်မဖြေပေ။ တံခါးခေါက်သူသည် စိတ်မရှည်တော့ဘဲ သုံးခါမြောက်ခေါက်ပြီးသည်နှင့် တန်းဖွင့်၍ဝင်လာတော့သည်။ တံခါးဖွင့်ဝင်လာသည့် အမျိုးသမီးငယ်သည်
“လျန်ဦးလေး ခေါင်းဆောင်ဝူက ဒီကိုလူလွှတ်လိုက်တယ်။ သူ့နေရာကိုလာခဲ့ပါလို့ ခေါ်နေတယ်”
Advertisement
လျန်တရှုသည် ဒေတာများမှ မျက်လုံးတစ်ချက်မှ မခွာဘဲ ပြန်မေးသည်။
“ခေါင်းဆောင်ပြန်လာပြီလား? ငါ့ကိုတွေ့ချင်တယ်ဆိုတော့ နေမကောင်းဘူး ဖြစ်ရမယ်။ ငါသိပြီ။ ငါ့ဆေးတွေပြင်ထားပြီ။ ဒီမှာမိနစ်နည်းနည်းလောက် အပြီးသတ်ပြီးရင် ငါသွားမယ်”
အမျိုးသမီးသည် ခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားသည်။
ဝူချန်းယွဲ့၏ အဆောက်အဦးထဲတွင် ရှောင်ယွင့်လုံသည် ကလေးမလေး၏ နဖူးကို စမ်းနေသည်။ ကလေးမလေးသည် ပင်ပန်းနေပုံရသော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ မေ့မျောသွားခြင်း လုံးဝမရှိပေ။
ရှောင်ယွင့်လုံသည် ကလေးမလေး၏ နဖူးကိုစမ်းပြီးနောက် သူ့နဖူးကို သူပြန်စမ်းကာ ဝူချန်းယွဲ့အား သံဿယဖြင့်
“လင်းလင်းအဖျားက ရပ်သွားပြီလား? ကိုယ်က ထပ်ပြီးတော့မပူတော့ဘူး။ လွန်ခဲ့တဲ့သုံးမိနစ်ကလိုပဲ ပုံမှန်ပြန်ဖြစ်သွားပြီ!”
ဝူချန်းယွဲ့သည် အဖျားတိုင်းသည့် သာမိုမီတာကို ကြည့်နေသည်။ စိတ်ပူစွာဖြင့်
“အင်း ခုနက ငါးဆယ့်ရှစ်ဒီဂရီရှိတာ။ အခုတော့ ငါးဆယ့်ခုနစ်ဖြစ်သွားပြီ။ အဖျားနည်းနည်း ကျသွားတယ် ထင်တယ်”
အဖျားသည် နည်းနည်းကျသွားသော်လည်း နံပတ်ကတော့ ကြောက်ဖို့ကောင်းနေဆဲပင်။
“ဘာ? ငါးဆယ့်ရှစ်ဒီဂရီ!!!”
ရှောင်ယွင့်လုံသည် အံ့သြလွန်း၍ မျက်လုံးကျွတ်ထွက်မတက်ပင်။ ဝူယွဲ့လင်းကို အမြန်လှည့်မေးသည်။
“လင်းလင်း ခေါင်းကိုင်အဖေကို သိသေးလား? သိရင် မျက်လုံးတစ်ချက်မှိတ်ပြ”
သို့သော်လည်း ဝူယွဲ့လင်းသည် သူ့ကိုကြည့်နေကာ ဘာမှပြန်မတုံ့ပြန်ပြပေ။ ဝူချန်းယွဲ့သည် သာမိုမီတာကို ချကာ ဘေးသို့လျှောက်လာ၍ ကုတင်ဘေးတွင် ထိုင်လိုက်ကာ ငုံ့့၍
“လင်းလင်း ဖေဖေကို မြင်လား?”
လင်းလင်းသည် ရှောင်ယွင့်လုံအား ကြည့်နေရာမှ ဝူချန်းယွဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ နားမလည်နိုင်ခြင်းက ဖြတ်ခနဲ သူမ၏မျက်လုံးထဲတွင် ပေါ်လာသော်လည်း ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြသည်။
“အားရောကျန်သေးလား? နေရတာ မသက်သာဘူးလား?”
ဝူချန်းယွဲ့က မေးသည်။
လင်းလင်းသည် သူ့အားခေါင်းသာခါပြနေသည်။ သူမ၏လှုပ်ရှားမှုများက အရမ်းနှေးလေရာ အတော်အားပျက်နေပုံရသည်။
“စိတ်ကရှိနေသေးတော့ ငါ့အထင် အားပဲနည်းသွားတာ ဖြစ်မယ်”
ဝူချန်းယွဲ့က ရှောင်ယွင့်လုံကို ပြောသည်။
“ငါတို့ပြန်ရောက်နေတာ ၁နာရီလောက်ရှိပြီ။ အခုတော့ အပူချိန်က ထပ်မတိုးတော့ဘူး။ ဒါပင်မယ့်လည်း ကိုမာလည်းမဖြစ်သွားဘူး။ ဒါကောင်းတာလား ဆိုးတာလား? အပူချိန်က များနေသေးတာတော့ ကလေးအတွက် မကောင်းဘူး”
“ငါအရက်ပျံနဲ့ ရေပတ်ဝတ်တိုက်တော့ ပေးနေတာပဲ”
ဝူချန်းယွဲ့က ပြောသည်။
“အပူချိန်ကတော့ ထပ်မတိုးတော့ဘူး ထင်ပါတယ်။ ဒေါက်တာလျန်က သူ့ကိုစစ်ပေးမှာကိုပဲ စောင့်ရအောင်”
“ဒေါက်တာလျန်က စာအုပ်တွေ အများကြီးဖတ်ထားပြီးတော့ အခုလည်း ပိုးသုသေသနလုပ်နေတာ ဆိုတော့ လင်းလင်းကို ကူညီဖို့ သူသိနိုင်မလားမသိဘူး”
ရှောင်ယွင့်လုံက ပြောသည်။
“ငါလည်းမသိဘူး။ တစ်ခုခုအဖြေထုတ်နိုင်ဖို့ မျှော်လင့်ရမှာပဲ”
ဝူချန်းယွဲ့က မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
Zawgyi Ver
၂၆၂။ ဆရာဝန္ လ်န္တရႈ
“ရပါတယ္”
ယြမ္ထန္ရွင္းက ေျပာသည္။
“လုထန္ယုဆီက ေရဆိုတာကို သူတို႔မွမသိတာ။ သူတို႔သိသြားရင္လည္း အဲ့ဒီ. . . အဟမ္း လုထန္ယုက လူကယ္တဲ့ ဇြန္ဘီျဖစ္ေနေတာ့ ကိစၥေတြက ပိုစိတ္ဝင္စားဖို႔ ေကာင္းဦးမယ္”
ဒီလိုေျပာကာ အဓိပၸါယ္ရွိစြာျဖင့္ ၿပဳံးသည္။
တူယြမ္ရွင္းသည္ မ်က္လုံးမ်ားျပဴးသြားကာ ယြမ္ထန္ရွင္းကိုၾကည့္ရင္း
“ဒါကဆိုးတယ္ သူ႕ကိုျပႆနာေတြ သြားေပးေနသလို ျဖစ္ေတာ့မွာမလား?”
ယြမ္ထန္ရွင္းသည္ သူ႕အားတစ္ခ်က္ၾကည့္ကာ အေရးမပါသလိုျဖင့္
“မင္း႐ူးေနလား? သူကဘယ္လိုဇြန္ဘီလဲဆိုတာကို မသိတာၾကေနတာပဲကြာ။ ငါ့အထင္ အဆင့္၇စြမ္းအားရွင္ေတာင္ သူ႕ကိုဖမ္းဖို႔ မလြယ္ေလာက္ဘူး။ သူ႕ကိုမင္းလို ပိန္းတယ္မ်ား ထင္ေနလား? မဟုတ္ဘူး မင္းထက္အမ်ားႀကီးကို ဉာဏ္ကေျပးလြန္းတယ္။ ၿပီးေတာ့လည္း သူ႕အစြမ္းေတြကို မင္းေမ့သြားၿပီလား?”
လင္းယုသည္ စပ္စုစြာျဖင့္ ဝင္ေျပာသည္။
“လုထန္ယုဆိုတဲ့ ဇြန္ဘီနဲ႕ နယ္ေျမအေၾကာင္း ေျပာေနၾကတာဆိုေတာ့ ဒါကကြၽန္ေတာ္ ထင္ေနမိတာေတာ့ မဟုတ္ဘူးမလား? ဒီစခန္းက နာမည္ႀကီးလုထန္ယုေတာ့ မဟုတ္ဘူးမလား?”
တူယြမ္ရွင္းႏွင့္ ယြမ္ထန္ရွင္းတို႔သည္ သူ႕အားေခါင္းၿငိမ့္ျပၾကသည္။
“မျဖစ္နိုင္တာ!”
လင္းယုက မယုံနိုင္စြာျဖင့္ ေျပာသည္။
“သူက တကယ္ဇြန္ဘီ ျဖစ္သြားတာလား? ကြၽန္ေတာ္ၾကားတာေတာ့ သူ႕ကိုဇြန္ဘီအုပ္ထဲ ကန္ခ်ခံရၿပီးေတာ့ အပိုင္းပိုင္းျပတ္သြားတယ္ဆို?”
“မဟုတ္ဘူး! သူကအေကာင္းႀကီးပဲ!”
ယြမ္ထန္ရွင္းသည္ ေခါင္းကိုခါကာ ေျပာသည္။
“ဇြန္ဘီျဖစ္သြားတာကေတာ့ အမွန္ပဲ”
တူယြမ္ရွင္းက ဆက္ေျပာသည္။
“ၿပီးေတာ့လည္း ဒီစခန္းက လူတိုင္းမုန္းေနတဲ့ လုထန္ယုနဲ႕ကို မတူေတာ့ဘူး။ ကုသိုလ္ေကာင္းမႈလုပ္ရတာ ႀကိဳက္တဲ့ဇြန္ဘီ ျဖစ္သြားတာ!”
“ဘယ္လို?”
လင္းယုသည္ နားမလည္ျဖစ္သြားသည္။ ေျပာေနသည့္စကားမ်ားက ဟာသႀကီးမ်ားလို ျဖစ္သြားသည္။
‘ဇြန္ဘီျဖစ္သြားတာက ထားဦး။ ဒါပင္မယ့္ ေကာင္းမႈလုပ္တာက ဘာလဲ? ေသတုန္းက ဇြန္ဘီကိုက္စားခံထားရတာမလို႔ အခုဆိုရင္ ဘယ္သူကမွ သူ႕ကိုမွတ္မိေတာ့မွာ မဟုတ္ဘူးမလား? ၿပီးေတာ့လည္း ေရကသူနဲ႕ ဘာဆိုင္လို႔လဲ?’
တူယြမ္ရွင္းႏွင့္ ယြမ္ထန္ရွင္းတို႔၏ စကားမ်ားသည္ လုထန္ယုႏွင့္ေရအေၾကာင္းျဖစ္သည္။ သို႔ေသာ္လည္း သူနားမလည္သည္ကို ခနထားကာ အရင္သိခ်င္တာကို ေမးလိုက္သည္။
“တကယ္ႀကီး ေရက စြမ္းအားနိုးတာကို ကူနိုင္မွာလား? တကယ္လို႔ မင္းသမီးေလးအေပၚ အက်ိဳးမရွိရင္ ဝူခ်န္းယြဲ႕က ကြၽန္ေတာ္တို႔ကို ရန္ၿငိဳးထားမွာလား?”
“သူ႕မွာ ဘာေ႐ြးခ်ယ္စရာမ်ား ရွိေသးလို႔လဲ?”
Advertisement
ယြမ္ထန္ရွင္းက ေျပာသည္။
“ငါက စိတ္ေကာင္းထား ကူညီေပး႐ုံတင္။ ေရက မထိေရာက္ဘူးဆိုရင္လည္း မင္းသမီးေလးကိုေတာ့ မထိခိုက္ပါဘူး။ ၿပီးေတာ့လည္း ငါအာမမခံဘူးလို႔ ႀကိဳေျပာထားသားပဲ”
“စခန္းမွာ သူ႕လုပ္ရပ္ေတြကိုၾကည့္ရင္ ေခါင္းေဆာင္ဝူက အျမင္က်ဥ္းၿပီးေတာ့ အက်ိဳးအေၾကာင္းမစီေလ်ာ္တဲ့သူမ်ိဳး မဟုတ္ပါဘူး”
တူယြမ္ရွင္းက ေျပာသည္။
“ငါတို႔ကို အျပစ္မတင္ေလာက္ပါဘူး”
ယြမ္ထန္ရွင္းက ေခါင္းၿငိမ့္သည္။
တစ္ဖက္တြင္ ဝူခ်န္းယြဲ႕သည္ လင္းလင္းကို သူတို႔ေနသည့္ေနရာသို႔ ေခၚသြားကာ သူမ၏အိပ္ခန္းထဲမွ ကုတင္ေပၚတြင္ တင္လိုက္သည္။ ထို႔ေနာက္ ေရွာင္ယြင့္လုံအား ေနာက္ဆရာဝန္တစ္ေယာက္ကို သြားရွာခိုင္းသည္။ ထိုဆရာဝန္သည္ စခန္းတြင္ ငေၾကာင္အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္သည္။ သူသည္ သူမ်ားစကားကို နားေထာင္သည္ဆိုသည္က ရွားပါးလြန္းကာ သူ႕လူနာကို သူကုသခ်င္သလိုသာ ကုသတက္သည္။ သူမကုခ်င္ဘူးဆိုလွ်င္လည္း ဘယ္သူကမွ အတင္းခိုင္း၍ မရေပ။ သို႔ေသာ္လည္း ဝူခ်န္းယြဲ႕က အကူအညီေတာင္းလွ်င္ေတာ့ အၿမဲလက္ခံကာ ကူညီေပးေလ့ရွိသည္။
ဆရာဝန္၏အမည္သည္ လ်န္တရႈျဖစ္သည္။ အရင္က ဆရာဝန္မဟုတ္ဘဲ စာအုပ္ဆိုင္ပိုင္ရွင္ တစ္ေယာက္သာ ျဖစ္သည္။ စာဖတ္ျခင္းကို အရမ္းႏွစ္သက္ျမတ္နိုးကာ သူသည္ စိတ္ကူးယဥ္ဝတၱဳ၊ ကာတြန္းႏွင့္ အြန္လိုင္းဝတၱဳမ်ားကအစ အကုန္လုံးကို ဖတ္သည့္သူျဖစ္သည္။ သူသည္ ပညာရပ္ဆိုင္မ်ား စာအုပ္မ်ားကိုလည္း လုံးဝနားမလည္တာေတာင္မွ ႀကိဳးစားဖတ္ရႈခဲ့သည္။ စိတ္ဝင္စားစရာ တစ္ခုခုကိုဖတ္မိပါက အဆုံးအထိကို လိုက္ေလ့လာဖတ္တက္သည့္သူ ျဖစ္သည္။
ေဆးပညာကို သင္ၾကားခဲ့ဖူးျခင္း မရွိေသာ္လည္း လူေတြက သူ႕အားဆရာဝန္ဟု ေခၚျခင္းမွာ သူ႕အစြမ္းေၾကာင့္ ျဖစ္သည္။ သူ႕တြင္ ကုသေရးစြမ္းအားရွိသျဖင့္ ဒဏ္ရာအေသးအမႊားႏွင့္ ေရာဂါမ်ားကို လြယ္ကူစြာ ကုသနိုင္သည္။ သူ႕စြမ္းအားသည္ အရမ္းမျမင့္ေသးေသာေၾကာင့္ ေရာဂါႀကီးမ်ားႏွင့္ ကုသမရသည့္ဖ်ားနာျခင္းမ်ားအတြက္ေတာ့ ေႏွးသြားေအာင္ လုပ္ေပးနိုင္သည္။
လက္ရွိတြင္ သူသည္ စာအုပ္ဆိုင္တြင္ အလုပ္မလုပ္ေတာ့သလို ဆရာဝန္လည္း မလုပ္ေပ။ သူသည္ ဇြန္ဘီပိုးေလ့လာေရးအဖြဲ႕အစည္းတြင္ သုေသသနပညာရွင္ ျဖစ္ေနသည္။ စာအုပ္အမ်ားႀကီး ဖတ္ခဲ့သူျဖစ္ေသာေၾကာင့္ ထိုဗဟုသုတမ်ားသည္ ကမာၻပ်က္ေခတ္တြင္ ဇြန္ဘီပိုးဘယ္လို ျဖစ္ေပၚလာသလဲ ဆိုသည္ႏွင့္ ပတ္သတ္၍ ထင္ျမင္ယူဆခ်က္မ်ားစြာကို တင္ျပနိုင္ခဲ့သည္။ သူ႕ယူဆခ်က္အမ်ားစုသည္ သက္ေသျပနိုင္သျဖင့္ ဝူခ်န္းယြဲ႕၏ ေထာက္ခံခ်က္ျဖင့္ သူသည္ သုေသသန ပညာရွင္ျဖစ္လာတာ ျဖစ္သည္။ ကုသေရးအစြမ္းေၾကာင့္ သူသည္ ေဆးပညာဗဟုသုတ အခ်ိဳ႕ကိုလည္း ဆက္၍ေလ့လာသည္။
ရႈပ္ေထြးသည့္ စက္ကိရိယာမ်ားျဖင့္ ျပည့္ေနသည့္ ဓာတ္ခြဲခန္းတစ္ခုအတြင္းတြင္ မုတ္ဆိတ္မရိတ္ဘဲ ဆံပင္ရွည္ႀကီးျဖင့္ ေယာက္်ားတစ္ေယာက္သည္ ေဒတာမ်ားကို ႏွိုင္းယွဥ္ရင္း ေလ့လာစူးစမ္းေနသည္။
သူ႕အခန္းတံခါးကို ႏွစ္ႀကိမ္တိုင္ေခါက္ေနေသာ္လည္း ျပန္မေျဖေပ။ တံခါးေခါက္သူသည္ စိတ္မရွည္ေတာ့ဘဲ သုံးခါေျမာက္ေခါက္ၿပီးသည္ႏွင့္ တန္းဖြင့္၍ဝင္လာေတာ့သည္။ တံခါးဖြင့္ဝင္လာသည့္ အမ်ိဳးသမီးငယ္သည္
“လ်န္ဦးေလး ေခါင္းေဆာင္ဝူက ဒီကိုလူလႊတ္လိုက္တယ္။ သူ႕ေနရာကိုလာခဲ့ပါလို႔ ေခၚေနတယ္”
လ်န္တရႈသည္ ေဒတာမ်ားမွ မ်က္လုံးတစ္ခ်က္မွ မခြာဘဲ ျပန္ေမးသည္။
“ေခါင္းေဆာင္ျပန္လာၿပီလား? ငါ့ကိုေတြ႕ခ်င္တယ္ဆိုေတာ့ ေနမေကာင္းဘူး ျဖစ္ရမယ္။ ငါသိၿပီ။ ငါ့ေဆးေတြျပင္ထားၿပီ။ ဒီမွာမိနစ္နည္းနည္းေလာက္ အၿပီးသတ္ၿပီးရင္ ငါသြားမယ္”
အမ်ိဳးသမီးသည္ ေခါင္းၿငိမ့္ျပကာ လွည့္ထြက္သြားသည္။
ဝူခ်န္းယြဲ႕၏ အေဆာက္အဦးထဲတြင္ ေရွာင္ယြင့္လုံသည္ ကေလးမေလး၏ နဖူးကို စမ္းေနသည္။ ကေလးမေလးသည္ ပင္ပန္းေနပုံရေသာ္လည္း အံ့အားသင့္ဖြယ္ေကာင္းစြာ ေမ့ေမ်ာသြားျခင္း လုံးဝမရွိေပ။
ေရွာင္ယြင့္လုံသည္ ကေလးမေလး၏ နဖူးကိုစမ္းၿပီးေနာက္ သူ႕နဖူးကို သူျပန္စမ္းကာ ဝူခ်န္းယြဲ႕အား သံႆယျဖင့္
“လင္းလင္းအဖ်ားက ရပ္သြားၿပီလား? ကိုယ္က ထပ္ၿပီးေတာ့မပူေတာ့ဘူး။ လြန္ခဲ့တဲ့သုံးမိနစ္ကလိုပဲ ပုံမွန္ျပန္ျဖစ္သြားၿပီ!”
ဝူခ်န္းယြဲ႕သည္ အဖ်ားတိုင္းသည့္ သာမိုမီတာကို ၾကည့္ေနသည္။ စိတ္ပူစြာျဖင့္
“အင္း ခုနက ငါးဆယ့္ရွစ္ဒီဂရီရွိတာ။ အခုေတာ့ ငါးဆယ့္ခုနစ္ျဖစ္သြားၿပီ။ အဖ်ားနည္းနည္း က်သြားတယ္ ထင္တယ္”
အဖ်ားသည္ နည္းနည္းက်သြားေသာ္လည္း နံပတ္ကေတာ့ ေၾကာက္ဖို႔ေကာင္းေနဆဲပင္။
“ဘာ? ငါးဆယ့္ရွစ္ဒီဂရီ!!!”
ေရွာင္ယြင့္လုံသည္ အံ့ၾသလြန္း၍ မ်က္လုံးကြၽတ္ထြက္မတက္ပင္။ ဝူယြဲ႕လင္းကို အျမန္လွည့္ေမးသည္။
“လင္းလင္း ေခါင္းကိုင္အေဖကို သိေသးလား? သိရင္ မ်က္လုံးတစ္ခ်က္မွိတ္ျပ”
သို႔ေသာ္လည္း ဝူယြဲ႕လင္းသည္ သူ႕ကိုၾကည့္ေနကာ ဘာမွျပန္မတုံ႕ျပန္ျပေပ။ ဝူခ်န္းယြဲ႕သည္ သာမိုမီတာကို ခ်ကာ ေဘးသို႔ေလွ်ာက္လာ၍ ကုတင္ေဘးတြင္ ထိုင္လိုက္ကာ ငုံ႕့၍
“လင္းလင္း ေဖေဖကို ျမင္လား?”
လင္းလင္းသည္ ေရွာင္ယြင့္လုံအား ၾကည့္ေနရာမွ ဝူခ်န္းယြဲ႕ကို ျဖည္းျဖည္းခ်င္း လွည့္ၾကည့္သည္။ နားမလည္နိုင္ျခင္းက ျဖတ္ခနဲ သူမ၏မ်က္လုံးထဲတြင္ ေပၚလာေသာ္လည္း ျဖည္းျဖည္းခ်င္း ေခါင္းၿငိမ့္ျပသည္။
“အားေရာက်န္ေသးလား? ေနရတာ မသက္သာဘူးလား?”
ဝူခ်န္းယြဲ႕က ေမးသည္။
လင္းလင္းသည္ သူ႕အားေခါင္းသာခါျပေနသည္။ သူမ၏လႈပ္ရွားမႈမ်ားက အရမ္းေႏွးေလရာ အေတာ္အားပ်က္ေနပုံရသည္။
“စိတ္ကရွိေနေသးေတာ့ ငါ့အထင္ အားပဲနည္းသြားတာ ျဖစ္မယ္”
ဝူခ်န္းယြဲ႕က ေရွာင္ယြင့္လုံကို ေျပာသည္။
“ငါတို႔ျပန္ေရာက္ေနတာ ၁နာရီေလာက္ရွိၿပီ။ အခုေတာ့ အပူခ်ိန္က ထပ္မတိုးေတာ့ဘူး။ ဒါပင္မယ့္လည္း ကိုမာလည္းမျဖစ္သြားဘူး။ ဒါေကာင္းတာလား ဆိုးတာလား? အပူခ်ိန္က မ်ားေနေသးတာေတာ့ ကေလးအတြက္ မေကာင္းဘူး”
“ငါအရက္ပ်ံနဲ႕ ေရပတ္ဝတ္တိုက္ေတာ့ ေပးေနတာပဲ”
ဝူခ်န္းယြဲ႕က ေျပာသည္။
“အပူခ်ိန္ကေတာ့ ထပ္မတိုးေတာ့ဘူး ထင္ပါတယ္။ ေဒါက္တာလ်န္က သူ႕ကိုစစ္ေပးမွာကိုပဲ ေစာင့္ရေအာင္”
“ေဒါက္တာလ်န္က စာအုပ္ေတြ အမ်ားႀကီးဖတ္ထားၿပီးေတာ့ အခုလည္း ပိုးသုေသသနလုပ္ေနတာ ဆိုေတာ့ လင္းလင္းကို ကူညီဖို႔ သူသိနိုင္မလားမသိဘူး”
ေရွာင္ယြင့္လုံက ေျပာသည္။
“ငါလည္းမသိဘူး။ တစ္ခုခုအေျဖထုတ္နိုင္ဖို႔ ေမွ်ာ္လင့္ရမွာပဲ”
ဝူခ်န္းယြဲ႕က ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေျပာသည္။
Advertisement
- In Serial36 Chapters
Magical Girl Gunslinger
“Would you like to make a contract?” When eldritch horrors known as the Anathema began tearing through reality to invade Earth, aliens calling themselves the Zenith stepped in to protect humanity. Individuals were chosen and gifted with the ability to use magic and advanced technologies to combat the existential threat. Over twenty-one years later, the so-called “Magical Guardians” are still hard at work keeping the peace. With their flashy outfits, superhuman abilities, and reality-defying spells, they are the part-time heroes and full-time idols of modern society. But none of that really matters to Mai, whose biggest problems are dealing with her family, classmates, and the ever growing dread of her imminent future. As far as Mai is concerned, mundane problems are more than enough to worry about, and the idea of magic and monsters might as well be nothing more than daydreams. At least, they were until she finds herself in the middle of an Anathema invasion… A Dark Magical Girl LitRPG with sci-fi elements. Note: Slow burn and gradual introduction of LitRPG mechanics that become a focal point once introduced. Please be aware this story contains intense violence, gore, traumatic situations, and other potentially unsettling content. Chapter One and Two are considered the first “episode” and introduction into the book. As such, they are mega length to allow for uninterrupted reading. Enjoy! Inspired by Stray Cat Strut, by RavensDagger.
8 131 - In Serial25 Chapters
Plague Born
Babies are found amidst the aftermath of natural disasters: tsunamis, avalanches, wild fires, destructive lightning storms. These 'Storm Born' grow up with powers based on the disasters that birthed them. Jaded, broken, and burdened with alcoholism, Sammy -- ex Storm Guard -- just wants to be left alone until the day death comes calling his name. But someone, or something, is hunting down and killing Storms. Even for Sammy, that's a sobering thought. Some mysteries can't be solved with raw power. Can Sammy figure out what is happening to Storm Borns, and can he prevent the world from falling back into atomic war?
8 115 - In Serial15 Chapters
Requiem to the Stars
It is said that great evil can only be stopped through the efforts of another great evil. Humanity has been on the run for untold eons, fleeing from galaxy to galaxy, always in fear for when the Prax return.Generations of abandoning home after home, only settling for a few hundred years on any given planet, has turned the human race into a nomadic tribe that favors strength over all else. Then he returns. An AI long forgotten has been reborn. Once known as the Great Calamity, his lack of morality brought about the end of an empire that stretched across five galaxies. Now that he has been revived, what plans does he have for the shattered humanity he was once programmed to protect?
8 207 - In Serial6 Chapters
Harry Potter: I have "Pure" Magic
This story is a rewritten version of 'HP:I have magic', which has been quite successful, and I'm the original author. If you've read it on a different website, continue here as well and follow and click favorite. Those poor souls who have stopped reading for various reasons, continue reading now, since everything is improved even more, Including: MCs character, plot, writing quality, chapter length, progression in the future chapters. **** Magic in its purest form is called pure magic. Pure magic can't be summoned at will by any wizard from their magic core/soul. Wizards can only draw out magic whose purpose has been completely defined through spells and intent. Then, just what will happen if someone can actually draw out the magic in its purest form, the Pure Magic? What would be its functions and what would be the complications and variables that'll arise from it in the Harry Potter world due to this? .... Chris is a smart and talented college student, but he had no motivation in life. What would he get after studying for hours like a dog? Money? He could find easier ways to get that. Then, fortunately, or unfortunately, he died and reincarnated to the Harry Potter world. "I have magic?!" Finally, he had found something which he could never get bored of—Magic! The eccentric genius with a penchant for breaking rules has got his hands on magic in his favorite world. He finally has a purpose in life— to explore magic to its very limits! -> Starting Point: A muggle-born orphan with nothing to call his own. ********************************************** (Magic theory), (unique magic), (MC with high potential), (romance), (Harrypotterworld),(comedy), (Dueling), (Power Flexing) ********************************************** For support, Pátreon: patreon.com/Snollygoster Discord: https://discord.gg/TR3KKAhu9r ********************************************** ->Word count: 1000-1500 words upto Chapter 701500-2000 words from chapter 71 to 902000-3000 words from chapter 90 onwards **********************************************Disclaimer:So, most of this obviously belongs to J.K.-Billionaire-Rowling. I'm just writing a fanfiction out of it.The cover art is sadly, not mine either. (Also, the title used to be "I Have Magic" but since the story is more about exploring this great variable called "Pure Magic," I change the name a bit. )
8 141 - In Serial7 Chapters
Goblins :Rising
Gablin serves as Chief-of-staff to a troll. A TROLL of all things. But she is sick and tired of her job. She also wants to be a boss and have minions too. And when the troll orders her to pack his shit, she loses it and swears to herself to become the best overlord ever. She will take over all the civilized nations and rule as supreme overlord. And woe betides anyone who gets in her way. For she cares for nothing but getting and keeping power and will crush anyone who bars her chosen path. All shall bow before the true master race, Goblins!!!!
8 168 - In Serial70 Chapters
Kingdom of Earthos
Kingdom of Earthos (Book 1): The rise of an eagle rider. Summary:Far away from our planet earth was a kingdom called Earthos which was ruled by four wizards: The white wizard, the red wizard, the golden wizard, and the green wizard. They control the west, east, north, and south parts of the kingdom and they do not let anyone go in or out. Meanwhile, in a far far far away place, the Kingdom of Parádeisos where there is no pain or suffering where only a few enter. That kingdom is ruled by the King of Paradeisos who was given the kingdom after his father the Emperor of Paradeisos layed down the foundations. The King of Paradeisos has sent the Headmaster and Guide of Paradeisos to lead the School of Paradeisos on an isolated part of the kingdom of Earthos where losers are recruited. Losers are these who cannot recruit animals. Every resident on the Kingdom of Earthos has to recruit three animal friends and by 18 years old pit them in a battle royale. If these animals survive, that person will have some status in the kingdom otherwise he will be classified as a loser. This is the life of a boy named Eagle before he became an Eagle Rider.
8 168

