《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》251
Advertisement
၂၅၁။ ဘာဖြစ်လို့ငါ့ကိုချတာလဲ?
မိနစ်အချို့ကြာသည့်အခါ လင်းချင်းသည် အထဲမှနေ တိတ်ဆိတ်စွာ လျှောက်ထွက်လာသည်။ မြေအောက်ကားပါကင်တွင်တော့ ယန်ကျင်းဟွာတို့ပိုင်သည့် ကားများသည် မရှိတော့ကာ မေ့မြောနေသည့် စစ်သားအချို့သာ ကျန်တော့သည်။
ယန်ကျင်းဟွာက သူမကို ထောက်လှမ်းမိမှာ စိုးသောကြောင့် လင်းချင်းသည် သူမ၏ အရှိန်အဝါကို ဖြစ်နိုင်သမျှလျှော့ထားသည်။ ထို့ကြောင့် သာမန်ဇွန်ဘီများသည် သူမကို အာရုံမခံမိကာ ထိုနေရာက စစ်သားများ၏အနံ့ကိုသာရ၍ ဖြည်းဖြည်းချင်း ရောက်လာကြသည်။
လင်းချင်းသည် မြေအောက်ကားပါကင်မှ ယန်ကျင်းဟွာတို့ အဆောက်အဦးသို့ အနံ့ခံလိုက်သည်။ ထို့နောက် အဆောက်အဦးမှ အပြင်သို့ထွက်နေသည့်အရာများပေါ်သို့ သွက်လက်စွာဖြင့် တွယ်တက်သွားသည်။ မကြာခင်တွင် သူမသည် အပေါ်ဆုံးထက်သို့ လွယ်ကူစွာ ရောက်သွားကာ ပြတင်းပေါက်မှနေ ဝင်လိုက်သည်။ သူမသည် နံရံဘေးကိုကပ်၍ ဝင်သွားလေရာ စစ်သားလေးယောက်စောင့်နေသည့် တံခါးတစ်ခုကို တွေ့သည်။
ထို့နောက် လှေကားကို ကြည့်လိုက်သည့်အခါ သူမထင်သလိုပင် ဒီနေရာကို သေချာစောင့်ကြပ်ထားသည်။ သူမသည် ကိုယ်ဖျောက်ထားလေရာ သရဲတစ်ကောင်လိုမျိုး တံခါးနားသို့ တိတ်ဆိတ်စွာဖြင့် စစ်သားများကို ရှောင်ရှား၍ ကပ်သွားသည်။ ပိတ်ထားသည့် တံခါးကို သူမကြည့်လိုက်သည်။ လင်းချင်းသည် သရဲလိုကိုယ်ပျောက်နေသော်လည်း သရဲလို တံခါးကိုတော့ ဖောက်မဝင်နိုင်ပေ။
လင်းချင်းသည် လက်ပိုက်ကာ သူမ၏ဘေးတွင် ဓာတ်မီးများကို ကိုင်ထားသည့် စစ်သားများကို ကြည့်လိုက်သည်။ ထို့နောက် အထဲကအသံကိုကြားရရန် တံခါးရွက်ကိုနားဖြင့် ကပ်၍ နားထောင်ကြည့်သည်။ သူမသည် အသက်ရှုသံများစွာကို ကြားရသဖြင့် အခန်းထဲတွင် လူအများကြီးရှိမည်မှန်း သိလိုက်သည်။ သို့သော်လည်း အဘယ်ကြောင့် တစ်ယောက်မှ စကားမပြောကြသနည်း?
လင်းချင်းသည် လက်ပိုင်းရင်း ဘေးကစစ်သားများကို တစ်ချက်ထပ်ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းသည် ဘေးကစစ်သားနှစ်ယောက်ကို လက်နှစ်ဖက်မြှောက်၍ ရိုက်ချပစ်လိုက်သည်။ ပြီးသည်နှင့် သူမသည် လွတ်ရာကို အမြန်ရှောင်လိုက်သည်။
“ဘာဖြစ်လို့ ငါ့ကိုလာချတာလဲ?”
လင်းချင်းထံမှ အရိုက်ခံလိုက်ရသည့် စစ်သားနှစ်ယောက်သည် အချင်းချင်းစိတ်တိုစွာကြည့်ရင်း အော်ကြတော့သည်။
“မင်းအရင်လာချတာ ငါက ဘယ်တုန်းက မင်းကိုချလို့လဲ?”
“တောက် ငါချတာ မင်းမြင်လား? မင်းမချရင် ဘယ်ကောင်က ငါ့ကိုချမှာလဲ? ငါ့ရှေ့မှာ မင်းပဲရှိတာကို”
“မင်းအရူးလား? ငါကမင်းရှေ့မှာရှိတာနဲ့ မင်းကိုချတဲ့သူက ငါဖြစ်ရမလား? မင်းလည်း ငါ့ရှေ့ရပ်နေတာ။ ဒါဆိုရင် ငါ့ကိုချတာက မင်းပဲမလား?”
စစ်သားနှစ်ယောက်သည် ဘာဖြစ်မှန်း မသိကြသဖြင့် အချင်းချင်း စကားများကြတော့သည်။
“ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ? ဘာဖြစ်လို့ အော်နေကြတာလဲ? ခေါင်းဆောင်ကြားရင် အပြစ်ပေးခံနေရမယ်။ သတိထားကြစမ်းပါကွာ”
ဘေးတွင် ရိုင်ဖယ်ကိုင်ထားသည့် စစ်သားက ပြောသည်။
လင်းချင်းထံမှ အရိုက်ခံရသည့်နှစ်ယောက်ထဲက တစ်ယောက်သည်
“ငါ့ကိုအခုလေးတင် တစ်ယောက်ယောက်က ရိုက်သွားတယ်။ သူပဲဖြစ်မှာ”
“ဟင်? ခနလေး မင်းတို့ထူးဆန်းတာ မခံစားရဘူးလား?”
တတိယစစ်သားသည် တွေဝေစွာဖြင့် သူတို့ကိုကြည့်သည်။
“ဘာလဲ?”
“မင်းတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာ ချခံရတာ။ နှစ်ယောက်လုံးက ဘာမှမမြင်လိုက်ကြဘူး။ ငါ့အထင် မင်းတို့ကို တခြားတစ်ယောက်ယောက်က ရိုက်သွားသလိုပဲ”
“ဘာကိုပြောချင်တာလဲ?”
“ဟုတ်တယ်။ ဒီမှာငါတို့အပြင် ဘယ်သူမှ မရှိဘူးမလား? မင်းက ဟိုမှာရပ်နေတာကို ငါတို့မမြင်ဘဲ ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ?”
“ဒါဟုတ်တယ်။ ဒါပင်မယ့် ငါတို့အပြင် ဘယ်သူရှိသေးလို့လဲ?”
“ဟေ့ တိတ်တိတ်နေကြ မင်းက သရဲအကြောင်း ပြောနေသလိုမျိုး ငါထင်တာပြီ ကျောချမ်းစရာကြီးကွာ”
အနည်းငယ်ကြောက်တက်သည့် စစ်သားက ပြောသည်။
အခြားသူများက ဆွံ့အကုန်သည်။
လင်းချင်းသည် ကြောက်နေသည့် တစ်ယောက်ကို ကြည့်ကာ ရယ်ချင်သွားသည်။ ကမ္ဘာပျက်ခေတ်တွင် သရဲများသာရှိပါက ဇွန်ဘီအားလုံးသည် သရဲဟု ယူဆစရာပင်။ ဒီလိုဆိုလျှင်တောင် သရဲကို ကြောက်နေကြဦးမည်လား?
‘ဟုတ်တယ်။ ငါကသရဲမကြီ။ ဟာသပဲ’
ဒီလိုတွေးရင်းဖြင့် လင်းချင်းသည် နောက်စစ်သားတစ်ယောက် အနားသို့သွားကာ သူ့ခေါင်းကို အသံမြည်အောက် နှစ်ချက်လောက် ခေါက်လိုက်သည်။
“အား”
ထိုစစ်သားသည် အသံထွက်၍အော်သဖြင့် သူ့ကိုတခြားသူများက လှည့်ကြည့်ကြသည်။
“ဘာဖြစ်လို့ အော်နေတာလဲ?”
“ငါ့ကို. . .ငါ့ခေါင်းကို တစ်ယောက်ယောက်က ခေါက်သွားတယ်”
ဒီလိုပြောသည့်အခါ အခြားသူများသည် သူ့အနောက်ကို ဓာတ်မီးဖြင့်ထိုးကြည့်သော်လည်း ဘာမှမကို မတွေ့ပေ။
“မင်း. . .”
အခြားသူများက သူ့အနောက်သို့ သေချာကြည့်ကြသည်။ အကုန်လုံးသည် ကြောက်လန့်စွာဖြင့် အချင်းချင်းကြည့်ကြကာ မနေနိုင်သည့် တစ်ယောက်က
“ဒီမှာ သရဲတကယ်ရှိနေတာမလား?”
အခြားသူများသည် ပြောသည့်သူကို တိတ်ဆိတ်စွာ ခနကြည့်ပြီးနောက်
“မင်းငါတို့ကို အခုလိမ်နေတာမလား?”
ထိုစစ်သားသည် စိတ်ပျက်စွာဖြင့်
“ဟာ ငါကဘာဖြစ်လို့ မင်းတို့ကို လိမ်ရမှာလဲ? မင်းတို့နှစ်ယောက်လည်း ခုနက အရိုက်ခံလိုက်ရတယ်မလား?”
အရိုက်ခံရသည့်နှစ်ယောက်သည် ချက်ချင်းခေါင်းငြိမ့်ပြကြသည်။ သူတို့သည် တကယ့်ကို အရိုက်ခံကြရတာ ဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတာဖြစ်သည်။ သူတို့သည် တိတ်သွားကြကာ ဓာတ်မီးများဖြင့် အနားကို ထပ်ခါတလဲလဲ ရှာကြသော်လည်း ဘာကိုမှ မတွေ့ပေ။ ထို့နောက် သူတို့သည် ကြောက်လန့်သွားကာ အချင်းချင်းပူးကပ်၍ တံခါးကိုကျောပေး၍ နေကြတော့သည်။
Advertisement
ထိုအချိန်တွင် သူတို့နောက်က တံခါးသည် ပွင့်သွားသဖြင့် သူတို့သည် ကြောင်အစွာဖြင့် အထဲကို ကြည့်လိုက်ကြသည်။
တံခါးနောက်တွင် ဓာတ်မီးဖြင့် လူတစ်ယောက်ရှိနေကာ သူတို့မျက်နှာအား ဓာတ်မီးဖြင့်ထိုး၍
“မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ?”
“က. . .ကပ္ပတိန်”
သူတို့သည် ပါးစပ်ဟ၍ အချင်းချင်းကြည့်ကြသော်လည်း တစ်ယောက်မှ အသံမထွက်ကြပေ။ သူတို့ဘယ်လိုပြောပြရမည်နည်း? ဒီနေရာတွင် သရဲရှိနေပုံရသည်ကို ဘယ်လိုပြောပြရမည်နည်း? ပြောလိုက်လျှင်လည်း သူတို့ကပ္ပတိန်လက်ထဲက ဓာတ်မီးသည် သူတို့ခေါင်းဖြင့် မိတ်ဆက်ခံရလိမ့်မည်။
စစ်သားစုသည် သူတို့စကားများ ထစ်နေသဖြင့် ကပ္ပတိန်သည် တံခါးကိုဖွင့်၍ အပြင်သို့ ထွက်ကြည့်သည်။ သူတို့သည် ချက်ချင်းသူတို့နေရာသို့ ပြန်သွားကြကာ ကျောကိုမတ်၍ ရှေ့သို့မျက်နှာမှုထားကြသည်။ ကပ္ပတိန်သည် ဝရံတာတွင်လျှောက်ရင်း သူတို့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ပုံမှန်မဟုတ်တာ တစ်ခုမှ မတွေ့ရပေ။
“သူတို့ ဘာဖြစ်နေကြတာလဲ?”
လှေကားတွင်စောင့်နေသည့် စစ်သားများက တံခါးတွင်စောင့်နေသည့်သူများအား တစ်ချက်ကြည့်၍ ပြောသည်။
“ဒီမှာဘာဖြစ်နေတာလဲ?”
ကပ္ပတိန်သည် လှေကားကစစ်သားများကို လှမ်းမေးသည်။ သူတို့သည် လက်ဆန့်ကာ ခေါင်းခါပြသည်။ ထို့နောက် သူတို့ထဲကတစ်ယောက်သည် တံခါးဝကလူများကို မေးဖို့လက်လှမ်းပြသည်။
ကပ္ပတိန်သည် တံခါးဝက စစ်သားများကို နားမလည်စွာကြည့်ရင်း
“မင်းတို့ကောင်တွေ တကယ်ပဲ အခုဘာလုပ်နေကြတာလဲ?”
သူတို့သည် ခေါင်းခါကာ တစ်သံတည်းဖြင့်
“မလုပ်ပါဘူး”
ကပ္ပတိန်သည် အခန်းထဲသို့ဝင်ကာ တံခါးမပိတ်ခင် သူတို့ကို တစ်ချက်ကြည့်သွားသေးသည်။ သူတံခါးဖွင့်၍ ထွက်လာတည်းက ကိုယ်ပျောက်နေသည့်သူသည် သူတို့ကိုရှောင်၍ အခန်းထဲကို ဝင်သွားသည်ကိုတော့ ဘယ်သူကမှ မသိလိုက်ကြပေ။
ကပ္ပတိန်သည် တံခါးပိတ်သွားသည်နှင့် တံခါးဝက စစ်သားများသည် အချင်းချင်းကြည့်၍ ပတ်ဝန်းကျင်ကို လိုက်ရှာကြသည်။
လှေကားမှ စစ်သားများသည် သူတို့၏ ထူးဆန်းသည့် အပြုအမှုကြောင့်
“သူတို့တွေ ဘာလုပ်နေပြန်တာလဲ?”
တစ်ယောက်က
“ခုနတည်းက သူတို့ထူးဆန်းနေတာ။ တစ်ခုခုကို လိုက်ရှာနေတာ ထင်တယ်”
“ငါလည်းမသိဘူး။ ဒါပင်မယ့် ခုနကတော့ သူတို့ထဲက တစ်ယောက်က အရိုက်ခံ၍ အော်သံမျိုး ထွက်လာတယ်”
“ငါလည်းကြားလိုက်တယ်”
“ငကြောင်တွေပါကွာ”
“ဟုတ်တယ်”
Zawgyi Ver
၂၅၁။ ဘာျဖစ္လို႔ငါ့ကိုခ်တာလဲ?
မိနစ္အခ်ိဳ႕ၾကာသည့္အခါ လင္းခ်င္းသည္ အထဲမွေန တိတ္ဆိတ္စြာ ေလွ်ာက္ထြက္လာသည္။ ေျမေအာက္ကားပါကင္တြင္ေတာ့ ယန္က်င္းဟြာတို႔ပိုင္သည့္ ကားမ်ားသည္ မရွိေတာ့ကာ ေမ့ေျမာေနသည့္ စစ္သားအခ်ိဳ႕သာ က်န္ေတာ့သည္။
ယန္က်င္းဟြာက သူမကို ေထာက္လွမ္းမိမွာ စိုးေသာေၾကာင့္ လင္းခ်င္းသည္ သူမ၏ အရွိန္အဝါကို ျဖစ္နိုင္သမွ်ေလွ်ာ့ထားသည္။ ထို႔ေၾကာင့္ သာမန္ဇြန္ဘီမ်ားသည္ သူမကို အာ႐ုံမခံမိကာ ထိုေနရာက စစ္သားမ်ား၏အနံ႕ကိုသာရ၍ ျဖည္းျဖည္းခ်င္း ေရာက္လာၾကသည္။
လင္းခ်င္းသည္ ေျမေအာက္ကားပါကင္မွ ယန္က်င္းဟြာတို႔ အေဆာက္အဦးသို႔ အနံ႕ခံလိုက္သည္။ ထို႔ေနာက္ အေဆာက္အဦးမွ အျပင္သို႔ထြက္ေနသည့္အရာမ်ားေပၚသို႔ သြက္လက္စြာျဖင့္ တြယ္တက္သြားသည္။ မၾကာခင္တြင္ သူမသည္ အေပၚဆုံးထက္သို႔ လြယ္ကူစြာ ေရာက္သြားကာ ျပတင္းေပါက္မွေန ဝင္လိုက္သည္။ သူမသည္ နံရံေဘးကိုကပ္၍ ဝင္သြားေလရာ စစ္သားေလးေယာက္ေစာင့္ေနသည့္ တံခါးတစ္ခုကို ေတြ႕သည္။
ထို႔ေနာက္ ေလွကားကို ၾကည့္လိုက္သည့္အခါ သူမထင္သလိုပင္ ဒီေနရာကို ေသခ်ာေစာင့္ၾကပ္ထားသည္။ သူမသည္ ကိုယ္ေဖ်ာက္ထားေလရာ သရဲတစ္ေကာင္လိုမ်ိဳး တံခါးနားသို႔ တိတ္ဆိတ္စြာျဖင့္ စစ္သားမ်ားကို ေရွာင္ရွား၍ ကပ္သြားသည္။ ပိတ္ထားသည့္ တံခါးကို သူမၾကည့္လိုက္သည္။ လင္းခ်င္းသည္ သရဲလိုကိုယ္ေပ်ာက္ေနေသာ္လည္း သရဲလို တံခါးကိုေတာ့ ေဖာက္မဝင္နိုင္ေပ။
လင္းခ်င္းသည္ လက္ပိုက္ကာ သူမ၏ေဘးတြင္ ဓာတ္မီးမ်ားကို ကိုင္ထားသည့္ စစ္သားမ်ားကို ၾကည့္လိုက္သည္။ ထို႔ေနာက္ အထဲကအသံကိုၾကားရရန္ တံခါး႐ြက္ကိုနားျဖင့္ ကပ္၍ နားေထာင္ၾကည့္သည္။ သူမသည္ အသက္ရႈသံမ်ားစြာကို ၾကားရသျဖင့္ အခန္းထဲတြင္ လူအမ်ားႀကီးရွိမည္မွန္း သိလိုက္သည္။ သို႔ေသာ္လည္း အဘယ္ေၾကာင့္ တစ္ေယာက္မွ စကားမေျပာၾကသနည္း?
လင္းခ်င္းသည္ လက္ပိုင္းရင္း ေဘးကစစ္သားမ်ားကို တစ္ခ်က္ထပ္ၾကည့္လိုက္သည္။ ထို႔ေနာက္ လင္းခ်င္းသည္ ေဘးကစစ္သားႏွစ္ေယာက္ကို လက္ႏွစ္ဖက္ျမႇောက္၍ ရိုက္ခ်ပစ္လိုက္သည္။ ၿပီးသည္ႏွင့္ သူမသည္ လြတ္ရာကို အျမန္ေရွာင္လိုက္သည္။
“ဘာျဖစ္လို႔ ငါ့ကိုလာခ်တာလဲ?”
လင္းခ်င္းထံမွ အရိုက္ခံလိုက္ရသည့္ စစ္သားႏွစ္ေယာက္သည္ အခ်င္းခ်င္းစိတ္တိုစြာၾကည့္ရင္း ေအာ္ၾကေတာ့သည္။
“မင္းအရင္လာခ်တာ ငါက ဘယ္တုန္းက မင္းကိုခ်လိဳ႕လဲ?”
“ေတာက္ ငါခ်တာ မင္းျမင္လား? မင္းမခ်ရင္ ဘယ္ေကာင္က ငါ့ကိုခ်မွာလဲ? ငါ့ေရွ႕မွာ မင္းပဲရွိတာကို”
“မင္းအ႐ူးလား? ငါကမင္းေရွ႕မွာရွိတာနဲ႕ မင္းကိုခ်တဲ့သူက ငါျဖစ္ရမလား? မင္းလည္း ငါ့ေရွ႕ရပ္ေနတာ။ ဒါဆိုရင္ ငါ့ကိုခ်တာက မင္းပဲမလား?”
စစ္သားႏွစ္ေယာက္သည္ ဘာျဖစ္မွန္း မသိၾကသျဖင့္ အခ်င္းခ်င္း စကားမ်ားၾကေတာ့သည္။
“ေဟ့ေကာင္ေတြ ဘာျဖစ္ေနၾကတာလဲ? ဘာျဖစ္လို႔ ေအာ္ေနၾကတာလဲ? ေခါင္းေဆာင္ၾကားရင္ အျပစ္ေပးခံေနရမယ္။ သတိထားၾကစမ္းပါကြာ”
ေဘးတြင္ ရိုင္ဖယ္ကိုင္ထားသည့္ စစ္သားက ေျပာသည္။
လင္းခ်င္းထံမွ အရိုက္ခံရသည့္ႏွစ္ေယာက္ထဲက တစ္ေယာက္သည္
“ငါ့ကိုအခုေလးတင္ တစ္ေယာက္ေယာက္က ရိုက္သြားတယ္။ သူပဲျဖစ္မွာ”
“ဟင္? ခနေလး မင္းတို႔ထူးဆန္းတာ မခံစားရဘူးလား?”
Advertisement
တတိယစစ္သားသည္ ေတြေဝစြာျဖင့္ သူတို႔ကိုၾကည့္သည္။
“ဘာလဲ?”
“မင္းတို႔ႏွစ္ေယာက္လုံးက တစ္ခ်ိန္တည္းမွာ ခ်ခံရတာ။ ႏွစ္ေယာက္လုံးက ဘာမွမျမင္လိုက္ၾကဘူး။ ငါ့အထင္ မင္းတို႔ကို တျခားတစ္ေယာက္ေယာက္က ရိုက္သြားသလိုပဲ”
“ဘာကိုေျပာခ်င္တာလဲ?”
“ဟုတ္တယ္။ ဒီမွာငါတို႔အျပင္ ဘယ္သူမွ မရွိဘူးမလား? မင္းက ဟိုမွာရပ္ေနတာကို ငါတို႔မျမင္ဘဲ ဘယ္လိုလုပ္ရိုက္နိုင္မွာလဲ?”
“ဒါဟုတ္တယ္။ ဒါပင္မယ့္ ငါတို႔အျပင္ ဘယ္သူရွိေသးလို႔လဲ?”
“ေဟ့ တိတ္တိတ္ေနၾက မင္းက သရဲအေၾကာင္း ေျပာေနသလိုမ်ိဳး ငါထင္တာၿပီ ေက်ာခ်မ္းစရာႀကီးကြာ”
အနည္းငယ္ေၾကာက္တက္သည့္ စစ္သားက ေျပာသည္။
အျခားသူမ်ားက ဆြံ႕အကုန္သည္။
လင္းခ်င္းသည္ ေၾကာက္ေနသည့္ တစ္ေယာက္ကို ၾကည့္ကာ ရယ္ခ်င္သြားသည္။ ကမာၻပ်က္ေခတ္တြင္ သရဲမ်ားသာရွိပါက ဇြန္ဘီအားလုံးသည္ သရဲဟု ယူဆစရာပင္။ ဒီလိုဆိုလွ်င္ေတာင္ သရဲကို ေၾကာက္ေနၾကဦးမည္လား?
‘ဟုတ္တယ္။ ငါကသရဲမႀကီ။ ဟာသပဲ’
ဒီလိုေတြးရင္းျဖင့္ လင္းခ်င္းသည္ ေနာက္စစ္သားတစ္ေယာက္ အနားသို႔သြားကာ သူ႕ေခါင္းကို အသံျမည္ေအာက္ ႏွစ္ခ်က္ေလာက္ ေခါက္လိုက္သည္။
“အား”
ထိုစစ္သားသည္ အသံထြက္၍ေအာ္သျဖင့္ သူ႕ကိုတျခားသူမ်ားက လွည့္ၾကည့္ၾကသည္။
“ဘာျဖစ္လို႔ ေအာ္ေနတာလဲ?”
“ငါ့ကို. . .ငါ့ေခါင္းကို တစ္ေယာက္ေယာက္က ေခါက္သြားတယ္”
ဒီလိုေျပာသည့္အခါ အျခားသူမ်ားသည္ သူ႕အေနာက္ကို ဓာတ္မီးျဖင့္ထိုးၾကည့္ေသာ္လည္း ဘာမွမကို မေတြ႕ေပ။
“မင္း. . .”
အျခားသူမ်ားက သူ႕အေနာက္သို႔ ေသခ်ာၾကည့္ၾကသည္။ အကုန္လုံးသည္ ေၾကာက္လန့္စြာျဖင့္ အခ်င္းခ်င္းၾကည့္ၾကကာ မေနနိုင္သည့္ တစ္ေယာက္က
“ဒီမွာ သရဲတကယ္ရွိေနတာမလား?”
အျခားသူမ်ားသည္ ေျပာသည့္သူကို တိတ္ဆိတ္စြာ ခနၾကည့္ၿပီးေနာက္
“မင္းငါတို႔ကို အခုလိမ္ေနတာမလား?”
ထိုစစ္သားသည္ စိတ္ပ်က္စြာျဖင့္
“ဟာ ငါကဘာျဖစ္လို႔ မင္းတို႔ကို လိမ္ရမွာလဲ? မင္းတို႔ႏွစ္ေယာက္လည္း ခုနက အရိုက္ခံလိုက္ရတယ္မလား?”
အရိုက္ခံရသည့္ႏွစ္ေယာက္သည္ ခ်က္ခ်င္းေခါင္းၿငိမ့္ျပၾကသည္။ သူတို႔သည္ တကယ့္ကို အရိုက္ခံၾကရတာ ျဖစ္ေသာ္လည္း တစ္ေယာက္ကိုတစ္ေယာက္ အျပစ္တင္ေနၾကတာျဖစ္သည္။ သူတို႔သည္ တိတ္သြားၾကကာ ဓာတ္မီးမ်ားျဖင့္ အနားကို ထပ္ခါတလဲလဲ ရွာၾကေသာ္လည္း ဘာကိုမွ မေတြ႕ေပ။ ထို႔ေနာက္ သူတို႔သည္ ေၾကာက္လန့္သြားကာ အခ်င္းခ်င္းပူးကပ္၍ တံခါးကိုေက်ာေပး၍ ေနၾကေတာ့သည္။
ထိုအခ်ိန္တြင္ သူတို႔ေနာက္က တံခါးသည္ ပြင့္သြားသျဖင့္ သူတို႔သည္ ေၾကာင္အစြာျဖင့္ အထဲကို ၾကည့္လိုက္ၾကသည္။
တံခါးေနာက္တြင္ ဓာတ္မီးျဖင့္ လူတစ္ေယာက္ရွိေနကာ သူတို႔မ်က္ႏွာအား ဓာတ္မီးျဖင့္ထိုး၍
“မင္းတို႔ေကာင္ေတြ ဘာလုပ္ေနၾကတာလဲ?”
“က. . .ကပၸတိန္”
သူတို႔သည္ ပါးစပ္ဟ၍ အခ်င္းခ်င္းၾကည့္ၾကေသာ္လည္း တစ္ေယာက္မွ အသံမထြက္ၾကေပ။ သူတို႔ဘယ္လိုေျပာျပရမည္နည္း? ဒီေနရာတြင္ သရဲရွိေနပုံရသည္ကို ဘယ္လိုေျပာျပရမည္နည္း? ေျပာလိုက္လွ်င္လည္း သူတို႔ကပၸတိန္လက္ထဲက ဓာတ္မီးသည္ သူတို႔ေခါင္းျဖင့္ မိတ္ဆက္ခံရလိမ့္မည္။
စစ္သားစုသည္ သူတို႔စကားမ်ား ထစ္ေနသျဖင့္ ကပၸတိန္သည္ တံခါးကိုဖြင့္၍ အျပင္သို႔ ထြက္ၾကည့္သည္။ သူတို႔သည္ ခ်က္ခ်င္းသူတို႔ေနရာသို႔ ျပန္သြားၾကကာ ေက်ာကိုမတ္၍ ေရွ႕သို႔မ်က္ႏွာမႈထားၾကသည္။ ကပၸတိန္သည္ ဝရံတာတြင္ေလွ်ာက္ရင္း သူတို႔ကို တစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ ပတ္ဝန္းက်င္ကို ၾကည့္သည့္အခါ ပုံမွန္မဟုတ္တာ တစ္ခုမွ မေတြ႕ရေပ။
“သူတို႔ ဘာျဖစ္ေနၾကတာလဲ?”
ေလွကားတြင္ေစာင့္ေနသည့္ စစ္သားမ်ားက တံခါးတြင္ေစာင့္ေနသည့္သူမ်ားအား တစ္ခ်က္ၾကည့္၍ ေျပာသည္။
“ဒီမွာဘာျဖစ္ေနတာလဲ?”
ကပၸတိန္သည္ ေလွကားကစစ္သားမ်ားကို လွမ္းေမးသည္။ သူတို႔သည္ လက္ဆန့္ကာ ေခါင္းခါျပသည္။ ထို႔ေနာက္ သူတို႔ထဲကတစ္ေယာက္သည္ တံခါးဝကလူမ်ားကို ေမးဖို႔လက္လွမ္းျပသည္။
ကပၸတိန္သည္ တံခါးဝက စစ္သားမ်ားကို နားမလည္စြာၾကည့္ရင္း
“မင္းတို႔ေကာင္ေတြ တကယ္ပဲ အခုဘာလုပ္ေနၾကတာလဲ?”
သူတို႔သည္ ေခါင္းခါကာ တစ္သံတည္းျဖင့္
“မလုပ္ပါဘူး”
ကပၸတိန္သည္ အခန္းထဲသို႔ဝင္ကာ တံခါးမပိတ္ခင္ သူတို႔ကို တစ္ခ်က္ၾကည့္သြားေသးသည္။ သူတံခါးဖြင့္၍ ထြက္လာတည္းက ကိုယ္ေပ်ာက္ေနသည့္သူသည္ သူတို႔ကိုေရွာင္၍ အခန္းထဲကို ဝင္သြားသည္ကိုေတာ့ ဘယ္သူကမွ မသိလိုက္ၾကေပ။
ကပၸတိန္သည္ တံခါးပိတ္သြားသည္ႏွင့္ တံခါးဝက စစ္သားမ်ားသည္ အခ်င္းခ်င္းၾကည့္၍ ပတ္ဝန္းက်င္ကို လိုက္ရွာၾကသည္။
ေလွကားမွ စစ္သားမ်ားသည္ သူတို႔၏ ထူးဆန္းသည့္ အျပဳအမႈေၾကာင့္
“သူတို႔ေတြ ဘာလုပ္ေနျပန္တာလဲ?”
တစ္ေယာက္က
“ခုနတည္းက သူတို႔ထူးဆန္းေနတာ။ တစ္ခုခုကို လိုက္ရွာေနတာ ထင္တယ္”
“ငါလည္းမသိဘူး။ ဒါပင္မယ့္ ခုနကေတာ့ သူတို႔ထဲက တစ္ေယာက္က အရိုက္ခံ၍ ေအာ္သံမ်ိဳး ထြက္လာတယ္”
“ငါလည္းၾကားလိုက္တယ္”
“ငေၾကာင္ေတြပါကြာ”
“ဟုတ္တယ္”
Advertisement
- In Serial85 Chapters
Witcher: I Can Extract Everything
Heath transmigrated to an alternate dimension and awakened the [God-like Extraction System]. With the help of the system, he steadily walked the path of the Witcher to become a god.Feeble powers? No problem, the God-like System can extract attributes.Not enough talent? No problem, the God-like System can extract talent.Shabby bloodline? No problem, the God-like System can extract the noblest of blood heritage.Everything and anything can be extracted.
8 902 - In Serial65 Chapters
Doomsday Pillars
The world end on January 2020, it was started with a plague that brought death upon 80% of the population. When the survivors thought there was no more hope.. They came. 1008 pillars dropped from the sky and spread all around the world in more than 100 countries. The pillars become defensive bases to the of the survivors left. But in the end.. after 10 years The human race still lost. This is a story of Alex, given a second chance to start anew, one month before it all started. This time it will be different for his family, friend, and the human race
8 161 - In Serial6 Chapters
Age of the Dungeon Hunters
One day dungeons suddenly appeared on earth and humanity was thrown into chaos. People stood up and went to battle these monsters with their lives on the line, not knowing the reason for this sudden change. This story follows Yu Jin a 21 year old man who goes off into the dungeons in search of his dreams and the truth. Will be releasing two chapter's a week. Hope you guys have as much fun reading it as i did writing it.
8 70 - In Serial17 Chapters
Kingdom's Gates
Gates appear all over the world. A Gate system has been activated. but in the rural mountain, a young soldier that has returned from the battlefield where he lost his best friend tries to start a new. With a gate appearing nearby it changes his life.
8 77 - In Serial20 Chapters
Blood Control
Is this a dream? It was too realistic. It won't become a nightmare, right? Follow Crow in his journey of mastering the blood control skills to correct the injustices in this world. Or will he fall to the endless cruelty of the world? A wholesome and dark mature isekai story. Blood Control is like a darker battle shounen story, but using more smarts than pure power to win fights. A story inspired by Tower of God, and Hunter x Hunter.
8 174 - In Serial26 Chapters
L'Empire de Cendres
Devenez un chevalier du troisième millénaire! READ IN ENGLISH Au temps jadis, l’humanité régnait sur Terre et rêvait des étoiles. Mais cette époque est désormais révolue. La civilisation telle que nous la connaissons n’existe plus. Irrémédiablement balayée à la suite d’une mystérieuse catastrophe, elle est aujourd’hui à l’agonie ; oscillant entre un passé brisé et un avenir sans espoir.Erol, archéologue et aventurier du IIIe millénaire, parcourt dans le secret les ruines souterraines de l’Ancien Monde. Bravant la maléfique Inquisition et son obscurantisme, il réalise un jour une remarquable découverte. Dans un sarcophage de verre au plus profond des dangereux labyrinthes, repose une jeune femme ultime témoin du cataclysme.En quête de réponses, Erol va provoquer des évènements en suspens depuis mille ans et libérer des forces qui auraient dû rester ensevelies à jamais. L'Empire De Cendres est le tout premier roman de Quentin Raffoux et Aliénor Rossi, auteurs de l’irrévérencieux KITTY KITTY - Le futur qui ne fut jamais. L'histoire, qui se veut plus sombre, vous maintiendra en haleine jusqu’au dernier acte de son antihéros, Erol Fueurhammer. Pour plus d'informations, visitez notre site internet: raffourossi.com Le livre est disponible en kindle et broché sur amazon Les chapitres seront téléversés sur Royal Royal tous les Jeudi, 15:00 - heure de Paris
8 183

