《Sour Candy》part 23🌱/2/
Advertisement
*Unicode*
ဝန်ဆောင်မှုကောင်းတဲ့ Hotel တစ်ခု၌ ဘိုကင်ယူထားပြီးသားဖြစ်နေသော်လည်း မသွားမိ။လေဆိပ်သို့လာပို့ပေးသွားသောကားကို ယူကာ အနားယူရန်မြန်ဆန္လွန်းသောအရှိန်ဖြင့် လမ်းများစွာကုိဖြတ်သန်းလာသည်။ New York ဟာသိပ်လှတဲ့ပြီး Date လို့ကောင်းတဲ့မြို့တစ်မြို့...ခံစားချက်မဲ့နေသော သူ့အတွက် New York City ရဲ့အလှအပကိုလည်း ခံစား၍ရမနေခဲ့။
အရင်နှစ်မွေးနေ့က လက်ဆောင်ရခဲ့တဲ့မြို့လည်၌ view ကောင်းသည့် Condo ကိုသာတန်းတန်းမှတ်မှတ်ရောက်ရှိသွားသည်။ ခရီးဆောင်အိတ်တစ်လံုးကိုဆွဲကာ နယ်ကျွမ်းသည့်သူပမာ ခပ်တည်တည်ပင် Condo ထပ်သို့ရောက်ရှိလာခဲ့ပြီ။
အညိုရောင်သံုးထားသည့် အပြင်အဆင်တွေကြောင့်သဘောကျသယောင်တော့ရှိသား။ အိတ်အားကုတင်ပေါ်ပစ်တင်ပြီး ရေချိုးခန်းသံုးရန်အပြင်ဖုန်းဝင်လာသည်ကြောင့် စိတ်ရှုပ်စွာ ကောက်ကိုင်လိုက်သည်။
"ပြော!.."
"ကင်မ်...New York ကိုရောက်နေတယ္ဆို"
"အွန်း "
"ညနေပိုင်းလောက်ကြရင် Club တစ်ခုကိုလာခဲ့ပေးပါလား..."
"အကြောင်းပြချက်"
"ရှယ်ယာရှင်တစ်ဦးက လုပ်ငန္းကိစ္စတိုင်ပင်ဖို့ Club မှာချိန်းတယ်ကင်မ်...ဒေစီတစ်ယောက်တည်းမို့"
ကင်မ်နီဝန်းဆိုတဲ့ ဒယ်ဒီ့နောက်မိန်းမကြောင့် သွေးမတော် သားမစပ်သည့်အစ်မနေရာရောက်လာသည့် ဒေစီယာကိုမျက်နှာကိုမမြင်ချင်သော်ငြား ဒေစီကိုယ်ထဲရှင်သန်နေသည့် ကူးငယ်ရဲ့နှလုံးကြောင့် အဆက်အသွယ်ဖြတ်ဖို့ခက်ခဲလွန်းသည်။
"လာခဲ့ပေးနော် ကင်မ်...ဒေစီ address ပို့လိုက်မယ္"
တိတ်ဆိတ်သွားပြီဖြစ်တဲ့ဖုန်းအား စားပွဲပေါ်တင်ကာ အိတ်ထဲမှာဓာတ်ပုံချပ်အား ထုတ်၍ ကုတင်ခေါင်းရင်ထက်တင့်တယ်စွာချိတ်ဆွဲထားလိုက်သည်။
"ကိုယ့်ရဲ့ကူး အများကြီးလှနေတုန်းပဲ...ကိုယ်နဲ့ဒေစီက သာမာန်ဆက်ဆံရေးပဲရှိတော့မို့ ကူးအတွေးမများနဲ့နော် ကိုယ်မင်းကိုပဲချစ်တာ "
တစ်နေ့တာ အားလပ်နေသည့်အချိန်တိုင်း ထိုဓာတ်ပံုချပ်လေးကိုသာ ကြည့်ရင်ချစ်ကြောင်းတဖွဖွဝန်ခံမိသည်။ 31 နှစ်ဦးလေးကြီး အချစ်မွှန်နေပြီ ကူးရဲ့...။
///////////////////////////////
အညိုရောင်ပန့်တစ်ထည်နှင့် ဆင်စွယ်ရောင်ရှပ်အားတွဲဝတ်ကာ ဆံနွယ်နက်နက်တို့အနောက်သပ်ထင်ပြီး Club လာသည့်ထယ်ယောင်းပံုစံကရိုးရှင်းလွန်းသည်။ အကြည့်မလွဲနိုင်လောက်အောင် handsome ဖြစ်လွန်းတဲ့ရုပ်ရည်ကြောင့် လူများကြားထင်းလျက်။ လူများလွန်းသည်ကြောင့် တွန့်ကျိုးနေသောမျက်ဆံုးတန်းနှင့် စူးရဲနေသောမျက်ဝန်းတွေဟာအသက်။
Dance floor ကိုကျော်ကာ ဝိုင်းတွေရှိသည့်အနောက်ဘက်သို့တန်းမတ်မတ်လျှောက်လာရင်း အနက်ရောင် Dress နှင့်ကျော့ကျော့လေးထိုင်နေသည့် သူမစီသွားကာ ခုံလွတ်၌ စကားတစ်ခွန်းမျှမဆိုဘဲဝင်ထိုင်လိုက်သည်။
"ကင်မ်...သောက်စရာယူဦးမလား"
လက်ခါပြကာ ရောင်စံုမီးရောင်အောက် တီးလံုးနှင့်စီးချက်ညီညီ ကျားမတွဲကနေသောလူငယ်တွေထံသာ ကြည့်ရင်းထယ်ယောင်းနှုတ်ခမ်းတွန့်ရံုမျှပြုံးမိသည်။ တစ်ချိန်ကသူကိုယ်တိုင် ထိုလူအုပ်ထဲတစ်ယောက်ဖြစ်ခဲ့သည်မဟုတ်လား...။
"အခုတလော နှလုံးကနေသားကျသွားပြီထင်တယ် အရင်လိုမအောင့်လာတော့ဘူး"
ဒီနှစ်အတွင်း ခွဲစိတ်မှုအောင်မြင်ခဲ့သည်ဆိုသော် ကိုယ်ပိုင်နှလုံးမဟုတ်၍ နေသားမကျခဲ့။ တစ်ချက်တစ်ချက် ပေါက်ထွက်မတက်အောင့်သည့် ဝေသနာကိုအလူးအလဲခံစားခဲ့ရသည်။ အဲ့လိုအခြေအနေတိုင်း ကင်မ်ကနှစ်သိမ့်စကားပြောပါတယ်...*ကူးခံစားခဲ့ရတာအဲ့ထက်ဆိုးတယ် ဖြူစင်တဲ့ကူးရဲ့နှလုံးမို့ နာကျင်မှုကိုပျော်ပျော်ကြီးခံယူလိုက်* တဲ့
မြူးရိပ်သမ်းနေသော မျက်ဝန်းတို့ကချက်ချင်းငြိမ်ကျသွားကာ သဲ့သဲ့လေးပြုံးလိုက်မိသည်။
"ထပ်အောင့်ဦးမှာ..."
"ကို! "
"အဲ့နာမ်စားသံုးစရာအကြောင်းမရှိတော့ဘူး ဒေစီယာ!"
DJ သံမြူးနေသည့်ကြား ခပ်နက်နက်ထွက်လာသည့် အသံကကြီးစိုးလွန်းသည်။
*Don't cut me down, Throw me out*
ကိုယ့်အပေါ် မရက်စက်လိုက်ပါနဲ့, ကိုယ့်ကို မလွှင့်ပစ်ပါနဲ့
*Leave me here to waste *
အမှုိက်တစ်စလို ကိုယ့်ကိုဒီမှာ မစွန့်ပစ်လိုက်ပါနဲ့
*I once was a man with dignity and grace*
တစ်ချိန်ကကိုယ်ဟာ ဂုဏ်သိက္ခာနဲ့ပြည့်စံုတဲ့ယောက်ျားတစ်ယောက်ပါ
*Now I'm slipping through the cracks of your cold embrace*
အခုတော့ကိုယ်ဟာ မင်းရဲ့အေးစက်တဲ့ရင်ခွင်က အက်ကွဲကြောင်းတွေမှာ ရှင်သန်နေတဲ့ကောင်ပါကွာ
*So please, please*
အဲ့တာကြောင့် ကျေးဇူးပြုပြီးတော့
*Could you find a way to let me down slowly?*
ညင်ညင်သာသာလေး ကိုယ့်ကိုထားခဲ့လို့ရမဲ့နည်းလမ်း မင်းရှာပေးလို့မရဘူးလား။
*A little sympathy, I hope you can slow me*
ကိုယ်ချင်းစာတရားနည်းနည်းလောက်တော့ မင်းကိုယ့်အပေါ်ထားဖို့မျှော်လင့်ပါတယ်
*If you wanna go, then I'll be lonely*
မင်းထွက်သွားရင်ကိုယ်သိပ်အထီးကျန်ရတော့မှာ
*If you're leaving, baby Let me down slowly*
မင်းထွက်သွားဖို့ဆံုးဖြတ်ထားရင်တောင် ဘေဘီကိုယ့်ကိုညင်ညင်သာသာလေးပဲ လုပ်ပါ
*let me down, down*
ကိုယ့်ကိုထားခဲ့ပါ
ရင်နင့်စရာသီချင်းကို ခပ်မြူးမြူးတီးလံုးတို့ဖြင့် DJ ပြန်တီးထားသည့် DJ ဆရာအားမေတ္တာပို့မိပါသည်။ စာသားတွေက ထယ်ယောင်းအသဲကိုအက်စစ်လောင်းလိုက်သလိုတဆစ်ဆစ်နဲ့။ ကူးကရက်စက်လွန်းတဲ့ နည်းနဲ့ထားသွားခဲ့တာ။ ဒီကောင့်မှာ ရင်တွေကွဲလို့...
အရည်ကြည်ဝေ့သီလာသောမျက်ဝန်းကြောင့် ခပ်ထေ့ထေ့ရယ်သွမ်းရင်း မသောက်တော့ဘူးဆံုးဖြတ်ထားသည့်ကြား ကော့တေးတစ်ခွက်မော့သောက်မိလိုက်သည်။
ပြင်းလွန်းသည့္အလျောက် လည်ချောင်းတစ်လျှောက်ပူရှိန်းရှိန်း။
"Hello Daisyar ဟုတ်ပါတယ် CEO ကိုခေါ်ခိုင်းလိုက်လို့ပါ"
"ကောင်းပြီ
ဝန်ထမ်းတစ်ဦးလာခေါ်သည့်နောက် ကနေသောလူငယ်အုပ်ကြီးအားကျောပေးကာ ဒေစီယာရောသူပါ VIP room တွေဘက်ဦးတည်ခဲ့ကြသည်။
"DJ song ပြောင်းပေးလို့ပြောနေတာ စောက်နားကန်းနေလား !!!"
မိုက်ကန်းစွာထွက်ပေါ်ခဲ့တဲ့ ခပ်အက်အက်အသံက တီးလံုးသံတို့ကျော်လွန်ကာ ဟိန်းထွက်ခဲ့သည်။
ရပ်တန့်မိသွားသောခြေလှမ်းတွေ သိမ့်ခနဲဖြစ်သွားသောရင်အစံု...ဆွဲငင်ခံရလေသောစိတ်ဖြင့် ကနေသူတေွထံ လှည့်ကြည့်မိသည်။ ရှာတယ်မမည်သော အကြည့်ဖြင့်ဝေ့ဝဲကြည့်နေမိသည်။ ဘာကိုလှည့်ကြည့်မိသလဲ ကိုယ်တိုင်ရေရေရာရာမသိခဲ့။
Advertisement
"လူငယ်တွေယမကာဝင်လို့ သွေးဆိုးနေတာဖြစ်မယ် အာရံုထဲမထားနဲ့ကင်မ် သွားရအောင်"
လက်မောင်းကနေဆွဲခေါ်သွားသော ဒေစီယာနောက်ငြိမ်သက်စွာပါသွားမိသည်။
ကိုယ်ရူးပြန်ပြီထင်တယ်ကူး...အကြောင်းပြချက်ရေရေရာရာမရှိပဲ လူအုပ်ထဲဘာကိုရှာမှန်းမသိ လှည့်ရှာမိနေတယ်။ ဒီကပြန်ရင်ဆေးဝင်ဝယ်ဦးမှဖြစ်မယ်
"စောက်သဲကွဲနေရင်လည်း ဂျောင်မှာကပ်ငိုနေ... သူများတွေမြူးနေတဲ့စိတ်ပျက်အောင် Club ထဲဝင် စောက်သဲကွဲသီချင်းကို DJ လုပ်မတီးနဲ့!!စောက်အာရံုပျက်တယ်!"
"ဟုတ်တယ် !"
"သူပြောတာမှန်တယ်"
အသွေးကိုပွက်ပွက်ဆူစေတဲ့ သီချင်းရဲ့စာသားတွေ နားစည်ကိုရိုက်ခက်စဥ်တစ်လျှောက် ဘယ်ဘက်ရင်အုံမှ အောင့်သက်ကာ မြန်ဆန်လွန်းတဲ့ပံုရိပ်ဝါးတွေမျက်ဝန်းထဲ ဖြတ်ပြေးလာတဲ့အခါ မြူးကြွနေတဲ့ စိတ်ကောင်းတွေ ကောက်မရအောင်တစ်စစီလွှင့်ပြယ်ကုန်သည်။
ဝေဝေဝါးဝါးပံုရိပ်တွေ အစီအရီမြင်မက်မိတိုင်း JeyKay ဆိုတဲ့ကောင်ငယ်လေးက သွေးသိပ်ဆိုးလာတက်သည်။
ခဏကအချိန်အထိ လွင့်စဲမျောစဲလူငယ်တွေက JeyKay ထသောင်းကျန်းမှ တစ်ယောက်တစ်ခွန်းထထောက်ခံလာကြသည်။ JeyKay ဆိုတဲ့ ဂုဏ်ပုဒ်ကဒါပဲလေ...အရာခပ်သိမ်းရုပ်ရည်လေးနဲ့ထိန်းသွားတာ။
"စိတ်လျှော့ပါ မစ္စတာ...သီချင်းကပြီးတော့မှာပဲဟာ"
"အခု ပြောင်း စေ ချင် တာ...အခုဆိုမှအခုပဲ"
"အဲ့တာကမရ..."
*ခွပ်*
လိုတိုင်းပြည့် တတိုင်းရနေတဲ့ ဘဝကြီးမှာဘူးဆိုဖရုံမသီးတဲ့အထိ ခေါင်းမာလွန်းတာမမှားခဲ့ဘူး။
လစ်ခနဲပြေးတက်သွားပြီး DJ သမားကိုဆွဲထိုးလိုက်သည့် JeyKay အားဟာမနည်းကြောင်း သွေးထွက်သွားသောနှုတ်ခမ်းနဲ့ လှဲကျသွားသော ထောင်ထောင်မောင်းမောင်း DJ သမားကိုကြည့်ခြင်းဖြင့်သိသာသည်။ ဝိုး ခနဲထွက်လာတဲ့အသံတွေရယ် ပိတ်မသွားသေးတဲ့သီချင်းသံတွေရယ် အံုလာတဲ့လုံခြုံရေးတွေရယ်...စူးရဲရဲပြန်ကြည့်လာသည့် Mike ဆိုတဲ့ DJ သမားက လက်တင်းတင်းဆုတ်ကာကုန်းထလာပြီး နှုတ်ခမ်းတစ်ဖက်တွန့်ကာ မထီအပြုံး ပြုံးပြနေ၍ အဝါရောင်ရှပ်လက်တိုနှင့်မိမိုက်ပြနေသည့် JeyKay ထံ ပြန်တံု့ပြန်ဖို့ကြိုးစားသည်ထင်ပါရဲ့။
ဘယ်လိုတောင်အတွေးတိမ်တဲ့လူစားလဲ။ JeyKay ဆိုတဲ့ကောင်ကိုကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို႔ စဥ်းစားရဲရတာလဲ...။ချောလွန်းတဲ့မျက်နှာမှာ အညိုအမဲစွဲနေရင် ဘယ်လိုတောင်ကြည့်ကောင်းလိုက်မလဲ...Grayson နဲ့ အိမ်ကလူတွေကို အပူပေးချင်လာသည့် အတွေးဆိုးလေးနဲ့ ရှောင်လို့ရသည့် လက်သီးထိုးချက်ကို မျက်ဝန်းမှေးဆင်းကာ ကောင်းကောင်းမွန်မွန်ခံယူလိုက်ပါသေးသည်။
အောင့်တက်သွားသောပါးရိုးနှင့် ဦးနှောက်ဦးရိုးခွံ့အထိကျဥ်ခနဲ ကိုက်ခဲသွားကာ လည်ထွက်သွားသောခေါင်း ထိုးလိုက်သည့်ကောင်ကတောင့်တောင့်ဖြောင့်ဖြောင့်အကောင်ကြီးမို့ ယိုင်နဲ့သွားသည်အထိ ဟန်ချက်ပျက်သွားခဲ့သည်။ထူးဆန်းစွာ နာကျင်သွားတဲ့ခံစားချက်ကို သဘောကျလွန်စွာ နှုတ်ခမ်းလေးကော့တက်သွားခဲ့သည်။
အထိုးခံရတာလည်းမဆိုးပါဘူး...အကျဥ်းတန်တဲ့ပံုရိပ်ဝါးဝါးတွေထွက်သွားစေပြီ။
လုံခြုံရေးတွေကြားအချုပ်ခံလိုက်ရသည့် Mike မျက်နှာအားစေ့စေ့ကြည့်ကာ ပေါက်သွားသည့်ပါးစောင်းမှ ခပ်ချွဲချွဲသွေးစတို့အား မျက်နှာတည့်တည့်ထွေးပစ်လိုက်သည့် JeyKay ဟာအဆံုးထိမိုက်မိုက်ကန်းကန်း။
"Mike..Mike..Mike Congratulations Bro...ငါ့မျက်နှာကို ထိခိုက်အောင်လုပ်နိုင်တဲ့ ပထ...ကျစ် လူစားထဲပါဝင်သွားလို့"
ပထမဆံုးလို့ထွက်မိမဲ့စဲစဲ တားဆီးနေသည့်ခံစားချက်တွေအရစကားလမ်းကြောင်း ကျော်ချပစ်ခဲ့သည်။ မှတ်မိသလောက်အခုချိန်ထိ မျက်နှာကိုထိပေးခဲ့တာ အရှေ့ကကျက်သတံုးတစ်ယောက်တည်းပဲမဟုတ်လား။
ဖရိုဖရဲအဝတ်အစားတွေ ပါးပြင်အားကိုင်ကာ ကြမ်းပြင်ထက် မျက်ရည်စတွေဖြင့်ပြိုပြိုပျက်ပျက် ရက်စက်စွာရိုက်ရက်တဲ့ခါးထောက်နေတဲ့လူအား နာကျင်မှုရောယှက်နေတဲ့အချစ်မျက်ဝန်းတွေဖြင့် တစ်စက်စက်တုန်ရီနေသောနှုတ်ခမ်းပါးအား အားယူပြုံးပြနေသည်အပြုံးတေွ....
မမြင်ချင်ဘူး!!!! ဘာတွေလဲ ဘာတွေမို့လို့အဲ့ဒီပံုရိပ်တွေကိုထပ်ခါထပ်ခါ မြင်နေရတာလဲ။ မကြိုက်လိုက်တာ အားနည်းပြီးမျက်ရည်တွေနဲ့ ယိုယိုယွင်းယွင်းဖြစ်နေတဲ့ ပံုစံကိုမကြိုက်လွန်းလို့ လက်တွေ့မှာသန်မာအောင်နေထိုင်နေတာ...
ရှုပ်ထွေးလာသည့်စိတ်တွေ တင်းကြပ်လာတဲ့စိတ်တွေ လက်နှစ်ဖက်အားလာချုပ်သည့်လံုခြုံရေးရဲတွေ...အသားကိုလက်လွတ်စပယ်ထိတာလောက် မုန်းတာမရှိတဲ့ JeyKay အတွက် ပူလောင်နေတဲ့စိတ်ကိုလောင်စာထပ်ဖြည့်သလို တောက်လောင်လာစေသည်။
"ရာရာစစငါ့အသားကိုများ...!!"
ချုပ်ထားသည့်လံုခြုံးရေးရဲနှစ်ယောက်ကြားမှ ရုန်း၍ ယမကာဖျော်သည့်ဘက်မှ နှစ်ချို့ဝိုင်ပုလင်းအား ဘားကိုမှီကာ တက်တူးထင်းနေသောလက်ကိုသံုး၍ ဖောက်သောက်ရင်း ရောင်စံုလင်းလက်နေသော မီးလုံးကြီးအား မျက်စိကျသွားဟန် နှုတ်ခမ်းရဲရဲလေးကော့တက်သွားခဲ့သည်။
"မစ္စတာ ဒီနေ့တစ်ရက်ဒီကထွက်သွားပေးပါ"
"ဆိုင်ပိုင်ရှင်ခေါ်လိုက် "
ရီဝေဝေအကြည့်နှင့် သောက်ဂရုမစိုက်ဟန် မျက်နှာထားတွေမှာ ဝိုင်းအုံနေသောဝန်ထမ်းနေမှာ ခေါင်းတကုတ်ကုတ်။
JeyKay ဟာတစ်ယောက်ခြင်းစီမျက်နှာထားကို ဝိုင်ပုလင်းလိုက်မော့ရင်း ရဲတင်းစွာအကဲခတ်နေပံုမှာ မသုန်မမှုန်။ တုတ်တုတ်မလှုပ်ဝိုင်းအုံရပ်နေကြသည့် ဝန်ထမ်းတွေကြောင့် ဒီကောင်ကရုပ်ရှင်မင်းသားကြီးလိုလို အဟွန်း...။
"မကြားဘူးလား...ဆိုင်ပိုင်ရှင်ခေါ်လိုက်လို့!!!"
အသံနက်နက်ကြောင့်တုန်တဲ့သူကတုန် လန့်တဲ့သူကလန့်...သူခိုးကလူပြန်ဟစ်တယ် ဆိုတဲ့စကားပံုကို JeyKay လက်တွေ့ပြသနေတာ။
"ဆရာ မရှိဘူး...."
*ခွမ်း!!*
မုသားစကားဆိုတာနဲ့ နားခါးတက်လွန်းတဲ့အကျင့်တွေအရ ညစ်တေးစွာ မီးရောင်စံုလံုးကြီးသို့ တန်းတန်းမတ်မတ်ပစ်လိုက်သည့် ဝိုင်ပုလင်း...စကေးတွေက လေ့ကျင့်ထားသလို 100℅ Perfect ပဲ။ ကွဲကျလာသည့် သန်းရာချီတန်သည့်မီးလံုးကြောင့် ရုပ်ရုပ်သဲသဲထပြန်သွားကြသည့်လူတွေဟာလည်း အမြောက်အမြား...။
"မစ္စတာ!! တော်သင့်ပြီ"
မန်နေဂျာဖြစ်ဟန်ရှိသည့် ဆံပင်ကောက်ကောက်နဲ့ကောင်လေးအား မျက်ခံုးပင့်ပြကာ ဝိုင်ထပ်နောက်ပုလင်းကို ကောက်ကိုင်လိုက်သည်။ စိုးရိမ်ပူပန်မှုဖြတ်ပြေးနေတဲ့ လူတွေမျက်နှာကိုကြည့်ရတာ သိပ်အရသာရှိလွန်းသည်။ တားလည်းတားချင် မတားလည်းမတားရဲကြသည့် ဝန်ထမ်းများနဲ့လံုခြုံရေးတွေကြောင့် JeyKay ဟာစိတ်ကြိုက် အမျက်မီးကို ပေါက်ကွဲပစ်သည်။
မြောက်သွားတဲ့ တက်တူးထင်းထင်းဖြင့်လက်ရယ် မှိတ်ကျသွားသည့်မျက်ဝန်းတစ်ဖက်ရယ် နှုတ်ခမ်းတစ်ဖက်တွန့်အပြုံးရယ်...
*ခွမ်း!!!*
ထိသွားပြန်တဲ့ နောက်ထပ်မီးဆိုင်းကြီးတစ်ခု...အဆင့်မှီ Club ဖြစ်သည့်အလျောက် တန်ဖိုးကြီးပစ္စည်းတွေဟာနေရာတိုင်း ထိုင်ခံုလေးအစ ခွက်လေးတစ်လံုးအဆံုး သိန်းဆယ်ချီတန်သည်။ မီးဆိုင်းတွေဆို...အိုးးပြောမနေနဲ့တော့ တန်ဖိုးတွေသိပ်ကြီးတဲ့ပစ္စည်းတွေကို ကစားကွင်းရောက်သည့်ပမာ ဖျက်ဆီးနေတဲ့ JeyKay ကိုလိမ္မာတယ်ပြောရင် ကျိန်းသေမုသားပဲဖြစ်နေမှာပေါ့...
*ဖြောင်း ဖြောင်း ဖြောင်း*
တစ်ချက်ခြင်းတီးလိုက်သည့် လက်ခုပ်သံသံုးချက်တိတိဟာ တစ်ချိန်ကနုထွေးလှပါသည်ဆိုတဲ့ လက်တွေကမြည်တီးလာခြင်း...
"ဟားးဟားး Perfect !..."
ဟန်လုပ်ရယ်နေသည့် ရယ်သံတွေကသိပ်နားထောင်ကောင်းသည်။ ဆိုးနေတဲ့ပံုရိပ်တွေက စွဲလန်းချင်စရာကောင်းသည်။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှမငဲ့ပဲ မဖြစ်ဖြစ်အောင်ရတဲ့နည်းနဲ့လုပ်နေတဲ့ စိတ်တွေကသိပ်မိုက်သည်။
စကားလံုးလေးက လှတယ္ Love Yourself တဲ့။
"ဆိုင်ပိုင်ရှင် ရှိတာသိတယ္...Paris ကပြန်ရောက်နေတာသိတယ်...!! နောက်တစ်လံုးထပ်ခွဲပစ်ရမလား..."
Advertisement
VIP Room ဘက်မှပြေးလာသည့် လူတစ်ယောက်ကြောင့် JeyKay ဟာအင်္ကျီကိုသေချာပြင်လိုက်ပြီး ဆံနွယ်တို့အားထိုးဖွပြစ်လိုက်သည်။ခက်ထန်နေတဲ့မျက်ဝန်းကို ပို၍ခက်ထန်အောင် မျက်ခံုးတို့တွန့်ချိုးပစ်ကာ မာယာသိပ်များပစ်မည်ဟု တေးထားသည်။
"Mr Jey...CEO အရေးကြီးဧည့်သည်နဲ့ဆေွးနွေးနေတာကြောင့် အငြိမ်နေပေးဖို့အရင်ဦးဆံုးမေတ္တာရပ်ခံထားပါရစေ..."
မကြိုက်တာအဲ့တာတွေ...ဘာမှထပ်မလုပ်ဖို့ကိုယ်တိုင်ဆံုးဖြတ်ထားပြီးသားကို လာတားနေတော့...အရွဲ့ခံစိတ်လေးက ငြိမ်နေဖို့မသေချာတော့။JeyKay ကအဲ့လိုလူစားပါ တလောကလံုးကိုကန့်လန့်တိုက်ပြီး စိတ်ထင်ရာကြမ်းပစ်မဲ့ကောင်။
အကောင်းဆံုးဆိုပြီးတစ်သီးတစ်သန့်ထားထားတဲ့ အခန်းရှေ့ အနက်ရောင်လူတွေဟာတစ်သီတစ်တန်းကြီးရပ်လျက်။ တစ်ယောက်မကျန် ပါးစောင်အားလျှာဖြင့်ထိုးရင်း ပေစောင်းစောင်းကြည့်ပေးခြင်းက သက်တော်စောင့်တွေခံရပေါင်းများတော့ရိုးနေပြီ။ အသံမြည်စွာဖွင့်ဝင်၍ တစ်ပတ်အတိပစ်ထားသူအား စိတ်ဒုက္ခပေးဖို့ တေးထားသည်။
စားသောက်ဖွယ်ရာတွေဖြင့် စကားကောင်းနေကြတဲ့ လူ။ ကျောပေးထားသည့် အမျိုးသမီးနဲ့အမျိုးသားကိုတော့မမြင်ရ၍ နှာခေါင်းရှုံ့မိသည်။ တံခါးနှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် ဆိုင်ပိုင်ရှင်ဆိုသူက JeyKay ကိုမြင်တော့ Gentleman ဆန်ဆန် မြတ်နိုးမှုအပြည့်ပါသည့်မျက်ဝန်းတွေနဲ့ပြုံးလာသည်။
"အဆိုးလေး...ဆိုးလို့ပြီးရင်ကိုယ့်နားငြိမ်ငြိမ်လေးလာထိုင်"
တည်တည်ငြိမ်ငြိမ်လေးထွက်လာတဲ့ အသံကတစ်ခြားစကီသေးသေးလေးတွေသာဆို ပစ်ကြွေမှာမှန်သော်ငြား လူဆိုးလေးအတွက် ပံုမှန်သာ။ ရင်လည်းမခုန်သလို ပြုံးလည်းမပြ ရုပ်တည်တည်နှင့် ပေကပ်ကပ်ကြည့်ပေးလိုက်ကာ middle finger ထောင်ပြလိုက်သည်။ ထိုလူကသဲ့သဲ့လေးရယ်လာသည်။
Grayson ရဲ့စကားသံတွေကြောင့်လှည့်ကြည့်လာသည့် အမျိုးသမီး...အတော်လှသည်ဆိုတာထက်ချောသည့်ထဲပါမည်။ အံ့အားသင့်သည့်ပမာ ပါးစပ်အား လက်နှင့်အုပ်ကာ လူကိုအစုန်အဆန်ကြည့်လာသည်။ JeyKay ကိုပစ်ကြွေသွားပြန်ပြီထင်တယ် ဟဟ။
မကြာပါ ဘေးကဆင်စွယ်ရောင်ရှပ်နှင့် အမျိုးသားကပါလှည့်လာသည်။ စူးရှနေသည့် မျက်ခမ်းအောက်ကမှည့်နက်လေးနှင့် မျက်ဝန်းကဝိုင်းတက်သွားသလို ချက်ချင်းဝေ့တက်လာတဲ့မျက်ရည်စတွေ...။
ထိုမျက်ဝန်းတွေမှာ ခြေလှမ်းဖို့မေ့လျော့ကာ ရပ်နေမိသည်အထိ JeyKay ဟာဆေးမိသူပမာ။တုန်ရီနေတဲ့ထိုလူ့နှုတ်ခမ်းတွေက တစ်ခုခုပြောချင်နေဟန်။ ရင်းနှီးနေသူပမာခံစားနေရသည်နှင့် တစ်စက်တည်း စို့နင့်နေတဲ့စိတ်တွေ...။
အဲ့ဒီမျက်ဝန်းတွေ...သန်မာပါတယ်ဆိုတဲ့သူကို ချက်ချင်းအားနည်းစေတာ...။
"ကူး...ကူးမဟုတ်လား..."
"Darling..."
နှစ်ရက်ဆက်တိုက်နော်
အခုအပိုင်းရှည်အောင်ဆွဲဆန့်ရေးထားတယ်
JeyKay ရဲ့ခပ်ကြမ်းကြမ်းစတိုင်တွေ ထပ်ဖန်တီးချင်နေတယ် တစ်ယောက်လောက် ခိုက်ကိုလာချုပ်ထားပေးကြပါ≧﹏≦
Thanks for your reading📖
Love you all❤
*****************
*Zawgyi*
"ပြော!.."
"ကင်မ်...New York ကိုရောက်နေတယ်ဆို"
"အွန်း "
"အကြောင်းပြချက်"
"ရှယ်ယာရှင်တစ်ဦးက လုပျငန်းကိစ်စတိုငျပငျဖို့ Club မှာချိန်းတယ်ကင်မ်...ဒေစီတစ်ယောက်တည်းမို့"
"လာခဲ့ပေးနော် ကင်မ်...ဒေစီ address ပို့လိုကျမယ်"
///////////////////////////////
"ထပ်အောင့်ဦးမှာ..."
"ကို! "
"အဲ့နာမ်စားသံုးစရာအကြောင်းမရှိတော့ဘူး ဒေစီယာ!"
*Leave me here to waste *
အမှိုကျတဈစလို ကိုယ့်ကိုဒီမှာ မစွန့်ပစ်လိုက်ပါနဲ့
တစ္ခ်ိန္ကကိုယ္ဟာ ဂုဏ်သိက္ခာနဲ့ပြည့်စံုတဲ့ယောက်ျားတစ်ယောက်ပါ
*Now I'm slipping through the cracks of your cold embrace*
*So please, please*
*let me down, down*
ကိုယ့်ကိုထားခဲ့ပါ
"ကောင်းပြီ
"လူငယ်တွေယမကာဝင်လို့ သွေးဆိုးနေတာဖြစ်မယ် အာရုံထဲမထားနဲ့ကငျမျ သွားရအောင်"
"စောက်သဲကွဲနေရင်လည်း ဂျောင်မှာကပ်ငိုနေ... သူများတွေမြူးနေတဲ့စိတ်ပျက်အောင် Club ထဲဝင် စောက်သဲကွဲသီချင်းကို DJ လုပ်မတီးနဲ့!!စောကျအာရုံပကျြတယျ!"
"ဟုတ်တယ် !"
"သူပြောတာမှန်တယ်"
ဝဝေဝေါးဝါးပုံရိပျတှေ အစီအရီမြင်မက်မိတိုင်း JeyKay ဆိုတဲ့ကောင်ငယ်လေးက သွေးသိပ်ဆိုးလာတက်သည်။
"အဲ့တာကမရ..."
*ခွပ်*
Advertisement
- In Serial253 Chapters
Retribution Engine [DEPRECATED - SEE SYNOPSIS]
This story has been folded into its sequel as Arc 1: Retribution Engine This page now serves as archival. "The War of Fog is over. Now the true period of strife begins." - Unknown Soldier The world's great heroes have slaughtered one another for the ideals of their countries. Amidst the post-war struggle for survival, a towering figure emerges from the Exclusion Zone. She aids a trio of disgraced soldiers in crossing the border to their homeland, and soon takes up the mantle of a beast-slayer in one of the last sovereign city-states remaining. But tensions from the war remain, and soon trouble comes knocking at the gates... Discord Server
8 83 - In Serial6 Chapters
Contact First
2039 - Earth A narrow beam energy signal appeared aimed squarely at earth from the TRAPPIST system. The communication consisted of a layered set of repeating data over several thousand wavelengths. Over the next few months scientists discovered that the lower wavelengths carried an encoded numerical language which could then be used to interpret the more complicated messages carried on the higher wavelengths. After half a year of painstaking work the signal was fully decoded. It described a small satellite launched along a precise trajectory towards the fourth planet of our solar system. Included was a package of advanced research that humanity would need to have ready in order to receive the satellite and decelerate it safely. The alien data provided the kick that humanity needed to turn from petty squabbling and unite to explore the final frontier. Major government and corporate leaders worked together to create the framework for the United Federation of Sol. UFS spaceports went from scaffolding to daily launches in every major city around the globe. Ships floated like dandelion seeds, spreading on solar wind to grow into colonies. 2397 - Mars orbit, Egeria Station The command center was a hive of activity as checks were conducted and systems initialized. Scientists flitted by like mayflies as communicators beeped and holoscreens spat out green tinted readouts. Nervous energy was thick in the air as everyone anticipated the culmination of over three hundred years of work. Massive fusion reactors under the planet's surface thrummed with barely restrained power as energy fed into a gleaming metallic maze criss crossing the planet. Metal fingers reached up, overshadowing the mighty olympus mons and trying to grab the stars. All over the solar system, people quickly turned to look as gigantic energy lances shot from the dusty fourth planet. Two years later. The same people that clapped loudly at the successful activation of project Hermes now wait with baited breath. A silver capsule trailing bright photonic sails is captured by a net of grav beams and guided with care bordering on reverence into the station. Holoscreens across the headquarters project an image of the sleek craft settling in the bay. Data connections are established and the holoscreens blink to white. Slowly an image forms on the screen. Across the headquarters people stare in wonder as a wholly alien face stares back. "Contact established. Welcome to the universe."
8 158 - In Serial6 Chapters
LitRPG: Regarding that time I was Reincarnated as a Deep Sea Angler Fish. It was terrifying.
The world as we knew it has sunken beneath a large body of ocean water, as sea creatures and aquatic monsters from the other side then comes on over through the portals, located around the world.Earth has become entirely submerged in water, thereby making it the perfect habitat for oceanic life and sea creatures to prosper.How will our main protagonist Arthur survive by being reincarnated as a deep-sea Angler Fish? Additional Information: I was given permission by the author to post the story here on Royalroad. For the original novel. You can read it here by clicking upon the link below. Regarding That Time I Was Reincarnated As A Deep Sea Angler Fish. It Was Terrifying.
8 122 - In Serial15 Chapters
NameLess
A young man sets out to build the strongest guild in existence, crimson blade held close to hip. Scars littered his body, each one telling it's own story as he walked forward alone, rejecting companionship, desiring only strength. Weighed down by his past and unable to move on, this is the story of how a single man lead a wave that toppled the very world. //The schedule will be unstable at first, but once we get more peeps then I'll update 2 to 3 chaps every day.
8 139 - In Serial201 Chapters
The Encrypted Data of Kaiden Cypher [A Cyberpunk Dystopian Thriller]
Book 1: Artificial Death Kaiden Cypher, a recently retired Mercenary finally gains a job as an EXiCON within BLED (Bridge City Law Enforcement Department). Cypher begrudgingly accepts a case despite it not being under his purview as an EXiCON (External Investigative Constable). However, as trouble brews within Industrial District, it forces the Commissioner to enact Protocol B5-10. A protocol that forces all active EXiCONs to take on special duties as the main police force deals with threats within the city. The real challenge comes, when the case cypher accepts turns into a double murder, something he knows the Commissioner would like the keep a lid on before the city erupts with the news of a serial killer. Death usually comes in two, and so does cloning. Book 2: Translucent Requisition After being fired as an EXiCON, Cypher never thought he'd have to return to the life of a mercenary. To ensure his wife and daughter wouldn't want or need anything. He takes on a Body Guard detail for one of Bridge City's Elite, The Romacellin Family. The detail was simple, ensure the Romacellin Family's safety during an Auction. Trouble brews as one of the guests from the auction disappear, forcing Kaiden into action. As Kaiden tries to retrieve the guest he quickly finds out that these kidnappers mean business, and spilling blood is nothing but an afterthought. Sometimes, requisition is the only answer. Book 3: Indignated Efflux Cypher returns from the Waste, battered, bruised and elated as the debt he'd accrued from Mr Black is about to be paid. Cypher checks in with his wife and daughter, only to see his biggest fear become a reality. Akatani has found them, but luckily for Cypher, Akatani needs him to retrieve an item for him. As Akatani uses Cypher's family as leverage, Cypher must first discover who found out about his family and fed their locale to Akatani before he can make a move against him...or be forced to watch them die in front of him. Unresolved conflicts usually end through Indignated Efflux. Updates: Every Monday to Friday!The word count for each split chapter will range between 1400 - 2500 words! Also: Please note, that I'm from Barbados and we use United Kingdom English.They will be more 'S' than they are 'Z' for certain words and vice versa. If you like Ghost in the Shell, Metal Gear Solid and Westworld, this is the series for you!
8 55 - In Serial32 Chapters
Chronicles of the Survivor
Due to an unfortunate accident, Alexander King lost the ability to move his body. However, with the advent of Virtual Reality in 2030, Alex won't be helpless for too long.Join Alexander King in his new journey in the world of Novus Mundus as he brings chaos along with adventure.Rated Mature only for mild language and violence.
8 192