《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[91]
Advertisement
[Unicode]
091 – ချယ်ရီသီးများ ပေးပို့ခြင်း
ကြိုးတံတားမှ ပင်းကျစ်အဆောက်အဦး၏တတိယထပ်အထိ၊ ထို့နောက် တတိယထပ်မှ ပထမထပ်ရှိ ဧည့်ခန်းဆီသို့ သွားရာ လမ်းတစ်လျှောက်တွင် နျဲ့ဟန်သည် နံရံပေါ်တွင် လက်ရေးလှ ကားချပ်များနှင့် ပန်းချီကားများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဒီနေ့ စွမ်းရည်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ လက်ရာများပင်။ လက်ရေးလှနှင့် ပန်းချီကားချပ်များ အောက်တွင် 'ချင်းယွမ်အကယ်ဒမီကျောင်းမှ တစ်စုံတစ်ယောက်သည် ရှန်းရှန်းခန်းမဆောင်တွင် ထိုရက် ထိုလ ထိုနှစ်တွင် ရှိနေခဲ့သည်' ကဲ့သို့သော စကားလုံးများကို ထည့်သွင်းထားသည်။
"ကြည့်ကြည့်ဦး....သခင်လေး။" ချွမ်းရှန်းသည် ဧည့်ခန်းတံခါးရှေ့မျက်နှာစာရှိ နံရံပေါ်တွင် ပန်းချီနှင့် လက်ရေးလှပုံကို ညွှန်ပြလိုက်သည်။
“ဝါးမပါဘဲ နေလို့ရပေမယ့် အသားမပါဘဲ မစားနိုင်။ အသားမရှိရင် လူကိုပိန်စေတယ်။ ဝါးမရှိရင် လူကို ဂုဏ်မှိန်စေတယ်”
နျဲ့ဟန် သဘောကျစွာ ပြုံးလိုက်သည်။ ကဗျာရေးတဲ့သူကို သဘောကျလေသလား၊ ကဗျာချိတ်တဲ့သူကိုပဲ သဘောကျသလားဆိုတာ မသိနိုင်ပေ။ ထို့နောက် သူ ပန်းခြံဆီသို့ ခပ်သွက်သွက် လမ်းလျှောက်လာသည်။
ညမှောင်ပြီးနောက် ထမင်းစားပြီးသောအခါ ချင်မျန်သည် ဝန်ထမ်းအားလုံးကို အစည်းအဝေးပြုလုပ်ရန် ဧည့်ခန်းသို့ခေါ်ခဲ့သည်။ ဝန်ထမ်းတွေရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာတွေကို ကြည့်ပြီး ရှီလက သူတို့အတွက် လက်ဖက်ရည်သောက်ဖို့ ကမ်းပေးလိုက်သည်။
လူတိုင်းသည် အထက်လူကြီး၏စေတနာကြောင့် ဝမ်းမြောက်ကြလေသည်။
သူ့အပေါ် အာရုံစူးစိုက်မှုပြန်ရလာကြောင်း သေချာပြီးနောက် ချင်မျန် စပြောလိုက်သည်။ "ဒီနေ့လူတိုင်း အထူးသဖြင့် စားဖိုမှူးတွေနဲ့ စားပွဲထိုးတွေ အရမ်းကြိုးစားခဲ့ကြတယ်။ ဒီနေ့ ဧည့်သည်တွေက များလွန်းတာကြောင့် မင်းတို့အတွက် အလုပ်အများဆုံးပဲ။ ဒါပေမယ့်လည်း ငါတို့ရဲ့ ရှန်းရှန်းခန်းမဆောင်က ဒေသခံ ဖောက်သည် အနည်းငယ်သာရှိတဲ့ အမည်မဲ့ ဝေးလံခေါင်သီတဲ့ မြို့ငယ်လေးမှာ ရှိတယ်။ ဒါ အမှန်ပဲ။ လျှော့စျေးသုံးရက်ပြီးရင်တော့ ဒီနေ့လိုမျိုး ဖောက်သည်တွေ များလာမှာတော့ မဟုတ်ဘူး။ သူဌေးကြီးနှင့် ငါ အခုလောလောဆယ်မှာတော့ စားဖိုမှူးနဲ့ ဝန်ထမ်းတွေကို နောက်ထပ် ခန့်တော့မှာမဟုတ်ဘူး။ အခြေအနေကို အရင်စောင့်ကြည့်ရအောင်။ စားဖိုမှူးလေးဦးနဲ့ စားပွဲထိုးတွေအားလုံး နောက်ထပ်နှစ်ရက် အလုပ်ကြိုးစားရဦးမယ်။ တခြားသူတွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုကတော့ အောင်မြင်သွားပြီ။ သူဌေးကြီးနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ထားတာ ရှိတယ်။ ဒီနေ့မှာ လူတိုင်းကို ချီးမြောက်တဲ့အနေနဲ့ ဝမ် ၅၀ ချီးမြှင့်မယ်လို့ ဆုံးဖြတ်ထားတယ်။"
အားလုံးက ဝမ်းသာအားရနဲ့ "ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကြီးနဲ့ သူဌေးလေး!"
ချင်မျန် ပြုံးလျက် ထပ်ဖြည့် ပြောလိုက်သည်။ "အကောင်းဆုံး အပြုံးဆု၊ လုံ့လအရှိဆုံးဆု နဲ့ စဉ်းစားတွေးခေါ်မှု အရှိဆုံး ဝန်ဆောင်မှုဆု သုံးခုကိုလည်း ပေးဖို့ ဆုံးဖြတ်ခဲ့တယ်"
"သူဌေးလေး....အကောင်းဆုံး အပြုံးဆု၊ လုံ့လအရှိဆုံးဆုနဲ့ စဉ်းစားတွေးခေါ်မှု အရှိဆုံး ဝန်ဆောင်မှုဆုက ဘာလဲ?" ရှီလ မေးလိုက်သည်။
ချင်မျန် ရှင်းပြခဲ့သည်။ "အကောင်းဆုံး အပြုံးဆုက ဖောက်သည်တွေကို ဧည့်ခံတဲ့အခါ စိတ်အားထက်သန်စွာ ပြုံးဖို့ပါပဲ။ နှစ်သက်စရာကောင်းတဲ့ အပြုံးပိုင်ရှင်က တစ်လကို တစ်ကြိမ် အကဲဖြတ်မယ့် အကောင်းဆုံး အပြုံးဆုကို ရရှိမှာ ဖြစ်ပြီး ဝမ် ၅၀ ချီးမြှင့်ပေးမှာ။နာမည်အတိုင်း ဝီရိယအရှိဆုံးဆုဆိုတာကတော့ လုံ့လအရှိဆုံးဝန်ထမ်းတွေအတွက် ဆုဖြစ်ပြီး ဝမ် ၅၀ ကိုလည်း ချီးမြှင့်ပေးမှာပါ။ ဥပမာအားဖြင့် သန့်ရှင်းရေးသမားဆို ကြမ်းပြင်ကို အမြဲသန့်ရှင်းနေပြီး စားပွဲကို အချိန်မီ သန့်ရှင်းရေးလုပ်ပါက လုံ့လဝီရိယအရှိဆုံးဆုကို ရမှာပဲ။
အမြော်အမြင်အရှိဆုံး ဝန်ဆောင်မှုဆုကတော့ စားပွဲထိုးဖြစ်စေ သန့်ရှင်းရေးသမားဖြစ်စေ ဥယျာဉ်မှူးဖြစ်စေ ဖောက်သည်တွေ အကူအညီလိုတဲ့အခါမျိုးမှာ နွေးထွေးစွာ နှုတ်ဆက်သင့်တယ်။ ဥပမာအားဖြင့် ဥယျာဉ်မှူးက ဥယျာဉ်အတွင်းက ပန်းတွေနဲ့သစ်ပင်တွေကို တံစဉ်ဖြတ်နေချိန် ဧည့်သည်တစ်ဦးက "မြင်းဇောင်း ဘယ်နေရာမှာလဲ?" လို့မေးလာမယ် ဆိုပါတော့။ ဒါဆို မြင်းဇောင်းနေရာကို အသေးစိတ်ကအစ ပြောပြရမယ်။
သူ့ကို လူကိုယ်တိုင် မြင်းဇောင်းဆီ ခေါ်သွားရင် သွား ဒါမှမဟုတ် သူ့အတွက် မြင်းထိန်းသမားကို ရှာပေးမယ်ဆို ရှာပေး။ ဒါ အကောင်းဆုံး ဝန်ဆောင်မှုလို့ ပြောလို့ရတယ်။”
သူ့ရှင်းပြချက်သည် နားလည်ရလွယ်ကူသောကြောင့် လူတိုင်းက နားလည်သဘောပေါက်ကြသည်။
ချင်မျန်က "မင်းတို့ နားလည်ရင် မနက်ဖြန် ဆုပေးဒဏ်ပေး စမယ်။ ဆုတစ်ခုရရှိပါက အနီရောင်ပန်းပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံရမယ်။ အမှားလုပ်မိရင် အနက်ရောင်ပန်းပွင့်လေးလို့ မှတ်ထားလိမ့်မယ်။ နှစ်ကုန်မှာ ရှန်းရှန်းခန်းမဆောင်ရဲ့ အကောင်းဆုံးဝန်ထမ်းနှစ်ဦးကို ရွေးချယ်မယ်။ အနီရောင်ပန်းပွင့်အများဆုံးရရှိသူ၊ အနက်ရောင်ပန်းပွင့် အနည်းဆုံးရရှိသူ မည်သူမဆို ဆုကြေးငွေအများကြီးကို ရမယ်"
ဝန်ထမ်းတွေက စိတ်အားထက်သန်နေပြီး သူတို့မျက်နှာတွေက ရွှင်မြူးနေကြသည်။
ချင်မျန်သည် သူတို့ ဗိုက်ဆာနေမည် စိုး၍ အကြာကြီး စကားမပြောတော့ပေ။
"အခုအချိန်မှာတော့ အခြေအနေတွေက ဒီအတိုင်းရှိနေမှာပါ။ မန်နေဂျာဆွန်းက ဒီနေ့အတွက် ဆုပေးပြီးရင် လူတိုင်း ညစာသွားစားလို့ရပြီ။ စားပြီးရင် ကောင်းကောင်းအနားယူကြပါ။ မနက်ဖြန် အလုပ်ရှုပ်ကြလိမ့်မယ်"
လူတိုင်းက စိတ်အားထက်သန်စွာနဲ့ ပြန်ဖြေကြသည်။ "ဟုတ်ကဲ့!"
နံနက်ခင်းတွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အဖြူရောင်ကွန်ဖူးဝတ်ရုံကို ၀တ်ဆင်ကာ နောက်ဖေးဥယျာဉ်တွင် လေ့ကျင့်ခန်းလုပ်ခဲ့ကြသည်။ ပြေးပြီးနောက် လဲ့ယ်ထျဲက လက်ဝှေ့ကို ပုံမှန်လေ့ကျင့်ခဲ့ပြီး လေ့ကျင့်ခန်းများစွာရှိသည့် ချင်မျန်ကတော့ ပထမဦးစွာ ဒိုက်ထိုးခဲ့သည်။
Advertisement
လဲ့ယ်ထျဲကတော့ စိတ်ထဲဗလာကျင်းနေလေသည်။သူ့မျက်လုံးများသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ရွေ့လျားနေကာ သူ့ဇနီးလေး၏တင်ပါးဆီသို့ အမြဲတန်းနေ၏။ လျှောကျနေသော အကျီနဲ့အဟမှတဆင့် လဲ့ယ်ထျဲသည် သူရဲ့ချောမွေ့နေသည့် ရင်ဘတ်ကို မြင်လိုက်ရသည်။
"ချင်းဇီ..... ဒါက ဘယ်လိုလေ့ကျင့်မှုမျိုးလဲ?” လဲ့ယ်ထျဲက သူ့လှုပ်ရှားမှုတွေကို ဆက်လုပ်နေရင်း မေးလိုက်သည်။ သူ့စိတ်က မငြိမ်းချမ်းနေပေမယ့် သူ့လက်ဝှေ့မှာတော့ တည်ငြိမ်ပြီး အားကောင်းနေဆဲပင်။
“Huu… huu…”
ချင်မျန်သည် အသက်တစ်ဝကြီး ရှူလိုက်ကာ ဂုဏ်ယူစွာဖြင့် သူ့ကိုကြည့်လိုက်သည်။ "မသိဘူးမလား? ဒီနည်းက ခါးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းစေနိုင်တယ်။ အထူးသဖြင့် ရင်ဘတ်ကြွက်သားတွေပဲ!”
လဲ့ယ်ထျဲက လေးလေးနက်နက် စဉ်းစားလိုက်ပြီး "ဟမ်... ခါးကိုလည်း ကောင်းကောင်း လေ့ကျင့်ထားသင့်တယ်"
"ဘာပြောတာလဲ?" ချင်မျန် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။
“ဘာမှမဟုတ်ဘူး။” လဲ့ယ်ထျဲ လက်ဝှေ့ကို ဆက်လေ့ကျင့်ခဲ့သည်။
ချင်မျန်သည် ဒိုက်ထိုးခြင်း အကြိမ် 20 ပြီးနောက် ဖားခုန် လုပ်ခဲ့သည်။ လက်ရှိအချိန်မှာတော့ သူ့ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးဆဲဖြစ်တဲ့အတွက်ကြောင့် ခုန်ပျံကျော်လွှားမှုတွေ အများကြီး မလုပ်ဝံ့ပေ။ တစ်ကြိမ်လျှင် အကြိမ် ၂၀ သာ ပြုလုပ်ခဲ့သည်။
နျဲ့ဟန်က သူ့အစေခံတွေနှင့်အတူ ဥယျာဉ်နောက်ဘက်သို့ ရောက်လာသည်။ ချင်မျန်တစ်ယောက် ဖားတစ်ကောင်လို ရှေ့သို့ ခုန်လာသည်ကို သူမြင်လိုက်ရသောအခါတွင် မည်သို့သော သင့်လျော်သည့်အမူအရာမျိုး ပြရမည်ကို မသိတော့ပေ။
"နျဲ့သခင်လေး....မနေ့ညက အိပ်ရတာ ဘယ်လိုလဲ?" ချင်းမျန်က ဖားခုန်လေ့ကျင့်မှုကို ပြီးအောင် လုပ်ရင်း ခေါင်းညိတ်ကာ မေးလိုက်သည်။
နျဲ့ဟန် အမှန်အတိုင်းပြောလိုက်သည်။ "အရမ်းအဆင်ပြေတယ်။ တစ်ညတာအတွက် ငွေတုံး 20 က တကယ်တန်ပါတယ်။ သက်တောင့်သက်သာရှိတယ်။ တိတ်ဆိတ်ပြီး မွှေးကြိုင်တယ်။”
"ကောင်းတယ်။" ချိုမြိန်သောအပြုံးဖြင့် ချင်မျန်သည် ခုန်ပြီးနောက် ထရပ်လိုက်သည်။
လဲ့ယ်ထျဲက သူ့ကို မျက်နှာသုတ်ပုဝါတစ်ထည် ပေးကာ တတိယလူ ရှိနေမှန်း မသိသလို လက်ဝှေ့ကို ဆက်လက် လေ့ကျင့်နေသည်။
နျဲ့ဟန်ကတော့ လဲ့ယ်ထျဲ၏စရိုက်ကို သိပြီးဖြစ်တာကြောင့် သူ့ရဲ့မယဉ်ကျေးမှုတွေကို ဂရုမစိုက်နေပေ။ သူ ချင်မျန်ကို ပြောလိုက်သည်။ "သူဌေးချင်....ကျွန်တော်က နှုတ်ဆက်ဖို့ အထူးတလည် ဒီကိုရောက်နေတာပါ။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။”
ချင်မျန် သူ့ကမ်းလှမ်းချက်ကို လက်ခံပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ "ဒါ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် နျဲ့သခင်လေး....ညအိပ်ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေအတွက် ပေးထားတဲ့ နံနက်စာ လွတ်သွားရင် နောင်တရ နေမယ်နော်။” ရှန်းရှန်းခန်းမဆောင်သည် နေ့လယ်စာ၊ ညစာနှင့် ပေါ့ပေါ့ပါးပါး အစားအသောက်များကိုသာ ရောင်းချပေးသည်။
"အိုး?" နျဲ့ဟန် မျက်ခုံးပင့်လိုက်ပြီး "ဒါဆို မင်းရဲ့ ရှန်းရှန်းဆိုင်ရဲ့ မနက်စာကို သွားစားရမယ်။ကျွန်တော် အရင်သွားနှင့်ပါ့မယ်။"
"တနေ့တော့ ပြန်ဆုံကြမယ်။ ဂရုစိုက်ပါ။ ကျွန်တော်တို့ သခင်လေးကို မပို့ပေးတော့ဘူး။"
နျဲ့ဟန် အဝေးသို့ ထွက်ခွာသွားပြီးနောက် ချင်မျန်သည် သူ အရပ်ရှည်စေရန် ဘားခိုပြီးနောက် တဖန် ဇောက်ထိုးတွဲလောင်းကို ဆက်လက်လေ့ကျင့်ခဲ့သည်။ နှစ်သစ်ကူးကတည်းက သူ အရပ်နှစ်စင်တီမီတာမှ သုံးစင်တီမီတာခန့် အရပ်ရှည်လာခဲ့ပြီး နံနက်ခင်းလေ့ကျင့်ခန်းများကို စွဲမြဲစွာ လေ့ကျင့်သည်နှင့် ဆက်စပ်နေသည်ဟု သူထင်ခဲ့သည်။
ဒုတိယနှင့် တတိယထပ်တွင် အလုပ်လုပ်သော ဝန်ထမ်းများသည် ပြတင်းပေါက်မှ ဥယျာဉ်ရှိ မြင်ကွင်းကို မြင်သောအခါ ခေါင်းယမ်းကာ သူတို့ရဲ့သူဌေးလေးက တကယ်ကို ထူးဆန်းသည်ဟု တွေးမိသည်။
"ချင်းဇီ...လုံလောက်ပြီ" အချိန်အကြာကြီး လေ့ကျင့်ရင် ချင်မျန်တစ်ယောက် သူ့ကိုယ်သူ နာကျင်စေမှာကို လဲ့ယ်ထျဲ စိုးရိမ်နေတာကြောင့် နံ့သာတိုင်တစ်ဝက်ကုန်ပြီးနောက် သတိပေးလိုက်သည်။
ချင်မျန်ကတော့ မလှုပ်မယက်ဘဲ ဇောက်ထိုးနေမြဲ။ သူ လဲ့ယ်ထျဲကို ပြုံးပြပြီး "ခဏပဲ"
လဲ့ယ်ထျဲ သူ့ကို အောက်သို့ တိုက်ရိုက်ဆွဲချလိုက်ပြီး "ရေချိုးပြီး မနက်စာစားတော့။ အရပ်ရှည်ဖို့ များများစားရမယ်။"
"ကောင်းပြီ၊ ကောင်းပြီ။” ဒုတိယထပ်နဲ့ တတိယထပ်ကလူတွေလည်း ဒီနေရာကို မြင်နိုင်မှန်း ချင်မျန် ခဏမေ့သွားလေသည်။ သူ လဲယ်ထျဲ၏ပခုံးကို မှီကာ သူ့မျက်နှာကို နမ်းလိုက်သည်။ "ကျွန်တော် ခင်ဗျားထက် အရပ်မရှည်ရင် ခင်ဗျား ပုသွားတဲ့ အထိ နေ့တိုင်း ဖိပစ်မယ်။"
လဲ့ယ်ထျဲသည် သူ့ရဲ့ အနမ်းပိစိနဲ့ မကျေနပ်ပေ။ သူ့ကို ပွေ့ဖက်ပြီး အနမ်းပေးလိုက်သည်။သူတို့ နှစ်ယောက်စလုံးမှာ ကွန်ဖူးအဝတ်အစား ပါးပါးလေးသာ ဝတ်ထားသည်မို့ တစ်ယောက်နဲ့တစ်ယောက် တွယ်ကပ်လိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန် နှစ်ဆက တစ်ဖက်ရဲ့သွေးတွေကို ဆူပွက်သွားစေသည်။
လဲ့ယ်ထျဲ၏အသက်ရှူသံမှာ ပြင်းထန်လာသည်။ သူ ချင်မျန်၏ နှုတ်ခမ်းကို ဖိကပ်ပြီးနောက် သြရှရှအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။ "ချင်းဇီ.....ကိုယ် လိုချင်"
"သူဌေးကြီးနဲ့ သူဌေးလေး မနက်စာ အဆင်သင့်ဖြစ်ပါပြီ" ရှီလတစ်ယောက် သူတို့ဆီ တန်းတန်းမတ်မတ် ပြေးလာလေသည်။
လဲ့ယ်ထျဲ ချင်မျန်ကို လွှတ်ပေးလိုက်ပြီး ရှီလကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။
ရှီလလည်း အံ့သြသွား၏။ သူ သခင်လေးအား စမ်းတဝါးဝါးပြန်ကြည့်ကာ ထိုကိစ္စကို နားမလည်နိုင်ဖြစ်မိသည်။
ဘာတွေဖြစ်နေတာလဲ?
ချင်မျန်ကတော့ ခိုးရယ်မိကာ စကားမပြောဖြစ်ပေ။
"ရှီလ မင်းအရမ်းပျင်းရိနေရင် ဒီနေ့နဲ့ မနက်ဖြန် ဒီမှာပဲနေခဲ့" လဲ့ယ်ထျဲ ပြောပြီးသည်နှင့် ချင်းမျန်အား အတူထွက်ခွာရန် ခေါ်သွားခဲ့သည်။
Advertisement
ရှီလ တစ်ခုခုကို ရုတ်တရက် သတိပြုမိပြီး သူ့ကိုယ်သူ ပါးရိုက်ချင်လာမိသည်။ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းရင်း ရှုံ့တွနေသော မျက်နှာဖြင့် သူတို့နောက်သို့ လိုက်သွားခဲ့သည်- သခင်နှစ်ယောက်က ဆက်ဆံရေးကောင်းတယ်ဆိုတာ မင်း မသိဘူးလား။ သခင် နှစ်ယောက်အတူတူရှိနေတဲ့အချိန်ကို နှောင့်ယှက်လိုက်တာကိုး....ဝိုင်ဆိုင်မှာ ထားခဲ့ခံရသင့်တယ်။ ချယ်ရီသီးခူဖို့ လွတ်သွားမလားမသိ။
ချင်မျန် မျှော်လင့်ထားသည့်အတိုင်း ဖွင့်လှစ်သည့် စတုတ္ထနေ့တွင် ရှန်းရှန်းခန်းမဆောင်၏အသားတင်ဝင်ငွေသည် ပထမသုံးရက်နှင့် နှိုင်းယှဉ်ပါက 30% ကျဆင်းသွားသည်။
ချင်မျန်ကတော့ ဒီရလဒ်အတွက် စိတ်ပျက်စရာမရှိပေ။ ထိုကောင်းမွန်သည့် ကဗျာများနှင့် ပန်းချီကားများကို နေရာတိုင်းတွင် ချီးမြှောက်စေပြီးနောက် ဆယ်ရက်မှ ဆယ့်ငါးရက်ခန့်ကြာလျှင် ရှန်းရှန်းခန်းမဆောင်၏ စီးပွားရေးသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူခန့်မှန်းခဲ့သည်။
မန်နေဂျာဆွန်း တာဝန်ယူပြီးသောအခါ ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ရှီလနှင့်အတူ တောင်စိမ်းရွာသို့ ပြန်ခဲ့ကြသည်။
တံခါးဝသို့ ဝင်လိုက်သည်နှင့် ပန်းများနှင့် အသီးအနှံများ၏ရနံ့များဖြင့် ဝန်းရံခြင်းခံလိုက်ရလေသည်။ ရှီလ တိတ်တဆိတ် ဝမ်းသာသွားသည်။ သူက အေးချမ်းသာယာ လယ်ကွင်းသုခဘုံမှာ နေရတာကို ကြိုက်၏။ သခင်နှစ်ယောက်ကလည်း သဘောကောင်းပြီး ခြံလည်း ကောင်းတယ်လေ။ အသီးအနှံတွေရဲ့ရနံ့နဲ့ နေ့တိုင်းအိပ်နေလို့ရတယ်။ သူ့အိမ်မက်တွေတောင် ချိုမြိန်နေတယ်။
ချင်မျန် မြင်းပေါ်မှ ခုန်ဆင်းကာ ချယ်ရီပင်ဆီသို့ အမြန်သွားခဲ့သည်။ "အားထျဲ....ကျွန်တော်တို့အိမ်ကို မပြန်ဖြစ်တာ ရက်တော်တော်ကြာနေပြီ။ ကျန်တဲ့ ချယ်ရီသီးတွေက အမှည့်လွန်နေမယ် ထင်တယ်။”
ဦးလေးဖူ ပြောလိုက်သည်။ "သခင်လေး...စိတ်မပူပါနဲ့။ အစက်အနည်းငယ်မှလွဲပြီး အများစုက ကောင်းနေဆဲပါ။”
လဲ့ယ်ထျဲက "အရင်က ငှားထားတဲ့လူတွေကို လိုက်ရှာပြီး လာခဲ့ခိုင်းလိုက်"
"ဟုတ်ကဲ့။” ဦးလေးဖူ ထွက်ခွာသွားသည်။
"သခင်ကြီးနဲ့ သခင်လေး ကျွန်တော် လှေခါး အရင်သွားယူလိုက်မယ်။" ရှီလက အမြန်ပြေးသွားသည်။
သစ်သားခုံးတံတားကိုဖြတ်သွားရင်း လမ်းတစ်လျှောက်တွင် ချင်မျန်သည် ပျားမက်မွန်ပင်များကို ကြည့်ခဲ့သည်။ သစ်ပင်များသည် စိမ်းမြနေပြီး အရွက်များကြား၌ ကွယ်ဝှက်နေသည့် လုံးလုံးဝန်းဝန်း အသီးများမှာ အရွက်တစ်ဝက်ခန့် ဖုံးလွှမ်းခံထားရသည်။ တစ်လုံးစီနီးပါးသည် ကျင်းတစ်ဝက်ခန့် အလေးချိန်ရှိကာ အစိမ်းဖျော့ဖျော့အရောင်သည် ပန်းရောင်နှင့် ရောယှက်နေပြီး မက်မွန်သီး၏ရနံ့ကို ပေးစွမ်းနေသည်။
"မက်မွန်သီးတွေ မှည့်ခါနီးပြီ။" လဲ့ယ်ထျဲ ချင်မျန်ရဲ့ ပခုံးကို ဖက်လိုက်ပြီး "မနက်ဖြန် ကိုယ် ချင်းထျန်းစီရင်စုကို သွားရမယ်။"
ချင်မျန် တုံ့ဆိုင်းသွားသည်။ "ကျွန်တော် ခင်ဗျားနဲ့ လိုက်ဖြစ်မှာ မဟုတ်ဘူး" လောလောဆယ်တော့ ခြံထဲမှာ လူများနေမည် ဖြစ်တာကတစ်ကြောင်း၊ ရှန်းရှန်းခန်းမဆောင်တွင် အရေးပေါ်အခြေအနေရှိပါက ဝင်ရောက်ဖြေရှင်းရန် လုံလောက်သော အရေးပါသူများ ရှိနေရန် လိုအပ်မည်က တစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။
"အင်း....မင်း အိမ်မှာနေခဲ့" လဲ့ယ်ထျဲလည်း ချင်မျန်ကို ခေါ်သွားရန် အစီအစဉ် မရှိပေ။ သူ့မှာ လုပ်စရာတွေ အရမ်းများ၏။ ချင်းမျန်ကသာ ချင်းထျန်းစီရင်စုကို အတူလိုက်မယ်ဆိုရင်တောင် သူ့ဇနီးလေးနှင့် ဆော့ကစားဖို့ အချိန်ရှိမှာ မဟုတ်ပေ။ တတ်နိုင်သမျှ မြန်မြန်ပြန်လာရမယ်။
ချယ်ရီခူးတဲ့ အကူတွေ ရောက်လာပြီးတဲ့ နောက်မှာတော့ သူတို့သည် စည်းစနစ်တကျနဲ့ကို အလုပ်ရှုပ်နေကြတော့၏။ သူတို့ နောက်ဆုံးအကြိမ်က အတွေ့အကြုံရှိဖူးသောကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေသည် ပို၍ ကျွမ်းကျင်လာခဲ့သည်။
ယခင်ကဲ့သို့ပင် ချင်မျန်က ချယ်ရီသီးအများစုကို ချယ်ရီဖျော်ရည်၊ ချယ်ရီဝိုင်နှင့် ချယ်ရီယိုအဖြစ် ပြုလုပ်ခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ လဲ့ယ်ထျဲ ချင်းထျန်းစီရင်စုကို ထွက်ခွာသွားခဲ့၏။
ချင်းမျန် သူ့ကို ရွာအဝင်ပေါက်အထိ လိုက်ပို့ပေးပြီး အိမ်ပြန်လာကာ ချယ်ရီသီးတွေကို ပို့ပေးဖို့ လူတွေကို ခေါ်လိုက်သည်။
"ရှီလ လာခဲ့"
ရှီလသည် ချယ်ရီစေ့ထုတ်ရာတွင် အသုံးပြုသည့်တူကို ချလိုက်ကာ လက်ပေါ်မှ တင်ကျန်နေသည့်ရေကို ခါယမ်းရင်း ရောက်လာခဲ့သည်။ "သခင်လေး ..ကျွန်တော် ဘာလုပ်ပေးရမလဲ?”
ချင်မျန်သည် ခြင်းတောင်းကြီးတစ်ခုနှင့် တောင်းသေး နှစ်လုံးကို ချယ်ရီသီးများဖြင့် ပြည့်အောင် ဖြည့်ထားသည်။ သူ ရှီလကို သူ့နံဘေးကို ခေါ်လိုက်ပြီး “ဒီတောင်းကြီးက ဂျင်း ၂၀ လောက်ရှိတယ်။ မင်း ချင်းယွမ်အကယ်ဒမီကျောင်းကို ပို့ပေးပြီး ကျောင်းအုပ်ဟုန်ကို ပေးလိုက်ပါ။ တောင်းသေးလေးကိုတော့ အဘိုးနဲ့အဘွားအတွက် ထျန်းရွာကို ပို့ပေး။ မကြာသေးခင်ကမှ လဲယ်ထျဲက အဝေးရောက်နေလို့ လာဖို့ဖိတ်ခေါ်ဖြစ်မှာမဟုတ်ဘူးလို့ပါ သူတို့ကိုပြောဖို့မမေ့နဲ့။ စကားကို ချိုသာအောင် ပြောလာခဲ့"
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
091 – ခ်ယ္ရီသီးမ်ား ေပးပို႔ျခင္း
ႀကိဳးတံတားမွ ပင္းက်စ္အေဆာက္အဦး၏တတိယထပ္အထိ၊ ထို႔ေနာက္ တတိယထပ္မွ ပထမထပ္႐ွိ ဧည့္ခန္းဆီသို႔ သြားရာ လမ္းတစ္ေလွ်ာက္တြင္ ႏ်ဲ႕ဟန္သည္ နံရံေပၚတြင္ လက္ေရးလွ ကားခ်ပ္မ်ားႏွင့္ ပန္းခ်ီကားမ်ားစြာ ႐ွိေနသည္ကို ေတြ႕လိုက္ရသည္။ ဒီေန႔ စြမ္းရည္ၿပိဳင္ပြဲမွာ ဆုရ႐ွိခဲ့တဲ့ လက္ရာမ်ားပင္။ လက္ေရးလွႏွင့္ ပန္းခ်ီကားခ်ပ္မ်ား ေအာက္တြင္ 'ခ်င္းယြမ္အကယ္ဒမီေက်ာင္းမွ တစ္စုံတစ္ေယာက္သည္ ႐ွန္း႐ွန္းခန္းမေဆာင္တြင္ ထိုရက္ ထိုလ ထိုႏွစ္တြင္ ႐ွိေနခဲ့သည္' ကဲ့သို႔ေသာ စကားလုံးမ်ားကို ထည့္သြင္းထားသည္။
"ၾကည့္ၾကည့္ဦး....သခင္ေလး။" ခြၽမ္း႐ွန္းသည္ ဧည့္ခန္းတံခါးေ႐ွ႕မ်က္ႏွာစာ႐ွိ နံရံေပၚတြင္ ပန္းခ်ီႏွင့္ လက္ေရးလွပုံကို ၫႊန္ျပလိုက္သည္။
“ဝါးမပါဘဲ ေနလို႔ရေပမယ့္ အသားမပါဘဲ မစားႏိုင္။ အသားမ႐ွိရင္ လူကိုပိန္ေစတယ္။ ဝါးမ႐ွိရင္ လူကို ဂုဏ္မွိန္ေစတယ္”
ႏ်ဲ႕ဟန္ သေဘာက်စြာ ျပဳံးလိုက္သည္။ ကဗ်ာေရးတဲ့သူကို သေဘာက်ေလသလား၊ ကဗ်ာခ်ိတ္တဲ့သူကိုပဲ သေဘာက်သလားဆိုတာ မသိႏိုင္ေပ။ ထို႔ေနာက္ သူ ပန္းျခံဆီသို႔ ခပ္သြက္သြက္ လမ္းေလွ်ာက္လာသည္။
ညေမွာင္ၿပီးေနာက္ ထမင္းစားၿပီးေသာအခါ ခ်င္မ်န္သည္ ဝန္ထမ္းအားလုံးကို အစည္းအေဝးျပဳလုပ္ရန္ ဧည့္ခန္းသို႔ေခၚခဲ့သည္။ ဝန္ထမ္းေတြရဲ႕ ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္ႏွာေတြကို ၾကည့္ၿပီး ႐ွီလက သူတို႔အတြက္ လက္ဖက္ရည္ေသာက္ဖို႔ ကမ္းေပးလိုက္သည္။
လူတိုင္းသည္ အထက္လူႀကီး၏ေစတနာေၾကာင့္ ဝမ္းေျမာက္ၾကေလသည္။
သူ႕အေပၚ အာ႐ုံစူးစိုက္မႈျပန္ရလာေၾကာင္း ေသခ်ာၿပီးေနာက္ ခ်င္မ်န္ စေျပာလိုက္သည္။ "ဒီေန႔လူတိုင္း အထူးသျဖင့္ စားဖိုမႉးေတြနဲ႔ စားပြဲထိုးေတြ အရမ္းႀကိဳးစားခဲ့ၾကတယ္။ ဒီေန႔ ဧည့္သည္ေတြက မ်ားလြန္းတာေၾကာင့္ မင္းတို႔အတြက္ အလုပ္အမ်ားဆုံးပဲ။ ဒါေပမယ့္လည္း ငါတို႔ရဲ႕ ႐ွန္း႐ွန္းခန္းမေဆာင္က ေဒသခံ ေဖာက္သည္ အနည္းငယ္သာ႐ွိတဲ့ အမည္မဲ့ ေဝးလံေခါင္သီတဲ့ ၿမိဳ႕ငယ္ေလးမွာ ႐ွိတယ္။ ဒါ အမွန္ပဲ။ ေလွ်ာ့ေစ်းသုံးရက္ၿပီးရင္ေတာ့ ဒီေန႔လိုမ်ိဳး ေဖာက္သည္ေတြ မ်ားလာမွာေတာ့ မဟုတ္ဘူး။ သူေဌးႀကီးႏွင့္ ငါ အခုေလာေလာဆယ္မွာေတာ့ စားဖိုမႉးနဲ႔ ဝန္ထမ္းေတြကို ေနာက္ထပ္ ခန္႔ေတာ့မွာမဟုတ္ဘူး။ အေျခအေနကို အရင္ေစာင့္ၾကည့္ရေအာင္။ စားဖိုမႉးေလးဦးနဲ႔ စားပြဲထိုးေတြအားလုံး ေနာက္ထပ္ႏွစ္ရက္ အလုပ္ႀကိဳးစားရဦးမယ္။ တျခားသူေတြလည္း ဒီလိုပါပဲ။ ဒါေပမယ့္ လူတိုင္းရဲ႕ ႀကိဳးစားအားထုတ္မႈကေတာ့ ေအာင္ျမင္သြားၿပီ။ သူေဌးႀကီးနဲ႔ ေဆြးေႏြးၿပီး ဆုံးျဖတ္ထားတာ ႐ွိတယ္။ ဒီေန႔မွာ လူတိုင္းကို ခ်ီးေျမာက္တဲ့အေနနဲ႔ ဝမ္ ၅၀ ခ်ီးျမႇင့္မယ္လို႔ ဆုံးျဖတ္ထားတယ္။"
အားလုံးက ဝမ္းသာအားရနဲ႔ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သူေဌးႀကီးနဲ႔ သူေဌးေလး!"
ခ်င္မ်န္ ျပဳံးလ်က္ ထပ္ျဖည့္ ေျပာလိုက္သည္။ "အေကာင္းဆုံး အျပဳံးဆု၊ လုံ႔လအ႐ွိဆုံးဆု နဲ႔ စဥ္းစားေတြးေခၚမႈ အ႐ွိဆုံး ဝန္ေဆာင္မႈဆု သုံးခုကိုလည္း ေပးဖို႔ ဆုံးျဖတ္ခဲ့တယ္"
"သူေဌးေလး....အေကာင္းဆုံး အျပဳံးဆု၊ လုံ႔လအ႐ွိဆုံးဆုနဲ႔ စဥ္းစားေတြးေခၚမႈ အ႐ွိဆုံး ဝန္ေဆာင္မႈဆုက ဘာလဲ?" ႐ွီလ ေမးလိုက္သည္။
ခ်င္မ်န္ ႐ွင္းျပခဲ့သည္။ "အေကာင္းဆုံး အျပဳံးဆုက ေဖာက္သည္ေတြကို ဧည့္ခံတဲ့အခါ စိတ္အားထက္သန္စြာ ျပဳံးဖို႔ပါပဲ။ ႏွစ္သက္စရာေကာင္းတဲ့ အျပဳံးပိုင္႐ွင္က တစ္လကို တစ္ႀကိမ္ အကဲျဖတ္မယ့္ အေကာင္းဆုံး အျပဳံးဆုကို ရ႐ွိမွာ ျဖစ္ၿပီး ဝမ္ ၅၀ ခ်ီးျမႇင့္ေပးမွာ။နာမည္အတိုင္း ဝီရိယအ႐ွိဆုံးဆုဆိုတာကေတာ့ လုံ႔လအ႐ွိဆုံးဝန္ထမ္းေတြအတြက္ ဆုျဖစ္ၿပီး ဝမ္ ၅၀ ကိုလည္း ခ်ီးျမႇင့္ေပးမွာပါ။ ဥပမာအားျဖင့္ သန္႔႐ွင္းေရးသမားဆို ၾကမ္းျပင္ကို အၿမဲသန္႔႐ွင္းေနၿပီး စားပြဲကို အခ်ိန္မီ သန္႔႐ွင္းေရးလုပ္ပါက လုံ႔လဝီရိယအ႐ွိဆုံးဆုကို ရမွာပဲ။
အေျမာ္အျမင္အ႐ွိဆုံး ဝန္ေဆာင္မႈဆုကေတာ့ စားပြဲထိုးျဖစ္ေစ သန္႔႐ွင္းေရးသမားျဖစ္ေစ ဥယ်ာဥ္မႉးျဖစ္ေစ ေဖာက္သည္ေတြ အကူအညီလိုတဲ့အခါမ်ိဳးမွာ ေႏြးေထြးစြာ ႏႈတ္ဆက္သင့္တယ္။ ဥပမာအားျဖင့္ ဥယ်ာဥ္မႉးက ဥယ်ာဥ္အတြင္းက ပန္းေတြနဲ႔သစ္ပင္ေတြကို တံစဥ္ျဖတ္ေနခ်ိန္ ဧည့္သည္တစ္ဦးက "ျမင္းေဇာင္း ဘယ္ေနရာမွာလဲ?" လို႔ေမးလာမယ္ ဆိုပါေတာ့။ ဒါဆို ျမင္းေဇာင္းေနရာကို အေသးစိတ္ကအစ ေျပာျပရမယ္။
သူ႕ကို လူကိုယ္တိုင္ ျမင္းေဇာင္းဆီ ေခၚသြားရင္ သြား ဒါမွမဟုတ္ သူ႕အတြက္ ျမင္းထိန္းသမားကို ႐ွာေပးမယ္ဆို ႐ွာေပး။ ဒါ အေကာင္းဆုံး ဝန္ေဆာင္မႈလို႔ ေျပာလို႔ရတယ္။”
သူ႕႐ွင္းျပခ်က္သည္ နားလည္ရလြယ္ကူေသာေၾကာင့္ လူတိုင္းက နားလည္သေဘာေပါက္ၾကသည္။
ခ်င္မ်န္က "မင္းတို႔ နားလည္ရင္ မနက္ျဖန္ ဆုေပးဒဏ္ေပး စမယ္။ ဆုတစ္ခုရ႐ွိပါက အနီေရာင္ပန္းပြင့္တစ္ပြင့္အျဖစ္ သတ္မွတ္ခံရမယ္။ အမွားလုပ္မိရင္ အနက္ေရာင္ပန္းပြင့္ေလးလို႔ မွတ္ထားလိမ့္မယ္။ ႏွစ္ကုန္မွာ ႐ွန္း႐ွန္းခန္းမေဆာင္ရဲ႕ အေကာင္းဆုံးဝန္ထမ္းႏွစ္ဦးကို ေ႐ြးခ်ယ္မယ္။ အနီေရာင္ပန္းပြင့္အမ်ားဆုံးရ႐ွိသူ၊ အနက္ေရာင္ပန္းပြင့္ အနည္းဆုံးရ႐ွိသူ မည္သူမဆို ဆုေၾကးေငြအမ်ားႀကီးကို ရမယ္"
ဝန္ထမ္းေတြက စိတ္အားထက္သန္ေနၿပီး သူတို႔မ်က္ႏွာေတြက ႐ႊင္ျမဴးေနၾကသည္။
ခ်င္မ်န္သည္ သူတို႔ ဗိုက္ဆာေနမည္ စိုး၍ အၾကာႀကီး စကားမေျပာေတာ့ေပ။
"အခုအခ်ိန္မွာေတာ့ အေျခအေနေတြက ဒီအတိုင္း႐ွိေနမွာပါ။ မန္ေနဂ်ာဆြန္းက ဒီေန႔အတြက္ ဆုေပးၿပီးရင္ လူတိုင္း ညစာသြားစားလို႔ရၿပီ။ စားၿပီးရင္ ေကာင္းေကာင္းအနားယူၾကပါ။ မနက္ျဖန္ အလုပ္႐ႈပ္ၾကလိမ့္မယ္"
လူတိုင္းက စိတ္အားထက္သန္စြာနဲ႔ ျပန္ေျဖၾကသည္။ "ဟုတ္ကဲ့!"
နံနက္ခင္းတြင္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္ အျဖဴေရာင္ကြန္ဖူးဝတ္႐ုံကို ၀တ္ဆင္ကာ ေနာက္ေဖးဥယ်ာဥ္တြင္ ေလ့က်င့္ခန္းလုပ္ခဲ့ၾကသည္။ ေျပးၿပီးေနာက္ လဲ့ယ္ထ်ဲက လက္ေဝွ႔ကို ပုံမွန္ေလ့က်င့္ခဲ့ၿပီး ေလ့က်င့္ခန္းမ်ားစြာ႐ွိသည့္ ခ်င္မ်န္ကေတာ့ ပထမဦးစြာ ဒိုက္ထိုးခဲ့သည္။
လဲ့ယ္ထ်ဲကေတာ့ စိတ္ထဲဗလာက်င္းေနေလသည္။သူ႕မ်က္လုံးမ်ားသည္ သူ႕ခႏၶာကိုယ္တစ္ေလွ်ာက္ ေ႐ြ႕လ်ားေနကာ သူ႕ဇနီးေလး၏တင္ပါးဆီသို႔ အၿမဲတန္းေန၏။ ေလွ်ာက်ေနေသာ အက်ီနဲ႔အဟမွတဆင့္ လဲ့ယ္ထ်ဲသည္ သူရဲ႕ေခ်ာေမြ႕ေနသည့္ ရင္ဘတ္ကို ျမင္လိုက္ရသည္။
"ခ်င္းဇီ..... ဒါက ဘယ္လိုေလ့က်င့္မႈမ်ိဳးလဲ?” လဲ့ယ္ထ်ဲက သူ႕လႈပ္႐ွားမႈေတြကို ဆက္လုပ္ေနရင္း ေမးလိုက္သည္။ သူ႕စိတ္က မၿငိမ္းခ်မ္းေနေပမယ့္ သူ႕လက္ေဝွ႔မွာေတာ့ တည္ၿငိမ္ၿပီး အားေကာင္းေနဆဲပင္။
“Huu… huu…”
ခ်င္မ်န္သည္ အသက္တစ္ဝႀကီး ႐ွဴလိုက္ကာ ဂုဏ္ယူစြာျဖင့္ သူ႕ကိုၾကည့္လိုက္သည္။ "မသိဘူးမလား? ဒီနည္းက ခါးနဲ႔ ဝမ္းဗိုက္ႂကြက္သားေတြကို ေတာင့္တင္းေစႏိုင္တယ္။ အထူးသျဖင့္ ရင္ဘတ္ႂကြက္သားေတြပဲ!”
လဲ့ယ္ထ်ဲက ေလးေလးနက္နက္ စဥ္းစားလိုက္ၿပီး "ဟမ္... ခါးကိုလည္း ေကာင္းေကာင္း ေလ့က်င့္ထားသင့္တယ္"
"ဘာေျပာတာလဲ?" ခ်င္မ်န္ ႐ွင္း႐ွင္းလင္းလင္း မၾကားလိုက္ရေပ။
“ဘာမွမဟုတ္ဘူး။” လဲ့ယ္ထ်ဲ လက္ေဝွ႔ကို ဆက္ေလ့က်င့္ခဲ့သည္။
ခ်င္မ်န္သည္ ဒိုက္ထိုးျခင္း အႀကိမ္ 20 ၿပီးေနာက္ ဖားခုန္ လုပ္ခဲ့သည္။ လက္႐ွိအခ်ိန္မွာေတာ့ သူ႕ခႏၶာကိုယ္ဟာ ဖြံ႕ၿဖိဳးဆဲျဖစ္တဲ့အတြက္ေၾကာင့္ ခုန္ပ်ံေက်ာ္လႊားမႈေတြ အမ်ားႀကီး မလုပ္ဝံ့ေပ။ တစ္ႀကိမ္လွ်င္ အႀကိမ္ ၂၀ သာ ျပဳလုပ္ခဲ့သည္။
ႏ်ဲ႕ဟန္က သူ႕အေစခံေတြႏွင့္အတူ ဥယ်ာဥ္ေနာက္ဘက္သို႔ ေရာက္လာသည္။ ခ်င္မ်န္တစ္ေယာက္ ဖားတစ္ေကာင္လို ေ႐ွ႕သို႔ ခုန္လာသည္ကို သူျမင္လိုက္ရေသာအခါတြင္ မည္သို႔ေသာ သင့္ေလ်ာ္သည့္အမူအရာမ်ိဳး ျပရမည္ကို မသိေတာ့ေပ။
"ႏ်ဲ႕သခင္ေလး....မေန႔ညက အိပ္ရတာ ဘယ္လိုလဲ?" ခ်င္းမ်န္က ဖားခုန္ေလ့က်င့္မႈကို ၿပီးေအာင္ လုပ္ရင္း ေခါင္းညိတ္ကာ ေမးလိုက္သည္။
ႏ်ဲ႕ဟန္ အမွန္အတိုင္းေျပာလိုက္သည္။ "အရမ္းအဆင္ေျပတယ္။ တစ္ညတာအတြက္ ေငြတုံး 20 က တကယ္တန္ပါတယ္။ သက္ေတာင့္သက္သာ႐ွိတယ္။ တိတ္ဆိတ္ၿပီး ေမႊးႀကိဳင္တယ္။”
"ေကာင္းတယ္။" ခ်ိဳၿမိန္ေသာအျပဳံးျဖင့္ ခ်င္မ်န္သည္ ခုန္ၿပီးေနာက္ ထရပ္လိုက္သည္။
လဲ့ယ္ထ်ဲက သူ႕ကို မ်က္ႏွာသုတ္ပုဝါတစ္ထည္ ေပးကာ တတိယလူ ႐ွိေနမွန္း မသိသလို လက္ေဝွ႔ကို ဆက္လက္ ေလ့က်င့္ေနသည္။
ႏ်ဲ႕ဟန္ကေတာ့ လဲ့ယ္ထ်ဲ၏စ႐ိုက္ကို သိၿပီးျဖစ္တာေၾကာင့္ သူ႕ရဲ႕မယဥ္ေက်းမႈေတြကို ဂ႐ုမစိုက္ေနေပ။ သူ ခ်င္မ်န္ကို ေျပာလိုက္သည္။ "သူေဌးခ်င္....ကြၽန္ေတာ္က ႏႈတ္ဆက္ဖို႔ အထူးတလည္ ဒီကိုေရာက္ေနတာပါ။ အနာဂတ္မွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ အခြင့္အလမ္းေတြ ႐ွိလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”
Advertisement
- In Serial15 Chapters
Vacation of a God
Many Gods rule the universe but only one God stands at the top. The Supreme God. The God of Creation and Destruction. No one can question his existence No one can overpower his existence. The Supreme God bored of his position decided to take a leave. His job in the grand the scheme of things is to keep the higher and lower Gods in check. In his elusive existance he has already created the first of Life, Gods, Worlds, stars and universes and also destroyed many too. Over the eons of his rule the Gods are terrified of his name. All incidents and balance breaking events are taken care of by the famous angels who work in his stead. A God who stands on the top but has nothing to do decides to take a vacation! Where will he go and what adventures await? Story about an overpowered mc doing whatever he wants. First story im writing. Thanks for reading. :) Cover picture found from Pintrest. (Link to picture) https://sakimichan.deviantart.com/art/Elf-prince-682126898?src=MC_deviation_stack
8 236 - In Serial7 Chapters
The Slime of Slaughter: Become Monster
Mind and memories of a human. Body and emotions of a monster. Giving up on his future to avenge his sister's suicide, he dies just to be awakened in the unfamiliar world in the alien body. Feeling appetite for flesh and holding no empathy for living creatures, will he be able to stay true to his human sentiments when his whole existence is the Evil itself? But first, he needs to survive because in this foreign world his new form isn't welcomed, to say the least. He will have many enemies in this new land. But the hardest fight is the one against himself. Both metaphorically and not so much... Nonhuman MC. Check. Cat Companion. Check. Dark and cruel world. Check. A little bit (?) of madness. Check.
8 213 - In Serial8 Chapters
Mr.Easy's adventure in One Piece
A self-insert story(as much logic as it can have or I can put in it), a little different than most, as the name says about his personality, he is easy-going (lazy). Lazy in a sense as he doesn't care most of the time what’s happening to the world. (NOTE: Mr. Easy (I) do not care much about going with the straw hats that much (well, you will see that in about a few chapters, but still this will revolve around them.) DON'T HOPE TOO MUCH ORIGINAL (ONE PIECE) STORYLINE FROM ME (just saying not shouting), because if you don't cause some changes then what’s the point in going in a fiction.
8 98 - In Serial9 Chapters
Into The Fray
In a war-ridden world where metaphysical powers are the norm, Alma Gustafsson, a defect with no abilities whatsoever, stood at the top of it. An elite captain with a tactical mind, capable of fighting the invading forces with utmost efficiency and discipline, amplified by an immeasurable amount of sheer dedication. This mission was supposed to be a standard one. Get behind enemy lines, kill the metal puppets, destroy the flying fortress, escape with body and life intact. To be the first one to stare at the eyes of their true enemy was surprising enough, and dying was already a sharp reminder of what she is: A defect that has no place in the battlefield. But somehow, meeting an old man in the middle of the forest was more important to her than the events that transpired. “Your grit is one of a kind, girly. I need that.” Said the old man, giving her a chance to go back out there and fight once more. It was a stupid offer, making her choose between eternal happiness of heaven and the meaningless fighting that she has done all those years. However, she never took herself as a smart person. And as she embarks on a journey to protect her world, she will find herself at a crossroad that will determine the fate of the universe...
8 272 - In Serial26 Chapters
Legend of Zelda ONESHOTS! (read des.)
second story on my page!
8 217 - In Serial19 Chapters
Haruhi's Cousin (Hikaru and Kaoru x f!Reader)
(Reader is described as female and uses she/her pronouns and Japanese (being haruhi's cousin), sorry if this doesn't fit your description.)Haruhi has a wealthy cousin that the hosts never knew. well, she never told them anyway. until one day, she decided to visit Haruhi and the boys, and of course. the Twins met her.-started 5th of March 2017--I do not own any of the characters inside this book-- 2021 edited-- 2022 revisited and authors note -
8 239

