《My brother's girlfriend》part 37
Advertisement
လီလီမှောက်အိပ်နေပေမယ့်ပူလာတဲ့ကျောပြင်ကြောင့်နှိုးလာသည်။ မျက်လုံးဖွင့်လိုက်တောတိုက်ခန်းရဲ့အနောက်ဖက်လို့ထင်ရတဲ့ပန်းခြံအကျယ်ကြီးကြီးတွေ့လိုက်သည်။ ခန့်မှန်းခြေ2ဧက 3ဧကလောက်ရှိပြီးအဝေးကလူနေအိမ်တွေကိုသေချာကြည့်မှတွေ့ရမည်ဖြစ်သည်။ အသိစိတ်တွေပြန်စုစည်းလိုက်ပြီးမနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာမှတ်မိအောင်အသာလေးမျက်လွှာချကာစဉ်းစားနေမိသည်။ အိမ်မက်ထဲတွင်လီလီကအမည်မသိလူတစ်ယောက်နဲ့အခုအိပ်နေတဲ့ကုတင်ပေါ်လိင်ဆက်ဆံသည်ဟုအိမ်မက်မှတ်သည်။ ထူးဆန်းသည့်အိမ်မက်အကြောင်းကိုစဉ်းစားပြီးအသံထွက်အောင်ရီမိသည်။ ကိုယ့်ရဲ့ရီသံတင်မကပဲကိုယ့်နောက်ကထွက်လာတဲ့အသံကြောင့်လီလီအနောက်ကိုလှည့်ကြည့်မိသည်။
ဟန်နီ : "နှိုးပြီးလားသဲလေး။ ပေါင်မုန့်ကြက်ဥကြော်နဲ့သဲကြိုက်တဲ့ချောကလက်နဲ marshmallow။ မအေးခင်လာသောက်လိုက် "
ငယ်ဘဝအမှတ်တရေတွကကိုအတိတ်မေ့နေသလိုဖြစ်နေတဲ့လီလီကို marshmallowပါတဲ့ချောကလက်ကငယ်ဘဝတင်မကအရင်ဘဝတွေထိပါမှတ်မိလာအောင်လုပ်နိုင်သည်။ ထူးဆန်းပေမယ့်marshmallowကိုပါးစပ်အရင်ထည့်လိုက်ကာနောက်မှချောကလက်ကိုသောက်ပြီးပါးစပ်ထဲတူတူရောပြီးပျော်ဝင်သွားတဲ့အရသာကိုကြိုက်သည်။ ချောကလက်အရသာတောင်ဂျီးများတတ်သည့်လီလီသည်အမဟန်နီမအားတော့သည်နောက်ပိုင်းမသောက်ဖြစ်ကာအဲ့ဒီအစားPepsi ကိုသာသောက်လာသည်။ တကယ်ပင်ချောကလက်နှင့် marshmallow ကိုအရသာခံသောက်နေသည့်အချိန်တစ်ခုအတွင်းလီလီသည်ကိုယ်ကိုကိုယ်12နှစ်သမီးတစ်ယောက်လိုခံစားရသည်။
ဖြေးဖြေးလေးနဲ့တစ်ငုံချင်းစီသောက်နေတဲ့ကလေးကိုကြည့်ပြီးသူမပိုပြုံးမိသည်။ သူမအခုလိုမပြုံးမပျော်ရတာကြာနေပြီဖြစ်သည်။ 10တန်းစတက်ကတည်းကနေကျောင်းစာနဲ့နပမ်းလုံးနေရတာမို့လို့လီလီကိုဂရုမစိုက်ဖြစ်ပေ။ လီလီကအလိုက်သိလေးနေပေးသော်လည်းအလိုလိုက်ခံထားခံရတဲ့အဆိုးလေးမို့လို့တစ်ခါတစ်လေချောက်ကလက်နဲ့ marshmallow သောက်ချင်တဲ့အခါဂျီကျပြီးငိုတတ်တာမို့လို့ဖျော်ပေးရသည်။ သို့သော်ဟန်နီစာမေးပွဲဖြေနေဆဲတစ်နေ့ကသူမသည်လီလီ့ကိုချောကလက်ဖျော်ပေရင်ထည့်လေ့ရှိသည့်နို့မှုန်သည်တစ်စက်လေးတောင်မရှိတော့သဖြင့်နို့မှုန်မပါပဲနဲ့ချောကလက်ကိုဖျော်ခဲ့သည်။ အဲ့တာကိုသိသည့်အလားလီလီသည်ချောကလက်ကတစ်ငုံမျှသာသောက်ပြီးသောက်လို့မကောင်းဘူးဆိုပြီးဂျီကျကာငိုနေပြန်သည်။ ဟန်နီသူ့ကိုဂရုမစိုက်ပဲကျောင်းစာပဲပြန်လုပ်ပေမယ့်သူမကဟန်နီဂရုမစိုက်တာကြောင့် ထိုချောကလက်ခွက်ကိုခွဲလိုက်လေသည်
စာနှင့်ပင် ပင်ပန်းေနေသာဟန်နီသည်လီလီ့ကိုဘယ်လိုမှအကောင်းမမြင်နိုင်တော့ပဲသူမရဲ့ပုခုံးကိုအကြမ်းပတမ်းကိုင်ပြီး
" နင့်အဖေကငါ့တို့အပေါ်ကိုကျေးဇူးရှိတယ်ဆိုတိုင်းငါကနင်ခိုင်းသမျှကိုအကုန်လိုက်မလုပ်ပေးနိုင်ဘူး "
လို့တစ်သက်လုံးမပြောဖူးတဲ့အသံမာမာနဲ့ပြောကာသူမပုခုံးကိုလွှတ်လိုက်တော့ခြေထောက်တောင်မခိုင်ပဲလဲကျသွားသည့်သူ့ကိုပြန်ကြည့်ကာဟန်နီပြောတာလွန်သွားပြီလားဟုသနားနေမိသည်။ လီလီသည်ပြန်ထပြီးဟန်နီ့ကိုတောင်းပန်ကာနောက်လာမနှောင့်ယှက်တော့ပါဘူးဟုကတိပေးခဲ့သည်အလျောက်သူ့ကိုတွေ့ပါမတွေ့တော့ချေ။ ကိုယ်ပြောခဲ့တာကြောင့်ကလေးရဲ့စိတ်ကစိတ်ဒဏ်ရာဖြစ်နေမလားဆိုသည့်စိတ်နှင့်ပင်ဟန်နီလဲအိပ်မပျော်တော့တော့။ နောက်တော့လီလီ့အဖေသည်ဟန်နီကိုရန်ကုန်တွင်တဣသိုလ်တက်ဖို့ထောက်ပံ့ပေးမည်ဟုဆိုသော်လဲဟန်နီကမော်လမြိုင်တွင်ပဲတဣသိုလ်တက်ခဲ့သည်။ နောက်ဘွဲ့ရတော့ေမာ်လမြိုင်oceanမှာပင်အလုပ်ဝင်လုပ်ခဲ့သည်။ ပထမဆုံးလစာနှင့်ဖုန်းဝယ်ခဲ့ပြီးလီလီရဲ့fb account ကိုစောင့်ကြည့်ယုံသာနေခဲ့ပြီးကိုယ့်ဘာသာကိုလိပ်ပြာမလုံခဲ့ခြင်းကြောင့်add friend ဆိုသည့်အပြာရောင်စာတမ်းလေးကိုတောင်မနှိမ့်ရဲပေ။ မကြာမီပင်လီလီရန်ကုန်မှာကျောင်းသွားတက်မယ်ဆိုပြီးသတင်းကြားတုန်းကဟန်နီမှာဆောက်တည်ရာမရဖြစ်ခဲ့တာကိုမှတ်မိပါသေးသည်။ ထို့ကြောင့်ရန်ကုန်ကလီလီ့အဖေရဲ့ကုမ္ပဏီတွင်အလုပ်သွားလုပ်မည်ဟုကြံလိုက်သော်လဲလီလီရဲ့ချစ်သူဟုထင်ရသည့်အဲ့ဒီအမျိုးသမီးသည်ဟန်နီထက်ရာထူးကြီးတာကတစ်ေကြာင်း သူ့ရှေ့၌ခေါင်းငုံမခံချင်တာကတစ်ကြောင်းမော်လမြိုင်ကိုပြန်ဖို့သာဆုံးဖြတ်လိုက်သည်။ မော်လမြိုင်ကိုမပြန်ခင်သူနဲ့လိုင်းပေါ်တွင်စကားပြောဖြစ်သေးသည်။ ဟန်နီရဲ့နာမည်အစစ်နဲ့ပုံအစစ်ကိုသုံးထားသောလဲသူမမှတ်မိချေ။ ကိုယ်ပေးတဲ့စိတ်ဒဏ်ရာကြောင့်များလားစဉ်းစားမိလဲကိုယ်ကပဲအပြစ်ရှိသူမို့လို့လီလီကအပြစ်ပေးနေသလားလို့တောင်ကျေကျေနပ်နပ်နှင့်ခံယူပါမည်။ လီလီနဲ့အပြင်မှာတွေ့တာတောင်မမှတ်မိသည့်သူမပုံစံသည်လိမ်နေတာမဟုတ်ချေ။ သူမတကယ်မမှတ်မိဝာာဖြစ်သည်။ ပြီးတော့ဟန်နီကလဲဟန်နီပါပဲ။ ပိန်မှအသားအဖြူမှလှတယ်လို့ပြောကြတဲ့လူမျိုးတွေထဲကမွေးဖွားလာတဲ့သူမို့ခဏခဏအနှိမ်ခံလို့တဣသိုလ်တက်နေစဉ်ကာလတွင်ဝိတ်ချခဲ့သည်။ ဟုတ်ပါသည်။ မနေ့ညကမှဟန်နီသိလိုက်သည်ကလီလီကမမှတ်မိတာမဟုတ်ပဲသူကိုကမှတ်မိစရာကိုမရှိဝာာဖြစ်သည်။
"တိန် "
Ph notiသံလေးကြောင့်တွေးနေလက်စအတွေးလေးများပျက်သွားသည်။ လီလီ့ကိုကြည့်တော့တစ်ငုံချင်းဆီအရသာခံပြီးစားနေတုန်းပင်။ ဖုန်းကိုကြည့်လိုက်တော့ညီမဖြစ်သူမှပို့ထားသောစာတွေ....................
မိစိုး : "အဖေ့ကိုမေးပြီးပြီး။ အဖေမပြောရဘူးတဲ့။ အမေ့ကိုဘာတွေသွားပြောတာလဲ"
ဟန်နီ : "နင်မဟုတ်တာတွေလျှောက်လုပ်မနေနဲ့။ ဘာဖြစ်လို့လီလီကိုဒီလောက်ဒုက္ခပေးချင်နေရလဲ။ "
မိစိုး : "မေးတာပဲဖြေ။ အမေ့ကိုဘာတွေပြောလိုက်လဲ "
ဟန်နီ : "မင်းလဲမေးတာပဲဖြေ။ လီလီ့ကိုဘာတွေသဘောမကျဖြစ်နေတာလဲ။ "
အတန်ကြာတဲ့အထိမိစိုးဘက်မှစာပြန်မလာတော့ပေ။ မိစိုးကသူမော်လမြိုင်မှာရှိတယ်ဆိုတာသာသိထားသည်။ ဘယ်နေမှာနေလဲဆိုတာအမေနဲ့လီလီရဲ့မိသားစုတွေပဲသိတာမို့လုံခြုံလိမ့်မည်။ အရင်ဆုံးသူရဲ့မိဘတွေကိုအကြောင်းကြားရမည်ကိုလီလီကိုပြောရမည်။
ဟန်နီ : "သဲရဲ့မိဘတွေကိုဖုန်းဆက်လိုက်ဦး။ စိတ်ပူနေလိမ့်မယ်။ အခူချိန်ဆိုသူတို့ဆီမှာညရောက်နေပြီဆိုပေမယ့်စိတ်ချရအောင်ဖုန်းဆက်လိုက် "
လီလီ : "လီလီရဲ့ဖုန်းကမြဝတီကဟိုတယ်နားကကွမ်းယာဆိုင်မှာကျန်ခဲ့တာ။ သွားယူမလို့ကသူတို့လဲလီလီ့ရဲ့ဖုန်းကိုခြေရာခံနေမယ်ဟုတ်လား "
လီလီပြောတဲ့သူတို့ဆိုသူ့ညီမကိုပြောမှန်းဟန်နီသိပါသည်။ ခေါင်းငြိမ့်ရင်းသူ့ကိုဖုန်းထိုးပေးလိုက်ကာ
" ဒါဆိုအမဖုန်းနဲ့ပဲဆက်လိုက် ရော့"
လီလီကပြုံးပြရင်းဖုန်းကိုယူကာတစ်ဖက်ကဖုန်းကိုင်တာနဲ့သူတို့သားအဖတွေဖုန်းပြောနေကြတာနာရီဝက်လောက်ရှိသည်။ လီလီရဲ့တစ်ဖက်မှကိုယ်အသံမကြားမှာစိုးတဲ့အတွက်အသံကျယ်ကျယ်ပြောတဲ့အကျင့်ကြောင့်နားမထောင်တာတောင်သူတို့ပြောသမျှကြားရပါသည်။ ကိုယ့်ဘာသာကိုကော်ဖီသောက်ေနလိုက်ပြီးခဏေနေတာ့လီလီကဖုန်းချဖို့ပြောနေတုန်းတစ်ဖက်ကတစ်ခုခုပြောလာသည့်ပုံပင်။ လီလီကဟန်နီကိုကြည့်ပြီးတော့ဟန်နီ့ကိုဖုန်းပေးလိုက်သည်။
လီလီ : "မေမေကမနဲ့စကားပြောချင်တယ်တဲ့"
ဟန်နီလီလီ့ထံမှဖုန်းကိုလှမ်းယူလိုက်ပြီး
ဟန်နီ: "ဟုတ်ကဲ့ အန်တီ"
လီလီ့အမေ: "သမီးလေးရေ ကျေးဇူးပါပဲနော်။ မိုးပြည့်တို့အမေပြောတာတော့လမ်းမှာရုန်းရင်ဆန်ခက်ဖြစ်ခဲ့သေးတယ်တဲ့။ ဘာတွေဖြစ်ကြမှန်းတော့မသိဘူးကွယ်။ အခုနေပြန်လာဖို့ကလဲအလုပ်ကတန်းလန်းကြီးဖြစ်နေလို့သမီးကိုအန်တီတို့ပြန်လာတဲ့အထိစောင့်ရှောက်ပေးပါဦးနော် "
ဟန်နီ : "စိတ်မပူပါနဲ့အန်တီ။ သမီးသေချာဂရုစိုက်ပေးပါ့မယ်"
လီလီ့အမေ : "အေးကွယ်။ အန်တီတို့လဲအခုအားကိုးစရာဆိုလို့သမီးပဲရှိတော့တယ်။ မိတဆိုးလေးကိုသည်းခံပေးပါဦးကွယ် "
ဟန်နီ: "ရပါဆိုအန်တီရယ်။ ဒါနဲ့အန်တီတို့ကဘယ်တော့လောက်ပြန်လာမှာလဲ။ "
လီလီ့အမေ့: "၁ပတ်ပါပဲသမီးရယ်။ ဒီမှာသားအကြီးကောင်အတွက်လဲနှစ်ဖက်မိဘတောင်တွေ့ဆုံနေပြီးဆိုတော့ချက်ချင်းပြန်လို့မကောင်းလို့ပါ။ "
ဟန်နီ: "အို.........ဒါဆိုရင်အကိုကြီးတောင်လက်ထပ်တော့မှာပဲ။ အကိုကြီးကိုရတဲ့ကံကောင်းတဲ့မိန်းကလေးကဘယ်သူပါလိမ့်"
လီလီ့အမေ: "သမီးတစ်ခါမြင်ဖူးပါတယ်။ သမီးရန်ကုန်ရောက်တုန်းကအန်တီဆီလာတုန်းက အဲ့မှာသမီးအတွက်မျက်နှာစိမ်းဖြစ်နေတယ့်သူဆိုလို့သူပဲရှိမှာလေ"
ဟန်နီသေချာကိုမှတ်မိပါသည်။ လီလီရဲ့ကောင်မလေးဖြစ်မယ်ထင်လို့သဝန်တိုခဲ့သေးသည်။ ဖုန်းပြောရင်းလီလီ့ကိုလှမ်းကြည့်တော့သူမကခုနကေချာကလက်ကိုသောက်နေသည့်အတိုင်းပင်ေကျာခိုင်းထိုင်နေသည်။ သို့သော်အရသာခံနေသည်လဲမဟုတ်ပေ။ ခုနကလိုပျော်ရွှင်နေသည့်ပုံလဲမဟုတ်ပေ။
ဟန်နီ: "ဪ မှတ်မိပြီ။ ကိုကြီးကံကောင်းတာပဲ။ ဇနီးချောချော........"
ရုတ်တရပ်လီလီမှဖုန်းကိုဖြတ်လုသွားကာ
လီလီ: "မေမေ ဒါဆိုမမနဲ့ကိုကြီးတို့ကလက်ထပ်တော့မှာပေါ့။ "
လီလီ့အမေ: "အင်းလေသမီးရဲ့ ခင်လေးတောင်သမီးကိုအဲ့ဒီအကြောင်းပြောဖို့ဖုန်းဆက်သေးတယ်။ သမီးမကိုင်ဘူးလေ။ သမီးရဲ့ဖုန်းလဲပျောက်သွားတယ်ဆို "
လီလီဖုန်းချလိုက်ကာဖုန်းကိုဟန်နီထံပေးရင်း
ဟန်နီ : "လီလီ့ကိုUKပို့ပေးလို့မရဘူးလား "
ပြောရင်းနဲ့ပင်လီလီ့ရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်နေပြီ။ မျက်တောင်လေးတစ်ချက်ခပ်လိုက်ယုံနှင့်ပင်မျက်ရည်တံတိုင်းကြီးကျိုးကျသွားကာငိုရင်ဖြင့်ဟန်နီတော့ရင်ကျိုးရချေရဲ့။
ဟန်နီ: "သဲလေးရယ် ဒီမှာပိုလုံခြုံပါတယ်။ မိစိုးကအမကိုတစ်စက်မှဂရုစိုက်တာမဟုတ်တော့သူသိမှာမဟုတ်ဘူး။ ဘာမှမစိုးရိမ်နဲ့ အမဟန်နီရှိနေသရွေ့သဲလေးကိုဘယ်သူမှမထိစေရဘူး"
သူမပါးနှစ်ဖက်လုံးကိုဖွဖွလေးကိုင်ကာစီးကျလာသောမျက်ရည်များကိုလက်မနှင့်အသာလေးသုတ်ပေးလိုက်သည်။ လီလီငိုရသည့်အကြောင်းအရင်းကိုသိချင်သော်လဲသူမမပြောပြချင်လျှင်ဟန်နီလဲသိချင်စရာအကြောင်းမရှိ
လီလီကသူမပါးပေါ်ရောက်နေသည့်ဟန်နီရဲ့လက်ဖမိုးကိုပြန်အုပ်ကိုင်ကာခေါင်းငြိမ့်ပြသည့်အခါထိုကောင်မလေးကိုရင်ခွင်ထဲထည့်လိုက်ပါသည်။ ထင်ထားခဲ့သည့်အတိုင်းဟန်နီ့ရင်ခွင်ထဲတွင်ထိုကလေးမ၏မျက်ရည်တံတိုင်းကျိုးကျပါလေတော့သည်။ ကလေးငယ်ရဲ့တရှုံရှုံငိုသံကိုနားထောင်ရင်းကလေးငယ်သည်လက်ထပ်တော့မည့်အကိုဖြစ်သူကြောင့်ငိုတာမဟုတ်မှန်းဟန်နီသိပါသည်။
-
-
-
-
-
-
-
-
တဂျီဂျီမည်နေသောဖုန်းကိုဂရုမစိုက်သော်လဲ content name ကိုတော့ကြည့်နေမိသည်။ ခင်၏ဖုန်းသည်ကိုကြီးကခေါ်လိုက် အဖေကခေါ်လိုက်ဖြင့်အလုပ်ရှုပ်နေသည်။ ခင်လိုချင်တဲ့ဖုန်းကောလ်မဟုတ်တာမို့မကိုင်ပဲထားထားလိုက်ကာအလုပ်တွေကိုပဲပြန်အာရုံစိုက်လိုက်သည်။
ဖုန်းကအတော်အတန်ကြာတိတ်သွားပုံထောက်ရင် ခင်မပါပဲနှစ်ဖက်မိဘကညစာစားလို့အဆင်ေပြာနေသည့်ပုံပင်။ ဒီလိုသာဆိုအိမ်ပြန်ရောက်ရင်မေမေ၏တရားခွေကိုနားထောင်ရမည်ဆိုတာသေချာပါသည်။ လုပ်စရာတွေလဲမရှိတော့သည်နှင့်ကိုကျော်ဆီသာထွက်လာခဲ့လိုက်သည်။ တာဝန်ရှိသူတွေကမနက်ဖြန်မှရောက်မယ်ဆိုရင်ခင်သူ့ဆီကလိုချင်တဲ့အေဖြရဖို့အတွက်ဒီတစ်ညကနောက်ဆုံးဖြစ်လိမ့်မည်။
ဂိုထောင်တံခါးဖွင့်လိုက်တာနဲ့အခုမှထွက်လာသည်ဒေါက်တာနှင့်တန်းဆုံသည်။ ဒေါက်တာသည်ကျွန်မကို လူနာကိုအရမ်းမဆုံးမဖို့ပြောပြီးထွက်သွားသည်။ ဒေါက်တာထွက်သွားတာနဲ့တံခါးပိတ်လိုက်ကာဂိုထောင်အေပါ်ထပ်ကဂျောင်တစ်နေရာမှရှိတဲ့အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ မရောက်ဖူးတဲ့သူတွေဆိုဒီအခန်းရှိမှန်းကိုသေချာစေ့စေ့စပ်စပ်လိုက်ကြည့်မှသိမည်ဖြစ်သည်။ ကြည့်ရတာသတိမရသေးသည့်ကိုကျော်ကိုတစ်ခါတည်းငရဲပို့ပေးချင်သော်လဲဒင်းကဒီလောက်လေးနဲ့မရပေ။ ဒီထက်ပိုဆိုးတဲ့အရာတွေကိုသူလိုချင်တဲ့အချစ်အစားပေးရမည်ဖြစ်သည်။ အနားမျာရှိတဲ့သောက်ရေခွက်နှင့်သူ့မျက်နှာကိုပက်လိုက်တော့သူရေမွန်းကာသတိရလာပါသည်။ သူသည်ခင့်ကိုတစ်ချက်ကြောင်ကြည့်နေပြီးသတိဝင်လာတော့ေကြာက်ေကကာက်လန့်လန့်ဖြင့်ေနာက်ဆုတ်ကာထောင့်တစ်နေရာကထိုင်ခုံကိုမြောက်ပြပြီးသူခဏေနေသေတာ့မှာမသိသည့်အတိုင်းအကာအကွယ်ယူထားသည်။
ကိုကျော်: "ခင်လေး ငါနင့်ကိုချစ်တယ်။ ဒါပေမယ့်နင်ငါ့ကိုသတ်ဖို့ကြိုးစားရင်ငါနင့်ကိုအရင်သတ်ရလိမ့်မယ်။ "
ခင်သည်သူမဝတ်ထားသောအပေါ်ယုံကိုချွတ်လိုက်ပြီးတော့သူမခါးပတ်ကြားမှာထည့်ထားတဲ့ကိုကျော်ကိုငရဲပြည်တန်းပို့ပေးမယ့်အရာကိုမြင်အောင်ပြလိုက်သည်။ ပြီးတော့ခင်ကအနားခုံးကိုဆွဲယူပြီးထိုင်လိုက်ကာ
ခင်လေးနွယ်: "ကိုကိုကျော်ကြီးရယ် ခင်လေးကြောက်တတ်တာသိရဲ့သားနဲ့ "
ကိုကျော်: "..............."
ခင်လေးနွယ်: "အဲ့လိုပြောမယ်ထင်နေလား။ ဒီမှာ ကျော်ကြီး နင့်မှာရွေးချယ်မှုနှစ်ခုရှိတယ်။ မနက်ဖြန်ကျရင်နင့်ကိုဒီကရဲတွေလက်ထဲအပ်တော့မှာ။ အင်းး ဒီကထောင်တွေကတော့မြန်မာပြည်ကထောင်လောက်မဆိုးပါဘူး။ နင်ကသေဒဏ်မဟုတ်ရင်တောင်ထောင်ထဲမှာတောင်သေသွားချင်ေသသွားမှာပေါ့နော် "
ကိုကျော် : "ငါနင့်ကိုအကုန်အမှန်အတိုင်းပြောပြီးပြီးလေ "
ခင်လေးနွယ်: " နင်တို့လီလီကိုလုပ်ကြံဖို့အစီအစဉ်မှာပါတဲ့သူအကုန်လုံးကိုငါသိချင်တယ်။ အဲ့တာဆိုငါနင့်ကိုလွှတ်ပေးမယ်။ နင်က်ိုယ်တိုင်အဲ့ဒီလူတွေကိုငါ့ဆီခေါ်လာပေးရမယ်။ "
ကိုကျော် : "ငါမလုပ်ပေးရင်ကော"
ခင်: "ဘဝကတစ်ခါပဲရှင်သန်ရတာလေ။ မဟုတ်ဖူးတာတွေလုပ်ကြည့်သင့်တာပေါ့မဟုတ်ဘူးလား။ ပြီးတော့ငါကေလလူမသတ်ဖူးဘူး"
ခင်ရဲ့ခါးကြားထဲလိုင်စ်ရပစ္စတိုကိုထုတ်လိုက်ပြီးမောင်းတင်ကာကိုကျော်ကိုချိန်ရင်
ခင်: "နင်မလုပ်ပေးရင်အဲ့ဒီလူေတွရှာရတာလွဲရင်ဘာမှမဖြစ်ပါဘူး။ အချိန်တော့ကုန်တာပေါ့။ ဒီနေ့သေရမှာကိုမနက်ဖြန်အထိအသက်ပေးရှင်သလိုဖြစ်နေတယ်လေ "
ကိုကျော် : "ဟက်......နင့်သေနတ်ကအစစ်ဟုတ်လို့လား။ ငါကြည့်တာတော့မဟုတ်......"
" ဒိုင်း "
ကိုကျော်: "အားးးး"
ခင် ကိုကျော်ရဲ့ပေါင်ရင်းကိုသာပစ်လိုက်ပါသည်။ ကိုကျော်သည်နားစည်ကွဲရလောက်တဲ့ထိအော်ရင်းသွေးထွက်နေသည့်ဒဏ်ရာကိုသာဖိပြီးဒူးထောက်လိုက်သည်။ သို့သော်ကိုကျော်ရဲ့မယားငယ်တုံးပိသံတွေကိုမခံနိုင်တော့သဖြင့်သူ့နားထင်ကိုသေနတ်နဲ့ချိန်ပြီး
ခင် : "လီလီနဲ့ငါကိုတစ်ခါေမးဖူးတယ်။ ကျည်ဆန်တွေကဦးနှောက်ကိုဖြတ်သွားနိုင်လားမနိုင်ဘူးဆိုတာ။ ငါမသိလိုက်လို့မဖြေလိုက်ရပေမယ့်နင့်ဆက်ေအာ်ေနမယ်ဆိုအခုလာမည့်ကျည်ဆန်ကိုနင့်ဦးနှောက်ဖြတ်သွားမလားဆိုတာငါစမ်းကြည့်မယ် "
ကိုကျော်: "ငါ့ဖုန်းမှာရှိတယ်!!!!!!ငါ့ဖုန်းမှာရှိတယ်!!!!ငါ့ဖုန်းမှာရှိတဲ့သူတွေအကုန်လုံးကိုငါခိုင်းထားတာ။ လိလီ့ရဲ့သူငယ်ချင်းမိစိုးရော လီလီ့ကိုအိမ်ထိပို့ပေးတဲ့ကားမောင်းသမားရော "
ခင် : "ဘာ ငါ့ကိုသေချာရှင်းပြစမ်း။ လိမ်ပြောမယ်မကြံနဲ့။ ဒီတစ်ခေါက်နင့်ခေါင်းကိုပစ်မှာနော် "
ကိုကျော်: "ငါ့ကိုUKဆီစခေါ်လာကတည်းငါ့ကိုဖမ်းဖို့ဆိုတာငါသိတယ်။ ဒါပေမယ့်UKမရောက်သေးလို့နင်တို့ငါ့ကိုဖမ်းလို့မရသေးမှန်းလဲငါသိတယ်။ မိစိုးကိုငါအဲ့ဒီမတိုင်ခင်ကတည်းလီလီ့ကိုသတ်ဖို့သူ့ကိုခေါ်ထားတာ။ သူလက်မခံပေမယ့်ရုတ်တရပ်ကြီးလေယာဉ်ပေါ်မှာသူလက်ခံကြောင်းပြန်ပို့လာတယ်။ အဲ့တာနဲ့ငါလဲကျန်ခဲ့တဲ့ငါ့လူတွေနဲ့အစီအစဥ်ဆွဲရေတာ့တာပဲ။ မိစိုးကြောင့်သာမဟုတ်ရင်ငါအကုန်လက်လျော့ပြီးပြီး"
ခင်: "သူများကိုလိုက်အပြစ်ဖို့မနေနဲ့ဆက်ပြော"
ကိုကျော် : "ကား.....ကားဆရာကလီလီ့ကိုအိမ်ပြန်ပို့ပြီးအပြန်မှာတွေ့တာမိစိုးရဲ့အဖေကBGFကမို့လို့ဂိတ်စစ်ရင်းလွယ်လွယ်ကူကူနဲ့ပဲလီလီ့ရဲ့အိမ်ကိုလဲသိသွားတယ်။ "
ခင်: "ပြီးတော့နင်တို့ဘာဆက်လုပ်ဦးမလဲပြောစမ်း"
ကိုကျော် : "ငါ့ကိုဆေး......ဆေးအရင်"
ခင် ကိုကျော်ပါးစပ်ထဲသေနတ်ကိုထည့်လိုက်ကာ
ခင် : "ဘာလဲ။ ကျည်ဆန်ကိုဦးနှောက်ကနေမဖြတ်သွားစေချင်တော့ဘူးလား။ လိုရင်းကိုမပြောတဲ့ပါးစပ်ကနေဖြတ်သွားလိုက်ရမလား"
ကိုကျော်ကဗလုံးဗထွေတွေပြောတာမို့လို့သေနတ်ကိုထုတ်လိုက်ပြီးသူ့ပါးကိုပြန်တေ့ထားလိုက်သည်။
ကိုကျော်: "လီလီ့အိမ်မှာသူ့အမေရဲ့အစ်မနဲ့အိမ်ေဖာ်ကျန်ခဲ့တယ်။ အိမ်ဖော်ကိုတော့နှုတ်မလုံရင်သတ်ပစ်လို့ပဲချိန်းခြောက်လိုက်တယ်။ လီလီကသူ့အေဒါ်ကိုချစ်တဲ့သူမို့လို့လီလီ့ကိုအဆက်အသွယ်ရတာနဲ့သူ့အဒေါ်ကိုဗန်းပြပြီးအဖမ်းခံခိုင်းမယ်။ ပြီးရင်ရှင်း.....ရှင်းလိုက်တော့မလို့"
ခင် : "အခုနင့်ခိုင်းတဲ့သူအကုန်လုံးကိုတစ်နေရာထဲလူစုဖို့ပြောလိုက် "
ခင် သေနတ်တေ့ထားတာကိုဖယ်ပြီးဖုန်းကိုထုတ်ကာသူ့ဖုန်းကိုသိမ်းထားတဲ့အမှုစစ်ေတွကိုဖုန်းခဏပြန်ေတာင်းလိုက်ပြီးမှဒေါက်တာကိုဖုန်းခေါ်လိုက်သည်။
(ဒေါက်တာနဲ့သူနဲ့ကအင်းဂိတ်လိုပြောနေကြတာနော်။ မြန်မာလိုပဲရေးလိုက်ပါတော့မယ်)
ဒေါက်တာ: "ဘာကိစ္စလဲခင်။ ငါအခုမှအိမ်ပြန်ရောက်ပြီးရေတောင်မချိုးရသေးဘူး။ ဗိုက်ဆာလို့ညစာစားနေတာ "
ခင်: "အဲ့လိုဆိုရင်တော့အားနာပါရဲ့ဒေါက်တာရယ်။ ပြန်လာပေးလို့ရမလား။ ကျွန်မလက်လွန်သွားပြန်ပြီ။ "
ဒေါက်တာ: "မင်းသူ့ကိုသတ်ချင်ရင်လဲသတ်လိုက်ပါတော့။ ငါဆေးကုပြီးမှမင်းသတ်မယ်အစားအဲ့ဒီဆေးတွေကိုတစ်နေရာရာလှူလိုက်တာမှအကျိုးရှိဦးမယ်"
ခင်: "စိတ်မပူပါနဲ့။ သူသတိမလစ်သေးပါဘူးဒေါက်တာရယ်။ သွေးထွက်လွန်တာလေတစ်ခုပါပဲ။ သူရဲဘောကြောင်တဲ့သူရဲ့သွေးတွေဆိုတော့ကျွန်မရွံ့တယ် "
ဒေါက်တာ: "ဟုတ်ပါပြီခင်ရယ်။ ငါလာခဲ့မယ်။ ဒါပေမယ့်မင်းငါ့ကိုနောက်တစ်ခေါက်ထပ်ေခါ်မယ်ဆိုငါမင်းကိုလိင်စိတ်ကြွဆေးထိုးရလိမ့်မယ်"
ခင်: "စိတ်လျော့ပါဒေါက်တာ။ ဒါပေမယ့်ဒေါက်တာအခုလာမှဖြစ်မယ်။ "
ဒေါက်တာ: "ငါကားမောင်းနေပြီ။ ဒါပဲ ခင်"
ဒေါက်တာရဲ့ဖုန်းကျသွားတာနှင့်ကိုကျော်ကိုပြန်လာကြည့်တော့ထိုင်ခုံပေါ်မှာသူ့ဒဏ်ရာကိုဖိရင်းထိုင်နေတုန်းပင်။ ဒီမြင်ကွင်းကိုမြင်မိတော့ကိုကျော်ကိုစတွေ့ခဲ့တဲ့နေ့ကိုသတိရသွားသည်။ အဲ့ဒီတုန်းကကိုကျော်သည်ကန်တင်းတွင်ထမင်းစားေနရင်းငိုက်နေတာဖြစ်ပြီးခင်ကလဲကိုကျော်ထံတွင်ပါသွားသည့်ခင့်ရဲ့စာအုပ်ကိုပြန်ယူချင်သဖြင့်တစ်ကျောင်းလုံးလိုက်ရှာခဲ့သမျှမတွေ့ပဲကန်တင်းမှာမှငိုက်နေသည့်သူ့ကိုတွေ့ရခြင်းဖြစ်သည်။ ငိုက်နေသည့်သူ့ကိုလှုပ်နှိုးတုန်းကသူသည်မျက်မှန်လေးဖြင့်ကြောင်တောင်တောင်နှင့်ခင့်ကိုပြန်ကြည့်နေသေးသည်။ အခုကိုယ့်မျက်စိရှေ့တွင်ရှိနေသောကိုကျော်နှင့်လားလားမှမဆိုင်။
သို့သော်လဲကိုကျော်တင်မက ခင်လဲပြောင်းလဲသွားခဲ့သည်။ အဲ့ဒီတုန်း အသားဖြူဖြူနှင့်ပါးနှစ်ဖက်နီရဲနေသည့်အပြင် ပြုံးလိုက်ရင်အသည်းပုံနှုတ်ခမ်းဖြစ်သွားတဲ့ကောင်မလေးသည်အခုသေမင်းလိုမျိုးအမဲေရာင်suitနှင့်စတိုင်ဘောင်းဘီကိုဝတ်ထားကာလက်တစ်ဖက်ကလဲသေနတ်ကိုင်ထားသေးသည်။ ပြောင်းလဲသွားတဲ့အခြေအနေတွေကိုကြည့်ပြီးမဆိုင်သောလည်းခင်ရယ်မိသည်။
ဘာတွေကပြောင်းလဲသွားစေမှန်းမသိပေမယ့်လူတွေကပြောင်းလဲသွားပါတယ်။
-
-
-
-
-
-
-
-
-
ခင်ရဲ့အမေသည်ဆရာမတစ်ဦးဖြစ်ခဲ့သည်ဟုကြားခဲ့သည့်အတိုင်းအပြောအဆိုကလဲသိမ်မွေ့ပြီးမိန်းကလေးဆန်တာထက်အမျိုးသမီးဆန်တယ်ဟုပြောရပေမည်။ ခင့်ရဲ့အဖေကလဲခင့်ရဲ့အမေလောက်မပျူငှာပေမယ့်အလိုက်အထိုက်တော့ဆက်ဆံပေးပါသည်။ ခင့်ရဲ့အဖေကကိုစောကိုသားမက်အဖြစ်လိုချင်တယ်လို့ခင်တစ်ခါပြောဖူးသည်။ အဲ့ဒီတုန်းကအရမ်းဝမ်းသာသွားပေမယ့်အခုတော့ခင်လိမ်ပြောနေသလားဟုတောင်ထင်မိသည်။ ခင့်ရဲ့ anti romantic ရိုမန်တစ်ဆန်လို့မရတဲ့အကျင့်တွေကသူ့အဖေဆီကပါလာတာဖြစ်လိမ့်မည်။
နောက်ပြီးခင့်ရဲ့ညီမလေး
ခင်ကသူ့အဖေရဲ့ကိုယ်ပွားလို့ပြောရင်ခင့်ရဲ့ညီမလေးကသူ့အမေရဲ့ကိုယ်ပွားဖြစ်လိမ့်မည်။ နှစ်ဖက်မိဘတွေ့ဆုံပွဲလို့အမည်တပ်လို့ရလားမသိတဲ့ညစာစားပွဲကိုတကယ်ခင်မလာခဲ့ပါ။ သို့သော်အမေတို့သာခင့်ကိုအပြင်မှာမတွေ့ဖူးလျှင်ခင့်ညီမလေးကိုသာခင်လိုထင်ကြလိမ့်မည်။ ခင့်ရဲ့ညီမသည်ရှည်လျားသောဆံနွယ်များကိုထုံးဖွဲ့ထားပြီးအသားအရေကညိုသည်။ သူ့အညိုသည်အသားမဖြူလျှင်မလှဘူးဟုသတ်မှတ်ထားသည့် ကိုစောကို လှလိုက်တာဟုထင်မှတ်သွားအောင်လုပ်နိုင်စွမ်းရှိသည်။ သူ့မိဘတွင်လဲပါးချိုင့်ေသးေသးေလးေတာင်မရှိေသာ်လည်းသမုဒ္ဒရာထက်နက်တဲ့ပါးချိုင့်နှစ်ခုရှိသောသူမသည်သူ့အစ်မေကြာင့်ဧည့်ဝတ်မကျေမှာစိုးသဖြင့်အားရပါးရကိုဧည့်ခံနေသည်။ အမဲသားမလှီးတတ်သောကိုစောကြောင့်အခက်တွေ့နေသည်အမေတို့ကိုစကားပြောရင်းလှီးပြီးထားတဲ့အမဲသားပန်းကန်းများကိုမသိမသာလှမ်းပေးသည်။ ညစာစကားဝိုင်းတွင် ခင်နဲ့ကိုစောတို့လက်ထပ်ပြီးရင်လုပ်ငန်းစုနှစ်ခုလဲပူးပေါင်းမယ့်အကြောင်း၊ ခင်တို့နှစ်ယောက်စလုံးကဘာသာကွဲဖြစ်နေသည့်အတွက်နှစ်ဘာသာစလုံး၏ရိုးရာနှင့်အညီလက်ထပ်မယ့်အကြောင်းတို့သာပြောကြသည်။
အဓိကက ခင်။ ခင်ကလီလီ့ကိုရွေးချယ်မယ်ဆိုတစ်ခြားဟာတွေကိုသိပ်ဂရုမစိုက်ပေမယ့်သူ့ညီမကသူ့စော်ကိုလုသွားတာလေဆိုပြီးအရှက်မရချင်ပါ။ ခင်လဲနည်းတူ နောက်ဆုတ်မည့်ပုံမပေါ်။ ခင်သာမလုပ်ဘူးဆိုအခုစီစဥ်ထားတာအကုန်ပျက်သွားမည်ဆိုသော်လည်း.........
အင်း ပျက်သွားမည်မဟုတ်ပေ။ ကိုစောနေရာမှာလီလီဖြစ်နေတာကလွဲ၍ကျန်တာသူ့ဘာသာသူဆက်သွားနေလိမ့်မယ်။ 4နှစ်ကျော်အတူနေလာတာကိုသံယောဇဉ်တောင်မရှိတဲ့ခင့်ကိုလဲအံ့ဩပါသည်။ ကိုစောကပဲဘာတွေမှားမှန်းမသိ။ ဒါမှမဟုတ်ကိုစောကိုယ်တိုင်ကအမှားကြီးဖြစ်နေပြီးလီလီကခင့်အတွက်ပြည့်စုံနေတာဖြစ်ပါလိမ့်မည်။ တွေးလေပူလောင်လေဖြစ်လာပြီးမျက်စိရှေ့မှာရှိတဲ့ဝိုင်ကိုတစ်ကျိုက်တည်းမော့ချလိုက်သည်။ ဝိုင်မှာပါလာတဲ့အရသာတွေကပိုပြင်းရှပြီး ရင်ထဲကပူလောင်မှူတွေနဲ့တွေ့တော့တိုက်ခိုက်နေကြသည့်ပုံပင်။ အဆုံးသတ်မှာဝိုင်ရဲ့ပြင်းရှမှုကအနိုင်ရသွားပြီးကိုစော ပူပန်နေတဲ့အရာမှန်သမျှကိုပထုတ်လိုက်ပါတော့သည်။ နောက်တစ်ခွက်ထက်သောက်ချင်ပေမယ့်လူကြီးတွေရှိသည့်မို့ ငြိမ်ငြိမ်သာနေလိုက်သည်။ ကိုယ့်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ခင့်ရဲ့အမည်မသိညီမဖြစ်သူသည်ကိုယ့်ခွက်သူ့ခွက်နဲ့ကိုလဲလှယ်လိုက်ပြီးကိုစောကိုခေါင်းဆတ်ပြသည်။ ကိုစောလဲကျေးဇူးတင်ကြောင်းခေါင်းငြိမ့်ပြကာဆက်သောက်နေသော်လည်းစိတ်အာရုံကဝိုင်ပေါ်မှာလဲမဟုတ်။ ခင်ဆီမှာလဲမဟုတ်။ လီလီ့ဆီမှာလဲမဟုတ်ပဲပါးချိုင့်နှစ်ခုနှင့်ပြုံးပြနေသည့်ကောင်မလေးထံတွင်ဖြစ်သည်။
__________________________
Zawgyi
စာနှင့်ပင် ပင်ပန်းနေသောဟန်နီသည်လီလီ့ကိုဘယ်လိုမှအကောင်းမမြင်နိုင်တော့ပဲသူမရဲ့ပုခုံးကိုအကြမ်းပတမ်းကိုင်ပြီး
Advertisement
- In Serial24 Chapters
Apathy At Gifted Academy
I don't want other people to see my past. Although other people don't understand, what I have become now is nothing to be envious of. Radical government reforms, schools now become a meritocracy. It's a battle, in this overcrowded world, to reach the very top. The most prestigious school, Valencians College, is a war ground for the smartest and most persistent students, for whoever reaches the top, will change the world. Society has no place for the weak.
8 107 - In Serial10 Chapters
Fantasy Farm Fantastic!
When Qastael reached the end of the world, she found a farm.Discover what it takes to cultivate acreage in the fantasy world of Evma, a place where monsters are the majority and magic grows strange crops. Qastael will need to learn quickly if she wants to bring in enough harvest while finding refuge from a violent past. Maybe she'll find love? It will be a tall order and hopefully Qastael is BIG enough to handle it.THEMESFantasy WesternSlice Of LifeFarming Procedural/EconomyLesbian RomanceAUTHOR'S NOTEHowdy! Ai here. This story will be published for my patrons first then made available here each chapter. I also won't have a regular schedule releasing chapters, as I will be switching between my PG-13 content on RR and more explicit stories over on Literotica (where other of my stories have already started to explore Evma and its secrets). Throwing the Sexual Content Warning up because while I won't publish anything explicit on RR, there will be plenty of steamy flirting.
8 95 - In Serial10 Chapters
Alexis & Wolf
The heat between them is undeniable. All they have to do is give in to one another. Even if that means their best friend/brother is sitting right next to you...right?***Alexis - He's her older brother's best friend and the only guy she's ever loved. She was tired of being seen as just her brothers' little sister. Most of all, she wants his massive hunky body pressing into hers while they make out on the couch!Wolf - She's off-limits for more than one reason. She's his best friend's little sister. She's way too young. Even when she parades herself around in her skimpy little shorts and pouts with her deliciously biteable lips. Totally off limits!
8 197 - In Serial30 Chapters
vinegar and honey
you catch more flies with honey than with vinegar, my father would sayi find it kinda funnythat even though i am honey, you refused to stay.
8 154 - In Serial53 Chapters
You're Still The One *slowly editing* (Completed)
'You didn't answer my question,' he asked, holding her gaze in his hypnotic ones.'Wh... what question?' She was surprised at her own voice, it sounded like of someone else's. She wanted to ask him--which question, there were so many he had asked her tonight. Each one threatening in their own different ways to her sanity.Brandan smiled mysteriously. Not answering her, he instead said something else, 'Don't keep staring at me like that.' His voice was soft. Suddenly, she found herself in some other world.'W.. why?' She stammered ridiculously.His lips slightly brushed against her, she closed her eyes in anticipation, under the spell of their lips connecting. Sparking were the electricity all over her skin. ''Cause....' He took a step back from her, leaving her cold and she was too lost to do something about it--like leaping closer to him and getting engulfed in the euphoric warmth once again. ''Cause, you will fall in love with me... ' He paused as growling deeply a set of thunders boomed above the skies. Cold wind made her hair dance around. He finally finished his sentence, 'Again.'Rain poured down upon her heavily as if the entire sky was about to break down over her, She opened her eyes against the cold water to see he had lef alreadyt, leaving her to drown into his words, completely.***They say love's blind. Maybe that's why Emma loved Brandan despite all odds, more than she loved herself but only to find that it wasn't enough. When time and fate decided to be cruel to the utmost, she found herself broken in all the ways possible. Realizing that love wasn't enough, she picked up her ruined self and found a new beginning at the end.But fate had, apparently, some unexpected plans in store.Against all odds, they were meant to face one another once again. But this time, Brandan was a changed man and so was Emma. While one was burnt from the pain, another was burnt from the guilt. And then...
8 102 - In Serial29 Chapters
Da Capo
Da Capo: a music term for 'from the beginning'. Starting all over again.At twenty-seven, Stephanie Ryan had to restart her life Da Capo. After being heartbroken by her ex-boyfriend Leon, Stephanie knew she needed a change. Music had always been her dearest passion in life, so on a whim she left her boring HR job in Boston to live in London with her friend and fellow violinist Lydia. Taking in the culture of classical music in the city would hopefully remind her who she truly was.Kyle Lancaster had been Juilliard's shining star two years ago: a concert pianist graduating at the top of his class, he soon became a well-known name amongst the classical music scene, selling out performance halls nearly every night while on tour. Now he's back home in London teaching a masterclass at the Royal Academy... but so is his ex, the famous violin virtuoso Chloe Alistair. Being here with her will no doubt be awkward, considering how his fans (and his publicists) expect the two of them to get back together.But one day before class, Kyle walked in on a red-haired woman practicing her violin all alone. He found her to be rude, tactless, and utterly infuriating... and before he knew it, all the plans other people had for his life came crumbling down around him.*COMPLETE*
8 146