《My brother's girlfriend》part 34
Advertisement
8ရက်နေ့၉လပိုင်း၂၀၁၆
အဲ့ဒီနေ့ကပြသာနာတွေစတဲ့နေ့လေးပေါ့။ အဲ့ဒီပြသာနာတွေကြောင့်လီလီကမမဘေးနားမှာဘယ်တော့မှနေခွင့်မရှိတဲ့အဖြစ်ကိုရောက်ခဲ့တယ်။ မရယ် ကလေးကိုရှာပါဦး။ မရဲ့အချစ်တွေကစစ်မှန်နေသရွေ့တော့ကလေးကိုရှာလို့တွေ့မှာပါ။ ကလေးကတော့မရဲ့အချစ်တွေကစ်မှန်ပါစေလို့ပဲဆုတောင်းမယ်။ကလေးလေအရမ်းသေချင်တယ်မရဲ့။ မဘေးနားရှိတုန်းကကလေးလိုပဲနေလို့ရပေမယ့်အခုတော့ကလေးနဲ့မလိုက်ဖက်တဲ့အလုပ်တွေကိုလုပ်နေရပြီ။ မနက်ဖြန်ကျရင်မမများလာရှာနေမလားဆိုတဲ့မျှော့်လင့်ချက်နဲ့စောင့်နေတာကြာလှပြီးမရဲ့။ ကလေးတို့ရဲ့ anniversary နေ့ရောက်တိုင်းဇွဲကပင်တောင်ပေါ်ကမျောက်လေးတွေဆီတစ်ကူးတစ်ကသွားပြီးမမလာရင်ငါ့ဆီခေါ်လာပေးပါလို့ငှက်ပျောသီးတစ်ဖီးနဲ့လိုက်ဖားနေရတယ်။ မရယ် မမသိမှာပါ။ ကလေးကိုချစ်ရင်ကလေးရှိမယ့်နေရာကိုမမအလိုလိုသိနေမှာပါ။
အခြေအနေတွေကဆန့်ကျင်ဘက်တွေကိုပြောင်းသွားတာ မ သိလား။ အနာဂတ်တွေမှာမက ကလေးကိုရှာတွေ့ခဲ့ရင်ကလေးရဲ့အခုအခြေအနေကိုကြည့်ပြီးတော့မမငိုနေမလား။ ငါ့ရဲ့ကလေးကိုဒီလိုထားစရာလားဆိုပြီးဒီကလူတွေကိုပါးရိုက်နေမလား။ ဟူးးးးး ဒါတွေအကုန်လုံးကစိတ်ကူးယဥ်တာပါပဲ။
ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ကျွန်မကအခုတော့ယောင်္ကျားဖြစ်သူပြန်လာမှထမင်းစားရတဲ့အဖြစ်
မမနဲ့လက်ထပ်ပြီးပန်းမွေ့ယာပေါ်မှာနေမယ်ဆိုတဲ့ကျွန်မကအခုဖျာတစ်ချပ်ပေါ်မှာအရက်နံ့နံနေတဲ့ယောင်္ကျားသားတစ်ဦးနဲ့ အိပ်နေရတဲ့အဖြစ်
ကိုယ့်Idolရဲ့merchတွေ၀ယ်ဖို့မမကိုပူဆာဖူးခဲ့တဲ့ကျွန်မကအခုတော့မမကိုသာတွေ့ခွင့်မရှိတော့ရင်သေလဲဖြစ်ပါတယ်ဆိုပြီးဆုတောင်းနေရတဲ့အဖြစ်
မမနမ်းခဲ့ဖူးတဲ့ပါးမို့မို့လေးတွေနှုတ်ခမ်းဖူးဖူးလေးတွေကအခုတော့ဖူးယောင်နေပြီးနှုတ်ခမ်းကလဲသွေးစတွေနဲ့ကွဲအက်လို့
မမချစ်လှပါချည်ရဲ့ဆိုတဲ့ကလေးကအခုတော့ကလေးမုန်းလှပါချည်ရဲ့ဆိုတဲ့ယောင်္ကျားသားတစ်ဦးနဲ့
ဘာတွေဖြစ်သွားမှန်းလီလီကိုယ်တိုင်တောင်မသိပါ။ အဖြစ်အပျက်ကမြန်ဆန်လွန်းလှသည်။ လီလီသိချင်တာကမမကဘာလို့ဒီလိုလုပ်ခဲ့တာလဲ မမကရောဘယ်နေ့ပြန်လာမှာလဲ။ ၃နှစ်လောက်အားကိုးရာမဲ့နေတဲ့လီလီကအခုချိန်ထိအမှတ်မရှိပဲသူ့မမကိုမျှော်နေတုန်းပါ ။ လယ်ကွင်းကြီး၁၀ဧကလောက်အလယ်မှာမှောင်နေတဲ့တိုက်ပုသေးသေးလေးတစ်လုံးမှာမမသာရောက်လာလျှင်ဆိုတဲ့မဖြစ်နိုင်တဲ့မျှော်လင့်ချက်ကြီးကိုလီလီကစောင့်နေခဲ့ပါတယ်....................
လွန်ခဲ့တဲ့၃နှစ်
ဆရာမကိုပစ္စည်းသွားပို့ပေးဖို့ဆိုတဲ့အကြောင်းနဲ့သူ့ငယ်ချင်းတွေနဲ့ကျောင်းကိုဦးတည်ပြီးထွက်လာခဲ့ကြသည်။ ဒီနေ့ကတော့လီလီယာဥ်မောင်းလိုင်စင်ရလို့ပထမအဆုံးအနေနဲ့မြို့လယ်မှာကိုယ်တိုင်ကားမောင်းခဲ့သည်။ နောက်ဆုံးတော့ကားလမ်းတွေကရှုပ်ယှက်ပြီးကားပိတ်နေတာမို့မိစိုးကစိတ်မချသည်နှင့်နေရာလဲလိုက်ရသည်။ နာရီ၀က်နှင့်ရောက်မယ့်နေရာကိုလီလီတို့အုပ်စုက၂နာရီလောက်ကြာမြင့်အောင်မောင်းနှင်ခဲ့ရသည်။ နောက်ဆုံးတော့လုံခြုံရေးပေးတဲ့ပ္စည်းဘူးလေးကိုယူပြီး ဆရာမရှိနေမယ့်ဆေးရုံဆီသို့ဦးတည်လိုက်သည်။ သို့ပေမယ့်ကားမထွက်ခင်လုံခြုံရေးကလီလီတို့ကားနားပြေးလာပြီး ဆေးရုံကိုမဟုတ်ပဲလေယာဥ်ကွင်းဆီပို့ပေးဖို့တောင်းဆိုခဲ့သည်။ အဲ့ဒီမှာစပြီးလီလီတို့သံသယစဖြစ်ခဲ့ပါသည်။ ဆရာကြီးကိုဖုန်းခေါ်တော့လဲမကိုင်လို့ဘာပဲဖြစ်ဖြစ်အပြည်ပြည်ဆိုင်ရာလေယာဥ်ကွင်းကိုအရင်သွားဖို့ဆုံးဖြတ်လိုက်ကြသည်။ လမ်းမှာတင်လီလီစိတ်ခုပြန်တာက ဖာဘူးလေးမှာထင်ထားသလောက်ပေါ့နေသောကြောင့်ဖြစ်သည်။ ဆရာမပစ္စည်းတွေအများကြီးကျန်ခဲ့တာကြောင့်ခရီးဆောင်အိတ်ကြီး၂အိတ်လောက်ရှိမယ်လို့ထင်ထားပေမယ့်အခုကစတုရန်းရေခဲမုန့်ပုံးလောက်ပဲရှိသည်။ အထဲမှာဘာပါလဲလို့ဖွင့်ကြည့်ချင်ပေမယ့်ဆရာမရဲ့PRIVATEကိုမချိုးဖောက်ချင်သောကြောင့်စိတ်ခုနေသောလဲမေ့မေ့ပျောက်ပျောက်သာထားလိုက်သည်။ နောက်ဆုံးတော့အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ပါပြီ
မိစိုး : "လာသွားမယ် ဟော်လီး၀ုဒ်"
လင်းရွှေ : "တိတ်တိတ်နေစမ်း။ မသိရင်တောသားအတိုင်းပဲ "
မိစိုး : "တောသားကနင်လေ စတိုင်ရှိမှစတားဖြစ်မှာကိုနင့်ပုံကလမ်းဘေးကကလေးhoodieကောက်စွပ်တဲ့အတိုင်းပဲ "
လင်းရွှေ : "ဟိုကောင်မကလေဆိပ်အထိလို့မှမပြောတာ Diorကအကျီတွေ၀တ်လာမှာပေါ့ "
လီလီ : "ဟဲ့ တော်တော့ ဒီဟာဘယ်သူ့ကိုပေးရမှာလဲ။ ဘယ်ဂိတ်မှာပစ္စည်းတင်ရမှာလဲ"
ဖူးပွင့် : "ငါဆရာ့ကိုခေါ်ကြည့်ပြီးပြီးမကိုင်ဘူးကွာ "
မိုးပြည့် : "ဟို၀တ်စုံပြည့်၀တ်ထားတဲ့တစ်ယောက်လား "
လီလီ : "မသိဘူးလေဟာ "
မိုးပြည့် : "အိုမို ကြည့် ငါတို့ဆီလာနေပြီ"
မိုးပြည့်ပြောတာမှန်ပါသည်။ ၀တ်စုံပြည့်ခန့်ခန့်ညားညားနဲ့အသက်၂၀ကျော်လောက်ပဲရှိအယ့်လူတစ်ယောက်ကလီလီတို့အနားရောက်လာသည်။ ခန့်တယ်လို့သာပြောတာမမလောက်မခန့်ပါဘူး
"ဒီကညီမတို့ကလီလီလားမသိဘူး အစ်ကိုဆရာကျော်လွှတ်လိုက်တဲ့လူပါ။ ပစ္စည်းပို့ဖို့"
လီလီ : "ဪ ဟုတ်ဒါနဲ့စိတ်ချလို့ရပါ့မလားရှင့် ရှင်လိမ်သွားရင်ဘယ်လိုလုပ်မလဲ"
" ဗျာ "
သူ့ပုံကအတော်လန့်သွားပုံပေါ်သည်။ မင်းသမီးကဇာတ်ညွှန့်ထဲကစာသားအတိုင်းမပြောလို့ဘာပြောလို့ပြောရမှန်းမသိတဲ့မျက်နှာမျိုး
"ဟိုလေ အစ်ကိုရှင်းပြရရင်...........ဟို "
မိုးပြည့် : "ဘာတွေအချိန်ဆွဲနေတာလဲ မြန်မြန်ပြောလေ။ ကျွန်မတို့ကသွားစရာရှိသေးတယ်။ ရှင့်ကိုလဲယုံရတာမဟုတ်တော့အိမ်ပဲပြန်လိုက်တော့မယ်။ ပစ္စည်းကမနက်ဖြန်မှပေးလဲရတယ်။ "
"ခနနေပါဦး......ညီမတို့ရယ် ၃မိနစ်လောက်စောင့်ပေးပါလား အစ်ကိုကလေ တိုးတိုးတိတ်တိတ်လေးပြောချင်လို့ "
လီလီတစ်ခုခုမူမမှန်တာကိုသတိထားမိသွားသည်။ ပစ္စည်းပို့တာလေးကဒီလောက်ထိတိုးတိုးတိတ်တိတ်တွေဖြစ်စရာမလို။ လီလီကိုင်ထားတဲ့ဖာဘူးကိုချက်ချင်းချလိုက်ပြီး အိတ်ထဲကဓားသေးသေးကိုထုတ်ကာဗူးကိုဖောက်ဖို့လုပ်တော့အဲ့ဒီလူကြီးကလီလီ့ကိုအလျင်အမြန်တားပြီး
"ဒီမှာ ဆရာမပစ္စည်းတွေပျက်စီးသွားလိမ့်မယ်"
လီလီ : "ကောင်မတွေ သူ့ကိုတစ်ချက်ထိန်းထားပေး "
လီလီ့ကောင်မတွေကဒီအချိန်ကျတော့အသုံးတည့်သွားသည်။ ထိုလူကြီးကလဲအားသန်သည်မို့၄ယောက်မနည်းဆွဲရသည်။ လေဆိပ်ထဲကလူများကကွက်ကြည့်ကွက်ကြည့်သွားကြသည်။ ဖောက်ထုတ်ဖို့လုပ်နေတုန်း မန်နေဂျာဆိုသူကလဲရောက်လာသည်။
မန်နေဂျာ : "ဟို ညီမတို့အဆင်ပြေရဲ့လား"
လီလီ : " ကျွန်မတို့စစ်ဆေးရေးအခန်းထဲခေါ်သွားပေးပါ။ ဟိုလူကြီးရော ပြီးတော့ဒီဖာဘူးကိုသတိထားပြီးဖောက်ပေး။ အထဲမှာအရေးကြီးတဲ့ဟာတစ်ခုခုပါမယ်လို့ထင်တယ် "
မန်နေဂျာ : "သေချာရဲ့လားညီမ။ လုံခြုံရေး သူ့တို့၅ယောက်ကိုစစ်ဆေးရေးအခန်းထဲခေါ်သွားလိုက်။ ညီမကတော့ ကျွန်တော့်ကိုအရင်ရှင်းပြပေးလို့ရမလား။ "
လီလီ: "စစ်ဆေးရေးအခန်းထဲကိုပဲအရင်သွားရအောင်။ ဒီလူကြီးညီမတို့ကိုတစ်ခုခုလုပ်ကြံနေတာသေချာတယ် "
လီလီရဲ့အရှေ့မှာသွားနေတဲ့လုံခြုံရေးခြေထောက်ကနှေးလိုက်တာလို့တောင်ထင်မိလောက်အောင်လီလီအဖြေကိုတော်တော်သိချင်နေပါပြီ။ နောက်ဆုံးတော့စားပွဲခုံနဲ့ထိုင်ခုံ၂လုံးရှိတဲ့အခန်းကိုရောက်ခဲ့သည်။ မန်နေဂျာကဘူးကိုဖောက်ဖို့ကိရိယာတစ်ခုခုရှာနေစဥ် လီလီကသူ့ရဲ့ခေါက်ဓားလေးကိုထိုးပေးတော့မန်နေဂျာကသူ့ကိုတစ်ခုခုသံသယ၀င်နေမည်ဆိုတာသေချာပါသည်။ သူတို့ရဲ့အလုပ်လုပ်ပုံကတော့မဆိုးပါဘူး။ ဒါပေမယ့်အရမ်းစေ့စပ်သေချာလွန်းသည်။ လီလီကမိုးပြည့်တို့ကိုစစ်ဆေးရေးအခန်းထဲခေါ်သွားခိုင်းတော့မိုးပြည့်တို့ကိုဟိုလူကြီးနဲ့တစ်ဖွဲ့ထဲလို့ထင်သွားပုံပေါ်သည်။ လင်းရွှေ မိစိုး ဖူးပွင့် မိုးပြည့် နဲ့ဟိုလူကြီးတန်းစီးပြီးတော့လက်ထိပ်ခက်ခံထားရသည်။ သူ့တို့ကတော့လီလီ့ကိုအကူအညီတောင်းတဲ့မျက်၀န်းတွေနဲ့ကြည့်မှာကြိုသိလို့သူတို့ကိုကြည့်တောင်မကြည့်ခဲ့ပါ။ အနောက်လှည့်ကြည့်လိုက်တော့ဘယ်တုန်းကရောက်လာမှန်းမသိတဲ့လုံခြုံရေးတွေအထီးရောအမရောလီလီ့အနောက်မှလီလီထွက်ပြေးလို့မရအောင်ကာထားသည်။ ချွေးတွေတစ်တီးတီးကျနေတဲ့ဘူးဖောက်နေတဲ့သူကိုအားမရတော့ပါ။ 50 cmလောက်ပဲရှိတဲ့ဘူးကိုလုပ်နေတာအခုမှ30 cmလောက်ပဲရသေးသည်။ တော်တော်ကြာမှဘူးဖေါက်သမားလဲ ဓားကိုချပြီးသက်ပြင်းချကာ
"အထဲမှာ ချိန်ကိုက်ဗုံးနဲ့ အန်စာတုံးတွေရှိတယ်"
မန်နေဂျာ : "ဘာ !! သေချာကိုင်ပြီးအပြင်ထုတ် "
"ချိန်ကိုက်ဗုံးကအချိန်မသတ်မှတ်ရသေးဘူး။ ငါ့နှယ် လုပ်လာတဲ့သက်တမ်းတစ်လျှောက်ချိန်ကိုက်ဗုံးကိုအခုမှတွေ့ဖူးတာပဲ "
မန်နေဂျာ : "အန်စာတုံးတွေကရော ဘာတွေလဲ "
"မသိဘူး။ lockလား စကား၀ှက်တွေလား။ မဟုတ်မှလွှဲရော မှောင်ခိုပစ္စည်းများလား "
မန်နေဂျာ : "ကလေးတွေ မင်းတို့ဒါကိုရှင်းပြဖို့လိုပြီ။ ဖြစ်စဥ်အသေးစိတ်ကိုကျွန်တော့်ကိုရှင်းပြပေးပါ။ ကျေးဇူးပြုပြီးအမှန်အတိုင်းပြောပေးပါ။ ရဲမူးကြီး recorder လေးတစ်ချက်လောက် "
လီလီ : "ဒီနေ့မတိုင်ခင်မနေ့ကညီမတို့ကျောင်းနှုတ်ဆက်ပွဲလုပ်ပါတယ်။ အဲ့ဒီကျောင်းအုပ်ကြီးကညီမအတန်းပိုင်ဆရာမကျန်းမာရေးမကောင်းလို့သူ့ပစ္စည်းတွေကိုသွားပို့ပေးပါဆိုပြီးညီမတို့ကိုလမ်းကြုံပစ္စည်းပေးခိုင်းတာပါ။ ညီမတို့လဲဒီနေ့မှကျောင်းလုံခြုံရေးဆီကနေယူလာတာပါ။ ကျောင်းလုံခြုံရေးပြန်ပြောတာက ဆရာမကဆေးရုံမှာမရှိတော့ဘူးတဲ့။ အခြေအနေဆိုးလို့နိုင်ငံခြားအထိတောင်ရောက်သွားပြီးတဲ့။ အဲ့ဒါကြောင့်လေဆိပ်ကနေပစ္စည်းလွဲပေးဖို့ပြောပါတယ်။ အဲ့ဒီမှာတင်ညီမသံသယစ၀င်တာ။ ဟိုလူကြီးလာတော့ညီမတို့ကိုထူးဆန်းတာတွေပြောနေတာနဲ့ပိုသံသယ၀င်သွားတာ။ ထင်သားပဲတစ်ခုခုရှိမယ်လို့ "
မန်နေဂျာ : "ဘာဖြစ်လို့ကျောင်းအုပ်ကြီးကိုမဆက်သွယ်ခဲ့တာလဲ။ သံသယစ၀င်ကတည်းကမေးရမှာမဟုတ်လား "
လီလီ : "မေးတာပေါ့။ လုံခြုံရေးကိုမယုံလို့ဆက်တိုက်ဖုန်းခေါ်ခဲ့ပေမယ့်ကျောင်းအုပ်ကြီးကမကိုင်ပါဘူး။ "
ရဲမူးကြီး : " ဒါပေမယ့်မင်းရဲ့ phone history မှာ Last call ကလွန်ခဲ့တဲ့၁ပတ်က "
လီလီ : "အိုမို ရဲတွေကသူခိုးထက်တောင်လက်မြန်တယ်။ ဘယ်တုန်းကယူသွားတာလဲတကယ်ပဲ။ တစ်ယောက်မှဖုန်းဘေလ်မရှိလို့မိစိုးဖုန်းနဲ့ခေါ်တာပါ။ သူ့ဖုန်းမှာရှိပါတယ် "
မိစိုး : "ကျွန်မဖုန်းထုတ်ပေးပါ့မယ်။ ဒီလက်လေးကိုအရင်ဖြုတ်ပေးပါဦး။ ဒီလူကြီးနဲ့ကျွန်မဘာမှမပက်သက်ပါဘူးရှင် "
လုံခြုံရေးတွေကမိစိုးရဲ့စကားတွေကိုမကြားသယောင် ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်။ တစ်ကိုယ်လုံးစစ်တာမို့အိတ်ကပ်ထဲကဖုန်းကိုလွယ်လွယ်ကူကူရှာတွေ့ခဲ့သည်။
ရဲမူးကြီး : "အကြိမ်၅၀ထက်ပိုအောင်ဖုန်းခေါ်ထားတာပဲ။ "
မန်နေဂျာ : "ဒါဆိုဒီကောင်မလေးတွေနဲ့ဒီလူကြီးနဲ့ကမဆိုင်ဘူးပေါ့ "
လီလီ : "မဆိုင်ပါဘူး။ သူတို့ကညီမကိုအဖော်လိုက်ပေးခဲ့တာ။ ခုနတုန်းကလဲဟိုလူကြီးကလဲတားနေလို့သူတို့၄ကောင်ကိုခဏထိန်းထားခိုင်းတာပါ။ "
မန်နေဂျာ : "အဲ့ဒီကောင်မလေးတွေက်ုလက်ထိပ်ဖြုတ်ပေးလိုက်။ ဟိုကောင်ကရော ပြောစရာရှိသေးလား ။ ဒီကောင်မလေးပြောတာအမှန်ပဲလား "
"မဟုတ်ပါဘူး။ သူလိမ်နေတာပါ။ ကျွန်တော့ဆီကိုအပြစ်လွဲချမလို့သူလိမ်နေတာ။ မမလေးအဲ့လိုမလုပ်ပါနဲ့။ ကျွန်တော်အမြတ်ကြီးကြီးရမယ်ဆိုလို့ကျွန်တော့်မိသားစုအတွက်ဒီအလုပ်ကိုလုပ်နေတာပါမမလေးရယ်။ ကျွန်တော့်အိမ်ပြန်အလာကိုသူတို့စောင့်နေတာပါမမလေးရယ် ကျွန်တော့်ကိုအဲ့လိုမလုပ်ပါနဲ့"
အဲ့ဒီလူကြီးကထိုင်နေရာကနေလီလီ့ခြေထောက်နားကိုဒူးထောက်ပြီးတော့ငိုယိုပြီးတော့ကိုတောင်းဆိုနေသည်။ ဒါပေမယ့်လီလီမှသူ့ကိုမသိတာ............
လီလီ : "နူဂူဆယ်ရော?"
မန်နေဂျာ : "မြန်မာလိုပြော။ စကား၀ှက်တွေဘာတွေသုံးမနေနဲ့ "
လီလီ : "ညီမကျိမ်ရဲပါတယ်။ သူ့ကိုအခုမှမြင်ဖူးတာပါ။ ဘယ်သူလဲမသိပါဘူး။ "
ရဲမူးကြီး : "ကောင်မလေးတွေပြောတာမှန်ပါတယ်။ တစ်မြို့လုံးကCCTVတွေကကြည့်တာ သူပြောတဲ့အတိုင်းပါပဲ။ ဒါကသူကျောင်းရှေ့ကိုBMWနဲ့လာတာပါ။ ဒါကလေဆိပ်ကိုလာတဲ့လမ်းတစ်လျှောက်ပြီးတော့Cctv number 103ကိုကြည့်ချင်းအားဖြင့်ကောင်မလေးတွေဒီကောင်ကိုမသိဘူးဆိုသေချာပါတယ်။ "
ရဲမူးကြီးနဲ့မန်နေဂျာကlaptopတစ်လုံးကိုကြည့်ပြီးဆွေနွေးကြပုံလေးကညားခါစလင်မယားဟန်နီမွန်းခရီးထွက်ဖို့ပြင်နေပုံနဲ့တူသည်။ နဂိုကတည်းကshipချင်နေတာနဲ့လီလီ့အတွက်ခွင်ပါပဲ။
မန်နေဂျာ : "ok ဒါဆို ဟိုလေးယောက်ကတော့မှတ်ပုံတင်လေးပြပြီးရင်ဒီအစ်မမေးတဲ့မေးခွန်းလေးတွေဖြေပြီးရင်အိမ်ပြန်လို့ရတယ်။ ဒီညီမနဲ့ဟိုကောင်ကိုသေချာစစ်ဆေးရမယ်။ ကျောင်းအုပ်ကြီးရဲ့ဖုန်းနံပါတ်ပြောပြပေးပါလား။ ပြီးတော့မင်းမှာအုပ်ထိန်းသူရှိလား "
Advertisement
လီလီ: "မိစိုးရဲ့ဖုန်းမှာကျောင်းအုပ်ကြီးရဲ့ဖုန်းနံပါတ်ရှိပါတယ်။ အုပ်ထိန်းသူကတော့အစ်ကိုရယ် အဖေရယ် Girlfriendလဲရှိပါတယ် "
ရဲမူးကြီး : "ဆရာ သူ့ရဲ့ profileကိုလာကြည့်ပါဦး "
မန်နေဂျာ : "Wow မင်းက BMW မြန်မာကိုယ်စားလှယ် company CEO ရဲ့သမီးပဲ။ ခဏနေပါဦး အသက်၁၈နှစ်ကတည်းအမွေဆက်ခံတာဆိုအခုအသက်၁၉နှစ်တောင်ရှိနေပြီပဲ။ သူ့အဖေတောင်ယာယီCEOပဲဖြစ်နေပါလား။ ဒီကိစ္စသာသတင်းဖြစ်သွားရင်တော်တော်ဆိုးမှာပဲ "
လီလီ : "ဘာကို.....ဆိုလို......ဒါ....လဲ"
ရဲမူးကြီး : "ရုတ်ရုတ်မလုပ်နဲ့နော်။ ကျွန်တော်တို့ပါပါသွားမယ်။ သိတဲ့အတိုင်းလူကုံထံတွေရဲ့သားသမီးတွေကကျွန်တော်တို့ဘယ်လိုမှမယှဥ်နိုင်တဲ့အနေအထားတစ်ခုမှာလေ "
မန်နေဂျာ : "မင်းပြောမှငါတောင်ကြောက်လာပြီးဒီတိုင်းပြန်လွတ်ပေးလိုက်ရင်ကောင်းမလား "
ရဲမူးကြီး : "အဲ့တာဆိုကျွန်တော်တို့အလုပ်ပြုတ်မှာပေါ့။ အရင်ဆုံးမီးစင်ကြည့်ကရအောင် "
" တီ တီ တီ မမလေးခင်လေးနွယ်စစ်ဆေးရေးအခန်းကိုလာနေပါတယ် အိုဗာ "
ရဲမှူးကြီး : " သတင်းလက်ခံရရှိပါပြီ Over "
လီလီ : "ခင်လေးနွယ် ဟုတ်တယ်။ အဲ့တာညီမရဲ့Girlfriendလေ "
ရဲမှူးကြီး : "ဗျာ "
မန်နေဂျာ: "ဟမ် "
ရဲမှူးကြီးရောမန်နေဂျာရောလီလီကြောင်ကြည့်နေကြသည်။ နောက်တော့ဒုန်းဆိုပြီးကယ်လောင်တဲ့တံခါးဖွင့်သံနဲ့အတူ လီလီရဲ့အမျိုးသမီးလေးပေါ်လာပါပြီ။ လီလီရဲ့အမျိုးသမီးလေးနဲ့အတူအနောက်ကမျိုးမစစ်လေးပါပါလာသည်။
ခင်: "ရော့ ဒီကောင်ကကျောင်းအုပ်ကြီး။ ကျွန်မမှာသက်သေအကုန်ရှိတယ်။ အုပ်ကြီးနဲ့ဟိုတစ်ကောင်ကိုဖမ်းထား။ ဒီကလေးကျွန်မပြန်ခေါ်သွားမယ်။ သက်သေတွေကိုရဲမှူးကြီးရဲ့emailကနေပို့ပေးလိုက်မယ် "
ရဲမှူးကြီး : " အယ်......အဲ့လို....အဲ့လိုလုပ်လို့မရသေးပါဘူး။ ကျွန်တော်တို့စစ်ဆေးရပါဦးမယ် "
ခင် : "ငါသူ့ကိုအာမခံတယ်ကောင်စုတ်တွေရဲ့ တစ်ခုခုသံသ၀င်ရင်ငါ့ကိုလာပြောလို့ရတယ်။ တရားဥပဒေနဲ့အညီလုပ်ပေးမယ်။ တစ်ခုခုပြောစရာရှိသေးလား "
ရဲမှုးကြီးAndမန်နေဂျာကြီး : "မရှိတော့ပါဘူး "
ခင် : "လာပါဦး ကလေးလေး။ ဘယ်လောက်တောင်ကြောက်နေမလဲ။ မ လာတာနောက်ကျသွားတယ် "
လီလီ : "သူတို့တွေကလေခုံကိုလေဒုန်းကနဲ့ထုပြီးတော့ကလေးကိုမေးတာ။ ဟိုကောင်ကြီးကလဲကလေးကိုဆွဲတာ။ ကြည့်ပါဦးနီရဲနေတာပဲ "
ခင် : "ကလေးကိုအဲ့လောက်ထိလုပ်တာလား။ မ နောက်တစ်ခါကျရင်အဲ့လိုမဖြစ်အောင်လုပ်ပေးမယ်နော်။ မရဲ့ကလေးလေးနာသွားတာပေါ့"
တံခါးမပိတ်ခင်လေးတောင်နှစ်ယောက်သားတတွတ်တွတ်နဲ့စကားပြောသွားကြသည်။ ရဲမှုးကြီးနဲ့မန်နေဂျာကြီးကတော့ ဘာလိုပြောရမှန်းပငိမသိတော့
ရဲမှူးကြီး: "အခုကျွန်တော်တို့ခင်မို့မို့အေးဖြစ်သွားတာလား။ ကျွန်တော်တို့ခုံကိုဒုန်းကနဲမထုခဲ့ပါဘူး "
မန်နေဂျာ : "အလုပ်မပြုတ်တာတောင်ကံကောင်းတယ်လို့မှတ်။ ဟိုနှစ်ကောင်ကိုပဲအရင်စစ်ရအောင်။ လူချမ်းသာတွေကိုတော့မလိုက်နိုင်တော့ဘူး "
ရဲမှုးကြီး : "ဟုတ် ဆရာ။ ကဲ ဟိုနှစ်ကောင်"
-
-
-
-
-
-
-
-
-
-
-
-
-
-
ကားမောင်းလာရင်းခင်ကကားကိုရုတ်တရပ်ဘေးကိုချကာလီလီနဲ့စကားပြောဖို့ပြင်လိုက်သည်။
ခင် : "ကလေး မ တောင်းပန်ပါတယ်။ မ တကယ်အရမ်းတုံးအမိတယ်။ ကလေးကိုပစ်ထားသလိုဖြစ်သွားတယ်"
လီလီ : "ဘာကိုလဲ။ ဟိုမန်နေဂျာရော မမရော ဘာတွေပြောနေကြမှန်းကလေးတစ်ခုမှနားမလည်ဘူး "
ခင် : "အဲ့တာဆိုလဲရှည်ရှည်ေ၀းေ၀းပြောမနေတော့ပါဘူး။ မ USကနေပြန်လာတာနဲ့မတို့လက်ထပ်ရအောင်"
လီလီ : "ဒါကတော့ဘယ်အချိန်မေးမေးYesပါပဲ "
ခင် လီလီရဲ့ကိုယ်လုံးသေးသေးလေးကိုသူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး
ခင် : "မလေ ကလေးကိုအထင်တွေလွဲနေခဲ့တာ။ ကလေးကမကိုသစ္စာဖောက်မယ်လို့ထင်ပြီးတော့ "
ကလေး : "ဘာတွေပြောနေတာလဲ။ ကလေးအဲ့လိုဘယ်တော့မှမလုပ်ဘူး။ မအမြဲမှတ်ထား။ ကလေးလေမကိုဘယ်တော့မှမထားသွားဘူး။ ကလေးမနဲ့အိုမင်းသွားတဲ့အထိနေမယ်။ ကလေးတို့ကငယ်ငယ်ကတည်းကနေလက်ထပ်လာတာလေ "
ခင် : " မကလေးကိုအရမ်းချစ်တယ် "
လီလီ : "ကလေးကပ်ိုချစ်တယ်"
မုန်တိုင်းတွေမလာခင်အထိသူတို့နှစ်ဦးသားသာယာနေခဲ့ကြပါတယ်။ မုန်တိုင်းကနာဂစ်မုန်တိုင်းလိုအားအရမ်းပြင်းတဲ့မုန်တိုင်းမလာခင်အထိပေါ့..................
___________________________
Zawgyi
8ရက်နေ့၉လပိုင်း၂၀၁၆
လွန်ခဲ့တဲ့၃နှစ်
လီလီ : "မသိဘူးလေဟာ "
" ဗျာ "
Advertisement
- In Serial330 Chapters
I’ll Teach You, Marianne.
Marianne, a talented curator at a museum, caught the attention of Mrs. Chaterine Ganke, a painting enthusiast who was also a very wealthy lady. The lady liked Marianne so much that she insisted her grandson, Leonardo Ganke, to marry her. Leon didn't love Marianne, but he couldn't refuse his grandmother's request.
8 1546 - In Serial40 Chapters
The Alpha's Prized Enforcer (The Shadow Hunters #1)
Outcast Aella came to the Shadow Hunters pack to make a name for herself as a warrior; finding her fated mate was never the plan, particularly when he's the pack Alpha. *****Aella Spades is determined to join the Elite Syndicate--the particular unit of Enforcers bestowed with the task to enforce, protect, and defend the Shadow Hunters. Her plans get royally screwed up the minute she enters the notorious Pack's territory, where she finds an unwelcome surprise in its Alpha--her fated mate. But with strange incursions into Shadow Hunters territory and a growing threat on the horizon, pushing Jude away is the least of her problems. As much as she doesn't want a mate, Aella and Jude will have to work together if they-and the rest of the pack-are going to make it out alive.
8.18 450 - In Serial33 Chapters
The Mafia Leader's Bambino
Mia Harris is a beautiful African American woman Journalist who just got popular. She's a bad girl but with a good girl appearance. She's clumsy enough to bump into the big bad mafia leader Niccolo Lombardi while walking through the park.Niccolo Lombardi aka Nico The powerful mafia Leader who is italian is a hardcore badass on the outside but what's he like on the inside? No one's ever got close enough until Mia came will she make it as the Mafia leaders girl? Or will she be used like every other girl he's had? Will she ever tell him who she really is?I DO NOT OWN THESE PICTURES?!
8 114 - In Serial48 Chapters
My Cruel Husband 1 || Jeon Jungkook
In which Jeon Jungkook agrees to marry Song Taehee(you) because of some reasons.She's happy.While he isn't.She does everything for him.While he does everything for another woman. =======================================Was #3 in fanfiction. Thank you readers!=======================================Note: Due to the countless requests made by the readers, I'm re-publishing this story again as an 'edited-version'. Those who have finished reading this story before, yes, I removed some of the contents.=======================================
8 470 - In Serial11 Chapters
Fundy x Dream
A long story about Fundy And Dream's love life starting from the very beginning.
8 174 - In Serial42 Chapters
His Forbidden Entanglement ✔
And one day, his name didn't make her smile anymore...𝗪𝗔𝗥𝗡𝗜𝗡𝗚!This story contains extremely dark content-Including Sexual Abuse (Not between the leads). Some readers may find it upsetting. More details are in the disclaimer.
8 196