《My brother's girlfriend》part 24
Advertisement
🎵🎵တီ........တီ........တီ"🎵🎵
"ဟယ္လို"
"ဘာဖြစ်လဲပြော။"
"ဟုတ်ကဲ့ မမလေး"
-
-
-
-
-
-
-
-
-
-
12:15 at school
"Ayyyyyyyအဲ လယ်"
မိုးပြည့်: "ခနခန နေဦး။ ငါအရင်ပြေးမယ်"
မိစိုး: "င်ါနောက်လိုက်ခဲ့😝😝"
လီလီပါးစပ်ကနေသူရဲ့သူငယ်ချင်းတွေကိမြေတ္တာပို့ရင်းပြေးလာလိုက်တော့သည်။
"အန်ကယ်........အဆင်ပြေရဲ့လား။"
______________________________
Unicode
🎵🎵တီ........တီ........တီ"🎵🎵
"ဟယ်လို"
ခင်အလုပ်များနေတုန်းဖုန်းလာတာမျိုးမုန်းသည်။ ဒါပေမယ့်အခုဖုန်းဆက်တဲ့သူကလီလီရဲ့တိတ်တခိုး bodyguardလေးမို့ကောက်ကိုင်လိုက်ရသည်။
"မမလေး။ ကိစ္စကအထွေအထူးမရှိပေမယ့်မသင်္ကာစရာရှိလို့ပါ"
"ဘာဖြစ်လဲပြော။"
"ကျောင်းအုပ်ဆရာကြီးကလီလီတို့ရှိတဲ့အခန်းကိုပဲချောင်းနေတယ်မမလေး။ ပြီးတော့ကျောင်းသားတွေနေ့လည်စာစာတဲ့အချိန်ဆိုကျွန်တော်ကိုအခန်းထဲပေးမဝင်ဘူး။ အရင်ကသန့်ရှင်းရေးတွေပြောပြတာတော့နားချိန်တိုင်းကျောင်းသားတွေရဲ့အမှိုက်တွေကိုမကောက်ပေးပဲစစ်ရမယ်တဲ့။ အခုကသူကိုယ်တိုင်ပေးတောင်မဝင်ဘူး။ လီလီတို့အခန်းဘဲပေးမဝင်တာ။ အခြားအခန်းကျသူဘာမှမပြောဘူး"
ထင်သားပဲ။ ခင်အစကတည်းထင်တယ်။ ငကျော်တစ်ကောင်ဘယ်လိုလုပ်ခင်နဲ့လီလီတို့ဆက်ဆံရေးကိုသိတာပါလိမ့်။ ခင်အကြံကောင်းလို့တော်သေးသည်။ ခင့်အကြံကအဲ့ဒီကျောင်းမှာရှိတဲ့လုံခြုံရေးနဲ့ သန့်ရှင်းရေးတစ်ချို့တစ်ဝက်ကိုအလုပ်ထွက်စေပြီးသူတို့အစားမိမိရဲ့လူများကိုအစားထိုးဝင်စေသည်။ ကိုကျော်တစ်ယောက်ဘာတွေကြံနေမှန်းမသိပေမယ့်ခင့်ရဲ့ကလေးကိုတော့ထိခိုက်လို့မဖြစ်ပါ။
"မင်းခန့် ......နင်နဲ့သီဟနဲ့ကျောင်းအုပ်ကြီးဆိုတဲ့သူကိုစောင့်ကြည့်ထား။ ကျန်တဲ့သူတွေကိုလီလီကိုပိုပြီးအနီးကပ်စောင့်ရှောက်စေချင်တယ်။ "
"ဟုတ်ကဲ့ မမလေး"
"အေး..ဒါပဲ။ လီလီတစ်ခုခုဖြစ်ရင်နင်တို့မလွယ်ဘူးနော်။"
သေချာသတိပေးကာဖုန်းချလိုက်သည်။ ဖြစ်နိုင်ရင်ကိုယ်တိုင်အနီးကပ်စောင့်ရှောက်ချင်ပေမယ့်အလုပ်တွေနဲ့မအား။
"မခင်ရေ........Meetingစတော့မယ်နော်"
တွေးဖို့တောင်မအားတဲ့ခင့်အဖြစ်။ အရမ်းပင်ပန်းတာပဲ။ အခုချိန်လေးကလေးရဲ့မျက်နှာလေးတွေ့ရရင်အမောပြေသွားမှာပဲ။ တွေးဖို့မအားတဲ့ကြားကနေတောင်ကလေးရဲ့အကြောင်းကိုတွေးလိုက်ပါသေးတယ်။
-
-
-
-
-
-
-
-
-
-
12:15 at school
လီလီ: "Yum....yum. Yum. အရမ်းစားကောင်းတာပဲ။ လင်းရွှေ ရော့စားကြည့်။ဒီကျောင်းက အစားအသောက်လည်းမဆိုးပါဘူး"
လင်းရွှေ: "မစားပါဘူး။ ဒီလိုဟင်းတွေချက်တာသန်ရဲ့လားတောင်မသိပဲပါးစပ်ထဲအကုန်မျိုစို့နေလိုက်။သိလား။ မဟုတ်ရင်အာဖရိကတိုက်ကမစားရမသောက်ရဖြစ်နေတဲ့ကလေးတွေကျနေတာပဲ"
လီလီကလင်းရွှေကိုမျက်စောင့်ပိတ်ထိုးကာဆက်စားနေလိုက်သည်။ ကန်စွန်းရွက်အချဉ်ဟင်းနဲ့ဆိတ်သားဟင်းကလီလီသိပ်မစားပေမယ့်အပြင်မှာစားရလို့လားမသိ။ အခုမှအရမ်းစားကောင်းနေသည်။
မိစိုး: "ဟဲ့......ဟိုမှာကျောင်းအုပ်ဆရာကြီးလားမထင်ရဘူးနော်။ ခန့်နေတာပဲ"
လီလီကတော့အစားမပျက်။ နဂိုကတည်းကလည်းကြည့်ချင်နေတာမှမဟုတ်တာ။ ကျောင်းအပ်တဲ့နေကသူ့ရဲ့အပြုအမူတွေကလည်းအရမ်းထူးဆန်းသည်။
မိုးပြည့်: " အမယ်.....နင်တို့ကြီးတော်ကြီးကမမရှိလို့ကောင်လေးချောချောတွေတောင်မငမ်းတော့ဘူးတဲ့"
မိုးပြည့်၊ ဖူးပွင့်၊ မိစိုး၊ လင်းရွှေ:
"Ayyyyyyyအဲ လယ်"
လီလီကလွဲပြီးသူငယ်ချင်းတစ်စုလုံးကအသံကျယ်ကြီးနဲ့စနေတာမို့ကျောင်းသားအချို့တောင်လီလီ့တို့ဝိုင်းအားကြည့်လာကြသည်။ ဆရာမတွေလည်းကြည့်နေတာမို့လီခီဒေါသထွက်ပြီး
လီလီ: "သောက်ကောင်မတွေက အသံကအဲ့လောက်ကျယ်ရလား။ သူများတွေကြည့်ကုန်ပြီး။ သောက်ပါးစပ်ပိတ်ထား "
လေသံလေးနဲ့ပြောကာမျက်စောင်းကြီးပိတ်ထိုးပစ်လိုက်သည်။ ဒါတောင်ဒင်းတို့ကမရပ်သေးပဲ
မိစိုး: "အမယ်။ မဟုတ်လို့လား။ မမမဟုတ်ရင်.......မမမဟုတ်ရင်.....ဘယ်သူများလဲ"
ရွဲ့သလိုလိုပြောနေတဲ့အချိန်ဆိုသူတို့ကိုသေလောက်အောင်မုန်းသည်။ ဘေးမှာလဲကျောင်းသားတွေရှိနေသည်မို့
မိုးပြည့်၊ ဖူးပွင့်: "မာမီတဲ့.....ဟားဟားဟား"
အသံကသိပ်တော့မကျယ်လိုက်ပေမယ့်လှောင်ရယ်နေကြတာမို့.....
လီလီ: "အေး.....နင်တို့ပြေးထား။ ငါဒီတစ်ပွဲစားကုန်ရင်နင်တို့သေပြီ"
မိုးပြည့်: "ခနခန နေဦး။ ငါအရင်ပြေးမယ်"
မိစိုး: "ငါ်နောက်လိုက်ခဲ့😝😝"
လီလီကတော့တစ်ဇွန်းပြီးတစ်ဇွန်းပါးစပ်ထဲဇွတ်ထည့်ရင်း....မိုးပြည့်တို့ကတော့အနောက်ကိုလှည့်ကြည့်ရင်းပြေးရင်း.......
လီလီ: "နင်တို့တော့သေပြီးသာမှတ်"
လီလီပါးစပ်ကနေသူရဲ့သူငယ်ချင်းတွေကိြမေတ္တာပို့ရင်းပြေးလာလိုက်တော့သည်။
ဒီနေ့ခင်လီလီ့ကိုသွားကြိုမယ်လ်ိုစဉ်းစားထားသည်။ အန်ကယ်တို့သွားမကြိုရအောင်ခင်ကြိုပြောထားရမယ်။ ခင်တကယ်ကိုမေ့သွားခဲ့တာအခန်းတံခါယခေါက်ဖို့ကို ....သတိရတဲ့အချိန်ကတံခါးတောင်ဟနေပြီးအန်ကယ်နဲ့အန်ကယ်တို့ရဲ့စကားသံများကိုကြားလိုက်ရသည်။
"နိုင်ငံခြားမှာခွဲစိတ်မှရမယ်တဲ့။ တစ်ခုခုလုပ်ပါဦး။ ရှင့်သမီးလေးကသူ့ကြီးကြီးကိုအရမ်းချစ်တာလေ"
"ငါလည်းတတ်နိုင်သမျှလုပ်နေတာပဲ။ ခဏစောင့်ပါဦး။ အခုချွေးမလေးခင်ကြောင့်ငါတို့လုပ်ငန်းအရမ်းအဆင်ပြေနေတယ်။ ဒါပေမယ့်1လလောက်စောင့်ပါဦး။ အဲ့ဒီအချိန်ကျရင် company ရဲ့ဘဏ္ဍာရေးပတွက်စိတ်ပူစရာမရှိတော့ဘူး။ အခုချိန်ကတကယ်ကိုအဆင်မပြေလို့ပါ မိန်းမရယ်။"
"ရှင်....ရှင့်အတွက်တော့ companyကပိုအရေးကြီးမှာပေါ့။ ကျွန်မအတွက်တော့မိသားစုဆိုလို့ကျွန်မအစ်မတစ်ယောက်ပဲရှိတော့တာ။ ကျွန်မဆုံးရှုံးလို့မဖြစ်ဘူး။ "
"မိန်းမရယ်.....ကိုယ်.....ကိုယ်က"
ရုတ်တရပ်အန်တီ့ခြေသံများကြားသောကြောင့်ခင်အခုမှအခန်းရှေ့မှဖြတ်သွားသလိုလမ်းလျှောက်သွားလိုက်သည်။ အန်တီကသတိထားမိပုံမပေါ်။ မျက်ရည်များကျကာအပြင်သို့ထွက်သွားသည်။ ခင်သေချာမတွေးတတ်တော့။ ဒါကလေးရဲ့မိသားစုကိစ္စဆိုတာသေချာပါသည်။ မိသားစုအတွင်းရေးမို့ခင်ဝင်မပါသင့်သော်လည်းခင်မှတ်မိသည့်စကားက
"သမီးလေးကသူ့ကြီးကြီးကိုအရမ်းချစ်တာလေ"
ကြီးကြီးဆိုသောသူကိုခင်တစ်ခါတစ်လေစကဝိုင်းမှာပါသောကြောင့်သတိထားမိပါသည်။ ဒါပေမယ့်သေချာတော့မသိ။ ကလေးသူ့ကြီးကြီးကိုအရမ်းချစ်ကြောင်းပြောနေတတ်သည်။ ကြီးကြီးမှာလည်းရောဂါရှိတယ်နဲ့တူတယ်။ သူသာထွက်သွားရင်ကလေးတော့အရမ်းဝမ်းနည်းနေတော့မှာပဲ။ ကလေးကိုပြောပြသင့်လား။ ဒါမှမဟုတ်အန်ကယ်တို့နဲ့ပဲတိုင်ပင်ရင်ကောင်းမလား။ ခင်အခန်းထဲဝင်သွားသောအခါအန်ကယ်ကသူ့မျက်နှာကိုလက်ဖြင့်အုပ်ကာခေါင်းငုပ်ကာထိုင်နေသည်။
"အန်ကယ်........အဆင်ပြေရဲ့လား။"
"ျ.....သမီးလေး။ ဘယ်အချိန်ကရောက်နေတာလဲ။ အန်ကယ်အဆင်ပြေပါတယ်။ ဘာမှမဖြစ်ပါဘူး"
"ခုနကပဲရောက်တာပါ။ အန်ကယ်ကိုပြောမလို့။ လီလီကိုသမီးပဲသွားကြိုလိုက်ပါ့မယ်လို့။ အန်ကယ်မအားမှာစိုးလို့ပါ"
"အန်ကယ်လည်းပြောမလို့ပဲ။ လီလီကိုသွားကြိုပေးပါဦးလို့။ အခုတလောအန်ကယ်လည်းမအားဘူးလေ။ "
အန်ကယ်ကခင့်ကိုကြည့်ကာပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ်။ သမီးရယ်။ လီလီလိုကလေးဆိုးလေးကိုဂရုစိုက်ပေးတာ။ "
"ကိုယ်နဲ့အမျိုးတော်လာမယ့်သူပဲလေ ။ဂရုစိုက်ပေးမှာပေါ့"
ခင်အကြံဆိုးနဲ့ပြုံးမိသည်။ ဟုတ်တာပဲလေ။ ခင်မလိမ်ပါဘူး။ ခင်နဲ့လီလီနဲ့ကအမျိုးတော်လာလိမ့်မယ်လေ။ အနာဂတ်ကျရင်...မရီးအနေနဲ့တော့မဟုတ်ဘူး။ လီလီရဲ့ဇနီးအနေနဲ့..........ဟီးဟီး
______________________________
လိုအပ်တာရှိရင်ပြောကြပါဦးနော်။ အခုတလောမြန်မြန်မ upပေးနိုင်လို့တောင်းပန်ပါတယ်။ အခုမှ viewerတွေကိုသတိထားမိတယ်။ part 9မှာ viewerတွေသိပ်သိပ်များ🌚🌚
Advertisement
- In Serial14 Chapters
A Blank Tale
I only hope to be with him for this life. For he's the one who fills in the blank in my life. Yet, my mind only draws a blank as to who he is. (NOTE: Story under same author (Fluffypie) on different site with same progress)
8 149 - In Serial17 Chapters
Haruhi's Secret (OHSHC Fanfic)
[COMPLETED]Haruhi has been part of the host club for a while now but what happens when Haruhi isn't acting like herself?What if the hosts realize that she's acting differently?Will she tell them the reason why or will she keep it to herself?Find out by reading Haruhi's secret!* possible romances and slight cursingHighest rank:#1 in haruhifujioka 👏👏 10/27/19 - 12/16/19
8 137 - In Serial50 Chapters
For Your Eyes Only
He was the boy that no one noticed. He was quiet, bland to the naked eye, a total wallflower who sat on the sidelines and lacked in eye contact with those around him though he had the type of eyes that made you feel like you could drown. He tried his best to blend into the background, but what he didn't know was that he was the only one that caught my eye. He was the most intriguing person I had ever laid eyes on even though he couldn't see me. He couldn't see anything.
8 215 - In Serial22 Chapters
Rejecting the Rejected
Kim Drake was a loner - someone most people didn't even knew existed, or cared to recognize her existence. This included her town's local bad boy, Carter, despite knowing that they were mates. Did she forget to mention she was a werewolf? Life was already had enough as a high schooler, not to mention being a teenage werewolf dealing with rejection from the one person who is supposed to accept and love her above everyone else.
8 306 - In Serial61 Chapters
Zindagi Ka Safar ( The Journey Of Life)
She thinks she can change him by loving him harder...and the sad part of all this is...he probably will change...one day... When she has given up and walked away~~~~~~~Sheharyar Ali is a 28 years old and runs biggest tycoons. He is a billionaire and the only thing he loves the most in this world is only his mother and sister Alia . His father has died so he runs the company and he can do anything for his family.Soha Imtiyaz is a shy girl from an ordinary family. She is 27years old and is a DOCTOR. She lives with her mother ,father Mr and mrs Imtiyaz and loving brother Zohaib .Life would take a huge turn when relationship of zohaib and alia will change life of both sheharyar and soha...
8 179 - In Serial20 Chapters
The Unknown Girl! (Tittle might change)
This is a Rocky centered story where he falls for a girl who mysteriously has amnesia and been wondering around grandpas cabin! Where did she come from? Who is she really and will they be able to find out about her family and her past?Read more to find out their adventure together along with Colt and Tum Tum! (I might make more side characters for them later!)
8 115