《My brother's girlfriend》part 2
Advertisement
လီလီ ; " အေးလေ။ဘာဖြစ်လို့လဲ"
Unicode
လီလီအိမ်ပြန်လမ်းတစ်လျှောက်စဉ်းစားမိသည်။ သူမ၏လျှိ့ဝှက်ချက်ကိုယောက်ကျားလေးအများအပြားသိပြီးဖြစ်သည်။ သို့သော် ဘာကြောင့်သူတို့ပြန်မပြောကြတာပါလိမ့်။ သတင်းမပြန့်သေး။ သူတို့ကောင်းမှုကြောင့်လီလီသည် လာကပ်သမျှလူတိုင်းကိုပြန်ပြောပြနေရသည်။
အိမ်ရောက်တော့ဖေဖေပြန်မလာသေး။မေမေကအနောက်မှာအကြီးနှင့်ဟင်းပွဲပြင်နေသည်။ မေမေကိုအနောက်ကနေဖက်ပြီး"မေကြီးရေ" လို့အသာလေးခေါ်လိုက်သည်။ မေမေသည်သူမနှင့်မျက်နှာချင်းဆိုင်၍ "ျ ပြန်လာပြီပေါ့ ကလေးအကြီးစားလေး" လို့ရွဲ့ပြောပြီးသူမခေါင်းကိုခေါက်လိုက်သည်။ " နာတယ်အမေရဲ့"ခေါင်းကိုကိုင်ပြီးပြောနေသည်။ "ဒါဆိုဘာဖြစ်လို့နောက်ကျမှပြန်လာလဲ။သွားရေချိုး ပြီးရင်ထမင်းစားမယ်" လီလီခဗျာ နှုတ်ခမ်းကြီးဆူပြီး ဟုတ် လို့သာပြန်ဖြေခဲ့လေသည်။
ရေချိုးပြီးနောက်hoodieအဝါ နှင့်ဘောင်းဘီရှည်ခဲရောင်ကြီးဝတ်ကာပြေးဆင်းလာခဲ့သည်။ ထမင်းစားပွဲဆီရောက်တော့သူ့အဖေတောင်ရောက်နှင့်နေပြီ။ "ဖြေးဖြေးလာပါ။ ဘယ်သူမှလုမစားပါဘူး" ဟုသူ့မအဖေပြောရင်းရယ်နေလေသည်။ သူမလည်းအဖေ့ဘေးမှာဝင်ထိုင်လိုက်ပြီ။ထမင်းကိုမြိန်ရေယှက်ရေစားလေသည်။ သူ့အကြီးကတော့သူ့ တူမလေးကိုချစ်မ၀ဖြစ်နေသည်။
ထမင်းစားပြီးတော့သူမအဖေကသူမကိုခေါ်သည်နှင့်စာဖတ်ခန်းထဲဝင်သွားလိုက်သည်။ "သမီးရေ အရေးကြီးကိစ္စတော့မဟုတ်ပါဘူး။ အထုတ်တွေပြင်ထားတော့နော်။ သဘက်ခါမနက်၆နာရီကားနဲ့ရန်ကုန်သွားမှာ" ။လီလီအဖေ့နားသွား၍ "ဖေရီး လီလီရန်ကုန်ရောက်ရင်ဘယ့်သူဆီမှာနေရမှာလဲ။" သူ့အဖေကတစ်ချက်ရယ်လိုက်ပြီ။
" ကိုရီးဆီမှာသွားနေရမှာပေါ့။ စိတ်မပူပါနဲ့။ သမီးကိုကြီးရဲ့အိမ်မရောက်ဖူးသေးလို့။ အခန်းတွေအများကြီးရှိတယ်။အကျယ်ကြီးဘဲ" သူမအဖေအဲ့လိုပြောတော့အခန်းထဲသာဝင်လာလိုက်တော့သည်။ အစ်ကို့ရီးစားမရှိပါစေနဲ့လို့ဆုတောင်းရင်း
ဇာတ်ကားကြည့်နေရင်း အစ်ကို့ဆီမှစာဝင်လာသည်။ " နင်ငါ့အိမ်မှာလာနေမယ်ဆို"။
လီလီ ; " အေးလေ။ဘာဖြစ်လို့လဲ"
ကိုကြီး ; "ငါကငါ့ရီးစားနဲ့နေတာ။ နင်တို့တွေအနေမခက်အောင်လို့အခုကတည်းကနေခင်အောင်နေထားနော်"ဆိုပြီး သူ့ရီးစားအကောင့်ကိုပေးလိုက်သည်။
လီလီ ; "မလိုပါဘူးအဲ့လိုတွေ။ လီလီနေမယ့်အခန်းကိုပြင်ထားပေး။ပြီးတော့မုန့်တွေလည်းအစုံထားထား"
ကိုကြီ ; " သူကများလာပြောရတယ်ရှိသေး။ လောရှည်မ"
လီလီ ; "အဲ့ဒီလောရှည်မကကိုကြီးထက်ရုပ်ချောတယ်။ ဖုန်ရှုလိုက်"
ကိုကြီး ; " middle finger up"
လီလီတို့မောင်နှမကအဲ့လိုပါဘဲ။ တည့်တဲ့အချိန်ဆိုလို့ ပြသာနာရှာတဲ့အချိန်သာရှိသည်။ သာမန်လူတွေကရိုင်းတယ်လိုသတ်မှတ်ထားတဲ့လက်ခလယ်ကို လီလီတို့မောင်နှမကတစ်ယောက်ကိုတစ်ယောက် လက်ခလယ်အမြဲပြကြသည်။ သူများတွေက လက်ပြပြီးနှုတ်ဆက်ကြပေမယ့် လီလီတို့ကတော့ လက်ခလယ်သာ
Advertisement
လီလီကိုယ်တိုင်ကမလိုဘူးလို့ပြောထားပေမယ့် သူမအစ်ကို၏ ရီးစားကိုသွားadd ထားလေသည်။ လီ့စိတ်ထင်သူမသည်နာမည်ကြီးဖြစ်မည်။ အလွန်ချောမောလှပပြီး မော်ဒယ်ဖြစ်လောက်မည်ဟုထင်ရသောအရပ်ရှည်ကြီးရှိသည်။ "သူသာtachi ဖြစ်ပြီး ငါကneko ဖြစ်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ" အဲ့လိုစဉ်းစားမိစဉ်ပြီးမှ သတိပြန်ဝင်ကာ ကိုယ့်ပါးစပ်ကိုပြန်ရိုက်နေပြီး" ငရဲတွေတော့ကြီးတော့မှာဘဲ ။ ပြစ်မှားလို့မဖြစ်ဘူးလေ"။ သိပ်မကြာပါ။ အောက်ကိုဆွဲနေရင်း သူတို့နှစ်ယောက် 3 months anni ပုံလေးတင်ထားတဲ့post လေးကလီလီကိုဝမ်းနည်းစေသည်။ " ဟူး ငါဘာဖြစ်နေတာပါလိမ့်" နောက်၅မိနစ်ကျတော့လီလီကိုယ်တိုင်အိပ်ပျော်သွားခဲ့သည်။
မနက်ရောက်တော့ မနက်စာစားပြီးချင်းချင်း မေမေက ဆရာမတွေကိုနှုတ်ဆက်လိုက်ဦးဆိုလို့ကျောင်းကိုထွက်လာခဲ့လိုက်သည်။ ထင်သည့်အတိုင်းကျောင်းမှာ ဆရာမအားလုံးအလုပ်လုပ်နေကြသည်။ ဆရာမတွေကိုနှုတ်ဆက်စကားလိုက်ပြောပြီး ကျောင်းအဝင်ပေါက်တွင်ကောင်လေးများလာနေသည်ကိုမြင်တော့ ချက်ချင်းထွက်လာလိုက်ရသည်။ သူတို့ဒုက္ခလည်းမသေးပါလား။ ကျောင်းနောက်ပေါက်ကနေထွက်လာပြီး သူမစဉ်းစားနေသည်ကတစ်စုံတစ်ယောက်အကြောင်းဖြစ်သည်။ စတွေ့ကတည်းကသူ့ကိုအတွေးထဲကနေထုတ်ပစ်လို့မရခဲ့။ ထိုသူကား "ခင်လေးနွယ်"
အခုတလောလမ်းမလျှောက်ဖြစ်တာကြာပြီလို့ထင်တာကြောင့်စက်ဘီးတောင်မယူလာဘဲလမ်းလျှောက်ပြန်ခဲ့သည်။ လမ်းလျှောက်နေရင်းအတွေးနယ်ချဲ့နေလေသည်။ အခုသူ့အာရုံကိုဖမ်းစားနေသူကားခင်လေးနွယ်ပင်။ ခင်လေးနွယ်သည်အခြားသူမဟုတ်။ သူမအစ်ကို၏ရည်းစားပင်ဖြစ်သည်။ ဘာလို့သူ့အကြောင်းဦးနှောက်ထဲရောက်နေမိတာလဲ။ ဘာလို့လဲ
သူမအိမ်ရှေ့တံခါးဖွင့်လိုက်သည်နှင့်သူမအကြီးကိုအရင်တွေ့၍ပြေးဖက်လိုက်သည်။
"အကြီးရေ အရမ်းလွမ်းနေတာ"
"အောင်မယ်လေး ဒီကောင်မလေးဘာတွေဖြစ်နေတာလဲ"လို့ပြောတာသူ့အလုပ်ကိုအာရုံစိုက်နေလေသည်။ "အကြီးကလည်း စာအုပ်တွေမလိုပါဘူး။ အဲ့ဒီကိုရောက်မှဝယ်လို့ရတာဘဲလေ။ အဲ့ဒီမှာတောင်ပိုစုံတယ်လေ" အိတ်ကြီးကြီးတစ်လုံးထဲစာအုပ်တွေထည့်နေသောသူ့အကြီးအားပြောလိုက်သည်။ "ဟေ ဟုတ်သားဘဲနော်။ ဒါဆိုလည်းမယူသွားနဲ့တော့" ဟုပြောကာစာအုပ်တွေကိုသိမ်းနေလေသည်။ သူမလည်းပြုံးစိစိဖြင့် သူ့အကြီးနောက်ကိုလိုက်၍စာအုပ်တွေကိုဝိုင်းသိမ်းလေတော့သည်။
ညရောက်တော့ အဖေနဲ့ အမေ ကိုရောအကြီးကိုပါဘုရားခန်းထဲကန်တော့လိုက်ပါတယ်။ "ကံယံကံ ဝစီကံ မနောကံတို့နှင့်ပြစ်မှားမိသည်ရှိသော် ခွင့်လွှတ်ပေးပါ မေမေ ဖေဖေနဲ့ကြီးကြီးတို့ရေ" မေမေကတော့မျက်ရည်တွေဝိုင်းနေတာကိုဖေဖေသိတော့"သမီးကအပြီးနေတာမှမဟုတ်ဘဲဘာလို့ငိုနေတာလဲ မိန်းမရယ်" ရယ်လျက်ပြောနေခဲ့သည်။ "ျ ရှင်ကလည်း ကျယ်မတို့သမီးကကျယ်မတို့နဲ့ခွဲမှမနေဖူးတာတော် ။ သမီးအငယ်ဆုံးလေးတစ်ယောက်ဘဲရှိတာ" တရှိုက်ရှိုက်နှင့်ပြောနေတော့သည်။ ဖေဖေကလည်းခေါင်းတစ်ခါခါနှင့်"သမီးအမေကတော့လုပ်ပြီ အရမ်းမျက်ရည်လွယ်တာ"ဟုပြောသောကြောင့်အမေသည်အဖေ့ကိုမျက်စောင်းထိုးလိုက်သေးသည်။ အကြီးကလည်း" မနက်၆နာရီသွားရမယ်မလား။ လက်မှတ်တွေလည်းသေချာစစ်ဦး။မနက်၄နာရီကတည်းကနေပြင်ဆင်ထားနော်" မမေ့အောင်မှာထားလေသည်။
မနက် alarm ၄နာရီပေးထားတာမို့ အသံမြည်တာနှင့် ပြင်ဆင်ရတော့သည်။ပစ္စည်းတွေပြန်စစ်ရတာနှင့်၅နာရီခွဲသွားသည်။ထို့နောက်အဖေ့ကားဂိတ်အထိပို့ပေးပြီး လီလီဆင်းခါနီးမှာတော့ "သမီးရေ အစစအရာရာဂရုစိုက်နော်။ ဘုရားရှိခိုးဖို့လည်းမမေ့နဲ့ဦး။ မုန့်ဖိုးတော့လိုရင်ပြောနော်" မှာလေသည်။လီလီလည်း ခေါင်းငြိမ့်ကာ မန္တလာမင်းကားဂိတ်ထဲသို့ဝင်၍စောင့်နေလေသည်။
"ရန်ကုန်ကိုသွားမယ့်ခရီးသည်များတက်လို့ရပါပြီ"
လူတစ်ယောက်ကအော်ပြောတာနဲ့လွယ်အိတ်နဲ့အထုတ်ကိုဆွဲကာကားဆီသိုးသွားခဲ့သည်။ ကားစတင်ထွက်ခွာသည်နှင့် လီလီအရမ်းစိတ်လှုပ်ရှားနေမိပြီ။ ကားမူးတတ်လို့ပါ
တော်သေး၍ကားခရီးစဉ်တလျှောက်လုံးဘာမှမဖြစ်ခဲ့။ car driver က ရန်ကုန်ကားဂိတ်ဆီကိုရောက်တော့မယ်လို့ပြောလို့အဆင်သင့်ပြင်လိုက်သည်။ နောက်တော့ ကားတံခါးဝဘဲရောက်သေး taxi သမားများကအလုအယှက်ခေါ်နေကြသည်။ သူမကိုအစ်ကိုလာကြိုမည်ဆိုသောကြောင့်ကားဂိတ်မှာဘဲစောင့်နေလိုက်သည်။ မကြာမီ အစ်ကို့ကားဟုထင်ရသောကားတစ်စီးကိုတွေ့လေသည်။ လီ့အစ်ကိုမှာမော်ဒယ်မြင့်သောကားဘဲရွေး
စီးတတ်သောကြောင့်ဖြစ်သည်။ all BLACK ဖြစ်နေသည့်ကိုကြီးဖက်ရှင်သည်လီလီ့အတွက် သူခိုးနှင့်သွားတူနေလေသည်။ လီလီသည်အရပ်ပိုမြင့်လာသောကြောင့်ကိုကြီးနှင့်တူတူပင်ဖြစ်နေလေသည်။ လီလီအစ်ကိုဆိုသည့်အတိုင်း လက်ခလယ်ပြပြီးနှုတ်ဆက်တာကြောင့်လီလီလည်းပြန်ပြလိုက်သည်။
ထို့နောက်အထုတ်များကိုကားနောက်ခန်းတွက်ထည့်၍လီလီကိုအနောက်တံခါးဖွင့်ပေးလိုက်သည်။ လီလီကလည်းပြုံးပြ၍ "thanks you bro" လို့ပြောကာဝင်ထိုင်နေလိုက်သည်။ စစထိုင်နေစဉ်မှာဘဲကားအရှေ့ခန်းမှာလူတစ်ယောက်ပိုပါနေတာတွေ့လိုက်သည်။
သူမကြိတ်crush နေရသော ကောင်မလေးပင်။
___________________________
Advertisement
- In Serial58 Chapters
Who Made Me A Princess
When I opened my eyes I had become a princess!
8 905 - In Serial15 Chapters
My Little Sunshine
Adam Levinson was the CEO of a big corporation which dealt in a number of different businesses. Behind the rushing and flourishing business, was his hard work. But his life was monotonous, without any kind of enjoyment. He spent his days handling meetings and the usual office work. That was all he did. He never got to understand the true meaning of how to live his life… until a girl stumbled into his life, turning his world upside down. Stella Martin, a girl who applied to be his assistant, somehow managed to charm her way into his heart, but will they be able to live a happy life together? Join them on their emotional rollercoaster ride as they unfold some secrets related to their pasts and how Adam helps Stella to get back everything which was supposed to be hers in the first place.
8 137 - In Serial42 Chapters
Unexpected Lycan Book 1
Alexandra Rodgers has been through 2 failed marriages and the death of her grandmother. She moves to Milford Lake hoping for some peace and quiet. Alex swore she would not let another man hurt her. Then she meets her neighbor across the lake, Trevor. Will she finally get her happily ever after or will her secrets be the death of her.Trevor is an Alpha. He is shocked that Alex is his mate. She is human. Alphas only have Alpha females as mates. He tried to keep it a secret, but his no good uncle found out and he wants her. He does everything in his power to protect her but, someone else wants her dead.There will be some mild language and sexual content. The R-rated excerpts are in a separate book on my profile. Follow me then add the private chapters to your library.Follow me on Twitter @WooleySandra
8 90 - In Serial22 Chapters
To become A werewolf
A generation of female wolves always kills their partners because of a spell cast upon the grandmother years ago, but when the grandaughter’s boyfriend turns into a complete wolf instead of dying, she is ready to do everything in her power to make him a hybrid (a wolf that can transform) and protect him from humans and a power-obsessed witch.
8 166 - In Serial19 Chapters
airplane ﹙short story﹚
(BXB) In which two strangers meet on an airplane.
8 120 - In Serial22 Chapters
Broken Together (Dramione)
Everything in her life came crashing down. Ron cheated on her, he ruined her friendship with Harry and the Weasleys, she lost her job, her house, her pride. Draco Malfoy walks down the road and finds a broken, shaky figure. He steps closer and gasped. Hermione Granger lay unconscious.Disclaimer- I don't own the Harry Potter characters, just the plot
8 192