《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၂] တစ်ပါးသူ၏နှလုံးသား|တစ္ပါးသူ၏ႏွလုံးသား
Advertisement
!unicode!
ဤအချိန်တွင် လင်းယွဲ့မှာအနည်းငယ်တုံ့ပြန်မှုနှေးနေသည်။
သူ၏ဝိညာဥ်ကားသူ၏ခန္ဓာနှင့်ရက်အနည်းငယ်ကြာကွဲကွာသွားခဲ့သည်။ ကွေ့ရီဂိုဏ်းကသာသူ့ခန္ဓာကိုထိန်းသိမ်းကာ မမြှုပ်နှံခင်အခြားသူများမြင်အောင်တောင်ထွတ်ထံပြန်မလာခဲ့လို့ရှိရင် သူအသက်ပြန်ရှင်လာလိမ့်မည်မဟုတ်။ ထို့ကြောင့် သူဟာကျန်းအကြီးအကဲထက်ပို၍အားနည်းသည်။
ကျန်းခဲ့၏စကားများကိုကြားလိုက်ရရာ အရင်ကလင်းယွဲ့မှာရှိခဲ့သည့်မောက်မာသောလေထုပျောက်ဆုံးသွားပြီး အက်ရှရှလေသံဖြင့်ပြောလိုက်သည်။
"ဟုတ်တယ်။ အဲ့ဒီ့အချိန်တုန်းက ငါတောင်ကြားထဲမှာဒဏ်ရာပြန်ကုနေတုန်း ကျန်းရွေ့ကရုတ်တရက်ရောက်လာတော့ ငါနေရာမှာတင်ဒေါသထွက်သွားမိတယ်။ လက်တစ်ချောင်းတည်းနဲ့ ငါ့စိတ်ဝိညာဥ်စွမ်းအားကချီသွေးကြောထဲပျံ့သွားတာကို ငါမထိန်းချုပ်နိုင်တာမို့ ငါရူးသွား...အဟွတ်..."
"သူငါ့ကိုအဲ့ဒီ့အချိန်တုန်းကပြောခဲ့တယ်၊ 'သူစိတ်မကောင်းပါဘူး၊ ဒါပေမဲ့သူငါ့ကိုမသတ်လို့ရှိရင် သူ့ခွန်အားကမတည်မငြိမ်ဖြစ်နေလိမ့်မယ်'တဲ့။"
လင်းယွဲ့ကခပ်ဖျော့ဖျော့ဆိုသည်။
"ဒါပေမဲ့လည်း...အဟွတ်...ဒါပေမဲ့ အဲ့ဒါဘာကိုဆိုလိုမှန်းငါမသိဘူး၊ ဒီစကားကသေတဲ့အထိမမေ့နိုင်လောက်စရာပဲ။"
ကျန်းအကြီးအကဲ၏စကားများဟာထင်ကြေးအပေါ်အခြေခံနေဆဲဖြစ်သည်မို့ တစ်ယောက်ယောက်ကပုတီးစေ့ကိုချောက်ချကာသူ့အပေါ်အပြစ်ဖို့သည်ဟုကျန်းရွေ့ကပြောလို့ရသည်၊ သို့သော် ကျန်းရွေ့ကိုယ်တိုင်လုပ်ခဲ့သည်ကို လင်းယွဲ့ကမျက်စိဖြင့်တပ်အပ်မြင်ခဲ့သည်။ သူ၏သေဆုံးမှုအပြီးတွင် နာကျည်းချက်များများပြားနေသည်မှာမဆန်းပေ၊ ကျန်းရွေ့မှာငြင်းစရာလမ်းမရှိတော့။
လင်းယွဲ့နှင့်ကျန်းအကြီးအကဲတို့၏စကားများကိုကြားပြီးနောက်တွင် လူတိုင်းကကျန်းရွေ့ကိုအံ့အားသင့်မှုနှင့်အကြောက်တရားတို့ဖြင့်ကြည့်မိကာ ပြောစရာစကားမဲ့သွားကြပြီး မတိုင်ခင်ကကျန်းရွေ့နှင့်မိတ်ဆွေဖြစ်ခဲ့သည့်လင်ရှောင်းဂိုဏ်းသားများပင်ကြက်သေသေသွားကြသည်။
လောကကြီးထဲမှာ ဘယ်လိုဖြစ်လို့ဒီလိုသူတော်ကောင်းယောင်ဆောင်ပြီး ရက်စက်တဲ့လူတွေရှိနေရတာလဲ။ တွေးကြည့်လိုက်သည်နှင့် ကြက်သီးထစရာကောင်းလှသည်။
ကျန်းရွေ့၏ပင်ကိုယ်စရိုက်ကအနည်းငယ်ဆိုးဝါးသော်လည်း သူ့အစွမ်းအစကိုမချီးကျူးဘဲမနေနိုင်ပါဟု သူတို့အရင်ကပြောခဲ့မိသေးလား။
ဤဂိုဏ်း၏အကြီးအကဲပင်လုပ်ကြံခံလိုက်ရပေရာ ကျော်ကြားကာထူးချွန်သည်ကိုအသာထား၊ မိစ္ဆာဝိညာဥ်များပင်ထိုမျှအဆိပ်ပြင်းလိမ့်မည်မဟုတ်။
ရှုလင်ကျားပင်သူနှင့်ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့သည်မှာအံ့သြစရာမရှိပေ။ သူဟာသူ၏စိတ်ဝိညာဥ်စွမ်းအားကိုအဆက်မပြတ်ပြန်လည်ဖြည့်တင်းနေခဲ့ခြင်းပင်၊ သိပ်ကိုစျေးပေါလွန်းလှသည်။ ထို့ကြောင့် ရှုလင်ကျားကဲ့သို့တစ်စုံတစ်ယောက်သေဆုံးသွားခဲ့လို့ရှိရင် မည်သို့သေဆုံးသွားမှန်းသိရမည်မဟုတ်။
အခွင့်အရေးအနည်းငယ်မျှဖြင့် ကျန်းရွေ့ဟာဒီဓားစမ်းသပ်ရေးညီလာခံတွင်နောက်ဆုံးအနိုင်ရသူဖြစ်လာနိုင်ပြီး ဘိုးဘေးအမွေကိုဆက်ခံရန် လျို့ဝှက်ဂူထဲပင်ဝင်သွားနိုင်ပေသည်။ ဒါကလောကကြီးထဲမှာအကြီးဆုံးဟာသဖြစ်မနေဘူးလား။
လူတိုင်းကသူ့ကိုထူးဆန်းသောအကြည့်ဖြင့်ကြည့်နေသည်အားကျန်းရွေ့ခံစားမိကာ သူ့ခြေလက်များမှာထိတ်လန့်မှုဖြင့်တုန်ယင်လာပေသည်။
သူတွေးလို့ရသည့်ကြောက်စရာအကောင်းဆုံးမြင်ကွင်းကား ရှုလင်ကျားကသူ့မှာရှိသည့်အရာရာတိုင်းကိုပြန်ယူသွားချိန်တွင် သူကသူ၏နဂိုပုံစံသို့ပြန်လည်ရိုက်ချခံရပြီး တောင်အောက်ဆင်းကာ ရေထမ်းပြီးသစ်ခုတ်သောလက်သမားတစ်ယောက်ပြန်ဖြစ်သွားမည်ကိုပင်။
သို့သော် တစ်ခါတရံ လက်တွေ့ကစိတ်ကူးထားတာကထက်ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း ကျန်းရွေ့သိလိုက်ရသည်။ သူလုပ်ခဲ့သည့်အရာများမှာအလွန်လျို့ဝှက်သော်လည်း လူထုရှေ့တွင်ဖော်ထုတ်ခံလိုက်ရသည်!
ရှုလင်ကျားနှင့်ကျင်းဖေးထုန်က ပုတီးစေ့ရဲ့လျို့ဝှက်ချက်ကိုဘယ်လိုသိသွားတာလဲ?!
ကျန်းရွေ့ထိုသို့တွေးမိပေမဲ့ ၎င်းကအနည်းငယ်အထင်သေးရာရောက်သည်။
ကျန်းရွေ့ခန္ဓာကိုယ်ထဲရှိပြောင်းလဲမှုအားလုံးဟာပုတီးစေ့ကြောင့်ဖြစ်သည်ကို ရှုလင်ကျားမသိသော်လည်း ဘယ်လိုလူစားမျိုးကဓားသမားအစစ်အမှန်ဖြစ်လာနိုင်လဲဆိုတာကိုသိသည်။
ပါရမီစွမ်းရည်ကိုပိုင်ဆိုင်ခြင်းသည် အရည်အချင်းတစ်ခုသာဖြစ်ပြီး ၎င်းကဘာမဆိုလုပ်လို့ရသည်ဟုမဆိုလို။ ဘဝတစ်လျှောက်လုံးတွင် ကြီးမားသောအသုံးချခံဖြစ်လာနိုင်သောသူများဟာ နှစ်ပေါင်းများစွာကြိုးစားအားထုတ်ရပေလိမ့်မည်။
ဉာဏ်အမျှော်အမြင်မရှိဘဲ ကြိုးစားအားထုတ်သည်ဟူသောဆိုလိုရင်းကိုလုံးဝမသိသည့် အခြားသူတို့၏တောက်ပသောဘက်အခြမ်းကိုသာမြင်နိုင်သော ကျန်းရွေ့ကဲ့သို့တစ်စုံတစ်ယောက်သာလျှင် သူ့မှာရှုလင်ကျား၏ပါရမီစွမ်းရည်ရှိနေသ၍ အရာရာတိုင်းကကျိုးကြောင်းဆီလျော်သည်ဟုတွေးလိမ့်မည်ဖြစ်သည်။
သူဟာလုံးဝမထိုက်တန်သည့်ခွန်အားများကိုထပ်ခါတလဲလဲထုတ်ပြသွားသည်မို့ သူဟာဘယ်လိုလုပ်ပြီး အခြားသူတို့အားအဆင်မပြေဖြစ်ကာသံသယမဝင်အောင်ပြုလုပ်နိုင်လိမ့်မည်နည်း။
ကျန်းရွေ့ခြောက်ခြားသွားရသည်။ သူသည်ဟယ်ဇီကျိုးမျက်နှာကိုဘယ်တုန်းကမျှမကြည့်ရဲခဲ့ပေမဲ့ အခုတော့ဖြင့်သူလုပ်နိုင်တာဘာမှမရှိတော့ပေ။ သူသည်သူ့ဘက်လှည့်ကာတောင်းပန်မိ၏။
"ရှစ်စွင်း၊ ဒီတပည့်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါနော်...."
ဟယ်ဇီကျိုးကဒီတပည့်ကိုအရမ်းချစ်လွန်းလို့ သူကရှုလင်ကျားကိုပင်မလိုချင်တော့ကြောင်း ချီကွမ်းယာကြားဖူးခဲ့သည်။ ဒါကိုမြင်လိုက်ရသော် ဟယ်ဇီကျိုးစိတ်ပျော့သွားမည်စိုးကာ သူချက်ချင်းထရပ်လိုက်မိသည်။
သူတည်ငြိမ်စွာပြောလိုက်သည်။
"ဟယ်ဂိုဏ်းချုပ်! ကွေ့ရီဂိုဏ်းနဲ့လင်ရှောင်းဂိုဏ်းကြားက အရင်ကမကျေနပ်ချက်တွေကို အငယ်တစ်ယောက်ဖြစ်တဲ့ကျွန်တော့်မှာဝေဖန်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဒီနေ့ဒီမှာရှိနေတာက ကျွန်တော့်ရှစ်စွင်းကိုယ်စား ကျွန်တော့်ရှစ်ရှုန်းအတွက်တရားမျှတမှုရှာပေးဖို့ပဲ! သက်သေကခိုင်မာနေပြီးငြင်းစရာမရှိဘူး။ တကယ်လို့ ခင်ဗျားက ခင်ဗျားရဲ့တပည့်ကိုကာကွယ်ချင်နေသေးတယ်ဆိုရင် ကွေ့ရီဂိုဏ်းကသေချာပေါက်ခွင့်လွှတ်မှာမဟုတ်ဘူး!"
ဟယ်ဇီကျိုးကကျန်းရွေ့ထံတစ်လှမ်းချင်းစီဖြည်းဖြည်းချင်းလျှောက်သွားကာ ဘာမှမကြားသည့်အလား ခါးကိုင်းကာသူ့ကိုကြည့်လိုက်သည်။
ဟယ်ဇီကျိုး၏အေးစက်သောမျက်လုံးထဲတွင် သူ၏မျက်ရည်နှင့်ဖုန်မှုန်တို့အပြည့်ဖြင့်မျက်နှာကိုကျန်းရွေ့မြင်လိုက်ရသည်။
ဒီအေးစက်သောဆရာသခင်ရှစ်စွင်းကို သူပထမဆုံးမြင်လိုက်ရစဥ်က ၎င်းမှာဆင်တူသောမြင်ကွင်းတစ်ခုဖြစ်သည်ကိုသူမှတ်မိသည်။ သူကအရမ်းရှက်ရွံ့နေပြီး ရှစ်စွင်းကနတ်သားပမာမျောလွင့်လာကာ သူ့ဘဝကိုမျှော်လင့်ချက်ယူဆောင်လာပေးပြီး သူ့ကိုနာကျင်ခံစားရခြင်းမှကယ်တင်ခဲ့သည်။ သူဟာသူ့ကိုသူ့ဘဝမှကယ်တင်ခဲ့ပြီး မသေမျိုးတောင်ထွတ်ပေါ်ခေါ်ဆောင်လာခဲ့သည်။
သူ၏နောက်ဆက်တွဲလုပ်ရပ်များဟာလည်း ရှစ်စွင်းကသူ့ကိုမတူညီစွာဆက်ဆံပေးနိုင်သည်ဟုမျှော်လင့်မိသည်။
ကျန်းရွေ့မနေနိုင်ဘဲမျှော်လင့်ချက်ထားကာ အသံနိမ့်ဖြင့်ပြောမိသည်။
"ရှစ်စွင်း...."
ဟယ်ဇီကျိုးကမျက်မှောင်ကြုတ်ကာမေးလာသည်။
"မင်းဘယ်သူလဲ။ မင်းဘာလို့ငါ့တပည့်ယောင်ဆောင်နေတာလဲ။"
ကျန်းရွေ့ကြောင်အမ်းသွားကာ ခပ်မြန်မြန်ပြောမိသည်။
"ရှစ်စွင်း၊ ကျွန်တော်ကကျန်းရွေ့လေ။ ရှစ်စွင်းကျွန်တော်နဲ့ပထမဆုံးတွေ့တဲ့အချိန်တုန်းက လျိုကျားရွာရဲ့တောင်အနောက်မှာဆိုတာကို ကျွန်တော်မှတ်မိနေ...."
ဟယ်ဇီကျိုးကသူ့ကိုဖြတ်ပြောလိုက်သည်။
"မင်းငါ့ကိုလင်ရှောင်းတောင်ခြေက တောက်ဓမ္မဘုရားကျောင်းထဲမှာလာရှာခဲ့တယ်မဟုတ်ဘူးလား။ မင်းကိုတပည့်အဖြစ်လက်ခံဖို့ ငါ့ကိုတောင်းဆိုခဲ့တာလေ?"
ကျန်းရွေ့တစ်အောင့်မျှမိန်းမောသွားရကာ သူ့ကျောရိုးတစ်လျှောက်ပြေးတက်လာသောကျောချမ်းမှုကိုခံစားလိုက်ရသည်။
ဟယ်ဇီကျိုးကသူ့ကိုလက်လျှော့ချင်နေပြီး သူဟာလင်ရှောင်းဂိုဏ်းသားဖြစ်နေသည်ဟုပင်ဝန်မခံချင်တော့ပေ။
လက်ရှိကျန်းရွေ့ဟာ သူ့အိမ်ကိုယူထားသည့်မိစ္ဆာဝိညာဥ်ဟုပြောလို့ရှိရင် လင်ရှောင်းဂိုဏ်းဟာလည်းသားကောင်ဖြစ်လာသည်မို့ ကျန်းရွေ့၏ယခင်ကလုပ်ရပ်များအားလုံးဟာ လင်ရှောင်းဂိုဏ်း၏ဂုဏ်သတင်းကိုပျက်စီးစေလိမ့်မည်မဟုတ်ပေ!
ဟယ်ဇီကျိုးကသူ့ကိုထိုကဲ့သို့လက်လျှော့လိုက်မှန်း သူမယုံကြည်နိုင်သေးဘဲ ပြောမိသည်။
"ရှစ်စွင်း၊ ကျွန်တော်ကကျန်းရွေ့အစစ်ပါ၊ ရှစ်စွင်းကျွန်တော့်ကိုလိုချင်လား။"
ဟယ်ဇီကျိုးကသူ့ကိုမကြည့်ဘဲ ခါးပြန်မတ်ကာ သတိရှိရှိဖြင့်ပြောလိုက်သည်။
"မဟုတ်ဘူး။ ပထမဆုံးတောင်ပေါ်တက်လာတုန်းက ကျန်းရွေ့ကယဥ်ကျေးသိမ်မွေ့ပြီးတော့ အကြီးအကဲတွေကိုရိုသေလေးစားတယ်ဆိုတာကို လင်ရှောင်းဂိုဏ်းသားတွေအကုန်လုံးသိတယ်။ သူကဘယ်လိုဖြစ်ပြီးဒီလိုမိုက်ကန်းကန်းပြုမူမှာလဲ။"
သူကကျန်းရွေ့ကိုလက်ညှိုးထိုးကာ အခြားသူများကိုပြောလိုက်သည်။
"ဒီလူဘာဖြစ်သွားတာလဲကျုပ်မသိဘူး၊ ခန္ဓာကိုယ်လုယူခံရတာလား၊ မိစ္ဆာဝိညာဥ်လား၊ တစ်ယောက်ယောက်ကအယောင်ဆောင်ထားတာလားပဲ။ ဒါကိုစုံစမ်းဖို့အချိန်တချို့ကြာလိမ့်မယ်။ လူတိုင်းကိုယ့်ဂိုဏ်းကိုပြန်သွားပြီး ခဏစောင့်ပေးကြပါ။ ကျုပ်သိရတာနဲ့ သေချာပေါက်ကိုကျိုးကြောင်းဆီလျော်တဲ့ဖြေရှင်းချက်တစ်ခုပေးပါ့မယ်။"
ဟယ်ဇီကျိုးဒါကိုပြောလာမှတော့ ၎င်းကအကျိုးအကြောင်းသင့်သည်။ အဆုံးတွင် ကျန်းရွေ့၏လုပ်ရပ်မှာတကယ့်ကိုထူးဆန်းပြီး သူဟာကျန်းရွေ့ဖြစ်နေတုန်းလားဆ်ုတာကို အခြားသူများအားသံသယဝင်စေလေသည်။
ချီကွမ်းယာမှာလင်းယွဲ့၏အခြေအနေကိုပြန်စစ်ဆေးရင်းအလုပ်ရှုပ်နေသည်မို့ အခြားသောကန့်ကွက်ချက်မထုတ်လာတော့ပေ။
သူကရှစ်တိနှစ်ယောက်အားလင်းယွဲ့ကိုကူတွဲရန်ညွှန်ကြားလိုက်ပြီး ရှုလင်ကျားကိုကြည့်လာပြန်ကာ ချောင်းဟမ့်၍ နှာခေါင်းပွတ်ကာပြောလာသည်။
"အာ...ကျေးဇူးပဲ။"
သူသည်နူးညံ့ပျော့ပြောင်းသောစကားများကိုပြောခဲပေမဲ့ ရှုလင်ကျားကတော့မချီးကျူးဘဲ အနည်းငယ်ပင်စိတ်ပျက်သွားရသည်။
"မင်းကျယ်ကျယ်ပြောရင်ပြော၊ မဟုတ်ရင်လည်းမပြောနဲ့၊ တကယ်နားထောင်ရခက်တယ်။"
ချီကွမ်းယာကြောင်အမ်းသွားရကာပြောမိသည်။
"ငါအကျယ်ကြီးမပြောရဲဘူးဟ၊ ရှဲရှဲ! ရှဲရှဲ!"
တစ်စုံတစ်ယောက်မှာမရယ်ဘဲမရယ်နိုင်တော့ပေ၊ လေထုမှာအနည်းငယ်ပြေလျော့သွားချေသည်။
ချီကွမ်းယာမျက်နှာရဲသွားကာ စကားတစ်ခွန်းပစ်ခွင်းလာသည်။
"ခြံပြောရရင် ငါမင်းရဲ့မျက်နှာသာပေးမှုကိုမှတ်ထားလိုက်ပြီ၊ ကျန်တာကတော့ငါ့ရှစ်ရှုန်းကိုယ်တိုင်လာတာကိုစောင့်နေလိုက်အုံး။" ထို့နောက်ခပ်သုတ်သုတ်လစ်သွားသည်။
ဤဂိုဏ်းအတွင်းအရှက်ရမှုကား လုထုရှေ့တွင်မဟုတ်ပေမဲ့ လင်ရှောင်းဂိုဏ်းဟာလက်ရှိတွင်နန်ဇီတောင်ထွတ်ပေါ်တွင်ရှိနေပြီး ကျန်းရွေ့၏လုပ်ရပ်မှာကွေ့ရီဂိုဏ်းကိုဆွဲသွင်းခဲ့လေရာ တကယ့်ကိုအရုပ်ဆိုးသွားစေသည်။
ဟယ်ဇီကျိုးကဂိုဏ်း၏အတွင်းရေးကိစ္စများကိုဖြေရှင်းရင်းအလုပ်များနေကြောင်းလူတိုင်းသိကြသည်မို့ သူတို့ဟာတစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်စကားဆိုတာထွက်ခွာသွားကြသည်။
ကျင်းဖေးထုန်ကမလှုပ်ဘဲ တစ်ဖန်ထိုင်ချကာ ခေါင်းမော့၍ ရှုလင်ကျားကိုပြုံးပြလာပြီး သူထိုနေရာတွင်မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ရသော် သူကလက်ဆန့်ကာလက်ကိုဆုပ်ကိုင်လာသည်။
သူဘာအကြောင်းပြောမလဲ ရှုလင်ကျားနားမလည်ပေရာ ကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်၍ သူဆိုလိုသကဲ့သို့ထိုင်ချလိုက်သည်။
ကျင်းဖေးထုန်ကသူတို့နှစ်ဦးအတွက် လက်ဖက်ရည်တစ်ခွက်ဖြည်းဖြည်းချင်းငှဲ့ကာ အပြင်လူများတစ်ယောက်ပြီးတစ်ယောက်ထွက်သွားသည်ကိုကြည့်နေသည်။ လင်ရှောင်းချီဇုန်၏အခြားဂိုဏ်းသားများမှာထိတ်လန့်အံ့သြကာ သံသယဝင်နေကြပြီး အပြန်အလှန်အကြည့်ချင်းဖလှယ်လိုက်ကြပေမဲ့ စကားမပြောရဲကြပေ။
ဟယ်ဇီကျိုးကဆိုသည်။
"ကျန်းရွေ့ကိုဆွဲခေါ်ပြီး ငါနဲ့အတူလိုက်ခဲ့။"
ကျန်းရွေ့မှာကျင်းဖေးထုန်ကသူ့ကိုဖြတ်ရိုက်ထားသည်မို့ အနည်းငယ်ခါးမတ်နိုင်စွမ်းမရှိသေးဘဲ ဂိုဏ်းသားနှစ်ဦး၏သယ်မခြင်းခံလိုက်ရကာ ဟယ်ဇီကျိုးနောက်လိုက်၍ အရှေ့ဘက်ခန်းမထဲဝင်သွားသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ဟယ်ဂိုဏ်းချုပ်။"
ဟယ်ဇီကျိုးကခေါင်းလှည့်မကြည့်ဘဲပြန်ဖြေလာသည်။
"ကျင်းအရှင်၊ ကျေးဇူးပြုပြီးတော့။ အားလုံးလည်းလိုက်ဝင်လို့ရပါတယ်။"
ဤနေရာရှိအရှေ့ဘက်ခန်းမကား အလွန်ကြီးမားသော်လည်း လက်ရှိလင်ရှောင်းဂိုဏ်းသားများအားလုံးအထဲဝင်လိုက်သော် နေရာလွတ်မကျန်တော့ပေ။
ကျန်းခဲ့မှာကျန်းအကြီးအကဲကိုပြန်အနားယူစေချင်ပေမဲ့ ကျန်းအကြီးအကဲကခေါင်းမာမာဖြင့်ထိုနေရာတွင်နေနေသည်။ အဆုံးတွင် သူဟာတုန်တုန်ရီရီဖြင့်အထဲဝင်သွားကာ ကူရှင်ထိုင်ခုံပေါ်တွင်ထိုင်လိုက်သည်။
လူတိုင်းကအချင်းချင်းကြည့်ကာ ရင်ထဲတွင်အံ့အားသင့်သွားမိသည်။ ဤကဲ့သို့လျို့ဝှက်ကိစ္စအကြောင်းလူသိနည်းလေ၊ ပိုကောင်းလေလေဟုသူတို့တွေးမိသည်။ ဟယ်ဇီကျိုးကသေချာပေါက်ကိုကျန်းရွေ့အားတစ်ယောက်တည်းစစ်မေးလိမ့်မည်ဟုထင်ခဲ့ပေမဲ့ သူဟာလူတိုင်းကိုအထဲဝင်ခွင့်ပြုလိမ့်မည်ဟုမမျှော်လင့်ထားမိပေ။
ဟယ်ဇီကျိုးကကျန်းရွေ့ကိုပြောသည်။
"ဘာတွေဖြစ်နေတာလဲ၊ မင်းဘာလို့လင်းယွဲ့နဲ့ကျန်းအကြီးအကဲကိုသတ်ချင်တာလဲ။ ပြောစမ်း။"
ကျန်းရွေ့တုန်ယင်သွားရကာ တစ်အောင့်ကြာသော် အက်ရှရှအသံဖြင့်ပြောမိသည်။
"ဒီတပည့်မှာအပြစ်ရှိပါတယ်။ လင်းယွဲ့ကတပည့်ကိုလူရှေ့မှာအနိုင်ကျင့်ခဲ့တယ်။ ကျန်းအကြီးအကဲမှာရှု...ရှုရှစ်ရှုန်းကိုဂိုဏ်းဆီပြန်လာစေချင်တဲ့စိတ်ရှိနေတာမို့ အဲ့ဒီ့အချိန်တုန်းကတပည့်ရဲ့နေရာပျောက်သွားမှာစိုးရိမ်ခဲ့မိလို့ တပည့်စိတ်လိုက်မာန်ပါလုပ်မိခဲ့ရုံပါ..."
Advertisement
ကျန်းအကြီးအကဲမှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်အလား ပူနွေးသွားသည်ကိုသာခံစားလိုက်ရသည်။ သူသည်ရှုလင်ကျားကိုဖိနှိပ်ကာ ကျန်းရွေ့ကိုထောက်ပံ့ပေးရင်း သူ့ကိုနေရာတိုင်းတွင်ချီးကျူးနေခဲ့ပေမဲ့ ယခုကျန်းရွေ့၏လုပ်ရပ်မှာသူ့အားအရူးတစ်ယောက်ဖြစ်သည့်အတွက်လှောင်ပြောင်နေသည့်နှယ်၊ အထူးသဖြင့် ရှုလင်ကျားကလည်းဘေးမှာရှိနေသည်။
ကျန်းအကြီးအကဲမှာဒေါသထွက်ရလွန်းလို့သွေးအန်တော့မည်ပင်၊ ကျန်းရွေ့ကိုလက်ညှိုးထိုးကာပြောမိသည်။
"သောက်ကောင်လေး၊ မင်းက..."
သူအသက်ရှုတန့်သွားကာ ပြင်းထန်စွာချောင်းဆိုးသွားပြီး ကျန်းခဲ့ကသူ့ကျောပြင်ကိုခပ်မြန်မြန်ပုတ်ပေးလိုက်ပေမဲ့ သူကခက်ထန်သောမျက်နှာပေးဖြင့် ကျန်းရွေ့ကိုစိုက်ကြည့်နေသည်။
ဟယ်ဇီကျိုးကဆိုသည်။
"တကယ်လား။ ဒါဖြင့်ရင် ဒီပုတီးစေ့လက်ကောက်ကဘာလဲ။ ကျန်းအကြီးအကဲနဲ့လင်းယွဲ့နိုးလာပြီးနောက်မှာ မင်းကိုယ်ထဲကစိတ်ဝိညာဥ်စွမ်းအားက ဘာလို့ရုတ်တရက်ကြီးပျောက်သွားတာလဲ။"
ကျန်းရွေ့ဘာမှမလုပ်နိုင်ဘဲ တစ်အောင့်မျှလျှာကိုက်မိကာ ခဏကြာတုံ့ဆိုင်းနေပြီးနောက်တွင် သူ့ကိုဖိနှိပ်လာသည့်ကြီးမားသောတွန်းအားတစ်ခုကိုရုတ်ခြည်းခံစားလိုက်ရသည်။
ချက်ချင်းပင်၊ သူ့ခန္ဓာကိုယ်ထက်တွင်ကြီးမားသောတောင်ကြီးတစ်လုံးသယ်ထားရသည့်နှယ် သူ့တစ်ကိုယ်လုံးရှိအရိုးများမှာတဂျွတ်ဂျွတ်မြည်လာပြီး သူ့ရင်ဘတ်လေးလံလာကာ အသက်ရှုလို့မရတော့ပေ။
အလွန်အမင်းနာကျင်မှုကြားတွင် ကျင်းဖေးထုန်၏အသံကသူ့ဘေးတွင်ရုတ်တရက်ထွက်လာသည်။
"အလိမ်အညာတွေအပြည့်ပဲ၊ တကယ်ပဲနားကိုညစ်ညမ်းစေတယ်။ ငါအရင်ခန့်မှန်းကြည့်မယ်။"
"ဟယ်ဂိုဏ်းချုပ်ပြောတာကိုကြားရတာကတော့ ကျန်းရွေ့ကိုပထမဆုံးစတွေ့တုန်းက သူဟာသာမန်တောသားလေးတစ်ယောက်ဆိုပဲ။ ဒုတိယအကြိမ်သူ့ကိုမြင်လိုက်ရတော့ သူကအရမ်းကိုပါရမီရှိလာပြီးတော့ ကံလည်းပိုကောင်းလာတယ်လေ? ဒါဖြင့်အလယ်မှာသူ့ကံကြမ္မာကိုပြောင်းလဲသွားစေတာတစ်ခုခုဖြစ်သွားတာဖြစ်မယ်၊ ကြည့်ရတာတော့ ဒီပုတီးစေ့လက်ကောက်ကြောင့်ဖြစ်ပုံပဲ။"
ကျင်းဖေးထုန်က"အရင်ကဟယ်ဂိုဏ်းချုပ်ဆီကကြားခဲ့တာ"ဟုပြောလာသည်ကိုရှုလင်ကျားကြားလိုက်ရသော် သူမနေနိုင်ဘဲသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်မိပြီး ကျင်းဖေးထုန်ကဘယ်တုန်းကဟယ်ဇီကျိုးနှင့်စကားပြောခဲ့ပြီး ထိုကိစ္စအကြောင်းလေ့လာခဲ့လဲဆိုတာသိချင်နေမိသည်။
ကျင်းဖေးထုန်ကသူ့မျက်လုံးများကိုအရေးမစိုက်ဘဲ လက်မြှောက်လိုက်သည်။ သူ့ငယ်သားကပုတီးစေ့အပိုင်းအစများကိုစုပြီးသားဖြစ်ကာ ၎င်းတို့ကိုလင်ဗန်းပေါ်တင်၍ လူအုပ်ကြားထဲယူလာသည်။
ကျင်းဖေးထုန်တမင်သက်သက်ပြောလိုက်သည်။
"ဒီပုတီးစေ့ထဲမှာပုန်းနေတဲ့ဝိညာဥ်တွေအများကြီးရှိတယ်၊ သူတို့ကသူတို့ရဲ့အစွမ်းကိုထိန်းသိမ်းဖို့ အခြားသူတွေရဲ့အသက်ကိုဝါးမျိုနေမှန်းသိသာတယ်။ ဒါကကျန်းရွေ့ရဲ့စွမ်းအားလာတဲ့နေရာလို့ထင်တယ်၊ တကယ်တော့ ရှင်းရှင်းလေးပဲ။ မင်းတို့ရှေ့မှာပြန်ရှင်လာတဲ့လူနှစ်ယောက်ကလွဲရင်၊ ကျန်းရွေ့၊ မင်းလူတွေအများကြီးသတ်ခဲ့တာပဲ။"
ခုနကပုတီးစေ့ထဲရှိထိုဝိညာဥ်များကိုတွေးမိရင်းဖြင့် လူတိုင်းခြောက်ခြားသွားရကာ တစ်ယောက်ကမနေနိုင်ဘဲအသံနိမ့်ဖြင့်ပြောလာသည်။
"မင်းလူအများကြီးသတ်ခဲ့တာပဲ။ သောက်ကောင်၊ မိုးကြိုးပစ်ဒဏ်၉ချက်ကိုသေတဲ့အထိအပစ်ခံရသင့်တယ်၊ မင်းလုံးဝပြန်ဝင်စားနိုင်မှာမဟုတ်ဘူး!"
ကျင်းဖေးထုန်ကဆိုသည်။
"ပြီးတော့၊ ငါလည်းသိချင်တယ်၊ မင်းကိုဒီပုတီးစေ့လက်ကောက်ဘယ်သူပေးခဲ့တာလဲ။"
သူပြောလို့ပြီးသွားသော် ခပ်ဖွဖွပြုံးကာ လက်အသာမြှောက်လိုက်သည်။
သူ့ပုခုံးထက်ရှိကြီးမားသောဖိအားပေါ့ပါးသွားသည်ကိုကျန်းရွေ့ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးမှာအသက်ရှုကြပ်ခြင်းနှင့်မောပန်းနွမ်းနယ်ခြင်းတို့၏ဖိနှိပ်မှုအောက်မှလွတ်ထွက်သွားကာ ခပ်မြန်မြန်ခုခံပြောဆိုမိသည်။
"ကျွန်တော်အဲ့လူတွေကိုမသတ်ခဲ့ဘူး၊ ဒီပုတီးစေ့လက်ကောက်ကိုကောက်ရခဲ့တာဗျ!"
ဟယ်ဇီကျိုးကမထူးခြားမခြားနားစွာပြောလာသည်။
"မင်းဘယ်နှယောက်ဘဲသတ်ခဲ့ပါစေ မင်းမှာတစ်ပါးသူကိုထိခိုက်အောင်လုပ်ချင်တဲ့ရည်ရွယ်ချက်ရှိနေပြီးသား၊ မင်းသူများတွေရဲ့အသက်ကိုအလေးမထားဘူးဆိုရင် သေဒဏ်ကမလွတ်နိုင်ဘူး။ မင်းမှာဒီပုတီးစေ့လက်ကောက်မရှိရင် မင်းကဒီလိုလူစားမျိုးမှန်းငါသိခဲ့လို့ရှိရင် ငါမင်းကိုလင်ရှောင်းဂိုဏ်းကိုခေါ်ခဲ့မှာမဟုတ်ဘူး!"
ကျန်းရွေ့ထိတ်လန့်အံ့သြသွားခဲ့သည်။
ဟုတ်သည်၊ သူကားနဂိုကတည်းကအလွန်အမင်းသာမန်ဆန်ကာ အလွန်တရာနိမ့်ကျသောလူတစ်ယောက်ဖြစ်သည်။ သူကားဟယ်ဇီကျိုး၏လေးစားခြင်းခံရနိုင်သည့်သူအစစ်အမှန်လုံးဝမဟုတ်ပေ။
အရင်တုန်းက သူ၏မျက်နှာအစစ်ကိုဟယ်ဇီကျိုးသိသွားမည်အား သူအမြဲကြောက်ရွံ့နေခဲ့ရပေမဲ့ သူ့ရင်ထဲတွင်မျှော်လင့်ချက်မီးပွားလေးအမြဲရှိနေခဲ့သည်ပင်။ ဟယ်ဇီကျိုးမှာသူ့အတွက်ရိုးသားစစ်မှန်သောချစ်ခြင်းမေတ္တာတချို့ရှိနေသေးနိုင်သည်။ အဆုံးတွင် သူဟာသူ့ရှစ်စွင်းစိတ်ကျေနပ်အောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။
သို့သော် အလုပ်မဖြစ်ခဲ့ပေ။
ဆရာနှင့်တပည့်ကြားရှိဆက်ဆံရေးတွင် အဆုံးမှာ သူများထံမှသူယူထားသည့်အရာကိုဆုံးရှုံးလိုက်ရသည်နှင့် သူဟာတစ်ဖက်လူထံမှတုံ့ဆိုင်းခြင်းမရှိဘဲ အစွန့်ပစ်ခံကလေးတစ်ယောက်အဖြစ်သတ်မှတ်ခံလိုက်ရမည်ဖြစ်သည်။
ယခုတွင် လူတိုင်းကသူ့ကိုအထင်သေးစွာကြည့်နေကြပြီး အခြေအနေပြီးဆုံးသွားသည်ကိုကျန်းရွေ့သိကာ သူကိုယ်သူအတွက်လုံးဝခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်။ ဟယ်ဇီကျိုး၏စကားများကိုကြားလိုက်ရပြီးနောက် သူရုတ်ခြည်းဘာကိုမှသည်းညည်းမခံနိုင်တော့ပေ။
သူခါးမတ်ကာပြောမိသည်။
"ရှစ်စွင်းကပေါ့ပေါ့တန်တန်ပြောလိုက်တာပဲ! ရှုလင်ကျားဒဏ်ရာရသွားပြီး မသန်မစွမ်းဖြစ်သွားတုန်းက ရှစ်စွင်းကကျွန်တော့်ကိုဂိုဏ်းရဲ့မျှော်လင့်ချက်အဖြစ်သတ်မှတ်ပြီးတော့ ကျွန်တော့်ကိုသေချာဂရုစိုက်လေ့ကျင့်ပေးခဲ့တယ်။ အခုကျွန်တော့်မှာစိတ်ဝိညာဥ်စွမ်းအားမရှိတော့ ရှစ်စွင်းကဒီလိုစကားပြောလာတယ်၊ 'ငါမင်းကိုတောင်ပေါ်မခေါ်လာဘူး'ဆိုပြီးတော့ ရှစ်စွင်းကတာဝန်ယူမှုကိုလုံးဝရှောင်ဖယ်လိုက်တယ်။"
ကျန်းရွေ့လှောင်ပြုံးပြုံးလိုက်သည်။
"ဒါဖြင့်ရင် ကျွန်တော်ခင်ဗျားကိုပြောပြလိုက်မယ်၊ ကျွန်တော့်ရဲ့ပါရမီစွမ်းရည်ကလူသတ်ပြီးရလာတာမဟုတ်ဘူး၊ ရှုလင်ကျားဆီကရလာတာပဲ!"
ကျင်းဖေးထုန်ထိတ်လန့်အံ့သြသွားကာ ရုတ်ခြည်းခေါင်းမော့လိုက်မိသည်။
ယနေ့တွင်အံ့အားသင့်စရာများစွာရှိနေသည်၊ လူတွေကိုခေါင်းလှည့်ခိုင်းရင်တောင်မှ အားလုံးဟာတောင့်တင်းလျက်ရှိသည်။ သို့သော် ရှုလင်ကျားကမူ ကျန်းရွေ့ကိုပေါ့ပါးသောမျက်နှာထားထြင့်တည်ငြိမ်စွာကြည့်နေသည်။
ဟယ်ဇီကျိုး၏ခန္ဓာကိုယ်မှာအရှေ့ကိုမသိမသာကိုင်းသွားကာ တစ်အောင့်ကြာသော်သူကပြောလာသည်။
"မင်းဘာပြောလိုက်တယ်?"
သူ၏လေသံကားသာမန်ကာလျှံကာဖြစ်သော်လည်း ထိုထဲတွင်ယခင်ကနှင့်ယှဥ်လျှင်လူသတ်ချင်စိတ်အလွှာတစ်ခုပါဝင်နေပေသည်။
ကျန်းရွေ့ကရယ်မောကာဆိုသည်။
"ကျွန်တော့်ကိုနှိပ်စက်ပြီးမမေးတော့ဘူးလား။ ဒါဆိုလည်း ကျွန်တော်အကုန်လုံးပြောပြမယ်!"
သူတစ်လုံးချင်းစီပြောလိုက်သည်။
"ရှုလင်ကျားဒဏ်ရာအပြင်းအထန်ရသွားပြီး သူ့စိတ်ဝိညာဥ်စွမ်းအားဆုံးရှုံးလိုက်ရတဲ့အကြောင်းရင်းက ငါသူ့ရဲ့အသက်ကိုယူလိုက်တာမို့လို့ပဲ။"
သူသည်နောက်ဆုံးတွင်ထိုစကားများကိုပြောလိုက်လေရာ ရှုလင်ကျားချက်ချင်းမျက်စိမှိတ်လိုက်မိသည်။
သူ့အနီးတစ်ဝိုက်ရှိလူတို့၏ထိတ်လန့်အံ့အားသင့်ကာဇဝေဇဝါဖြစ်သောမျက်နှာထားများကိုကျန်းရွေ့မြင်လိုက်ရကာ အတုအယောင်သာယာမှုကိုရုတ်ခြည်းခံစားလိုက်ရသည်။
ဤလူများသည်မြင့်မြတ်စွာမွေးဖွားလာပြီး သူမျှော်လင့်ရုံသာတတ်နိုင်ပြီး သင်ယူလို့မရနိုင်သောတစ်စုံတစ်ရာဖြစ်သည့် မသေမျိုးဂိုဏ်းထဲဝင်ခွင့်ရသော်လည်း အဆုံးတွင်သူတို့အားလုံးဟာသူ၏တွက်ချက်ခြင်းခံခဲ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ယခုအချိန်တွင် သူအမှန်ပြောသည်ဖြစ်စေ အမှားပြောသည်ဖြစ်စေ အဆုံးတွင်ပြောင်းလဲမှုရှိလိမ့်မည်မဟုတ်။ ပုတီးစေ့ကိုဘယ်လိုကောက်ရပြီး ဘယ်လိုတောင်းဆုပြုခဲ့လဲဆိုတာ ကျန်းရွေ့ပြောပြလိုက်သည်။
ထိုအချိန်တုန်းက လင်ရှောင်းဂိုဏ်းသားများဟာမကောင်းဆိုးဝါးမိစ္ဆာများနှင့်တိုက်ခိုက်နေသည်ကိုသူတွေ့သွားချိန်တွင် ရှုလင်ကျားနှင့်အခြားသူတို့ကမိစ္ဆာများကိုတိုက်ခိုက်ရာတွင်အာရုံစိုက်ထားစဥ်တွင်သူတိတ်တိတ်လေးချဥ်းကပ်သွားကာ မိစ္ဆာကိုရူးသွားအောင်လုပ်ပြီး ထို့နောက်ရှုလင်ကျား၏ပြင်းထန်သောဒဏ်ရာကိုအခွင့်ကောင်းယူကာ အရာရာတိုင်းကိုယူခဲ့သည်။
ဟယ်ဇီကျိုးမှာတွက်ချက်မှုဖြင့်ပြည့်နေသော်လည်း ဒီကိစ္စ၏အမှန်တရားကထိုသို့ဖြစ်နေမည်မှန်းလုံးဝမထင်ထားမိပေရာ သူဒါကိုကြားလိုက်ရချိန်တွင် သူထိတ်လန့်အံ့အားသင့်ကာဒေါသထွက်သွားသည်။
ယင်းကားလူရှေ့တွင်သူ၏သမာဓိပျောက်ဆုံးသွားသည့်ပထမဆုံးအကြိမ်ဖြစ်သည်။ သူကထိုင်ခုံလက်ရန်းကိုပြင်းထန်စွာရိုက်ချလိုက်ရာ သူ့ဘေးရှိခွက်မှာကြမ်းပြင်ပေါ်"ခွမ်း"ခနဲကျသွားပြီး အရှေ့ဘက်ခန်းမ၏ကြမ်းပြင်တစ်ခုလုံးပင်တုန်ခါသွားသည်။
ဟယ်ဇီကျိုးကခက်ထန်စွာအော်လာသည်။
"မင်းပြောတော့ လင်ကျားနဲ့အခြားသူတွေကမိစ္ဆာကြောင့်ဒဏ်ရာရသွားတာဆို၊ ဒါတွေအားလုံးကမင်းကြောင့်ပေါ့လေ?!"
ကျန်းရွေ့မှာကြောက်ရွံ့မှုဖြင့်ပုခုံးကြုံ့လိုက်မိပေမဲ့ သူတစ်ဖန်ပြန်မော့လိုက်သည်။
"အဲ့ဒါကကျွန်တော့်ရဲ့ရည်ရွယ်ချက်မဟုတ်ဘူး။ ကျွန်တော်ကသူ့လိုဖြစ်ချင်ရုံတင်၊ ပုတီးစေ့ပေါ်ကအလင်းရောင်ကမိစ္ဆာကိုရုတ်တရက်ရူးသွားအောင်လုပ်လိုက်တာ။"
ဟယ်ဇီကျိုးမှာအရမ်းဒေါသထွက်လွန်းသည်မို့ ဝတ်ရုံလက်ခါလိုက်ချိန်တွင် လက်ဝါးတစ်ဖက်ထွက်လာသည်။ ကျန်းရွေ့မှာပေပေါင်းများစွာအကွာထိရိုက်ချခံလိုက်ရကာ သွေးတစ်လုတ်ပန်းထွက်လာသည်။
"မိစ္ဆာကောင်!"
ကျန်းရွေ့၏ပါးစပ်နီရဲသွားကာ ဒေါသတကြီးရယ်မောမိသည်။
"ဟုတ်တယ်၊ ကျွန်တော်ကမိစ္ဆာကောင်၊ ဒါပေမဲ့ရှစ်စွင်း၊ အကုန်လုံးကကျွန်တော့်ကြောင့်ဟုတ်လို့လား။ မမေ့ပါနဲ့၊ ခင်ဗျားကကျွန်တော့်အတွက်ရှုလင်ကျားကိုပစ်ပယ်ခဲ့တဲ့တစ်ယောက်နော်! ဟုတ်တယ်! ခင်ဗျားသူ့ကိုမင်ကျန့်တောင်ထွတ်ရဲ့တောင်ထွတ်သခင်အဖြစ်ကနေဆင်းခိုင်းပြီးတော့ ကျွန်တော့်ကိုသူ့ခြံဝန်းထဲမှာပြောင်းနေခိုင်းခဲ့တယ်၊ ပြီးတော့ ကျွန်တော့အတွက်အပြစ်ယူဖို့ သူ့ကိုစွပ်စွဲဖို့ခင်ဗျားဆုံးဖြတ်ခဲ့တာ! ဒီဟာကြောင့်မဟုတ်ရင် အခုအချိန်ထိ ကျွန်တော်တို့နှစ်ယောက်ကြားကမူမမှန်မှုကိုခင်ဗျားသတိထားမိမှာတဲ့လား။"
ဟယ်ဇီကျိုးကအေးစက်စက်နှာမှုတ်ကာ"ပါးစပ်ပိတ်ထား။"ဟုဆိုလာပေမဲ့ သူမနေနိုင်ဘဲရှုလင်ကျားကိုတစ်ချက်လှမ်းကြည့်မိလိုက်ရာ ရှုလင်ကျားကလည်းသူ့ကိုစိုက်ကြည့်နေကြောင်းမြင်လိုက်ရသည်။
ဆရာနှင့်တပည့်နှစ်ယောက်မျက်လုံးချင်းဆုံသွားကာ ရှုလင်ကျားမှာအိပ်မက်ကနိုးလာသည့်အလား ရုတ်ခြည်းခေါင်းလှည့်သွားသည်။
ကျန်းရွေ့မနေနိုင်ဘဲလှောင်ပြုံးတစ်ပွင့်ဖြင့်ပြောမိသည်။
"ကျွန်တော့်မှာသွေးအေးတဲ့စရိုက်ရှိပြီး ကျွန်တော်ကရက်စက်ရင်တောင်မှ ကျွန်တော်ကအမြဲတမ်းတွန်းအားပေးခဲ့ရတာ။ ကျွန်တော်သာကျွန်တော့်အတွက်မတိုက်ခိုက်လို့ရှိရင် အမြဲတမ်းသူများတွေရဲ့အဖိနှိပ်ခံ၊ အရိုက်ခံ၊ ဆူပူကန်ကျောက်ခံနေရမှာ။ ဒါပေမဲ့ခင်ဗျားကတော့ကော? ခင်ဗျားမှာနှလုံးသားမရှိဘူး၊ လူတွေကိုသက်မဲ့အရာဝတ္ထုတွေလိုဆက်ဆံနေတာ၊ ခင်ဗျားလွှတ်ပစ်ချင်ရင် စွန့်ပစ်လိုက်မှာပဲ။ ခင်ဗျားလိုအပ်ရင် ခင်ဗျားကခေါ်ထားပြီးတော့ခင်ဗျားကိုယ်ကျိုးအတွက်အသုံးချမယ်! ရှစ်စွင်း၊ ရှစ်စွင်း၊ လောကကြီးထဲမှာဒီလိုအရာမျိုးရှိလို့လား။"
"အတိတ်တုန်းကကျွန်တော့်ကိုဘယ်လောက်တောင်တွန်းအားပေးခဲ့သလဲ။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီလိုအဖြစ်မျိုးဖြစ်မှာမဟုတ်သလို ရှုလင်ကျားလည်းဖြစ်မှာမဟုတ်ဘူး! ကျွန်တော်သူ့ကိုထိခိုက်စေခဲ့တာသိပ်မများပါဘူး၊ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ပူးပေါင်းပြီးလုပ်ခဲ့တာလို့ပြောရင်ပိုကောင်းမယ်။ အရာရာတိုင်းကိုကျွန်တော့်ခေါင်းပေါ်ပုံချမနေပါနဲ့။"
ကျန်းရွေ့၏စကားလုံးများမှာ သူ့နှလုံးသားကိုထိုးဖောက်နေသည့်ဓားသွားထက်ထက်ပမာ၊ သူဟာအလွန်အမင်းရဲတင်းလွန်းလှပေမဲ့ ဟယ်ဇီကျိုးကသူ့ကိုအရေးစိုက်ဖို့တစ်အောင့်မျှမေ့သွားကာ ခေါင်းလှည့်ပြီးခေါ်လိုက်မိသည်။
"လင်ကျား။"
Advertisement
- In Serial163 Chapters
How-not To Be An Olympian God!
Athena, Zeus, Aphrodite, Hermes…
8 2167 - In Serial49 Chapters
The Vitaean Chronicles - Volume I: The Sanguine Prince
NOTE: Chapters 02 - 19 are currently slated for review and rewrite following the Conclusion of Act I. Please bear this in mind! When tragedy strikes Arcturus Valoura, he is ripped from his carefree existence and thrown into a world of politics and peril, where today's friend is tomorrow's foe. Bereft of the knowledge and skills needed to survive in his new reality, he will need to find his place within a realm that mixes magic and science in impossible ways. He will need to learn the secrets of the mysterious System that allows him to guide his potential for growth even as he struggles to unlock the powers needed to keep himself alive. In the darkest, and most desolate places of an ancient land he will have to find the answers to forbidden questions, and terrible secrets long purged from the histories of mankind. And in so doing, shake the very foundations of reality itself. Release Schedule: Tuesdays (I may post on off-days if I get a lot done). Advanced Chapters available on Patreon starting May 4th 2021. Discord Community: https://discord.gg/3tHKHAx7Ye The Vitaean Chronicles are a debut LitRPG High Fantasy series written with the intent of filling a niche I've yet to see filled anywhere else. This is my first novel of this kind, so please be patient with me. Throughout this story, I will endeavour to create an evolving and expansive narrative anchored around believable characters, compelling plotlines, and a consistent and sensible magic system. The purpose of this work is to create what I believe to be a relatively unique piece of fiction, drawing inspiration from many great stories that have come before from the likes of Tolkien, Jordan, Hertbert, Goodkind, Pratchett, Martin, and several others. My goal is not to create a masterpiece, but simply to create a story that someone can read and re-read with the same joy, same frustration, and same investment each time. This story will contain violence, politics, Shakespearian drama, tongue-in-cheek references, adult content, and well-crafted relationships of both platonic and romantic natures. I will not promise you will like every choice I make. I can only guarantee that I will do my best to create a story I, and you, can be proud of. As I progress, I will have room to incorporate fan-made characters for those interested in making their mark within the tapestry of this tale (with the customary disclaimer that they do so while waiving any rights to future profit, lol). Thank you to Royal Road for giving me the platform to do that, and thank you dear readers past, present, and future for choosing to come on this journey with me. Finally, just to cover myself: This work is Copyrighted to the Author herein known as 'Hannibal Forge', and recreation, distribution, or re-release of any material herein in a commercial or public capacity absent permission from the Author can and will be prosecuted to the full extent of the Law.
8 192 - In Serial10 Chapters
b4 + a5T3R
He doesn't remember who he was. His past obscured by the pain he feels every time he thinks about it. He can only accept reality how it is, unquestioning. She doesn't know what's going on. Her only purpose is to keep him alive. For the only thing worse than death, is loneliness.God's clamor in curiosity as they look into their past, present, and future. In a world before the end but after the apocalypse. They must reclaim their people's spot among the stars and beyond. Supposed schedule: (One chapter on scheduled days) Sunday, Monday, Thursday, Friday, Saturday (First few chapters were initially posted on Webnovel (1-17) so no formatting. Chapters get longer after first few.)
8 152 - In Serial22 Chapters
Crystal Skies
In a post-apocalyptic world, a scrapper finds a relic of the past. But this one is different; this one might still be alive. Can she bring hope to the blasted lands of the Two Worlds? Part of the Demonsword Project (Fourth Age). A somewhat experimental story. Probably updating Saturdays.
8 105 - In Serial32 Chapters
✓ | SOCIAL MEDIA (JENZIE.)
SOCIAL MEDIA. i might just be a tad dramatic. highest rank no.1 in #jenzie.
8 571 - In Serial24 Chapters
As Real As You And Me | Jordan Poole
In which 22 year old model, Renee Powers finds out that love is as real as her.In which 22 NBA player, Jordan Poole comes to the fact that he has another chance.
8 213

