《မင္​းကို ခ်စ္​မဝ​ေသးလို႔(BL Novel,Myanmar tran)》Ch-26

Advertisement

Unicode

အခန်း-၂၆

....

ထိုအရပ်ခပ်ပျက်ပျက်နှင့်အမျိုးသမီးသည် ချစ်စရာကလေးငယ်လေးကိုလဲ လက်ဆွဲ၍ထားလေသည်။ပြီးတော့ သူ့နောက်တွင် ရံရွေတော်ယောက်လဲပါလာသေး၏။

တကယ်တော့ ယုချင်းတို့တစ်စုဟာ ဖျင်အော်နန်းဆောင်ကို အကြိမ်ရေတော် တော်များများပတ်ပြီးခဲ့ပါပြီ!အဲ့ဒီ့နောက် သူမတို့အုပ်စု အရှေ့နန်းဆောင်ကိုလိုက်ပတ်နေရာမှ အိမ်ရှေ့စံ၏ပင်မနန်းဆောင်ရှေ့တွင် အိမ်ရှေ့စံမင်းသားအား အတော်ဝေးဝေးကနေလှမ်း၍တွေ့လိုက်ရလေတော့သည်။

သူမတို့လဲ အိမ်ရှေ့စံမင်းသားသွားသည့်နောက်သို့ အ ပြေးလွှားလိုက်လာကြလေရာ နောက်ဆုံးတွင် အရှင့်သားသည် ဖျင်အော်နန်းဆောင်အတွင်းသို့ဝင်သွားသည်ကိုတွေ့လိုက်ရလေသည်။

သူမရဲ့စိတ်အခြေနေပြန်ကောင်းသွားထဲက အိမ်ရှေ့စံမင်းသားကို မတွေ့ရတော့တာ...!သူမတို့ မတွေ့ရတာတော်တော်လေးကြာနေပြီ။ဒါကြောင့် သူမအနေနဲ့ အိမ်ရှေ့စံမင်းသားအား တွေ့လိုတွေ့ငြား ဖျင်အော်နန်းဆောင်ရှေ့တွင်အတော်ကြာစောင့်နေခဲ့၏။

သို့ပါသော်လည်း သူ့မရဲ့ချူချာလှတဲ့သမီးငယ်ကိုငဲ့ကြည့်မိတော့ ထိုကလေးမလေးသည် လမ်းလျှောက်ထားရတာကြာပြီဖြစ်တာကြောင့် ပင်ပန်းနွမ်းနယ်နေဟန်ရှိလေသည်။ဒါကြောင့် သူမလဲ မတတ်သာသောအခြေနေကြောင့် စိတ်လျှော့ပြီး

လှည့်ပြန်ဖို့သာ လုပ်ရတော့သည်။

သူမတို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးတဲ့အချိန်မှာ အနောက်ပါးဆီမှ မြင်းခွာသံများကိုကြားလိုက်ရသည်။ဒါကြောင့် ပြန်ကြည့်မိလေရာ ယွမ်ဖူနဲ့ တခြားကုန်းကုန်းတစ်ယောက်ဟာ မင်းသားနန်းဆောင်၏ တစ်စုံတစ်ခုအတွက်ပြင်ဆင်နေတာကိုမြင်လိုက်ရလေသည်။ယုချင်းလဲ ဘာမှန်းသေချာမသိသေးတာကြောင့် တစ်ခုခုထူးခြားမလားဆိုပြီး အသာရပ်ကြည့်နေမိလေ၏။

ခဏအကြာတွင် အိမ်ရှေ့စံမင်းသားသည် ကောင်ငယ်လေးတစ်ယောက်နှင့် အတူထွက်လာတာကို တွေ့လိုက်ရသည်။ယုချင်းသည် ဒီကောင်ငယ်လေးဟာ အခုလက်ရှိအိမ်ရှေ့စံရဲ့ချစ်မြတ်နိုးမှုကိုရရှိထားတယ်ဆိုတဲ့ သခင်လေး လင် ဖြစ်မယ်ဆိုတာကို သိလိုက်တာကြောင့် ရံရွေတော်လက်ထဲကနေ သူ့သမီးကို ခပ်ဆတ်ဆတ်ပြန်ဆွဲခေါ်ထားလိုက်လေသည်။

''အိမ်ရှေ့စံအရှင်မင်းသား... အိမ်ရှေ့စံအရှင်မင်းသား..." ယုချင်းသည် ပိန်သွယ်သွယ်လေးဟုအလွယ်ပြောနိုင်သော်လည်း ရှိသင့်ခန္ဓာကိုယ်အချိုးတို့ပြည့်ဆုံတာကြောင့် ခပ်ပြည့်ပြည့်လေးဟုလည်းဆိုနိုင်သည်။သူ့ရဲ့ပန်းရောင်ဝတ်ရုံရှည်သည် ကောက်ကြောင်းထင်းထင်းခန္ဓာကိုယ်အား ဖုံးကွယ် ၍ထားလေ၏။ပြီးတော့ သူ့မှာအရမ်းလှတဲ့မိတ်ကပ်အပြင်ဆင်လှရှိသေးသည်။

"မင်း ဒီနေရာကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ? ဒါကဘယ်နေရာဆိုတာကောသိရဲ့လား?ဖျင်အော်နန်းဆောင်ကို ဘယ်သူရဲ့ခွင့်ပြုချက်နဲ့ မင်းလာတာလဲ?'' ရွှမ်းရန်ဟန်ချန် သည် ယုချင်းဖန်တီးထားတဲ့အခြေနေအားလုံးကို လျစ်လျူရှုလိုက်ပြီးနောက် ယုချင်းအား တင်းမာစွာပြန်မေးလိုက်၏။

"အိမ်ရှေ့စံအရှင်မင်းသား..." ယုချင်းက သူ့သမီးအန်အာ ကို ရှေ့သို့ ဆွဲ၍တွန်းပို့လိုက်၏။ "ဖျင်အော်နန်းဆောင်နဲ့ အ တွင်းစာကြည့်ဆောင် အနီးနားကိုလာရောက်ခွင့်မရှိဘူးဆိုပြီး တားမြစ်ထားတာကို ကျွန်တော်မျိုးမသိပါတယ်။

ဒါပေမဲ့ အန်အာက အရှင်မင်းသားကို သတိရတယ်ဆိုပြီး အမြဲဂျီကျနေလို့ ဖျင်အော်နန်းဆောင်ဝန်းအပြင်ဘက်ကိုခေါ်လာမိတာပါ။အရှင်မင်းသားကိုတွေ့လိုတွေ့ငြားဆိုပြီး မျှော် လင့်ချက်နဲ့ ဒီလိုလှည့်ပတ်သွားနေရာကနေ အရှင်မင်းသားကိုတွေ့လိုက်ရတာပါပဲ!''

ရွှမ်းရန်ဟန်ချန်၏အကြည့်စူးစူးတို့က အန်အာဆီသို့ရောက်သွားလေရာ အန်အာသည်ကြောက်ရွံ့သွားတာကြောင့် ယုချင်း၏လက်မောင်းကြားထဲသို့သာ ပြန်တိုးဝင်နေတော့၏။ယုချင်းကတော့သိသိသာသာပင် သူမရဲ့သမီးအား အိမ်ရှေ့စံမင်းသားသို့အတင်းတွန်းပို့နေလေသည်။

''အန်အာ သမီး ခမည်းတော်ကို အမြဲသတိရပြီးတွေ့ချင်နေတာမဟုတ်ဘူးလား? ဘာလို့ခမည်းတော်ကို မနှုတ်ဆက်သေးတာလဲ....! နှုတ်ဆက် ဂါရဝါမြန်မြန်ပြုလိုက်ဦးလေ...။''

အန်အာကတော့ သူ့ရဲ့သိမ်ငယ်ပြီးကြောက်ရွံစိတ်ကြောင့် ယုချင်း၏ ရင်ဘတ်တွင်မျက်နှာလေးကိုဖိကပ်၍ပုံးကွယ်နေပြီး စကားပြောဖို့ကိုငြင်းဆန်နေ၏။သူမရဲ့ဦးနှောက်သေးသေးလေးထဲမှာ စွဲမြဲစွာမှတ်မိနေခဲ့တာက သူ့အမေကသူမကို သဘောမကျဘူးဆိုတာပင်။

အထူးသဖြင့် သူမရဲ့မောင်ငယ်လေးမွေးဖွားပြီးချိန်မှာတော့ ပိုသိသာလာ၏။သူမရဲ့မောင်ငယ်လေးက သူမထက်ပိုပြီးချူချာတာကြောင့် အမေကနေ့ကောညကောမအိပ်ပဲ ထိုအငယ်လေးအား ဂရုတစိုက်စောင့်ရှောက်နေခဲ့သည်။နောက်ပိုင်းမောင် ငယ်လေးသေဆုံးသွားတော့မှ အမေဖြစ်သူသည် သူမအပေါ်တဖြည်းဖြည်းပြောင်းလဲလာပြီး ဂရုတစိုက်ရှိလာတာပင်။

ယုချင်းကတော့ သူမရဲ့သမီးဖြစ်သူဟာ သိပ်အသုံးမကျဖူးဆိုတာကိုတွေးမိပြီး စိတ်ထဲတွင်ညအလိုမကျစိတ်တွေတိုးပွားလာနေတော့သည်။ဒီကလေးမက သူမရဲ့ပါးရည်နပ်ရည်ရှိမှုကို အမွေမရထားဘူးပဲ!ပြီးတော့ ဒီကောင်မလေးက အရမ်းရှက်တတ်သေးတယ်။ဟေး....ဒါက ခန်အာရဲ့တောင့်တောင့်ကြီးနေတာလောက် ချစ်စရာမကောင်းဘူးလေ....။

ယုချင်းရဲ့စကားကိုကြားလိုက်ထဲက ဒီအမျိုးသမီးကလဲ အိမ်ရှေ့စံမင်းသားနဲ့ဆက်စပ်တဲ့အမျိုးသမီးတွေထဲက တစ်ယောက်ပဲဆိုတာကို ကျားပေါင်သိလိုက်၏။စူးစမ်းလိုတာကြောင့် ရွှမ်းရန်ဟန်ချန်၏ကိုယ်လုံးနှင့် သူ့ကိုယ်သူကွယ်ထားရာမှ ခေါင်းထုတ်၍ ချောင်းကြည့်မိလိုက်တော့၏။

ဒါကြောင့်ပဲ ယုချင်းသည်လည်း ကောလာဟလများကြားက လင်ရှောင်ဇူ၏ပုံပန်းသွင်ပြင်ကို နောက်ဆုံးတွင်တွေ့လိုက်ရပြီဖြစ်သည်။အဲ့ဒီ့နောက်မှာတော့ ယုချင်းသည်သူ့အတွေးထဲက လင်ရှောင်ဇူနှင့်အပြင်က လင်ရှောင်ဇူကို လျှို့ဝှက်စွာနှိုင်းယှဉ်ခဲ့၏။

အချိန်အတော်ကြာ အကဲခတ်လိုက်ပြီးတဲ့ နောက်မှာတော့ ဒီဒွိလိင်ကောင်လေးကမဆိုးပါဘူးဟုသာ ကောက်ချက်ချမိလေသည်။ဒီကောင်ငယ်လေးက ကောလဟာလတွေနဲ့လဲ တော်တော်လေးကွာခြားနေပြီး ကြောက်ဖို့လဲမကောင်းပါဘူး။

သူ့ရဲ့သွင်ပြင်ကတော့ အလယ်လတ်ဆိုတာထက်တော့အနည်းငယ်မြင့်သလို ရင်သပ်ရှုမောစရာအလှလေးမျိုးတော့လဲမဟုတ်သေးပြန်ပါဘူး။သူမအနေနဲ့ အိမ်ရှေ့စံမင်းသားဆီလာချင်ခဲ့ရုံလေးလေ... အခုတော့တကယ်ကိုစိတ်ပေါ့ပါးပြီးနုပျိုလန်းဆန်းလာသလို ခံစားနေရလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက အိမ်ရှေ့စံမင်းသားနဲ့ ကလေး၂ယောက်ထွန်းကားထားတဲ့ အမျိုးသမီးလေ.... သူမရဲ့တည်ရှိမှုက ရှုရွှမ်းရင်ရဲ့တည်ရှိမှုထက်တော့ ပိုသာတာပဲဆိုရမှာပေါ့...!ဒီဒွိလိင်ကောင်လေးကကော ဘယ်လောက်ကြာကြာအမြင့်ရောက်မှာလဲ....။အလွန်ဆုံးကြာမှ လအနည်းသယ်လောက်ပေါ့လေ...။ဒီတစ်ခေါက်ခြိမ်းခြောက်မှုကတော့ ကြီးကြီးမားမားမဟုတ်ဘူးဟု ယုချင်းခံစားမိလိုက်လေသည်။

ယုချင်း သည် နိမ်ကျောကျော ခပ်ထေ့ထေ့အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက်ပြုံး၍ " ဒါကကျွန်တော်မျိုးမတို့ အရှေ့နန်းတော်ကို အသစ်ရောက်လာတဲ့တစ်ယောက်ပေါ့လေ! မတွေ့ဖူးသေးဘူးပဲ ..''

ရွှမ်းရန်ဟန်ချန့သည် ဂျာပေါင်အား

"သူကယုချင်း ဒါက ကိုယ့်ရဲ့ ဒုတိယသမီး ယအန်အာ"

လင်ဂျာပေါင် ထို၂ယောက်အား နှုတ်ဆက်လိုက်ပြီးနောက် ရွှမ်းရန်ဟန်ချန်နောက်သို့သာပြန်သွားလိုက်၏။ရွှမ်းရန်ဟန်ချန်၏ ကိုယ်လုပ်တော်နှင့်သူ့ရဲ့သမီးကို ဘယ်လိုရင်ဆိုင်ပြီးပြုမူနေထိုင်ရမယ်ဆိုကို သူ,တကယ်ပဲ မသိပါဘူး....။

"အိုး... ငါတို့အားလုံးက အိမ်ရှေ့စံမင်းသားကို ခစားနေရတဲ့သူတွေပဲလေ...!အဲ့လောက်ယဉ်ကျေးနေဖို့ မလိုဘူး..." လင်ဂျာပေါင်က သူ့ကို ယဉ်ယဉ်ကျေးကျေးနဲ့ရိုကျိုးစွာ နှုတ်ဆက်သွားတာကိုမြင်လိုက်ရတာကြောင့် ယုချင်းသည် ရယ်မောရင်းပြောလိုက်သည်။

"ကောင်းပြီ!အန်အာ ကို ငါကိုယ်တော်နောက်မှ အချိန်ယူပြီးလာတွေ့လိုက်မယ်။ မင်းအရင်ပြန်နှင့်လိုက်!အန်အာ ဘေးက အထိန်းတော်ကြီးကဘယ်မှာလဲ? သူ့ကိုဘာလို့မပါလာတာလဲ?''ရွှမ်းရန်ဟန်ချန်က မေးလိုက်လေ၏။

"အန်အာရဲ့အထိန်းတော်ကြီး ဒီနေ့နည်းနည်းနေလို့သိပ်မကောင်းချင်တာကြောင့်..... ကျွန်တော်မျိုးမ သူ့ကိုနှစ်ရက် အနားယူခွင့်ပေးလိုက်ပါတယ်'' ယုချင်းကခပ်ရွံရွံပြန်ဖြေသည် ။

"မင်းမလုပ်နိုင်ရင် နောက်တစ်ယောက်ကိုပြောင်းခိုင်လိုက်!အထိန်းတော်မပါပဲ မင်းအပြင်ကိုကလေးကိုလျှောက်မခေါ်နဲ့ပြီးတော့ မင်းကလေးအပြင်ထွက်ရင် ခေါင်းဆောင်းကိုဆောင်းပေးထားစမ်း!အန်အာကို မြန်မြန်ပြန်ခေါ်သွားတော့!ပြန်ရောက်ရင် ထိုက်ဆွေ့နဲ့ သေချာပြကြည့်ဦး!အအေးမမိအောင် စွတ်ပြုတ်လဲပြင်ဆင်ပြီးတိုက်ထား!'"

ဒီနေ့လေတိုက်က ပေါ့သေးသေး မဟုတ်ဘူး။ အန်အာရဲ့ ခန္ဓာကိုယ်က ခန်းအာထက်တောင် ပိုပြီးအားနည်းတယ်လို့ပြောလို့ရတယ်။ရာသီဥတုပြင်းထန်နေတာကြောင့် အန်းအာကို တင်းတင်းကြပ်စောင့်ရှောက်နိုင်ဖို့ အထိန်းတော်ကြီးများမှ သေချာစီစဉ်စောင့်ရှောက်ပေးနေပေမဲ့ ယုချင်းကတော့ သူ့ကိုတွေ့ချင်တာတစ်ခုနှင့် သူမရဲ့ကလေးအတွက်ကောင်းသည်ဆိုးသည် ဘာတစ်ခုမျှစဉ်းစားမနေပဲ သမီးဖြစ်အားအပြင်သို့ဆွဲထုတ်လာခဲ့လေသည်။ပြီးတော့ သူ့ရဲ့အပြစ်လွတ်ဖို့တောင် ကလေးကိုလွှဲချလိုက်သေး၏။တကယ်ကို ရွံ့စရာပါပဲ...။

Advertisement

⭐⭐⭐⭐⭐

Zawgyi

အခန္​း-၂၆

....

ထိုအရပ္ခပ္ပ်က္ပ်က္ႏွင့္အမ်ိဳးသမီးသည္ ခ်စ္စရာကေလးငယ္ေလးကိုလဲ လက္ဆြဲ၍ထားေလသည္။ၿပီးေတာ့ သူ႔ေနာက္တြင္ ရံေရြေတာ္ေယာက္လဲပါလာေသး၏။

တကယ္ေတာ့ ယုခ်င္းတို့တစ္စုဟာ ဖ်င္ေအာ္နန္းေဆာင္ကို အႀကိမ္ေရေတာ္ ေတာ္မ်ားမ်ားပတ္ၿပီးခဲဲ့ပါၿပီ!အဲ့ဒီ့ေနာက္ သူမတို့အုပ္စု အေရွ႕နန္းေဆာင္ကိုလိုက္ပတ္ေနရာမွ အိမ္ေရွ႕စံ၏ပင္မနန္းေဆာင္ေရွ႕တြင္ အိမ္ေရွ႕စံမင္းသားအား အေတာ္ေဝးေဝးကေနလွမ္း၍ေတြ႕လိုက္ရေလေတာ့သည္။

သူမတို့လဲ အိမ္ေရွ႕စံမင္းသားသြားသည့္ေနာက္သို့ အ ေျပးလႊားလိုက္လာၾကေလရာ ေနာက္ဆုံးတြင္ အရွင့္သားသည္ ဖ်င္ေအာ္နန္းေဆာင္အတြင္းသို့ဝင္သြားသည္ကိုေတြ႕လိုက္ရေလသည္။

သူမရဲ့စိတ္အေျခေနျပန္ေကာင္းသြားထဲက အိမ္ေရွ႕စံမင္းသားကို မေတြ႕ရေတာ့တာ...!သူမတို့ မေတြ႕ရတာေတာ္ေတာ္ေလးၾကာေနၿပီ။ဒါေၾကာင့္ သူမအေနနဲ႔ အိမ္ေရွ႕စံမင္းသားအား ေတြ႕လိုေတြ့ျငား ဖ်င္ေအာ္နန္းေဆာင္ေရွ႕တြင္အေတာ္ၾကာေစာင့္ေနခဲ့၏။

သို့ပါေသာ္လည္း သူ႔မရဲ့ခ်ဴခ်ာလွတဲ့သမီးငယ္ကိုငဲ့ၾကည့္မိေတာ့ ထိုကေလးမေလးသည္ လမ္းေလၽွာက္ထားရတာၾကာၿပီျဖစ္တာေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနဟန္ရွိေလသည္။ဒါေၾကာင့္ သူမလဲ မတတ္သာေသာအေျခေနေၾကာင့္ စိတ္ေလၽွာ့ၿပီး

လွည့္ျပန္ဖို့သာ လုပ္ရေတာ့သည္။

သူမတို့ ေျခလွမ္းအနည္းငယ္လွမ္းၿပီးတဲ့အခ်ိန္မွာ အေနာက္ပါးဆီမွ ျမင္းခြာသံမ်ားကိုၾကားလိုက္ရသည္။ဒါေၾကာင့္ ျပန္ၾကည့္မိေလရာ ယြမ္ဖူနဲ႔ တျခားကုန္းကုန္းတစ္ေယာက္ဟာ မင္းသားနန္းေဆာင္၏ တစ္စုံတစ္ခုအတြက္ျပင္ဆင္ေနတာကိုျမင္လိုက္ရေလသည္။ယုခ်င္းလဲ ဘာမွန္းေသခ်ာမသိေသးတာေၾကာင့္ တစ္ခုခုထူးျခားမလားဆိုၿပီး အသာရပ္ၾကည့္ေနမိေလ၏။

ခဏအၾကာတြင္ အိမ္ေရွ႕စံမင္းသားသည္ ေကာင္ငယ္ေလးတစ္ေယာက္ႏွင့္ အတူထြက္လာတာကို ေတြ႕လိုက္ရသည္။ယုခ်င္းသည္ ဒီေကာင္ငယ္ေလးဟာ အခုလက္ရွိအိမ္ေရွ႕စံရဲ့ခ်စ္ျမတ္နိုးမွုကိုရရွိထားတယ္ဆိုတဲ့ သခင္ေလး လင္ ျဖစ္မယ္ဆိုတာကို သိလိုက္တာေၾကာင့္ ရံေရြေတာ္လက္ထဲကေန သူ႔သမီး​ကို ခပ္ဆတ္ဆတ္ျပန္ဆြဲေခၚထားလိုက္ေလသည္။

''အိမ္ေရွ႕စံအရွင္မင္းသား... အိမ္ေရွ႕စံအရွင္မင္းသား..." ယုခ်င္းသည္ ပိန္သြယ္သြယ္ေလးဟုအလြယ္ေျပာနိုင္ေသာ္လည္း ရွိသင့္ခႏၶာကိုယ္အခ်ိဳးတို့ျပည့္ဆုံတာေၾကာင့္ ခပ္ျပည့္ျပည့္ေလးဟုလည္းဆိုနိုင္သည္။သူ႔ရဲ့ပန္းေရာင္ဝတ္႐ုံရွည္သည္ ေကာက္ေၾကာင္းထင္းထင္းခႏၶာကိုယ္အား ဖုံးကြယ္ ၍ထားေလ၏။ၿပီးေတာ့ သူ႔မွာအရမ္းလွတဲ့မိတ္ကပ္အျပင္ဆင္လွရွိေသးသည္။

"မင္း ဒီေနရာကိုဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ? ဒါကဘယ္ေနရာဆိုတာေကာသိရဲ့လား?ဖ်င္ေအာ္နန္းေဆာင္ကို ဘယ္သူရဲ့ခြင့္ျပဳခ်က္နဲ႔ မင္းလာတာလဲ?'' ရႊမ္းရန္ဟန္ခ်န္ သည္ ယုခ်င္းဖန္တီးထားတဲ့အေျခေနအားလုံးကို လ်စ္လ်ဴရွုလိုက္ၿပီးေနာက္ ယုခ်င္းအား တင္းမာစြာျပန္ေမးလိုက္၏။

"အိမ္ေရွ႕စံအရွင္မင္းသား..." ယုခ်င္းက သူ႔သမီးအန္အာ ကို ေရွ႕သို့ ဆြဲ၍တြန္းပို့​လိုက္၏။ "ဖ်င္ေအာ္နန္းေဆာင္နဲ႔ အ တြင္းစာၾကည့္ေဆာင္ အနီးနားကိုလာေရာက္ခြင့္မရွိဘူးဆို​​ၿပီး တားျမစ္ထားတာကို ကၽြန္ေတာ္မ်ိဳးမသိပါတယ္။

ဒါေပမဲ့ အန္အာက အရွင္မင္းသားကို သတိရတယ္ဆိုၿပီး အျမဲဂ်ီက်ေနလို့ ဖ်င္ေအာ္နန္းေဆာင္ဝန္းအျပင္ဘက္ကိုေခၚလာမိတာပါ။အရွင္မင္းသားကိုေတြ႕လိုေတြ႕ျငားဆိုၿပီး ေမ်ွာ္​ လင့္ခ်က္နဲ႔ ဒီလိုလွည့္ပတ္သြားေနရာကေန အရွင္မင္းသားကိုေတြ႕လိုက္ရတာပါပဲ!''

ရႊမ္းရန္ဟန္ခ်န္၏အၾကည့္စူးစူးတို့က အန္အာဆီသို့ေရာက္သြားေလရာ အန္အာသည္​ေၾကာက္ရြံ့သြားတာေၾကာင့္ ယုခ်င္း၏လက္ေမာင္းၾကားထဲသို့သာ ျပန္တိုးဝင္ေနေတာ့၏။ယုခ်င္းကေတာ့သိသိသာသာပင္ သူမရဲ့သမီးအား အိမ္ေရွ႕စံမင္းသားသို့အတင္းတြန္းပို့ေနေလသည္။

''အန္အာ သမီး ခမည္းေတာ္ကို အျမဲသတိရၿပီးေတြ႕ခ်င္ေနတာမဟုတ္ဘူးလား? ဘာလို့ခမည္းေတာ္ကို မႏွုတ္ဆက္ေသးတာလဲ....! ႏွုတ္ဆက္ ဂါရဝါျမန္ျမန္ျပဳလိုက္ဦးေလ...။''

အန္အာကေတာ့ သူ႔ရဲ့သိမ္ငယ္ၿပီးေၾကာက္ရြံစိတ္ေၾကာင့္ ယုခ်င္း၏ ရင္ဘတ္တြင္မ်က္ႏွာေလးကိုဖိကပ္၍ပုံးကြယ္ေနၿပီး စကားေျပာဖို့ကိုျငင္းဆန္ေန၏။သူမရဲ့ဦးေႏွာက္ေသးေသးေလးထဲမွာ စြဲျမဲစြာမွတ္မိေနခဲ့တာက သူ႔အေမကသူမကို သေဘာမက်ဘူးဆိုတာပင္။

အထူးသျဖင့္ သူမရဲ့ေမာင္ငယ္ေလးေမြးဖြားၿပီးခ်ိန္မွာေတာ့ ပိုသိသာလာ၏။သူမရဲ့ေမာင္ငယ္ေလးက သူမထက္ပိုၿပီးခ်ဴခ်ာတာေၾကာင့္ အေမကေန႔ေကာညေကာမအိပ္ပဲ ထိုအငယ္ေလးအား ဂ႐ုတစိုက္ေစာင့္ေရွာက္ေနခဲ့သည္။ေနာက္ပိုင္းေမာင္ ငယ္ေလးေသဆုံးသြားေတာ့မွ အေမျဖစ္သူသည္ သူမအေပၚတျဖည္းျဖည္းေျပာင္းလဲလာၿပီး ဂ႐ုတစိုက္ရွိလာတာပင္။

ယုခ်င္းကေတာ့ သူမရဲ့သမီးျဖစ္သူဟာ သိပ္အသုံးမက်ဖူးဆိုတာကိုေတြးမိၿပီး စိတ္ထဲတြင္ညအလိုမက်စိတ္ေတြတိုးပြားလာေနေတာ့သည္။ဒီကေလးမက သူမရဲ့ပါးရည္နပ္ရည္ရွိမွုကို အေမြမရထားဘူးပဲ!ၿပီးေတာ့ ဒီေကာင္မေလးက အရမ္းရွက္တတ္ေသးတယ္။ေဟး....ဒါက ခန္အာရဲ့ေတာင့္ေတာင့္ႀကီးေနတာေလာက္ ခ်စ္စရာမေကာင္းဘူးေလ....။

ယုခ်င္းရဲ့စကားကိုၾကားလိုက္ထဲက ဒီအမ်ိဳးသမီးကလဲ အိမ္ေရွ႕စံမင္းသားနဲ႔ဆက္စပ္တဲ့အမ်ိဳးသမီးေတြထဲက တစ္​​ေယာက္ပဲဆိုတာကို က်ားေပါင္သိလိုက္၏။စူးစမ္းလိုတာေၾကာင့္ ရႊမ္းရန္ဟန္ခ်န္၏ကိုယ္လုံးႏွင့္ သူ႔ကိုယ္သူကြယ္ထားရာမွ ေခါင္းထုတ္၍ ေခ်ာင္းၾကည့္မိလိုက္ေတာ့၏။

ဒါေၾကာင့္ပဲ ယုခ်င္းသည္လည္း ေကာလာဟလမ်ားၾကားက လင္ေရွာင္ဇူ၏ပုံပန္းသြင္ျပင္ကို ေနာက္ဆုံးတြင္ေတြ႕လိုက္ရၿပီျဖစ္သည္။အဲ့ဒီ့ေနာက္မွာေတာ့ ယုခ်င္းသည္သူ႔အေတြးထဲက လင္ေရွာင္ဇူႏွင့္အျပင္က လင္ေရွာင္ဇူကို လၽွို့ဝွက္စြာႏွိုင္းယွဥ္ခဲ့၏။

အခ်ိန္အေတာ္ၾကာ အကဲခတ္​လိုက္ၿပီးတဲ့ ေနာက္မွာေတာ့ ဒီဒြိလိင္ေကာင္ေလးကမဆိုးပါဘူးဟုသာ ေကာက္ခ်က္ခ်မိေလသည္။ဒီေကာင္ငယ္ေလးက ေကာလဟာလေတြနဲ႔လဲ ေတာ္​ေတာ္ေလးကြာျခားေနၿပီး ေၾကာက္ဖို့လဲမေကာင္းပါဘူး။

သူ႔ရဲ့သြင္ျပင္က​ေတာ့ အလယ္လတ္ဆိုတာထက္ေတာ့အနည္းငယ္ျမင့္သလို ရင္သပ္ရွုေမာစရာအလွေလးမ်ိဳးေတာ့လဲမဟုတ္ေသးျပန္ပါဘူး။သူမအေနနဲ႔ အိမ္ေရွ႕စံမင္းသားဆီလာခ်င္ခဲ့႐ုံေလးေလ... အခု​ေတာ့တကယ္ကိုစိတ္ေပါ့ပါးၿပီးႏုပ်ိဳလန္းဆန္းလာသလို ခံစားေနရေလသည္။

ဘယ္လိုပဲျဖစ္ျဖစ္ သူမက အိမ္ေရွ႕စံမင္းသားနဲ႔ ကေလး၂ေယာက္ထြန္းကားထားတဲ့ အမ်ိဳးသမီးေလ.... သူမရဲ့တည္ရွိမွုက ရွုရႊမ္းရင္ရဲ့တည္ရွိမွုထက္ေတာ့ ပိုသာတာပဲဆိုရမွာေပါ့...!ဒီဒြိလိင္ေကာင္ေလးကေကာ ဘယ္ေလာက္ၾကာၾကာအျမင့္ေရာက္မွာလဲ....။အလြန္ဆုံးၾကာမွ လအနည္းသယ္ေလာက္ေပါ့ေလ...။ဒီတစ္ေခါက္ၿခိမ္းေျခာက္မွုကေတာ့ ႀကီးႀကီးမားမားမဟုတ္ဘူးဟု ယုခ်င္းခံစားမိလိုက္ေလသည္။

ယုခ်င္း သည္ နိမ္ေက်ာေက်ာ ခပ္ေထ့ေထ့အၾကည့္ျဖင့္ၾကည့္လိုက္ၿပီးေနာက္ျပဳံး၍ " ဒါကကၽြန္ေတာ္မ်ိဳးမတို့ အေရွ႕နန္းေတာ္ကို အသစ္ေရာက္လာတဲ့တစ္ေယာက္ေပါ့ေလ! မေတြ႕ဖူးေသးဘူးပဲ ..''

ရႊမ္းရန္ဟန္ခ်န့သည္ ဂ်ာေပါင္အား

"သူကယုခ်င္း ဒါက ကိုယ့္ရဲ့ ဒုတိယသမီး ယအန္အာ"

လင္ဂ်ာေပါင္​ ထို၂ေယာက္အား ႏွုတ္ဆက္လိုက္ၿပီးေနာက္ ရႊမ္းရန္ဟန္ခ်န္ေနာက္သို့သာျပန္သြားလိုက္၏။ရႊမ္းရန္ဟန္ခ်န္၏ ကိုယ္လုပ္ေတာ္ႏွင့္သူ႔ရဲ့သမီးကို ဘယ္လိုရင္ဆိုင္ၿပီးျပဳမူေနထိုင္ရမယ္ဆိုကို သူ,တကယ္ပဲ မသိပါဘူး....။

"အိုး... ငါတို့အားလုံးက အိမ္ေရွ႕စံမင္းသားကို ခစားေနရတဲ့သူေတြပဲေလ...!အဲ့ေလာက္​ယဥ္ေက်းေနဖို့ မလိုဘူး..." လင္ဂ်ာေပါင္က သူ႔ကို ယဥ္ယဥ္ေက်းေက်းနဲ႔ရိုက်ိဳးစြာ ႏွုတ္ဆက္သြားတာကိုျမင္လိုက္ရတာေၾကာင့္ ယုခ်င္းသည္ ရယ္ေမာရင္းေျပာလိုက္သည္။

"ေကာင္းၿပီ!အန္အာ ကို ငါကိုယ္ေတာ္ေနာက္မွ အခ်ိန္ယူၿပီးလာေတြ႕လိုက္မယ္။ မင္းအရင္ျပန္ႏွင့္လိုက္!အန္အာ ေဘးက အထိန္းေတာ္ႀကီးကဘယ္မွာလဲ? သူ႔ကိုဘာလို့မပါလာတာလဲ?''ရႊမ္းရန္ဟန္ခ်န္က ေမးလိုက္ေလ၏။

"အန္အာရဲ့အထိန္းေတာ္ႀကီး ဒီေန႔နည္းနည္းေနလို့သိပ္မေကာင္းခ်င္တာေၾကာင့္..... ကၽြန္ေတာ္မ်ိဳးမ သူ႔ကိုႏွစ္ရက္ အနားယူခြင့္ေပးလိုက္ပါတယ္'' ယုခ်င္းကခပ္ရြံရြံျပန္ေျဖသည္ ။

"မင္းမလုပ္နိုင္ရင္ ေနာက္တစ္ေယာက္ကိုေျပာင္းခိုင္လိုက္!အထိန္းေတာ္မပါပဲ မင္းအျပင္ကိုကေလးကိုေလၽွာက္မေခၚနဲ႔ၿပီးေတာ့ မင္းကေလးအျပင္ထြက္ရင္ ေခါင္းေဆာင္းကိုေဆာင္းေပးထားစမ္း!အန္အာကို ျမန္ျမန္ျပန္ေခၚသြားေတာ့!ျပန္ေရာက္ရင္ ထိုက္ေဆြ႕နဲ႔ ေသခ်ာျပၾကည့္ဦး!အေအးမမိေအာင္ စြတ္ျပဳတ္လဲျပင္ဆင္ၿပီးတိုက္ထား!'"

ဒီေန႔ေလတိုက္က ေပါ့ေသးေသး မဟုတ္ဘူး။ အန္အာရဲ့ ခႏၶာကိုယ္က ခန္းအာထက္ေတာင္ ပိုၿပီးအားနည္းတယ္လို့ေျပာလို့ရတယ္။ရာသီဥတုျပင္းထန္ေနတာေၾကာင့္ အန္းအာကို တင္းတင္းၾကပ္ေစာင့္ေရွာက္နိုင္ဖို့ အထိန္းေတာ္ႀကီးမ်ားမွ ေသခ်ာစီစဥ္ေစာင့္ေရွာက္ေပးေနေပမဲ့ ယုခ်င္းကေတာ့ သူ႔ကိုေတြ႕ခ်င္တာတစ္ခုႏွင့္ သူမရဲ့ကေလးအတြက္ေကာင္းသည္ဆိုးသည္ ဘာတစ္ခုမၽွစဥ္းစားမေနပဲ သမီးျဖစ္အားအျပင္သို့ဆြဲထုတ္လာခဲ့ေလသည္။ၿပီးေတာ့ သူ႔ရဲ့အျပစ္လြတ္ဖို့ေတာင္ ကေလးကိုလႊဲခ်လိုက္ေသး၏။တကယ္ကို ရြံ့စရာပါပဲ...။

⭐⭐⭐⭐⭐

    people are reading<မင္​းကို ခ်စ္​မဝ​ေသးလို႔(BL Novel,Myanmar tran)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click