《Me, Myself & Bad Romance •||• JINKOOK》【18】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad romance
အပိုင်း ၁၈
လေးပင်နေတဲ့ခြေလှမ်းတွေနဲ့ တံတားတစ်လျှောက် သူ လမ်းလျှောက်နေမိသည်။ အိမ်လည်း မပြန်ချင်သလို သူ သွားရမယ့်နေရာမရှိ။ သူ့ကိုယ်သူ အစွန့်ပစ်ခံကလေးတစ်ယောက်လို ခံစားမိလိုက်သည်။ တိုးဝှေ့လာတဲ့လေညင်းတွေကို ခံယူမိရင်း တံတားကနေတစ်ဆင့် မြစ်ကမ်းနံဘေးဆီ သူ ခြေဦးတည့်မိသည်။
သူ မျက်မြင်တွေ့ခဲ့ရသလိုပဲ၊ သူကြားခဲ့ရသလိုပဲ ကိုကို့မှာ ချစ်ရသူရှိနေရင် ဘာကြောင့် သူ့ကို ချစ်သလိုလိုနဲ့ လက်ထပ်ခဲ့သေးတာလဲ ... အမုန်းတွေက ပိုသာနေလို့များ တမင်သက်သက်နှိပ်စက်ဖို့ လက်ထပ်ထားတာလား သူ မတွေးတတ်တော့ ...။ အခုချိန်မှာ ခိုကိုးရာမဲ့နေသလို သူ့နှလုံးသားဟာ လေးလံနာကျင်နေမိသည်။ မြစ်ကမ်းနံဘေးက လေပြေနဲ့အတူ သူ ကွယ်ပျောက်သွားချင်မိသည်။
သူ့မှာ ကပ်တွယ်ရာနေရာမရှိတော့သလို ခံစားချက်တွေက ရောထွေးလာသည်။ တစ်ခုခုဆို ငိုယိုပြီးတိုင်တည်ရမယ့် မိဘတွေမရှိသလို သူငယ်ချင်းအပေါင်းအဖော်ကလည်းမရှိ။ တစ်ဦးတည်းသောသူငယ်ချင်းကလည်း အနားမှာမရှိ။ အလုပ်ကလည်း ကိုကို့မယုံကြည်မှုအောက်မှာ ပျောက်ရှသွားခဲ့ရပြီဖြစ်သည်။
သူ အလုပ်ပြုတ်တာထက် သူ့ကို ကိုကိုမယုံကြည်ဘဲ အလုပ်တန်းဖြုတ်လိုက်တာက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပါဝင်တယ်ဆိုတာ သူသိသည်။ ကိုကိုက ဘာကြောင့် တမင်သက်သက် သူ့ဘဝကြီး ခက်ခဲအောင် လုပ်နေလဲတော့ သူနားမလည်။ အဲ့ဒါထက် နားနေခန်းမှာ မြင်ခဲ့ရတဲ့ပုံရိပ်။
" ကျစ် ~~ "
တကယ်ကို ဟန်မဆောင်နိုင်တော့သည်မို့ စိတ်ပျက်အားလျော့စွာ မျက်ရည်တွေ စီးကျလာရသည်။
ဒါလေး မြင်ရတာကိုတောင် ဒီလောက်နာကျင်နေရတာ ကိုကို့ချစ်သူအတွက် ကိုကိုသာ သူ့ကို ကွာရှင်းပေးဖို့ ပြောလာရင် သူ ဘယ်လို ရင်ဆိုင်ရမလဲ ... အတူတူနေတဲ့အချိန်က မကြာသေးပေမယ့် ကွာရှင်းဖို့ပြောလာရင် ဘယ်လိုအင်အားနဲ့ သူ ရင်ဆိုင်ရမလဲ ... ။ ကိုကို့ကို သူတကယ် လက်လွှတ်နိုင်မှာမဟုတ်။ ကိုကို သူ့ကို မချစ်တော့ရင်တောင် ခြေထောက်ဖက်ရဖက်ရ သူ ကိုကို့ကို အတတ်နိုင်ဆုံးဆွဲထားချင်သည်။
ဂျောင်ဂုတွေးရင်း တွေးရင်း မွန်းကျပ်လာသည်မို့ စိတ်ကို ဖြေလျော့ဖို့အတွက် ကောင်းကင်ကို မော့ကြည့်မိသည်။ သူတောင် ဒီလောက်လေးကို ခံစားနေရရင် ကိုကို့တုန်းက ဘယ်လိုများ ဖြတ်ကျော်ခဲ့ရမလဲ။ သူဆိုရင် ခူရိုနဲ့ မတော်တဆနမ်းမိတဲ့အပြင် ကိုကို တားနေတဲ့ကြားကနေ မရမက လမ်းခွဲမိခဲ့သေးသည်။ သူ့ကို အချစ်တွေအများကြီး ပေးခဲ့တဲ့ကိုကို့ကို သူ ရက်ရက်စက်စက် ထားခဲ့မိသေးသည်။ အဲ့ဒါအပြင် အဆိုးဆုံးက ကိုကို့အရှေ့မှာပင် ခူရိုနဲ့ မင်္ဂလာဆောင်လိုက်သေးသည်။
အဲ့ဒီတုန်းကဆို ကိုကို ဘယ်လောက်တောင် နာကျင်ပြီး ခံစားနေခဲ့ရမလဲ ... ကိုကိုဘယ်လောက်တောင် သည်းခံနေခဲ့ရမလဲ ... သူတောင် အခုလိုမြင်မိတာကို သေမတတ်ခံစားနေရရင် ကိုကို့တုန်းက ဘယ်လို အင်အားတွေနဲ့ ကျော်ဖြတ်ခဲ့ရမလဲ ... အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် အဲ့ဒီ့တုန်းက ကိုကို့ကို သူ ပြန်ထွေးပွေ့ပေးချင်မိသည်။ ကိုကို့ကို လမ်းမခွဲဘဲ သူ့အခက်အခဲတွေကို၊ သူနာကျင်ရတာတွေကို သေချာပြောပြပြီး အတူတူရင်ဆိုင်ဖြေရှင်းခဲ့သင့်သည်။ အမှန်တရားတွေ သိပြီးတော့လည်း ကိုကို့ကို သူ ရှောင်ပြေးတာမျိုးမလုပ်ဘဲ ရင်ဆိုင်ရဲခဲ့သင့်သည်။
" ရား!! ဂျွန်ဂျောင်ဂု !! ကိုကို့အပေါ်မှာ အမှားတွေ ဘယ်လောက်တောင် လုပ်ထားတာလဲ ... ဘယ်လောက်တောင်များနေပြီလဲ ... မင်းက မကောင်းတဲ့ကောင်ပဲ ... "
သူ့ကိုယ်သူအပြစ်တင်မိရင်း ထိုင်ငိုနေမိတော့ တဖြည်းဖြည်းမောဟိုက်လာသလို ဝမ်းဗိုက်က အောင့်လာရသည်။ စိတ်ဖိစီးမှုတွေများတိုင်း ဗိုက်အောင့်တာက ဖြစ်တတ်တဲ့ပြသနာပဲမို့လို့ သူ မစိုးရိမ်မိ။ နာကျင်နေတဲ့ ဝမ်းဗိုက်ကို ဖိကာ ခပ်မဲ့မဲ့လေး ညည်းတွားမိသည်။ ခန္ဓာကိုယ်ကပါ နေလို့ ထိုင်လို့ အဆင်မပြေလို့လားတော့မသိ၊ စိတ်ကပို ဝမ်းနည်းလာရတော့သည်။
အခုဆို လောကကြီးမှာ သူ့ကို လိုချင်တဲ့သူတွေ ရှိမှာမဟုတ်တော့၊ သေလောက်အောင် ချစ်ပေးပြီး ဂရုစိုက်ပေးခဲ့တဲ့ကိုကို့ကိုတောင် သူ ဒဏ်ရာတွေ အကြိမ်ကြိမ်ပေးမိခဲ့သည်။
" ~~ ဒီတိုင်း သေလိုက်ပါတော့လား ဂျောင်ဂုရာ ~~ အခုဆို ကိုကိုကလည်း မချစ်တော့ဘူး ~~ ကိုကိုနဲ့ကွာရှင်းရရင် တီတီတို့ဆီမှာလည်း မနေနိုင်ဘူး ~~ အလုပ်ကလဲ မရှိတော့ဘူး ~~ ဘာဆို ဘာမှ မရှိတော့ဘူး ~~ မင်းအပေါ်မှာထားတဲ့ ကိုကို့အချစ်တွေတောင် မရှိတော့ဘူး ~~ "
အားမလိုအားမရအပြစ်တင်မိရင်း မျက်ဝန်းတွေကို ပွတ်သပ်လိုက်မိသည်။ အဲ့ဒီ့နောက် မျက်စိရှေ့မှာ ရှိနေတဲ့ မြစ်ပြင်ကျယ်ကြီးကို ကြည့်ကာ သူ တွေးတောမိသည်။ လေပြေလေညင်းတွေ ဝေ့ဝိုက်နေတဲ့ ဟန်မြစ်က သိပ်လှပေမယ့် လူတချို့ရဲ့နာကျင်မှုတွေကို အဆုံးသတ်ပေးတဲ့ နေရာပြင်ကျယ်ကြီးတစ်ခုဆိုလည်း မမှား။ ဒီမြစ်ထဲကို လူဘယ်နှစ်ယောက်လောက်ကများ စိတ်ညစ်စရာတွေကို မြှုပ်နှံပြီးပြီလဲ သူမသိ။ သူရော အရှူံးသမားတစ်ယောက်လို သူ့ကိုယ်သူ မြှုပ်နှံလိုက်ချင်ပြီဖြစ်သည်။
... ဂျောင်ဂု တွေးရင်း တွေးရင်း ကမ်းစပ်အနားထိ တိုးကပ်လိုက်မိသည်။ အဲ့ဒီ့နောက် ဟိုငေးဒီငေး လုပ်နေမိရင်း တံတားဘက်ကို သူ မျှော်ငေးကြည့်လိုက်မိသည်။ တံတားလက်ရန်းပေါ်မှာတော့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ လက်ဆန့်တန်းပြီး မြစ်ရဲ့လေညင်းတွေကို ခံယူနေပုံက အရာအားလုံးကို အရှုံးပေးတော့မည့်ဟန်ပင်။ ဘယ်ခြေလှမ်း လှမ်းတော့မယ်ဆိုတာ သူ သိနေသည်မို့ သူ ခေါင်းခါရင်း ရေရွတ်လိုက်မိသည်။
" မဖြစ်ဘူး..."
သူကြည့်နေစဉ်အတွင်းမှာပဲ သူထင်ထားတဲ့အတိုင်း ခြေလှမ်းကာ ခုန်ချလိုက်သည်မို့ သူလန့်ပြီး မတ်တပ်ရပ်လိုက်မိသည်။ ရေနက်ပိုင်းထဲ မဟုတ်တာမို့ ကယ်ရင် မီနိုင်သေးသည်။ ထို့ကြောင့် တွေးတောနေတာမျိုးမရှိဘဲ ချက်ချင်း ရေထဲဆင်းကာ ထိုအမျိုးသမီးဆီ ကူးခတ်မိသည်။ ခက်ခက်ခဲခဲကယ်လိုက်ရပေမယ့် ကမ်းစပ်ကို ရောက်တဲ့အချိန်မှာတော့ သူ အရေးပေါ် ကားခေါ်လိုက်မိသည်။ အသက်မှီလား မမှီလားတော့ သူ မသိပေမယ့် လူနာတင်ယာဉ်ပေါ်ပါသွားတဲ့ အမျိုးသမီးအတွက် သူ ဆုတောင်းပေးလိုက်မိသည်။
Advertisement
သို့ပေမယ့် သူ့ဆုတောင်းတွေ မပြည့်ခဲ့ပါ။ ရေစိုအဝတ်နဲ့ သူ အိမ်ပြန်မရောက်ခင်မှာပဲ ရဲစခန်းက မျက်မြင်သက်သေအဖြစ် သူ့ကို ပြန်ဆက်သွယ်လာခဲ့တာကြောင့် လမ်းတစ်ဝက်ကနေ သူ စခန်းကို သွားရပြန်သည်။ အကြောင်းရင်းကတော့ ထိုအမျိုးသမီးဟာ အသက်သေဆုံးသွားခဲ့တဲ့အတွက်ကြောင့်ဖြစ်သည်။ ကိုယ်ဝန်ပျက်ကျပြီး ခင်ပွန်းဖြစ်သူနဲ့ အဆင်မပြေခဲ့တာကြောင့် နောက်ဆုံး သတ်သေဖို့ ဒီအမျိုးသမီးက ရွေးချယ်သွားခဲ့တာတဲ့လေ။ အဲ့ဒါအပြင် သူထပ်သိရတာက ဒီအမျိုးသမီးဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် ရှယ်ယာများစွာကို ပိုင်ဆိုင်ထားသည်တဲ့။
ဒီလိုလူတွေတောင် နာကျင်မှုကို မခံစားနိုင်လို့ အဆုံးသတ်ခဲ့ကြတယ်ဆိုရင် အခု သူ့ပြသနာကတော့ အဆုံးသတ်ဖို့ ပိုပြီး လွယ်ကူလေမလား။ ထပ်ပြီး အလုပ်လက်မဲ့ဖြစ်တာကို သူ ဘယ်လိုတောင့်ခံထားနိုင်မှာတဲ့လဲ။ အဲ့ဒါထက် ကိုကို့ဆီက အမုန်းတရားတွေနဲ့ ရှင်သန်နေရတဲ့သူက ဘယ်လိုတောင့်ခံနိုင်မှာတဲ့လဲ။ သူ မှားခဲ့တာတွေ သေချာပေါက် ပြန်တောင်းပန်ရမယ်ဆိုပေမယ့် သူမတောင်းပန်ခင်မှာပဲ ဒီလမ်းကို သူရွေးချယ်ချင် ရွေးချယ်နိုင်သည်ပဲလေ။ အဲ့ဒီလိုလုပ်လိုက်ရင်ရော ကိုကို့အမုန်းတရားတွေ သူ့အပေါ် ချေဖျက်ပေးနိုင်လေမလား။
" ဂျောင်ဂုရှီ ~~ မျက်မြင်သက်သေအဖြစ်ထွက်ဆိုပေးလို့ ကျေးဇူးတင်ပါတယ် .... အုပ်ထိန်းသူ ဒါမှမဟုတ် ဇနီး၊ ဆွေမျိုးတော်စပ်သူ တစ်ယောက်ယောက်ရဲ့လက်မှတ်ရရင် ဂျောင်ဂုရှီပြန်လို့ရပါပြီ ... ဆက်သွယ်လိုက်ပါဦးနော် "
သူ့အတွေးတွေကို ရဲက ဝင်ဖျက်သွားတော့ သူ အူကြောင်ကြောင်လေး ကြည့်မိသည်။ ပြောသွားတဲ့စကားကို ခဏလောက်ပြန်စဉ်းစားကြည့်ပြီးမှ သူ ပြန်ဖြေလိုက်မိသည်။ တစ်နေ့တည်းနဲ့တင် ကိစ္စပေါင်းစုံ ကြုံတွေ့လိုက်ရလို့လားမသိ၊ စိတ်တွေက ပုံမှန်မဟုတ်ဘဲ ခြောက်ခြားနေသလိုပင်။
" ... ကျွန်တော့်မှာ အုပ်ထိန်းသူမရှိပါဘူး ... "
သူပြောမိတော့ မှတ်တမ်းယူနေတဲ့ရဲက မယုံသလိုကြည့်သည်။
" ကောင်းပြီလေ ဒါဆို မှတ်ပုံတင်နံပါတ်လေးပြောပေးပါ ဂျောင်ဂုရှီ ...
" ******** "
ဘာအတွက်လိုတာလဲ မသိပေမယ့် သူရေရွတ်လိုက်မိတော့ မှတ်တမ်းယူနေတဲ့ရဲရဲ့ လက်တွေက ကီးဘုတ်တွေပေါ် ပြေးဖြတ်သွားသည်။ အဲ့ဒီ့နောက် သူ့ကို ကြည့်ကာ ပြောလာတဲ့စကားကြောင့် သူသက်ပြင်းချရင်း မျက်မှောင်သာ ကြုတ်လိုက်မိတော့သည်။
" ... ကင်ဆော့ဂျင် ဆိုတဲ့ အမျိုးသားရှိတယ်မဟုတ်လား ... သူ့ကို ဆက်သွယ်ထားပြီးပါပြီ ... ဒီမှာ စောင့်နေပေးပါ ..."
ထို့နောက် သူ ဘာအတွန့်မှ မတက်တော့ဘဲ ငြိမ်ငြိမ်လေးနဲ့ ကိုကို့ကိုသာ စောင့်နေမိလိုက်သည်။ပြောရရင်တော့ ကိုကို မလာဘဲနဲ့ အတွင်းရေးမှူးဟန်ရောက်လာမှာထင်သည်။ ကိုကိုကတော့ ကိုကို့ချစ်သူနဲ့ပျော်နေတဲ့အချိန်မို့ သူ့ကို လေးရက်လုံးလုံး အိမ်မှာ တစ်ယောက်တည်း ပစ်ထားခဲ့တာမဟုတ်ပါလား။ ပြီးတော့ မနက်ကလည်း နားနေခန်းထဲမှာ ဖက်ပြီး ချစ်တယ်လို့တောင် ပြောခဲ့တာလေ။ သူ့ကို မပြောဖူးတဲ့စကားလုံးလေးတွေကိုပေါ့။
ဂျောင်ဂုတွေးရင်း တွေးရင်း မျက်နှာမဲ့ကာ ကိုကို့ကိုသာ စောင့်နေမိတော့သည်။ တကယ်တော့ သူ အိမ်အရမ်းပြန်ချင်နေပြီဖြစ်သည်။ ရေစိုနေတဲ့အဝတ်တွေကို အခုထိ သူ မလဲရသေးတာကြောင့် တော်တော်လေးချမ်းနေပြီဖြစ်သည်။ အဲ့ဒါအပြင် ဝမ်းဗိုက်ကလည်း တစ်ချက် တစ်ချက် စူးအောင့်နေသည်မို့ ငြိမ်ငြိမ်လေး နားချင်နေပြီဖြစ်သည်။ တကယ်ဆို ကိုကိုနဲ့ တစ်ခါ အတူတူနေပြီးပြီမို့ ဗိုက်နာတာမျိုးက ထပ်ဖြစ်ရမှာ မဟုတ်ဘူးလေ။ မဟုတ်မှ သူ အဲ့ဒါကို နေ့တိုင်း လုပ်ရမှာလား ...။ ဒါကတော့ မဖြစ်နိုင်၊ နောက်အပတ် ဆေးခန်းသွားတဲ့အချိန်မှာ သူ သေချာမေးမြန်းဖို့ လိုအပ်လာပြီဖြစ်သည်။
" ဂျောင်ဂု ! "
သူအတွေးများနေရင်းမှာပဲ ကိုကို့အသံကြားမိတော့ သူလှည့်ကြည့်လိုက်မိသည်။ မမျှော်လင့်ထားခဲ့ပေမယ့် ကိုကိုကတော့ အတွင်းရေးမှူးဟန်နဲ့အတူ ရဲစခန်းထဲ ခြေလှမ်းကျဲကြီးနဲ့ ဝင်လာသည်။ သူ့ကိုပဲ ဦးတည်စိုက်ကြည့်နေတဲ့ ကိုကို့မျက်ဝန်းတွေက မနက်က သူ့ကို ကြည့်ခဲ့တဲ့မျက်ဝန်းတွေနဲ့မတူ။ နူးညံ့ခြင်းတော့ မပါဝင်ပေမယ့် ခက်ထန်နေတဲ့အကြည့်တွေကြား စိုးရိမ်ခြင်းတွေပါဝင်နေသည်မို့ သူ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
" ကိုကို ~~ "
ဒီနာမ်စားကိုတော့ ကိုကိုမကြားအောင် သူခေါ်ရင်း မတ်တပ်ရပ်လိုက်မိသည်။ ကိုကိုကတော့ သူ့အနားရောက်တာနဲ့ လက်ထဲကိုင်ခဲ့တဲ့ကုတ်ကို သူ့ပခုံးပေါ်လွှမ်းခြုံကာ တစ်ဖက်က ရဲကို မေးခွန်းထုတ်တော့သည်။ ဘာရယ်မဟုတ်တဲ့ ကိုကို့အပြုအမူကြောင့် သူ ဝမ်းနည်းရင်းကနေ သူ ခပ်ဖွဖွပြုံးမိသည်။ ကိုကို သူ့ကို ဂရုစိုက်နေသေးသည်ပဲ။
" ...ဂျွန်ဂျောင်ဂုရဲ့အမျိုးသားပါ .. ဂျောင်ဂု ဘာဖြစ်ခဲ့တာလဲ သိခွင့်ရှိမလား "
ကိုကို့မေးခွန်းအဆုံး တာဝန်ကျရဲက အစအဆုံး ပြန်ပြောပြလေတော့ ဖြစ်ရပ်အကုန်လုံး ကိုကို သိသွားရသည်။ အဲ့ဒီ့နောက် ကိုကို သူ့ကို ဘာတစ်ခွန်းမှ မပြောတော့ဘဲ စခန်းပနေ ခေါ်ထုတ်လာကာ အိမ်ကို ချက်ချင်းတန်းပြန်တော့သည်။ အိမ်ရောက်တာနဲ့ ကိုကိုက ဧည်ခန်းထဲ ခြေလှမ်းကျဲတွေနဲ့လျှောက်ကာ အနောက်က လှုပ်တုပ်လှုပ်တုပ်နဲ့ လိုက်လာတဲ့သူ့ကို ခါးထောက်ကာ ကြည့်သည်။
“ စေတနာတွေအရမ်းကောင်းနေတယ်ပေါ့လေ ဂျွန်ဂျောင်ဂု!! ”
ဒေါသတွေနဲ့ ထွက်လာတဲ့ ကိုကို့အသံက နားဝင်ချိုစရာတော့မဟုတ်။ ထို့ကြောင့် သူမျက်မှောင်ကြုတ်ကာ ကိုကို့ကို ကြည့်မိသည်။
" ... သေချင်နေလို့ လူစွမ်းကောင်းလုပ်ပြီး သူများကို ဆင်းကယ်တာလား ... ဒီနေ့ အဲ့နေရာမှာ သူ မဟုတ်ဘဲ မင်း သေသွားရင် ဘယ်လိုလုပ်မလဲ ပြော!! ငါ့ကို ဘာထင်နေတာလဲ ... ငါ အိမ်ပြန်မလာတာနဲ့ လုပ်ချင်တာတွေ လုပ်နေတယ်ပေ့ါ !! အကယ်လို့ စခန်းကသာ အကြောင်းမကြားရင် ငါက သိရပါ့တော့မလား ဒီအကြောင်းတွေကို ... "
ကိုကို့အဆူငေါက်တွေကြား သူ စိတ်ရှုပ်ရင်း ကိုကိုခြုံထားပေးတဲ့ ကုတ်ကို သူ ဆိုဖာပေါ်ပစ်တင်လိုက်မိသည်။ ရေစိုအဝတ်တွေကို အခုထိမလဲရသေးတဲ့အပြင် တစ်ညလုံးနီးပါးဖြစ်နေပြီမို့ သူ ကိုယ်လက်တွေ တော်တော်လေး ကိုက်ခဲနေပြီဖြစ်သည်။ ကိုကုဲ့ စကားအချေအတင်ဖြစ်နိုင်ဖို့ သူပင်ပန်းလွန်းနေသေးသည်။
" ... ဘာဖြစ်လို့ သိချင်နေရတာလဲ ... ခင်ဗျားပဲ မသိချင်လို့ ပစ်ထားတာ မဟုတ်လား ... ဘာလို့ လာဂရုစိုက်နေတာလဲ ... ကျွန်တော့်ကို လက်ထပ်ရင် ဦးဦးက ရှယ်ယာတွေပေးမယ်ဆိုလို့ လက်ထပ်ခဲ့တာ မဟုတ်လား .. အခု ရှယ်ယာတွေရပြီးပြီဆိုပြီး ကျွန်တော့်ကို ပစ်ထားတာမလား ... ခင်ဗျားတစ်ယောက်ပဲ ကျွန်တော်မရှိသလို ရှင်သန်နေတာမလား ... "
Advertisement
စိတ်ပူနေတာကို စိတ်ပူနေမှန်းမပြောဘဲ အပြစ်တွေသာ ဇွတ်တင်နေတဲ့ကိုကို့ကြောင့် သူ ပြန်ပြောမိတော့ ကိုကိုက အံကြိတ်ကာ သူ့အင်္ကျီကော်လံစကို ဆွဲပြီး မျက်နှာနဲ့ နီးကပ်အောင် ဆွဲဆောင့်လာသည်။
" ... မင်းရော ငါ့ကို ရှိတယ်လို့ သတ်မှတ်ခဲ့လို့လား ... အခု ဒီလောက်ထိ စိုးရိမ်ပေးနေတာတောင် ငါ့ကို မမြင်နိုင်ဘူးလေ ~~ ဂျွန်ဂျောင်ဂု ~~ မင်းရော အခု ငါစိတ်ပူတာတွေကို မြင်အောင် ကြည့်နေလို့လား "
ကတ်သီးကတ်ဖဲ့နိုင်လှတဲ့ ကိုကို့စကားတွေကို သူ အံကြိတ်လိုက်ရင်း သူ့ကော်လံကို ဆွဲတင်ထားတဲ့ ကိုကို့လက်တွေကို သူ ပြန်ဆွဲခွာဖို့ ကြိုးစားမိသည်။ သူ ကိုကို့ကို စိတ်ဆိုးနေပါသည် ... သူ့မှာ အမှားတွေ အတွက် စိတ်ဆိုးခွင့်တောင် မရှိဘူးဆိုပေမယ့် သူ ကိုကို့ကို စိတ်ဆိုးချင်သည်။ ထို့ကြောင့် ခပ်ဆောင့်ဆောင့်လေးပြောမိတော့ သူ့ကော်လံကို ဆွဲထားတဲ့ကိုကို့လက်တွေ ပြေလျော့သွားတော့သည်။
“ ~~ အဲ့လောက်ထိ စိတ်ပူနေရင် မျက်စိထောင့်ထောက်ပြီး ကြည့်လေ ... တစ်ယောက်တည်း လွှတ်မထားနဲ့လေ ... သေချာဂရုစိုက်လေ ~~ခင်ဗျားကိုယ်တိုင်က ဂရုမစိုက်ဘဲ ခင်ဗျားစိတ်ပူတာတွေကိုပဲ လာမြင်ခိုင်းနေတာလား ... ကျွန်တော့်မျက်စိထဲမှာတော့ ခင်ဗျားကအဲ့ဒီလူကို ဖက်နေတဲ့ပုံတွေကိုပဲမြင်ပြီး ကျွန်တော့်ကိုအလုပ်ထုတ်ခဲ့တဲ့ကင်ဆော့ဂျင်ရဲ့စကားတွေပဲ ကြားနေရတယ် ~~ "
အားကုန်သုံးပြီး အော်လိုက်တာမို့ ငိုထားတဲ့အရှိန်နဲ့ သူ့ခေါင်းတွေ မူးနောက်နောက်ဖြစ်လာရသည်။ နဂိုကတည်းက စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့သူဟာ ခန္ဓာကိုယ်ကို တောင့်ခံဖို့ သိပ်မလွယ်ကူနေ။
ကိုကိုကတော့ သူ့စကားကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်ကာ ဆိုဖာထက်ထိုင်ချလိုက်သည်။ သူကတော့ မူးနောက်နေတဲ့ခေါင်းကြောင့် လက်သီးဆုပ်ကာ အားတင်းလိုက်မိသည်။ ဗိုက်ကလည်း စူးအောင့်ကာ မျက်ရိုးတွေပါ ထိုးကိုက်လာသည်။ အဲ့ဒီ့အချိန်မှာပဲ ကိုကို့ဆီက ထီမထင်အကြည့်နဲ့ မေးခွန်းတစ်ခုကို သူကြားလိုက်ရသည်။
" ... ငါ့ဆီက ဂရုစိုက်တာမျိုး လိုချင်နေတာလား ... "
" ... "
သူမဖြေမိ။ ဆွံ့အကာ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ဝေဒနာကိုသာ ပျောက်ကင်းစေဖို့ အဖြေရှာမိသည်။
" ... ကောင်းပြီ ~~ ငါ မင်းကို ဂရုစိုက်ပေးမယ် ဂျွန်ဂျောင်ဂု ... ဒါပေမဲ့ ပျော်ရွှင်မှုတော့ မင်းရမှာ မဟုတ်ဘူး ... ဒါက တန်ရာတန်ကြေးပဲ ဂျွန်ဂျောင်ဂု "
သူ့ကို ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောကာ ကိုကို ဆိုဖာပေါ်က ထပြီး အခန်းထဲ ခြေဦးတည်သွားတော့သည်။သူသည်လည်း ကိုကို့စကားလုံးတွေကို တုံ့ပြန်ဖို့တောင် မတောင့်ခံနိုင်တော့ဘဲ လဲခွေကျသွားရတော့သည်။
" ( .. ဒုန်း .. ) "
စားပွဲမှန်ခုံစောင်းနဲ့ နဖူး ဆောင့်မိတယ်ဆိုတာတော့ သိိလိုက်ပေမယ့် ထိုနာကျင်မှုကို သူမမှုတော့တဲ့အထိ အသိအာရုံတွေက ထွေပြားသွားရတော့သည်။
💠💠💠
ညအလယ် ... ဝါဖျဖျမီးမှိန်မှိန်အောက်မှာ ဆော့ဂျင် ငြိမ်သက်စွာ ထိုင်နေမိရင်း သူ့ဘေးနားက ချစ်ရသူကို ကြည့်နေမိသည်။ ပြန်တွေ့ကတည်းက အိပ်ပျော်နေတဲ့ဂျောင်ဂုကိုပဲ အမြဲထိုင်ကြည့်နေခဲ့ရပေမယ့် ဒီမြင်ကွင်းကို သူ သဘောကျပါသည်။ သို့ပေမယ့် ဖျားနေတဲ့ဂျောင်ဂုကိုတော့ သူ သဘောမကျ။
" .. ဘာဖြစ်လို့ ခဏခဏ နေမကောင်းဖြစ်နေရတာလဲ .. တမင်သက်သက်လူကို စိတ်မကောင်းဖြစ်အောင်လုပ်နေသလိုပဲ ... မင်းနေမကောင်းဖြစ်တဲ့အချိန်ဆို ငါမင်းကို သိပ်မုန်းတယ် သားသား ..."
ဂျောင်ဂုရဲ့ဆံနွယ်တွေကို သူသိမ်းတင်ရင်း ရေရွတ်မိတော့ ဂျောင်ဂုက လူးလွန့်လာသည်။ အဖျားရှိန်ကြောင့် မေ့လဲပြီး အခုထက်ထိ သတိမလည်လာသေး။ ဆရာဝန်ခေါ်ပြီး ဆေးထိုးထားပေမယ့် ဂျောင်ဂုဟာ ကောင်းကောင်းအနားယူဖို့ လိုသည်တဲ့လေ။ ချွေးတွေရွှဲနစ်ပြီး အဖျားတက်နေတဲ့ဂျောင်ဂုကို သူကိုယ်တိုင် ရေပတ်တိုက်ပေး၊ အဝတ်လဲပေးကာ အခုတော့ သူကိုယ်တိုင် လူနာစောင့်လုပ်ပေးနေရပြီဖြစ်သည်။
" ... ဟင်အင်း ~~ ... ကိုကို ~~ သားသားကို ~ ~ သားသားကို မမုန်းပါနဲ့ ~~ ဟင်အင်း ~~.. သားသားကို မထားခဲ့နဲ့ကိုကို ~~ "
သူ ကြည့်နေမိရင်း ရုတ်တရက် ထယောင်ရှာတဲ့ ဂျောင်ဂုကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။ မျက်ရည်တွေရွှဲပြီး အသည်းအသန်ရုန်းကန်လာလေတော့ သူ ဂျောင်ဂုလက်ကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က ပွေ့ဖက်မိသည်။
" အင်း ~~ မမုန်းဘူး ... သားသားကို ကိုကို တကယ်မမုန်းဘူး ... မငိုနဲ့တော့နော် ... မငိုနဲ့တော့ သားသား ..."
ပွေ့ဖက်ရင်း ချော့မြူမိတော့ ဂျောင်ဂု ရုန်းနေတာတွေ ပြေလျော့သွားသည်။ သို့ပေမယ့် မျက်ရည်တွေက ဆက်တိုက်ကို စီးကျနေသေးတာမို့ သူ ရင်ဘတ်တွေအောင့်လာရသည်။
" ... တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ကိုကို ~~ သားသား မှားခဲ့မိတယ် ... "
တိုးတိုးလေးရေရွတ်ကာ တကယ်ငြိမ်ကျသွားသည်မို့ ဂျောင်ဂုကို သူ အိပ်ယာပေါ်ပြန်ချလိုက်မိသည်။ အဲ့ဒီ့နောက် မျက်ရည်ရွှဲနစ်နေတဲ့ပါးပြင်ကို သူ ခပ်ဖွဖွလေး သုတ်ကာ သူ့လက်လေးနဲ့ ပွတ်သပ်နေမိသည်။ အဖျားရှိန်နဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းကလည်း သွားသေးသေးတွေ ပေါ်နေတဲ့အထိ ဟစိစိကလေးပင်။ ဟိုအရင်တစ်ချိန်က အဖြူလုံးပေါက်စ သားသားကို သူပြန်မိယောင်မိတော့ ဆော့ဂျင် ပြုံးလိုက်မိသည်။
" အဖြူလုံးလေးကနေ အဖြူလုံးကြီးဖြစ်လာပြီပဲ .... အဲ့ဒါကြောင့် ပိုဆိုးလာခဲ့တာလား ..."
သူ့ဘာသာသူ ရေရွတ်ရင်း သဘောကျစွာ ဂျောင်ဂု နှုတ်ခမ်းတွေကို ပွတ်သပ်မိသည်။ အဲ့ဒီ့နောက် ဖြူဖျော့နေတဲ့နှုတ်ခမ်းသားတွေကိုပဲ တမြတ်တနိုး နစ်ဝင်ချင်မိတာမို့ သူ လျှာသပ်လိုက်မိသည်။
" လူတော်တော်များများက အိပ်နေတဲ့လူကို အသားယူရတာ မကြိုက်ပေမယ့် ကိုကိုကတော့ အိပ်နေတဲ့ မင်းကို အသားယူရတာ ကြိုက်တယ် "
နှစ်ကိုယ်ကြားရုံလေး ရေရွတ်ကာ ဂျောင်ဂု မေးဖျားကို သူ ဆွဲမော့ရင်း ဂျောင်ဂုနှုတ်ခမ်းကို သူငုံထွေးလိုက်မိသည်။ ထိရုံလေး ထိမယ်လို့ပဲ သူ တွေးထားမိခဲ့ပေမယ့် တကယ်တမ်းထိမိတဲ့အချိန်မှာ သူ့နှလုံးသားက ဆာလောင်မွတ်သိပ်နေသည့်အလား နက်နက်နဲနဲ တောင်းဆိုလာသည်။ အလွှတ်မပေးနိုင်ဘဲ ဆက်တိုက်ကို သိပ်သိပ်သည်းသည်းအနမ်းခြွေမိတော့ ဂျောင်ဂုက အသက်ရှူကျပ်လာပုံပေါ်သည်။ ဒါတောင် သူ မလွတ်ပေးနိုင်သေးတာမို့ ဂျောင်ဂုလက်ဖျားတွေက သူ့ရင်အုပ်ကို တွန်းလာသည်။ ထိုအခါမှ သူ လွှတ်ပေးကာ ဂျောင်ဂုကို ငုံ့ကြည့်မိသည်။ ဖျော့တော့နေတဲ့မျက်ဝန်းက ပုတ်ခတ် ပုတ်ခတ် မျက်တောင်ခတ်ရင်း သူ့ကို စိုက်ကြည့်လာသည်။ အဲ့ဒီ့နောက် သူ့နှုတ်ခမ်းတွေဆီ အကြည့်ရောက်လာသည်။ တွန်းထုတ်နေတဲ့ဂျောင်ဂုလက်ဖျားတွေကလည်း သူ့လည်တိုင်ကို ခိုတွယ်လာကာ မေးဖျားကို မော့ပေးလာပြီး သူ့နှုတ်ခမ်းတွေဆီ ရောက်ဖို့ ကြိုးစားသည်။
သူ့အနမ်းတွေကို အရမ်းသဘောကျတဲ့ ကောင်ငယ်လေးရဲ့ ပုံစံကတော့ အခုထိ မပြောင်းလဲသေး။ ဒါကိုပဲ သူ နှစ်ခြိုက်စွာ ပြုံးမိရင်း ခပ်စူစူလေးဖြစ်လာတဲ့ ဂျောင်ဂုနှုတ်ခမ်းတွေကို ငုံထွေးသိမ်းပိုက်လိုက်မိသည်။
ဒီအရာတွေ အားလုံး ဂျောင်ဂုအတွက် အိပ်မက်ဖြစ်ချင်ရင် ဖြစ်နေဦးမှာလေ ... သို့ပေမယ့် သူကတော့ သူ့အထိအတွေ့တွေ အားလုံးကို ဂျောင်ဂု ခံစားမိဖို့ရည်ရွယ်ပါသည်။
အဲ့ဒီ့နောက် သူ့လက်ဖျားတွေကို ဂျောင်ဂုအင်္ကျီထဲ လျှိုဝင်ကာ အဝတ်မဲ့စေလိုက်သည်။ အိစက်စက်အထိအတွေ့ရဲ့ ခံစားမှုက သူ့နှလုံးအိမ်ကို ဝင်ရောက်လှုပ်ကိုင်လာလေလျှင် ဂျောင်ဂု လည်တိုင်တွေဆီ သူ့နှုတ်ခမ်းကို ဦးတည်လိုက်သည်။ အဖျားနွေးငွေ့ငွေ့ရှိနေတဲ့ဂျောင်ဂုကတော့ မျက်ဝန်းတွေကို ပိတ်လျက်သား သူ့အနမ်းတွေကို ခံယူသည်။
"ဆော့ဂျင်ရေ!! ကလေးလေး ဖျားနေတယ် ! မင်းရပ်သင့်ပြီ! " အဲ့ဒီလိုအတွေးမျိုး သူ့ဦးနှောက်က အဆက်မပြတ် အသိပေးနေပေမယ့် သူ့နှလုံးသားက မရပ်တန့်နိုင်။ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲနေတဲ့ကြားကနေ သူ မငြင်းဆန်နိုင်တော့ဘဲ ပြင်းပြနေတဲ့ဆန္ဒတွေက ဂျောင်ဂုကို နောက်ထပ် အပိုင်သိမ်းဖို့ ဖြစ်တည်လာတော့သည်။
အဆုံးသတ်မှာတော့ ဂျောင်ဂုဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး သူ့ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။ ကလေးလေးတွေ မိဘကို ကပ်တွယ်နေသည့်အလား ဂျောင်ဂုကတော့ သူ့ ကိုယ်တစ်ခြမ်းကို ပယ်ပယ်နယ်နယ်ခွကာ ပါးပြင်ကိုတော့ သူ့ဝမ်းဗိုက်ပေါ်အပ်ထားသည်။ သူကတော့ ကုတင်ကို မှီရင်း ဂျောင်ဂု သက်သောင့်သက်သာရှိဖို့ မျှော်လင့်မိသည်။ သူအချိန်ကို ကြည့်မိတော့ မနက် နှစ်နာရီ ခွဲပြီဖြစ်သည်။ အိပ်ပျော်နေတဲ့ ဂျောင်ဂုရဲ့ဆံနွယ်တွေကို သူ သဘောကျစွာ ဆော့ကစားရင်း လက်တွေက ဖုန်းစကရင်ပေါ်က နံပါတ်တစ်ခုကို နှိပ်လိုက်မိသည်။
ဒီအချိန်ကြီး ဒုက္ခပေးရတာ အားနာပေမယ့် ဂျောင်ဂုအတွက် သူ အဲ့ဒီလိုလုပ်မှ ဖြစ်ပါတော့မည်။ ပြန်စဉ်းစားရင် သူ အထီးကျန်ရသလိုမျိုး ဂျောင်ဂုကို အထီးကျန်စေဖို့က သူ ကိုယ်တိုင်လည်း နာကျင်နေရသည်။ အဲ့ဒါထက် သားသားက သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ညနေကလို အဖြစ်မျိုးက သူ့ကို တကယ်ခြောက်ခြားသွားစေလို့လေ .. ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားတဲ့သူကို အသက်နဲ့ရင်းပြီးကယ်တာက ကောင်းတဲ့ကိစ္စဆိုပေမယ့် ဒီမှာတော့ သူ တစ်ကိုယ်ကောင်းဆန်ချင်သည်။ အဲ့ဒီလိုမျိုးတွေ ဂျောင်ဂုကို သူ ခွင့်မပြုနိုင်။
မတော်လို့ ဂျောင်ဂုလည်း အဲ့ဒီလိုမျိုး လုပ်သွားခဲ့ရင် သူသည်လည်း ရှင်လျက်သား သေလူဖြစ်သွားမှာပင်။ အခုတော့ ဂျောင်ဂုက သူ သိပ်ချစ်ရတဲ့ ကလေးလေးမို့လို့ သူ ဂျောင်ဂုကို အလျော်ပေးလိုက်ပါတော့မည်။ သူ သေချာပေါက် ခွင့်လွှတ်လို့ မရသေးဘူး ဆိုပေမယ့်ပေါ့။
" အင်း ~~ ဟုတ်တယ် ကားစီစဉ်ပေး... ပြီးတော့ အခန်းပြင်ထားပေးပါ ... ကျွန်တော်နဲ့ သားသား ပြန်ပြောင်းလာမှာ ... "
အဲ့ဒီ့နောက် သူ့ကို ဝက်ဝံလေးလို ဖက်တွယ်ထားတဲ့ဂျောင်ဂု မနိုးအောင် သူ အိပ်ယာပေါ်က ထလိုက်မိသည်။ ညစ်ပတ်နေတာတွေကို သန့်ရှင်းလိုက်ရင်း ဂျောင်ဂုကို နွေးနွေးထွေးထွေး အဝတ်လေးတွေ လဲပေးလိုက်သည်။ သိပ်မကြာတဲ့ အချိန်မှာတော့ သူ စီစဉ်ထားတဲ့ကားရောက်လာသည်။ သူလည်း ဂျောင်ဂုကို ပွေ့ချီရင်း ထွက်လာခဲ့လိုက်တော့သည်။
💠💠💠
Happy Seok Jinnie' Day!!
[ သားသား = BTSOEမှ တာဝန်သိပြည်သူတစ်ဦး ]
*** သားသားရဲ့ visual ကို Love yourself eraက Tattoo မထိုးရသေးတဲ့ JK ပုံစံကို ယူထားပါတယ်ဗျ ... အဆုံးသတ်တဲ့အထိ အဲ့ဒီ့အတိုင်းပဲ သွားမှာပါ ... 🙇🏻♀️
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Me, Myself & Bad romance
အပိုင်း ၁၈
" ကျစ် ~~ "
Advertisement
- In Serial96 Chapters
Paranoid Mage
Attention Amazon: ID: PRI-PSCSXB97WPG Now on Book Two! Check the Volumes selector to make sure you start at the right place! Book One: Paranoid Mage Buy on Amazon! Callum had seen things all his life. There are monsters and beasts living among people, but he learned very early not to admit such things, not if he didn’t want people to think him crazy. It turns out that the supernatural is real, but at thirty Callum has no desire to be part of that secret. Not that he has a choice when it turns out he is a mage, albeit one that hasn’t cast any spells in all his life. There are requirements, duties, and education that the powers that be insist he be subject to. To hell with that. Book Two: Renegade Mage Buy on Amazon! After escaping from the Guild of Arcane Regulation and the Bureau of Secret Enforcement, Callum has lost his greatest protection: his obscurity. Now the powers that be know who he is, and hiding is harder than ever. Nor is hiding a plan, just a reaction. Now Callum is forced to decide how he wants to approach the supernatural world, and how he’s going to keep himself secure when the apparatus of government is arrayed against him. Even if he wanted to live as a mage, that bridge has been thoroughly burned, and even if he wanted to live as a normal person, he is far too deep to close his eyes to what he’s seen. He has to make his own terms. Paranoid Mage is an urban fantasy but it goes rather sideways from the normal stuff fairly quickly. Chapters are Fridays, 5PM EST, with approximately 5,000 words per chapter. Join our Discord!
8 195 - In Serial16 Chapters
Painting of Obesession (A Grant Foreman Adventure)
Sometimes a man mistakes his unhealthy obsession for passion. This is the case with Franklin Ogden, the eldest son of a wealthy family and Grant Foreman's cousin. Franklin's family reaches out to Grant with a plea for help in finding a lost work of art. A painting of a young woman whose beauty has driven Franklin nearly mad with lust. Grant must set off on an unusual expedition to find something thought to have been destroyed by the sea that swallowed the ship it last traveled on. But the real question lies in whether, for the good of Franklin, the painting should remain lost to history....
8 111 - In Serial9 Chapters
Polymorph Swarm
Monsters of unknown origin populate this fantasy world. Unlike other beings, they have the ability to steal the strengths and traits of those they consume, growing stronger every battle they stand victorious. With a power that many envy, a Scypede -- a monster with the form of a dark centipede with razor sharp scythes -- stood above the rest. Guided by a sadistic Demon, and fueled by hellbent curiosity, it will forge its own destiny, facing all its consequences with it. ___Also in webnovel
8 205 - In Serial19 Chapters
Elian's Grimoire
Elian's Grimoire is one of the legendary artefact in the continent of Osloris. It was made by the Great Mage himself Elian Gilsorths and said to contain powerful spells that can change the world. El Towers, a noble living in the Republic and one of its many seekers, found a map and a clue where the Grimoire is hidden. Will he ever find it despite that there are a lot of dangers within the wild continent of Osloris or succumb to despair like the other seekers before him.
8 115 - In Serial99 Chapters
nct oneshots two ᶜᵒᵐᵖˡᵉᵗᵉᵈ
𝐬𝐭𝐚𝐭𝐮𝐬 : 𝐜 𝐨 𝐦 𝐩 𝐥 𝐞 𝐭 𝐞same for this book, i advice you to not read it if i'm being honest cause the writing here was not the vibe 💀 i was very bored so this was just a way to kinda kill time. if you do want to read it then you are free to do so, but i honestly don't recommend it cover of the book belongs to its respectful owner © deathsupport
8 218 - In Serial30 Chapters
Terror infinity 2nd update.
Because of the accumulated large number of former players that left Mission worlds and returned to their original world without accomplishing the final goal of the God's Dimension, and because they gained control over all the active players two updates of the Dimension were created 1st From now on most of the missions will based on animes so former players will not be able to help to the active ones. NOTE: Movies that weren’t widely used in the past, games and other fictions will be also used. 2nd 12 special players have been selected from the world where God's Dimension was described in the form of novel called Terror Infinity.
8 191

