《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၁] အငွေ့ရိုင်း|အေငြ႕ရိုင္း
Advertisement
!unicode!
ဟယ်ဇီကျိုးကဆိုသည်။
"ကိစ္စကဒီလိုဆိုမှတော့ ကျန်းအကြီးအကဲရဲ့မကြာသေးခင်ကရုပ်ပိုင်းဆိုင်ရာနေထိုင်မကောင်းဖြစ်ရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးသင့်တယ်၊ အခြားကိစ္စတွေနဲ့ရှုပ်ဖို့မလိုဘူး။ ဒီနေရာကလင်ရှောင်းဂိုဏ်းမဟုတ်ဘူး၊ ဆူညံဆူညံလုပ်နေတာဘာအပြုအမူလဲ။"
ကျန်းခဲ့မပြောဘဲမနေနိုင်ပေ။
"ဂိုဏ်းချုပ်၊ ရှုလင်ကျားကဂိုဏ်းချုပ်ရဲ့တိုက်ရိုက်တပည့်ဖြစ်ပြီးတော့ ဂိုဏ်းချုပ်ကိုယ်တိုင်သူ့ကိုတောင်ပေါ်ခေါ်လာတာမို့ သူ့ကိုအမြဲတမ်းကာကွယ်ပေးနေခဲ့တယ်။ ဒါပေမဲ့ဂိုဏ်းချုပ်ဒီကိစ္စကိုဖုံးပေးလို့မရဘူးလေ! အဲ့ဒီ့တုန်းကကျွန်တော့်အဖိုးရဲ့အခြေအနေကိုထောက်ပြီးတော့ သူပြန်မလာချင်ရင်တောင်မှ သူအရင်ဆုံးလက်ခံပြီးတော့ နှစ်သိမ့်စကားနည်းနည်းပါးပါးပြောခဲ့သင့်တယ်။ အဲ့ဒါကအလိမ်အညာဆိုရင်တောင်မှ ကျွန်တော့်အဖိုးအေးအေးချမ်းချမ်းနဲ့ပြန်ကောင်းလာနိုင်တယ်။'
ထိုအခါရှုလင်ကျားအေးစက်စက်ပြောမိသည်။
"ငါလိမ်မပြောတတ်ဘူး။"
တကယ်တမ်းတွင် သူသည်ကျန်းအကြီးအကဲအားသဘောမကျရင်တောင် တစ်ဖက်လူဟာလည်း သူငယ်ငယ်လေးကတည်းကသူ့ကိုကြည့်ရှုပေးခဲ့ရင်းကြီးရင့်လာခဲ့သောအကြီးအကဲဖြစ်ပေ၏။ ပင်ကိုယ်အားဖြင့်ရှုလင်ကျားထိုကဲ့သို့ရလဒ်ကိုမမြင်ချင်ပေ။ ကျန်းအကြီးအကဲဆုံးပါးသွားကြောင်းသိလိုက်ရချိန်တွင် သူထိတ်လန့်အံ့သြသွားခဲ့သည်။
သို့သော် သိပ်မကြာခင်တွင် ကျန်းရွေ့ကအပြေးအလွှားရောက်လာကာ သူ့ဘေးရှိကျန်းခဲ့၏ဒေါသအားလှုံ့ဆော်ခဲ့သည်။ ရှုလင်ကျားသည်ဒီပုံစံနှင့်အလွန်ရင်းနှီးပြီးသားဖြစ်ရာ သူ့ရင်ထဲတွင်ထိုအကြောင်းခန့်မှန်းချက်တချို့ရှိနေသည်။
ဤအချိန်တွင် သူဟာကျင်းဖေးထုန်နှင့်အကြည့်ချင်းဖလှယ်လိုက်သည်။ ဖြစ်စဥ်တစ်ခုလုံး၏အများစုကိုသူအခြေခံအားဖြင့်သိလိုက်ရသည်။ ဒီတစ်ခေါက် တစ်ဖက်လူကသူ၏သေလုဆဲဆဲရုန်းကန်လှုပ်ရှားမှုကို နည်းလမ်းဘယ်လောက်များများသုံးနိုင်မလဲဆိုသည်ကိုသူမြင်ချင်မိသည်။
"မင်းကသိပ်မောက်မာလွန်းတယ်!"
ကျန်းခဲ့ကားသူ၏သဘောထားနှင့်လေသံကြောင့်ဒေါသထွက်သွားသည်။
"ပထမဆုံး လင်းယွဲ့၊ နောက်တော့ငါ့အဖိုး။ မင်းမှာထူးချွန်တဲ့ဓားရေးရှိရင်တောင်မှ သောက်ရမ်းမောက်မာနေလို့မရဘူးလေ!"
သူကဟယ်ဇီကျိုးကိုပြောလိုက်သည်။
"ဂိုဏ်းချုပ်၊ ဒီလိုလူစားမျိုးကလျို့ဝှက်ဂူထဲဝင်ဖို့အရည်အချင်းပြည့်မှီလို့လား။ သူအဆင့်မြင့်သွားရင် အနာဂတ်မှာလောကကြီးဆီကပ်ဘေးဆောင်ကျဥ်းလာလိမ့်မယ်၊ ဘယ်သူကထိန်းချုပ်နိုင်တော့မှာလဲ။"
ဟယ်ဇီကျိုးကတည်ငြိမ်စွာဆိုသည်။
"ကျန်းခဲ့၊ ဒီတစ်ခေါက်မင်းရဲ့စကားလုံးနဲ့လုပ်ရပ်တွေက သိပ်ကိုရဲတင်းလွန်းတယ်နော်။"
ကျန်းခဲ့သည်ပုံမှန်ဆိုရင် ဤသွေးအေးသောနှလုံးသားပိုင်ရှင်ဂိုဏ်းချုပ်အားကြောက်ရသော်လည်း ခုနကသူတကယ့်ကိုစိတ်အရမ်းလှုပ်ရှားသွားခဲ့သည်ပင်။ သူဟာဟယ်ဇီကျိုးထံမှအပြောခံလိုက်ရရာ ပါးစပ်ပိတ်၍ အနည်းငယ်မကျေမနပ်ဖြစ်နေမိသည်။
မြင်ကွင်းမှာအလွန်ရှက်ရွံ့ဖွယ်ဖြစ်နေသည်ကိုမြင်လိုက်ရရင်း ကျန်းခဲ့နှင့်ဆက်ဆံရေးကောင်းသောချီဇုန်ဂိုဏ်းသားတစ်ယောက်ကအခြေအနေကိုခပ်မြန်မြန်ဝင်ထိန်းလိုက်သည်။
သူကကျန်းခဲ့ကိုတွန်းဖယ်ကာ ရှေ့တိုး၍ ဟယ်ဇီကျိုးကိုပြောမိသည်။
"ဂိုဏ်းချုပ်၊ ကျန်းရှစ်ရှုန်းကလည်း...."
သူစကားတစ်ဝက်မျှသာပြောရသေးစဥ်၊ သူ့ဘေးရှိတစ်စုံတစ်ယောက်ကပျင်းရိပျင်းတွဲပြောလာသည်ကိုကြားလိုက်ရသည်။
"အကုန်လုံးဒီမှာခဏကြာအောင်ရပ်နေခဲ့ကြတာလား။ တစ်ယောက်မှထိုင်ခုံမယူလာဘူးလား။"
သူကြားဖြတ်ပြောခံလိုက်ရရာ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ချက်ချင်းခေါင်းလှည့်ကြည့်မိသော် စကားပြောသူကားကျင်းဖေးထုန်ဖြစ်ကြောင်းမြင်လိုက်ရပေသည်။
ထိုဂိုဏ်းသားတန့်သွားကာ သူ့ပါးစပ်ဖျားရောက်နေသည့်စကားလုံးများကိုပြန်မျိုချလိုက်ရသည်။
ဟယ်ဇီကျိုးကကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်ကာ ညွှန်ကြားလာသည်။
"ကျင်းအရှင်ပြောတာမကြားဘူးလား။ မင်းတို့တွေထိုင်ခုံသွားယူပြီး ထိုင်ခိုင်းလိုက်ပါလား။"
ထိုအခါမှသာလျှင် လင်ရှောင်းဂိုဏ်းသားများတုံ့ပြန်နိုင်သွားကာ တစ်ခဏအတွင်းတွင် သူတို့ဟာထိုင်ခုံအများအပြားသွားပြေးရွှေ့လာကြကာ ဟယ်ဇီကျိုးနှင့်ကျင်းဖေးထုန်ကိုအရင်ထိုင်ခိုင်းသည်။
ကျင်းဖေးထုန်ကကြည့်ပင်မကြည့်ဘဲ ထိုင်ခုံကိုမ၍ ရှုလင်ကျားအနောက်တွင်တိုက်ရိုက်ချကာ ပုခုံးနှစ်ဖက်ဖိချလိုက်ပြီး ရှုလင်ကျားကိုအရင်ထိုင်ခိုင်းလာသည်။
ရှုလင်ကျားဟာကျန်းရွေ့နှင့်ယခင်ပြိုင်ပွဲတွင်ဒဏ်ရာရထားသည်။ သူသည်အဓိကဇာတ်ဆောင်ရောင်ဝါပြန်ရောက်လာခြင်းကြောင့်အနည်းငယ်သက်သာလာသော်လည်း သူပင်ပန်းနေတုန်းပင်။ သူခေါင်းမော့ကာ ကျင်းဖေးထုန်ကိုပြုံးပြလိုက်သည်။
ကျင်းဖေးထုန်ကလည်းပြုံးပြသည်။
ဤသည်ကိုမြင်လိုက်ရရင်း သူ့ဘေးရှိဂိုဏ်းသားမှာမထိုင်ရဲပေ။ သူဟာသူ့ထိုင်ခုံကိုမြန်မြန်ပေးကာ ကျင်းဖေးထုန်ထံရွှေ့ပေးလိုက်သည်။ ထို့နောက် ကျင်းဖေးထုန်လည်းထိုင်သည်။
ဤကြားဝင်ဖြတ်မှုကြောင့် လူတိုင်းတန့်သွားရကာ သူတို့ထိုင်ခုံမြန်မြန်ရွှေ့၍ သူတို့ကိုထိုင်ခုံပေးကာ သူတို့လည်းထိုင်လိုက်ကြသည်ကိုကြည့်နေရသည်။
မည်သို့ပင်ဖြစ်စေ၊ စကားပြောလာသူကလင်ရှောင်းဂိုဏ်းမှဖြစ်သည့်တိုင် ထိုသူဟာလည်းပီလော့နန်းတော်အရှင်များအနက်တစ်ဦးဖြစ်ပေသည်။ သူကားဧည့်သည်ဖြစ်ပေမဲ့ထိုင်ခုံမရှိပေ။ ၎င်းမှာမသင့်သယောင်။ ကျင်းဖေးထုန်ကနောက်ထပ်တောင်းဆိုလာမည်စိုးသောကြောင့် အချို့လူများမှာလက်ဖက်ရည်ရေနွေးကြမ်းနှင့်ရေပင်အဆင်သင့်ယူထားပေးကြသည်။
ရှုလင်ကျားလက်ဖက်ရည်တစ်ငုံသောက်လိုက်သည်ကိုကျင်းဖေးထုန်ကြည့်ကာ အနည်းငယ်စိတ်သက်သာရာရသွားပြီးနောက် ဟိုဘက်လှည့်ကာ သူဝင်ဖြတ်လိုက်သည့်ခေါင်းစဥ်ကိုဆက်ပြောလိုက်သည်။
"လူနည်းစုကြားကပဋိပက္ခက ချီဇုန်ရဲ့အတွင်းရေးကိစ္စဆိုပေမဲ့ အပြင်လူတွေကလည်းအလေးအနက်ဖြစ်နေကြတယ်။ပြောရမှာတော့ခက်တယ်။ ဒါပေမဲ့ကျင်းရှစ်တိကလင်းယွဲ့အကြောင်းရုတ်တရက်ပြောလာတော့ ကျင်းမှာပြောစရာတစ်ခုရှိတယ်-- လင်းယွဲဲ့၏သေဆုံးမှုကအရမ်းထူးဆန်းတယ်လို့ကျွန်တော်ထင်တယ်။"
သူဒါကိုပြောလိုက်ချိန်တွင် တမင်သက်သက်တန့်ကာ သူ့အနီးတဝိုက်ရှိလူများကိုလှည့်ကြည့်လိုက်ပြီး နောက်ဆက်ပြောလိုက်သည်။
"သူ့အခြေအနေကကျန်းအကြီးအကဲနဲ့တစ်မျိုးဆင်တူနေတယ်မထင်ဘူးလား။ အစက လင်းယွဲ့မှာပြင်းထန်တဲ့ဝေဒနာလုံးမရှိဘူး၊ ပြိုင်ပွဲအတွင်းမှာအသေးအမွှားဒဏ်ရာနည်းနည်းပါးပါးဘဲရသွားခဲ့တာ၊ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး၊ သူပြန်ကောင်းအောင်လုပ်နေတဲ့အချိန်မှာဘဲ ဒေါသပုံထပြီးသေဆုံးသွားခဲ့တယ်၊ ကယ်လို့မရလိုက်ဘူး။ အရမ်းရုတ်တရက်ဆန်လွန်းတယ်။ အခုကြည့်၊ကျန်းအကြီးအကဲလည်းဒီလိုဖြစ်ပြန်ပြီလေ။"
"ဒါမတော်တဆလား၊ လူလုပ်တာလား။ မတော်တဆသာဆိုရင် ရက်အနည်းငယ်အတွင်းမှာ ဒီလိုတိုက်ဆိုင်မှုမျိုးရှိနိုင်ပါ့မလား။ ဒါပေမဲ့ လူလုပ်တာဆိုရင် ဘယ်သူ့မှာဒီလိုအစွမ်းအစမျိုးရှိလဲ၊ ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ဒီတော့ ဒီနှစ်ဓားစမ်းသပ်ရေးညီလာခံထဲမှာလူဆိုးတချို့ရောဝင်နေပြီးတော့ ဂိုဏ်းအသီးသီးရဲ့အရေးပါတဲ့ပုံရိပ်တွေကိုတမင်သက်သက် သတ်ဖြတ်ဖို့ကြိုးစားနေတာများလားလို့ ကျွန်တော်အခုသံသယဝင်နေမိပြီ။"
ကျင်းဖေးထုန်၏မှတ်ချက်များမှာအလွန်အဆင့်မြင့်ကာ သူဟာသူတို့ကိုချက်ချင်းထုတ်ပယ်လိုက်သည်။ ချီဇုန်၏အတွင်းရေးကိစ္စများမှာ ဒီနေရာရှိလူတိုင်းထံပျံ့နှံ့သွားပြီး ထိခိုက်မှုမှာအဆပေါင်းများစွာပုံ့ကြီးချဲ့ခံလိုက်ရပေရာ အပျော်ကြည့်ဖို့စီစဥ်ထားသည့်လူအချို့မှာကူကယ်ရာမဲ့စွာဖြင့် ခြိမ်းခြောက်ခံရယောင်ခံစားလိုက်ရကာ ထူးထူးဆန်းဆန်းသေသွားမည့်နောက်တစ်ယောက်က သူတို့ကိုယ်တိုင်ဖြစ်သွားမည်ကိုကြောက်ရွံ့မိကြသည်။
ယင်းကား ရှုလင်ကျားနှင့်ကျန်းအကြီးအကဲကြားရှိပဋိပက္ခထက် အများကြီးပို၍အရေးကြီးသည်။ လူတိုင်းမှာရှုလင်ကျားထံမှအာရုံပြောင်းသွားကာ မနေနိုင်ဘဲပြောမိသည်။
"ကျင်းအရှင်ရဲ့မျက်လုံးကမီးတုတ်လိုပဲ၊ အဓိကအချက်ကိုတည့်ထောက်ပြသွားတာ။ ဒါကအဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ ကျင်းအရှင်မှာဒီကိစ္စအတွက် အစီအစဥ်ကောင်းလေးများရှိလားမသိဘူး။"
ကျင်းဖေးထုန်နက်ရှိုင်းစွာတွေးတောလိုက်သည်။
"ကွေ့ရီဂိုဏ်းကလူတွေကလည်း... လင်းတောက်ကျန့်အတွက်တရားမျှတမှုကိုလိုချင်နေလိမ့်မယ်။"
ရှုလင်ကျားကပြန်ဖြေသည်။
"လင်းယွဲ့ရဲ့ဖြစ်ရပ်ပြီးသွားတဲ့နောက်မှာ ကျွန်တော့်စိတ်ထဲအမြဲသံသယဝင်နေခဲ့တာ။ ဒါပေမဲ့ကျွန်တော်ကပြိုင်ပွဲအတွက်ပြင်ဆင်ရအုံးမှာမို့လို့ အဲ့ဒါအတွက်အချိိန်မရှိခဲ့ဘူး။ သူ့အလောင်းကနန်ဇီတောင်ထွတ်ထဲမှာထိန်းသိမ်းထားတယ်။ ကျွန်တော်ကွေ့ရီဂိုဏ်းကလူတွေနဲ့သဘောတူညီမှုရထားတာမို့ ကျွန်တော်ခဏလောက်သွားစစ်မလို့လုပ်နေတာ၊ ဒါပေမဲ့ ကျန်းအကြီးအကဲကျွန်တော့်ကိုခေါ်မယ် မထင်ထားခဲ့ဘူး။"
သူကကျင်းဖေးထုန်ကိုကြည့်သည်။
"ကျင်းနန်တော်အရှင်ကလည်းပြောလာပြီဆိုတော့ ကွေ့ရီဂိုဏ်းကလူတွေကိုဒီကိုဖိတ်ခေါ်လိုက်တာပိုကောင်းမယ်ထင်တယ်။ အကုန်လုံးကိုတစ်ခုချင်းစီစစ်ဆေးကြည့်ကြတာပေါ့။"
ဟယ်ဇီကျိုးကခေါင်းငြိမ့်သည်။
"သံသယဝင်တယ်ဆိုကတည်းက ကိစ္စကြီးတစ်ခုဖြစ်ရမယ်၊ ဒါကလူတိုင်းအတွက်ဖြေရှင်းချက်အနေနဲ့ယူဆလို့ရတာပေါ့"
ကျန်းရွေ့မှာပြဇာတ်ကောင်းကောင်းကြည့်နေပေမဲ့ တစ်ခုခုမှားနေသည်ဟုရုတ်ခြည်းခံစားမိလိုက်သည်။
လင်းယွဲ့သေဆုံးသွားသည်မှာရက်အတော်ကြာပြီ။ ဤရက်အတောအတွင်း၌ ရှုလင်ကျားကိုဒီအတွက်အပြစ်တင်ရှုံ့ချသည့်လူအများအပြားရှိသော်လည်း ရှုလင်ကျားကတုံ့ပြန်ခြင်းမရှိပေ။
ထို့အပြင် ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းကြားရှိပဋိပက္ခမှာအလွန်နက်ရှိုင်းသည့်တိုင် သူတို့ကသူ့ကိုသဘောပင်တူခဲ့သေးသည်။
ယင်းကားသိသိသာသာကိုကြိုတင်ပြင်ဆင်ထားခြင်းပင်။ သူတစ်ခုခုရှာတွေ့သွားတာများလား။
ကျန်းရွေ့ကူကယ်ရာမဲ့စွာပြောမိသည်။
"ကိစ္စတွေကိုတစ်ခုပြီးတစ်ခုရှင်းဖို့လိုနေတုန်းပဲ။ ကျန်းအကြီးအကဲရဲ့ကိစ္စကိုအပြည့်အဝမရှင်းရသေးတော့ ကောင်းကင်ဘုံပေါ်ကသူ့ဝိညာဥ်ကမတည်ငြိမ်သေးဘူးလို့ပြောလို့ရတယ်၊ သူကအခြားဂိုဏ်းသားတွေရဲ့အလောင်းတွေကိုတိုက်ရိုက်ပို့ပေးခဲ့တာ၊ သူ့မှာကျွန်တော်တို့နဲ့ဆက်ဆံရေးရှိနေတုန်းပဲ။ ပဋိပက္ခဖြစ်ထားတဲ့ဂိုဏ်းတွေမှာလေးစားမှုနည်းနည်းလေးတောင်ရှိပါ့မလား။"
သူသည်ဒါကိုကျန်းခဲ့အားပြောလိုက်ခြင်းဖြစ်ကာ သူဟာလည်းဆန့်ကျင်ပြောဆိုလာမည်ကိုမျှော်လင့်နေမိသော်လည်း ဒီတစ်ခေါက်တွင်ဟယ်ဇီကျိုးနှင့်ကျင်းဖေးထုန်တို့ကပြောပြီးဖြစ်ရာ ကျန်းခဲ့မှာပူဆွေးသောကနှင့်ဒေါသတို့မည်မျှပင်ပြည့်နေပါစေ ထိုနှစ်ယောက်ကိုစိန်မခေါ်ရဲသည်မို့ စကားတစ်ခွန်းမျှမဆိုမိပေ။
ကျင်းဖေးထုန်ကပေါ့ပါးစွာပြောလာသည်။
"ကျန်းရွေ့၊ ဒီနှစ်ယောက်ရဲ့သေဆုံးမှုဆက်စပ်နေနိုင်တာမို့ သူတို့ကိုအတူစစ်ဆေးကြည့်သင့်တယ်လို့ငါပြောလိုက်တယ်လေ၊ မင်းမကြားဘူးလား။"
ကျန်းရွေ့၏ရင်ထဲတွင်ကျောချမ်းသွားရကာ မသိလိုက်ဘာသာဖြင့်ပါးစပ်ပိတ်လိုက်မိသည်။
ခဏကြာသော် ချီကွမ်းယာကလူအနည်းငယ်ခေါ်ကာ လင်းယွဲ့၏အလောင်းကိုသယ်လာသည်။ သူကရှုလင်ကျားကိုမြင်သွားသော် ဒေါသတကြီးပြောလာသည်။
"ငါမင်းကိုစောင့်နေတာအကြာကြီးပဲ၊ မင်းကဘာလို့ဒီရောက်နေပြန်တာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"လင်ရှောင်းဂိုဏ်းရဲ့အကြီးအကဲမှာလည်းမတော်တဆတစ်ခုဖြစ်သွားတယ်။"
ချီကွမ်းယာသည်ခုနလေးတင်ခုံတန်းရှည်ပေါ်ကကျန်းအကြီးအကဲကိုမြင်ခဲ့ရကာ ဒါကိုကြားလိုက်ရသော် ထိုလူကအသက်မရှိတော့ကြောင်းသိသွားကာ မအံ့သြဘဲမနေနိုင်ပေ။
"ဘယ်လိုဖြစ်သွားတာလဲ။"
ရှုလင်ကျားကဆိုသည်။
"ငါဒီနေ့ကျန်းအကြီးအကဲနဲ့စကားနည်းနည်းဘဲပြောရသေးတာ၊ အခြေအနေကသိပ်မရှင်းလင်းဘူး။ ဒါပေမဲ့ ငါလင်းယွဲ့နဲ့အချိန်အကြာကြီးတိုက်ခိုက်ပြီးသွားတဲ့နောက်မှာ ငါလည်းရုတ်တရက်တစ်ခုခုတွေးမိသွားတယ်။ သူ့ကိုဘယ်သူသတ်သွားလဲဆိုတာငါတို့ရှာလို့ရလောက်တယ်။"
ထိုစကားများကိုကျန်းရွေ့ကြားလိုက်ရသော် သူ့နှလုံးမှာလည်မျိုထဲဆောင့်တက်လုမတတ်ဖြစ်သွားသည်။
ဒီကိစ္စပြီးသွားပြီဟုသူအစကထင်ထားသော်လည်း ကိစ္စဟောင်းကထိုကဲ့သို့အစပြန်ဖော်ခံလိုက်ရမည်ဟုမထင်ထားမိပေ။
ကျန်းရွေ့သူ့ကိုယ်သူမတုန်အောင်အတတ်နိုင်ဆုံးထိန်းထားရသည်။ ဘာမှဖြစ်မှာမဟုတ်ဘူး၊ သူအရမ်းကိုလျို့လျို့ဝှက်ဝှက်နဲ့လုပ်ခဲ့တာပဲလေ! အဲ့ဒီ့အချိန်တုန်းကတောင်မပေါ်သွားတာ၊ အခုမှဘယ်လိုလုပ်ပြဿနာဖြစ်လာနိုင်မှာလဲ။
ရှုလင်ကျားကလင်းယွဲ့ဘက်လျှောက်သွားသည်ကို ကျန်းရွေ့ကူကယ်ရာမဲ့စွာဲည့်နေမိသည်။ သူကရုပ်အလောင်းကိုမထိဘဲ သူ့ဘေးရှိဓားကိုကောက်မလိုက်သည်။
ရှုလင်ကျားပြောလိုက်သည်။
"လင်းယွဲဲ့မသေခင် ဓားကသူ့ကိုယ်ပေါ်မှာရှိနေခဲ့တာမလား။"
ချီကွမ်းယာကဆိုသည်။
"ဟုတ်တယ်၊ ဓားရေးလေ့ကျင့်တဲ့သူတွေကပင်ကိုယ်အားဖြင့်တော့ ဓားကိုခန္ဓာကိုယ်နဲ့ဝေးရာမှာမထားကြဘူး။ ပြီးတော့ ငါ့ရှစ်ရှုန်းကလေ့ကျင့်တာနှစ်ပေါင်းများစွာကြာပြီဆိုတော့ ဓားချီစွမ်းအားကသူ့ရဲ့စိတ်ဝိညာဥ်စွမ်းအားနဲ့ပေါင်းစပ်နေပြီးသားလေ၊ သူကံကောင်းရင် ဓားဝိညာဥ်နဲ့တောင်ဆက်သွယ်လို့ရနိုင်တယ်။"
ဒီတစ်ခေါက်သူ၏ပူးပေါင်းမှုဟာ လင်ရှောင်းဂိုဏ်းနှင့်ငြိမ်းချမ်းရေးယူခြင်းမဟုတ်ဘဲ ရှုလင်ကျား၏ပင်ကိုယ်စရိုက်ကိုကောင်းကောင်းသိထားသောကြောင့်ဖြစ်သည်။
သူတို့သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကတိုက်ခိုက်နေခဲ့ကြပြီး အချင်းချင်းအပြန်အလှန်သိကျွမ်းကြကာ မျက်စိပသာဒမဖြစ်ကြပေ။ ချီကွမ်းယာကတိုက်ပွဲပေါင်းများစွာရှုံးနိမ့်ခဲ့ပြီး ရှုလင်ကျားကိုအနိုင်ယူဖို့အမြဲရည်မှန်းထားခဲ့သည။ သူမည်မျှပင်မုန်းတီးပါစေ တစ်ဖက်လူ၏ပင်ကိုယ်စရိုက်ကိုဘယ်တုန်းကမျှသံသယမဝင်ခဲ့ပေ။
ရှုလင်ကျားကလင်းယွဲ့သေဆုံးသွားရသည့်အကြောင်းရင်းကိုရှာဖွေနိုင်သည်ဟုပြောလာမှတော့ နည်းလမ်းရှိလိမ့်မည်ပင်။
ချီကွမ်းယာ၏စကားများကိုကြားလိုက်ရပြီးနောက် ရှုလင်ကျားခေါင်းငြိမ့်ကာ လင်းယွဲ့၏ဓားကိုမ၍ ဓားရိုးကိုဆုပ်ကိုင်လိုက်သည်။
သူဘာလုပ်မလဲချီကွမ်းယာမသိသည်မို့ပြောလိုက်သည်။
"ဒီဓားကနှစ်ပေါင်းများစွာကြာအောင် လင်းရှစ်ရှုန်းနောက်လိုက်ခဲ့တာမို့လို့ သူတစ်ယောက်ဘဲဆွဲထုတ်လို့ရတယ်။"
Advertisement
ရှုလင်ကျားကြိုးစားဆွဲထုတ်ပေမဲ့ လုံးဝမလှုပ်ပေ။ သူကဓားအိမ်ကိုတောက်ကာပြောမိသည်။
"မင်းမိုက်ကန်းကန်းသစ္စာရှိနေလို့ရှိရင် မင်းကိုမေးတာနဲ့သံတိုသံစကိုမေးတာ ဘာကွာသွားမှာမို့လို့လဲ။ အခုမင်းရဲ့သခင်ကမှားယွင်းပြီးသေသွားခဲ့တာ၊ မင်းလက်စားမချေချင်ဘူးလား။"
ဓားကားမသိမသာတုန်ခါကာဖြင့် တဝီဝီမြည်သံပြုလုပ်လာသည်။
ချီကွမ်းယာအံ့သြတကြီးပြောမိသည်။
"မင်းပြောတာနားလည်နိုင်တယ်လား။"
အဖြေမပေးဘဲ ရှုလင်ကျားကဓားကိုယ်ထည်ထဲသို့စိတ်ဝိညာဥ်စွမ်းအားစီးဆင်းစေပြီး ၎င်းကိုရှိရှိသမျှအားအင်အကုန်သုံး၍ဆွဲထုတ်လိုက်ရာ လင်းယွဲ့၏ဓားရှည်ကရုတ်ခြည်းဓားအိမ်ထဲမှထွက်လာသည်။
သို့သော်တစ်ဆက်တည်းမှာပင်၊ တောက်ပသောဓားဖျားနှင့်အတူ အလွန်ထူထဲသောအနက်ရောင်ဓားစွမ်းအင်ပါထွက်လာခဲ့သည်။
"နာကျည်းချက်တွေအများကြီးပဲ!"
ကွေ့ရီဂိုဏ်းသားတစ်ယောက်မှာပြောမိသည်။
"လင်းရှစ်ရှုန်းမှာသူမသေခင် နာကျည်းချက်ရှိနေခဲ့တာများလား။"
သူအလွန်စိတ်ပူပြီး ထင်ယောင်ထင်မှားဖြစ်နေမိလားမသိပေ၊ သူ့လက်ထဲရှိပုတီးစေ့လက်ကျန်တစ်ဝက်မှာပူလောင်လာသည်ဟုသူခံစားလိုက်ရသည်။
သူ့လက်ကိုတိတ်တခိုးကာ၍ ခပ်မြန်မြန်ပြောမိသည်။
"လင်းတောက်ကျန့်ကဓားစမ်းသပ်ရေးညီလာခံမှာသိပ်ကိုအကြင်နာတရားကင်းမဲ့ခဲ့တယ်။ သူကနာကျည်းချက်နဲ့ရောက်လာတာမို့ သူ့ဓားမှာလည်းနာကျည်းချက်ရှိတာဖြစ်သင့်ပါတယ်။"
သူတကယ့်ကိုစိတ်မရှည်တော့ပေ။ ကျန်းရွေ့စကားအများကြီးပြောသွားသည်ကို လူအချို့သတိထားမိသွားကာ မနေနိုင်ဘဲအာရုံစိုက်မိသည်။
သို့သော် ရှုလင်ကျားကခေါင်းခါကာပြောလာသည်။
"မဟုတ်ဘူး။"
လင်းယွဲ့နှင့်အတန်ကြာတိုက်ခိုက်ပြီးနောက်တွင် ထိုအချိန်တုန်းကလင်းယွဲ့ဟာတကယ့်ကိုပြဿနာရှာကာ လင်ရှောင်းဂိုဏ်းကိုတမင်သက်သက်ရန်စခဲ့သော်လည်း သူ၏ဓားအသက်ရှုသံထဲတွင် အရာရာတိုင်းကိုအထင်သေးသည့်မောက်မာမှုနှင့် သူများကိုပုံချဖို့လိုအပ်သည့်ဒေါသရှိနေသည်ကို ရှုလင်ကျားပင်ကိုယ်အားဖြင့်ကောင်းကောင်းကြီးသိထားခဲ့သည်။
သူစောဒကမတက်ခဲ့ပေ၊ အကြောင်းမှာသူဟာသူ၏ဓားရေးကိုကျွမ်းကျင်တတ်မြောက်ကာ သူ၏အဆုံးစွန်ထိထုတ်ပြခဲ့ကြောင့်ပင်။ သူလုပ်ရမည့်အရာကား လင်ရှောင်းဂိုဏ်းသားများရှေ့တွင်သူ့ကိုယ်သူသက်သေပြရန်ဖြစ်သည်။
သို့သော် လက်ရှိတွင် ဓားမှာမလိုလားမှုနှင့်နောင်တတို့ဖြင့်ပြည့်နေပြီး ၎င်းမှာသေဆုံးသွားသည့်အခိုက်အတန့်တွင်သာကျန်ရစ်ခဲ့နိုင်သည်။
တစ်ယောက်ကလည်းသူ့ဘေးတွင်တိုးတိုးပြောလာသည်။
"ထူးဆန်းတယ်။ ဒါကသိသိသာသာကို ကျင့်ကြံသူတစ်ယောက်ဆီက တောက်ဓမ္မဓားအစစ်ဖြစ်ပါရက်နဲ့ ဓားပေါ်ကနာကျည်းချက်တွေကအချိန်ကြာတာတောင်ဘာလို့မပျောက်သွားသေးတာလဲ။"
သူပြောတာမှန်သည်။ လင်းယွဲ့သာမသေခင်နာကျည်းချက်ရှိနေခဲ့ရင် ဒီအချိန်မှာလူတိုင်းသေနေလောက်ပြီဖြစ်သည်။ ဓားပေါ်ရှိနာကျည်းချက်မှာ ရှုလင်ကျား၏ထိုကဲ့သို့ဆွဲထုတ်ခြင်းခံလိုက်ရရာ သိပ်မကြာခင်တွင်ပျောက်သွားသင့်သည်ပင်။
နာကျည်းမှုမှာ ဓားအတွင်းရှိအသက်ရှုသံထံမှစီးဆင်းလာခြင်းပင်။
ချက်ချင်းပင်၊ ရှုလင်ကျား၏နှလုံးသားရုတ်တရက်တောက်ပသွားရကာ လွှတ်ခနဲပြောမိသည်။
"လင်းယွဲ့မသေဘူး၊ သူ့ဝိညာဥ်ကဒီအခန်းထဲမှာရှိတယ်!"
ရှုလင်ကျားဒါကိုပြောလိုက်သော် လက်ရှိလူတိုင်းမိန်းမောသွားရကာ လူအများအပြားမှာတစ်ပြိုင်တည်းပြောမိကြသည်။
"ဘာပြောလိုက်တယ်?!"
ရှုလင်ကျားကလင်းယွဲဲ့၏ဓားရှည်ကိုကိုင်၍ အရှေ့ကိုလွှဲခုတ်လိုက်ရာ ဓားအလင်းရောင်ဖျတ်ခနဲလက်သွားပေမဲ့ ကြည်လင်၊ နက်မှောင်ခြင်းမရှိတော့ဘဲ မှောင်မိုက်သောနာကျည်းချက်မှာ ၎င်း၏ပစ်မှတ်ကိုအလိုအလျောက်ရှာကာ အရှေ့ကိုဦးတည်သွားသည်။
တစ်ချိန်တည်း၌ ပုံရိပ်မှာအခန်းထဲတွင်ခပ်မြန်မြန်ဖျတ်ခနဲပေါ်လာပြီး တံခါးအပြင်သို့တစ္ဆေတစ်ကောင်ပမာရုတ်တရက်ဦးတည်ကာ လှည့်ပြေးတော့သည်။
နာကျည်းမှုကပုံရိပ်ကိုအပြေးအလွှားလိုက်ဖမ်းပေမဲ့ ကျင်းဖေးထုန်က၎င်းထက်ပိုမြန်သည်။ သူကားခြေထောက်ချိတ်ကာ ထိုင်ခုံပေါ်တွင်တစ်အောင့်ကြာထိုင်နေရင်းဖြင့် ထိုနေရာတွင်ဖျတ်ခနဲပေါ်လာသည်။ ပုံရိပ်အနောက်တွင်ရပ်ကာ သူကတစ်ဖက်လူကိုလက်ဝါးဖြင့်ရိုက်ချလိုက်သည်။
ကျင်းဖေးထုန်၏လက်ဝါးမှာအလွန်သန်မာလွန်းလှပေရာ ဓားဆွဲထုတ်ဖို့ဖိအားပေးခံလိုက်ရသည့်လူမှာ ခပ်မြန်မြန်နောက်လှည့်မိသည်။ ထို့နောက် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ဖို့ဖိအားပေးခံလိုက်ရသည်၊ ထိုသူမှာကျန်းရွေ့ဖြစ်သည်။
ကျင်းဖေးထုန်ကကျန်းရွေ့၏ဓားရှည်ကိုလက်ဗလာဖြင့်ဆုပ်ကိုင်ကာ သူ့ကိုအထင်သေးနေပုံရသည်။ သူကလွတ်လပ်စွာဝေ့ဝဲကာ အပြုံးမဟုတ်သည့်အပြုံးဖြင့်ပြောလိုက်သည်။
"ဘာလို့ပြေးနေတာတုန်း။"
သူ၏စကားမှာလည်းထိုင်နေကြသည့်လူအများစုကိုမေးလိုက်ခြင်းဖြစ်သည်ပင်။
လက်ရှိသေဆုံးသွားခဲ့သည့်နှစ်ယောက်မှာ လင်းယွဲ့ပင်ဖြစ်စေ၊ ကျန်းအကြီးအကဲပင်ဖြစ်စေ ထိုသူနှစ်ဦးဟာကျန်းရွေ့နှင့်မုန်းတီးမှု၊ မကျေနပ်ချက်မရှိကြပေ။ ကျန်းအကြီးအကဲအသက်ရှင်နေရင်တောင် ကျန်းရွေ့အတွက်အကျိုးပိုရှိပေလိမ့်မည်။ သူကတရားခံမဟုတ်ရင် သူဘာလို့ပြေးနေမှာလဲ။
သို့သော် မေးခွန်းထုတ်လိုက်ပြီးမကြာမီတွင် လူတချို့မှာပြဿနာကိုမြင်သွားကြသည်။
ကျန်းရွေ့ကဒီတစ်ခေါက်တွင်တိုက်ပွဲကြီးတစ်ခုကိုပြိုင်ခဲ့ကာ အဆုံးတွင်ရှုလင်ကျားကြောင့်ဒဏ်ရာရသွားခဲ့သည်မို့ သူ့တွင်ခွန်အားမရှိသည်မှာအကြောင်းဆီလျော်သည်။
သို့သော် ဤအခိုက်အတန့်တွင် သူဟာဓားကိုဝှေ့ရမ်းကာ ကျင်းဖေးထုန်ကဲ့သို့ဆရာတစ်ဆူနှင့်ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး သူ၏လှုပ်ရှားမှုများမှာလျင်မြန်ဖျတ်လတ်နေဆဲပင်။
သူ၏ထိုကဲ့သို့လှုပ်ရှားမှုဟာ မတိုင်ခင်ကရှုလင်ကျားနှင့်တိုက်ခိုက်တုန်းက ကျန်းရွေ့ဟာထိုကဲ့သို့ဖြစ်သည်ကို လူတို့အားအမှတ်ရသွားစေသည်။
သူကားအကန့်အသတ်ကိုရောက်ရှိသွားပုံပေါ်သည့်တိုင် အမြဲတစေသူ၏စိတ်ဝိညာဥ်စွမ်းအားကိုတိုးတက်စေနိုင်ကာ ပိုမိုခွန်အားကြီးသောလှုပ်ရှားမှုများကိုလုပ်နိုင်ပြီး ပြိုင်ဘက်ကိုသတ်ပစ်လိုက်နိုင်သည်။
ထိုအချိန်တုန်းကသာဆိုလျှင် ရှုလင်ကျားနှင့်အကြာကြီးတိုက်ခိုက်ရန်အလို့ငှာ ကျန်းရွေ့ကသူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုထိန်းသိမ်းထားသည်ဟုပြော၍ရသည်။ ယခုမူ ကျင်းဖေးထုန်ကသူ့ကိုအဓိပ္ပါယ်မရှိဘဲသတ်လိမ့်မည်မဟုတ်။
သူ၏မိမိကိုယ်ကိုကြွားလုံးထုတ်သောပင်ကိုယ်စရိုက်ကြောင့်ဖြစ်လောက်မည်၊ ကျင်းဖေးထုန်ကရန်သူကိုတိုက်ခိုက်ရန်ဓားဆွဲထုတ်သည်ကို လူနည်းစုသာမြင်ဖူးကြသည်။ အရင်တစ်ခေါက်သူဓားထုတ်ခဲ့သည်မှာ ရှုလင်ကျားထံမှလေ့လာချင်သောကြောင့်ဖြစ်သည်။
သို့သော် ယခုအခိုက်အတန့်တွင် ကျင်းဖေးထုန်ဟာဓားကိုလက်ဗလာဖြင့်ကိုင်ထားရုံနှင့်တင် ကျန်းရွေ့ကိုရှင်းပစ်ဖို့လုံလောက်သည်ထက်ပိုသော်လည်း သူ့ခွန်အားကိုအပြည့်အဝထုတ်မပြပေ၊ လူတိုင်း၏ရှေ့တွင်သံသယဖြစ်စရာမလိုဘဲ ခွန်အားအနည်းငယ်ကိုသာထုတ်ပြခဲ့သည်။
လူတိုင်းပိုကြည့်လေလေ၊ တစ်ခုခုမှားနေသည်ဟုခံစားရလေလေပင်။ ချီကွမ်းယားမအောင့်နိုင်ဘဲ ကျယ်လောင်စွာပြောမိသည်။
"ကျန်းရွေ့၊ မင်းဘယ်လိုလုပ် အရမ်းမြန်မြန်ကြီးပြန်ကောင်းသွားတာလဲ?! သောက်ကျိုးနည်းဒီမှာဘာတွေဖြစ်နေတာလဲဟ!"
ရှုလင်ကျားပြောလိုက်သည်။
"ကျင်းရှစ်ရှုန်း၊ ဟိုမှာ။"
သူ့စကားနောက်လိုက်၍ ကျန်းရွေ့မှာအာမေဋိတ်သံပြုမိသည်။ တစ်စုံတစ်ခုကတိုက်ခိုက်နေသည့်ပုံရိပ်နှစ်ရိပ်ကြားတွင်ခပ်မြင့်မြင့်ပျံဝဲလျက်သားဖြင့် လူတိုင်း၏မျက်စိရှေ့ရှိနေရာလွတ်ပေါ်တွင်ဆင်းသက်သွားသည်။
လူတိုင်းတစ်ပြိုင်နက်တည်းခေါင်းငုံ့ကာ အနီးကပ်ကြည့်မိရာ ကွဲနေသည့်ပုတီးစေ့လက်ကောက်တစ်ဝက်ကိုသာမြင်လိုက်ရသည်။
ထိုအခိုက် ပုတီးစေ့ပေါ်ရှိအက်ရာများမှ အနက်ရောင်လေစိမ့်ထွက်လာပြီး လင်းယွဲ့၏ဓားနာကျည်းမှုမှာလည်းသူ၏သခင်ကိုရှာတွေ့သွားပုံပေါ်ကာ တဟုန်ထိုးပြေးသွားချိန်တွင် ၎င်းမှာအနက်ရောင်လေနှင့်ပေါင်းစပ်သွားကာ ပုတီးစေ့လက်ကောက်တစ်ခုလုံးကိုဖုံးကာသွားသည်။
လူတိုင်းအက်ကွဲသံတစ်ခုကြားလိုက်ရသည်။
ချီကွမ်းယာတစ်ခုခုသဘောပေါက်သွားကာ ခပ်မြန်မြန်လျှောက်သွားကာ ပုတီးစေ့ကိုကောက်ရန်ပြင်လိုက်သည်။
ကျန်းရွေ့အော်ဟစ်ကာ ၎င်းကိုယူဖို့ပြေးလာပေမဲ့ သူအနားမကပ်သွားရသေးခင် ကျင်းဖေးထုန်ကသူ့ကိုတစ်ချက်ချလိုက်ပေရာ သူကပုတီးစေ့လက်ကောက်ဘေးတွင်လဲကျသွားသည်။
ကျင်းဖေးထုန်၏လက်ဝါးမှာအလွန်အားပြင်းလှသည်မို့ သူ့ကိုယ်ပေါ်ရှိအရိုးများကျိုးသွားသည်ဟုကျန်းရွေ့ခံစားလိုက်ရကာ အသွေးနှင့်အသားကိုသူ၏ခန္ဓာကိုယ်ထက်မှအခွာခံလိုက်ရယောင်။
ကြီးစွာသောနာကျင်မှုကသူ့ကိုမြေပြင်ပေါ်လှိမ့်ကာ ကျယ်လောင်စွာအော်ဟစ်သွားရစေသည်။
"အား! အား! အား! ကူညီပါ! အို့.. အကုန်လုံးပြောပြပါ့မယ်...မြန်မြန်လေး...ကယ်ပါ!"
ကျန်းရွေ့အော်ဟစ်ကာ သူနှင့်အနီးဆုံးဖြစ်သည့်ချီကွမ်းယာ၏ခြေကျင်းဝတ်ကိုလှမ်းဆွဲမိသည်။ သူ၏တစ္ဆေပူးခံထားရသယောင်ပုံပန်းသွင်ပြင်ကို ချီကွမ်းယာမြင်လိုက်ရချိန်တွင် သူထိတ်လန့်တကြားဖြင့်ခြေလှမ်းအနည်းငယ်ဆုတ်မိကာ စကားမပြောနိုင်တော့ပေ။
ချက်ချင်းပင်၊ ပုတီးစေ့များမှာလုံးဝကိုအစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး အထဲတွင်ပျံ့ကြဲနေသည့်မရေတွက်နိုင်သောဝိညာဥ်ပေါင်းများစွာထွက်လာကာ မည်းမှောင်သောလေပြင်းမှာ ငိုညည်းသံနှင့်အတူတိုက်ခတ်လာသည်။
"ဒါဘယ်လိုမိစ္ဆာပစ္စည်းမျိုးလဲ?!"
"ကိစ္စမရှိဘူး၊ ဒီဝိညာဥ်တွေကိုလိုက်ဖမ်းကြ၊ သူတို့တွေခြံဝန်းအပြင်ထွက်သွားရင် ဖမ်းရခက်သွားမယ်!"
"အရံအတား၊ မြန်မြန်လေးအရံအတားတစ်ခုဖော်လိုက်!"
ကံကောင်းထောက်မစွာဖြင့် လက်ရှိလူများထဲတွင်ကျွမ်းကျင်ပညာရှင်များစွာရှိနေသည်။ သူတို့ဒါကိုမြင်လိုက်ရသော် အံ့သြသွားသော်လည်းမလန့်သွားပေ။ သူတို့သည်ခပ်မြန်မြန်အရံအတားတည်ဆောက်ကာ ဝိညာဥ်အကုန်လုံးကိုမှော်နည်းလမ်းဖြင့်ဖမ်းချုပ်လိုက်သည်။
ကွေ့ရီဂိုဏ်းသားတစ်ယောက်ကချင်းကွမ်မှော်အိတ်ယူလာသည်မို့ ဒီတစ်ခေါက်အိတ်ဖွင့်ကာ ဝိညာဥ်အားလုံးကိုအိတ်ထဲထည့် နှာခေါင်းအုပ်ကာပြောမိသည်။
"ဒီဝိညာဥ်အိုကြီးတွေကိုနှစ်ထောင်ပေါင်းများစွာကြာအောင်စုထားတာလား။ နံဟောင်နေတာပဲကွာ။"
ရှုလင်ကျားကလင်းယွဲ့ထံလျှောက်လာကာ အေးစက်စက်ဆိုသည်။
"ဒါကကျန်းရွေ့သူ့အစွမ်းအစတွေကိုထပ်ခါတလဲလဲတိုးတက်အောင်လုပ်နိုင်တဲ့အကြောင်းရင်းပဲ။"
ဤမျှထူးဆန်းသောမြင်ကွင်းနှင့်ရင်ဆိုင်လိုက်ရရာ အမှန်တရားကိုဝိုးတိုးဝါးတားသဘောပေါက်သွားသည့်လူနည်းစုမှအပ၊ အခြားသူများမှာဇဝေဇဝါဖြစ်နေကြသည်။ သူတို့သည်လင်းယွဲ့အားကြည့်လိုက်လေရာ ရက်ပေါင်းများစွာသေဆုံးနေခဲ့သည့်လူကမျက်လုံးဖြည်းဖြည်းချင်းဖွင့်လာသည်ကိုသာမြင်လိုက်ရသည်။
ချီကွမ်းယာပြောမိသည်။
"လင်း၊ လင်းရှစ်ရှုန်း?"
လင်းယွဲ့၏မျက်နှာကားလူသေပမာဖြူဖျော့နေဆဲပင်။ သူကသူ့ကိုဗလာသက်သက်စိုက်ကြည့်လာသည်။ တစ်အောင့်ကြာသော် သူသည်အသိစိတ်တဖြည်းဖြည်းပြန်ရလာကာ အံ့သြတကြီးပြောမိသည်။
"ရှစ်တိ? ဘာဖြစ်တာလဲ၊ မင်းလည်းသေသွားပြီလား။"
ချီကွမ်းယာကသူ့လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။
"ကျွန်တော်မသေဘူး၊ အစ်ကိုအသက်ရှင်နေတာ! ရှစ်ရှုန်း၊ အစ်ကိုအသက်ရှင်နေတုန်းပဲဗျ!"
ကျန်းခဲ့ထိုမြင်ကွင်းကိုမြင်သွားကာ ရုတ်ခြည်းတစ်ခုခုသဘောပေါက်သွားမိပြီး အနောက်လှည့်ကာအခန်းထဲပြေးဝင်သွားသည်။ တစ်အောင့်ကြာသော် သူပျော်ရွှင်ဝမ်းမြောက်စွာအော်ပြောမိသည်။
"အဖိုး၊ အဖိုးလည်းနိုးလာပြီ!"
Advertisement
- In Serial294 Chapters
My Demon Pet System
After spending his entire life on gambling and alcohol, a man died alone in his cold apartment when life decided to give him a second chance.
8 2647 - In Serial16 Chapters
Silver Nucleus
The story of a particular dungeon core created by a God at the end of their rope.
8 169 - In Serial10 Chapters
The Pillar of Horns
A horror stalks the night, collecting its grim toll.Elspeth MacAdams and Gregor Lythgoe are detectives, part of the secretive Special Investigations unit. Experts in the strange, occult and supernatural, they arrive on the tiny Scottish island of Raasay to investigate a grisly murder. Darkness lurks at the heart of the tiny rural community. Soon they find themselves battling to stop unnatural rites and ancient evils. One again they find themselves the thin blue line standing before the darkness.Can they stop the looming evil in time? Before it adds them to The Pillar of Horns.
8 148 - In Serial11 Chapters
Great Master of All
Hmm, Basically no Idea for a sypnosis but well. Will he be the great master of all or what might happen? Uhh, warning is there for whatever it is better warned than nothing kek
8 184 - In Serial51 Chapters
HUNGRY EYES || J.JK × Reader ✔
"Eye contact is way more intimate than words will ever be."©𝐉𝐈𝐊𝐎𝐎𝐊𝐈𝐄𝟏𝟕No translations allowed.|*Contains mature and triggering content*| 18+
8 256 - In Serial184 Chapters
Single Father • Namjoon + BTS!Kids
Namjoon picked up Taehyung, who started- "Um, babe? I think he's growling at me. Is that supposed to happen? Is he supposed to do that? Did I break him?"***Namjoon, father of six, tries his best...although his kids don't exactly make it easy for him.***Highest rank: #1 in fan fiction, 5/27/2018
8 193

