《Me, Myself & Bad Romance •||• JINKOOK》【17】
Advertisement
⟨ Unicode Version ⟩
* Me, Myself & Bad Romance *
- အပိုင်း ၁၇ -
" နောက်ဆုံးအနေနဲ့ အလုပ်သင်တွေက နာမည်ကြီးမော်ဒယ်ရဲ့ အမှုအစီရင်ခံစာတင်ပြချက်ကို စာတမ်းလုပ်ရမယ် ... မင်းတို့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး HYPE ဥပဒေရေးရာအဖွဲ့က ပြန်လည်စစ်ထုတ်သွားပါမယ် ... လုပ်ငန်းခွဲတွေရှိပေမယ့် Entertainment အတွက်တော့ ရှေ့နေအများကြီး ရှိစရာမလိုဘူးလေ ~~ အဲ့ဒီ့တော့ အခုဆို ဌာနခွဲအသီးသီးက ရှေ့နေအလုပ်သင် ၂၅ယောက်ရှိမယ် ... HYPE ရဲ့ရှေ့နေအဖွဲ့ချုပ်အနေနဲ့ နှစ်ယောက်ပဲ ရွေးချယ်ပါမယ် ... အဲ့ဒီ့နှစ်ယောက်က HYPE Entertainment အတွက် permanent staff တွေဖြစ်လာမှာပါ ... ကျန်တဲ့သူတွေကလည်း အားငယ်စရာမရှိပါဘူး ... လက်ရှိလုပ်နေတဲ့ရုံးခွဲကလည်း HYPE နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေပဲဆိုတော့ .... ~~ ဘာဖြစ်ဖြစ် ကြိုးစားကြဖို့ မျှော်လင့်ပါတယ် ..."
စာတမ်းလုပ်နေရင်း နေ့လည်အစည်းအဝေးမှာ အထက်လူကြီးပြောသွားတဲ့ အကြောင်းပြန်ကြားမိတော့ သက်ပြင်းချလိုက်မိသည်။ သူ့အနေနဲ့ ဒီထဲမှာ ပါသွားရင် တက်လမ်းရှိနိုင်ပေမယ့် ကိုကိုနဲ့အနီးကပ်ဆုံးနေရာမှာ ရှိနေရတော့မှာဖြစ်သည်။ ရှင်းရှင်းပြောရရင် လုပ်ငန်းခွင်မှာ သူ ကိုကိုနဲ့ မဆုံချင်ပါ။ အကုန်လုံး အလွဲလွဲအမှားမှား လုပ်မိပြီး ကိုကို့ဆီပဲ အာရုံရောက်နေမှာမို့လို့ဖြစ်သည်။ ကိုကိုဟာ ဆက်ခံသူဖြစ်ကြောင်း ဂုဏ်ပြုပွဲမလုပ်ရသေးပါ၊ ကုမ္ပဏီအထက်ပိုင်းကသာ သိပြီး ကျန်တဲ့ဌာနခွဲတွေကတော့ ကိုကို့အကြောင်းမသိသေး။ အဲ့ဒီလိုပဲ သူလက်ထပ်ထားတဲ့အကြောင်းကိုလည်း သူ့ဌာနက လုပ်ဖော်ကိုင်ဘက်တွေက မသိသေး။ လက်ထပ်ထားတာဟာ သူ့အလုပ်သင်ဘဝအတွက် ထိခိုက်နိုင်ချေအများကြီးရှိသည်မို့လေ။
ကိုကို့အနေနဲ့လည်း အသိုင်းအဝိုင်းကြားမှာသာ သူ့ကို ကြီးကြီးကျယ်ကျယ်လက်ထပ်ထားခဲ့ပေမယ့် အများရှေ့မှာတော့ မချပြသေးပါ။ အနုပညာလောကထဲလည်း အရင်လို အတည်တကျ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသလို အနုပညာလှုပ်ရှားမှုတွေ အကုန်လုံး အခုထိ ရပ်တန့်ထားဆဲ။ ပရိသတ်တစ်ချို့ကသာ ကို့ကို့ရဲ့အရင်တုန်းက အကြောင်းတွေ ပြန်တင်ပြီး ကိုကိုပြန်လာမှာကို မျှော်နေကြဆဲ ဖြစ်သည်။
" ဂျောင်ဂု! Overtime လား .. "
" ဟုတ်တယ် စီနီယာကင် ~ စီနီယာက ပြန်တော့မှာလား ... "
" အင်း ~~ ကူညီပေးရမလား "
စီနီယာကင်က ပြောလာလေတော့ သူ ပြုံးရင်း ခေါင်းခါမိသည်။
" ဟင်အင်း ~~ ရပါတယ် .... ကျွန်တော့်ကို ကူညီလိုက်ရင် တခြားသူတွေအတွက် ဘယ်တရားပါ့မလဲ .."
သူနဲ့အတူတူ စာတမ်းလုပ်နေရတဲ့ အချိန်ပိုဆင်းသူတွေကို ကြည့်ပြီး ပြန်ပြောမိတော့ စီနီယာက ပါးချိုင့်တွေထင်းလာတဲ့အထိ ပြန်ပြုံးသည်။ ထူးထူးဆန်းဆန်း စီနီယာပြုံးတာ အခုမှ မြင်ဖူးတဲ့အတွက် သူ ကြောင်အအလေး ဖြစ်သွားရသည်။
" ဘယ်လိုဖြစ်ဖြစ် ~~ ဒီရုံးထဲက တစ်ယောက်ကတော့ သေချာပေါက် ပါမယ်လေ ... စာချုပ်မှာကတည်းက အဲ့ဒီလိုပါတာမို့ အဲ့ဒီ့တစ်ယောက်က ဂျွန်ဂျောင်ဂု ဖြစ်ဖို့ မျှော်လင့်ပါတယ် ... "
" ... ကျွန်တော်ရော အဲ့ဒီလိုပဲ မျှော်လင့်ထားပါတယ် ..."
" ကဲ ဒါဆို သွားပြီနော် "
နှုတ်ဆက်ရင်း သူ့ခေါင်းကို စနောက်သလို ပွတ်သပ်ကာ ထွက်သွားတော့ သူလည်း သူ့ ဆံပင်တွေကို ပြန်သပ်ရင်း ပြုံးလိုက်မိသည်။ ဒီနေ့စီနီယာကင် ကောင်လေးနဲ့ အဆင်ပြေနေတဲ့ပုံပင်၊ အဲ့ဒါကြောင့် သူ့ကို ရုပ်တည်ကြီးနဲ့ မဆက်ဆံတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ကူညီပေးဖူးသည်မို့ စီနီယာကင်ကိုတော့ ဘယ်သူအပြစ်မြင်မြင်၊ သူအပြစ်မမြင်နိုင်ပင်။
အဲ့ဒီ့နောက် သူ အလုပ်ရုံးခန်းလေးထဲ စာတမ်းအတွက် ပြင်ဆင်နေမိတော့သည်။ သူ့ဘဝမှာ အရမ်းအောင်မြင်တာမျိုး မရှိလည်း အဆင်ပြေပေမယ့် သာမန်အတင့်အတင့်လောက် ရိုးရိုးရှင်းရှင်းနေထိုင်နိုင်ဖို့တော့လိုပါသည်။
ထိုမြင်ကွင်းကိုတော့ ကြည့်နေခဲ့တဲ့သူက ကင်ဆော့ဂျင် ~~~ ။
" ဆရာ ~~ ဒီနေ့ အိမ်ပြန်ဦးမှာလား ... "
" ဂျောင်ဂုက ဘာလို့ ရုံးမဆင်းသေးတာလဲ ... သူ့ရုံးက overtime လား "
" ... ဟုတ်ပါတယ် ... အတည်ဝန်ထမ်းဖြစ်ဖို့ စာတမ်းထပ်ရမှာပါ ... အဲ့ဒီ့ထဲကမှ ၂ ယောက်ပဲ ရွေးမှာပါ ... ဒါနဲ့ ဆရာ အိမ်ပြန်မှာလား ... "
" ~~ မင်းရော ဘယ်လိုထင်လဲ ..."
" ပြန်သင့်ပါတယ် ~~ ဆရာဂျောင်ဂုက ဒီလိုရှုပ်နေတယ်ဆိုပေမယ့်လည်း ဆရာကတော့ အိမ်မပြန်တာ လေးရက်လောက်ရှိပြီဆိုတော့ ကောင်းကောင်းအနားယူသင့်တယ် ထင်လို့ပါ ..."
ဆော့ဂျင် အတွင်းရေးမှူးဟန်ရဲ့စကားကြောင့် သက်ပြင်းယဲ့ယဲ့ချမိသည်။ မင်္ဂလာဦးညကတည်းက အိမ်ကထွက်လာပြီး သူ အိမ်မပြန်တာ လေးရက်ရှိပြီဖြစ်သည်။ ဂျောင်ဂုကတော့ သူ့ဆီ ဖုန်းလေး တစ်ကောလ်တောင် မဆက်သွယ်လာသလို သူ ဘယ်မှာရှိနေမယ်ဆိုတာတောင် စိတ်ဝင်စားဟန်မတူ။ အဆောက်အဦတစ်ခုတည်းမှာ နေ့တိုင်းအတူတူရှိနေရပေမယ့် လမ်းကြောင်းမတူတော့ ထိပ်တိုက်တွေ့ရတယ်ဆိုတာမရှိ။ သူ လက်လွှဲယူရမယ့် ကာလ နီးလာလေ အမှန်တကယ် အလုပ်ရှုပ်လေဆိုပေမယ့် ထိုအကြောင်းကိုတော့ ဂျောင်ဂု သိပုံမပေါ်။ သူမရှိတုန်းကလိုပင် နေ့ရက်တိုင်းကို ဖြတ်သန်းနေပုံရသည်။
သူ့အဖြစ်က သူတစ်ယောက်တည်း ဂျောင်ဂုကို ဖြစ်ပျက်နေတာနဲ့ တူလွန်းလှသည်။ ဂျောင်ဂုဘက်က နည်းနည်းလေးတောင် ခြေလှမ်းမတိုးလာ။ တစ်ခါတလေကျ သိပ်သိချင်သည်။ ကိုယ့်ယောင်္ကျားတစ်ယောက်လုံး အိမ်ပြန်မလာတာ ဂျောင်ဂုအနေနဲ့ ဘာခံစားချက်မှ မရှိဘူးလားဆိုတာလေ …။
... မင်းက တကယ်ကို နည်းနည်းလေးတောင် မလွမ်းနေဘူးပဲကိုး ~~
ဆော့ဂျင် စိတ်ကနေသာ ရေရွတ်ရင်း ဂျောင်ဂုကိုကြည့်နေရာကနေ မျက်နှာလွှဲလိုက်သည်။ လေးရက်လုံးလုံး အချိန်ရရင် ရသလို ဂျောင်ဂုကိုမြင်နေရတဲ့ဒီနေရာလေးကို လာပေမယ့် ဂျောင်ဂုကတော့ သူ့ကို လွမ်းနေတာမျိုး မရှိ။ ထုံးစံအတိုင်း မျက်မှန်နဲ့ကောင်လေးက ခေါင်းတညိတ်ညိတ်နဲ့ နေ့စဉ်ဘဝကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းနေသည်ပင်။
" သွားရအောင် .. Min PD ဆီပဲ သွားရအောင် "
Advertisement
အဲ့ဒီ့နောက် သူ အမြဲသွားနေကျ မင်ယွန်ဂီရဲ့ instrumental Room ဆီ ထွက်လာခဲ့တော့သည်။
ရုံးခန်းထဲမှာ ကျန်နေတဲ့ကောင်ငယ်လေးကတော့ ဖုန်းကနာရီကို ကြည့်လိုက်သည်။
ခြောက်နာရီ၊ ဆယ်မိနစ်ပင်။
ဒီအချိန်ဆို ကိုကို ရုံးဆင်းပြီဆိုပေမယ့် သူ့ဆီ စာလည်း မပို့သလို ဖုန်းဆက်ပြီးတော့လည်း စကားနိုင်ထိုးတာမျိုးမရှိ။ ဘယ်ရောက်လို့ ဘယ်မှာ ရှိနေမှန်းမသိပေမယ့် ရုံးတက်ချိန်တိုင်း သူ ကန်တင်းအပေါ်ထပ်ကနေ ကိုကို့ကို မြင်နိုင်သည်မို့ ကိုကို အေးအေးဆေးဆေးရှိနေသည်ဆိုတာ သိနေတာပင်။
" ဟင်း "
ဂျောင်ဂု သက်ပြင်းချလိုက်မိသည်။
မလွမ်းဘူးလားမေးရင် လွမ်းတာပေါ့ ကိုကိုရယ် ... ပင်ပန်းလိုက်တာ ဆိုပြီး ကိုကို့ကို ပွေ့ဖက်အနားယူချင်တယ်လေ ...
အခုတော့ ပွေ့ဖက်ဖို့မပြောနဲ့ .... အတူတူနေတဲ့အချိန်အတွင်းမှာတောင် အနမ်းလေးတစ်ပွင့်မပေးခဲ့ဘူးလေ ...
အဲ့ဒီ့နောက် missed call မရှိတဲ့ဖုန်းလေးကို ပိတ်ရင်း ဂျောင်ဂု အလုပ်ဆီကိုသာ ပြန်လည်အာရုံစိုက်လိုက်မိတော့သည်။
💠💠💠
" ထပ်ပြီး ဘာလာလုပ်ပြန်ပြီလဲ ... ကိုယ့်အိမ်ကိုယ်နေပေါ့ ငါ့အခန်းက မင်းအပိုင်လား ..."
Instrumental Room ထဲ ငုတ်တုတ်ထိုင်နေမိတော့ အပေါ်ထပ်ကဆင်းလာတဲ့မင်ယွန်ဂီကြောင့် သူအတွေးပျက်သွားမိသည်။ အလုပ်တွေရှုပ်နေပေမယ့် နားဖို့ လိုအပ်လာတိုင်း ဒီအခန်းကို သူလာဖြစ်သည်။ သူ့ရဲ့ခံစားချက်သံစဉ်တွေကို ဒီမှာပေါက်ကွဲခဲ့လို့လားတော့မသိ။ ဒီအခန်းထဲမှာ သူ့ခံစားချက်တွေအပြည့် နေရာယူနေသည်လို့ သူ ခံစားမိသည်။
" ဈေးပြောလိုက်လေ~ ငါဝယ်လိုက်မှာပေါ့ ..."
ယွန်ဂီစကားကို သူ ခပ်နောက်နောက်ဆိုတော့ ယွန်ဂီက ရယ်ကာ သူ့ဘေးနားဆိုဖာပေါ်မှာ သက်သောင့်သက်သာ မှီချလိုက်သည်။
" စမ်းလုပ်ကြည့်ထားတဲ့သီချင်းတွေရှိတယ် ~~ နားထောင်ကြည့်မလား ... ဒီတစ်ခါက အရမ်းအေးတယ် ... *** အတွက် ရေးထားပေးတာ ..."
" အင်း ကောင်းသားပဲ ... နားထောင်ရင်း ခဏအိပ်သွားမယ် .. ပင်ပန်းနေတာနဲ့ အတော်ပဲ .."
ပြောပြောဆိုဆို ဆိုဖာရှည်ပေါ်လှဲချတော့ ယွန်းဂီ နားကျပ်တစ်ဖက်ကို ဆော့ဂျင်နားထဲ ထည့်ပေးလိုက်သည်။ ကျန်တစ်ဖက်ကတော့ သူ့ဆီမှာပင်။ အဲ့ဒီ့နောက် သူ သီချင်းကို စဖွင့်တော့ ဆော့ဂျင်က မျက်ဝန်းတွေ ပိတ်ကာ အနားယူသည်။ ငြိမ့်ညောင်းနေတဲ့သံစဉ်ထဲ သူ စီးဝင်မိရင်း ဆော့ဂျင်မျက်နှာလှလှကို သူ ငေးနေမိသည်။ သူ့အဖြစ်က ကင်ဆော့ဂျင်ကို ဒီလိုငေးနေရရင်ပဲ ကျေနပ်နေတာမျိုး ... ။ ပိုင်ဆိုင်ချင်စိတ်လည်း မရှိသလို ဖက်တွယ်နေတာမျိုးလည်းမဟုတ်။ ဒီအတိုင်းလေး သူ ကင်ဆော့ဂျင်ကို ချစ်ပါသည်။
ကြည့်ရင်း ကြည့်ရင်း အိပ်မောကျသွားပုံရတဲ့ ဆော့ဂျင်ကြောင့် သူ ပြုံးလိုက်မိသည်။ ဘယ်လောက်တောင် ပင်ပန်းနေလို့လဲတော့မသိ၊ တော်ရုံအိပ်ပျော်ဖို့ခဲယဉ်းတဲ့ဆော့ဂျင်ဟာ အိပ်မောကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ ဆော့ဂျင်ဆီက နားကျပ်လေးဖြုတ်လိုက်မိသည်။ အေးစိမ့်စိမ့်ဖြစ်နေတာမို့ အပေါ်ထပ်မှာ စောင်အပါးလေး သွားယူကာ သူ လွှမ်းခြုံပေးလိုက်မိသည်။ အဲ့ဒီ့နောက် သူ ထိကိုင်ချင်မိတဲ့ဆော့ဂျင်ပါးလေးကို ပွတ်သပ်မိသည်။
ဒီကောင် ဂျောင်ဂုနဲ့မြန်မြန်အဆင်ပြေဖို့ သူ မျှော်လင့်ပါသည် ... နာကျင်စရာတွေ လုံးဝမရှိဘဲနဲ့လေ ... ။
" မင်းပျော်ရွှင်ဖို့က ငါ့ဆုတောင်းပဲ ဆော့ဂျင် "
အဲ့ဒီ့နောက် သူ ပြုံးလိုက်မိသည်။ ထိုအချိန်မှာပဲ အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ကောင်ငယ်လေးတစ်ယောက်။
" လူကြီး ~~ ဒီည ကိုယ်အချိန်ရ ~~ "
ကိုင်ထားတဲ့ကုတ်ပါ ပြုတ်ကျပြီး ပြောမယ့်စကားတွေရပ်တန့်ကာ သူ့ကို စက္ကန့်ပိုင်းလောက် ရပ်ကြည့်သည်။ ပင်ပန်းလွန်းနေတဲ့ထိုကောင်ငယ်လေးရဲ့မျက်နှာမှာ သူ့ကို မြင်လို့ ကြည်လဲ့သွားတတ်တဲ့မျက်ဝန်းအစား စိတ်ထိခိုက်စေနိုင်တဲ့ မျက်ဝန်းငယ်က နေရာယူလေလျှင် သူ ဆော့ဂျင်ပါးကို ကိုင်နေရာကနေ လက်ရုတ်သိမ်းကာ ချက်ချင်းမတ်တပ်ရပ်မိသည်။
" ငယ် ~~ "
" ... ကိုယ်တို့ ကွာရှင်းကြမယ် လူကြီး ..."
ငယ်က လုံးဝ သူ မမြင်ဖူးတဲ့ တည်ငြိမ်လွန်းတဲ့မျက်နှာထားနဲ့ ဆိုလာလေတော့ သူ လန့်သွားမိသည်။
" .. မဟုတ်ဘူး ငယ် ~ "
" ... တခြားတစ်ယောက်နဲ့ အတူတူအိပ်မှ ဖောက်ပြန်တာမျိုးမဟုတ်ဘူး လူကြီး ... လူကြီးစိတ်ထဲမှာ တခြားတစ်ယောက်ရှိလာပြီဆိုတာလည်း ဖောက်ပြန်ခြင်းတစ်မျိုးပဲ ... ဒါပေမဲ့ အခု ကြည့်ရတာ ငယ်က တတိယလူဖြစ်ခဲ့တာနဲ့တူတယ် ... အချစ်ကို ဝန်ခံဖို့ သတ္တိမရှိလို့ ငယ့်ကို အစားထိုးခဲ့တာနဲ့တူတယ် ... လူကြီးရဲ့ဆုတောင်းတွေ ပြည့်ဖို့အတွက် ငယ်က ကွာရှင်းပေးမယ် ... "
ပြောချင်တာတွေပြောပြီး ကုတ်ကို ပြန်ကောက်ကာ ထွက်သွားတဲ့ငယ်နောက် သူ အပြေးလိုက်ရပြန်သည်။ ငယ် သူ့ဆီကနေ ထွက်သွားလို့ မဖြစ်။
" ငယ် ~~ သေချာနားထောင်ဦး ... "
" လွှတ် ... ကိုယ်အချိန်မရတော့ဘူး လူကြီး ... ကိုယ့်မှာ ရှိုးပွဲတွေ ဆက်တိုက်ရှိတယ် ... နောက်အပတ်ထဲမှာလည်း ပဲရစ်သွားရမယ် ... စာချုပ်ကိစ္စတွေလည်း ရှိတယ် ... ကိုယ် မအားတော့ဘူး ... ကွာရှင်းစာချုပ်ကတော့ ပို့ပေးလိုက်မယ် ..."
" ပက်ဂျီမင်!!! ဘယ်လိုတောင်ဖြစ်နေတာလဲ "
သူ့လက်ထဲကနေ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ငယ့်ကို ငြိမ်ကျသွားစေဖို့ သူအော်လိုက်မိသည်။
" ( ဖြန်း ) "
အသံကျယ်မိတာနဲ့အတူ ပါးပြင်ပေါ်ငယ့်လက်သံပါ ကပ်ပါလာတော့ သူ့မျက်နှာလည်ထွက်သွားသည်။
" ... မအော်နဲ့ လူကြီး ~~ ကိုယ်တို့ စလက်ထပ်ကတည်းက ကိုယ့်ကို မအော်ဖို့ ကိုယ်ပြောထားတယ် ... လူကြီးသိလား ... လူကြီး Jin-Hyungကို ဘယ်လောက်ထိချစ်လဲဆိုတာ ဘေးလူတွေတောင် မြင်နေရတယ် ... လူကြီးနဲ့လက်ထပ်ပြီး သုံးရက်မြောက်မှာ ကိုယ်သိခဲ့ရတယ် ... လူကြီး စိတ်ထဲမှာ Jin-Hyung ပဲ ရှိတယ်ဆိုတာ ... ဒါပေမဲ့ သိသိချည်းနဲ့ လူကြီးအနားမှာပဲ နေခဲ့တယ် ... လူကြီးအပေါ်မှာ သစ္စာရှိပေးခဲ့တယ် ... ကိုယ် အလုပ်တွေ မအားလို့ လူကြီးကို လုံလုံလောက်လောက် အချိန်မပေးနိုင်ခဲ့တာပဲရှိမယ် ... ငယ့်လိုလူက ဘာဖြစ်လို့ လူကြီးကို လက်ထပ်ခဲ့တာလဲ စဉ်းစားဖူးလား ... ငယ့်လို အဆင့်အတန်းနဲ့လူက တလောကလုံးကို ဆန့်ကျင်ပြီး လက်ထပ်ခဲ့တာ အဲ့ဒါ ခင်ဗျားကို ချစ်လို့ပဲ မင်ယွန်ဂီ ..."
Advertisement
စကားသံတွေ အခေါ်အဝေါ်တွေ မူမမှန်လောက်တော့တဲ့အထိ ငယ်က ပျက်ယွင်းလာလေလျှင် သူ ငယ့်ကို ပွေ့ဖက်ဖို့ ကြိုးစားလိုက်မိသည်။ ငယ်ကတော့ သူ့ကို မကျေနပ်သလိုမျိုး ထုရိုက်ကာ ငိုရင်း သူ့ပခုံးကြားထဲ မျက်နှာကို ဖွက်သည်။ ငယ်ပြောတာ မှန်ပါသည်၊ သူ ငယ့်ကိုလက်ထပ်တာ အိမ်ရဲ့လိုအပ်ချက်ကြောင့်ပင်။ ငယ်က ထိပ်တန်းဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ပရိုဂျူဆာဖြစ်တဲ့သူ့ထက်တောင် အလုပ်ရှုပ်လွန်းလှသည်။ ငယ့်မှာ စူးရှတဲ့မျက်ဝန်းတွေနဲ့ ပြတ်သားလွန်းတဲ့အပြုအမူတွေရှိသည်။ သူနဲ့ဆို အဆင့်အတန်း မိုးနဲ့မြေလို ကွာတဲ့ ငယ်က သူ့ကို ဘာကြောင့် ရွေးချယ်ခဲ့လဲ မစဉ်းစားဖူးပေမယ့် ငယ့်အချစ်တွေကို သူ ခံစားမိသည်။ ငယ်နဲ့သူက တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ မပြောဖူးပေမယ့် ငယ့်ခံစားချက်တွေကို သူမျက်ဝန်းကနေ သူသိသည်။ မျက်ဝန်းဆိုတာ နှလုံးသားရဲ့ဘာသာစကားပဲလေ။
" ... အခု ကိုယ် တင်းမခံနိုင်တော့ဘူး လူကြီး ... လူကြီးကို မဆုပ်ကိုင်ထားနိုင်တော့ဘူး လွှတ်ချချင်ပြီ ... Jin-Hyung နဲ့တွဲတွေ့မိတိုင်း ကိုယ် ဘယ်လောက်ပူလောင်ရလဲ သိလား ... မဖြစ်သင့်မှန်းသိပေမယ့် တစ်ခါတလေ Jin-Hyung ကိုတောင် မုန်းမိတယ် ... ဘာကြောင့်များ လူကြီးက ကိုယ့်ထက်စာရင် သူ့ကို ပိုအလေးပေးနေရတာလဲ ... ညကြီးသန်းခေါင် ချက်ချင်းထသွားနိုင်တာတွေ ... တစ်ညလုံးစောင့်ပေးနိုင်တာတွေ ... ရှားရှားပါးပါးရတဲ့ ကိုယ့်နားရက်မှာတောင် ကိုယ့်အနားမရှိဘဲ သူ့ကို အချိန်ပေးတာတွေ .... ကိုယ် သည်းခံလာရတာကြာပြီ လူကြီး ... ရှေ့ဆက်သွားရင် ကိုယ် လူကြီးကိုပါ မုန်းမိတော့မှာမို့လို့ လက်လွှတ်ကြမယ် ... ကိုယ် လူကြီးကို ဆုပ်ကိုင်ဖို့ ဒီထက်ပိုတဲ့အင်အားမရှိတော့ဘူး ... ကိုယ်အရမ်းပင်ပန်းနေပြီ လူကြီး ..."
ဖျော့တော့သွားတဲ့အသံအဆုံး ယွန်ဂီ ဂျီမင်ကို တင်းကျပ်နေအောင် ဖက်ထားမိသည်။
လက်မလွှတ်နိုင်ပါ၊ သူ ဂျီမင်ကို တကယ်လက်မလွှတ်နိုင်။ သူ့ခံစားချက်က ဘာလဲဆိုတာ သေချာကွဲကွဲပြားပြားသိတာမို့ သူ လက်မလွှတ်နိုင်။
" ငယ် ပင်ပန်းရင် နားလို့ရတယ် ... ငယ်လွှတ်ချမယ့်လက်ကို ငါ ဆုပ်ကိုင်ထားမယ်ငယ် ... ငါ့ခံစားချက်တွေကို ငါသေချာသိတယ်ငယ် ... သေချာနားထောင် !! ငါ ငါ့ကိုလက်ထပ်ဖို့ ခေါင်းညိတ်တဲ့အချိန်က ဆော့ဂျင်ကို ချစ်နေတုန်းဆိုတာ လက်ခံတယ် ... အခုထိလည်း ငါဆော့ဂျင်ကို ချစ်တယ် ... အေး ဒါပေမဲ့ ငါ သူ့ကို ပိုင်ဆိုင်ချင်တာမျိုးမရှိသလို ဘာအဆင့်မှလည်း မတက်နိုင်ဘူး ... ဆော့ဂျင်နဲ့ငါ့ကြားမှာ သူငယ်ချင်းဆိုတဲ့စည်းပဲရှိတယ် ... သူအဆင်ပြေပြေနဲ့ ပျော်ရွှင်ဖို့ပဲ ငါ မျှော်လင့်တာ ငယ် ... ငါသူ့ကို ပိုင်ဆိုင်ချင်တာမဟုတ်ဘူး ... "
" တော်ပါတော့ ခင်ဗျား သူ့ကို ဘယ်လောက်ချစ်လဲ လာမရှင်းပြပါနဲ့တော့ .. ကိုယ့်ကိုသာ ကွာရှင်းပေးပါ ... ကျေးဇူးပြုပြီး ကိုယ့်ကို ကွာရှင်းပေး ..."
သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ကွာရှင်းခွင့်တောင်းနေတဲ့ငယ့်ကြောင့် သူ့ရင်ဘတ်က ဆစ်ကနဲ့ ကျင်လာရသည်။ လက်ဖျားထိပ်အထိ ထုံကျင်သွားတဲ့ခံစားချက်က နှလုံးသားကိုပါ အဖျားခတ်လာတာမို့ သူ ငယ့်ကို ဆွဲထုတ်ကာ ငယ့်မျက်ဝန်းကို သေချာကြည့်မိသည်။ ငယ်ကတော့ သူနဲ့အကြည့်ချင်းမဆုံနေ။
“ ငယ် ... သူပျော်ရွှင်ဖို့က ငါ့ဆုတောင်းဆိုရင် ငယ်ပျော်ရွှင်ဖို့က ငါဖန်တီးမှာ ... အဲ့ဒီ့သဘောတရားလိုပဲ ... ငါ တစ်ဘဝလုံးဖြတ်သန်းပြီး ရိုးမြေကျတဲ့အထိ အတူတူနေချင်တဲ့သူက ပက်ဂျီမင်ဆိုတဲ့ငယ် !! သူ မဟုတ်ဘူး ... ငယ် ~~ သေချာကြည့်ပါ ... ငါ့ကို မြင်အောင် ကြည့်!! ... ငယ်သိတဲ့အမှန်တရားတွေအတိုင်း တစ်ယူသန်မတွေးနဲ့ငယ် ... "
" ... မြင်တယ်လေ ~~ ခင်ဗျားက Jin-Hyung ကို ဘယ်လောက်ထိချစ်လဲ ဆိုတာ ..... ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ... ကိုယ့်ရုံးတစ်ခုလုံးသိတယ် ~~ ခင်ဗျားရဲ့ အဲ့ဒီ့နေရာထဲမှာ ကိုယ်မရှိဘူး ကင်ဆော့ဂျင်ဆိုတဲ့ လူပဲရှိတယ် ... ကိုယ်သိတယ် မင်ယွန်ဂီ "
သူ့ရင်ဘတ်ကို လက်ညှိုးနဲ့ ဖိထိုးကာ ဒေါသတွေပုံချနေပုံရတဲ့ငယ်ကြောင့် သူမျက်ရည်လည်လာသည်။ ဘယ်ကနေစလို့ ဘယ်လိုရှင်းပြရမလဲမသိပေမယ့် ငယ်ကတော့ ပထမဆုံးသိခဲ့တဲ့အမှန်တရားတွေကိုပဲ ဇွတ်ယုံနေသည်။ ဒီနှစ်တွေမှာ သူ ဆော့ဂျင်ကို ဂရုစိုက်ပေးနေတာလောက်ပဲ ရှိပါသည်။ ငယ်ကျတော့ သန်မာချင်ယောင်ဆောင်နေတတ်တာမို့ သူ အရေးတယူမလုပ်ခဲ့။ ဒါကတော့ သူ့အမှားဖြစ်ပါလိမ့်မည်၊ ငယ် နားလည်တယ်ဆိုတဲ့အတွေးတစ်ခုတည်းနဲ့ ငယ့်ခံစားချက်တွေကို သူ ထည့်မတွက်ပဲ သူလုပ်ချင်ရာ လုပ်ခဲ့မိတာဖြစ်သည်။
ယွန်ဂီ သက်ပြင်းချရင်း ဂျီမင် ထွက်မပြေးနိုင်အောင် ပခုံးကို တင်းတင်းကျပ်ကျပ်ကိုင်ကာ အကြည့်လွှဲလိုက်မိသည်။
" ~~ ဆော့ဂျင် ~~ "
အဲ့ဒီ့တော့မှ သူနဲ့ငယ့်ကို ရပ်ကြည့်နေတဲ့ ဆော့ဂျင်ကို မြင်လိုက်ရတော့ သူ ထူပူသွားမိသည်။ ဘယ်အထိ ကြားလိုက်လဲဆိုတာတော့ သူမသိ၊ ဆော့ဂျင်မျက်နှာလေး သိပ်မလှနေတာတော့ သူသိသည်။ ဆော့ဂျင်ကို မြင်လိုက်ရတာမို့ ငယ့်ပခုံးပေါ်တင်ထားတဲ့သူ့လက်တွေ ပြေလျော့သွားသလို ငယ်ကလည်း ဆော့ဂျင်ကို ငိုထားတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်သည်။
" အာ~ အချိန်ကောင်း မဟုတ်ဘူးပဲ ... ငါ ပြန်တော့မယ် ယွန်ဂီ ~~ အခုလောက်ဆို ဂျောင်ဂု ငါ့ကို စောင့်နေလောက်ပြီ ... "
ထုံးစံအတိုင်း ဘာမှမဖြစ်သလို ဆော့ဂျင် ထွက်လာတော့ သူ တကယ်စိုးရိမ်မိသွားသည်။ သူ ဆော့ဂျင်ဆီ ခြေဦးလှည့်ဖို့ကြိုးစားမိတော့ သူဆုပ်ကိုင်ထားမိတဲ့ မင့်ကို သူငဲ့ကြည့်မိသည်။
" သွားလေ လိုက်သွား ကိုယ့်ကို ထည့်မတွက်နဲ့ "
မျက်ရည်အရွှဲသားနဲ့ ငယ့်ဆီက ကြားလာရလေလျှင် သူ ရပ်တန့်လိုက်မိသည်။ ငယ်ပြောတာ သိပ်မှန်သည်၊ တခြားတစ်ယောက်ကို ဂရုစိုက်ဖို့အတွက် ငယ့်ခံစားချက်တွေကို သူထည့်တွက်ရမည်။ ကိုယ်ချစ်တဲ့သူရဲ့ခံစားချက်ကို မထည့်တွက်လို့မရ။ သူ့ရဲ့ပထမဦးစားပေးက ငယ်သာ ဖြစ်သင့်သည်။ ဆော့ဂျင်ဖြစ်လို့မရ။ ငယ့်ကို ချစ်ပေမယ့် သူ့အကျင့်အတိုင်း ဆော့ဂျင်ဆီပဲ ဦးတည်မိတာတွေကို သူ ရပ်တန့်မှ ရတော့မည်။
" ... တောင်းပန်ပါတယ်ငယ် ~~ ဒီတစ်ခါ ငယ့်စကား ငါ နားမထောင်နိုင်ဘူး ... အမှားတွေ အကုန်လုံးအတွက် ငါတောင်းပန်ပါတယ်ငယ် ~~ ငယ့်ခံစားချက်တွေကို မကြည့်မိလို့ တောင်းပန်တယ်ငယ် ... ငါ ငယ့်ကို ပိုပြီး ဂရုစိုက်ပေးဖို့အတွက် ငယ့်ဘက်ကလည်း သန်မာချင်ယောင်ဆောင်နေတာတွေ ရပ်လိုက်လို့ရမလား ငယ် "
" ... "
သူပြောမိတော့ ငယ်က ဘာတစ်ခွန်းမှ ပြန်မပြောဘဲ အံကြိတ်ကာ ငိုသည်။
" ... ချစ်တယ်ငယ် ~~ ငါ ငယ့်ကို တကယ်ချစ်တယ် ... အဲ့ဒါကြောင့် ငါ့ကို လက်မလွှတ်နဲ့ ... ငယ်အချိန်မပေးနိုင်လည်းရတယ် ... ငါက ငယ့်အချိန်ဖြစ်ပေးမယ် ... တစ်ခုပဲ ... ငယ် ငါ့ကို ကွာရှင်းဖို့ မပြောနဲ့ ... ငါ ငယ့်ကို လက်ထပ်ဖို့ဆုံးဖြတ်တာ အဆုံးသတ်မှာ ကွာရှင်းဖို့မဟုတ်ဘူး ... ငါ့အချစ်တွေ ငယ်အများကြီး သိဖို့လိုအပ်သေးတယ် ငယ် "
အဲ့ဒီ့နောက် ငယ့်ဆီက ဘာအသံမှ မထွက်လာဘဲ တရှုံ့ရှုံ့နဲ့သာ ငယ် ငိုနေခဲ့တော့သည်။
💠💠💠
" ~ ပင်ပန်းသွားပြီပဲ ~~ ဒီညရဲ့ညစာကတော့ ခေါက်ဆွဲပဲ ပြုတ်လိုက်ပါတော့မယ် ...ပြီးရင် အိပ်ရမှာပေါ့ "
ဓာတ်လှေကားထဲ တစ်ယောက်တည်းရေရွတ်ရင်း ဂျောင်ဂု အိမ်ပြန်လာမိသည်။ မနက်ဖြန်ထပ်ရမယ့်စာတမ်းက အချိန်မီပြီးသွားလို့ တစ်ပူအေးသွားရပေမယ့် အိမ်ကို ကိုကိုပြန်မလာတာက သူ့အတွက် နောက်ထပ်တစ်ပူဖြစ်စေပြန်သည်။
" ဟူး "
ဂျောင်ဂု သက်ပြင်းချရင်း အိမ်ထဲဝင်လာမိတော့ အပေါ်စီးဖိနပ်လေးတစ်ရံလျော့နေတာကို သတိထားမိလိုက်သည်။ အဲ့ဒီ့နောက် ဖိနပ်စင်ကိုကြည့်မိတော့ ကိုကို့ဖိနပ်ကို သူမြင်လိုက်ရသည်။ ချက်ချင်းပဲ မျက်ဝန်းတွေက တောက်ပသွားတော့ သူ အိမ်ထဲ ခပ်မြန်မြန်ဝင်လာမိသည်။ ဧည့်ခန်းကတော့ မှောင်နေတာမို့ ကိုကိုအိပ်ပြီလို့ သူမှတ်ယူမိသည်။ သူ ဧည့်ခန်းမီးဖွင့်ကာ အခန်းထဲ ဝင်မိတော့ ညအိပ်မီးလေးဖွင့်ကာ ကုတင်ပေါ်မှာ သက်သောင့်သက်သာအနားယူနေတဲ့ ကိုကို့ကို သူ မြင်လိုက်ရသည်။ လေးရက်နီးနီး သေချာမတွေ့ရတာကြောင့် သူ လွမ်းနေရတာတွေ အကုန် ပြေပျောက်သွားရပေမယ့် သူ့မှာ ကိုကို့ကို ပွေ့ဖက်ခွင့်မရှိဘူးဆိုတာ သူသိနေလေတော့ သူ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။ ကိုကိုကတော့ အိပ်မောကျနေပုံပေါ်ပါသည်၊ သူ ဝင်လာတာကို မသိ။ သူလည်း ကိုယ်လက်သန့်စင်ပြီးတာနဲ့ ညအိပ်ဝတ်စုံလဲလိုက်မိသည်။ ညစာအတွက် မီးဖိုချောင်ဆီ မသွားခင် အိပ်ပျော်နေတဲ့ ကိုကို့အနား တိုးဖွဖွလေး သူကပ်မိသည်။ အိပ်တဲ့အခါ တစ်ခုခုကို ဖက်ထားမှ အိပ်တတ်တဲ့ကိုကိုဟာ အခုတော့ ခေါင်းအုံးလေးကို တွယ်ဖက်ကာ အိပ်ပျော်နေတဲ့ပုံက ကလေးတစ်ယောက်နဲ့ တူလွန်းလှသည်။ အကယ်၍များ သူနဲ့ကိုကို့ကြား ဆက်ဆံရေးက အရင်လိုပဲရှိဦးမယ်ဆိုရင် အခုချိန် သူ ခေါင်းအုံးကို ဖယ်ကာ ကိုကို့ရင်ခွင်ထဲ ဝင်ခိုနားနေမှာ ဖြစ်သည်။
" နမ်းချင်လိုက်တာ ကိုကိုရယ် ~~ "
ဂျောင်ဂု ဆော့ဂျင်ကို ကြည့်ရင်း ဝမ်းနည်းစွာ ရေရွတ်လိုက်မိသည်။ သိပ်သဘောကျရပါတဲ့ အနမ်းတွေကို သူ တအားမျှော်လင့်နေပေမယ့် ကိုကိုကတော့ သူ့စိတ်ကို သိနေတဲ့အလား ခွင့်မပြုခဲ့ဘူးလေ။
တော်ပါပြီလေ ~~ ဒီလိုပဲ ရှင်သန်ရတာပေါ့
သူရေရွတ်လိုက်ရင်း အခန်းထဲကနေ ထွက်လာခဲ့တော့သည်။ အဲ့ဒီ့နောက် မီးဖိုချောင်ထဲ ဝင်မိတော့ စားပွဲပေါ်မှာ အုပ်ဆောင်းလေးကို မြင်လိုက်သည်။ ထိုအပေါ်မှာတော့ စာလေးတစ်စောင်ပင်။
" ညစာကို ကောင်းကောင်းစားပါ သားသားရေ ~~ အဒေါ်ကြီး "
အဒေါ်ကြီးရဲ့လက်ရေးစာကို မြင်လေတော့ ရုတ်တရက် သူ့နှလုံးသားလေး နွေးထွေးသွားသည်။ ငယ်ဘဝကိုပါ ပြန်မြင်ယောင်လာသလိုပင်။ ကိုကို့အိမ်မှာ ကိုကိုရယ်၊ သူရယ်၊ အစ်ကိုထယ်ယောင်းရယ်၊ တီတီရယ်၊ အဒေါ်ကြီးရယ် ရှိခဲ့တဲ့ ပျော်စရာအချိန်တွေကိုရောပေါ့။ ဘယ်အချိန်က အိမ်ကိုရောက်လာခဲ့မှန်းမသိပေမယ့် အခုတော့ သူ အဒေါ်ကြီးကျေးဇူးနဲ့ ညစာကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းပြီးပြီဖြစ်သည်။ အဲ့ဒီ့နောက် အချောသပ်ထားတဲ့ စာတမ်းတွေကို ပြန်စစ်ဆေးဖို့အတွက် ဧည့်ခန်းထဲထိုင်ကာ ဖိုင်တွေ ပြန်ဖတ်နေမိတော့သည်။
---------------
ဘယ်အချိန်မှာ အိပ်ပျော်သွားခဲ့လဲ သူမသိပေမယ့် သူနိုးလာတဲ့အချိန်မှာတော့ တစ်ညလုံး ဒီဧည့်ခန်းထဲမှာပဲ အိပ်ပျော်သွားခဲ့တယ်ဆိုတာ သူ သိလိုက်ရသည်။ ဒါဆို ကိုကိုကရော ... ၊
နိုးနိုးချင်း သတိရမိတာမို့ ချက်ချင်းထကာ အိပ်ခန်းဆီ ပြေးကြည့်မိတော့ ကိုကိုမရှိတော့။ ထို့ကြောင့် မျက်နှာလေးညှိုးကာ မီးဖိုချောင်ဘက်ထွက်လာမိသည်။
" သားသား နိုးပြီလား "
မီးဖိုချောင်ထဲရောက်တာနဲ့ သူ့ကို နှုတ်ဆက်တဲ့ အဒေါ်ကြီးအသံကြောင့် ဝမ်းသာမိသွားသည်။
" အို! အဒေါ်ကြီး ဘယ်အချိန်က ရောက်တာလဲ ... "
" မနက်ကပဲ ရောက်လာတာ ...သားသားက မနက်စာရော ညစာရော ကောင်းကောင်းမစားဘူးဆိုလို့လေ ~~ "
သူ့ခေါင်းကို ကလေးတွေလို ပွတ်သပ်ကာပြောတော့ သူရယ်ပြရင်း ငယ်ငယ်ကလို အဒေါ်ကြီးသွားလေရာနောက် လိုက်မိသည်။
" အာ~~ အလုပ်နည်းနည်းများနေလို့ပါ ~~ "
" ညက ဧည့်ခန်းမှာပဲ အိပ်လိုက်တာလား ~~ သားကိုကိုနဲ့ ရန်ဖြစ်ထားတာလား ..."
" မဟုတ်ပါဘူး ~~ ညက အလုပ်လုပ်နေရင်း အိပ်ပျော်သွားလို့ပါ "
" သား ကိုကိုကတော့ မနက်ကတည်းက ရုံးသွားပြီထင်တယ် ~~ ဘာပဲဖြစ်ဖြစ် သားသားက အစာမှန်မှန်မစားနေလို့ အဒေါ်ကြီးက လာခဲ့တာ ... "
" ... "
အဒေါ်ကြီးစကားကြောင့် ကိုကို ထွက်သွားပြီဆိုတာ သူသိလိုက်ရတော့ သူညှိုးငယ်သွားမိသည်။
" ... တကယ်တော့ သားသား ကိုကိုခေါ်လိုက်တာပါ ... သားသားက အချိန်ပိုတွေဆင်းနေရလို့ အစားကောင်းကောင်းမစားရဘူးတဲ့ လာပြီးဂရုစိုက်ပေးပါဦးဆိုလို့လေ ... "
" ဟင် "
အဒေါ်ကြီးစကားကြောင့် သူ့ရင်ထဲ နွေးထွေးမှုက ဒိတ်ကနဲ့။ ဒါကို ကိုကိုက သူ့ကို ဂရုစိုက်တယ်လို့ သတ်မှတ်လို့ရလေမလား။
" သား ကိုကိုက သားကို ဂရုစိုက်ပါတယ် သားသားရယ် ~~ ကဲ ... ရေချိုး ... ပြီးရင် ရုံးသွားဖို့ အဒေါ်ကြီး ပြင်ထားပေးမယ် "
အဲ့ဒီ့နောက် အဒေါ်ကြီးပြောတဲ့အတိုင်း သူ ကိုယ်လက်သန့်စင်ကာ မနက်စာစားပြီး ရုံးသွားဖို့ပြင်လိုက်မိတော့သည်။ ရုံးကိုရောက်တော့ မနေ့က ပြင်ထားတဲ့ စာတမ်းတွေကို ထပ်ကာ ရလဒ်ကို သူ မျှော်မိသည်။ အလုပ်နဲ့ ပတ်သက်ပြီး သူ သေချာပေါက် အရွေးခံရမယ်လို့ ယုံကြည်ချက်ရှိတာမို့ တုန်လှုပ်နေတာမျိုးတော့မရှိ။ အကယ်၍ အရွေးမခံရရင်လည်း ကိစ္စမရှိပါ၊ နောက်တစ်ခေါက်ထပ်ကြိုးစားဖို့ သူ ဝန်မလေးဘူးလေ။
ဒီတစ်နေ့တာလုံး သူ အဆင်ပြေပြေဖြတ်သန်းနိုင်မယ်လို့ သူထင်ခဲ့မိပေမယ့် ရလဒ်ထွက်ခါနီးမှာ သူ ဘယ်လိုမှ မထင်ထားတဲ့ ပြသနာ ပေါ်လာခဲ့တော့သည်။
" ခိုးချထားတာလား ဂျွန်ဂျောင်ဂု "
" မဟုတ်ပါဘူး ~~ တစ်ညလုံး ကျွန်တော်ကိုယ်တိုင် အပင်ပန်းခံပြီးလုပ်ထားတဲ့စာတမ်းပါ "
" ဒါဆိုရင် ဘာဖြစ်လို့ ယူမီ့ဟာနဲ့ တစ်ထပ်တည်းတူနေရတာလဲ ... ."
" အဲ့ဒါတော့ မသိပေမယ့် ကျွန်တော် အာမခံနိုင်တယ် ဒါ ကျွန်တော့်အရည်အချင်းနဲ့ ရလာတဲ့စာတမ်းပါ "
Advertisement
- In Serial242 Chapters
Blood Elf Monarch
Abandoned since birth, mistreated, exploited, betrayed, and hurt. This was all society had offered to Tristan.
8 2873 - In Serial33 Chapters
Doll of Death
A 10-year-old girl with no family was raised by an organization of assassins. Due to her killing all their best clients she was hated by everyone. After reaching the bottom line of the organization she was poisoned but found out about it and decided to bring everyone down with her. This is her story afterward in a different world where death is always a looming threat. She will have to do what she knows best to survive even without being human anymore. ______________________ Girl in cover from Pinterest.
8 124 - In Serial36 Chapters
Destroy The Heavens!
Cursed to die, his kingdom-and family-destroyed, Astraoth goes on a journey to take revenge against the heavens themselves and discover the truth behind his past and his family's secrets. So follow this journey, as Astraoth reaches the pinnacle of power, taking back his life and his inheritance. Follow Astraoth as he becomes a legend, breaking through even the bonds of fate itself, finding himself and his Dao in a world of Demons, Gods, Broccoli Spears, and everything else in-between. ------------------------------------------------------------------------------------------------------------------------------ *This is essentially my version of a wuxia/xianxia novel. *Therefore, this story is not a traditional wuxia or xianxia, it merely has the elements normally attributed to them. *If there are any problems with ease of readability because of spacing, alert me. *Also, if you notice any grammatical errors while reading, please notify me in the comments.
8 219 - In Serial29 Chapters
Paint with Me Among the Shadows (Book One, the Salvation MC Series)
What happens when a finger painting prodigy hitches a ride from a disfigured biker? Why chaos of course!Quirky, oddball Georgie is anything but normal. For years she hasn't only suffered from a lack of filter but she also has "episodes." She can't control them. To make matters worse, she was just expelled from the illustrious art university that she had been lucky enough to get into. With nowhere else to turn, Georgie makes the decision to travel back home to Sunny Valley, AL to reunite with her father and sister, whom she hasn't seen in fourteen years.It's at a gas station where she meets the beautifully scarred, Adonis, and with his help, she arrives home in typical Georgie fashion: with arms full of snacks, a never-ending string of chatter, and a determination to find out the truth all while keeping her episodes a secret. Easier said, right? Especially when that handsome biker stumbles upon an episode.*Wattpad Reviews:"This was a beautiful book and captured me throughout." @JamieLee716"This was honestly one of the best books I have read on Wattpad in the last two years." @alswedlove"I love this book. This was such an emotional ride. At times so painful, so raw. And the ending... Perfect." @YelenaLugin"I was so hooked I couldn't put my phone down." @S_Nicole1995"Wow, honestly I loved the raw emotions in this book." @kenny-08"This story was seriously beautifully written." @SugarLoverCandy9"This is one of the best stories I've ever read no exaggeration!" @xxxSweetMelodyxxx*# 1 in Art 5/8/22# 1 in Alphamale 7/20/21# 3 in Comedy 6/26/21# 1 in Painting 7/30/21# 3 in Biker 5/5/22# 3 in Motorcycle 5/5/22# 5 in bad boy 11/19/21 # 4 in Mental Health 2/19/22# 21 in Romance 7/20/22
8 196 - In Serial13 Chapters
Far From Home
Alexandria has never been your typical girl. She loves adventure and she loves the wild. Maybe it's because of the secret she holds. A secret she is about to tell the most unlikely group imaginable. But maybe this is her chance to finally be accepted
8 133 - In Serial18 Chapters
Eat me (erotic series #2)
Thea Villaflor and her fianceé Direck Zaragosa we're broke up because of one night mistake. Kahit ilang taon na ang lumipas ay mahal pa rin ni thea ang binata hindi niya magawang mag hanap ng ibang lalaking mamahalin niya ng higit kay direck. Ika nga ng matatanda kapag kayo ang para sa isa't isa kayo talaga kahit na anong pananakit ang gawin ng partner mo kung mahal mo mapapatawad mo. Mapapatawad kaya ni thea ang ating papa direck?
8 99

