《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၅) : အမုန်းစတင်ခြင်း
Advertisement
(Unicode)
အပိုင်း(၁၅) : အမုန်းစတင်ခြင်း
အခန်းကြမ်းပြင်ပေါ်မှာ ခါးပြတ်ကြီး ဒရွတ်တိုက်နေသောအသံကိုသာ ကြားနေရသည်။ တိတိကျကျပြောရလျှင် ထိုအသံသည် ကျွန်တော့်အနောက်နေရာမှ လာနေခြင်းဖြစ်သည်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ရုတ်တရက်ဆိုသလို လှုပ်မရတော့။ ခါးပြတ်ကြီးသည် ကျွန်တော်ရှိရာဆီသို့ အနောက်ကျောဆီမှ တဖြည်းဖြည်းချင်း တရွတ်တိုက်ဆွဲကာလာနေပြီးနောက် နောက်ဆုံးတွင် အေးစက်စက် လက်ကြီးတစ်ဖက်က ကျွန်တော့်ခြေထောက်ကို "ဘတ်" ခနဲ လှမ်းကိုင်လိုက်ပါတော့သည်။
ကျွန်တော့်တစ်ကိုယ်လုံးလှုပ်မရသော်လည်း အေးစက်စက်လက်ကြီးက ကျွန်တော့်ကို ထိတွေ့နေသမျှ အရာရာကိုခံစားနေမိသည်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ခြောက်ခြားစိတ် မသတီစိတ်ကြီးဖြစ်ကာ ကြက်သီးများပင် ဆိုးရွားစွာ ထ နေလျက်ရှိသည်။
အေးစက်စက်လက်ကြီးက ကျွန်တော့်ခြေထောက်မှတစ်ဆင့် တဖြည်းဖြည်း ခြေသလုံးပေါ်ထိတက်လာကာ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာပြီး ကျွန်တော့်နောက်ကျောတစ်ခုလုံးအေးစက်သွားသည်။
ကျွန်တော့်အနေနှင့် လှုပ်မရတော့သော်လည်း ထို ခါးတစ်ပိုင်းပြတ် သရဲကြီး၏ အသံကိုလည်း ခြောက်ခြားဖွယ်ရာကြားနေရသည်။
"ဖောက်ပြန်တဲ့ကောင်ရဲ့ အဆုံးသတ်က ဘာဖြစ်သွားလဲသိချင်လား ... မင်းရဲ့ ရုပ်ခန္ဓာတစ်ခုလုံးကို ငါဝါးမြိုတော့မှာ..."
အေးစက်စက်နှင့် တစ်စုံတစ်ခုက ၀င်ပူးနေသော ခံစားချက်ကြီးသည် တဖြည်းဖြည်းနှင့် ရင်ဘတ်အထိပင်ဆို့၍ တက်လာသည်။ နှလုံးသားတစ်ခုလုံးမှာ အေးစက်စက်လိုကြီးခံစားလာရပြီး ဘာရယ်ကြောင့်မှန်းမသိပဲ မျက်ရည်တွေ ကျလာသည်။
မျက်စိများပြာဝေလာသော်လည်း အမြင်အာရုံထဲတွင်တော့ ခန့်ထည်သည် မိုးရွာနေသော တောင်ကုန်းလေးတစ်ခုတွင် ငိုယိုနေတာ
"ညီရယ် ပြန်လာခဲ့ပါ"
ဆိုသည့် ပုံရိပ်များကို မြင်ယောင်လာနေရင်း ရုတ်တရက်ဆိုသလို ရင်ထဲကဆို့တက်လာသည်။ ခန့်ထည်ကို ကြည့်ရသည်မှာ သူအရမ်း၀မ်းနည်းပြီး အားရပါးရပင်ငိုနေပုံပေါက်သည်။
ကျွန်တော့် ဝိညာဉ်သည် ထိုတောင်ကုန်းလေးအောက်နားမှာ ရောက်နေခြင်းဖြစ်ပြီး တောင်ကုန်းပေါ်ကို မေ့ကြည့်လိုက်တော့ ခန့်ထည်က မိုးများသည်းနေသည့်ကြားထဲမှာပင် အကြီးအကျယ်ပင် ငိုယိုလို့နေသည်။
ကျွန်တော် ထိုတောင်ကုန်းရှိရာကို ခြေလှမ်းလှမ်းလို့သွားရင်း
"ကိုကို .. ကိုကို ဘာလို့ငိုနေတာလဲဟင် .. "
ဟု ပြောလိုက်သည်။
ကိုခန့်ထည်သည် ကျွန်တော်ရှိနေသည်ကိုပင် သတိမထားမိပဲ ထိုတောင်ကုန်းပေါ်တွင် ငိုလို့သာနေသည်။
"ကိုကို .. ညီ့ကို မမြင်ရဘူးလားဟင် .. ညီ သေသွားတာလား .. သရဲလွှတ်ပြီး ညီ့ကို တမင်သတ်လိုက်တာလားဟင် ..."
ကျွန်တော်သည် ကိုခန့်ထည်ရှိရာသို့ တစ်လှမ်းချင်း လှမ်း၍ သွားရင်း ကိုခန့်ထည်အသားကို ထိရန်ပြင်လိုက်စဉ်တွင် အရာအားလုံး မျက်စိစူးမတတ်လင်းလက်သွားပြီး မျက်စိစူးလွန်း၍ပင်ဘာမှမမြင်ရတော့သဖြင့် မျက်စိမှိတ်ထားလိုက်သည်။ ခဏနေတော့ အဖြူရောင် အလင်းတန်းပျောက်ကွယ်သွားပြီး ကျွန်တော့်မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်မိတော့ ကျွန်တော် ဘုန်းပိုင်ရဲ့ အခန်းထဲမှာ ပြန်ရောက်နေသည်။ ခါးတစ်ပိုင်းပြတ်သရဲကလည်းမရှိတော့။ တံခါး၀တွင် ပရိတ်ရေ ဖလားကို ကိုင်ထားသော ဘုန်းပိုင်ကို တွေ့လိုက်ရသည်။
"ညီလေး ဘုရားစင်ပေါ်မှာ ပရိတ်ရေဖလားတွေ့လို့ ချက်ချင်းယူလာခဲ့လိုက်တာ .. အချိန်မီလေးမို့တော်သေးတာပေါ့ .. အစ်ကို ဘာတွေဖြစ်မှန်းမသိဘူး မျက်ရည်တွေအရမ်းကျနေတယ် .."
ဘုန်းပိုင်ပြောစကားကြောင့် ကျွန်တော့်မျက်လုံးနား တစ်ဝိုက်ကို ပြန်စမ်းမိတော့ တကယ်ပင်မျက်ရည်များက စိုရွှဲလို့နေသည်။ ခုန ကိုခန့်ထည် ငိုနေသည့် ပုံရိပ်ကြီးကို မြင်ပြီးတော့လည်း ဘာကို စိတ်မကောင်းဖြစ်မှန်းမသိ ဖြစ်နေမိကာ ငိုချင်စိတ်ကို ထိန်းမချနိုင်တော့ပဲ မျက်ရည်တို့က ထပ်ကျလာပြန်သည်။
"အစ်ကို ... ဘာလို့ငိုနေတာလဲ.."
"ဟင် ... ဘာရယ်မဟုတ်ပါဘူး .. မျက်စိစပ်လို့ပါ .. "
"အဲဒါဆို ပင်ပန်းနေရင် အိပ်လိုက်နော် ... ညီလေး တစ်ညလုံး အစ်ကို့ကို စောင့်ပေးမယ်နော် .. မကြောက်နဲ့တော့ ..."
ကျွန်တော် အမှန်အတိုင်းပြောလိုက်ရင် ဘုန်းပိုင်စိတ်မကောင်းဖြစ်မည်စိုး၍ ညာပြောလိုက်ရသော်လည်း ကျွန်တော့်မျက်လုံးထဲမှာ တောင်ကုန်းပေါ်က ကိုခန့်ထည်ရဲ့ ပုံရိပ်ကို အခုထိပင် မြင်ယောင်နေဆဲပင်ဖြစ်ပါတော့သည်။
ကျွန်တော် ခန့်ထည်ကို အရမ်းချစ်ခဲ့သလို အရမ်းလည်းမုန်းမိလာနေပြီဖြစ်သည်။ ခုနကျသော မျက်ရည်သည် တစ်စုံတစ်ခုကို သနားလို့ ကျသောမျက်ရည် ဖြစ်မည်ဟုသာ ယုံကြည်နေမိပါတော့သည်။
××××××
ခါးတစ်ပိုင်းပြတ်သရဲသည် ပရိတ်ရေဒဏ်ကြောင့် အရမ်းပူလောင်လှသဖြင့် ခန့်ထည်၏ မြေအောက်ခန်းထဲသို့ ကမူးရှူးထိုးပင် ထွက်ပြေးသွားခဲ့သည်။
ခန့်ထည်က မြေအောက်ခန်းထဲတွင် သေတ္တာလေးတစ်လုံးကို ဖွင့်ကြည့်နေမိသည်။ ထိုသေတ္တာလေးထဲတွင် အရိုးနှင့် ခပ်ဆင်ဆင်တူသော တုတ်ချောင်းလေးတစ်ချောင်းရှိနေသည်။
"ဝုန်း .. ဝုန်း .. ဝုန်း"
ဆိုသောအသံကြီးနှင့်အတူ ခါးတစ်ပိုင်းပြတ်ဝိညာဉ်ကြီးက ၀င်လာသောအခါ ခန့်ထည်က ထို သေတ္တာလေးကို အမြန်ပင်ပိတ်လိုက်သည်။
ပြီးနောက် ပရိတ်ရေဒဏ်ရာဗရပွနှင့်၀င်လာသော ခါးပြတ်သရဲကို ကြည့်ရင်းပြောလိုက်သည်။
"ဘယ်လိုဖြစ်လာတာလဲ .. မင်းကို ပရိတ်ရေနဲ့ ဘယ်သူပက်လိုက်တာလဲ..."
"မင်းရဲ့ ချစ်သူ သော်ကရဲ့ နောက်ကောင်က ငါ့ကို သူ့ကောင်ထိလို့ဆိုပြီး ဂရိတ်ရေနဲ့ ပက်လွှတ်လိုက်တယ် .."
"ဘာ .. ဘယ်လို .. တောက် .. ငါ့ချစ်သူကို ငါပြန်ရအောင်လုပ်တာကို အဲဒီကောင်က ဘာကိစ္စ၀င်ရှုပ်ရပြန်တာတုန်း .."
"ပိုဆိုးတာက သော်က က အဲဒီကောင်ကို ချစ်တယ် လို့ပြောလိုက်ပြီ .. ပြီးတော့ သူတို့ လိင်ဆက်ဆံကြတယ် ..."
"ဘာ..."
"ဟုတ်တယ် .. ငါ အဲဒါကြောင့် သူတို့ကို ၀င်နှောက်ယှက်တာ ငါ့ကို အခုလိုလုပ်လိုက်တယ် .. "
"အေး .. တာ၀န်ကျေပါတယ် .. မင်းလည်း .. မင်းအတွက်နေရာရတော့မှာ မကြာခင် .. "
ခန့်ထည်က ပြောရင်းဆိုရင် ဟိုက်ဒရိုဂျင်အရည်များကို ပရိတ်ရည် ဒဏ်ရာများရှိရာသို့ လောင်းထည့်လိုက်ရာ ဒဏ်ရာများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ထိုသရဲကြီးက ထွက်ခွာသွားတော့သည်။
Advertisement
ခန့်ထည်လည်း မြေအောက်ခန်းထဲမှအပေါ်သို့ပြန်တက်ကာ သူ့အဖေရှိရာကို စကားသွားပြောလိုက်သည်။
"သား သော်က ကိုအမှန်အတိုင်းပြောလိုက်ရင်ကောင်းမလား အဖေ"
"ဘယ်လို .. သူက လက်ခံပါ့မလား .."
"သားတို့အတိတ်တွေပါပြောပြလိုက်မယ်လေ ..."
"သူ ယုံမယ်လို့ထင်နေတာလား .. "
"သားကြိုးစားကြည့်မယ် ... သားသူ့ကို အရမ်းချစ်တယ် .. သားသူ့ကို အဆုံးရှုံးမခံနိုင်ဘူး အဖေ .. အခုဆို သူ့ကို လိပ်ပြာငယ်အောင်လုပ်တာ မအောင်မြင်တဲ့အပြင် သားကိုပါစိတ်နာနေပြီ ..."
"အင်းပေါ့လေ .. သားလည်း အရမ်းကြိုးစားပြီး စောင့်ခဲ့ရတာကို.. ကဲကဲ ထမင်းသွားစားကြရအောင်.."
ခန့်ထည်နှင့် သူ့အဖေတို့မှာ ပြောရင်းဆိုရင်းနှင့် ထမင်းစားခန်းထဲသို့ အတူ၀င်သွားပါတော့သည်။
မနက်မိုးမလင်းခင် တရေးနိုးသောအခါ ကျွန်တော့်ဖုန်းထဲတွင် notification အသံကြား၍ ဖုန်းကို ဖွင့်ကြည့်ရာ ကိုခန့်ထည်ထံမှ SMS တစ်ခု ၀င်လို့လာသည်။ ထို SMS တွင် -
"ညီ သော်ကရေ .. ကိုကိုနဲ့ ညီ ပြန်တွေ့ရအောင် .. အပြင်မှာ စကားအေးဆေးပြောကြမယ် .. အစ်ကိုတို့ အနာဂတ်အကြောင်းတွေ အတူစဉ်းစားကြမယ် .. အစ်ကိုတို့ ပြန်တွဲဖို့ ညှိကြမယ်လေနော် ဘာပဲလုပ်ရလုပ်ရပါ .. မနက်ဖြန် နေ့လည်ခင်း Junction Square က Secret Garden မှာတွေ့ကြမယ် .. ကိုကို ညီ့ကိုအရမ်းချစ်တယ်"
ဟု ရေးထားလေသည်။
ကျွန်တော် မနေ့ညက မြင်ကွင်းတွေကြောင့် ခန့်ထည်ကို သနားမိနေသော်လည်း ဘုန်းပိုင်ကို သရဲနှင့်ပင်တိုက်သည့်အတွက် အရမ်းကို ရွံမုန်းမိနေသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်ကြိမ်အနေနဲ့ဖြစ်စေ ကျွန်တော်သူ့ကို သွားတွေ့ရန်သာ ဆုံးဖြတ်လိုက်ပါတော့သည်။
အပိုင်း(၁၆) ဆက်ရန်။
Own Feeling @ 2022 by
Auro Karshine
(Zawgyi)
အပိုင္း(၁၅) : အမုန္းစတင္ျခင္း
အခန္းၾကမ္းျပင္ေပၚမွာ ခါးျပတ္ႀကီး ဒ႐ြတ္တိုက္ေနေသာအသံကိုသာ ၾကားေနရသည္။ တိတိက်က်ေျပာရလွ်င္ ထိုအသံသည္ ကြၽန္ေတာ့္အေနာက္ေနရာမွ လာေနျခင္းျဖစ္သည္။ ကြၽန္ေတာ့္တစ္ကိုယ္လုံးလည္း ႐ုတ္တရက္ဆိုသလို လႈပ္မရေတာ့။ ခါးျပတ္ႀကီးသည္ ကြၽန္ေတာ္ရွိရာဆီသို႔ အေနာက္ေက်ာဆီမွ တျဖည္းျဖည္းခ်င္း တ႐ြတ္တိုက္ဆြဲကာလာေနၿပီးေနာက္ ေနာက္ဆုံးတြင္ ေအးစက္စက္ လက္ႀကီးတစ္ဖက္က ကြၽန္ေတာ့္ေျခေထာက္ကို "ဘတ္" ခနဲ လွမ္းကိုင္လိုက္ပါေတာ့သည္။
ကြၽန္ေတာ့္တစ္ကိုယ္လုံးလႈပ္မရေသာ္လည္း ေအးစက္စက္လက္ႀကီးက ကြၽန္ေတာ့္ကို ထိေတြ႕ေနသမွ် အရာရာကိုခံစားေနမိသည္။ ကြၽန္ေတာ့္တစ္ကိုယ္လုံးလည္း ေျခာက္ျခားစိတ္ မသတီစိတ္ႀကီးျဖစ္ကာ ၾကက္သီးမ်ားပင္ ဆိုး႐ြားစြာ ထ ေနလ်က္ရွိသည္။
ေအးစက္စက္လက္ႀကီးက ကြၽန္ေတာ့္ေျခေထာက္မွတစ္ဆင့္ တျဖည္းျဖည္း ေျခသလုံးေပၚထိတက္လာကာ ကြၽန္ေတာ့္တစ္ကိုယ္လုံး ၾကက္သီးေမြးညႇင္းမ်ားထလာၿပီး ကြၽန္ေတာ့္ေနာက္ေက်ာတစ္ခုလုံးေအးစက္သြားသည္။
ကြၽန္ေတာ့္အေနႏွင့္ လႈပ္မရေတာ့ေသာ္လည္း ထို ခါးတစ္ပိုင္းျပတ္ သရဲႀကီး၏ အသံကိုလည္း ေျခာက္ျခားဖြယ္ရာၾကားေနရသည္။
"ေဖာက္ျပန္တဲ့ေကာင္ရဲ႕ အဆုံးသတ္က ဘာျဖစ္သြားလဲသိခ်င္လား ... မင္းရဲ႕ ႐ုပ္ခႏၶာတစ္ခုလုံးကို ငါဝါးၿမိဳေတာ့မွာ..."
ေအးစက္စက္ႏွင့္ တစ္စုံတစ္ခုက ၀င္ပူးေနေသာ ခံစားခ်က္ႀကီးသည္ တျဖည္းျဖည္းႏွင့္ ရင္ဘတ္အထိပင္ဆို႔၍ တက္လာသည္။ ႏွလုံးသားတစ္ခုလုံးမွာ ေအးစက္စက္လိုႀကီးခံစားလာရၿပီး ဘာရယ္ေၾကာင့္မွန္းမသိပဲ မ်က္ရည္ေတြ က်လာသည္။
မ်က္စိမ်ားျပာေဝလာေသာ္လည္း အျမင္အာ႐ုံထဲတြင္ေတာ့ ခန႔္ထည္သည္ မိုး႐ြာေနေသာ ေတာင္ကုန္းေလးတစ္ခုတြင္ ငိုယိုေနတာ
"ညီရယ္ ျပန္လာခဲ့ပါ"
ဆိုသည့္ ပုံရိပ္မ်ားကို ျမင္ေယာင္လာေနရင္း ႐ုတ္တရက္ဆိုသလို ရင္ထဲကဆို႔တက္လာသည္။ ခန႔္ထည္ကို ၾကည့္ရသည္မွာ သူအရမ္း၀မ္းနည္းၿပီး အားရပါးရပင္ငိုေနပုံေပါက္သည္။
ကြၽန္ေတာ့္ ဝိညာဥ္သည္ ထိုေတာင္ကုန္းေလးေအာက္နားမွာ ေရာက္ေနျခင္းျဖစ္ၿပီး ေတာင္ကုန္းေပၚကို ေမ့ၾကည့္လိုက္ေတာ့ ခန႔္ထည္က မိုးမ်ားသည္းေနသည့္ၾကားထဲမွာပင္ အႀကီးအက်ယ္ပင္ ငိုယိုလို႔ေနသည္။
ကြၽန္ေတာ္ ထိုေတာင္ကုန္းရွိရာကို ေျခလွမ္းလွမ္းလို႔သြားရင္း
"ကိုကို .. ကိုကို ဘာလို႔ငိုေနတာလဲဟင္ .. "
ဟု ေျပာလိုက္သည္။
ကိုခန႔္ထည္သည္ ကြၽန္ေတာ္ရွိေနသည္ကိုပင္ သတိမထားမိပဲ ထိုေတာင္ကုန္းေပၚတြင္ ငိုလို႔သာေနသည္။
"ကိုကို .. ညီ့ကို မျမင္ရဘူးလားဟင္ .. ညီ ေသသြားတာလား .. သရဲလႊတ္ၿပီး ညီ့ကို တမင္သတ္လိုက္တာလားဟင္ ..."
ကြၽန္ေတာ္သည္ ကိုခန႔္ထည္ရွိရာသို႔ တစ္လွမ္းခ်င္း လွမ္း၍ သြားရင္း ကိုခန႔္ထည္အသားကို ထိရန္ျပင္လိုက္စဥ္တြင္ အရာအားလုံး မ်က္စိစူးမတတ္လင္းလက္သြားၿပီး မ်က္စိစူးလြန္း၍ပင္ဘာမွမျမင္ရေတာ့သျဖင့္ မ်က္စိမွိတ္ထားလိုက္သည္။ ခဏေနေတာ့ အျဖဴေရာင္ အလင္းတန္းေပ်ာက္ကြယ္သြားၿပီး ကြၽန္ေတာ့္မ်က္လုံးကို ျပန္ဖြင့္ၾကည့္လိုက္မိေတာ့ ကြၽန္ေတာ္ ဘုန္းပိုင္ရဲ႕ အခန္းထဲမွာ ျပန္ေရာက္ေနသည္။ ခါးတစ္ပိုင္းျပတ္သရဲကလည္းမရွိေတာ့။ တံခါး၀တြင္ ပရိတ္ေရ ဖလားကို ကိုင္ထားေသာ ဘုန္းပိုင္ကို ေတြ႕လိုက္ရသည္။
"ညီေလး ဘုရားစင္ေပၚမွာ ပရိတ္ေရဖလားေတြ႕လို႔ ခ်က္ခ်င္းယူလာခဲ့လိုက္တာ .. အခ်ိန္မီေလးမို႔ေတာ္ေသးတာေပါ့ .. အစ္ကို ဘာေတြျဖစ္မွန္းမသိဘူး မ်က္ရည္ေတြအရမ္းက်ေနတယ္ .."
ဘုန္းပိုင္ေျပာစကားေၾကာင့္ ကြၽန္ေတာ့္မ်က္လုံးနား တစ္ဝိုက္ကို ျပန္စမ္းမိေတာ့ တကယ္ပင္မ်က္ရည္မ်ားက စို႐ႊဲလို႔ေနသည္။ ခုန ကိုခန႔္ထည္ ငိုေနသည့္ ပုံရိပ္ႀကီးကို ျမင္ၿပီးေတာ့လည္း ဘာကို စိတ္မေကာင္းျဖစ္မွန္းမသိ ျဖစ္ေနမိကာ ငိုခ်င္စိတ္ကို ထိန္းမခ်ႏိုင္ေတာ့ပဲ မ်က္ရည္တို႔က ထပ္က်လာျပန္သည္။
"အစ္ကို ... ဘာလို႔ငိုေနတာလဲ.."
"ဟင္ ... ဘာရယ္မဟုတ္ပါဘူး .. မ်က္စိစပ္လို႔ပါ .. "
"အဲဒါဆို ပင္ပန္းေနရင္ အိပ္လိုက္ေနာ္ ... ညီေလး တစ္ညလုံး အစ္ကို႔ကို ေစာင့္ေပးမယ္ေနာ္ .. မေၾကာက္နဲ႔ေတာ့ ..."
ကြၽန္ေတာ္ အမွန္အတိုင္းေျပာလိုက္ရင္ ဘုန္းပိုင္စိတ္မေကာင္းျဖစ္မည္စိုး၍ ညာေျပာလိုက္ရေသာ္လည္း ကြၽန္ေတာ့္မ်က္လုံးထဲမွာ ေတာင္ကုန္းေပၚက ကိုခန႔္ထည္ရဲ႕ ပုံရိပ္ကို အခုထိပင္ ျမင္ေယာင္ေနဆဲပင္ျဖစ္ပါေတာ့သည္။
Advertisement
ကြၽန္ေတာ္ ခန႔္ထည္ကို အရမ္းခ်စ္ခဲ့သလို အရမ္းလည္းမုန္းမိလာေနၿပီျဖစ္သည္။ ခုနက်ေသာ မ်က္ရည္သည္ တစ္စုံတစ္ခုကို သနားလို႔ က်ေသာမ်က္ရည္ ျဖစ္မည္ဟုသာ ယုံၾကည္ေနမိပါေတာ့သည္။
××××××
ခါးတစ္ပိုင္းျပတ္သရဲသည္ ပရိတ္ေရဒဏ္ေၾကာင့္ အရမ္းပူေလာင္လွသျဖင့္ ခန႔္ထည္၏ ေျမေအာက္ခန္းထဲသို႔ ကမူးရႉးထိုးပင္ ထြက္ေျပးသြားခဲ့သည္။
ခန႔္ထည္က ေျမေအာက္ခန္းထဲတြင္ ေသတၱာေလးတစ္လုံးကို ဖြင့္ၾကည့္ေနမိသည္။ ထိုေသတၱာေလးထဲတြင္ အ႐ိုးႏွင့္ ခပ္ဆင္ဆင္တူေသာ တုတ္ေခ်ာင္းေလးတစ္ေခ်ာင္းရွိေနသည္။
"ဝုန္း .. ဝုန္း .. ဝုန္း"
ဆိုေသာအသံႀကီးႏွင့္အတူ ခါးတစ္ပိုင္းျပတ္ဝိညာဥ္ႀကီးက ၀င္လာေသာအခါ ခန႔္ထည္က ထို ေသတၱာေလးကို အျမန္ပင္ပိတ္လိုက္သည္။
ၿပီးေနာက္ ပရိတ္ေရဒဏ္ရာဗရပြႏွင့္၀င္လာေသာ ခါးျပတ္သရဲကို ၾကည့္ရင္းေျပာလိုက္သည္။
"ဘယ္လိုျဖစ္လာတာလဲ .. မင္းကို ပရိတ္ေရနဲ႔ ဘယ္သူပက္လိုက္တာလဲ..."
"မင္းရဲ႕ ခ်စ္သူ ေသာ္ကရဲ႕ ေနာက္ေကာင္က ငါ့ကို သူ႔ေကာင္ထိလို႔ဆိုၿပီး ဂရိတ္ေရနဲ႔ ပက္လႊတ္လိုက္တယ္ .."
"ဘာ .. ဘယ္လို .. ေတာက္ .. ငါ့ခ်စ္သူကို ငါျပန္ရေအာင္လုပ္တာကို အဲဒီေကာင္က ဘာကိစၥ၀င္ရႈပ္ရျပန္တာတုန္း .."
"ပိုဆိုးတာက ေသာ္က က အဲဒီေကာင္ကို ခ်စ္တယ္ လို႔ေျပာလိုက္ၿပီ .. ၿပီးေတာ့ သူတို႔ လိင္ဆက္ဆံၾကတယ္ ..."
"ဘာ..."
"ဟုတ္တယ္ .. ငါ အဲဒါေၾကာင့္ သူတို႔ကို ၀င္ေႏွာက္ယွက္တာ ငါ့ကို အခုလိုလုပ္လိုက္တယ္ .. "
"ေအး .. တာ၀န္ေက်ပါတယ္ .. မင္းလည္း .. မင္းအတြက္ေနရာရေတာ့မွာ မၾကာခင္ .. "
ခန႔္ထည္က ေျပာရင္းဆိုရင္ ဟိုက္ဒ႐ိုဂ်င္အရည္မ်ားကို ပရိတ္ရည္ ဒဏ္ရာမ်ားရွိရာသို႔ ေလာင္းထည့္လိုက္ရာ ဒဏ္ရာမ်ား တျဖည္းျဖည္း ေပ်ာက္ကြယ္သြားၿပီးေနာက္ ထိုသရဲႀကီးက ထြက္ခြာသြားေတာ့သည္။
ခန႔္ထည္လည္း ေျမေအာက္ခန္းထဲမွအေပၚသို႔ျပန္တက္ကာ သူ႔အေဖရွိရာကို စကားသြားေျပာလိုက္သည္။
"သား ေသာ္က ကိုအမွန္အတိုင္းေျပာလိုက္ရင္ေကာင္းမလား အေဖ"
"ဘယ္လို .. သူက လက္ခံပါ့မလား .."
"သားတို႔အတိတ္ေတြပါေျပာျပလိုက္မယ္ေလ ..."
"သူ ယုံမယ္လို႔ထင္ေနတာလား .. "
"သားႀကိဳးစားၾကည့္မယ္ ... သားသူ႔ကို အရမ္းခ်စ္တယ္ .. သားသူ႔ကို အဆုံးရႈံးမခံႏိုင္ဘူး အေဖ .. အခုဆို သူ႔ကို လိပ္ျပာငယ္ေအာင္လုပ္တာ မေအာင္ျမင္တဲ့အျပင္ သားကိုပါစိတ္နာေနၿပီ ..."
"အင္းေပါ့ေလ .. သားလည္း အရမ္းႀကိဳးစားၿပီး ေစာင့္ခဲ့ရတာကို.. ကဲကဲ ထမင္းသြားစားၾကရေအာင္.."
ခန႔္ထည္ႏွင့္ သူ႔အေဖတို႔မွာ ေျပာရင္းဆိုရင္းႏွင့္ ထမင္းစားခန္းထဲသို႔ အတူ၀င္သြားပါေတာ့သည္။
မနက္မိုးမလင္းခင္ တေရးႏိုးေသာအခါ ကြၽန္ေတာ့္ဖုန္းထဲတြင္ notification အသံၾကား၍ ဖုန္းကို ဖြင့္ၾကည့္ရာ ကိုခန႔္ထည္ထံမွ SMS တစ္ခု ၀င္လို႔လာသည္။ ထို SMS တြင္ -
"ညီ ေသာ္ကေရ .. ကိုကိုနဲ႔ ညီ ျပန္ေတြ႕ရေအာင္ .. အျပင္မွာ စကားေအးေဆးေျပာၾကမယ္ .. အစ္ကိုတို႔ အနာဂတ္အေၾကာင္းေတြ အတူစဥ္းစားၾကမယ္ .. အစ္ကိုတို႔ ျပန္တြဲဖို႔ ညႇိၾကမယ္ေလေနာ္ ဘာပဲလုပ္ရလုပ္ရပါ .. မနက္ျဖန္ ေန႔လည္ခင္း Junction Square က Secret Garden မွာေတြ႕ၾကမယ္ .. ကိုကို ညီ့ကိုအရမ္းခ်စ္တယ္"
ဟု ေရးထားေလသည္။
ကြၽန္ေတာ္ မေန႔ညက ျမင္ကြင္းေတြေၾကာင့္ ခန႔္ထည္ကို သနားမိေနေသာ္လည္း ဘုန္းပိုင္ကို သရဲႏွင့္ပင္တိုက္သည့္အတြက္ အရမ္းကို ႐ြံမုန္းမိေနသည္။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆုံးတစ္ႀကိမ္အေနနဲ႔ျဖစ္ေစ ကြၽန္ေတာ္သူ႔ကို သြားေတြ႕ရန္သာ ဆုံးျဖတ္လိုက္ပါေတာ့သည္။
အပိုင္း(၁၆) ဆက္ရန္။
Own Feeling @ 2022 by
Auro Karshine
Advertisement
- In Serial9 Chapters
The Mercurial Lives of Kajulan and Tekole
Kajulan is a young outlaw in the city of Romba, whose way of life has become threatened by the ever-shifting realities of the criminal underworld. Armed with nothing but a knife, some wit, and a poor attitude, she must learn to adapt to the new reality of her situation, lest she gets left behind by a changing world. Thankfully, Kajulan isn’t the only one in Romba at a crossroads. Factory hand Tekole has begun to become disillusioned with his lot in life, and with just a little pushing, Kajulan might find that she has a new partner in crime.
8 163 - In Serial31 Chapters
One Shots Compilation
A compilation of different one shots. Suggestions are taken. Comment them of inbox me.
8 193 - In Serial37 Chapters
Rejected and pregnant (#1)
missing father, a whore of a mother and a brother who is emotionally abusive and angry when around her. That's tough enough right? But what happens when her soul mate rejects her after a special night together? Redwood pack book 1Book re-started:16/07/18-11/03/2020Hit 100k votes: 27.07.2020Hit 200k votes 18.09.2021Book complete
8 143 - In Serial55 Chapters
Earning her Love
"Mate" he growled, almost in-human like. I quietly turned around and met the most amazing pair of green eyes. Amber Woods is a typical 17 year old teenager, except she never speaks she is extremely shy she also has anxiety that sky rockets every time her name is mentioned.But once she is kidnapped by one of the hottest boys she's ever seen will she change?When she starts to speak she has a sassy attitude that can't be tamed. Will her kidnapper be able to show her their meant to be? Drew Rivers is an average 21 year old boy, except he's a werewolf, he will be the next Alpha after he finds his mate. As soon as he figures out gorgeous Amber Woods is his mate how can he get a human who is terrified of werewolves since she was little to accept him? Highest Rank: #26 in Werewolf ~~~~~~~~~~~~~~~~~~ Warning: This book actually sucks and I wrote it when I was fourteen so there are MAJOR grammar issues and all! Its extremely cringe worthy so.... read at your own risk ~~~~~~~~~~~~~~~~~~
8 201 - In Serial40 Chapters
Rescuing the World's Fate 【BL】【Haitus】
『Rescuing the World's Fate』【Haitus】Because of a rare disease. He stayed inside the basement which also became his room for 18 years. And died unexpectedly because of an earthquake that squashed him to death and led him to a place of just darkness.he saw a bright light opening up and it shocked him when he saw many mythical creatures surrounding him. Many years passed by. He finally get to start his own adventure that he didn't get to do in his past life. Saying his farewell to the creatures who raised him. He starts to walk away from the forest and heads to the near kingdom.Only to find out that he got reincarnated into the cringe novel that he really hated so much. He thought that fate seems to be playing with him so he took the challenge and decided that he'll change the fate of this world.-----------------------"My love... i finished getting rid of those damn organization's base on the mountain... Can i have my reward now?"'I don't remember him being one of the casts so how is he--... nevermind..' he sighed as he let the man drag him into an empty room.『CREDITS TO THE OWNER OF THE ART: @Chien_xx 』
8 153 - In Serial43 Chapters
The Marrying of ZIM
Can you learn to love someone that is the complete opposite of what you consider your type? Zim's life gets flipped upside down when her parents decided on an arranged marriage.
8 270

