《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၁) : ပရလောက
Advertisement
(Unicode)
အပိုင်း(၁၁) : ပရလောက
"မင်းဘာလို့ သော်က ဆီ ဖုန်းဆက်နေတာလဲ"
သော်ကဆီဖုန်းပြောနေစဉ် ယွန်း၀တီထံမှဖုန်းကို ခန့်ထည်က ဖြတ်ယူကာ ဖုန်းချရင်းပြောလိုက်ခြင်းပင်ဖြစ်သည်။
"ကျွန်မရှင့်ကို ကူညီနေတာလေ ... ကျွန်မ ရှင့်ရဲ့ ဟန်ဆောင်ဇနီးမယားလုပ်ပေးနေရတဲ့ ကိစ္စ မအောင်မြင်ဘူးမလား.. အနည်းဆုံးတော့ ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရင် သော်က ရှင့်ဆီ ပြန်လာနိုင်တယ်လေ"
"ဒီတော့ ငါတို့က လူတစ်ပိုင်းဖုတ်တစ်ပိုင်း မသေမျိုးပါဆိုတာကို မင်းက သူ့ကို သွားပြောမယ်ပေါ့ .. သူကကော တပ်အပ်ယုံမယ်လို့ မင်းထင်နေတာလား"
"ယုံချင်လည်းယုံမှာပေါ့ .. ရှင် ဟိုလူကြီးကို ကားနဲ့ ခါးကိုတက်ကြိတ်သတ်ပစ်ပြီး သူ့ဝိညာဉ်ကို သော်ကဆီ ၀င်ပူးခိုင်းနေတာလေ .. အခုလောက်ဆို သူထူးဆန်းတာတွေ ဖြစ်နေဖို့က သေချာသလောက်ရှိနေပြီ .. မင်္ဂလာပွဲတုန်းကတောင် ကျွန်မ မျက်စိထဲကနေ သွေးတွေစီးကျလာအောင် သူလုပ်ခဲ့သေးတာပဲ"
"ငါသူ့ကို မသေမျိုးအဖြစ်ပြောင်းလို့မရနိုင်လောက်ဘူးဆိုတော့ ငါ့ကို မသေမျိုးဆိုတာလည်း သူမသိစေချင်ဘူး"
"သဘောလေ ကျွန်မက ရှင့်ဘက်က စဉ်းစားပေးပြီး ကူညီတာ .. ရှင်မပြောနဲ့ဆိုလည်း ကျွန်မ မပြောတော့ဘူး"
ခန့်ထည်က သူယူထားသော ယွန်း၀တီ၏ ဖုန်းကို ပြန်ပေးလိုက်သည်။ ယွန်း၀တီက တစ်ချက်ပြုံးကာ ဖုန်းကို ဆတ်ခနဲ ပြန်ယူလိုက်ပြီးနောက် ပြောသည်။
"အိုကေ ကျွန်မတာ၀န်ပြီးပြီ .. ကျွန်မကို မသေမျိူးပြောင်းပေးခဲ့တာအတွက် ရှင်နဲ့ကျွန်မနဲ့ အကြားမှာ ဘာအကြွေးမှ မရှိတော့ဘူးနော်"
ခန့်ထည်က ဘာမှမပြောတော့ပဲ ယွန်း၀တီကို "သွား" ဟူသော သဘောဖြင့် လက်ကိုသာ ခါထုတ်လိုက်တော့ရာ ယွန်း၀တီလည်း အဝေးသို့ ထွက်သွားပါတော့သည်။
ခန့်ထည်က အိမ်ထဲကို ပြန်၀င်လာခဲ့ပြီး သူလူသတ်နေကျ မြေအောက်ခန်းထဲကို ဆင်းလာခဲ့သည်။
မြေအောက်ခန်းထဲတွင်တော့ သွေးညှီနံ့များ အပုပ်နံ့များက ထောင်းထနေကာ ယင်ကောင်များ တလောင်းလောင်းနှင့်ရှိနေသော်လည်း ခန့်ထည်က ကျင့်သားရနေပြီမို့ ပုံမှန်အတိုင်းပင်လျှောက်လာလိုက်သည်။
ခန့်ထည်အောက်ရောက်သောအခါ မြေအောက်ခန်းထဲတွင် တစုံတစ်ခုက ရိပ်ခနဲဖြတ်သွားသည်ကို ရုတ်တရက်တွေ့လိုက်ရပြီး လေမတိုက်ပါပဲလျက် လူသေအုပ်သော ပိတ်စအဖြူကြီးက လေထဲမှာ မြောက်တက်လာကာ ခန့်ထည်အနီးမှဖြတ်သွားသည်။
"ဘယ်သူလဲ ... ဘာလိုချင်လို့လဲ"
ခန့်ထည်က လှမ်းအော်လိုက်သော်လည်း ဘာသံမှ ပြန်ထူးသံကို မကြားရဘဲ မီးများက ဖွင့်လိုက်ပိတ်လိုက်နှင့်ဖြစ်ကာ မြေအောက်ခန်းမျက်နှာကျက်တွင် ချိတ်ဆွဲထားသောအရာများအားလုံးက ယိမ်းထိုးလို့လာကာ ညည်းသံကြီးတစ်ခုက ထွက်ပေါ်လာသည်။
"အီး ဟည်းဟည်း..."
ခန့်ထည်က ညည်းသံကြီးကြောင့် ပတ်၀န်းကျင်ကို ကြည့်လိုက်ကာ ထပ်အော်သည်။
"ဘာလို့ချင်လို့လဲလို့မေးနေတယ်လေ .. အမျှဝေပေးရမယ်ဆိုရင်တော့ မရဘူးနော် .. ငွေမှုန်ဆားရည်နဲ့ မပက်ခင်မှာ တစ်ခါတည်း ဒီကထွက်သွားလိုက်"
ခန့်ထည်က အော်လိုက်သော်လည်း မြေအောက်ခန်းတံခါးကြီးက "ဒိန်း" ခနဲမြည်အောင်ပိတ်သွားသည်။
ခန့်ထည်ဒီတစ်ခေါက်တော့ နည်းနည်းတုန်လှုပ်သွားပြီး စားပွဲပေါ်ကနေ "ပရိတ်ရေအကာလက်အိတ်" ကို စွပ်လိုက်ကာ ငွေမှုန်ဆားရည် ပုလင်းကို ကိုင်လိုက်သည်။
ခန့်ထည်သည်လည်း လူတစ်ပိုင်းဖုတ်တစ်ပိုင်းဖြစ်သည့်အတွက် "ငွေမှူန်ဆားရည်" ကို သာမာန်လက်ဖြင့်ကိုင်မရ၊ ကိုင်မိပါက လောင်ကျွမ်းသွားနိုင်သဖြင့် လက်အိတ်ဖြင့်သာ တဆင့်ကိုင်ရသည်။
ခန့်ထည်က ငွေမှုန်ဆားရည်ပုလင်းဖြင့် အခန်းပတ်ပတ်လည်ကို ကြဲပက်ရန်ပြင်လိုက်သော်လည်း အသံနက်ကြီးတစ်ခုက ထွက်လာပြန်သည်။
"ငါ့ကို သတ်ခဲ့တာ .. ငါ့ကို ခန္ဓာရှာပေး..ငါ့ ခါးကို ကားနဲ့တက်ကြိတ်ပြီး မင်းသတ်ခဲ့တာ"
"ကျုပ်အစီစဉ်မအောင်မြင်လိုက်ဘူးလို့ ခင်ဗျားကို ပြောပြီးပြီလေ .. ခင်ဗျားသွားတော့ .. တောရွာဇနပုဒ်တွေက ကြိုက်တဲ့ သစ်ပင်မှာ ခင်ဗျားသွားနေတော့ .."
"ငါ့ကို ကားနဲ့ကြိတ်တဲ့အတွက် မင်းပြန်ခံစားရစေမယ်.."
"ဟာ ... အဆင့်မရှိတဲ့ သရဲကောင်ကများ စောက်ကြီးစောက်ကျယ်တွေပြောပြီး လာခြိမ်းခြောက်နေသေးတယ် .. သေပေတော့"
ခန့်ထည်က ပြောပြောဆိုဆိုနှင့် သူ့ရှေ့တည့်တည့်ကို ငွေမှုန်ဆားရည်ဖြင့် ပက်ဖြန်းလိုက်စဉ် သူ့နောက်ကျောမှနေ၍ အရိပ်မည်းကြီးတစ်ခုက ဖြတ်၀င်သွားပြီး ခန့်ထည်ရဲ့ အမြင်အာရုံတွေ မှောင်မည်းသွားကာ မြေအောက်ခန်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသလို ငွေမှုန်ဆားရည်ပုလင်းမှ အရည်များလည်း အောက်တွင်ပြန့်ကျဲသွားသလို အချို့က ခန့်ထည် ကိုယ်ပေါ်မှာ စိုရွှဲကုန်သည်။
ငွေမှုန်ဆားရည်စိုနေသော ခန့်ထည် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ရုတ်တရက်ဖောင်းပွလာကာ အပုပ်ရည်လိုမျိုး အသားရည်တို့က စိမ့်ထွက်လာကာ မီးလောင်ဖုများထွက်လာသည်။
"အား ... ပူတယ် ... ပူတယ် .. အဖေ့.."
ခန့်ထည် အရမ်းပူကာ သတိ၀င်လာပြီးနောက် နာကျင်လွန်းလှသဖြင့်အော်လိုက်သည်။
"မင်းကျတော့ပူတတ်တယ်ပေါ့"
အသံကြားသဖြင့် ခန့်ထည်မျက်လုံးဖွင့်ကြည့်တော့ သူနှင့်မျက်နှာချင်းဆိုင်မှာ ခါးတစ်ပိုင်းပြတ်နေသော လူကြီးက ခန္ဓာကိုယ်ကို လက်နှင့်ထောက်ကာ တရွတ်ဆွဲရင်းပြောနေလေသည်။
"ကြိုက်သလောက်အော်စမ်း အသံလုံနေတဲ့ဒီအခန်းကို ငါခုနကတည်းက တံခါးပိတ်ထားတာ မင်းအော်တာ ဘယ်သူမှမကြားဘူး ... အပူဒဏ်ကို သေမတတ်ခံစားစမ်း"
"ခင်ဗျား .. ခင်ဗျား ဘာလိုချင်လို့လဲ"
"ငါလိုချင်တာ ခန္ဓာကိုယ်လိုချင်တာ .. မင်းငါ့ကို သတ်ပြီး ငါ့ဝိညာဉ်ကို ဆင့်ခေါ်တုန်းက မင်း ဘာကတိပေးခဲ့လဲ .. ပရလောကရဲ့ ကတိဆိုတာ ဖောက်မိရင် ဘာဖြစ်တတ်လဲမင်းသိတယ်နော် .. မင်း ဒုက္ခကောင်းကောင်းရောက်လိမ့်မယ်.."
"သော်ကကို စိတ်ညစ်အောင်လုပ်ပြီး လိပ်ပြာအားနည်းအောင်လုပ်တာ မအောင်မြင်မှန်းခင်ဗျားသိတာပဲ .. သူ့ရဲ့ အစောင့်အရှောက်တွန်းအားကြောင့် ဟိုမိန်းမတောင် မျက်လုံးထဲက သွေးတွေထွက်ကျလာတာလေ"
"သူ့အကာအကွယ်ကြောင့် မဟုတ်တာ မင်းသိပါတယ် .. မင်းသူ့ကို ချစ်နေလို့ သူ့ကို စိတ်ညစ်မခံစေချင်တော့တာ .. သူ့လိပ်ပြာက တကယ်ပဲ အားနည်းနေပြီ .."
"ဘယ်လို"
"မင်းကသာ သူ့ကိုချစ်နေတာပါ"
Advertisement
"ခင်ဗျား ဘာစကားပြောတာလဲ .. သော်က က ကျုပ်ကို အရမ်းချစ်တာ .. ကျုပ်မိန်းမယူတာတောင် သူကျုပ်ကို မပြတ်နိုင်တာ .. ကျုပ်တို့ ပြန်ပေါင်းကြတော့မှာ ... သူမသေမျိုးမဟုတ်လည်း ကျုပ်လက်ခံတယ်.."
"ငါသူ့ကို ၀င်ပူးခဲ့တယ် .. အဲ့အချိန်မှာ သူလိင်ဆက်ဆံနေခဲ့တယ် .. မင်းမဟုတ်တဲ့ အခြားကောင်နဲ့"
"ဘာပြောတယ် .. "
"သူလိင်ဆက်ဆံနေတာ မင်းမဟုတ်တဲ့ အခြားကောင်နဲ့"
ထိုအခိုက်တွင် မြေအောက်ခန်းတံခါးရုတ်တရက်ပွင့်သွားပြီး ခါးတစ်ပိုင်းပြတ်လူကြီးလည်း အခိုးအငွေ့အဖြစ်ပျောက်သွားပါတော့သည်။
ထိုလူကြီး ပျောက်သွားသော်လည်း ခန့်ထည်ရဲ့ ဒေါသတွေက မပျောက်ပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း အောက်ပါအတိုင်း ကြုံးဝါးလိုက်ပါတော့သည်။
"ငါ့ကောင်လေးကို ငါပိုင်တယ် .. ငါ့ကောင်လေးအသားကိုဘယ်သူမှထပ်မထိစေရဘူး .. ငါ့ကောင်လေးကို ငါပဲချစ်ရမယ်"
အပိုင်း(၁၂)ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
(Zawgyi)
အပိုင္း(၁၁) : ပရေလာက
"မင္းဘာလို႔ ေသာ္က ဆီ ဖုန္းဆက္ေနတာလဲ"
ေသာ္ကဆီဖုန္းေျပာေနစဥ္ ယြန္း၀တီထံမွဖုန္းကို ခန႔္ထည္က ျဖတ္ယူကာ ဖုန္းခ်ရင္းေျပာလိုက္ျခင္းပင္ျဖစ္သည္။
"ကြၽန္မရွင့္ကို ကူညီေနတာေလ ... ကြၽန္မ ရွင့္ရဲ႕ ဟန္ေဆာင္ဇနီးမယားလုပ္ေပးေနရတဲ့ ကိစၥ မေအာင္ျမင္ဘူးမလား.. အနည္းဆုံးေတာ့ ျဖစ္ေၾကာင္းကုန္စင္ရွင္းျပလိုက္ရင္ ေသာ္က ရွင့္ဆီ ျပန္လာႏိုင္တယ္ေလ"
"ဒီေတာ့ ငါတို႔က လူတစ္ပိုင္းဖုတ္တစ္ပိုင္း မေသမ်ိဳးပါဆိုတာကို မင္းက သူ႔ကို သြားေျပာမယ္ေပါ့ .. သူကေကာ တပ္အပ္ယုံမယ္လို႔ မင္းထင္ေနတာလား"
"ယုံခ်င္လည္းယုံမွာေပါ့ .. ရွင္ ဟိုလူႀကီးကို ကားနဲ႔ ခါးကိုတက္ႀကိတ္သတ္ပစ္ၿပီး သူ႔ဝိညာဥ္ကို ေသာ္ကဆီ ၀င္ပူးခိုင္းေနတာေလ .. အခုေလာက္ဆို သူထူးဆန္းတာေတြ ျဖစ္ေနဖို႔က ေသခ်ာသေလာက္ရွိေနၿပီ .. မဂၤလာပြဲတုန္းကေတာင္ ကြၽန္မ မ်က္စိထဲကေန ေသြးေတြစီးက်လာေအာင္ သူလုပ္ခဲ့ေသးတာပဲ"
"ငါသူ႔ကို မေသမ်ိဳးအျဖစ္ေျပာင္းလို႔မရႏိုင္ေလာက္ဘူးဆိုေတာ့ ငါ့ကို မေသမ်ိဳးဆိုတာလည္း သူမသိေစခ်င္ဘူး"
"သေဘာေလ ကြၽန္မက ရွင့္ဘက္က စဥ္းစားေပးၿပီး ကူညီတာ .. ရွင္မေျပာနဲ႔ဆိုလည္း ကြၽန္မ မေျပာေတာ့ဘူး"
ခန႔္ထည္က သူယူထားေသာ ယြန္း၀တီ၏ ဖုန္းကို ျပန္ေပးလိုက္သည္။ ယြန္း၀တီက တစ္ခ်က္ၿပဳံးကာ ဖုန္းကို ဆတ္ခနဲ ျပန္ယူလိုက္ၿပီးေနာက္ ေျပာသည္။
"အိုေက ကြၽန္မတာ၀န္ၿပီးၿပီ .. ကြၽန္မကို မေသမ်ိဴးေျပာင္းေပးခဲ့တာအတြက္ ရွင္နဲ႔ကြၽန္မနဲ႔ အၾကားမွာ ဘာအေႂကြးမွ မရွိေတာ့ဘူးေနာ္"
ခန႔္ထည္က ဘာမွမေျပာေတာ့ပဲ ယြန္း၀တီကို "သြား" ဟူေသာ သေဘာျဖင့္ လက္ကိုသာ ခါထုတ္လိုက္ေတာ့ရာ ယြန္း၀တီလည္း အေဝးသို႔ ထြက္သြားပါေတာ့သည္။
ခန႔္ထည္က အိမ္ထဲကို ျပန္၀င္လာခဲ့ၿပီး သူလူသတ္ေနက် ေျမေအာက္ခန္းထဲကို ဆင္းလာခဲ့သည္။
ေျမေအာက္ခန္းထဲတြင္ေတာ့ ေသြးညႇီနံ႔မ်ား အပုပ္နံ႔မ်ားက ေထာင္းထေနကာ ယင္ေကာင္မ်ား တေလာင္းေလာင္းႏွင့္ရွိေနေသာ္လည္း ခန႔္ထည္က က်င့္သားရေနၿပီမို႔ ပုံမွန္အတိုင္းပင္ေလွ်ာက္လာလိုက္သည္။
ခန႔္ထည္ေအာက္ေရာက္ေသာအခါ ေျမေအာက္ခန္းထဲတြင္ တစုံတစ္ခုက ရိပ္ခနဲျဖတ္သြားသည္ကို ႐ုတ္တရက္ေတြ႕လိုက္ရၿပီး ေလမတိုက္ပါပဲလ်က္ လူေသအုပ္ေသာ ပိတ္စအျဖဴႀကီးက ေလထဲမွာ ေျမာက္တက္လာကာ ခန႔္ထည္အနီးမွျဖတ္သြားသည္။
"ဘယ္သူလဲ ... ဘာလိုခ်င္လို႔လဲ"
ခန႔္ထည္က လွမ္းေအာ္လိုက္ေသာ္လည္း ဘာသံမွ ျပန္ထူးသံကို မၾကားရဘဲ မီးမ်ားက ဖြင့္လိုက္ပိတ္လိုက္ႏွင့္ျဖစ္ကာ ေျမေအာက္ခန္းမ်က္ႏွာက်က္တြင္ ခ်ိတ္ဆြဲထားေသာအရာမ်ားအားလုံးက ယိမ္းထိုးလို႔လာကာ ညည္းသံႀကီးတစ္ခုက ထြက္ေပၚလာသည္။
"အီး ဟည္းဟည္း..."
ခန႔္ထည္က ညည္းသံႀကီးေၾကာင့္ ပတ္၀န္းက်င္ကို ၾကည့္လိုက္ကာ ထပ္ေအာ္သည္။
"ဘာလို႔ခ်င္လို႔လဲလို႔ေမးေနတယ္ေလ .. အမွ်ေဝေပးရမယ္ဆိုရင္ေတာ့ မရဘူးေနာ္ .. ေငြမႈန္ဆားရည္နဲ႔ မပက္ခင္မွာ တစ္ခါတည္း ဒီကထြက္သြားလိုက္"
ခန႔္ထည္က ေအာ္လိုက္ေသာ္လည္း ေျမေအာက္ခန္းတံခါးႀကီးက "ဒိန္း" ခနဲျမည္ေအာင္ပိတ္သြားသည္။
ခန႔္ထည္ဒီတစ္ေခါက္ေတာ့ နည္းနည္းတုန္လႈပ္သြားၿပီး စားပြဲေပၚကေန "ပရိတ္ေရအကာလက္အိတ္" ကို စြပ္လိုက္ကာ ေငြမႈန္ဆားရည္ ပုလင္းကို ကိုင္လိုက္သည္။
ခန႔္ထည္သည္လည္း လူတစ္ပိုင္းဖုတ္တစ္ပိုင္းျဖစ္သည့္အတြက္ "ေငြမႉန္ဆားရည္" ကို သာမာန္လက္ျဖင့္ကိုင္မရ၊ ကိုင္မိပါက ေလာင္ကြၽမ္းသြားႏိုင္သျဖင့္ လက္အိတ္ျဖင့္သာ တဆင့္ကိုင္ရသည္။
ခန႔္ထည္က ေငြမႈန္ဆားရည္ပုလင္းျဖင့္ အခန္းပတ္ပတ္လည္ကို ႀကဲပက္ရန္ျပင္လိုက္ေသာ္လည္း အသံနက္ႀကီးတစ္ခုက ထြက္လာျပန္သည္။
"ငါ့ကို သတ္ခဲ့တာ .. ငါ့ကို ခႏၶာရွာေပး..ငါ့ ခါးကို ကားနဲ႔တက္ႀကိတ္ၿပီး မင္းသတ္ခဲ့တာ"
"က်ဳပ္အစီစဥ္မေအာင္ျမင္လိုက္ဘူးလို႔ ခင္ဗ်ားကို ေျပာၿပီးၿပီေလ .. ခင္ဗ်ားသြားေတာ့ .. ေတာ႐ြာဇနပုဒ္ေတြက ႀကိဳက္တဲ့ သစ္ပင္မွာ ခင္ဗ်ားသြားေနေတာ့ .."
"ငါ့ကို ကားနဲ႔ႀကိတ္တဲ့အတြက္ မင္းျပန္ခံစားရေစမယ္.."
"ဟာ ... အဆင့္မရွိတဲ့ သရဲေကာင္ကမ်ား ေစာက္ႀကီးေစာက္က်ယ္ေတြေျပာၿပီး လာၿခိမ္းေျခာက္ေနေသးတယ္ .. ေသေပေတာ့"
ခန႔္ထည္က ေျပာေျပာဆိုဆိုႏွင့္ သူ႔ေရွ႕တည့္တည့္ကို ေငြမႈန္ဆားရည္ျဖင့္ ပက္ျဖန္းလိုက္စဥ္ သူ႔ေနာက္ေက်ာမွေန၍ အရိပ္မည္းႀကီးတစ္ခုက ျဖတ္၀င္သြားၿပီး ခန႔္ထည္ရဲ႕ အျမင္အာ႐ုံေတြ ေမွာင္မည္းသြားကာ ေျမေအာက္ခန္း ၾကမ္းျပင္ေပၚသို႔ လဲက်သြားသလို ေငြမႈန္ဆားရည္ပုလင္းမွ အရည္မ်ားလည္း ေအာက္တြင္ျပန႔္က်ဲသြားသလို အခ်ိဳ႕က ခန႔္ထည္ ကိုယ္ေပၚမွာ စို႐ႊဲကုန္သည္။
ေငြမႈန္ဆားရည္စိုေနေသာ ခန႔္ထည္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားမွာ ႐ုတ္တရက္ေဖာင္းပြလာကာ အပုပ္ရည္လိုမ်ိဳး အသားရည္တို႔က စိမ့္ထြက္လာကာ မီးေလာင္ဖုမ်ားထြက္လာသည္။
"အား ... ပူတယ္ ... ပူတယ္ .. အေဖ့.."
ခန႔္ထည္ အရမ္းပူကာ သတိ၀င္လာၿပီးေနာက္ နာက်င္လြန္းလွသျဖင့္ေအာ္လိုက္သည္။
"မင္းက်ေတာ့ပူတတ္တယ္ေပါ့"
အသံၾကားသျဖင့္ ခန႔္ထည္မ်က္လုံးဖြင့္ၾကည့္ေတာ့ သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာ ခါးတစ္ပိုင္းျပတ္ေနေသာ လူႀကီးက ခႏၶာကိုယ္ကို လက္ႏွင့္ေထာက္ကာ တ႐ြတ္ဆြဲရင္းေျပာေနေလသည္။
"ႀကိဳက္သေလာက္ေအာ္စမ္း အသံလုံေနတဲ့ဒီအခန္းကို ငါခုနကတည္းက တံခါးပိတ္ထားတာ မင္းေအာ္တာ ဘယ္သူမွမၾကားဘူး ... အပူဒဏ္ကို ေသမတတ္ခံစားစမ္း"
"ခင္ဗ်ား .. ခင္ဗ်ား ဘာလိုခ်င္လို႔လဲ"
"ငါလိုခ်င္တာ ခႏၶာကိုယ္လိုခ်င္တာ .. မင္းငါ့ကို သတ္ၿပီး ငါ့ဝိညာဥ္ကို ဆင့္ေခၚတုန္းက မင္း ဘာကတိေပးခဲ့လဲ .. ပရေလာကရဲ႕ ကတိဆိုတာ ေဖာက္မိရင္ ဘာျဖစ္တတ္လဲမင္းသိတယ္ေနာ္ .. မင္း ဒုကၡေကာင္းေကာင္းေရာက္လိမ့္မယ္.."
"ေသာ္ကကို စိတ္ညစ္ေအာင္လုပ္ၿပီး လိပ္ျပာအားနည္းေအာင္လုပ္တာ မေအာင္ျမင္မွန္းခင္ဗ်ားသိတာပဲ .. သူ႔ရဲ႕ အေစာင့္အေရွာက္တြန္းအားေၾကာင့္ ဟိုမိန္းမေတာင္ မ်က္လုံးထဲက ေသြးေတြထြက္က်လာတာေလ"
"သူ႔အကာအကြယ္ေၾကာင့္ မဟုတ္တာ မင္းသိပါတယ္ .. မင္းသူ႔ကို ခ်စ္ေနလို႔ သူ႔ကို စိတ္ညစ္မခံေစခ်င္ေတာ့တာ .. သူ႔လိပ္ျပာက တကယ္ပဲ အားနည္းေနၿပီ .."
"ဘယ္လို"
"မင္းကသာ သူ႔ကိုခ်စ္ေနတာပါ"
"ခင္ဗ်ား ဘာစကားေျပာတာလဲ .. ေသာ္က က က်ဳပ္ကို အရမ္းခ်စ္တာ .. က်ဳပ္မိန္းမယူတာေတာင္ သူက်ဳပ္ကို မျပတ္ႏိုင္တာ .. က်ဳပ္တို႔ ျပန္ေပါင္းၾကေတာ့မွာ ... သူမေသမ်ိဳးမဟုတ္လည္း က်ဳပ္လက္ခံတယ္.."
"ငါသူ႔ကို ၀င္ပူးခဲ့တယ္ .. အဲ့အခ်ိန္မွာ သူလိင္ဆက္ဆံေနခဲ့တယ္ .. မင္းမဟုတ္တဲ့ အျခားေကာင္နဲ႔"
"ဘာေျပာတယ္ .. "
"သူလိင္ဆက္ဆံေနတာ မင္းမဟုတ္တဲ့ အျခားေကာင္နဲ႔"
ထိုအခိုက္တြင္ ေျမေအာက္ခန္းတံခါး႐ုတ္တရက္ပြင့္သြားၿပီး ခါးတစ္ပိုင္းျပတ္လူႀကီးလည္း အခိုးအေငြ႕အျဖစ္ေပ်ာက္သြားပါေတာ့သည္။
ထိုလူႀကီး ေပ်ာက္သြားေသာ္လည္း ခန႔္ထည္ရဲ႕ ေဒါသေတြက မေပ်ာက္ပဲ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ရင္း ေအာက္ပါအတိုင္း ႀကဳံးဝါးလိုက္ပါေတာ့သည္။
"ငါ့ေကာင္ေလးကို ငါပိုင္တယ္ .. ငါ့ေကာင္ေလးအသားကိုဘယ္သူမွထပ္မထိေစရဘူး .. ငါ့ေကာင္ေလးကို ငါပဲခ်စ္ရမယ္"
အပိုင္း(၁၂)ဆက္ရန္
Own Feeling @ 2021 by
Auro Karshine
Advertisement
- In Serial1453 Chapters
Her Eternal Mr.Right
The famous Bai family's fourth youngest in North City was slept with by a dumb little white rabbit? The fourth young man forcibly married the person home in a fit of rage, "Little thing, how dare you run away after messing with me?" "You are the big bad guy, I don't want to marry!" "Master wants to marry, you dare to say no?" Four young peach blossom eyes narrowed, wolf light, directly pounced on the little white rabbit, eat dry.
8 555 - In Serial45 Chapters
The Three CEOs
Silas, Sawyer, and Sage Sanders: Three of the youngest billionaires in the world. And three of the most sought-out bachelors available. Owning a multi-billionaire company, Sanders Corporation, the three brothers have risen from their parents' ashes and have taken the world by storm. Their only problem? They are arrogant, entitled, and cold. So what happens when Caden Wilson, a sweet, innocent, but damaged young soul comes crashing into their lives? +++Her face turns towards the bar, and I get somewhat of a clear image of what she looks like and my body freezes. Vanessa detaches her lips from my neck and says something but my mind doesn't register her words. All I can think about is HER. Dancing there with some motherfucker who isn't me. Without a second glance, I stalk toward the dance floor where she is, leaving Vanessa stranded and confused. But I don't give a fuck. Not when I know that someone else's hands are on HER.+++Rankings:#5 in ragstoriches #4 in newauthor #11 in innocent#14 abuse#1 in fiction
8 274 - In Serial52 Chapters
The Wallflower's Revenge
Russian heiress Tatiana Rostova thought that her 'happily ever after' would be with her beloved fiance. However, the people she cared about most betrayed her and left her dying. Saved by a handsome Italian duke, a plan of revenge blooms.*******Tatiana Rostova took upon herself to seek revenge on the two people she loved the most after their betrayal left her half-dead, even if it meant she had to sell herself to the devil-especially since the devil is in the form of the handsome six-foot-two, silver-eyed Italian duke named Lucca Cavelli. This wallflower vowed to take everything that is rightfully hers. But in the process of her revenge, will she be willing to risk her heart again?Cover designed by Ren Tachibana
8 317 - In Serial6 Chapters
Once A Tale
Once upon a time a snow king fell for an apathetic servant, then a prince-turned-bear found true love in a fellow prince who almost shot him in the face. Only almost. Don't worry, he didn't actually get him and they found their happily ever after (oops, spoilers). Every fairy tale has their happy end but it looks as though these ones had to take detours and backtrack on the way to theirs... oh well! As long as it ends well, who cares if it's a little bit odd.
8 89 - In Serial11 Chapters
Life In Pink: Jason Voorhees x Reader
As a teenager, you finally decide to pack up your things and go. After getting a live in babysitting job, you find yourself in the quaint town of Crystal Lake. Your boss, Pamela Voorhees, introduces you to her son that you'll be taking care of. Jason Voorhees is an eleven year old deformed boy that you instantly click with. While taking care of him throughout the summer while his mother is working, she is offered a job at the town's camp. Thinking it would be a great opportunity for Jason, she brings him along to socialise. You and Jason miss each other terribly but unfortunately, that isn't the worst part. When Jason drowns in the lake, you're heartbroken and flee the town in hopes to forget. It's only decades later when you hear that Pamela has been killed by a teen after the woman had been on a killing spree herself. Do you return to Crystal Lake to reminisce? Has Jason truely been dead all this time? Find out now!Jason Voorhees is from Friday the 13th.
8 92 - In Serial45 Chapters
Tunes Of Betrayal: Temptations Playlist
Spencer and Lexy have been best friends since birth. When Spencer comes home on Summer vacation from Tisch School of the Arts, Lexy introduces her to her girlfriend of seven month Ashley Davies, who Spencer falls head over heels in love with.
8 104

