《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၀) : နွေးထွေးအေးစက်မှု
Advertisement
(Unicode)
အပိုင်း(၁၀) : နွေးထွေးအေးစက်မှု
ကျွန်တော်က ဘုန်းပိုင်ရဲ့ နှုတ်ခမ်းအစုံကို နမ်းဖို့ကြိုးစားလိုက်သည်။ ကျွန်တော့်ရဲ့ နှုတ်ခမ်းလေးက ဘုန်းပိုင်ရဲ့ အောက်နှုတ်ခမ်းလေးကို မထိတထိလေးနမ်းလိုက်သည်။ နှုတ်ခမ်းချင်းထိနေရင်း ကျွန်တော့်လျှာဖျားလေးက ဘုန်းပိုင်ရဲ့ နှုတ်ခမ်းလေးကို တစ်ချက်သပ်ပေးလိုက်သည်။ သူများနှုတ်ခမ်းကို လျှာနဲ့သပ်ရတဲ့အရသာကို လျှာမှာမခံစားရပေမယ့် နှလုံးသားကတော့ ချိုမြိန်တဲ့အရသာလေးပါလား ဆိုတဲ့ အသိကို ခံစားလိုက်ရပြီး ကျွန်တော့်စိတ်အစုံတို့ကို နှိုးဆွလိုက်ပြန်သည်။ ကျွန်တော့်လက်တွေက ဘုန်းပိုင်ရဲ့ ဆံပင်တွေကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဘုန်းပိုင်အပေါ်မှာ အနမ်းကြမ်းတွေ ဆက်တိုက်ပေးနေမိသည်။ ကျွန်တော် ဘုန်းပိုင်ကို နမ်းနေဆဲတစ်ချက်တစ်ချက်မှာ ကိုကို့ပုံရိပ်တွေက မျက်လုံးထဲမှာခဏခဏပေါ်လာသည်။ ကျွန်တော် ကိုကို့ကို မေ့မရသေး။ ဒါပေမယ့် ကိုကိုက အခုအချိန်မှာ အခြားမိန်းမနဲ့ လက်ထပ်လိုက်ပြီဆိုတာကိုတော့ ကျွန်တော်လက်ခံရမည်ဖြစ်သည်။
ကျွန်တော်နှင့် ဘုန်းပိုင်နှစ်ယောက်လုံး တဖြည်းဖြည်းနှင့် အရှိန်တို့ကတက်လာပြီးနောက် အသက်ရှူသံခပ်ပြင်းပြင်းများထွက်လာကြသည်။ အပြန်အလှန်နမ်းနေကြရင်းမှ ဘုန်းပိုင်က ကျွန်တော့်ရဲ့ ခါးမှာ ပတ်ထားသော တဘက်ကိုလျောချလိုက်ရာ တဘက်မှာ ပြေကျသွားသည်။
ကျွန်တော်နှင့်နမ်းနေရင်းမှ ဘုန်းပိုင်၏ မျက်နှာ အစုံတို့က တဖြည်းဖြည်း အောက်သို့လျောသွားသည်။
ကျွန်တော့်တစ်ကိုယ်လုံးတွန့်တက်သွားကာ ဘုန်းပိုင်၏ ခေါင်းကို မလွတ်တမ်းကိုင်ထားမိပြီး မျက်စိကိုသာ မှိတ်ထားမိတော့သည်။
"အ.. အ.. အား"
ကျွန်တော့်ခံစားချက်တွေအထွဋ်အထိပ်ကို ရောက်လွန်းနေသဖြင့် တစ်ကိုယ်လုံး ထွန့်ထွန့်လူးနေမိသည်။ ရုတ်တရက်ဆိုသလို ထူးဆန်းစွာပင် မှိတ်ထားသည့် မျက်လုံးထဲမှာ မပီဝိုးတဝါးပုံရိပ်တို့က ထစ်နေတဲ့ ဖလင်တစ်ခုလို ဖျတ်ခနဲ ဖျတ်ခနဲ ရုတ်တရက်ပေါ်လာနေသည်။ နားထဲမှာလည်း လူနာတင်ကားသံတွေကြားရလိုက်၊ ကိုကို့မင်္ဂလာပွဲကအသံတွေကြားရလိုက်နှင့်ဖြစ်လာသည်။ အထွဋ်အထိပ်ရောက်ရင်း မျက်လုံးကို ပိတ်ထားရင်းနှင့် ရုတ်တရက်ဆိုသလို ကျွန်တော့် စိတ်တစ်ခုလုံးက အခြားနေရာတစ်ခုဆီသို့ တဖြည်းဖြည်း ရောက်နေသလိုဖြစ်လာပြီး ဘုန်းပိုင်ကျွန်တော့်ကို ပြုစုနေသည့် အထိအတွေ့များကိုလည်း သတိရတစ်ချက်မရတစ်ချက်ဖြစ်လာသည်။ တစ်ဖက်စိတ်ကလည်း အပြုစုအယုယ အရမ်းကောင်းနေတော့ ပါးစပ်အစုံမှ
"အ .. အား .. အား"
ဟူသော ခံစားချက်အထွဋ်ထိပ်ရောက်နေသည့် အာမေဋိတ်များသာထွက်လာပြီး ဘာစကားမှပြောမထွက်။
မှိတ်ထားသော မျက်ခွံအနောက်တွင်ပေါ်နေသော ပုံရိပ်များသည် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာပြီးနောက် လူရှင်းသော လမ်းတစ်ခုကို အမြင်အာရုံထဲမှာ ဝိုးတဝါးမြင်လာရသည်။ ကျွန်တော် ဘုန်းပိုင်ရဲ့အပြုအစုအယုယခံစားချက်တွေကို အခုတော့ လုံး၀မရတော့ပဲ လူရှင်းသောလမ်းကို အာရုံထဲမှာမြင်နေသည်။ မြင်ကွင်းက ကျွန်တော်မြင်နေကျ ပုံရိပ်တွေအတိုင်းပင် လမ်းကူးနေသောလူကြီးကို ကားကြီးတစ်စီးက ခါးမှဖြတ်ကြိတ်ကာ အူကလီစာများပြန့်ကျဲထွက်လာသည်။ ထိုသူသည် အောက်ပိုင်းတွင် အူများပြန့်ကျဲနေပြီး ပြားချပ်နေသောခါးကြီးကြောင့် မတ်တပ်မရပ်နိုင်ပဲ လက်ကိုသာအားပြုကာ ကျွန်တော့်ထံသို့ တရွတ်တိုက်ဆွဲပြီးလာနေလေသည်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း လှုပ်မရတော့။ ပတ်၀န်းကျင်ကြားအောင် လှမ်းအော်တော့လည်း ဘယ်လောက်အော်အော် အသံတို့က ထွက်မလာခဲ့။
ထိုခါးတစ်ပိုင်းပြတ်နေသော လူကြီးက ကျွန်တော့်ကို မျက်လုံးစိမ်းကြီးနှင့်ကြည့်ကာ ကျွန်တော့်ထံသို့ တရွေ့ရွေ့ပင်တရွတ်ဆွဲလာရင်းနှင့် ပါးစပ်မှလည်း အချို့သောစကားလုံးတွေကို ဆက်တိုက်ရေရွတ်နေသည်။
ဘာတွေပြောလည်း သေချာမကြားရသော်လည်း ထိုလူကြီးက ကျွန်တော်နှင့်နီးလာသောအခါ ထိုလူကြီးပြောစကားသံများကို အနည်းငယ် သဲသဲကွဲကွဲကြားလာရသည်။
"သော်က မင်းက ဖောက်ပြန်တဲ့ကောင်
သော်က မင်းက ဖောက်ပြန်တဲ့ကောင်
သော်က မင်းကဖောက်ပြန်တဲ့ကောင်
သော်က ..."
ထိုလူကြီးသည် ကျွန်တော့်ကို နာမည်ပင်တပ်၍ ဖောက်ပြန်တဲ့ကောင်ဟု စွပ်စွဲနေခြင်းဖြစ်သည်။
"ငါ .. ငါဖောက်ပြန်တာမဟုတ်ဘူး .. ကိုကို ဖောက်ပြန်တာ .. ကိုကိုသာ ငါ့ကိုပစ်ပြီး မိန်းမယူသွားတာ"
ကျွန်တော်က ထိုလူကြီးကို ဖြေရှင်းချက်ပေးပြီး ပြန်ဖြေရန်ကြိုးစားသော်လည်း ပါးစပ်က ဘာသံမှထွက်မလာ ..။
ထိုလူကြီးသည် ကျွန်တော့်ကို ဆက်တိုက်စွပ်စွဲစကားများပြောကာ ကျွန်တော့်နားသို့တရွတ်တိုက်ကာ တဖြည်းဖြည်းချင်းနီးလာသည်။
အလွန်နီးကပ်လာသောကြောင့် ကျွန်တော့်ခြေဖျားတွေက သေခြင်းတရားရဲ့ အငွေ့အသက်တစ်ခုဖြစ်သော အေးစက်ခြင်းကို သွေးခဲမတတ်ခံစားလာရသည်။
"အစ်ကို .. အစ်ကို့"
ထိုအခိုက်တွင် ဘုန်းပိုင်၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ ကျွန်တော်က လှုပ်လို့မရသော်လည်း ခါးတစ်ပိုင်းပြတ်နေသော ထိုလူကြီးက ပတ်၀န်းကျင်ကိုလှည့်ကြည့်သည်။
"အစ်ကို့"
ဘုန်းပိုင်၏ နောက်တစ်ခေါက်ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သံကြောင့် ထိုခါးပြတ်လူကြီးက ကျွန်တော့်အဝေးကို လွင့်ထွက်သွားပြီး အရာအားလုံးကို အဖြူရောင်အလင်းတန်းကြီးကလွှမ်းခြုံသွားသည်။
ကျွန်တော်ပြန်လှုပ်လို့ရလာပြီး မျက်စိကိုပြန်ဖွင့်ကြည့်လိုက်တော့ ကျွန်တော်က ဘုန်းပိုင်ရဲ့အခန်းထဲကို ပြန်ရောက်လို့နေသည်။
"အစ်ကို သတိရလာပြီလား .. အစ်ကိုရုတ်တရက်သတိလစ်သွားလို့ ညီလေး အစ်ကို့ကို ကုတင်ပေါ်ထူလာတာ၊ အစ်ကိုပြီးတောင်မပြီးလိုက်ဘူး .."
"ဟင် .. အစ်ကိုဘာဖြစ်သွားတာလဲ ဒါဆို ..."
"မသိဘူး အစ်ကို အိပ်မက်ယောင်တာထင်တယ် စကားတွေအများကြီးပြောတယ် .. ဒါပေမယ့် အိပ်မက်ယောင်တဲ့အသံဆိုတော့ သိတဲ့အတိုင်း ပလုံးပထွေးနဲ့မို့ ဘာမှမသိရဘူးလေ"
"ညီ .. အစ်ကို့လက်ကို ကိုင်ထားပေးပါလားဟင်"
ကျွန်တော် ကတုန်ကယင်နဲ့ အရမ်းလည်း ကြောက်လန့်နေပြီမို့ ဘုန်းပိုင်ကို အားကိုးရှာမိခြင်းဖြစ်သည်။ ဘုန်းပိုင်ကလည်း ကျွန်တော့်လက်လေးကို ဖွဖွလေး ပြန်ပြီးဆုပ်ကိုင်ပေးရှာသည်။ အရမ်းအေးစက်နေသော ကျွန်တော့်လက်လေး ဘုန်းပိုင်ရဲ့ လက်နွေးနွေးလေးကြောင့် နည်းနည်းတော့ သက်သာရာရသွားသည်။ ဘုန်းပိုင်က ကျွန်တော့်ကိုမေးသည်။
"ဘာလို့လဲအစ်ကို"
"မမေးနဲ့ .. ဒါပေမယ့် ကတိပေး"
"ဟင် ဘာကတိ"
"အစ်ကို့ကို ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့"
ကျွန်တော့်စကားကြောင့် ဘုန်းပိုင် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ နှစ်ယောက်လုံး ဘာမှ သိပ်မပြောကြတော့၍ စကားဝိုင်းက တိတ်ဆိတ်သွားပြီး နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေကို အတိုင်းသားကြားလာရသည်။ ဘုန်းပိုင်ကလည်း ကျွန်တော့်ရဲ့လက်တွေကို ဆုပ်ကိုင်ထားဆဲပင်။ ခဏကြာတော့ ကျွန်တော် ဘုန်းပိုင်ကိုထပ်မေးလိုက်သည်။ ကျွန်တော်အရမ်းကြောက်နေသဖြင့် ကျွန်တော့်အသံမှာတော့ ငိုသံလေးနည်းနည်းပါသွားသည်။
Advertisement
"အစ်ကို့လက်ကို တစ်သက်လုံးဆုပ်ကိုင်ထားပေးပါ .. အစ်ကိုကြောက်လို့ပါ"
ဘုန်းပိုင်က အလိုက်တသိနှင့်ပင် ခေါင်းကိုညိတ်ကာပြောလိုက်သည်။
"အင်း .. ညီလေးအစ်ကို့လက်ကို ဘယ်တော့မှမလွှတ်ဘူးနော် .. အစ်ကိုဘာပဲဖြစ်ဖြစ် .. အစ်ကို့ကို ဘယ်သူတွေကပဲ နှောင့်ယှက်ပါစေ ညီလေးရှိနေမှာ .. တစ်သက်လုံးလွှတ်မချဘူး .. အစ်ကို့ကိုလည်း မရက်စက်သွားဘူး ..
ကတိနော်"
ဘုန်းပိုင်က ကျွန်တော့်ခေါင်းလေးကို အခြားလက်တစ်ဖက်က ကိုင်ကာ သူ့ရင်ခွင်ထဲထိုးထည့်လိုက်ပြီး ကတိဟုပြောရန် လက်သန်းလေးထောင်ပြလိုက်သည်။ လက်သန်းချင်းချိတ်ကတိပေးရန် ကျွန်တော့်လက်လေးကို ထုတ်လိုက်စဉ် ရုတ်တရက် ဖုန်း ringtone သံ ကျယ်လောင်စွာမြည်လာသောကြောင့် နှစ်ယောက်လုံးလန့်သွားသည်။
ကျွန်တော့်ဖုန်းလာနေခြင်းဖြစ်ပြီး ကျွန်တော်က ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို သော်က လားမသိဘူးရှင့်"
"အော် .. ဟုတ်ပါတယ်၊ ခုပြောနေတာ ဘယ်သူလဲဗျ.."
"တို့က ယွန်း၀တီပါ.."
"ဘယ်လို .. ခင်ဗျား .. ခင်ဗျား ဘာကိစ္စ ကျွန်တော့်ဆီဖုန်းဆက်တာလဲ၊ ခင်ဗျား မျက်လုံးကို ကျွန်တော် ဘာမှမလုပ်ခဲ့ဘူးနော် ခင်ဗျားဘာသာ သွေးတွေထွက်ကျလာတာ"
"တို့ မျက်လုံးလည်း ဘာမှမဖြစ်ခဲ့ပါဘူး တို့မင်းကိုတောင်းပန်ချင်..."
"မလိုဘူး .. ခင်ဗျား ကျွန်တော့်ချစ်သူကိုတောင်လက်ထပ်ပြီးပြီမလား ခင်ဗျား ဘာထပ်ပြီး နှောင့်ယှက်ချင်သေးလို့လဲ"
"ကိစ္စတွေက သော်ကထင်သလိုမဟုတ်ဘူးနော် .. တို့လည်း လိပ်ပြာမလုံတာနဲ့ သော်ကဆီ ခုလိုဖုန်းဆက်လာတာပါ ..ခန့်ထည်က သော်ကကို အရမ်းချစ်ခဲ့တာ .. သူဒီလိုလုပ်တာလည်း သော်ကနဲ့ ပေါင်းရဖို့..."
"တီ .. တီ .. တီ"
တစ်ဖက်မှ ပြောရင်းဆိုရင်းပင်ဖုန်းကပြုတ်ကျသွားသည်။ ခုနလေးတင်ကမှငြိမ်စပြုလာတဲ့ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားလာပြီး ကျသွားသောဖုန်းနံပါတ်ကိုပြန်ဆက်လိုက်သည်။
"လူကြီးခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
ကျွန်တော့်စိတ်တွေပြန်ပြီးလှုပ်ရှားစပြုလာပြန်သည်။ ကိုကို ကျွန်တော့်ကို တမင်များလုပ်နေတာလား။ ကျွန်တော်နဲ့ကိုကိုကြားထဲက သဘာ၀လွန်ဖြစ်ရပ်တွေကကော ဘာကြောင့် ဆက်တိုက်ဖြစ်နေရတာပါလဲ။
ကျွန်တော့်တစ်ကိုယ်လုံး တောင်စဉ်ရေမရဖြစ်ပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသော အိုအေစစ်လေးဖြစ်တဲ့ ဘုန်းပိုင်ရဲ့ ရင်ခွင်ထဲမှာ ပြန်မှေးစက်ကာ ဘုန်းပိုင်ရဲ့ လက်လေးကိုသာ ဆုပ်ကိုင်ထားမိပါတော့သည်။
အပိုင်း(၁၁)ဆက်ရန်။
Own 2021 by
Auro Karshine
(Zawgyi)
"အ.. အ.. အား"
"အ .. အား .. အား"
သော်က ..."
Advertisement
"အစ်ကို .. အစ်ကို့"
"အစ်ကို့"
"ဘာလို့လဲအစ်ကို"
"ဟင် ဘာကတိ"
ကတိနော်"
"တို့က ယွန်းဝတီပါ.."
"တီ .. တီ .. တီ"
အပိုင်း(၁၁)ဆက်ရန်။
Own 2021 by
Auro Karshine
Advertisement
- In Serial172 Chapters
Loving The Naughty Empress
“Why are you here, My Emperor?” Ni Qing put her hand on her waist to salute her emperor.
8 322 - In Serial29 Chapters
Never with Me (Book 1)
For five years, Alpha Damien Blackstone has been committed to his chosen mate, Rachel Smithson. She was everything he had ever dreamed for and wanted in a mate, and he had chosen her. But Leilani Storm is his true mate. He knows, and doesn't care. What happens to your soul when your mate loves someone else?
8 327 - In Serial41 Chapters
The Darkest Souls
when enemies end up living in the same house, and the going to the same school, what do you think would happen? Amelia Moore, ends up living with the one and only Axel Russo. He's the bad boy and the enemy But what happens when he learns some secrets about her and end up falling for her would everything change? check out the story to find out more xoxo, svdsouls :)
8 100 - In Serial46 Chapters
His Cheetah | Soulmate/Hybrid | Jimin x Reader✔
At last, it was your turn to meet Jimin. The double heartbeats of your nearing soulmate was pounding harder than ever. You then moved your legs and stood in front of the man. You tried to keep your fangirling inside of your head and avoided eye contact with him. "Don't be afraid," he softly said. You take a big deep breath and slowly lift your head. The moment your eyes meet his gaze, an unimaginable feeling rushed in like a tidal wave. The feeling was so incredible, nothing how you would have ever thought it would've. Your breath catches in your throat. Your heartbeat exceeds its normal amount. The only thing you can do is stare; Jimin the exact same way. And at that moment, you smelled something you would have never noticed before. . . Park Jimin is a hybrid.*** In which Y/N L/N is a Cheetah hybrid and meets her soulmate Park Jimin at a fan meet.***Started: April 25, 2020Ended: August 29, 2020***#1 in 박지민 out of 256 stories.#1 in 지민 out of 271 stories. (OMG)#1 in j-hope out of 10K stories. (AHH)#1 in PARKJIMIN out of 41.5K stories. (HOLY SHIIIIIIIIIIIIT plz pardon my French)#1 in 방탄소년단 out of 3.2K stories.#1 in RM out of 27.6K stories.#1 in fanfiction out of ONE POINT FOUR MILLION stories. (WHAT THE ACTUAL FLYING F WORD GUYS AHHHHHHHHH!!!!!)#1 in fanfic out of ONE MILLION stories.#1 in Bangtan out of 61.2K stories. (AAAAAAAAACK)#1 in jungkook out of 190K stories. (EEEEEK)#2 in namjoon out of 69.3K stories. (YAYYYYY)#1 in hybrid out of 14.1K stories. (REEEEEEE)#2 in bangtansonyeondan out of 292K stories. (🤯)#2 in bts out of 292K stories. (🤯🤯)#2 in bangtanboys out of 292K stories. (🤯🤯🤯)#1 in soulmate out of 15.3K stories. (😮)#1 in Jimin out of 130K stories. (AHHHH)***Cover by @KimGits
8 124 - In Serial113 Chapters
till forever falls apart | Taylor Swift
I swear that I'll be yours forever, Till Forever Falls Apartwhen the world falls into chaos, two lost souls seem to find comfort in their shared love for music or, in which Taylor accidentally stumbles upon an unknown musician's social media account and can't seem to get enough of her. When August's life clashes with the famous singer's, everything changes. Is she ready to face her newfound fame and confront her past? #1 on #taylorswift at peak! real life x social media pretty wholesome!
8 138 - In Serial37 Chapters
Arta - the last princess
"Who did you say she is?" Osman demanded from the man.The prisoner was shaking and pleading for his life but did not say anything as he got aware of the terrible blunder he had made."Answer me or I will end your miserable life right here right now" waves of anger was visible in Osman's eyes. He raised his sword intending to cut the man's throat."Stop" Arta shouted.Osman slightly turned his head to Arta's direction while his sword was still high above his head ready to strike. Arta's heart was beating so fast, she was frightened but at the same time, she couldn't see this monster kill one of her people and do nothing. "I am Shahzadeh Arta. The only daughter of King Darian." Arta confessed. Her voice was louder than normal and a bit shaky.Osman chuckled coldly. A devilish smile appeared on his face.In the blink of an eye, he cut the man's throat. Everyone was silent only a faint hysteric cry of a woman from the cage could be heard. Arta's body was numb. She was just gazing at the man's lifeless body with teary eyes.Osman turned back and after cleaning the blood on his sword with the prisoner's clothes he lowered his head and whispered into Arta's ear, "you are just a slave now".
8 94

