《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၉) : မသေမျိုး
Advertisement
(Unicode)
အပိုင်း(၉) : မသေမျိုး
ခန့်ထည်က သတိလစ်နေသော ကောင်လေးကို ပွေ့ချီကာ ကားပေါ်တင်ခေါ်လာသည်။ ကောင်လေးမှာ ပြုစားခံထားရသဖြင့် ဘာဆိုဘာမှကိုမသိတော့။ ခန့်ထည်က ကောင်လေးကို ကားနောက်ခန်းထဲ ပစ်ချပြီးနောက် ယွန်း၀တီကို ကြည့်တာပြောလိုက်သည်။
"တစ်ကိုယ်လုံးနွေးထွေးလာတဲ့ထိ ဒီကောင်လေးကို ဖက်အိပ်ထားလိုက်တော့ .. ဒါဆိုရင် ပေါင်းစပ်ထားတဲ့ ဝိညာဉ်က ပြန်ပြီး ၀င်သွားလိမ့်မယ်"
ယွန်း၀တီက သတိလစ်နေသောကောင်လေးရင်ခွင်ထဲ တိုး၀င်လိုက်ပြီး လက်တစ်ဖက်ကို ကောင်လေးရင်ဘတ်ပေါ်တင်ထားလိုက်သည်။
"အား ... ခုမှနွေးထွေးသွားတာပဲ ..."
ပြောရင်းဆိုရင်းနှင့် ယွန်း၀တီက သတိလစ်နေသော ကောင်လေးရဲ့ လည်တိုင်ကို အားပါးတရပင် နမ်းရှိုက်နေပါတော့သည်။
ခန့်ထည်က ယွန်း၀တီကို စိတ်ပျက်သည့်အကြည့်ဖြင့်ကြည့်ကာ သက်ပြင်းတစ်ချက်ချပြီး သူ့အဖေကိုပြောလိုက်သည်။
"အဖေ .. သား သော်ကကို မသေမျိုးပြောင်းပေးဖို့ကိစ္စ စိတ်လျှော့လိုက်တော့မယ် .. အခုတောင် သော်က က သားကို အတော်မုန်းနေလောက်ပြီထင်တယ် .. သား ဟန်ဆောင်လုပ်ဇာတ် မင်္ဂလာပွဲကော ဟန်ဆောင်နေရတာတွေကော အကုန်ရပ်လိုက်ချင်ပြီ... "
ခန့်ထည်အဖေက စီးကရက်ဘူးကို ထုတ်ပြီး စီးကရက်တစ်လိပ်ကို ဖွာလိုက်ပြီးမှ -
"သား .. သူသေပြီးရင် နောက်ဘ၀ဘာဖြစ်ဉီးမလဲ သားမသိဘူးနော် .. သားပဲ ထာ၀ရလက်တွဲချင်တာဆို .."
ဟုပြန်ပြောသည်။
"ဟူး . ဟုတ်တယ် .. ဒါပေမယ့် သူစိတ်ညစ်နေတာ သားမမြင်ချင်တော့ဘူး .. သား တကယ်သူ့ကို ပစ်ပြီး သူစိမ်းမိန်းမနဲ့ လက်ထပ်တယ်လို့ပဲ သူတကယ်ထင်နေလောက်ပြီ ... ပြီးတော့ အခု ပတ်၀န်းကျင်ကပါ သားနဲ့ ယွန်း၀တီနဲ့ တကယ်လက်ထပ်တယ်ထင်နေကြတာ .. သားထပ်ပြီး ဟန်မဆောင်ချင်တော့ဘူး "
"သားခံစားနေရတာကို အဖေနားလည်ပါတယ် .. အဖေတုန်းက သားအမေကို မသေမျိုးပြောင်းမပေးနိုင်ခဲ့လို့ အခုထိ အဖေသူ့ကို လွမ်းနေရတယ် .. သူဘယ်ဘ၀ရောက်နေလဲဆိုတာလည်း လိုက်ရှာလို့မရပြန်ဘူး .. အဖေခံစားရသလိုမျိုးကြီး အဖေ သားကို မခံစားစေချင်ဘူး..."
"ဒါဆို သော်ကကို မသေမျိုးပြောင်းဖို့ နောက်တစ်နည်းကော ရှိနိုင်သေးလားဟင်"
"မရှိဘူး . သား ... ဒါတစ်ခုတည်းသောနည်းပဲ ..."
"ဟုတ် သားပြောကြည့်မယ်နော်... လူကို မသေမျိုးဖြစ်အောင်လုပ်တဲ့နည်းက
အဆင့် တစ်မှာ မသေမျိုးဖြစ်ချင်တဲ့သူကို အရမ်းစိတ်ညစ် အရမ်းဒေါသထွက်ပြီး သူ့လိပ်ပြာငယ်လာအောင်လုပ်ရမယ်
အဆင့် နှစ်မှာ သူ့လိပ်ပြာအရမ်းငယ်လာပြီး နှလုံးအားအရမ်းနည်းနေချိန်မှာ အစိမ်းသေဝိညာဉ်ကို ၀င်ပူးခိုင်းရမယ်
အဆင့် သုံးက ဝိညာဉ်၀င်ပူးပြီးရင် အစိမ်းသေဝိညာဉ်နဲ့ သူခန္ဓာတစ်သားတည်းဖြစ်ပြီး သတိလစ်လုနီးပါးဖြစ်လာတဲ့အခါ လိပ်ပြာလှသူတစ်ယောက်ရဲ့ ကိုယ်ငွေ့ကို ရှူခိုင်းလိုက်ရင် လူတစ်ပိုင်းဖုတ်တစ်ပိုင်းဖြစ်ပြီး မသေနိုင်တော့ဘူး .. ၀င်နေတဲ့ ဝိညာဉ်ဖုတ်ထွက်သွားရင် အစိမ်းသေဝိညာဉ်အသစ်ကို ထပ်အစားထိုးပြီး အသက်ထပ်တိုးလို့ရတယ် ..
သားပြောတာ ဟုတ်တယ်မလား အဖေ ..."
"ဟုတ်တယ်လေ သားကိုယ်တိုင်ပဲ ယွန်း၀တီကို မသေမျိုးပြောင်းပေးခဲ့ပြီးတော့ ..."
"သားအခု ဒီကိစ္စတွေကြောင့် လူ ၂ ယောက်ကို ရက်ရက်စက်စက်သတ်ပြီးခဲ့ပြီ .. ယွန်း၀တီမသေမျိုးဖြစ်ဖို့အတွက် အမျိုးသမီးတစ်ယောက်ကို အရှင်လတ်လတ် မျက်စိကို ကော်ထုတ်ပြီး သတ်ပစ်ခဲ့တယ် .. သော်ကမသေမျိုးဖြစ်ဖို့အတွက် ကားကြီးတစ်စီးကိုငှားပြီး လမ်းပေါ်က လမ်းကူးနေတဲ့သူကို ခါးကနေ ထက်ပိုင်းပြတ်အောင် ကြိတ်သတ်ခဲ့တာ ..
သား သားချစ်သူ သော်က ကိုလည်း မသေမျိုးဖြစ် စေချင်သလို သားမသေရဲတော့ဘူးအဖေ .. သားသေရင် ငရဲမှာခံရမှာ ကျိန်းသေနေပြီ .. သားအသက်ဆက်ရှင်နေမှရတော့မယ် ...
သားအရမ်းကြောက်နေပြီ သားဘာလုပ်ရမှန်းလည်း တကယ်မသိတော့ပါဘူး...."
သူတို့ စကားပြောနေစဉ်တွင် ယွန်း၀တီက လူငွေ့၀၀ရှူပြီးထလာသောကြောင့် ခန့်ထည်နှင့် သူ့အဖေတို့ စကားပြောတာကို ခဏနားလိုက်ကြပြီး ကိုယ်ငွေ့စုပ်ခံရပြီးသော သတိလစ်နေသော ကောင်လေးကို လမ်းဘေးမှာပစ်ချကာ ကားကိုမောင်းထွက်သွားပါတော့သည်။
××××××
ကျွန်တော်က ရေကို တစ်၀ကြီးနေအောင်ချိုးလိုက်ပြီးနောက် ရေချိုးခန်းထဲမှထွက်လာကာ ရေစိုနေသော ဆံပင်ကို တဘက်နှင့်သုတ်နေမိသည်။
"အစ်ကို့ ရေချိုးပြီးပြီလား.. ကျွန်တော် အစ်ကို့ကိုပြစရာရှိလို့"
ဘုန်းပိုင်ရဲ့ အသံကြောင့် ကျွန်တော် တံခါးကို သွားဖွင့်ပေးလိုက်သည်။ ဘုန်းပိုင်လက်ထဲမှာ သတင်းစာတစ်စောင်ကို ကိုင်ထားသည်။
"ပြောလေ ညီလေး ... အစ်ကို့ကို ဘာပြမလို့လဲ..."
ဘုန်းပိုင်ရဲ့ မျက်လုံးတွေက ကျွန်တော့်ရဲ့ ရေမခြောက်တစ်ခြောက်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်လို့နေသည်။
"ဟင် ဘာကိုကြည့်နေတာလဲ ... အစ်ကိုရှက်လာပြီနော်.."
ဘုန်းပိုင်က ကျွန်တော့်စကားကြောင့် မျက်နှာက ရှက်သလိုပြန်ဖြစ်သွားပြီး -
"အဟီး အစ်ကို့ six pack ကြီးတွေက မိုက်လို့ပါ .. ကိုင်ကြည့်ချင်စရာကြီး ဟီးဟီး .. ညီလေးလည်း အ့လိုဘော်ဒီမျိုးလိုချင်လို့ပါ .."
ဟုပြောလိုက်သည်။
"ဒါနဲ့ ပြမလို့ဆို ဘာပြမလို့လဲ"
"ဟာ အစ်ကိုကလည်း ဘာတွေပြောနေတာလဲ .. ညီလေးက သတင်းစာပြမလို့ဟာကို .. သတင်းစာထဲမှာ အစ်ကို့အကြောင်းပါလာလို့ ..."
"ဘယ်လို"
"ဒီမှာကြည့်"
ကျွန်တော်သတင်းစာကို ယူဖတ်ကြည့်မိတော့ သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ကိုကိုတို့ မင်္ဂလာပွဲကို သွားဖျက်တုန်းက စင်ပေါ်မှာ စကားပြောနေတဲ့ ဓာတ်ပုံကြီးပါလာခြင်းဖြစ်သည်။ သတင်းခေါင်းစဉ်တွင်တော့ -
"Paragon Entertainment CEO ၏ သုံးပွင့်ဆိုင်အရှုပ်တော်ပုံ
CEO ခန့်ထည်က လိင်တူချင်းစုံမက်သူလား"
ဟုရေးထားလေသည်။ ထိုသတင်းကို အပြည့်အစုံဖတ်နေမိရင်း ကျွန်တော်ရုတ်တရက်မှင်သက်သွားမိသည်။ ဘုန်းပိုင်ရဲ့ လက်ချောင်းလေးတွေက ကျွန်တော့်ရဲ့ ၀မ်းဗိုက်ရှိတဲ့နေရာကို ပွတ်သပ်နေသည်ကိုပင် ကျွန်တော်သတိမထားမိတော့။
Advertisement
"အစ်ကို .. အစ်ကိုက လိင်တူချင်းစုံမက်သူလားဟင် .. Paragon Entertainment CEO ခန့်ထည်က တကယ်ပဲ အစ်ကို့အပေါ် မကောင်းတဲ့သူလား..."
ဘုန်းပိုင်ရဲ့ စကားကိုကြားမှ ကျွန်တော့်ဗိုက်ပေါ်မှာ ပွတ်သပ်နေတဲ့ ဘုန်းပိုင်လက်ချောင်းလေးတွေကို ဖွဖွလေးကိုင်တာ ဗိုက်ပေါ်မှ ဖယ်လိုက်သည်။ ကျွန်တော့်လက်တွေက ဘုန်းပိုင်ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ဖွဖွလေးဆုပ်ကိုင်ထားဆဲ။
"အမှန်အတိုင်းဝန်ခံရရင် ဟုတ်ပါတယ် .. အစ်ကို့ကို ဒီလောက်လုပ်လိမ့်မယ် ရက်စက်လိမ့်မယ်လို့ အစ်ကို တကယ်ကို မထင်ထားခဲ့တာပါ"
ကျွန်တော်က ဘာကြောင့်မှန်းမသိ ဆုပ်ကိုင်ထားမိသော ဘုန်းပိုင်ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ကျွန်တော့်နှုတ်ခမ်းနားကပ်ကာ ဖွဖွလေးအနမ်းပေးမိလိုက်သည်။
ဘုန်းပိုင်ရဲ့ မျက်လုံးအစုံတို့က ရုတ်တရက် မရဲတရဲနှင့် ကျွန်တော့်ကို မော့ကြည့်လာပြီး အလွန်တိုးသော အသံဖျော့ဖျော့လေးနှင့် -
"အစ်ကိုစိတ်ညစ်ရင် ညီလေးကိုဖက်ထားလို့ရတယ်နော် ... ညီလေးက ပိန်ပေမယ့် အစ်ကို့ကို အနွေးဓာတ်ပေးနိုင်မယ်ထင်ပါတယ်"
ဟုပြောလိုက်ရာ ကျွန်တော်က ဘုန်းပိုင်ရဲ့ ခန္ဓာကိုယ်လေးကို ဖွဖွလေးဖက်ထားမိလိုက်ပါတော့သည်။
ဘုန်းပိုင်ရဲ့ ပန်းရောင်သန်းနေတဲ့ လက်ချောင်းလေးတွေက ကျွန်တော့ နောက်ကျောကို ဖွဖွလေးပွတ်ပေးနေသည်။
ရေချိုးထားပြီးကာစ အေးနေသော်လည်း ဘုန်းပိုင်ရဲ့ ခန္ဓာကိုယ် သေးသေးက ကျွန်တော့်ကို အနွေးဓာတ်တွေ အများကြီး ပေးလိုက်သောကြောင့် တစ်ကိုယ်လုံးနွေးထွေးကာသွားသည်။
ကျွန်တော်ကလည်း ဘုန်းပိုင်ရဲ့ ဆံပင်မွှေးလေးတွေကို ဖွဖွလေးပွတ်ပေးနေရင်း ဆံပင်လေးကိုနမ်းလိုက်ရာ ဘုန်းပိုင်လိမ်းထားတဲ့ ခေါင်းလိမ်းဆီအနံ့လေးက နှာခေါင်းထဲမှာ သင်းသင်းလေးရလာသည်။ ကျွန်တော့်လက်အစုံက ဘုန်းပိုင်ရဲ့ ပါးလေးတွေကို တစ်ဖက်တစ်ချက်စီကိုင်ကာ ကျွန်တော့် နှုတ်ခမ်းအစုံက ဘုန်းပိုင်ရဲ့ နှုတ်ခမ်းဖူးစိုစိုလေးတွေရှိကာကို နမ်းရှိုက်ဖို့ ကြိုးစားရင်း မျက်နှာနှစ်ခုမှာ နီးကပ်လာပါတော့သည်။
အပိုင်း(၁၀) ဆက်ရန်။
Own feeling @ 2021 by
Auro Karshine
(Zawgyi)
အပိုင်း(၉) : မသေမျိုး
ဟုပြန်ပြောသည်။
Advertisement
××××××
ဟုပြောလိုက်သည်။
"ဘယ်လို"
"ဒီမှာကြည့်"
အပိုင်း(၁၀) ဆက်ရန်။
Own feeling @ 2021 by
Auro Karshine
Advertisement
- In Serial18 Chapters
Clove baby
Clove is a college student who moves across the world to go to her dream school. Little does she know that the men that await her will change her life forever. --------When I wake up I realize that i'm in the lap of someone. And we're moving. I stir and sit up to realize I'm in a car with Jax, Four, and Tyson. Tyson is driving Jax is in the front seat and I'm in Fours lap. His hand on my head playing with my hair gently. "Well hello there our sleepy one how did you rest" Four asks as he pulls me into him and I flinch then realize I feel safe. For the first time in years I actually feel safe and secure. His large arms and presence fill me with peace. I close my eyes and eventually give in and lean into his chest. ----WARNING!! there is rape. Strong language. Bondage. And kink, if you are young or any of this is a trigger please do not read-------#1 softgirl 4/6/21#1 daddyslut 4/9/21
8 177 - In Serial158 Chapters
HIS UNFORGETFUL WIFE ✅ [Unedited]
She has it all except his heart. She had done both amazing and ridiculous things but was still treated as a wallflower. She's been a good wife. But now, she can no longer be. __________________**SLOW BURN and roller-coaster plot****This is my original story. ***I do not own all the pictures that were attached to this book. Cover photo design idea from @ImReginaOscura[[Free on WATTPAD and Amazon Unlimited]]Highest Rank Attained (2021):#1 Royal - July 2022#1 Heartbreak - Sep 2021 - Jan 2022#16 Romance - Oct 2021#1 Intrigue - Nov, Dec, Feb, May 2022#1 GeneralFiction - Oct, Nov, Dec, May 2022#1 Divorce - Oct, Nov, Dec#1 Millionaire - Sep, Dec#1 Husband - Nov#1 Wife - Oct, Nov#1 Drama - Oct#1 StrongFemaleLead - Oct, Nov#1 Revenge - Sep, Oct, Nov#1 Rebel - Sep, Oct, Nov 2021, July 2022#1 President - Oct, Nov#1 Slowburn - Sep#1 DramaRomance - Sep, Oct, Nov#1 Random stories - Sep 2021 - Jan 2022#1 DominantMale - Sep, OctStarted on August 27, 2021Completed on October 11, 2021Around 72,332 words
8 201 - In Serial40 Chapters
Where's Waldo x Reader
You and Waldo have a complicated relationship, you're always looking for him and he's always hiding from you. When you enter a crowd with him it's as if he disappears and you have to follow your heart to find him. Sometimes you wonder though, what if, in an alternate universe, Waldo was looking for you~?This story takes place in an alternate universe where Waldo never met his girlfriend Wendy, and therefore having the Waldo books never exist.(Complete and now under revisions)
8 90 - In Serial199 Chapters
❤️Danganronpa opinion ships!❤️
Hey everyone! This is my 15th & last book i published & it will be filled with all the danganronpa ships in all danganronpa games/animes! Leave your opinions & requests in comments! Feel free to share this book with your loved ones! Love you all!PS: I don't own Danganronpa, it belongs to Spike Chunsoft.
8 135 - In Serial16 Chapters
How to date a Yandere [Ayano Aishi x Reader]
Hi, my name is Y/N Y/L/N. If you're reading this, means that I'm still alive and survived from the hands of my Yandere girlfriend. This book contains tips and information of how to date a Yandere and if you have one then I assure you, this book is recommended for you.Date Published: 8/5/2019Date Finished: 9/3/2020Warning: Futanari you.
8 149 - In Serial81 Chapters
The Match ✓
When obsession has gotten too farLila is a sweet ballet dancer and the best anyone has seen for years and clearly going places. Her ballet career grows as well as her admires and one of which who will go one step too far.Steel is a ruthless boxer, known for his temper and the rage that he holds. He's not only handsome but masculine and while he's sought out by both gender, he has his eyes on only one woman who he would kill for.
8 121