《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁) : ကလဲ့စားနိဒါန်း
Advertisement
(Unicode)
"ငါ့အိမ်ကမိန်းမပေးစားတော့မယ်"
တွေ့တွေ့ချင်းဆောက်နဲ့ထွင်းလိုက်သလိုဖြစ်သွားသော ကိုကို့ရဲ့ စကားကြောင့် ကျွန်တော်ရုတ်တရက်ကြောင်သွားသည်။
"ဟင် ပြောတော့ ကိုကို့အိမ်က ညီနဲ့ တွဲနေတာ သိတယ်ဆို .. LGBT ကိုလက်ခံတယ်ဆို"
"အင်း အဲဒါအရင်က .. အခုက တကယ်ပေးစားတော့မှာ"
"ဟင် ဘာဖြစ်လို့လဲ ကိုကိုရဲ့ ညီ့မှာ ဘာအပြစ်ရှိလို့လဲ .. ကိုကို့အိမ်ကလိုသမျှလည်း ညီ ကူညီပေးခဲ့ဖူးတယ်လေ"
ဟုတ်တာလည်း ဟုတ်သည်။ ကိုကို့မိဘတွေရဲ့ company ပြိုကွဲလုနီးဖြစ်တုန်းက ကျွန်တော် ကိုကို့မိဘတွေကို သိန်းရာနဲ့ချီအောင်ထုတ်ပေးပြီး ကယ်တင်ပေးခဲ့သည်။ ကိုကိုကတော့ ဘာကိုမှမပြောပဲ ခေါင်းကိုသာ ငုံ့နေသည်။ ထိုအခိုက်တွင် ကိုကို့ဆီကို ဖုန်း၀င်လာသည်။ ဖုန်း contact မှာတော့ ဟန်နီ ဆိုပြီး ရေးထားသည်။ ကိုကိုက ကျွန်တော့်ဘေးကနေတောင် ထမသွားပဲ ဖုန်းကို ကိုင်လိုက်သည်။
"ဟန်နီ ပြော .. ကိုယ် ဒီမှာ ဇာတ်လမ်းကို အပြီးဖြတ်နေတာ .."
ကျွန်တော်က ကိုကို့ဆီက ဖုန်းကို အမြန်လုယူလိုက်သည်။ ကိုကိုက သူ့ဖုန်းကို အတင်းပြန်ဆွဲလိမ့်မည်ထင်သော်လည်း ပြန်တော့မဆွဲပါ။ ကျွန်တော်က ဖုန်းကို ကိုင်ပြီးပြောလိုက်သည်။
"ဟယ်လို အစ်မ ... ကျွန်တော်နဲ့ ကိုကိုနဲ့က လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ...."
"တော်စမ်းပါ . နင့်ဘာသာနင် ကိုနဲ့ အရင်က ၃ နှစ်မကလို့ ၁၀ နှစ်ပဲတွဲဖူးပါစေ ခုချိန်မှာ ငါက မိန်းကလေး ဖြစ်နေတာနဲ့တင် နင့်ထက် တစ်ပန်းသာနေပြီ .. ပြီးတော့ ဘယ်မှာလဲ နင်တို့ရဲ့ တရား၀င်လက်ထပ်ခွင့် ... နင်တို့ နှစ်ယောက်ကို ၃၇၇ နဲ့ တရားမစွဲတာတောင် ကံကောင်းတယ်မှတ် အခုကစပြီး နင်နဲ့သူနဲ့ ဘာမှမဆိုင်တော့ဘူး .. နိုင်ငံတော်ကတောင် နင်တို့ကို အသိအမှတ်မပြုတာကိုများ နင်တို့က အခွင့်အရေးအတော်လိုချင်နေကြတယ်.."
ကိုကိုက ဆတ်ခနဲ ဖုန်းကို ပြန်ယူလိုက်တာကြောင့် တစ်ဖက်အမျိုးသမီးရဲ့ ပြောတဲ့ စကားတွေအကုန်တော့ ကျွန်တော် ဆက်မကြားရတော့ပါ။ ကိုကိုကတော့ -
"ငါတောင်းပန်ပါတယ် မင်းကျေးဇူးတွေ တစ်နေ့ပြန်ဆပ်မှာပါ"
လို့ပဲပြောပြီး ဟိုးအဝေးကြီးကို ထွက်သွားတော့သည်။ ကျွန်တော်မျက်ရည်တွေနှင့်သာ ကိုကို့ကို အဝေးထွက်သွားသော ကိုကို့ ကျောပြင်ကို ကြည့်နေမိတော့သည်။ ကိုကိုက ထိုကောင်မလေးနှင့် ဖုန်းပြောနေသည့်အသံကို သဲ့သဲ့လေးတော့ကြားနေရသည်။
"ဟားဟား ဒီကောင်ကွာ အချစ်ကို ဘ၀ကြီးမှတ်နေတယ်"
ကိုကို့ပြောစကားကြောင့် ကျွန်တော်ဒေါသထောင်းခနဲ ထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ပုံမှန်စိတ်ဆို ထထိုးလိုက်ပြီဖြစ်သော်လည်း ကျွန်တော့်ဒေါသများကိုသာ ချုပ်တည်းထားလိုက်သည်။
××××
ထိုညက ကျွန်တော် ညလုံးပေါက်ပင်ငိုနေမိသည်။ ကိုကိုနှင့်အမှတ်တရများ၊ သူ၀ယ်ပေးခဲ့ဖူးသော အရုပ်များ ဆင်တူ အင်္ကျီများ အားလုံးကို တစ်ခုချင်းစီ ဆုတ်ဖြဲနေမိသည်။
အရုပ်တွေကို ဓားနဲ့ဆွဲဖြဲနေရင်းမှ အဝါရောင်မွှေးပွ၀က်ဝံရုပ်လေးကိုတွေ့တော့ ကျွန်တော့်ဓားကို ပြန်ချလိုက်သည်။
ကိုကိုနှင့်ချစ်သူဖြစ်တဲ့နေ့က ၀ယ်ခဲ့သော အရုပ်လေး။ သုံးနှစ်ကြာပြီဖြစ်ပေမယ့် သေချာကို ဂရုစိုက်ထားတာကြောင့် မပျက်မစီးသေး။
ချစ်သူသက်တမ်း ၃ နှစ်အတွင်း အရမ်းချစ် အရမ်းဂရုစိုက်ခဲ့တာတွေက တစ်ရက်တည်းနဲ့တင် အကုန်ရေစုန်မျောသွားခဲ့ပြီဖြစ်သည်။
၀က်ဝံရုပ်လေးကို ကိုင်ကြည့်နေရင်းမှ ငိုထားသောမျက်လုံးကြောင့်ပဲလားမသိ ၀က်ဝံရုပ်လေးထံမှ အခိုးအငွေ့များ ထွက်လာသည်ကို သတိထားမိလိုက်သည်။
"ဟင်"
ကျွန်တော့်မျက်စိကိုသေချာပွတ်ကာ ကြည့်သော်လည်း ထိုအခိုးအငွေ့များမှာရှိနေဆဲ။
အခိုးအငွေ့များသည် များသည်ထက်များပြားလာပြီးနောက် အခိုးအငွေ့အလုံးတစ်ခုဖြစ်သွားပြီး ထိုအလုံးထံမှ အသံထွက်လာသည်။
"နောက် ၁၄ ရက်မြောက်တဲ့နေ့ သူတို့ မင်္ဂလာဆောင်ကို ကန်တော်ကြီးမှာ ကျင်းပလိမ့်မယ် .. အဲဒီမှာ မင်းတို့ sex video ကို ဖြန့်ပေးလိုက်လေ"
ကျွန်တော်မျက်လုံးများကို ပွတ်ကြည့်လိုက်ပြန်တော့ အခိုးအငွေ့လုံးကြီးက ရှိနေသေးသည်။ ကျွန်တော်က ဒီမီးခိုးလုံးကြီးဖြစ်တည်မှုကို မယုံသော်လည်း မေးကြည့်လိုက်သည်။
"ခင်ဗျားကဘာကြီးလဲ"
"ငါက မှော်ဆရာကြီး ဦးခန့်ထည်ရဲ့ ခန္ဓာကိုယ်ထဲမှာပုန်းအောင်းနေတဲ့ စွမ်းအင်အစိတ်အပိုင်းတစ်ခုပေါ့"
"ဦးခန့်ထည် .. ဟုတ်လား ... ဦးခန့်ထည်ဆိုတာ ကိုကို့ ကို ပြောတာမလား"
"သုံးနှစ်လောက်ထိတွဲပြီး သူဘာမှန်းခုထိမသိခဲ့ဘူးလား"
မီးခိုးလုံးကြီးထံမှ ထိုအသံထွက်လာပြီးနောက် ရုတ်တရက်ပျောက်ကွယ်သွားသည်။ ပဟေဠိတွေ ခေါင်းထဲ၀င်လာတာကြောင့် ငိုချင်စိတ်ပင် ဘယ်ရောက်မှန်းမသိတော့။ ကိုကို က မှော်ဆရာဖြစ်နေခဲ့သည်ဆိုတာကို ကျွန်တော်တကယ်လုံး၀မသိခဲ့ပါ။
ဒါမှမဟုတ် ခုနမီးခိုးလုံးက ကျွန်တော်စိတ်ညစ်ပြီး မြင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်။
ဒါပေမယ့် ကျွန်တော်ဖုန်းကိုပြန်ယူတာ သူနဲ့အတူရိုက်ထားသော sex video ကိုပြန်ဖွင့်ကြည့်နေမိသည်။ မင်္ဂလာဆောင်တွင် ထိုဗီဒီယိုကို လူတိုင်းရှေ့တွင်ဖွင့်ပြခဲ့လျှင် ထိုအမျိုးသမီးဘယ်လောက်ဒေါသထွက်လိုက်မလဲဆိုတာကို တွေးရင်းနှင့် ရုတ်တရက်ပြုံးလိုက်မိရင်း စိတ်ထဲမှ ကိုယ့်ဘာသာရေရွတ်မိလိုက်ပါတော့သည်။
"အဲဒီနေ့သာ တကယ် နင်တို့မင်္ဂလာဆောင်ဆိုရင်တော့ နင်တို့သေဖို့သာပြင်ထားလိုက်"
××××××
ခန့်ထည်၏အိမ် .... ။
ခန့်ထည်၏အိမ်သည် ခြံနှင့်၀န်းနှင့် အလွန်ကျယ်လှပြီး အိမ်ထဲတွင် အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသလို မြေအောက်ခန်းလည်းရှိသည်။ ထိုမြေအောက်ခန်းထဲတွင် လူသေအလောင်းများ မြောက်များစွာရှိနေပြီး လက်ရှိတွင် အသက်မသေသေးသော ကောင်မလေးတစ်ယောက်ကို ကြိုးနှင့်တုပ်ထားသည်။ ထိုကောင်မလေးက သတိလစ်နေရာမှ ခန့်ထည်က ရေဖြင့်ပက်လိုက်သောကြောင့် ရုတ်တရက် သတိရလာသည်။ ထိုကောင်မလေးက မျက်စိဖွင့်ဖွင့်ချင်း ခန့်ထည်ကို မြင်လိုက်ရတော့ ရုတ်တရက် လန့်သွားသည်။
"ရှင်ဘယ်သူလဲ .. ကျွန်မရှင့်ကိုမသိဘူး"
ခန့်ထည်က ထိုကောင်မလေးကို ခံစားချက်မရှိသော မျက်နှာသေကြီးနှင့် ကြည့်လိုက်ရင်းပြောသည်။
Advertisement
"ငါလည်းမင်းကိုမသိပါဘူး"
ခန့်ထည်က ထိုသို့ပြောလိုက်ပြီးသည်နှင့် ထိုကောင်မလေးပါးစပ်ကို tape နှင့် ကပ်လိုက်သည်။
ကောင်မလေးထံမှ ဘာသံမှမကြားရတော့။
ခန့်ထည်က ထိုကောင်မလေးမျက်ဆံအား သေချာမြင်ရစေရန် မျက်ခွံများကို လက်နှင့်ဖြဲလိုက်တော့ ထိုကောင်မလေး မျက်၀န်းတွေက မလုပ်ပါနဲ့လို့ တောင်းပန်နေသယောင်။ ခန့်ထည်က သံညှပ်တစ်ချောင်းကိုယူလိုက်ပြီး သံညှပ်ဖြင့် ထိုကောင်မလေး၏ မျက်ဆံကို ညှပ်ထားလိုက်ကာ ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တော့ မျက်ဆံက မျက်နှာအတွင်းမှ တဖြည်းဖြည်း ပြူး၍ ထွက်လာသည်။ ခန့်ထည်က မျက်ဆံမပျက်စီးစေရန် ဖြည်းဖြည်းချင်း သတိထားပြီး မျက်ဆံကို ထုတ်နေရသည်။ ကောင်မလေးက နာလို့လား ကြောက်လို့ပဲလားတော့မသိ အတင်းပင်ရုန်းကန်နေရှာသည်။ မျက်ဆံမှာ ညှပ်အကြားတွင် တဖြည်းဖြည်း ပြူးထွက်လာရင်းနှင့် နောက်ဆုံးမှာတော့ မျက်ဆံအလုံးလိုက်သည် ပုံစံမပျက်မျက်နှာမှ ပလောက် ခနဲထွက်ကျလာရာ ခန့်ထည်မှ မျက်လုံးအနောက်မှ အကြောများကို ကတ်ကြေးဖြင့်ညှပ်ထုတ်လိုက်ကာ ဆေးရည်ပုလင်းတစ်ခုထဲသို့ ထည့်လိုက်သည်။ မျက်လုံးထုတ်ခံရသဖြင့် ဟောက်ပက်ဖြစ်သွားသော ကောင်မလေးမှာတော့ မသေသေးပဲ အတင်းကို ရုန်းကန်လျက်ပင်ရှိနေသည်။
"ဟင် ဘာဖြစ်လို့လဲ ကိုကိုရဲ့ ညီ့မှာ ဘာအပြစ်ရှိလို့လဲ"
ညီ့ရဲ့ အသံက ခန့်ထည် နားထဲမှာ ထူးဆန်းစွာပင် ပဲ့တင်ထပ်လာသည်။ ခန့်ထည်က ခေါင်းကိုတွင်တွင်ခါလိုက်ပြီး ဆေးရည်ထဲတွင်စိမ်ထားသော မျက်လုံးကို သေချာလေးကြည့်နေသည်။ ထို့နောက်တွင်တော့ သက်ပြင်းကိုချကာ တစ်ကိုယ်တည်းရေရွတ်လိုက်တော့သည်။
"ကိုကိုလည်း တောင်းပန်ပါတယ် ညီ ... ကိုကို ညီ့ကိုအရမ်းချစ်တာ"
ခန့်ထည်မျက်လုံးတွေက တွေဝေကာ အဝေးတစ်နေရာကို ငေးလိုက်ရင်း မျက်ရည်တို့ကလည်း ဝဲကျလာပါတော့သည်။ ခဏနေတော့ ခန့်ထည်အဖေက ညစာစားရန်လာခေါ်သဖြင့် ခန့်ထည်ကော ခန့်ထည်အဖေကောပါ အပေါ်တက်သွားတော့သည်။ ခုန မျက်လုံးထုတ်ခံရသော ကောင်မလေးကတော့ သွေးထွက်လွန်ပြီး ထိုညမှာပင်သေဆုံးသွားတော့သည်။
အပိုင်း(၂) ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
(Zawgyi)
××××
Advertisement
"ဟင်"
"ခင်ဗျားကဘာကြီးလဲ"
××××××
ခန့်ထည်၏အိမ် .... ။
အပိုင်း(၂) ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
Advertisement
- In Serial51 Chapters
Transmigrated As Princess
Lin Xiao transmigrate from the modern world into the ancient era as a princess.
8 617 - In Serial32 Chapters
Beauty in Simplicity
Art, is subjective. Yet some form of art can be spread over a much larger group of people. Some people enjoy paintings, others prefer art showcased in statues.So when Aeric comes to a different world and needs to adapt to it. When he needs to find a place he fits in with his pacifist tendencies.He chooses his own form of Art, possibly the most widespread form of all. The art of the Tailor. Updates Monday, Wednesdays and Fridays.
8 136 - In Serial108 Chapters
Ravenwolf's Rose
Hazel Rose is a talented painter making her way into the art world. But one fated encounter leads her to become the temporary heir of a business after the untimely death of an old man she barely knew.Hazel finds out that in order to inherit half a billion dollars she has to live with his grandchildren for one year or it will all be donated to charity...Through her time at 'Ravenwolf' Hazel is met with unexpected trials and events. Finding the meaning of family, friends, and romance among the four unique brothers she has to go head to head with: the stubborn Kai, the charming Jackson, the quiet Charlie, and the protective James...Nothing is ever a dull moment at Ravenwolf.
8 144 - In Serial39 Chapters
Wedding Flowers [Completed]
Highest Rank: #1 in ChickLit Addison Thomas has been fascinated with flowers since she was little. Her and her mom would plant flower after flower making their home look like a flower shop.Addy has made her dream of opening a flower shop come true with the help of her friend. Marilyn Thomas' Flowers is bustling with business.She never expects to have to create floral arrangements for her ex-neighbor, ex-bestfriend, ex-boyfriend Graham Fields. Oh, and she's invited to the wedding.Now Addy has to find a date, travel three hours, and create the perfect flowers for a wedding she wishes would never happen.
8 173 - In Serial25 Chapters
>Twisted minds
This story is F'd up, so if you're sensitive to any of the themes listed below, please do not read.~~~~~~~~~~Includes:LanguageViolenceDegradingKidnappingTortureSexual themesEtc.
8 202 - In Serial39 Chapters
Her Siren (A Jane Volturi love story)
Melanie Clark is a vampire who has a special gift. When her and her coven is called for a favor from an old friend, will Melanie end up meeting the person that she loves? The person that is the meaning of her existence? Her mate?Disclaimer: I do not own the Twilight series. I only own my oc's that are in this book. There will be cussing in this book and LGBTQ+ content. So if you are not comfortable with this then don't read. This is my first book so it may not be the best and I'll most likely edit this in the future. If you have any comments then please feel free to tell me. Gifs and videos and are not mine.
8 177