《Devil Husband》42(The End)
Advertisement
Unicode
ရန်ကုန်မြို့ပြင်သို့ထွက်လိုက်သည်နှင့် မြို့ပြ၏လေထုနှင့်မတူသန့်ရှင်းလတ်ဆတ်သည့်လေထုကိုတဝကြီးရှူရိူက်လိုက်ရသည်။
စိမ်းလန်းသောလယ်ကွင်းပြင်ကြီးများနှင့် ကျက်စားနေသည့်နွားအုပ်များကိုခြယ်နှင့်လက်ရုံးလိုက်လံငေးကြည့်နေကြသည်။
ကားအမိုးဖွင့်ထား၍ ဝေါကနဲဝေါကနဲတိုက်နေသည့်လေနှင့်အတူ ဗီတာမင်ဒီအပြည့်ပါသည့်နေရောင်ခြည်နွေးနွေးလေးကလဲသူတို့၏အရေပြားပေါ်ကျရောက်နေသည်။
မနက်7နာရီခွဲသာရှိသေး၍ မြို့ပြင်အထွက်လမ်းမှာကားအသွားအလာလဲကျဲနေ၍ ဂျိုးကလဲသူ့အကြိုက် အရှိန်တင်၍လွတ်လွတ်လပ်လပ်ကိုမောင်းနေလေသည်။
"ပျော်ရဲ့လားဟင်"
ရုတ်တရပ်မေးလာသောလက်ရုံး၏အမေးကို
ခြယ့်မှာနှစ်ခါပြန်မစဉ်းစားတုံ့ဆိုင်းခြင်းမရှိ
"ပျော်တယ်"
"နောက်ဆိုလဲကိုးတို့ခရီးတွေအများကြီးထွက်ကြမယ် အမှတ်တရတွေအများကြီးတူတူဖန်တီးကြမယ် မင်းဘယ်ကိုသွားချင်လဲ သိလားမင်းနဲ့အတူအိုမင်းသွားရမယ့်ကိုယ့်ရဲ့သက်ကြီးပိုင်းကာလတွေကိုတွေးပြီးကိုယ်ရင်ခုန်တယ်"
"အဲ့လောက်တောင်လားဟင်"
"အင်း ဒီလိုတောင်စဉ်းစားထားတာ အသက်တွေကြီးလာရင်ကိုယ်ကအရင်သေမယ်မင်းမရှိပဲကိုယ်အသက်မရှင်နိုင်လို့ကိုယ်အရင်သေပါ့မယ် မင်းသေရင်လဲကိုယ့်ရဲ့အုတ်ဂူအနားမှာမြုပ်ေပးဖို့မင်းမသေခင်မှာခဲ့ပေါ့ ကိုယ်တို့သေပြီးရင်တောင်တူတူရှိချင်တယ်"
လက်ရုံးစကားကြောင့်ခြယ့်မှာစိုးထိတ်စွာဖြင့်လက်ရုံး၏လက်မောင်းအားဖြတ်ခနဲရိုက်မိသွားသည်။
"ဖွဟဲ့ ဖတ်ဖတ် ခရီးသွားနေတာ သေတဲ့အကြောင်းတွေမပြောရဘူးလေ နမိတ်မရှိနမာမရှိ"
"အာဘွားပေးရင်မပြောတော့ဘူး"
"ဘာမှလဲမဆိုင်ဘူး"
"မပေးဘူးလားပဲပြော"
စကားမဆုံးလိုက်သေးခင်မှာပင်လက်ရုံးမျက်နှာသည်လက်နုနုလေးနှစ်ဖက်ဖြင့်ဆွဲယူခြင်းခံလိုက်ရပြီး ပါးပေါ်သို့အဆက်မပြတ်ကျရောက်လာသည့်နူတ်ခမ်းပါးပါးလေး။
ထိုနူးညံ့ပျော့ပျောင်းသည့်ပါးလွှာသည့်နူတ်ခမ်းပါးနှစ်ချပ်ဧ။်အထိေတွ့မှာလက်ရုံးအမြဲကျရူံးသည်။
ခြယ် လက်ရုံး၏မျက်နှာလေးအားဆွဲဖက်ထားရင်းမျက်နှာအနှံ့ကိုအဆက်မပြတ်အနမ်းမိုးတွေကြဲချပေးနေသည်။
"ချစ်လားဒီကောင့်ကို"
"ချစ်တယ် ချစ်တယ်လို့ ရွှတ် ပြွတ်"
"I love you more than I can say baby"
ဂျိုးမှာတော့ ကားမောင်းနေသည့်သူ့ကိုအားမနာအနောက်ခန်းတွင်ပလူးနေကြသည့်လက်ရုံးနှင့်ခြယ့်ကိုဘက်မှန်မှတဆင့်ကြည့်ကာ မဲ့ရွဲ့နေလေသည်။
ညားပြီးတာဖြင့်ကြာလှပြီဖြစ်သည့်ဒီလင်မယားတောင်ဒီလိုသဲကဲချင်နေကြတာ ဂျိုးလဲသူ့၏အသစ်စက်စက်ရည်းစားလေးနှင့်အူမြူးချင်မိတာမဆန်းပေ။
လဲ့လွင်သာပါလာရင်ဟုတွေးမိကာ ရန်ကုန်တွင်ကျန်ခဲ့မည့်လဲ့လွင်ကိုဂျိုးလွမ်းမိသွားပြန်သည်။
မနက်8ခွဲခန့်တွင်လက်ရံုးတို့ပဲခူးမြို့တွင်းသို့ရောက်သည်။ဗိုက်ဆာေနကြပြီဖြစ်၍
ပဲခူးမြို့မဈေး၌ မုန့်ဟင်းခါးဝင်စားကြသည်။
ဗိုက်ဆာဆာနှင့်မလို့ ဘူးသီးေကြာ်နှင့်မုန့်ဟင်းခါးပူပူကိုသိပ်ကိုခံတွင်းတွေ့သွားကြသည်။
အများကြီးစားနိုင်သူဂျိုးကတော့မုန့်ဟင်းခါးတစ်ပွဲလောက်နှင့်မတင်းတိမ်ပဲ နောက်ထပ်အစုံသုပ်တစ်ပွဲပါထပ်မှာလိုက်ပြီး မုန့်ဟင်းရည်ကိုဟင်းခါးလုပ်ကာပူပူလောလောမှုတ်သောက်ကာမြိန်ရေယှက်ရေစားလေသည်။
ပဲခူးမြို့တွင်းသို့ရောက်သည်နှင့်များပြားသောကားများနှင့်လူများကိုပြန်မြင်ရတော့သည်။ဈေးအတွင်းဖြစ်နေ၍ အသံဗလံများစုံစံစိနေလေသည်။
လူထူသည့်နေရာဖြစ်၍ ဂျိုးကလဲသူ့တာဝန်အတိုင်းလက်ရုံးကိုမျက်စိအောက်ကအပျောက်မခံပေ။
မြို့မဈေးအတွင်းဟိုဟိုဒီဒီပတ်ကြည့်နေကြသည့်လက်ရုံးနှင့်ခြယ့်နောက်မှတပ်ကြပ်မခွာလိုက်ရင်း တယောက်ယောက်ကများအန္တရာယ်ပြုနိုင်မလားဟုဂျိုးသတိကပ်ကာသိန်းငှက်မျက်လုံးနှင့်ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေရသည်။
"မြခြယ် ဟိုးမှာ ဘာမုန့်လေးတွေလဲမသိဘူး လေးထောင့်တုံးလေးတွေ စားကြည့်မလား"
"ရွှေကျီထင်တယ် သွားကြည့်ရအောင်"
"မလိုင်ဝယ်ရအောင် သူငယ်ချင်းတွေကိုလဲလက်ဆောင်ပေးလို့ရတယ်"
"ငှက်သိုက်စားချင်တယ်"
ပဲခူးမြို့၏နာမည်ကြီးထုတ်ကုန်တွေကိုမြို့မဈေးအတွင်းလှည့်ပတ်ဝယ်ယူရင်းလက်ရုံးတို့ပျော်ပါးနေကြသည်။
ပဲခူး၏အဓိကနာမည်ကြီးထုတ်ကုန်ဖြစ်သည့် ငါးဖယ်ချဉ်၊ပုဇွန်ချဉ်များကိုလဲမပါမဖြစ်ကဝယ်ရသေးသည်။
ထို့နောက်ဈေးမှာဟိုဟိုဒီဒီဝယ်စရာရှိတာဝယ်ပြီး သွားရမည့်နေရာသို့ဂျိုးဆက်မောင်းလာခဲ့သည်။
ဂျိုးလဲပဲခူးလမ်းတွေဘက်သိပ်မကျွမ်းတာမလို့ GPSသာအားကိုးပြီးမောင်းနှင်နေရလေသည်။
ပဲခူးတိုင်းဒေသကြီး**မြို့တို့အတန်ကြာခရီးနှင်လာခဲ့ရသည်။
***မြို့အတွင်းနည်းနည်းထပ်မောင်းပြီး ***ရွာဟူသည့်ဆိုင်းဘုတ်အရောက် ဂျိုးလမ်းချိုးလေးအတွင်းသို့ချိုးဝင်လိုက်ပြီး ထိုကားလမ်းမှတစ်ဆင့်ညာဘက်ကိုထပ်ချိုးလိုက်တော့လမ်းသွယ်တစ်ခုကိုရောက်သည်။
ထိုလမ်းသွယ်အတွင်းမောင်းလာရင်းသူတို့လာသည့်နေရာကိုတွေ့ရလေပြီ။
ဂျိုးသည် ထိုနေရာ၏မုဒ်ဦးဝနံဘေးတွင်ကားကိုကပ်ရပ်လိုက်လေသည်။
****ကျောင်းတိုက်
ကားတံခါးဖွင့်လိုက်သည်နှင့်ခြယ်ကအားကြိုးမာန်တက်ဖြင့်ကားနောက်ခန်းရှိစက္ကူပုံးများအားအပြေးသယ်ပါတော့သည်။
ဗလာစာအုပ်တွေ၊ကျောင်းသုံးဖတ်စာအုပ်တွေကြီးထည့်ထားတာမလို့စက္ကူပုံးတွေကအတော်တော့လေးလံနေလေသည်။
စက္ကူပုံးကြီးကိုမနိုင်မနင်းသယ်ထားသောခြယ့်ကိုမြင်တော့လက်ရုံးမှာမျက်ပြူးဆန်ပြာဖြစ်သွားရသည်။
"အမလေး မြခြယ်ရေ လေးတယ် မမလိုက်နဲ့ ကိုယ်မမယ်လို့ အလေးကြီးတွေလေ အမလေးလေး"
လက်ရုံး ခြယ့်လက်ထဲမှစက္ကူပုံးကြီးအားအပြေးလွှားဖြင့်သူ့လက်ထဲပြောင်းယူလိုက်တော့သည်။
လက်ရုံးအလေးပင်တွေမနေတာမြင်တော့ဂျိုးလဲအလိုက်တသိဖြင့်ပင် ကျန်နေသည့်စက္ကူပုံးနှစ်ပုံးအားဆင့်ကာမလိုက်သည်။
"ကိုဘုန်းပြည့် ခြယ်သယ်ပါ့မယ် ဖြစ်ရဲ့လား ခြယ့်ကိုတပုံးပေးပါ"
"ကျွန်တော်ရတယ် မင်းမနိုင်ဘူး ပုံးတွေကလေးတယ်"
"ရေ20လီတာဘူးလောက်တောင်မလေးပါဘူး"
"မြခြယ်ထားလိုက်လို့ အဲ့အကောင်သူ့အလုပ်သူလုပ်ပါစေ အလုပ်သမားတွေကိုသိပ်မျက်နှာသာမပေးနဲ့ရောင့်တက်တယ်"
ဘုန်းကြီးကျောင်းဝန်းအတွင်းသို့မဝင်ခင်လက်ရုံးနှင့်ခြယ်တို့ကိုယ့်ဖိနပ်လေးကိုအဝင်ဝနားမှာကပ်လျက်ချွတ်လိုက်ကြသည်
"ဟိုကောင် ဘုန်းကြီးကျောင်းထဲဝင်ရင်ဖိနပ်ချွတ်ရတယ် ဒါတောင်နားမလည်ဘူးလား ကလေးတောင်သိတယ်"
"ငါကဘယ်လိုသိမလဲ"
ဝင်ဝင်လိုက်ချင်းတွင်ပဲ ***ဘုန်းေတာ်ကြီးသင်ပညာေရးေကျာင်းဟူသည့်အပြာရောင်တီရှပ်ကိုဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက်ကသူတို့ဆီပြုံးပျော်ရွှင်စွာအပြေးလာလေသည်။
"ဆရာတို့ရောက်လာကြပြီလား အလေးကြီးတွေသယ်လာရတာပဲ အားနာစရာ နေနေ ဒီကကလေးတွေသယ်ခိုင်းလိုက်မယ် ဝေဖြိုးနဲ့နိုင်ဦးတို့ရေ လာကြပါအုန်း ဒီမှာဧည့်သည်တွေကိုပစ္စည်းတွေလာကူသယ်ပေးလိုက်ကြပါ!!!
"ရပါတယ် နေပါစေ ကျွန်တော်တို့နိုင်ပါတယ် ရ ရ
လက်ရုံးစကားကိုနားမထောင်စွာပင် အပြေးလာကူသယ်ကြသည့်ထိုလူငယ်နှစ်ယောက်ကဂျိုးနှင့်လက်ရုံးလက်ထဲမှပုံးများကိုသယ်သွားပေးကြလေသည်။
"ဆရာတို့မောလာကြမှာပေါ့ ဒါပေမဲ့လဲ ဆရာတော်ကိုအရင်ဆံုးဦးတိုက်ပေးပါနော်"
"ဟုတ်ကဲ့ခင်ဗျ"
"ကျွန်မနောက်ကလိုက်ခဲ့ပေးပါနော်"
ဧည့်သည်တွေကိုထိုစေတနာ့ဝန်ထမ်းအမျိုးသမီးကပဲ ကျောင်းထိုင်ဆရာတော်သီတင်းသုံးရာကျောင်းဆောင်သို့လမ်းပြခေါ်သွားပေးလေသည်။
ဆရာတော်ရှေ့မှောက်အရောက် လက်ရုံးနှင့်ခြယ် ဆရာတော်ကြီးအားထိခြင်းငါးပါးဖြင့်
ရိုရိုသေသေဦးချကန်တော့ကြလေသည်။
ကိုးကွယ်ရာမဲ့ဂျိုးလဲ လက်ရုံးတို့ရှိခိုးနေကြသည်ကိုတွေ့နေရ၍ အားနာပါးနာနှင့်သူလဲဝင်ပြီးဦးသုံးကြိမ်ချလေသည်။
ဆရာတော်ကသူတို့ကိုအမောပြေရေအေးတစ်ခွက်တိုက်၍ ဆွမ်းတော်စွန့်လာသည့်အသီးအနှံများကိုချကျွေးလေသည်။
"အေးကွယ် ဒီမှာလေမိဘမဲ့ကလေးတွေကအတော့်ကိုပေါမှပေါပဲ ဦးဇင်းလဲအစကစွန့်ပစ်ခံရတဲ့ကလေးတွေတယောက်စနှစ်ယောက်စစောင့်ရှောက်ပေးရင်းနဲ့ တဖြည်းဖြည်းလူတွေကလေဒါမိဘမဲ့ကလေးတွေကိုမွေးပေးတယ်ဆိုပြီး ကျောင်းရှေ့မှာလာလာပစ်ကြတော့တာပဲကွယ် ဒီမှာတော့မိဘမဲ့ကလေးက34ယောက်ဘုန်းဘုန်းစောင့်ရှောက်ထားတယ်"
"တင်ပါ့ဘုရား"
"ဒကာလေးတို့ဇနီးမောင်နှံကလေးတယောက်ကိုတရားဝင်သားသမီးအဖြစ်မွေးစားချင်တာ ဘုန်းဘုန်းဝမ်းသာတယ်ကွယ် ဒကာလေးတို့လိုပြည့်စုံချမ်းသာတဲ့သူတွေလက်ထဲမှာဆိုကလေးဘဝလဲအစစအရာရာအဆင်ပိုပြေမာပဲ မွေးစားခံရမယ့်ကလေးတော့ကံကောင်းတာပေါ့ကွယ်"
"တင်ပါ့ဘုရား တပည့်တော်မတို့လဲကိုယ့်သားရင်းသမီးရင်းလေးလိုစောင့်ရှောက်သွားချင်တာပါဘုရား"
ဆရာတော်ကြီးသည်သက်တော်ကြီးရင့်နေပြီဖြစ်ေသာ်လဲ ကျန်းမာရေးအေတာ်ေလးကောင်းပုံရှိသည်။
သမာဓိအားကောင်းပြီး သူတော်ကောင်းတရားအမှန်တကယ်ကျင့်၍ ဆရာတော့်၏မျက်နှာေတာ်သည်ကြည်ညိုဖွယ်အတိပင်ဖြစ်သည်။
သက်တော်73ဟုမထင်ရအောင်ပင်မျက်နှာတော်သည်နုပျိုလေသည်။
ဆရာတော့်နူတ်မှတိုက်ရိုက်တော့မဟုတ်ပဲ အရိပ်မြွက်ပေးကာနှစ်လုံးသုံးလုံးဂဏန်းပေးတတ်သည်ဟု သတင်းကြီး၍ဟိုကောင်ဂျိုးမှာနားတစွင့်စွင့်ဖြစ်နေသည်။
"ကလေးတွေအားလုံးကတော့လိမ္မာရေးခြားရှိကြပါတယ်ကွယ် အရင်ဘဝကကုသိုလ်ကံမကောင်းလို့ဒီဘဝမှာမိဘမဲ့လေးတွေဖြစ်ေနရလို့ဒီဘဝမှာစိတ်ထားလေးတွေကောင်းကောင်းမွေးမြူကြလို့ဦးဇင်းသင်ပေးထားတယ်"
"မှန်ပါ့ဘုရား ဆရာတော့်အရိပ်မှာခိုလူံရတာသူတို့လေးတွေအတွက်ကံကောင်းပါတယ်ဘုရား"
လက်ရုံးနှင့်ဆရာတော်ဘုရားအပြန်လှည်စကားပြောဆိုနေကြပြီး ရုတ်တရပ်ပြောစရာစကားပျောက်ဆုံးသွား၍လေထုငြိမ်သက်သွားလေသည်။
ဆရာတော်ဘုရားမှအတန်ကြာနူတ်ဆိတ်နေလိုက်ပြီး အတန်ကြာမှကောက်ကာငင်ကာဖြင့်
"ရေကြက်"
လက်ရုံးကနားမလည်နိုင်စွာဖြင့်
"ဘာကိုဆိုလိုတာလဲ ဘုရား"
ဆရာတော်မြွက်ကြားသမျှကိုလိုက်နားစိုက်ထောင်နေသည့်ဂျိုးကတော့ နားရွက်ထောင်သွားလေသည်။
"ရေကြက်ပါဒကာလေး"
"တင် တင်ပါ့ဘုရား"
ဆရာတော်မှနှစ်ကြိမ်နှစ်ခါပင်မြွက်ကြွားသွားလေသည်။
ဂျိုးကတော့ဆရာတော့်အရိပ်မြွက်ပြစကားကိုချက်ချင်းပင်ကောက်လိုက်ပြီးဖြစ်သည်။
**ရေဆိုတော့၄ ကြက်ဆိုတော့၂ ဟုတ်ပြီ ၄၂ ၂၄ အပိုင်အောပစ်ပြီပဲကွ ဒီကောင်ဂျိုးတို့ချမ်းသာကိန်းစိုက်ပြီ**
ဆရာတော်မှ လက်ရုံးနှင့်ခြယ်၏အနောက်ဘက်တွင် ခေါင်းငိုက်စိုက်လျက်တင်ပျဉ်ခွေထိုင်နေသည့်ဂျိုးကိုကြည့်ပြီးပြုံးတော်မူလေသည်။
ထို့နောက်လောဘသားကောင်ဂျိုး၏စိတ်အကြံကိုသိတော်မူနေသည့်အလားဤသို့မိန့်လေ၏။
"ဒကာကြီး တန်ဆေးလွန်ေဘးပါ"
"ဗျာ အော် ဟုတ် မှားလို့ တင်ပါ့"
ထိုသို့လောဘသားကောင်ဂျိုးကိုအနည်းငယ်ဆုံးမတော်မူပြီး ဆရာတော်လဲနူတ်ဆိတ်နေလိုက်သည်။
နာရီလဲ11နီးပြီဆိုတော့လက်ရုံးလဲအလိုက်တသိဖြင့်ပင်
"ဆရာတော်ဆွမ်းဘုန်းရေတာ့မယ် ကိုယ်တို့လဲထကြရအောင် အရှင်ဘုရားဆွမ်းစားပါစေ"
"ဒါဆိုတပည့်တော်တို့ထနှင့်ပါ့မယ်ဘုရား"
လက်ရုံးတို့လဲဆရာတော်ကိုဦးချကန်တော့ပြီး ဆရာတော်သီတင်းသုံးရာကျောင်းဆောင်အပြင်သို့ထွက်ခွာလာခဲ့တော့သည်။
သူတို့ယူလာပေးသောဗလာစာအုပ်အသစ်လေးများအားလှန်လှောကြည့်ရင်း ခဲတံ၊ခဲဖျက်၊ကွန်ပါဘူးများကိုဝမ်းသာအားရကိုင်တွယ်ကြည့်နေသည့်ကလေးများအားလက်ရုံးပြုံးလျက်ကြည့်ေနသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်၍ သူငယ်တန်းမှလေးတန်းအထိသာရှိလေသည်။
မိဘမဲ့ကလေးများနှင့်ဒီေကျာင်းေနကိုရင်ေလးများသာမက ရွာနီးစပ်ရှိကလေးများကပါဒီကျောင်းလေးမှာပညာလာရောက်သင်ယူကြ၍ကျောင်းသူကျောင်းသား၁၀၀ကျော်ခန့်ရှိသည်။
ဒီကကလေးများကကျောင်းဝတ်စုံအဖြူအစိမ်းအစား အပြာရောင်တီရှပ်ကိုယူနီေဖာင်းလိုဝတ်ကြသည်။
ကိုရင်လေးများကတော့သင်္ကန်းလေးများနှင့်ပင်။
ကျောင်းသို့အလည်ရောက်လာသည့်သူတို့သုံးယောက်ကိုထိုကလေးများကမျက်လုံးအဝိုင်းသားလေးများဖြင့်အထူးတဆန်းစူးစိုက်ကြည့်နေကြလေသည်။
"11ခွဲတော့မယ် ကိုရင်လေးတို့ဆွမ်းစားဆောင်ကိုကြွပါဘုရား"
"ကလေးတွေလဲထမင်းစားကြမယ်"
မိဘအိမ်ရှိသည့်ကလေးများကတော့နေ့ခင်းထမင်းစားနားချိန်မိဘအိမ်သို့ပြန်ကာထမင်းစားကြသည်။
မိဘမဲ့ကလေးများကတော့သူ့တို့အလုပ်သူတို့သိစွာ ဘယ်သူမှပြောစရာမလိုပဲ မီးဖိုဆောင်သို့စည်းကမ်းရှိရှိတန်းစီသွားကြသည်။
"ကလေးတွေလိမ်မာတယ်နော် စည်းကမ်းရှိကြတယ်"
"ဟုတ်တယ်"
ခုံတန်းရှည်ကြီး၏နှစ်ဖက်တွင်ကလေးငယ်များအသီးသီးနေရာယူပြီးကြပြီး တာဝန်ခံဆရာမနှစ်ယောက်နှင့် ဘုန်းကြီးကျောင်းသားလူငယ်လေးနှစ်ယောက်က ထမင်းပန်းကန်တွေလိုက်ချပေးပြီး ဟင်းများအညီအမျှထည့်ပေးလေသည်။
ထိုကလေးများကဦးစွာထမင်းမစားခင် ဒီနေ့လည်စာထမင်းတစ်နပ်လှူဒါန်းသောအလှူရှင်များအားဦးစွာမေတ္တာပို့ကြရသည်။
"အာဟာရပြုသော အလှူရှင်မိသားစုများကျန်းမာပါစေ၊ချမ်းသာပါစေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ ဘေးရန်ကင်းကွာကြပါစေ"
တညီတညာတည်းထွက်ပေါ်လာသည့် အလှူရှင်များထံရည်မှန်းဆုတောင်းမေတ္တာပို့သသံ။
သုံးကြိမ်သုံးခါမေတ္တာပို့ပေးပြီးမှ ထိုထမင်းနှင့်ဟင်းကိုစားကြရသည်။
အသားဟင်းနှစ်ဖက်နှင့်ဟင်းအနှစ်၊အသီးအရွက်ကြော်တစ်မျိုးပါသည့်ကလေးတွေဧ။်တနပ်စာကိုကြည့်ပြီးလက်ရုံးစိတ်မကောင်း။
"တွေ့လား ကိုလက်ရုံး ရှင်သိပ်ဂျီးကြောင်မများနဲ့"
"ဟုတ်ကဲ့ပါမြခြယ် နောက်ဆိုကျွန်တော်ဂျီးမများတော့ပါဘူးဗျ"
****
ထမင်းစားနားချိန်ပြီး၍ လက်ရုံး သူငယ်တန်း၊တစ်တန်းကလေးများနှင့်အတူ ဘုန်းကြီးကျောင်းအေရှ့ဘက်ရှိေညာင်ပင်ရိပ်ေအာက်မှာဆော့ကစားနေကြသည်။
ဒီနေ့ကတော့့ဧည့်သည်တော်လက်ရုံးကြောင့်ကလေးများစာမသင်ရပဲအခွင့်ထူးခံဖြစ်နေသည်။
သူတို့ဆော့နေသည်ကိုတာဝန်ခံဆရာမနှင့်ခြယ်ကလဲမိန်းကေလးငယ်ေလးများနှင့်အတူ
ေမြေပါ်ဖိနပ်ခုထိုင်၍ကြည့်နေလေသည်။
လက်ရုံးအသင်းမှ ကလေးတစ်ယောက်က ဂျိုးအသင်းမှအသင်းသားများကိုကျော်ဖြတ်၍ဖိနပ်နှစ်ဖက်နှင့်ဂိုးေပါက်လုပ်ထားသည့် ဂိုးရှိရာသို့ဆွဲပြေးလာလေသည်။
ဂိုးပေါက်နားအရောက် ဂိုးသမားဖြစ်သည့်ဂျိုးကိုေရှာင်ကာဂိုးအတွင်းသို့ဂိုးသွင်းယူလိုက်သည်။
ဂျိုးကလဲကလေးကိုအလွယ်တကူပင်အလျှော့ပေးကာ ဖမ်း၍မိနိုင်သော်လဲအလွယ်တကူပင်ကေလးစိတ်ချမ်းသာေအာင်အလွတ်ပေးလိုက်လေသည်။
"ဂိုးးး ဂိုးးး"
ဂိုးသွင်းလိုက်သောအသင်း၏သူရဲကောင်းလေးက သူတို့အသင်းခေါင်းဆောင်လက်ရုံးရှိရာသို့ပြန်ပြေးလာကာအောင်ပွဲခံလေသည်။
လက်ရုံးကလဲထိုကလေးကိုဆီးဖမ်း၍လေပေါ်
မြှောက်ချီလိုက်ကာဂုဏ်ပြုသည်။
"3ဂိုး0ကွ ကိုကြီးတို့အသင်းက3ဂိုးကွ ဟားဟား"
"သားတို့နိုင်မှာ"
3ဂိုးေတာင်ပေးထားရပြီဖြစ်၍ဂျိုးအသင်းက ကလေးတွေကတော့မသက်မသာနှင့်ရူံ့မဲ့မဲ့ဖြစ်ကုန်ကြပြီ။
"ဒီလိုမှန်းသိရင်ကအဲ့ကိုကြီးအသင်းမှာပဲနေပါတယ် ဒီဦးေလးကြီးကအသုံးလဲမကျဘူး ဂိုးချည်းပေးနေတာပဲ"
"ဟုတ်တယ် သုံးစားလို့လဲမရဘူး သူ့ကိုထုတ်ပစ်"
"ဟ"
ဂျိုးသူ့အသင်းသားများထံမှသူ့ကိုငြိုငြင်သံများထွက်ပေါ်လာ၍ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဂျိုးခေါင်းတချက်ငြိမ့်ပြလိုက်ပြီး ချက်ချင်းပင်ပုဆိုးကိုပြင်ဝတ်လိုက်သည်။
"စိတ်မပူနဲ့ နိုင်ချင်တာမလား ဦးပြန်သွင်းပေးမယ်"
"ကဲ ပြန်စမယ်နော်"
ဂျိုး ဘောလုံးကိုပြန်ကောက်ကာကွင်းလယ်တွင်ရှိနေသောသူ့အသင်းသားကလေးတယောက်ထံလှမ်းကန်တင်ပေးသည်။
ထိုကလေးကလက်ရုံးတို့ဂိုးပေါက်အနားကိုဘောလုံးဆွဲပြေးသည်။
လက်ရုံးအသင်းသားများ၏ဖြတ်ထုတ်မှုကြောင့်ဂိုးပေါက်ပင်မခြိမ်းခြောက်လိုက်ရ။
"ဟုတ်ပြီ ဆွဲသွား ဆွဲသွား ကန်ထည့်ပလိုက်"
"ဟာကွာ"
တစ်ဖန် ဂျိုးဘက်မှအသင်းသားေလးအားကြိုးမာန်တက် လက်ရုံးတို့နောက်တန်းကို
ဖြတ်ကျော်၍ ဂိုးပေါက်ဆီအပြေးလာခဲ့သည်။
သူေနာက်တန်းကိုကြိုးစားပမ်းစားဖြတ်ထုတ်ကာ ဂိုးေရှ့ထိဆွဲယူလာသော်လဲ လက်ရုံးက
ကန်ခွင့်ပင်မပေးပဲ ထိုကလေးထံမှေဘာလံုးကိုဖြတ်ထုတ်၍ကွင်းလယ်သို့ကန်ထုတ်ပစ်လိုက်တော့သည်။
အားကြိုးမာန်တက်ဂိုးရှေ့ထိဆွဲသွင်းလာသော်လဲ ကန်ခွင့်မရလိုက်ရ၍ထိုကလေးငယ်ကငိုမဲ့မဲ့ဖြစ်သွားသည်။
အတည်ပေါက်ကြီးဖြစ်နေသောလက်ရုံးကြောင့်ခြယ့်မှာဘာပြောလို့ပြောရမှန်းမသိ။
ချွေးသံတရွှဲရွှဲနှင့် ဝတ်လာသည့်ယောပုဆိုးနီညိုရောင်ကိုဒူးလယ်ထိပြင်ဝတ်ထားပြီး ပုဆိုးမှာလဲဖုန်တွေပေကျံနေသည်။
အပေါ်မှနက်ပြာရောင်လည်ကတုံးကိုလဲ ကြယ်သီးတွေဆွဲဖြုတ်ထားလျက် အကျီလက်တွေကိုဆွဲတင်ထားကာ တကယ့်ကိုအတည်ပေါက်ကြီးနိုင်လိုစိတ်ပြင်းထန်နေသည်။
ကလေးတွေကိုလဲ အလျှော့ပေးခြင်းမရှိပဲ လာသမျှဘောလုံးကန်ထုတ်ပစ်ပြီးဂိုးသွင်းခွင့်လုံးဝကိုမပေးချေ။
"ဒီသားသားလေး ဂိုးခဏစောင့်ထား ဦးရှေ့တက်မယ်"
"ဟင့်အင်း ဂိုးမစောင့်ချင်ဘူး"
"ဂိုးလိုချင်တယ်မလား ဦးသွင်းပေးမယ် လိမ်မာတယ် ဂိုးခဏစောင့်"
ဂျိုး ကလေးတွေထံမှဘောလုံးကိုအသာယာပင်ဖြတ်လုခဲ့သည်။
ထို့နောက် လက်ရုံး၏ကလေးတပ်ဖွဲ့ကိုထမင်းစားရေသောက်ဖြတ်ကျော်ကာလက်ရုံးတို့ဂိုးပေါက်ဆီရောက်ရှိလာခဲ့သည်။
အရှိန်အဟုန်နှင့်ဆွဲပြေးလာသောဂျိုးကိုလက်ရုံးက
"ဟဲ့ မင်းကအနောက်မှာပဲဂိုးစောင့်ရမှာလေ ဟျောင့် ဒီလိုမရ"
ဂျိုးမှာလက်ရုံးစကားကိုနားမဝင်ပဲ ဂိုးပေါက်အတွင်းသို့လှလှပပကန်သွင်းယူလိုက်လေသည်။
"ဂိုးး ဂိုးး"
"ငါတို့အသင်းဂိုးပြီ ရေးးရေးး"
"ဟျောင့် မင်းညစ်တယ်"
"ဘာမှလာမပြောနဲ့ 3:1"
လက်ရုံး ဂျိုးကိုရတယ်လေဟူသည့်အထာမျိုးနှင့်ခေါင်းငြိမ့်ပြလိုက်ပြီး အနောက်ဘက်ရောက်သွားသည့်ဘောလုံးကိုသွားပြန်ကောက်လာသည်။ပြန်စပြီဟုမပြောရသေးခင်မှာပင် လက်ရုံး ထိုဘောလုံးကိုဂျိုးရှိရာသို့တည်ကန်ချပစ်လိုက်သည်။
အရှိန်ပြင်းပြင်းဖြင့်ဘောလုံးကဂျိုး၏ပုခုံးကိုလာရောက်ထိမှန်တော့သည်။
ဂျိုးပုခုံးအောင့်သက်သွားပြီး
"ငလုံးလက်ဖယ် မင်းတမင်လုပ်တာမလား"
"မသိဘူးလေ"
"မင်း
လေထုကခက်ထန်လာ၍ခြယ်ဝင်ပါရတော့သည်။
"တော်တော့ ကိုးတော်တော့ ချွေးတွေရွှဲနေပြီလေ ရပ်တော့"
"ကိုယ်မမောသေးဘူး အဲ့အကောင်ကလူပါးဝလို့"
မကြာခင်ဖခင်တစ်ယောက်အဖြစ်ရပ်တည်ရတော့မည့်သူကခုချိန်ထိရင့်ကျက်မှုမရှိသေးတာမြင်ရတော့ တာဝန်ခံဆရာမစိတ်ထဲစနိုးစနောင့်ဖြစ်သွားရလေသည်။
မျက်နှာကြီးတင်းမာနေသောလက်ရုံးကိုကလေးတွေကပါမဝံ့မရဲမော့ကြည့်နေကြပြီဖြစ်သည်။
ကလေးတွေရှေ့မှာလက်ရုံး၏ကြမ်းတမ်းသည့်အပြုအမူကြောင့်ခြယ့်မှာလက်ရုံးကိုမကျေမနပ်ဖြစ်နေသည်။
သူ့အားအပြစ်တင်သည့်အကြည့်များဖြင့်ကြည့်နေသည့်ခြယ့်ကြောင့်လက်ရုံးမှာမျက်နှာလေးငယ်ကျသွားသည်။
ထို့နောက်ခြယ် လက်ရုံး၏နားနားသို့ကပ်၍ခပ်ကြိတ်ကြိတ်ဆူပါတော့သည်။
"ကိုးဘာဖြစ်နေတာလဲ ကလေးတွေနဲ့အပျော်ဆော့တာဒီလောက်အသဲသန်ဖြစ်နေရလား နိုင်ရင်ဘယ်နှပြားရမှာမလို့လဲ"
"ကိုးဘာဖြစ်လို့လဲ"
"တော်တော့ ဆက်ဆော့ရင်ကလေးတွေရှေ့နှစ်ယောက်သားထသတ်နေကြမယ် တော်လိုက်တော့"
လက်ရုံးကလေးတွေဘက်သို့လှည့်၍
"တော်ပြီ ကိုကြီးမောပြီကွာ တော်ကြရအောင်"
"ဟာ ဆက်ကန်ကြမယ်လေ ဟွန်းး"
ထိုအခါမြေကြီးတွင်ေဘာလံုးပွဲထိုင်ကြည့်နေကြသည့်မိန်းကလေးများကလက်ရုံးထံသို့ပြေးလာကြကာ
"ကိုကြီးသမီးတို့လဲဆော့ချင်တယ်လေ သူတို့ပဲဆော့နေရတယ် သမီးတို့လဲကစားချင်တယ်လို့"
"ဟုတ်တယ် ဟုတ်တယ် သူတို့ချည်းပဲဆော့နေတာမီးတို့မဆော့ရသေးဘူး"
"သမီးတို့ကဘာဆော့ချင်လို့လဲ"
"ဥပစ်ကြမယ်"
"ဘောလုံးပဲကန်မာ"
မိန်းကလေးများနှင့်ယောကျာ်းလေးများ ဥပစ်မည်ဘောကန်မည်နှင့်အငြင်းပွားကုန်ကြ၍ လက်ရုံးကပင် လူကြီးလူကောင်းဆန်ဆန်ဆုံးဖြတ်ပေးလိုက်ရသည်။
"ကဲ ကဲ ကောင်မလေးတွေကိုဥပစ်ပေးလိုက်တာပေါ့ ငါ့ကောင်တွေ သားတို့ကအကြာကြီးဆော့ပြီးပြီလေ သူတို့နဲ့တူတူဥတပွဲလောက်ပစ်ပေးလိုက်ကြပါ"
***
"တစ်ဥ အဝါလေးနဲ့ သား ဝင်လာ"
"ကိုလက် သားလဲပြန်ဝင်ချင်တယ် သားကိုလဲဥဖမ်းပေး"
"ကိုလက်နှစ်ဥဖမ်းပေး"
ကလေးများကကိုလက်ရုံးသုခဆိုသည်ကိုနားစွန်နားဖျားကြားလိုက်ရပြီး နာမည်အပြည့်စုံလဲမသိတော့ သူတို့ဟာသူတို့အဆင်ပြေသလိုကိုခေါ်နေကြသည်။
လက်ရုံးမှာတော့ သူ့ဘဝမှာတခါမှအခေါ်မခံရဖူးသည့်နာမည်ကိုအခေါ်ခံနေရသည်။
သူတို့စိတ်ချမ်းသာသလိုခေါ်ပါစေဆိုကာလွှတ်ထားပေးလိုက်သည်။
သူတို့လုပ်မှပဲအမေပေးထားသည့်နာမည်လှလှလေးက လက်ဖြစ်နေရပြီ။
"ကိုလက် ဆယ်နှစ်ကြိုးစားပေး"
"မရဘူး မရဘူး လက်ကလူကြီးလေ 15နှစ်ပဲ"
"မရဘူး"
"တော်ပြီကွာ မောပြီ ကိုကြီးအစားတယောက်ဝင်ပြေးပေး နားတော့မယ်"
"ဟာ ကိုလက်ကလဲ"
လက်ရုံး ကစားဝိုင်းအတွင်းမှခဏထွက်၍ မြေပေါ်တွင်ထိုင်ကြည့်နေသည့်ခြယ့်ဘေးသို့လှဲချလိုက်သည်။
"ဟော မြေကြီးပေါ်ဘယ်သူဖျာခင်းပေးထားတာလဲ ပေတေကုန်ပြီအကုန် ကိုးရာ"
"မိန်းမကလဲကိုယ်မောေနလို့ဟာကို ပေပြီးသားပဲ ဘာမှဖြစ်မသွားပါဘူး"
ပြောရင်းနှင့်လက်ရုံး ခြယ့်ပေါင်ပေါ်သို့ခေါင်းအုန်းမည်အလုပ်
"ဘာဖြစ်နေတာလဲ လူမြင်မသင့်တယ်တာ"
"ဘာဖြစ်လဲကွာ"
"ကိုး ထလို့"
လူမြင်ကွင်းတွင်ဆိုရှက်တတ်သည့်ခြယ့်အကြောင်းကိုသိ၍လက်ရုံးကပင်အလျှော့ပေးလိုက်ရသည်။
ထို့နောက် လက်ရုံးရေဆာနေမည်ကိုသိ၍ ခြယ်အသင့်ဘေးနားယူထားသည့် Royal Dပုလင်းကိုလက်ရုံးထံသို့ကမ်းပေးရင်း
"ကိုလက်ချွေးတွေနဲ့ပါလား ရော့ Royal Dသောက်လိုက်"
"ဟာ ဒါကိုလက်ငယ်ငယ်ကကြိုက်ခဲ့တဲ့Royal Dပါလား"
"အဟားဟား"
လက်ရုံး သူ့မိန်းမအနားမှာပတ်ချွဲနပ်ချွဲလေးများဆိုရင်းခြယ့်အနားသို့ပိုးတိုးကပ်ကာကလေးတစ်ယောက်လိုကပ်ချွဲနေမိသည်။
"မြခြယ် ကိုယ်ရှူးပေါက်ချင်လို့ အိမ်သာသွားလိုက်အုန်းမယ်လို့"
"တကယ် တကယ် ရှူးပေါက်ချင်တာလို့"
"ရှူးပေါက်ချင်တာလား ဆေးလိပ်သွားခိုးသောက်မှာလား "
"တစ်ဖွာ နှစ်ဖွာပါ ဟဲဟဲ"
လက်ရုံး မိန်းမဖြစ်သူထံရိုးသားစွာနှင့်အမှန်တိုင်းဝန်ခံရရှာသည်။
ထို့နောက်
ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ခပ်သွက်သွက်ပြေးဝင်ကာ အိမ်သာအမြန်လိုက်ရှာပြီးကိစ္စရှင်းလိုက်ရသည်။
ကိစ္စရှင်းပြီးလို့အပြင်ရောက်သည်နှင့် ပုဆိုးအောက်မှာခံဝတ်လာသည့်ဘောင်းဘီတိုထဲမှာမိန်းမမသိအောင်ခိုးထည့်လာရသည့် စီးကရက်ဘူးနှင့်မီးခြစ်ဘူးကိုထုတ်ကာဆေးလိပ်တစ်ဖွာနှစ်ဖွာရိူက်သည်။
ထို့နောက် ဘုန်းကြီးကျောင်းဝန်းအပြင်ဘက်သို့ပြန်ထွက်လာစဉ် ကျောင်းဝန်းအတွင်းရှိကံကော်ပင်မှာကပ်ရိုက်ထားသည့်အုတ်ပလ္လင်မှာတယောက်ထဲထိုင်နေသည့်ကလေးငယ်တယောက်အားမြင်လိုက်ရ၍လက်ရုံးစိတ်ဝင်စားသွားသည်။
ထိုအကောင်ပေါက်လေးကခေါင်းငိုက်ချကာထိုင်နေ၍သူ့မျက်နှာလေးအားလက်ရုံးသဲသဲကွဲကွဲမမြင်ရသေးပေ။
ချောင်းတစ်ချက်ဟန့်ကာအသံပြုလိုက်ရင်းထိုကလေးအနားသို့လျှောက်သွားရင်း
"ဟေ့ အသေးလေး"
သူ့အသံကြားတော့ထိုပေါက်စနကခေါင်းထောင်ကြည့်လာသည်။
မျက်နှာကတလောကလုံးသူ့လုပ်စာထိုင်စားနေသည့်အလားခပ်ချေချေမျက်နှာပေးနှင့်မော့ကြည့်လာ၍လက်ရုံးတောင်ဖြုံသွားရသည်။
သူ့ကြည့်တော့တစ်ကိုင်စာလောက်နှင့်ဘုကြည့်ကြည့်လာ၍လက်ရုံးသူငယ်ငယ်ကပုံစံကိုတထပ်တည်းပြန်မြင်လိုက်ရသလိုပင်။
"သားကဒီမှာဘာလုပ်နေတာလဲကွ"
"ထိုင်နေတာ"
"ထိုင်နေတာလား"
"မထိုင်လို့ထနေရမှာလားဗျ"
"ငါဘာပြောမိလို့လဲကွာ မင်းကစိတ်ကြီးပါလား"
လက်ရုံးသည် ထိုကလေးထိုင်နေသည့်ကံကော်ပင်ရင်းတွင်ဒူးထောက်ထိုင်ချလိုက်သည်။
နီးနီးကပ်ကပ်မြင်ရသွားသည့်ထိုကောင်လေး၏မျက်နှာအားလက်ရုံးအကဲခတ်မိသည်။
ဆရာသမားကရွာကသာဆိုတယ် အသားအရေကတော့တကယ့်မြို့ပေါ်ကပိုက်ဆံရှိသားသမီးတွေလိုဖြူဥနေသည်။
မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးများနှင့်လက်ရုံးကိုစူးစိုက်ကြည့်နေသည့်ထိုချာတိတ်က မျက်လုံး၊မျက်ခုံးကလဲအလှသား။
နက်မှောင်သည့်မျက်တောင်စိပ်တို့ကရှည်လျားကော့ညွှတ်နေသည်။
လက်ရုံး ဒီကလေးကိုတစုံတယောက်နှင့်တူသည်လို့ရင်းရင်းနှီးနှီးကိုခံစားနေရသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"သွင်သစ်မှူး"
"တင်တင်မှူးဟုတ်လား"
"ဟာ သွင်သစ်မှူးပါဆိုနေ"
"ကိုကြီးမကြားလို့ပါကွ"
"မင်းအသက်ဘယ်လောက်လဲ"
ထိုသွင်သစ်မှူးဆိုသည့်ကလေးငယ်ကသူ့လက်လေး6ချောင်းကိုထောင်ပြလေသည်။
6နှစ်ဟုဆိုသော်လဲ 6နှစ်ဟုသားဟုမထင်ရပေ။
ဒီလူကောင်ဖြူဖြူသေးသေးလေးက4နှစ်လို့သာထင်ကြပေမည်။
သွင်သစ်မှူးသည် အရွယ်တူကလေးများထက်အနည်းငယ်သေးညှက်နေသည်။
"သားသားကတစ်တန်းလား"
"ဟုတ်"
"သားမှာအိမ်ရှိလား ဟိုဟာမေးချင်တာကလေ "
"သားကမိဘမဲ့ ဒီမှာနေရတာဗျ"
လက်ရုံး သူထင်ထားသည့်အတိုင်းထိုကလေးကဘုန်းတော်ကြီးစောင့်ရှောက်ထားသည့်မိဘမဲ့ကလေးဖြစ်နေ၍ဂရုဏာသက်မိသွားသည်။
"ဒီမှာတေယာက်ထဲဘာလာလုပ်နေတာလဲ ဟိုးမှာသူငယ်ချင်းတွေနဲ့တူတူသွားဆော့မယ်လေ"
"ဟင့်အင်း"
"ဘာလို့လဲ"
"မနေချင်လို့"
ဒီကလေးကလူတောထဲသိပ်ဝင်မဆန့်သည့်ကလေးဆိုတာလက်ရုံးခန့်မှန်းလိုက်မိသည်။
သွင်သစ်မှူး၏ပုံစံကြည့်ရသည်ကလဲ တခုခုကိုရှက်ရွံ့နေသလိုနှင့်တစ်ေယာက်ထဲမဝံ့မရဲဖြစ်နေသလိုပုံစံမျိုးလေးဖြစ်သည်။
လက်ရုံးဒီကလေးကိုမြင်မြင်ချင်းပင်သနားချစ်စိတ်ဝင်မိသည်။
"လာပါ သားရဲ့ သူငယ်ချင်းတွေနဲ့သွားဆော့ကြရအောင်ကွာ တယောက်ထဲမနေရဘူး"
"မဆော့ချင်ဘူးလို့ သူငယ်ချင်းလဲမဟုတ်ဘူး ဒီမှာပဲနေမှာ ကိုကြီးလဲသွားပါတော့ဗျာ သားဘာသာနေပါရစေဗျ"
"ဟော.."
Advertisement
- In Serial30 Chapters
Hidden Forge: Lucem Ac Tenebras
Upon discovering a strange portal one morning, Ian Hayes begins traveling between a near-future Earth and a world of magic known as Regnoras. Amazing creatures dwell in this new land. Incredible opportunities await. While trying to establish a new way of life as well as new connections and relationships, things slowly spiral out of his control. As worlds collide, Ian must learn to overcome his own failings and struggle to come out on top in a world different from his own in more ways than he could imagine. Note: Currently working on rewriting the story and releasing it on creative-novels. Chapters will be available there two weeks in advance. ************************************************************************************************************ Vote on topwebfiction! vote To support my work on patreon and receive access to advance chapters: patreon You can also join my discord for announcements and discussion: Discord invitation
8 85 - In Serial12 Chapters
Its Not So Bad To Wake Up In A Goblin Dungeon
Vincent was a call center worker who enjoyed video games, now he is waist deep in combat and conflict when he finds himself and three others thrust into what seems to be a real life RPG.
8 157 - In Serial11 Chapters
The Empty Cultivator.
(Welcome to the 2.75 stared story XD) A dark cloud drapes the sun and brings the horrors of the universe to a planet. A connection to the true heavens is established, and the systems of all realities re-forges the planet and its people. A monster rises from the sand...but it is empty. Its body is empty. His skills are empty. Red thunder fills the skies, as a river of blood falls from the head of the champion of humanity. "A man that stands for nothing, falls for everything." Machine takes the throne of gods... Human mistake is the fall of men...but machines don't make mistakes. Think again. A mistake was made. ---------------------------------------- Hi. I have reached the limit of what I can achieve without true experience...so that is why I want to write to you, the public. Like it? Add to library! ^_^ Go ahead and tell me what you think. I have sharpened my skills, but I need someone to topple me off my little mountain. If you are that person...thank you in advance. ^_^ (Edit: Welcome to the half star story my name is Palton and I'm your host. Goooooddd it feels so good to be topled off this mountain.)
8 189 - In Serial11 Chapters
Succubi's Gift Online
A Moon Succubus?... Heck yeah! The succubi queen has been tamed and now Lanak is the master of all the succubi and the demons that were previously under the queen. Do-nothing days are taking a toll on Lanak, but when a meteorite falls from the sky and destroys the tent he was supposed to be sleeping in, Lanak might have been wiser to be thankful for the do-nothing days. Now Lanak, his giant friend and his superhuman girl must travel all the way to the moon… succubi tamers do end up in space sometimes! Grab your copy today @ $0.99! Warning: Book contains over-the-action and pulpy adventure. Read at your own risk!
8 186 - In Serial20 Chapters
My Female Masturbation Adventures - Snafus and Successes
This is an autobiography of my masturbation experiences and my life of anorgasmia, and my journey as I try to regain my ability to orgasm.Stories of my masturbation adventures as I discover and explore new ways to masturbate, from the shower massage spray to vibrators and more. I'll also share about my anorgasmia what I'm doing to overcome it. This story will include details of my early masturbation experiences (the good and the bad), along with updates about my recent escapades.~Previously held rankings:Top 0.02%:#4 truestory out of 26.3K stories8/28/22#1 autobiography out of 6.2K stories11/7/22Top 0.03%:#6 personal out of 26.5K stories9/11/22#1 memoir out of 3.4K stories9/2/22Top 0.04%:#2 confessions out of 5K stories9/22/22Top 0.05%:#27 diary out of 58.8K stories9/29/22Top 0.06%:#23 nonfiction out of 45.5K stories9/26/22Top 0.2%:#65 memories out of 42.5K stories10/3/22Top 0.4%:#12 shower out of 3.5K stories9/30/22#38 selfdiscovery out of 10.1K stories9/3/2022Top 0.8%:#10 orgasms out of 616 stories8/18/22#4 vibrators out of 142 stories8/19/22Top 6%:#1 femalemasturbation out of 19 stories8/19/22Top 9%:#6 vibrations out of 71 stories8/21/22~Previously held unlisted rankings:Top 15%:#1 clitoral out of 7 stories8/21/22Top 40%:#2 femalesexuality out of 5 stories8/21/22~Previously held unlisted rankings from tags I removed:Top 50%:#1 sexualsecrets out of 2 stories8/21/22#1 showermasturbation out of 2 stories8/21/22
8 251 - In Serial13 Chapters
Don't get confused, this is a Dvr3 Pregame Chatfic
I'm a lazy ass so It's just the characters here are a major OOC obviously. Though it might not fit your taste but Idc.Enjoy this train wreck
8 109

