《Devil Husband》39🔞
Advertisement
ခပ်လှမ်းလှမ်းတွင်ရပ်စကားေပြာေနသည့်လက်ရုံးအားငေးကြည့်လျက်အမရာပြောနေသည့်စကားများကြောင့်ခြယ်ကိုယ့်နားကိုယ်ပင်မယုံနိုင်ဖြစ်သွားရသည်။ဘယ်လို မိန်းမမျိုးကကိုယ့်ရည်းစားဟောင်းကိုတပ်မက်စိတ်ရှိေန
ေသးကြောင်းသူ့ဆိုင်ရာပိုင်ရာဇနီးသည်ရှေ့မှာပြောဆိုရဲပါ့မလဲ။
အမရာ၏သတ္တိနှင့် မျက်နှာပြောင်တိုက်ခြင်းကတော့next level ရောက်နေလေသည်။
"လက်ရုံးနဲ့အမရာနဲ့ကဘယ်လောက်ကြာကြာတွဲခဲ့လဲ"
"7months"
"အော်"
"ရုံးကကိုယ်နဲ့ broke up ဖြစ်ပြီးတော့မှ play boy ဖြစ်သွားရတာ အဲ့ဒီတုန်းကနှစ်ယောက်စလုံးတအားငယ်သေးတော့တစ်ယောက်ကိုတစ်ယောက်လဲနားလည်မပေးနိူင်ခဲ့ကြဘူး ဒါပေမဲ့လေရုံးကကိုယ့်ကိုအတော်လေးသဘောကျခဲ့တာ ကိုယ်break upလုပ်ဖို့ပြောတုန်းကကိုယ့်ကိုသူသေချာပြန်စဉ်းစားဖို့သူအကြိမ်ကြိမ်ပြောခဲ့တာ ဘဝမှာနောင်တအရဆုံးကလေလက်ရုံးစကားကိုနားမထောင်ခဲ့မိတာပဲ"
"ဒီလိုပါပဲ"
"အကယ်၍သာ ကိုယ်သာလွန်ခဲ့တဲ့5နှစ်က USကိုမသွားခဲ့ပဲဒီနိူင်ငံမှာဆက်ရှိနေခဲ့ရင်သူကမင်းကိုဘယ်လိုနည်းနဲ့မှလက်ထပ်ခဲ့မှာမဟုတ်ဘူးနော် ကျိန်းသေပေါက်တို့ကိုရွေးချယ်ခဲ့မှာ"
အမရာ၏စကားများဘောင်ကျော်လာ၍ခြယ်သည်းခံနိူင်စွမ်းကုန်ဆုံးသွားတော့မည်။
ခြယ်သောက်ထားသည့်အရှိန်များတန်ခိုးပြပါလေပြီ။ခြယ်ဘာမှစဉ်းစားမနေတော့ပဲအမရာ့စကားကိုနူတ်မှချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
အယ်ကိုဟောတန်ခိုးတော်ကြောင့်နူတ်လျှာကလဲအလွန်သွက်နေလေသည်။
"သေလိုက်ပါလား"
"ဟမ်းး ကိုယ့်ကိုပြောတာ"
"ဟုတ်တယ်နင့်ပြောတာဟဲ့ ငါ့လင်ကိုလာစိတ်နဲ့ပြစ်မှားနေတဲ့ကောင်မရဲ့ ဟက်"
ခြယ်ရယ်စရာမပါပဲနှင့်ကိုပြောရင်းရယ်နေမိသည်။ပုံမှန်အသိစိတ်နဲ့သာဆိုဒီနေရာမှာရေငုံ
နူတ်ပိတ်လျက်တိတ်ဆိတ်နေမည့်စိမ်းမြခြယ်က မူးမူးရူးရူးနှင့်စိတ်ထဲမှစကားများပွင့်အံလာလေပြီ။
"ကြားထားတဲ့အတိုင်းပဲ တကယ့်ကိုပဲ ဟူးး လင်တရူးပဲ တို့ကယူ့လင့်ကိုဘာမှမလုပ်ရသေးပါဘူးနော် စကားတေကြမ်းလှချည်လား ယူ့ပုံစံကသာအေးဆေးချင်ယောင်ဆောင်နေပေမယ့်ယူ့စကားသံကိုကြားတာနဲ့ယူထိတ်လန့်နေတာသိတယ် ဘယ်လိုတုန်း လင်ထိပ်ထားစံလေးရဲ့ တို့ရုံးကိုပြန်ယူမှာကြောက်နေတာလား
အဟက် အဲ့လိုသာတို့တကယ်ရံုးကိုပြန်ယူလိုက်ရင်တော့ယူတော့လင်တရူးပြီးရူးသွားမာပဲအဟက်"
"ဪ ကိုယ့်မြခြယ်ကအမရာနဲ့အဖွဲ့ကျနေတာကို"
အနောက်ဘက်မှထွက်ပေါ်လာသောလက်ရုံးအသံကြောင့်ခြယ်ကမန်းကတန်းလှည့်ကြည့်မိသည်။သူ့ထိုင်ေနသည့်အပေါ်မှအုပ်မိုး၍ ပြုံးပြနေသည့်လက်ရုံးကိုမြင်တော့ခြယ်ထိုင်ခုံမှထရပ်လိုက်ကာ အနောက်တွင်ရပ်နေသည့်လက်ရုံး၏လည်တိုင်အားအတင်းတွယ်ဖက်လိုက်သည်။နူတ်ဖျားမှလဲ အသံတိုးတိုးလေးဖြင့်
"ကိုးး"
ရုတ်တရတ်ဆန်သည့်ခြယ့်အပြုမူကြောင့်လက်ရုံးအံ့ဩသွားသော်လဲသူ့အားကလေးတစ်ယောက်လိုဖက်တွယ်ထားသည့်ခြယ့်အားပြန်လည်ပွေ့ဖက်ထားလိုက်သည်။
"ဟောဗျာ ကိုးကလေးလေး နေရင်းထိုင်ရင်းဘာဖြစ်လို့တုန်းဗျ"
"ကိုးကိုချစ်လို့"
"ဟော"
သူတို့နှစ်ဦး၏အပြုမူများအားမကျေမချမ်းစိုက်ကြည့်နေသူကအမရာ။
သို့သော် သူ၏ဘီလူးမျက်နှာကြာရှည်မခံပဲနတ်သမီးမျက်နှာဖုံးပြန်ကာလိုက်သည်။
တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ထွေးပွေ့နေကြသောခြယ်နှင့်ရုံးအား
အမရာစားပွဲေပါ်ေမှးေထာက်လျက်မသိရင်သူတို့အတွက်သိပ်ကိုဝမ်းမြောက်နေပါသည်ဟူသည့်အပြုံးတို့ဖြင့်စိုက်ကြည့်ကာ
"ဒါနဲ့ ရုံးငါကြားလိုက်တာ ကိုးဆိုလားနင့်နာမည်အသစ်လေးလားလှတယ်ဟဲ့
မသိရင်Japan nameလေးကျလို့ငါလဲခေါ်မယ်နော် ကိုးတဲ့လှတယ် ကိုး"
အမရာစကားကြောင့် လက်ရုံးအားတွယ်ဖက်ထားသည့်လက်တို့အားခြယ်လွှတ်ချလျက် အမရာဘက်လှည့်လာကာ
"ကိုးလို့လာမခေါ်နဲ့ ပါးပိတ်ရိုက်ထည့်လိုက်မယ်"
လက်ဝါးထောင်ပြလျက် ပြောဆိုလိုက်သည့်
ခြယ့်စကားကြောင့်လက်ရုံးမှာတအံ့တဩပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဟယ် နင့်မိန်းမငါ့ကိုဘယ်လိုပြောလိုက်တာတုန်း ရုံး"
လက်ရုံးမှာတော့အမရာ့စကားကိုဂရုမစိုက်နိူင်စွာ ခြယ့်အားသဘောတကျကိုစိုက်ကြည့်နေသည်။
"ပြောတယ်ဟာ ဘာဖြစ်လဲ သူများလင်ကိုကိုးလို့လာမခေါ်နဲ့ ခေါ်ချင်ကိုယ့်လင်ကိုသွားခေါ်ပါလား ငါ့ယောကျာ်းကိုလာမခေါ်နဲ့"
"ယူတော်တော်ဖြစ်နေလား လင်တရူးရဲ့"
"ဖြစ်တယ်ဟာ ဘာဖြစ်လဲ ငါလင်တရူးတာလဲမပြောနဲ့လေ ငါ့လင်ကချစ်စရာလေး"
လက်ရုံး၏ပါးနှစ်ဖက်အားလက်ဖဝါးဖြင့်အုပ်ကိုင်လိုက်ကာခြယ်ပြံုးလျက်ဆိုလိုက်သည်။
ထိုစကားတွင်တော့လက်ရုံးအသဲေတွပိုးစိုးပက်စက်ကိုကြွေကျကုန်ေလပြီ။
လက်ရုံးဟန်ပင်မဆောင်နိူင်တော့ပဲ အားရပါးရသဘောကျပြီးထရယ်လိုက်မိတော့သည်။
မူးမူးရူးရူးနှင့်ဆတ်ဆတ်ထိမခံနူတ်လှန်ထိုးနေသည့်မျက်စိရှေ့မှသူ့မိန်းမအားချစ်လွန်း၍အာခံတွင်းထဲပင်ငုံထားပစ်ချင်မိသည်။
အခုခြယ်ကသူ့ကိုသဝန်တိုနေတာတဲ့လား။
ကျောက်တုံးလိုစိမ်းမြခြယ်ကသဝန်တိုပြီး ရန်တွေ့နေသည်တဲ့လား။
ထိုသို့တွေးမိလိုက်တော့ လက်ရုံးရင်ထဲလိပ်ပြာအကောင်တစ်ထောင်လောက်ပလူပျံသွားကာနွားပြာကြီးအောက်သွားမရှိသည့်ရုပ်ဖြစ်နေေလပြီ။
"လက်ရုံး နင့်မိန်းမ..
လက်ရုံးကတော့ အမရာအား အားတုံ့အားနာနှင့်ပင်သွားဖြဲပြနေရသည်။
အမရာမှာေတာ့ ခြယ့်ကိုဘယ်လိုတံု့ပြန်ပြောရတော့မှန်းမသိတော့ပဲ နူတ်ခမ်းကိုတင်းတင်းကိုက်လျက် ခြေထောက်ဆောင့်လျက် ဆောင့်အောင့်ကာလက်ရုံး၏လက်မောင်းအားထုရိုက်လာသည်။
"အ.. အား"
"ကိုးး"
"ခင်ဗျာ"
"ဟာ..နင်ကသူ့ကိုကြောက်နေရတာလားသူစိတ်ဆိုးမှာကိုကြောက်နေရတာလား အဲ့ဟာမကနင့်မိန်းမလား ငါကနင့်မိန်းမလား သွားး နင့်ကောင်မစိတ်မဆိုးအောင်သွားချော့သွား ငါ့ကိုလွှတ်"
"ကိုယ့်မြခြယ်ကကိုယ့်မိန်းမပါ နော် သွား သူ့ဟာသူဘာဖြစ်ဖြစ်ကိုးေစာက်ဂရုမစိုက်ဘူးနော် ဟုတ်ပြီလား မြခြယ်ကအဓိကမလို့ စိတ်မခုပါနဲ့နော်"
"သွား အဲ့ကောင်မကိုသွားချော့ပါဆို"
"ချော့စရာလားလို့ သူ့ဟာသူမကျေနပ်ရင်လဲသေပစေ ကိုယ့်မြခြယ်လေးမှန်တယ် ဒီလိုပဲဖြစ်သင့်တာပေါ့ ဘာမှလာမပြောနဲ့ငါ့မြခြယ်အကုန်မှန်တယ် "
"ကိုး သိလားအဲ့ကောင်မကလေကိုးကိုငါ့လက်ထဲကပြန်ယူပြမယ်တဲ့"
"ဒီလိုပြောလိုက်လေကွယ်မြခြယ်ေယာကျာ်းက
ထွေးပြီးသားတံတွေးပြန်မမျိုဘူးလို့"
"ကြားလား ယူလေ ပြန်ယူမယ်ဆို နင်ရရင်ယူသွားလေ ယူသွားလေ ဟမ်း"
အမရာဘာမှထွက်မလာပဲရှက်စိတ်နှင့်ဒေါသစိတ်ရောထွေးလျက်မျက်နှာနီဖြန်းကာဆွံ့အနေလေသည်။
"အဟက် လာနောက်မနေနဲ့ အမရာ ငါတို့ဇာတ်လမ်းကပြီးသွားပြီ အခုငါကမင်းသိခဲ့တဲ့ဆယ်ကျော်သက်လေးမဟုတ်တော့ဘူး အဲ့ဒီတုန်းကလဲငါမင်းကိုသဘောကျခဲ့ရုံပဲ ချစ်လဲမချစ်ခဲ့မိဘူး ငါမင်းနဲ့ပြန်တွေ့ရလို့မိတ်ေဆွတစ်ေယာက်နဲ့ပြန်ဆံုရသလိုတကယ့်ကိုဝမ်းသာပါတယ် ဒါပေမဲ့မင်းငါ့ကိုပြန်လိုချင်နေသေးရင်တော့လစ်လိုက်တော့အမရာ လဲလဲပြီးသာသေပေတော့ မင်းပြန်လာချင်လဲလက်ရုံးသုခက မောင်းထုတ်ပါတယ်ဗျာ ငါကငါ့မိန်းမမှငါ့မိန်းမပဲ "
"ကိုးတော်တယ်"
"အာ့ဆိုသွားကြရအောင်နော် ဒီမှာေနရတာကကျက်သရေမရှိတော့ကိုယ့်မြခြယ်ဒေါသတွေထွက်ပြီးပူလောင်နေရတယ် အေးချမ်းတဲ့အရပ်ကိုကိုးနဲ့တူတူလိုက်ခဲ့ပါနော်"
"Let's go!!!
ထိုအခါမှပင်လက်ရုံး ခြယ့်အားတွဲခေါ်လျက်ခပ်လှမ်းလှမ်းမှဟန်နီတို့ရှိေနရာစားပွဲဝိုင်းဆီသို့ခေါ်ဆောင်သွားရသည်။မကျေမနပ်နေရာတွင်ကျန်နေခဲ့ရသူကတော့အမရာပင်ဖြစ်သည်။
အောင်နိူင်သူကအရင်ထွက်ခွာသွားပြီဖြစ်၍ အရူံးသမားကတော့ထိုနေရာမှာမခံချိမခံသာဖြစ်လျက် ဒေါသတထောင်းထောင်းထွက်ကာဆောင့်ကြီးအောင့်ကြီးကျန်ခဲ့ရတော့သည်။
လက်ရုံးကတကယ့်ကိုသူ့ကိုကျော်၍ဟိုမိန်းမကိုရွေးသွားခဲ့တာလား။
ခြယ့်ေရှ့မှာအသံကောင်းဟစ်ခဲ့သမျှအရှက်ဗြန်းဗြန်းကွဲခဲ့ရလေပြီ။
.
.
အခုကျတော့ခုနကကတ်ကတ်လှန်ခဲ့သည်ကသူမဟုတ်တော့သလိုပင် လက်ရုံးပုခုံးပေါ်ခေါင်းမှီချကာဟန်နီနှင့်ကျော်ထွဋ်ကိတ်မုန့်ခွဲသည်ကိုပြုံးလျက်စောင့်ကြည့်နေလေသည်။
ချောကလက်နှစ်ထပ်ကိတ်မုန့်ကြီးအားခွဲပြီးပြီးချင်း သူတို့နှစ်ဦးတစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ခွံ့ကျွေးကြသည်။
ပရိသတ်မှာလဲသူတို့ချစ်သူနှစ်ဦး၏ချစ်ကြည်နူးေနမူကိုကြည့်ကာလက်ခုပ်သံတစ်ဖြောင်းဖြောင်းနှင့်။
"ပျော်စရာကြီးနော် ကိုး"
"အင်းနော်"
အမှန်တိုင်းပြောရရင်တော့လက်ရုံး ခြယ့်ကိုအားနာမိသည်။ခြယ့်မှာ ချစ်သူရည်းစားဘဝကြည်နူးစရာဘာဆိုဘာမှခံစားခွင့်မရှိခဲ့။
လက်ရုံး၏ဇွတ်တရွတ်ဆန်စွာပြုမူခဲ့မှုကြောင့်သူတို့နှစ်ဦးအဆင့်များစွာကျော်ကာနေ့ချင်းညချင်းလင်မယားဘဝတန်းရောက်ခဲ့ရသည်။သူမရခဲ့ရသည့် ကြည်နူးစရာများကိုခံစားနေရသည့်ဟန်နီအား အားကျသည့်အကြည့်တို့ဖြင့်မျက်လုံးလေးအဝိုင်းသားစိုက်ကြည့်နေရှာသည်။
ထိုစဉ်ရုတ်တရပ်ခန်းမတစ်ခုလံုးမီးအမှောင်ကျသွားသည်။ခြယ့်မှာလဲရုတ်တရပ်ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ကျသွား၍လန့်ဖျန့်သွားကာနံေဘးရှိလက်ရံုးဧ။်လက်ေမာင်းကိုပိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ကာ
"ကိုး ငါကြောက်တယ်"
"ကိုယ်ရှိတယ်ဘေဘီ"
လက်ရုံးသည်ပြောရင်းနှင့်အမှောင်ထဲမှခြယ့်လက်ဖဝါးအားမှန်းစမ်းကိုင်လျက်တင်းကြပ်နေအောင်ဆုပ်ကိုင်ထားလိုက်သည်။
ခန်းမတစ်ခုလုံးမှောင်ရိပ်ကျနေ၍ ဧည့်သည်များထံမှလဲအသံဗလံစုံထွက်ပေါ်လာပြီးမည်သူမျှတော့ထိုင်ခုံကမထကြပေ။
"ဘာဖြစ်တာလဲ"
"မှောင်မဲနေတာပဲ ဘာမှမမြင်ရတော့ဘူး"
"အားလုံးငြိမ်ငြိမ်နေကြနော်လျှောက်မထကြနဲ့ "
"ဖျောက်"
ထိုစဉ် စလိုက်မီးတန်းနှစ်ခုသည်ခန်းမအလယ်
ဗလိုသို့ကျရောက်သွားသည်။
ထိုနေရာတွင် ကျော်ထွဋ်နှင့်ဟန်နီရှိနေကြသည်။
ကျော်ထွဋ်မောင်အားဟန်နီသော်ကကျောခိုင်းရပ်ထား၍ သူ့နောက်ကျောတွင်ဒူးတစ်ဖက်ထောက်လျက်လက်စွပ်ဘူးကိုင်ထားသည့်ချစ်သူမောင်အားသူမတွေ့ပေ။
ပရိသတ်ထဲမှတစ်ပြိုင်နက်ဟေးခနဲအော်ဟစ်အားပေးသံများကြောင့်ဟန်နီလန့်ဖျန့်သွားကာအနောက်သို့လှည့်ကြည့်လာသည်။
ကြမ်းပေါ်သို့လက်စွပ်ဘူးကိုအဖံုးဖွင့်ကိုင်လျက်ဒူးတစ်ဖက်ထောက်ချလျက်ရှိနေသောချစ်သူအားမြင်လိုက်ရတော့သူမပါးစပ်အဟောင်းသားနှင့်မှင်သက်သွားလေသည်။
ဟန်နီအပျော်လွန်သွားကာရင်ခုန်ရလွန်း၍ဝမ်းသာမျက်ရည်များကျဆင်းလာတော့သည်။
"မောင့်ကိုလက်ထပ်နိူင်မလား ဟန်နီ မောင့်ကိုလက်ထပ်ပါလားဟင် မောင့်ဇနီးမယားဖြစ်လာပေးပြီးမောင်နဲ့သေတပန်တစ်သက်ဆုံးအတူရှိပေးနိုင်မလားဟင် မောင်ဟန်နီ့ကိုရိုးမြေကျသစ္စာရှိသွားပါ့မယ် မမြင်ရတဲ့အနာဂတ်မှာဘယ်လိုလောကဓံကပဲမောင်တို့ဆီရောက်လာလာမောင်ကဟန်နီ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပါ့မယ် မောင်ကပြီးပြည့်စံုတဲ့ယောကျာ်းတစ်ယောက်မဟုတ်ပေမယ့်လဲမောင့်ကေလးေလးကိုမောင်ကပျော်ရွှင်အောင်ထားပါ့မယ် မောင်ဒီဘဝမှာလူဖြစ်ရကျိုးနပ်အောင်မောင့်ကိုလက်ထပ်ပါလားမောင့်ဟန်နီ"
"ဟင့်ဟင့် ဟင့် မောင့်ကိုလက်ထပ်မာပေါ့"
ကျော်ထွဋ်မောင်ကဟန်နီ့လက်တွင်လက်စွပ်ကိုညင်သာစွာဝတ်ဆင်ပေးလိုက်ပြီး ဟန်နီလက်ဖဝါးအားညင်သာစွာနမ်းလိုက်သည်။
ဒူးထောက်နေရာမှမတ်တပ်ရပ်လိုက်ကာ ဟန်နီ့
နူတ်ခမ်းတို့အားဆွဲယူနမ်းလိုက်ချိန်မှာတော့ပရိသတ်ထဲမှဩဘာလက်ခုပ်သံ၊လက်ေခါ်မူတ်သံများညံနေအောင်ထွက်ပေါ်လာတော့သည်။
"ရွှီးးး ရွှီးးး"
"ဖြောင်း ဖြောင်း ဖြောင်း"
ဟန်နီ့အား အားကျသည့်အကြည့်တို့ဖြင့်ငေးကြည့်လျက်ပြုံးနေသည့်ခြယ့်ကိုလက်ရုံးသတိပြုလိုက်မိသည်။
အကြောင်းရင်းမရှိခြယ့်အားစိုက်ကြည့်ကာပြုံးပြလိုက်သည်။
"မိုက်တယ်မလား ဒီအစီစဉ်ကိုကိုးအကြံပေးထားတာလေ"
"ဟုတ်တယ် ရင်ခုန်စရာကြီးနော် ပျော်စရာကြီး ဟန်နီတော့တအားပျော်ပြီးရင်ခုန်သွားမာပဲ"
"အဟင်းး ဟုတ်တယ်"
ထိုစဉ် သီချင်းသံငြိမ့်ငြိမ့်လေးလွင့်ပေါ်လာပြီးခပ်မှိန်မှိန်မီးအလင်းရောင်ကအမှောင်ကျနေသည့်ခန်းမတစ်ခုလုံးအတွင်းထွက်ပေါ်လာတော့သည်။
🎵 I found a girl beautiful and sweet I never knew you were the someone waiting for me🎶
"ကိုးကြိုက်တဲ့သီချင်း"
"ဟုတ်တယ်"
သီချင်းသံထွက်ပေါ်လာသည်နှင့်အမျိုးသားအများစုကနေရာမှထလိုက်ကြကာ သူတို့လက်တွဲဖော်ကိုအတူကရန်ဖိတ်ခေါ်လျက်
ပျော်ပျော်ပါးပါးစတင်ကကြတော့သည်။
ရုတ်တရပ်လက်ရုံးလဲမတ်တပ်ရပ်လိုက်ကာ ခါးကိုကိုင်းညွှတ်လျက်ခြယ့်ထံသို့လက်ကမ်းပေးလိုက်ကာ
"ကိုယ်တို့ကကြရအောင်"
"ရက်စ်"
ခြယ် မူးနေသည့်အချိန်ဖြစ်နေ၍လက်ရုံး၏တောင်းဆိုချက်ကိုချက်ချင်းပင်လက်ခံလိုက်ကာ နေရာမှအလျင်မြန်ထရပ်ကာ လက်ရုံး၏လက်ကိုဆွဲကိုင်လျက် ခန်းမအလယ်ကိုဆွဲခေါ်သွားတော့သည်။
"အမလေး ဖြည်းဖြည်း မြခြယ်"
ခန်းမအလယ်တွင်နေရာယူလိုက်ကာ လက်ရုံး၏လက်သန်သန်များကခြယ့်ခါးသွယ်သွယ်လေးကိုဖက်တွယ်လိုက်သည်။
ခြယ့်၏လက်များကလဲလက်ရုံးပုခုံးပေါ်တွင်
နေရာယူလိုက်ကာတစ်လှမ်းချင်းဖြည်းဖြည်းချင်းလှမ်းကာ ကရန်အရှိန်ယူလိုက်သည်။
တဖြည်းဖြည်းချင်းလက်ရုံးရောခြယ်ရော ဘယ်ညာစည်းချက်တွေအကြားအသားကျလာကာခြေလှမ်းသွက်လာသည်။
🎵 Dancing in the dark
You between my arms
Barefoot on the grass
Listening to our favourite song🎶
အလင်းရောင်ဖျော့ဖျော့သာရှိသည့် ဤနေရာတွင်လက်ရုံးနှင့်ခြယ်တစ်ယောက်နှင့်တစ်ယောက်ဖက်တွယ်ကာသံစဉ်တွင်စီးမျောကာ ပတ်ဝန်းကျင်ကိုမေ့လျက် ခြေလှမ်းမှန်မှန်ကနေကြသည်။သူ့လက်ေမာင်းသန်သန်များကြားတွင်ရှိနေသည့် ခြယ့်ကလွဲ၍တစ်လောကလုံးကိုမေ့ထားပုံရသည်။
လက်ရုံး သီချင်းစာသားကိုလိုက်လံဆိုညဉ်းရင်းအမှောင်ထဲတွင်တောင်ဝင်းပနေသည့်ခြယ့်မျက်နှာအားလက်ရုံစိတ်လွတ်ကိုယ်လွတ်ငေးကြည့်နေမိသည်။
အရက်ရှိန်ကြောင့် ခြယ့်မျက်နှာတစ်ခုလုံးနီမြန်းနေေလသည်။
🎵 I will not give u up this time
Darling just kiss me slow🎶
Darling just kiss me slow ဆိုသည့်စာသားအရောက်တွင်တော့လက်ရုံးကသီချင်းလိုက်လံဆိုညဉ်းနေသည်ကိုရပ်လိုက်ကာခြယ့်နူတ်ခမ်းတို့ထံအကြည့်ရောက်သွားသည်။
လက်ရုံး ခေါင်းငုံ့လျက်ခြယ့်နူတ်ခမ်းများအနားသို့သူနူတ်ခမ်းကိုပူးကပ်လိုက်ကာ ခြယ်၏အရှက်ရှိန်ေကြာင့်နီထွေးနေသည့်နူတ်ခမ်းသားလေးအားစုပ်ယူနမ်းလိုက်သည်။
ဂဟေဆက်ေနသည့်နူတ်ခမ်းနှစ်စုံကြောင့် ခြယ့်အာခံတွင်းမှဝိုင်အရသာကိုပင်လက်ရံုးခံစားလိုက်ရသည်။ခြယ့်၏ ပြင်းရှရှဝိုင်အရသာရနေသည့်နူတ်ခမ်းသားတစ်စုံအားလက်ရုံးယစ်မူးစွာစိတ်တိုင်းကျစုပ်ယူပြီးမှအသာယာလွှတ်
ပေးလိုက်သည်။
"လိမ္မာလိုက်တာ နောက်ဆိုလဲကိုးနမ်းရင်ဒီလိုလေးငြိမ်ငြိမ်လေးအနမ်းခံနော်"
"အွန်းး"
"That's why I love you baby "
ခြယ်မူးနေရင် သူ့ကိုလူကြားထဲမှာနမ်းရင်လဲဒီလိုလိမ်လိမ်မာမာအနမ်းခံမှန်းလက်ရုံးသိရတော့ခြယ့်ကိုအမြဲတမ်းပင်မူးနေစေချင်သွားသည်။
***
"တာ့တာ မရီးနောက်မှတွေ့ကြမယ်နော်"
"တာ့တာ ဒါပေမဲ့မပြန်ချင်သေးဘူးကွာ ဒီမှာပျော်စရာကြီးလေလို့ဆက်နေရအောင်ကိုးကလဲ"
"ပြန်ရတော့မယ်မြခြယ် ည11ထိုးနေပြီ"
"ကိုးကလဲမမိုက်ဘူးကွာ ငါကထပ်သောက်ချင်သေးတာကို"
"ဘယ်ကိုသောက်မာလဲဒီလောက်ဒယိမ်းဒယိုင်ဖြစ်နေပြီကို"
"တာ့တာ ပြန်ပြီ ဆီးယူ guys"
ယိမ်းထိုးနေသည့်ခြယ့်အားတွဲခေါ်ကာအိမ်ပြန်ဖို့ခေါ်ထုတ်လာရတော့သည်။
မဟုတ်ရင်ဒီတစ်သက်အိမ်ပြန်ရတော့မည်မဟုတ်။ခြယ့်ကိုကားပါကင်သို့ရောက်အောင်တွဲခေါ်ရတော့မည်။
ဓာတ်လှေကားေပါ်မှအထွက် ကျေးဇူးရှင်ကမျက်လံုးများေမှးစင်းကျသွားကာလမ်းမလျှောက်နိုင်တော့၍ လက်ရုံးမနေသာတော့ပဲပွေ့ချီလျက်ပင်ကားရှိရာသို့ခေါ်ဆောင်သွားရသည်။လက်ရုံးခြယ်ဒီလိုမှောက်မှာသိတော့လဲမတားခဲ့။
ဒီညလက်ရံုးထက်တောင်ခြယ်ကလက်ရံုးေဘာ်ဒါေတွနှင့်ရင်းနှီးသွားကြသည်။
ဟန်နီတို့ မြတ်ထင်တ့်ိုနှင့်အဖွဲ့ကျကာဟိုဟာေတွကမ်းေပးလာသမျှလက်ခံေသာက်ေနတဲ့ခြယ့်ကိုလက်ရံုးေဘးကေနတစ်ခွန်းတစ်စမှဝင်မေပြာမပိတ်ပင်ခဲ့ပေ။
သူအနေနဲ့ကေတာ့ခြယ်လုပ်ချင်တာမှန်သမျှဘာတစ်ခုကိုမှတားမြစ် ရန်စိတ်ကူးမရှိ။
လက်ရုံးအေနနဲ့ကတော့ဒီအရက်သမားကိုလိုက်ထိန်းဖို့သူကေတာ့အလွန်ကွျံမေသာက်မိေအာင်ကိုယ့်ကိုကိုယ်ထိန်းထားရသည်။
လုပ်ချင်ရာလုပ်ရ၍ပျော်မြူးနေသည့်ခြယ့်ကိုသာဘေးမှပြုံး၍လိုက်ထိန်းပေးသည်။
အထဲမှာရှိနေတုန်း ခြယ်အေတာ်ေလးမူးနေ၍နေပုံထိုင်ပုံကိုသတိလက်လွတ်ဖြစ်ကာ
ရုတ်တရပ်ခြေချိတ်ထိုင်လိုက်မိလေသည်။ဒီညခြယ်ဝတ်ထားသည့် dressကအေတာ်ေလးတိုနေ၍ေခြချိတ်ထိုင်လိုက်ေလေတာ့အတွင်းသားအချို့အနည်းငယ်ပေါ်သွားေတာ့ရံုးချက်ချင်းအပြေးလွှားရောက်လာကာခြယ့်ကိုထိုင်သည့်ပုံစံပြင်လိုက်ရန်အရိပ်လက္ခဏာပြေလတော့ ခြယ်ချက်ချင်းပင်မိမိထိုင်ေနသည့်ပုံစံကိုပြင်လိုက်သည်။
ဇနီးသည်ကိုသဝန်တို၍အတိုပြတ်တွေမဝတ်ရဘူးဟူသည့်စည်းကမ်းထုတ်မည့်အတ္တကြီးသည့်ခင်ပွန်းအမျိုးစားထဲလက်ရုံးမပါချေ။
အမျိုးသမီးသဘာဝလှလှပပလေးတွေဝတ်ချင်စားချင်တာလက်ရုံးသိသည်။
လက်ရုံးသူကိုယ်တိုင်ကပါလိုက်ပြီးသူ့မိန်းမနှင့်လိုက်ဖက်တာတွေကူရွေးပေးအုန်းမည့် သူဝတ်ချင်တာဝတ်ရဲအောင်အနားကနေစိတ်လုံခြုံမူပေးမည့်အမျိုးသားမျိုး။
မြခြယ်ဝတ်ချင်တာသာဝတ် မြခြယ်အနားမှာကိုယ်ရှိတယ်ဟုဆိုကာ အနီးနားမှာအရိပ်
တကြည့်ကြည့်စောင့်ကြည့်လျက်လုံခြုံမူပေးမည့်ရှားရှားပါးပါးခင်ပွန်းသည်မျိုးဖြစ်သည်။
*ဪ စိမ်းမြခြယ် စိမ်းမြခြယ် ငါကတော့ငါ့မိန်းမကလူရိုးလူအေးလေးထင်ခဲ့တာ။သင်းကလဲသူ့လင်ငါလိုအရက်သမားဖြစ်နေခဲ့တာကို။
သင်းကငါ့ထက်တောင်အရက်ကြိုက်နေသေး။
မိန်းမတွေများကြောက်ဖို့ကောင်းလိုက်တာ
လောကကြီးရယ်။*
"ဟော ရရဲ့လား ဟျောင့်"
ကားပါကင်သို့အရောက်
ခြယ့်အားပွေ့ချီကာကားဆီသို့တရွေ့ရွေ့လှမ်းလာနေသည့်လက်ရုံးကိုမြင်တော့ဂျိုးကားထဲမှကမန်းကတန်းဖြင့်လက်ရုံးကိုကူညီရန်ကားထဲမှအပြေးထွက်လာသည်။
ဂျိုး လက်အံသေနေပုံပေါက်သည့်လက်ရုံးကိုကူညီရန်
"ပေးပေး ငါချီမယ် ငလုံးလက်ဖယ် မင်းညောင်းနေမာပေါ့"
"အဲ့လက်တွေကိုဖယ်လိုက်စမ်း ငါ့မိန်းမကိုလာမထိနဲ့စမ်း သေချင်လို့လား"
"ငါကစေတနာနဲ့ပါ သူတောင်းစားရယ်"
"မလိုဘူး သွား ကားတံခါးသာအမြန်ဖွင့်ပေး"
လက်ရုံး ခြယ့်အားကားအတွင်းညင်သာစွာသွင်း၍ကားနောက်ခန်းတွင်နေရာချပေးလိုက်သည်။ထိုအခါမှ ဂျိုးကိုကားထွက်လို့ရပြီဟူ၍စေခိုင်းလိုက်သည်။
ညနက်နေပြီဖြစ်နေ၍ ရှင်းလင်းနေသောကားလမ်းကြောင်းနှင့်အတူတိတ်ဆိတ်လျက်ရှိသောရန်ကုန်မြို့ကြီး။ကားစထွက်လိုက်သည့်တဟူးဟူးတိုးလာသည့်ညလေအေးကြောင့်ခြယ်များချမ်းနေမလားဟုထင်၍ ခြယ့်ပုခုံးပေါ်သို့လွှားဖက်လိုက်သည်။လက်ရုံး၏အထိအတွေ့ကြောင့် ခြယ့်ကိုယ်လေးအနည်းငယ်လူးလွန့်လာသည်။အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်တိုးဖွဖွညဉ်းညူသည့်အသံလေးထွက်ပေါ်လာသည်။
သူဘာပြောနေမှန်းမသိ၍လက်ရုံး ခြယ့်မျက်နှာနားကပ်ကာအာရုံစိုက်နားထောင်လိုက်ရသည်။
"ချမ်းတယ်..လို့ ချမ်းတယ်"
"ဂျိုး မြခြယ်ကချမ်းလို့တဲ့ကားအမိုးတင်လိုက်"
"ချမ်းသေးလား ကိုယ့်မြခြယ်"
"အင်း ချမ်းတယ်လို့"
"ကိုးကိုဖက်ထား"
ခြယ်မျက်လုံးမှိတ်လျက်နှင့်ပင် လက်ရုံးပေါ်ခေါင်းခုအိပ်နေရာမှထထိုင်လိုက်ကာမျက်လုံးကိုအားယူဖွင့်လိုက်သည်။ထို့နောက် လက်ရုံးပေါင်ပေါ်သို့ခွထိုင်လိုက်ကာ လက်ရုံး၏လည်တိုင်အားဖက်တွယ်လာလေသည်။ခြယ့်အပြုမူကြောင့်လက်ရုံးတံတွေးမြိုချမိလျက်သားဖြစ်သွားသည်။
လက်ရုံးမှာခြယ့်ဧ။်ဤအထိတွေ့လောက်ကိုပင်ခံနိုင်ရည်မရှိသည့်သမာဓိအားေလျာ့နည်းလွန်း
သည့်ပုထုစဉ်ဖြစ်သည်။
ခြယ့်ကတော့လက်ရုံးလည်တိုင်အားဖက်တွယ်လာကာပုခုံးပေါ်ခေါင်းမှီချလျက်မှေးစင်းနေလေသည်။
"အခုဘယ်သွားနေတာလဲဟင်"
"အိမ်ပြန်နေတာပေါ့"
"အိမ်မပြန်ချင်ဘူးလို့ အဲ့ဒီအိမ်ကိုငါမပြန်ချင်ဘူး ငါပါတီမှာပျော်လို့မဝသေးတာကို ဘာလို့လဲ ကိုးကလူယုတ်မာ ငါ့အပျော်ကိုဖျက်ဆီးတယ် မုန်းတယ် ဟင့်ဟင့် အဲ့ဒီအိမ်ကိုလဲငါမပြန်ချင်ဘူး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
"ကိုးကငါ့ကိုမှမချစ်တာ ကိုးကတခြားမိန်းမတွေနဲ့အိပ်ဖို့ပဲသိတာလေ ငါ့ဘက်ကိုတစ်ခါမှမကြည့်ဖူးဘူး ကိုးကမကောင်းလိုက်တာ
အမရာကိုရောအိမ်ကိုခေါ်ပြီးအိပ်ခဲ့ဖူးတာပဲမလား မကောင်းလိုက်တာ ကိုးကမတရားလိုက်တာ ငါကကျကိုးနဲ့မှပထမဆုံးဆိုပေမယ့်ကိုးကကျတော့ငါရှေ့မှာရိုက်သတ်လို့ေတာင်မကုန်တဲ့မိန်းမတွေရှ်ိနေခဲ့ပြီးသား ဟင့်ဟင့် ဝမ်းနည်းလိုက်တာ"
ခြယ့်ထံမှရုတ်တရပ်ထွက်ပေါ်လာသည့်ရင်တွင်းစကားသံများကိုလက်ရုံးဂရုတစိုက်နားထောင်နေမိသည်။ပုံမှန်ဆိုဘာကိုပဲမကျေနပ်ပါစေဘယ်ေလာက်ပဲဝမ်းနည်းေနပါေစ အဆုံးထိမြိုသိပ်နေမယ့်ခြယ့်လိုမိန်းကလေးမျိုးက ဒီညအရှက်ရှိန်ကြောင့်သူ့နာကျင်ေနရသည်များကိုဖွင့်ချေနသည်။ခြယ့်ထံမှ ဒီလိုသူ့၏ဝမ်းနည်းမူများကိုထုတ်ပြောလာရန် အရက်မကြာခဏတိုက်ရမလိုပင်။
"ငါတို့အိမ်ဆိုတာကလဲကိုးတစ်ခြားမိန်းမတွေကိုခေါ်ပြီးအတူအိပ်နေခဲ့ကျလေ ကိုးတစ်ခြားမိန်းမတွေနဲ့ပျော်ပါးခဲ့တဲ့ငါတို့အိမ်ကိုမုန်းတယ်!! ငါတို့အိပ်ရာကလဲမိန်းမပေါင်းစုံနဲ့အတူအိပ်ခဲ့တဲ့နေရာ အဲ့ဒီအိမ်ကိုလဲငါမုန်းတယ် ငါတို့ရဲ့
ရိပ်မြံုေလးကိုကိုးကမိန်းမတကာကိုေခါ်လာခဲ့ဖူးတာတွေးမိတိုင်းမနှစ်မြို့ဘူး ဒီနေရာမှာကိုးကတခြားသူတေနဲ့ပျော်မြူးနေခဲ့ဖူးတာတွေးမိလိုက်တိုင်းငါ့မှာကမ္ဘာပျက်နေသလိုပဲ ငါ့ဘက်ကိုတစ်ခါမှမကြည့်ခဲ့ဖူးဘူး"
ဟုတ်သားပဲ...။ခြယ်ဒီလိုခံစားနေရမယ်လို့သူတစ်ကြိမ်တစ်ခါမျှမစဉ်းစားခဲ့ဘူး။သူဘယ်လောက်တောင်တစ်ကိုယ်ကောင်းဆန်တဲ့ယောကျာ်းလဲ။ဘယ်လိုအမျိုးသမီးကများ
တစ်ချိန်ကသူ့ယောကျာ်းတစ်ခြားမိန်းမတွေနဲ့သာယာခဲ့ဖူးသည်နေရာတွင်နေထိုင်ချင်လိမ့်ပါ့မလဲ။ခြယ်ကဒီအေကြာင်းကိုတစ်ခါမှထုတ်မေပြာဖူးေပမယ့်လဲ သူကဒါလေးတောင်မရိပ်မိအောင်အလိုက်ကန်းဆိုးမသိခဲ့တာလား။
ခြယ့်နေရာကိုဝင်ကိုယ်ချင်းစာကြည့်မိတော့မှလက်ရုံးနားလည်လာသည်။
"ကိုးတောင်းပန်ပါတယ်နော် အဲ့တာတွေကကိုးလူပျိုဘဝတုန်းကကိစ္စတွေပါ လူပျိုဘဝမှာရည်းစားေတွ၊တခြားမိန်းကေလးေတကိုအဲ့ကွန်ဒိုေခါ်ပြီး one night stand နေခဲ့ဖူးတာဝန်ခံတယ် ဒါပေမဲ့အဲ့တာဘယ်သူတေလဲတောင်မမှတ်မိဘူး အဲ့အေကြာင်းမေ့ခဲ့တာကြာပြီလေကွာ နော် ယုံပါ"
"ငါနဲ့အဲ့မိန်းမတေဆိုဘယ်သူ့ကိုရွေးမာလဲ"
"ဟာ ဘယ်လိုမျိုးမေးလိုက်တာလဲမြခြယ် ကျိန်းသေပေါက်မင်းကိုပဲရွေးမာပေါ့ မေးစရာကိုမလိုတာဘေဘီ အကြိမ်ထောင်သောင်းမကကိုယ်ကမင်းကိုပဲထပ်တလဲလဲရွေးချယ်နေမှာ"
ဘယ်နှစ်ခါမေးမေးမင်းပဲ ကိုယ့်ရွေးချယ်မူကထပ်ခါထပ်ခါမင်းပဲ"
"တကယ်လား???
"ဒါပေါ့ဗျာ ကျိန်းသေပေါက်မြခြယ်ပဲ ကိုယ့်အဖိုးတန်လေးကိုဘယ်သူကမှလာယှဉ်လို့မရတာ သူတို့တွေကတစ်ခဏတာသွေးသားဆန္ဒအရပျော်ပါးခဲ့ဖူးတာ မင်းနဲ့ယှဉ်လို့ကိုမရတာ ဒါကြောင့်တွေးပြီးဝမ်းနည်းမနေနဲ့ မင်းကသူတို့တွေအားလုံးမရောက်ခဲ့ဖူးတဲ့ကိုယ့်ရင်ထဲမှာရောက်နေတာ မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာသိရဲ့လား မင်းသာခိုင်းရင်သေဆို
ေသေပးမယ် မင်းကလူသတ်ခိုင်းရင်လဲအဲ့ဒီလူကိုကိုယ်သတ်ပစ်မယ်"
"အဲ့ဒီလောက်တောင်လား"
"အဲ့ဒီလောက်တောင်ပေါ့"
"ဒါဆိုငါအိပ်လိုက်အုန်းမယ်"
သူပြောချင်တာပြောပြီးသည့်အပြင် လက်ရုံးထံမှပြတ်သားသည့်အဖြေစကားကိုကြားလိုက်ရပြီဆိုတော့ ခြယ်ကျေနပ်အားရသွားသည့်အပြုံးလေးပြုံးပြကာ လက်ရုံးရင်ခွင်ထဲခေါင်းလေတိုးဝင်၍ပြန်လည်အိပ်စက်လေသည်။
ကြောင်ပေါက်လေးတစ်ကောင်လိုသူ့ရင်ခွင်ထဲတိုးဝင်လာသည့် ခြယ်ကတကယ်ကလေးပေါက်စလေးလိုပင်။သူ့ရင်ခွင်ထဲမှ ခြယ့်ခေါင်းလေးအားလက်ရုံးအသာယာပွတ်သပ်ပေးနေမိသည်။လက်ရုံးရင်ခွင်ထဲမှာေနွးေထွးစွာမှေးစက်နေရင်းမိုက်ခနဲအိပ်ပျော်သွားမိသည်။
ဘယ်လောက်တောင်အိပ်ပျော်သွားလဲတော့မသိ။လက်ရုံးသူ့အားအိပ်ရာပေါ်သို့အယာချပေးလိုက်သည့်အခါမှခြယ်ဖျတ်ကနဲနိုးလာလေသည်။
ခြယ် ယောကျာ်းရင်ခွင်ထဲမှာခဏတစ်ဖြုတ်ဆိုကာမှေးစက်လိုက်မိသည်ကနေကွန်ဒိုပြန်ရောက်လာတာတောင်မသိလိုက်။ဒီ15ထပ်အမြင့်နေရာကိုသူဘယ်လိုရောက်လာလဲမသိလိုက်။ဧကန္တ လက်ရုံးကဓာတ်လှေကားတစ်လျှောက်လုံးသူ့ကိုပွေ့ချီလာခဲ့ရတာလား။
ခြယ် ပုံမှန်အချိန်ဆို ဒီလိုအခြေနေမှာလက်ရုံးကိုအားနာ၍မနေတတ်မထိုင်တတ်ဖြစ်နေနိုင်ပေမယ့် ယခုအချိန်မှာတော့အသိစိတ်ပျောက်နေ၍ဘာဆိုဘာကိုမှမသိ။
"အာ..နိုးသွားပြီလား"
"ကိုယ်ကမင်းမနိုးအောင်ဖြည်းဖြည်းချင်းချပေးနေတာပဲ ဆောရီးကွာ"
ခြယ် မျက်ခုံးများကိုတွန့်ချိုးလျက် အမြင်အာရုံတွင်ဝိုးတဝါးပေါ်နေသည့် သူ့အားအပေါ်စီးမှငုံ့ကြည့်နေသောကိုးအားတွေ့ရသည်။
"ကိုးး"
"ဗျာ ဗျ"
သူ့အားအပေါ်မှအုပ်မိုးကြည့်နေသည့်လက်ရုံး၏လည်တိုင်နှစ်ဖက်အားတွယ်ဖက်လိုက်လေတော့ လက်ရုံးမတ်တပ်ရပ်ေနရာမှအလိုက်သင့်အိပ်ရာပေါ်သို့ကိုယ်ညွှတ်ပါလာကာမွေ့ရာပေါ်သို့ဒူးထောက်ချလိုက်သည်။
ခြယ် လက်ရုံး၏ကြယ်သီးနှစ်လုံးဖြုတ်ထား၍လစ်ဟာနေသည့်ရင်ဘက်အတွင်းသို့လက်ထိုးသွင်းလိုက်ပြီး လက်ရုံး၏ကျစ်လျစ်သောရင်အုံအားပွတ်သပ်ဆော့ကစားနေသည်။
ခြယ့်၏အထိတွေ့အောက်မှာလက်ရုံးမှာတော့ အံကိုကြိတ်လျက်နေမထိထိုင်မသာဖြစ်နေရလေပြီ။
ခြယ်ကထိုမှတစ်ဆင့်ပိုင်စိုးပိုင်နင်းဆန်စွာပင် လက်ရုံးမျက်နှာအားသူ့မျက်နှာအနားသို့ဆွဲယူလျက်လက်ရုံး၏နူတ်ခမ်းတို့အားဆွဲယူသုံးဆောင်လေသည်။
လက်ရုံး၏နူတ်ခမ်းတို့အားသူ့စိတ်ကြိုက်စုပ်ယူရင်းအနမ်းတို့အားဦးဆောင်လျက်ရှိသည်။
လက်ရုံးမှာတော့ခြယ်ခေါ်ဆောင်ရာသို့လိုက်ပါရင်း ခြယ့်အထိတွေ့အောက်မှာ တိမ်တွေပေါ်လွင်နေသည့်ခံစားမူတို့ကိုခံစားနေရသည်။
ဒီကောင်မလေးမူးနေရင် ဒီလိုပိုင်စိုးပိုင်နင်းတွေပြုမူတတ်ရင်နောက်ဆိုအရက်ကိုမမူးမူးအောင်တိုက်မှကိုဖြစ်ပေတော့မည်။
Advertisement
- In Serial224 Chapters
Reincarnated into a Time-Loop Dungeon as a LVL100 Catgirl Chef!
Dear Diary: I was reincarnated as a catgirl in a dungeon. There are time-loops. There are marble races. There are other catgirls. What else is there? (Pizza) Turn the page and see!!! Updates Sat, Sun, Wed.
8 207 - In Serial22 Chapters
Re:Light
He was a legendary emperor during his time in life. He was said to be able to heal all wounds no matter how severe.He was a master of all light magic spells.He was said to be able to recite light-magic spells even in his sleep.He was a master of literature.He was an intellectual.He was kind and benevolent.He loved all the races in the world equally and respected them all.He was the first emperor to abolish slavery and enacted equal rights for all races.Everyone loved him. He was loved by all the people, not only in his empire but even in the other countries.He was the 24th emperor of Xinbu Kingdom.And his name in history will forever be marked!!---------------------------------------------------------------------------------------------------------------------------(Art work was not done by me. Owner owns copyright)
8 208 - In Serial52 Chapters
Beyblade Burst: Shasa's Journey
Shasa is a 15 Year old girl and an old friends of Valt Aoi, the number 1 Blader in the world. BC Sol has dulled down since her old friends became legendary bladers and others to compete in other leagues on their own. But what happens when Shasa has a dream, then decides to go on a journey to become the best blader in the world? Join Shasa as she begins her Journey to the top of the blading world!(Some characters in this fanfiction are fanmade! I do not own them at all!)Fan-made Characters used:Tomoka Akarumi - Made By friedbulldog 🍒めい🍒 I Instagram:https://www.instagram.com/lettxce_queen/ @lettxcequeen
8 175 - In Serial21 Chapters
The Other Swan (Twilight Fanfic)
Kassidy-Ann Swan, the twin sister to Bella Swan (Bellybear) and the daughter of Charlie and Renee Swan. they had sent her away when she was younger and now she's back, no one can prepare for the other swan.
8 91 - In Serial24 Chapters
Picture Perfect - Book 2 - Q.F.
"Leave me alone, JBI." Piper scoffed, as JBI gasped, turning to his camera for a second."No denial!" He said, as Piper rolled her eyes."Just go away!""One last question..." JBI called, still struggling to keep up with Piper as the girl groaned. "Is it also true you're suffering from a crippling depression because you're not over Miss Fabray?"Again, Piper hesitated, having JBI rubbing salt in another wound. Still, she kept on walking, trying not to give him too much of a reaction."Screw you, Jacob..." She mumbled."Another dubious answer!" He said. "Is it true you and Miss Fabray haven't spoken much since the birth of her bastard baby?"Sequel to Picture Perfect - Book 1 that you can find in my works!Set in Season 2Disclaimer: Some of the dialogues aren't mine and most of the characters aren't either
8 117 - In Serial20 Chapters
Just go with it | Falice fanfiction
Inspired by the movie starring Adam Sandler and Jennifer Aniston. His heart recently broken, Plastic Surgeon FP Jones, pretends to be married so he can enjoy future dates with no strings attached. His web of lies works, but when he meets Gladys -- the gal of his dreams -- she resists involvement. Instead of coming clean, FP enlists Alice, his assistant, to pose as his soon-to-be-ex-wife. Instead of solving FP's problems, the lies create more trouble.
8 120

