《Devil Husband》34🔞
Advertisement
"ကိုး ငြိမ်ငြိမ်နေနော်မျက်လုံးလေးမှိတ်ထား"
"အွန်အွန်း"
မျက်နှာပေါ်သို့ကျရောက်နေသည့်အေးစက်စက်ပျော့ဖတ်ဖတ်အရာများ၏အထိအတွေ့ကြောင့်လက်ရုံးခန္ဓာကိုယ်တွန့်ခနဲဖြစ်သွားသည်။ဆိုဖာပေါ်လှဲနေရာမှထရန်ဟန်ပြင်ပြီးရင်ဘက်ကိုကြွလိုက်သည်။လှဲနေရာမှထလိုက်တော့မျက်နှာပေါ်မှစိမ်းဖန့်ဖန့်အရည်တစ်ချို့ကလဲရင့်ဘက်ပေါ်စီးကျလာ
လေသည်။
"ဟယ် ကိုး လှဲနေလေ ငြိမ်ငြိမ်လေးနေပါဆိုနေ"
"အေးစက်စက်ကြီး ဘယ်လိုကြီးလဲမသိဘူးးး!!
"ဘာမှမဖြစ်ပါဘူး ပြန်လှဲနေလိုက်ပါ အော် ဒီမှာရင်ဘက်ပေါ်စီးကျကုန်ပြီ နှမြောစရာကြီး ကိုးကလဲလှဲနေပါဆိုနေမှပဲ ကျစ်"
ကျစ်သပ်ပြီးငြိုငြင်စပြုလာသောခြယ့်ကြောင့်လက်ရုံး အမိန့်နာခံပြီးဆိုဖာပေါ်တဖန်ပြန်လှဲချလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ငြိမ်ငြိမ်လေးနေပေးပါ့မယ် ကိုးကိုစိတ်ရှည်ပါ စိတ်ကလက်တဆစ်ရယ်"
"စိတ်ကရှည်ပေးနေတာပဲလေ ငြိမ်ငြိမ်နေဆိုနေလိုက်လေဘာကိုလူပ်ရွနေတာလဲ"
"ဟုတ်ပါပြီ ငြိမ်ငြိမ်နေပါ့မယ်လို့"
ခြယ် စိမ်းဖန့်ဖန့် green tea clayများပါသည့်ဖန်ဇလုံအတွင်းသို့ မွှေတံလိုလိုဖန်ချောင်းနှင့်အနည်းငယ်ထပ်မံမွှေနှောက်ပြီး လက်ရုံးမျက်နှာပေါ်သို့စုတ်သံဖြင့်ဖွဖွေလးသုတ်
လိမ်းေပးသည်။မျက်နှာတစ်ပြင်လုံးသူ့စိတ်တိုင်းကျလိမ်းပေးအပြီးမှ လစ်လပ်ကျန်နေခဲ့သောမျက်လံုးနှင့်မျက်ခွံတစ်ဝိုက်အားသခွားသီးေလးနှစ်စိတ်အား
ခြယ်နေရာချပေးလိုက်သည်။
"ကိုးတစ်နာရီလောက်ဒီတိုင်းနေနေရမယ်နော်"
"ဟယ် ဟယ် စတာ မကြွနဲ့ ကိုးရဲ့ ဟက်ဟက်"
1နာရီလောက် မလူပ်မရပ်စကားမပြောပဲဒီပုံစံအတိုင်းလှဲနေရမည်ဆို၍ ထတော့မည်ဟန်ကြွတက်လာသောလက်ရုံးရင်ဘက်ကိုခြယ်အသာယာတွန်းဖိလိုက်ရသည်။
"မလန့်ပါနဲ့ စတာ ခစ် ခစ် 15မိနစ် မိနစ်20ပဲကြာမှာပါကိုးရဲ့"
"ကိုးပျင်းနေလားဟင်"
ခြယ့်အမေးကြောင့် လက်ရုံးမှန်သည်ဟူသည့်သဘောဖြင့်လက်မထောင်ပြလေသည်။
"ဒါဆို ကိုးဇိမ်ရှိသွားအောင်ငါနှိပ်ပေးမယ်နော်"
လက်ရုံးဆီကလက်ညိုးနှစ်ချောင်းထောင်ပြသည့်တုံ့ပြန်မူရလာ၍သူသဘောကျတာပဲဟုခြယ်ယူဆလိုက်သည်။
ခြယ် ဆိုဖာပေါ်ထိုင်နေရာမှ အနေအထားအဆင်ပြေသွားစေရန် ကြမ်းပေါ်ရှိကော်ဇော်သို့တင်ပျဉ်ခွေထိုင်ချလိုက်ကာ ဆိုဖာထက်တွင်လဲလျောင်းနေသည့် လက်ရုံး၏လည်ဂုတ်နှင့်ပုခံုးတစ်ဝိုက်အားညင်သာစွာနှိပ်နယ်ပေးလေသည်။ဆံသားများအတွင်းသို့လက်ချောင်းလေးများထိုးထည့်ကာဦးခေါင်းအားလဲညင်သာစွာနှိပ်နယ်ကိုင်တွယ်ပေးလေသည်။
သူ့ပုခုံးနှင့်ဦးခေါင်းအားနှိပ်နယ်ပေးနေသည့်သွယ်လျလျ လက်ချောင်းရှည်လေးများ၏နူးညံ့လွန်းသည့်အထိတွေ့ ကြောင့်လက်ရုံးနတ်ပြည်ရောက်မတတ်ကိုထိုအထိအတွေ့အာရုံ၌ခုံမင်နေမိသည်။
"အနှိပ်ခံရင်းသီချင်းနားထောင်ချင်လား ငါဆိုပြရမလား"
ခြယ့်ထံမှရုတ်တရပ်ထွက်ပေါ်လာသည့်စကားကြောင့်လက်ရုံးထခုန်မတတ်ကိုဝမ်းသာမိသွားသည်။ဟိုးစတွေ့ကထဲကခြယ့်နူတ်ဖျားမှသူ့အတွက်ကြမ်းတမ်းသည့်စကားလုံးများကိုကြားခဲ့ဖူးရသည်။တခြားသူေတွနှင့်ဆိုနူးညံ့ချိုသာလွန်းသည့်ထိ်ုအမျိုးသမီးေလးကသူ့တေယာက်ကိုေတာ့ကွဲပြားစွာဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ဖူးသည်။စကားလုံးရင့်ရင့်တွေနဲ့ ဒီကောင့်ရင်ကိုအကြိမ်ကြိမ်ဆို့နင့်စေခဲ့သည့် ဒီအမျိုးသမီးလေးထံမှ သူ့အတွက်သီချင်းဆိုညဉ်းပြမည်ဟုဆိုလာ၍ကိုယ့်နားကိုတောင်မယုံနိုင်။
လက်ရုံးလက်ညိုးနှင့်လက်မဖြင့်အသဲပုံလေးလုပ်ပြကာ ဆိုပြပါဟုဆိုပြပါဆိုသည့်သဘောဖြင့်အသဲလေးအားအခါခါလူပ်ခါပြသည်။
"အာ...ဆိုပြရမလား ဟက် သီချင်းကဘယ်သူ့ကိုမှမဆိုပြဖူးဘူး ရှက်တယ်ငါကကိုးလိုအသံလဲမကောင်းဘူးရယ်"
လက်ရုံးကအခါခါဆိုပြပါဟူသည့်သေဘာဖြင့်ခဏခဏလက်အုပ်ချီပြနေ၍ ခြယ်လဲကိုယ့်စကားနှင့်ကိုယ်ဆိုတော့
"အွန်းပါ ဆိုပြမယ် ငါဆိုပြမယ် အသံကလုံးဝမကောင်းတာနော် ငါ့အသံငါအရမ်းမုန်းလို့ဘယ်သူ့ရှေ့မှာမှသီချင်းမဆိုရဲဘူး ကိုးကိုတော့ဆိုပြလိုက်မယ်"
ထိုစကားသံအပြီး ခြယ့်အတန်ကြာခန့်လံုးဝတိတ်ဆိတ်ကျသွားေလသည်။သူ့ထံမှ3မိနစ်ခန့်စကားသံပြတ်ေတာက်သွား၍ လက်ရုံးနေရထိုင်ရခက်နေစဉ်မှာပင် တုန်ရင်နေသောအသံငယ်လေးဖြင့်
🎶မင်းပြောတိုင်းငါခေါင်းငြိမ့်မယ် မင်းခိုင်းတိုင်းငါငြင်းမလားကွယ် ဒါဟာမင်းလေးကိုချစ်..မှားလို့ မင်းစိတ်ကြိုက်..အကုန်ဖြစ်ရမယ် ဒါဟာမင်းလေးကိုချစ်လို့..လို့ ဒါဟာမင်းလေးကိုချစ်လို့🎶
🎶မင်းရက်စက်ရင်ခွင့်လွှတ်..မယ် ဆိုးလိုက်စမ်းပါမင်းသဘောပဲ အရူံးပေးလက်တွဲသွားမယ် ဒါဟာမင်းလေးကိုချစ်လို့..ချစ်လို့ ထားခဲ့ရင်နေခဲ့မယ် မလိုက်နဲ့ဆို..အမိန့်အတိုင်းပဲ အစထဲကအနိုင်မယူဘူး မင်းလေးအတွက်အဖြည့်ခံပဲ ဒါဟာမင်းလေးကိုချစ်လို့ ဒါဟာမင်းလေးကိုချစ်လို့🎶
ခြယ်သူ့အဖေဖွင့်နေကျ မာရဇ္ဇ၏ချစ်လို့ဟူသည့်သီချင်းကိုစာသားမှတ်မိသလောက်ဆိုပြသည်။စာသားကရတချက်မရတချက်နှင့်စဉ်းစားရင်းဆိုရလေသည်။
အထစ်ထစ်နှင့် ကီးလွဲနေသည့်စာသားအမှားတို့နှင့်သူ့သီချင်းဆိုညဉ်းသံတိုးဖွဖွလေးကိုနားဆင်နေရသည့်အခိုက်အတန့်ဟာလက်ရုံးအတွက်တော့ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပင်။တစ်လောကလုံးကအသံဗလံများကိုလဲသူသတိမပြုမိနိုင်တော့ပဲ အနားမှတိုးဖွဖွလေးဆိုညဉ်းနေသည့်သူ့၏သီချင်းသံလေးနှင့် သူ့အသက်ရှူသံခပ်မြှေးမြှေးလေးကိုသာနားသောတဆင်နေမိသည်။
🎶ဒါဟာမင်းလေးကိုချစ်လို့...ချစ်လို့ ငါအဲ့တာလောက်ပဲရတယ် ဟီးဟီး ငါမသိတော့ဘူး ငါကစာသားလဲမရဘူး သီချင်းလဲမဆိုတတ်ဘူး အသံကလဲဘာသံမှန်းမသိ ကိုးဆိုပြခိုင်းလို့သာဆိုပြရတာ"
သူ့စကားကိုလက်ရုံးဘာမှမတုံ့ပြန်နေတော့ပဲ ငြိမ်ငြိမ်လေးနားထောင်ပေးနေလိုက်သည်။သူ့နားစည်အတွင်း ထိုစူးရှရှအသံငယ်လေး၏သီချင်းဆိုသံလေးကအခါခါရိုက်ခတ်နေသလိုပင်။လက်ရံုးခြယ့်လက်ေလးကိုလှမ်းဆုပ်ကိုင်လိုက်ပြီးသူ့ရင်ဘက်ေပါ်တွင်လက်တင်ေစပြီးသူ့ေကြာင့်ေပါက်ထွက်မတတ်ခုန်ေနသည့်ရင်ခုန်သံကိုစမ်းသပ်ေစသည်။
**ကိုးမင်းအသံေလးကိုအရမ်းသဘောကျရပါတယ်မြခြယ်**
"ကိုး ခွာလို့ရေလာက်ပြီထင်တယ်နော် ကဲ"
ခြယ် ပြောရင်းဖြင့်လက်ရုံးမျက်နှာပေါ်မှMaskကိုအသာယာဆွဲဖယ်ခွာပေးလိုက်သည်။
"ဟူးးခုမှအသက်ရှူဝသွားသလိုပဲ"
လက်ရုံးအသက်ကိုပြင်းပြင်းရှူချပြီးပေါ့ပါးသွားသည့်ဟန်နှင့်ပြောသည်။
ထို့နောက် ခြယ် လက်ရုံးကိုမှန်တစ်ချပ်ယူပေးလိုက်ပြီးမှန်ကြည့်စေသည်။
လက်ရုံး မှန်အတွင်းမှသူ့ပုံရိပ်သူသဘောတကျကြီးကြည့်ပြီး
"ဟုတ်သား ကိုးမျက်နှာလေးနည်းနည်းပိုဖြူလာတယ်လို့ထင်ရတယ်မလားမြခြယ်"
"ဒါပေါ့ အာ့တာကြောင့်ပြောတာငါကကိုးကိုကောင်းအောင်လုပ်ပေးတာပါဆိုနေ ကိုးမျက်နှာလေးGlowသွားတော့မာ"
"ဟုတ်ပါပြီဗျာ ကိုယ့်မြခြယ်ကိုအားကိုးပါတယ် ကိုးတစ်ကိုယ်လုံးကမင်းအပိုင်မလို့စိတ်တိုင်းကျသဘောရှိလုပ်ချင်တာသာလုပ်ပါဗျာ"
ထိုစကားကြောင့်ခြယ်သဘောကျစွာတခစ်ခစ်ရယ်မောပြီး
"ကိုးကိုေလတစ်ကိုယ်လုံးကိုskin careပေးမယ်
တောက်ေပြာင်သွားအောင်တစ်ကိုယ်လံုး
ကအေမွှးအမျှင်ေတွကိုလဲwaxingလဲလုပ်ပေးအုန်းမာ"
"...."
လက်ရုံး ဘာပြန်ပြောရမှန်းတောင်မသိတော့။ကိုယ်တိုင်က သူ့လက်ထဲခန္ဓာကိုယ်တစ်ခုလုံးပုံအပ်ထားမိပြီဆိုတော့ ကျေကျေနပ်နပ်ကြီးသူပြုသမျှနုရတော့ပေမည်။လက်ရုံးပြုံးဖြဲဖြဲသာလုပ်ပြနေနိုင်တော့သည်။
"ပြန်လှဲလိုက် မပြီသေးဘူးတဆင့်ကျန်သေးတယ်"
လက်ရုံးကလေးေလးတယောက်လိုခြယ့်ပေါင်ပေါ်သို့ခေါင်းအုံးအိပ်လိုက်သည်။
ထပ်မံ၍ ခြယ် Green tea clayအစွမ်းဖြင့်ဝင်းမွတ်နေသောလက်ရုံးမျက်နှာလေးပေါ်သို့ နောက်ထပ်ခရင်မ်တမျိုးကိုအသားေရထဲစိမ့်ဝင်သွားေအာင်ညင်သာစွာလိမ်းပေးသည်။ကြည်လင်ရှင်းသန့်နေသော နဖူးလေးအားပြွတ်ခနဲမြည်အောင်ငုံနမ်းလိုက်သည်။ပေါင်ပေါ်မှ
လက်ရံုးဧ။်မျက်နှာလေးအားငုံ့ကြည့်ရင်း သွေးကြောနီစိမ်းစိမ်းလေးတွေထင်းနေသည့်ပါးပြင်လေးနှစ်ဖက်ကိုနှာခေါင်းမြုပ်မတတ်အသဲယားစွာဆွဲနမ်းမိသည်။
"ချစ်လိုက်တာ ချစ်လိုက်တာ ချစ်လိုက်တာဟဲ့"
လက်ရုံးမျက်လုံးလေးတွေပွင့်လာပြီး
သူ့ကိုအေပါ်မှစီးမိုးပြီးပါးနှစ်ဖက်ကိုအားရပါးရနမ်းေနသည့် ခြယ့်ကိုကြည့်၍
"ဟောဗျာ ဒီကောင်မလေးဘယ်လိုတွေဖြစ်နေတာတုန်း"
"ယောကျာ်းကိုချစ်လို့ ချစ်လိုက်တာ အားး ငါ့ယောကျာ်းကတကယ်ချစ်စရာလေး ချစ်လိုက်တာလက်ရုံးသုခရဲ့ ချစ်တယ် ကိုးကိုချစ်တယ်"
**မင်းနာမည်အပြည့်အစုံခေါ်လိုက်တိုင်း
ဒီကောင့်မှာချောကလက်ကိုအပူတိုက်လိုက်သလိုအရည်ပျော်ကြရပါတယ်ကွယ်**
"အင်းပါ အင်းပါ ချစ်ချစ်"
အလိုက်ကန်းဆိုးမသိစွာ အေးတိအေးစက်ဆိုလာသည့်သူ့ကြောင့်ခြယ့်မျက်နှာကိုမဲ့ပြလိုက်သည်။သူ့ကိုဒီေလာက်ချစ်ကြောင်းပြောပြနေတာ နည်းနည်းပါးပါးလေးအလိုက်သင့်လေးပြန်ပြောမှပေါ့။ဘယ်နှင့် အင်းပါတုန်း။တီတီတာတာပြောလို့ကိုမရသည့်တကယ့်လူ။
"အရင်ကတော့မုန်းတယ်ဆို ရှင်ဖြစ်နေလို့ကိုမုန်းတာဆို ရှင်လို့လူယုတ်မာကိုအရမ်းရွံတယ်ဆို"
"ဟယ် ကိုးအဲ့တာတေမှတ်ထားတယ်
ကဲပါ ကဲပါ ထတော့"
ခြယ် ပေါင်ပေါ်ခေါင်းအုံးထားသည့်လက်ရုံးခေါင်းကိုအသာယာမ၍ပေါင်နေရာ၌ကူရှင်တစ်ခုထားပေးလိုက်ပြီး ထရပ်လိုက်သည်။
"ခဏစောင့်နော်"
့့ပထမဦးစွာခြယ် လက်ရုံး၏ခြေသလုံးပေါ်သို့ခရင်မ်တစ်မျိုးကိုအရင်လိမ်းအပြီး ထပ်မံ၍သံတုတ်တံအပြားလေးဖြင့် ကော်ကဲ့သို့လိမ္မော်ရောင်ကပ်စေးစေးလေးများကိုေခြသလံုးေပါ်သို့သုတ်လိမ်းလိုက်သည်။ထို့နောက်အပေါ်မှစေတကာဖြင့်ဖိလိုက်ပြီးပြန်ဆွဲခွာလိုက်သည်။စတေကာ၌လက်ရုံး၏ခြေသလုံးမွှေးများစွာကပ်လျက်ပါလာလေသည်။
"အားးး နာတယ်"
"မနာပါဘူး ငြိမ်ငြိမ်နေ"
"မဟုတ်ဘူး မြခြယ်နာတယ်လို့ ကိုးခြေသလုံးမွှေးတေအများကြီးကျွတ်ပါလာတာလေနာတာပေါ့"
"နာလဲငြိမ်ခံနေ"
ခြယ့်စကားကြောင့်လက်ရုံးပြန်အထွန့်တက်မနေတော့ပဲမျက်နှာငယ်လေးနှင့်အသာငြိမ်နေလိုက်ရသည်။ဟိုကတော့သူလုပ်စရာရှိတာဆက်လုပ်လေသည်။
"ဗြိ"
"အားးး"
စတေကာကိုပြန်ဆွဲခွာလိုက်တိုင်း ခွာလိုက်တိုင်းမှာလက်ရုံးအံကိုကြိတ်ပြီးငြိမ်ခံနေရလေသည်။ငွေရေးကြေးရေးကခြေသလုံးမွှေးဆိုသည့်အတိုင်း ခြေထောက်နှစ်ဖက်လံုးကခြေသလုံးမွှေးတွေကထူပြောလှသည်။ဒီအမွှေးတွေကုန်အောင်အရိတ်ခံရပြီးရင်တော့လက်ရုံးလဲတော်တော်အီစိမ့်နေလောက်ပြီ။
"အားးး"
"အားးနာတယ်"
"ဟားးးငိုတောင်ငိုချင်လာပြီမြခြယ်ရေ အနိုင်ကျင့်နေတယ် ဟင့် နာတယ်လို့"
"ပြီးတော့မယ်ခဏတောင့်ထားကိုး ခဏပဲ "
"အားးအားး "
"အားး ပြီးပါတော့ ပြီးပါတော့"
"အ...အင့်"
တအောင့်အကြာ၌
အမွှေးအမျှင်ကင်းမဲ့ကာကြည်လင်တောက်ပသွားသော လက်ရုံး၏ကြံ့ခိုင်သန်မာေသာခြေသလုံးဖြူဖြူလေးကိုခြယ်ပွတ်သပ်ကိုင်ရင်းကျေနပ်အားရစွာပြုံးသည်။
"ပြောင်လက်သွားတာပဲ ကြည့်လို့ကောင်းသွားပြီခြေသလုံးမွှေးထူလပျစ်ကြီးကရွံစရာကြီး လူရိုင်းကြီးကျနေတာပဲ ခုမှသန့်သွားတာ"
"ဒီမှာကခြေသလုံးတွေကျိန်းစပ်နေတာပဲလို့ လူကိုနှိပ်စက်နေတာနော်မင်း တယ် ငါနော်"
"ဒါပေါ့နှိပ်စက်ချင်လို့ကိုလင်တော်ထားတာလေ ခစ်ခစ်"
"ငါလုပ်လိုက်ရဒီမိန်းမတော့နော် ကျစ်"
လက်ရုံး အသားနာနေ၍ပါးစပ်ကထွက်မိထွက်ရာကြိမ်းမောင်းနေမိသည်။
နောက်မှသူ့ဘာသာစကားကျွံသွားမှန်းပြန်သုံးသပ်မိသည်။သာမာန်အခြေအနေဆိုဒီစကားလောက်ကပုံမှန်စရုံနောက်ရုံပေမယ့် သူတို့နှစ်ယောက်ကြားမှာကသူလက်လွန်ကြက်သွန်ဖြစ်ခဲ့မိသည့်အတိတ်ဆိုးတွေကရှိခဲ့သည်။
"တောင်းပန်ပါတယ်နော် မရည်ရွယ်ပဲလွှတ်ခနဲထွက်မိတာပါနော် တောင်းပန်ပါတယ်နော် ကိုးမင်းကိုဘယ်တော့မှလက်မပါတော့ဘူးလို့ကတိပေးထားတာကိုးသိပါတယ် ပါးစပ်ကထွက်မိသွားတာပါ ကိုးတကယ်မလုပ်ပါဘူးနော် တောင်းပန်ပါတယ်နော်"
"သိပါတယ် ကိုးမလုပ်ရဲမှန်းငါသိသားပဲ ကိုးငါ့ကိုရိုက်ရင်ငါဆရာမြတ်ကိုတိုင်မှာေလ
ကိုးဒယ်ဒီ့ကြောက်လို့မလုပ်ရဲတာသိတယ်"
"မကြောက်ပါဘူး ကိုးလုပ်ရဲတယ် မင်းကိုနာကျင်အောင်မလုပ်ရက်တော့တာသိရဲ့လား မင်းကိုနာကျင်ေအာင်မလုပ်ချင်တော့တာငတုံးမလေးရဲ့"
လက်ရုံး ခြယ့်နဖူးထက်မှသူေပးခဲ့သည့်အမာရွတ်လေးများအားငေးစိုက်ကြည့်ရင်းဆိုလာသည်။
"အော် ဒါနဲ့ကိုယ့်ကိုပဲskin careပေးမနေနဲ့အုန်း မင်းမျက်နှာကအမာရွတ်တွေကိုလဲအမာရွတ်ပျောက်ဆေးတွေဘာတွေလိမ်းနော် မင်းမျက်နှာလေးရုပ်မဆိုးရအောင်"
လက်ရုံးအပြောကြောင့်ခြယ်သူ့နဖူးထက်မှသူဧ။်အမာရွတ်တွေကိုလက်ဖြင့်ကိုင်တွယ်စမ်းသပ်ကြည့်မိသည်။
"အော် ငစိုင်းလဲသူ့ရဲ့အမာရွတ်ကိုအဆုံးထိဖျောက်ဖျက်လို့မရခဲ့ရှာဘူးနော်"
လက်ရုံး ရုတ်တရပ်တိုက်ဆိုင်မူရှိလာတော့
စိုင်းအာကာကိုသတိရမိသွားပြီးနူတ်ဖျားမှလဲလွှတ်ခနဲထိုသို့ရေရွတ်မိသွားသည်။
"သူကဘာလို့ခွဲစိတ်ဖို့မလုပ်ခဲ့တာလဲဟင်"
ခြယ်ဧ။်အမေးကို
"အဲ့ကောင်ကအပ်ကြောက်တယ် အဲ့လိုခွဲရစိတ်ရတာတွေလန့်တယ် ပိုဆိုးတာကသူငယ်ငယ်ကသူ့အမေကအူအတက်ခွဲရင်းခွဲခန်းထဲမှာဆုံးသွားတော့ ဒီကောင့်စိတ်ထဲမှာခွဲစိတ်ရင်သေမယ်လို့ကိုအတတ်မှတ်သွားတာ အင်းပေါ့ စိတ်ဒဏ်ရာပါသွားတာနေမာပေါ့လေ သူ့အမာရွတ်ကလဲမျက်နှာတစ်ခြမ်းအပြည့်တောင်ဆိုတော့လဲဆေးလိမ်းလဲဘယ်ပျောက်ခဲ့မလဲနော် ဟူးး"
စိုင်းအာကာ၏ကိစ္စတွေကိုမျက်နှာငယ်ေလးနှင့်အတွင်းကျကျပြောပြလာ၍ သူနှင့်စိုင်းဘယ်လောက်ရင်းနှီးခဲ့လဲခြယ်မှန်းဆကြည့်မိနိုင်သည်။သူတို့ကျိန်းသေပေါက်သူငယ်ချင်းကောင်းတွေဖြစ်ခဲ့မှာအမှန်ကန်ပင်။
"သိလား ငစိုင်းကအရမ်းခင်ဖို့ကောင်းတာ ကိုးကိုတအားအလိုလိုက်တာသူက ကိုးအပေါ်ဆိုအရမ်းအနွံတာခံတာ သူလဲကိုးအပေါ်ဂျိုးလောက်နီးနီးကောင်းရှာပါတယ် ကိုးဘာစားချင်လဲနှစ်ခါမပြောရဘူးနေပူပူမိုးရွာရွာချက်ချင်းအပြေးသွားဝယ်ပေးတယ် ကိုးအလုပ်သမားလဲမဟုတ်ပဲနဲ့ သူကခိုင်းသမျှလုပ်ပေးခဲ့တာ"
လက်ရုံးဆိုဖာပေါ်၌ခြေဆင်းထိုင်နေရာမှတင်ပျဉ်ခွေထိုင်လိုက်ကာသူ့အရှေ့မှာရှိေနသည့်ခြယ့်ကိုကြည့်ကာ အတိတ်ကအဖြစ်ပျက်တွေကိုဝမ်းသာအားရပြန်ဖောက်သည်ချနေလေသည်။ခြယ်လဲ လက်ရုံးပြောသမျှစကားများကိုစိတ်ပါဝင်စားနားထောင်ပေးသည်။
"သိလား.....ငစိုင်းကလေသူငယ်ချင်းကောင်းတယောက်ဖြစ်ပေးခဲ့တာ မကောင်းခဲ့တာကကိုး
ငစိုင်းကဆေးသမားဘိန်းစားပေမယ့်လူကောင်းလေးပါ ကိုယ့်ကြောင့်သူမှာသေခဲ့...
လက်ရုံး ပြောရင်းဖြင့်မျက်ရည်များထိန်းမရတော့ပဲ ခေါင်းငုံ့ကာမျက်နှာကိုလက်ဖြင့်ကာပြီးငိုချလိုက်မိတော့သည်။
"အဟင့်ဟင့် ကိုယ်ကလေတကယ်မကောင်းတဲ့ကောင် မွေးဖွားမလာခဲ့သင့်တာ ငစိုင်းကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲ ငါဘာတွေလုပ်ခဲ့မိတာလဲသူ့အပေါ်ကို.."
"ကိုးမငိုပါနဲ့ မငိုပါနဲ့"
ခြယ် လက်ရုံးကိုဆွဲဖက်လိုက်ပြီး ခေါင်းလေးကိုအသာယာပွတ်သပ်ပေးပြီးနှစ်သိမ့်လေသည်။
လက်ရုံး ခြယ့်ပုခုံးထက်သို့မျက်နှာအပ်ပြီးပြိုလဲကျမိသည်။
"သူလဲကောင်းရာမွန်ရာရောက်နေလောက်ပါပြီ သူသေရတာကိုးကြောင့်လို့စိတ်ထဲစွဲမနေပါနဲ့ သူကကိုဂျိုးအေပါ်ထားတဲ့ သူ့အမုန်းတွေအငြိုးတွေကြောင့်သာသေခဲ့ရတာပါ ကိုးနဲ့မဆိုင်ပါဘူး မငိုပါနဲ့ဒါကြောင့်"
"မဟုတ်ဘူး မြခြယ် မဟုတ်ဘူး ဟင့် ကိုးပြောပြမယ် ကိုယ်မင်းကိုဝန်ခံစရာရှိတယ် ကိုယ်ပြောမယ့်စကားကြောင့်မင်းကိုယ့်ကိုမုန်းမသွားပါနဲ့နော် တောင်းပန်ပါတယ် ထားမသွားပါနဲ့ မင်းမရှိရင်ကိုယ်သေနိုင်တယ်"
" ငါကိုးကိုမထားခဲ့ဖူးလို့ကတိပေးပြီးသားလေ"
လက်ရုံး မျက်ရည်များကိုလက်ခုံနှင့်ခပ်ပြင်း
ပြင်းဖိသုတ်ပြီး ရိူက်သံကိုထိန်းချုပ်လိုက်သည်။သူအခုပြောမယ့်စကားကြောင့်မြခြယ်သူ့ကိုပြန်မုန်းသွားရင်လဲမုန်းပါစေတော့။ခြယ်သူ့ကိုတစ်ဖန်ပြန်ရွံမုန်းသွားရင်လဲသူအမုန်းခံလိုက်ပေတော့မည်။အကယ်၍များ ခြယ်သူ့ကိုစွန့်ပစ်ခဲ့ရင်သူအသက်ဆက်မရှင်လိုတော့၍ ကိုယ့်ကိုကိုယ်သတ်သေဖို့အထိ လက်ရုံးအဆုံးထိတွေးပြီးဖြစ်သည်။
"မြခြယ် ဒီကမ္ဘာမှာကိုးနဲ့ဂျိုးနဲ့ပဲသိတဲ့လျှို့ဝှက်ချက်တခုပြောပြမယ်"
လက်ရုံး၏အပြောကိုခြယ်မျက်လုံးအဝိုင်းသားလေးဖြင့်စိတ်ပါဝင်စားနားထောင်နေလေသည်။
"ကိုး..ကိုးကလေစိုင်းရဲ့ညီမလေးကိုမုဒိမ်းကျင့်ဖို့ကြိုးစားခဲ့ဖူးတယ်အဲ့ဒီတုန်းကလူမှန်းမသိေအာင်ဆေးမူးနေတာလဲပါတယ် သူ့ညီမကိုဒီလိုလုပ်ဖို့ကြိုးစားမှန်းစိုင်းသိသွာတော့
ကိုးသတ္တိေကြာင်ပြီးဂျိုးကိုကိုယ့်အပြစ်ကိုလွှဲချခဲ့မိတယ်...
"ကိုးအစား ဂျိုးကသူလုပ်တာလို့ဝန်ခံခဲ့တာ အဲ့မာသူနဲ့ငစိုင်းပြဿနာဖြစ်ကြပြီးဂျိုးဘက်ကလက်လွန်ပြီးစိုင်းမျက်နှာတခြမ်းဒဏ်ရာဖြစ်သွားရတာ...ဂျိုးကိုငစိုင်းကဒါကြောင့်အမူန့်ချေမတတ်မုန်းသွားတာ ကိုးကြောင့်သူတို့တွေအဲ့လိုဖြစ်ကြ..."
လက်ရုံးဆက်မပြောနိုင်တော့ပဲ မျက်နှာကိုလက်နှင့်ကာလိုက်ပြန်ပြီးအသံတိတ်သွားပြန်ဧ။်။ရိူက်ရူိက်ပြီးငိုနေ၍ပုခံုးနှစ်ဖက်ကလဲသိမ့်သိမ့်တုန်နေ၏။လက်ရုံး၏တုန်ရင်နေသောပုခုံးနှစ်ဖက်ကိုခြယ်ဖွဖွလေးညှစ်၍
"ငိုချလိုက် ဒီအမှားတွေကိုတယောက်ထဲကြိတ်ခံစားနေရတာဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲငိုချလိုက်ကိုး"
".....တကယ်နောင်တရလွန်းလို့သေမတတ်ပဲ တကယ်ဘာတွေလုပ်ခဲ့မိတာလဲ အဲ့ဒီနေ့ကသာကိုယ့်အမှားကိုယောကျာ်းပီပီသသဝန်ခံခဲ့ရင်"
"အဲ့တုန်းကကိုးကနည်းနည်းငယ်သေးလို့အမှားကိုလူမိသွားတော့ဝန်မခံရဲတာမျိုးနေမာပါ လူတိုင်းကမှားတတ်ပါတယ်"
လက်ရုံး မျက်ရည်များကိုခဏထိန်း၍
"ကိုးကိုမုန်းမသွားဘူးလားဟင် ကလေးကိုတောင်ကျူးလွန်ဖို့ကြံဖူးတဲ့ဒီလိုလူစားမျိုးဆိုပြီးမရွံမုန်းသွားဘူးလား"
ခြယ် လက်ရုံး၏မျက်ရည်စက်များကိုညင်သာစွာသုတ်ပေးပြီး လက်ရုံး၏မျက်ဝန်းများအတွင်းသို့ဂရုဏာသက်စွာအလေးနက်စိုက်ကြည့်ပြီး
"အင်း မမုန်းဘူး အတိတ်မှာမှားခဲ့တာတွေကိုထားလိုက်တော့ ပစ္စပ္ပန်နဲ့အနာဂတ်မှာကိုးကောင်းအောင်နေပေးရင်ကျေနပ်ပြီ ကိုးကိုလူကောင်းလေးအဖြစ်နဲ့ငါမြင်ချင်တယ် ဟိုးအဆုံးထိငါကိုးနဲ့အတူရှ်ိနေပေးသွားမယ်"
"...."
လက်ရုံးဘာစကားမှပင်ပြန်မပြောနိုင်တော့ပေ။
သူ့အမှားတွေကိုအကြိမ်ကြိမ်နားလည်ခွင့်လွှတ်ပေးသည့်ဒီလိုမိန်းကလေးမျိုးကိုရထားတာသူပြောမပြတတ်အောင်ကံကောင်းပေသည်။လက်ရုံး ခြယ့်လက်များကိုဆွဲယူလိုက်ကာ လက်ဖမိုးနှစ်ဖက်ကိုအငမ်းမရ
နမ်းရိူက်ကာ ခြယ့်လက်များကိုတင်းကြပ်နေအောင်ဆုပ်ကိုင်လျက် နူတ်ဖျားမှလဲ
"ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ် ဘဝမှာမင်းကိုကိုယ့်အပိုင်ဖြစ်လာအောင်လုပ်ခဲ့မိတာတခုပဲကောင်းတာရှိတယ် အမှားတွေအများကြီးထဲကမင်းကတစ်ခုတည်းသောအမှန်လေး"
*ကျေးဇူးတင်ပါတယ်ကိုယ့်နတ်သမီးေလးရယ်*
"ကိုးကလူမေကာင်းကောင် လူဆိုးကောင်"
"ဟင် ကိုးဘာလုပ်မိလို့လဲ"
"ငါကိုးကိုမုန်းမရအောင်လုပ်ထားလို့"
"ဟောဗျာ အတတ်လေး"
"ကိုးသိလား ငါကကိုးကိုအများကြီးချစ်မိသွားတာ ငါကလေကိုးကိုအများကြီးချစ်တာ"
လက်ရုံးငိုနေရာမှ အငိုမျက်လုံးအပြုံးမျက်နှာနှင့်ပြုံးရလေတော့သည်။ဒီဟာလေးကလေ
တကယ့်ကိုပါ။
ငိုကြွေးနေရင်တောင်မှလူကိုပြန်ပြုံးရယ်အောင်ဖန်တီးပေးနိုင်တဲ့တစ်ဦးတည်းသောလေး။
ရုန်းလေးနစ်လေဟာရွံ့နွံမဟုတ်ခဲ့ပဲဒီအမျိုးသမီးလေးဖြစ်နေခဲ့သည်။လက်ရုံး ဒီရပ်ဝန်းလေးထဲမှာပင်ရုန်းမထွက်နိုင်ကာ တနေ့ထက်တနေ့နစ်ဝင်နေမိသည်။
ခြယ်သူ့အပေါ်ပစ်ပစ်ခါခါသစ်စိမ်းချိုးေနတုန်းကတောင် လက်ရုံးကဒီလောက်ချစ်တာ၊အခုလို
သူ့အပေါ်ညင်သာပေးရင်လက်ရုံးကဘယ်လောက်တောင်ချစ်လိမ့်မလဲ...?
လက်ရုံး ခြယ့်ပုခုံးပေါ်ခေါင်းမှီရင်းမျက်လုံးစုံမှိတ်ထားမိသည်။ခြယ်လဲ လက်ရုံး၏ကျောကိုညင်သာစွာပွတ်သပ်ယုယပေးသည်။
နှစ်ယောက်စလုံးဘာစကားမျှထပ်ထွက်မလာကြတော့။တအောင့်အကြာ လက်ရုံးခြယ့်ပုခုံးပေါ်မှီတွယ်ကာအသက်ရှူသံပြင်းပြင်းနှင့်အိပ်မောကျနေလေပြီ။
"ဟယ်တော် အိပ်တောင်အိပ်ပျော်သွားပြီ"
နှစ်ခြိုက်စွာအိပ်စက်နေပြီဖြစ်သောလက်ရုံးကိုနိုးမသွားစေရန် ခြယ် လက်ရုံးေခါင်းလေးကို
ပုခုံးပေါ်မှအသာယာရွေ့ ကိုယ်လုံးကိုမသိမသာတွန်းကာဆိုဖာပေါ်တွင်လှဲအိပ်စေသည်။အေးချမ်းစွာအိပ်မောကျနေသည့်လက်ရံုးမျက်နှာလေးကိုကြည့်ကာ နဖူးလေးကိုဖွဖွလေးအနမ်းခြွေလိုက်ပြီး လက်ရုံးနံဘေးတွင်ပူးပူးကပ်ကပ်ရင်ခွင်ထဲတိုးဝင်လှဲအိပ်လိုက်သည်။
"Goodnightပါကိုး အိမ်မက်လှလှမက်ပါစေ"
*****🎶I found a girl beautiful and sweet I never knew you were the someone waiting for me🎶
ဘားအတွင်းပျံလွင့်နေသည့်ခပ်ေဆွးေဆွးသီချင်းတီးလံုးသံ။
စားပွဲပေါ်မှဝီစကီခွက်ကိုငေးစိုက်ကြည့်ရင်းဂျိုး၏အတွေးများလဲပျံ့လွင့်နေသည်။ဒီလိုနေရာမျိုးတွေကိုသူတစ်ကြိမ်တစ်ခါမှတယောက်ထဲမလာခဲ့ဖူး။လက်ရုံးသူ့သူငယ်ချင်းတွေနှင့်ဘားတွေကလပ်တွေမှာသွားအချိန်ဖြုန်းမှသာသူလိုက်လာနေကျ။သူ့စိတ်နှင့်သူ့ကိုယ်လာသည်ကတော့ဒါပထမဆုံးပင်။
ဂျိုးလူမှန်းသူမှန်းမသိေတာ့ေလာက်ေအာင်ထိမူးအောင်သောက်ချင်သည်။သူစိတ်ထွက်ပေါက်ရှာချင်သည်။ဒါကြောင့်ပင်သူဒီကိုရောက်လာရခြင်းပင်။
ဂျိုးဝီစကီခွက်ကိုယူကာတစ်ကျိုက်ထဲမော့ချလိုက်ပြီး မျက်နှာမဲ့သွားသည်။သောက်နေကျလူမဟုတ်၍ဒီလိုအရသာတွေနှင့်သူအသားမကျသေး။ဘားမှအဖျော်ဆရာကိုလက်ညိုးတစ်ချောင်းထောင်ပြရင်း
"ညီလေး နောက်တစ်ခွက်"
"အကိုဖြစ်ရဲ့လား သောက်နေကျရဲ့လား"
"ဖြစ်တယ် ပေး"
ဘားမှအဖျော်ဆရာကိုတစ်ခွက်ကုန်ပြီးေနာက်တစ်ခွက်ထပ်စပ်ခိုင်းစေပြီး သုံးခွက်အကျော်၌ဂျိုးအတော်လေးမူးနေပြီဖြစ်သည်။အရက်တန်ခိုးပြလာ၍သတ္တိတွေကအလိုလိုထွက်လာလေသည်။ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ယူလိုက်ကာ ချက်ချင်းပင်လလေးလုံးထဲသို့ဖုန်းခေါ်လိုက်လေသည်။တစ်ဖက်မှချက်ချင်းဖုန်းဖြေသံမကြား၍ဂျိုးစိတ်မရှည်စွာစောင့်ဆိုင်းရင်း တစ်ဖက်မှဟယ်လိုဟုပြန်ထူးသံလေးကြားရမှပင်
"ဟယ်လို"
"ဟယ်လို ကိုယ့်အချစ်လေး"
"ဟမ်းးဘယ်လိုကြီးခေါ်လိုက်တာတုန်း ခင်ဗျားရူးနေတာလား"
"ဟင့်အင်း မူးနေတာ"
"စောက်ပို ခင်ဗျားလားမူးမာ"
"တကယ်..."
ဂျိုး၏အနည်းငယ်ရီဝေဝေဖြစ်နေသောလေသံကိုနားထောင်ရင်းသူပြောတာတကယ်ဖြစ်နေ၍လလေးလုံးအံ့ဩမိသွားသည်။
"ဘာလို့အခုမှဖုန်းလာေခါ်ေနတာလဲ ကျွန်တော်ဖုန်းခေါ်နေတုန်းကကျစက်ပိတ်ပစ်ပြီးတော့"
"ချစ်လို့ ကိုယ့်အသဲလေးကိုလွမ်းလို့"
"ဟေ့လူ ဘာစကားတွေပြောနေတာတုန်း ကျုပ်ကြက်သီးထတယ်ဗျ"
"အွန်းး"
တစ်ဖက်မှဂျိုး၏ဖုန်းဖြေသံတိတ်ဆိတ်သွား၍
ဂျိုးများအမူးလွန်ပြီးမှောက်သွားလားဟု
လလေးလုံးပူပင်မိသွားပြီး
*ကျစ် ဒီဘဲကွာ သောက်နိုင်တာလဲမဟုတ်ပဲနဲ့များ*
"ဟေ့ ဟေ့ ဖုန်းကိုင်ထားသေးလား"
"အွန်းး"
"ခင်ဗျားအဆင်ပြေရဲ့လား အရမ်းမူးနေလား ညဉ့်နက်နေပြီအိမ်မပြန်သေးဘူးလား"
"ကိုယ်အရမ်းမူးနေပြီ အရမ်းတွေအိပ်ချင်နေပြီ အိမ်...မပြန်..နိုင်လောက်တော့ဘူး"
လဲ့လွင်ဂျိုးကိုစိတ်ပူမိသည်။
ရီေဝေဝေနှးေကွးေနသည့်သူ့ေလသံကိုနားေထာင်ရံုနှင့်သူအေတာ်ေလးမူးေနပြီဖြစ်ေကြာင်းလဲ့လွင််ခန့်မှန်းကြည့်မိသည်။သောက်လဲသောက်နိုင်တာမဟုတ်ပဲနဲ့ဘယ်လောက်တောင်သောက်ထားတာလဲ။သောက်တာများပြီးအန်ဗက်စို့သေတာတွေဘာတွေဖြစ်နေအုန်းမှလို့မဦးမချွတ်တွေပါစိတ်ကူးမိသေး၏။
"ခင်ဗျား ဖြစ်ရဲ့လား သူငယ်ချင်းတယောက်ယောက်လောက်ဖုန်းဆက်ခေါ်လိုက်ပါလား ဒီလောက်မူးနေရင်ကားမောင်းလို့မဖြစ်ဘူး"
"ကိုယ့်မှာသူငယ်ချင်းမရှိဘူး"
"ဟ တယောက်တလေတောင်မရှိဘူးလား"
"အွန်း"
ဘယ်လိုလူကသူငယ်ချင်းတယောက်ေတာင်မှမရှိနိုင်ရတာလဲ။
ဒီလူဟာဘယ်လိုလူစားမျိုးလဲ။
"ခင်ဗျားပြောနေကျခင်ဗျားအလုပ်ရှင်ဆိုတာရော"
"ငလုံးလက်ဖယ်လား??သူမလာေလာက်ဘူး"
"ကျွန်တော်လာခဲ့ပေးရမလား"
"အွန်း တူတူလာသောက်"
လလေးလုံးသဘောကျစွာတဟားဟားထရယ်လေတော့သည်။သူဂျိုးကိုသနားသည်။မူးမူးရူးရူးနှင့်ဂျိုးဒီတိုင်းသူလွှတ်မထားနိူင်ပေ။တခုခုဖြစ်သွားနိုင်သည်။ဒါဟာမိတ်ဆွေအချင်းချင်းစိတ်ပူကြခြင်းမျိုးဟုလဲ့လွင်ထင်မိသည်။
"ခင်ဗျားတိုက်မယ်ဆိုလာပြီဗျာ ခုဘယ်မာလဲ"
"ကိုယ်***မာ ကိုယ်စတာ 10နာရီတောင်ကျော်နေပြီ....မင်းထွက်လာလို့မရလောက်တော့ဘူး မလာနဲ့တော့"
"လာခဲ့မယ် ခုလာပြီ"
"....."
တစ်ဖက်ကဘာမှပြန်ဖြေသံမကြားရပဲ တိတ်ဆိတ်ကြသွား၍ဂျိုးအမူးလွန်ပြီးအိပ်ပျော်သွားပြီမှန်းလလေးလုံးသတိထားမိလိုက်သည်။
လေးပင်နေသောစကားပြောသံနှင့်စကားပြောနေရင်းရပ်ရပ်သွားထဲကသူမှောက်တော့မည်ဟုလဲ့လွင်သိလိုက်သည်။ထင်သည့်အတိုင်းပင်။
*ဒီလူနဲ့တော့ခက်ပြီ သောက်လဲသောက်ဖူးတာမဟုတ်ပဲ ဘားမှာသွားမှောက်နေမှ ကျစ်*
လဲ့လွင်ချက်ချင်းပင် ညဝတ်အကျီကိုလဲကာတွေ့ရာမြင်ရာတီရှပ်တစ်ထည်နှင့် ဘောင်းဘီတိုကိုကောက်စွပ်လိုက်ပြီး လူကြီးတွေမသိအောင် သူ့အခန်းပြတင်းပေါက်မှအိမ်အပြင်
ကိုတွယ်ဆင်းပြီး ခြံတံခါးကိုကျော်ထွက်လာခဲ့သည်။ညလဲမိုးချုပ်လုပြီဖြစ်၍အတော်လေးစောင့်လိုက်ပြီးမှတက္ကစီးငှားလို့ရသည်။ညဘက် အဖော်မပါပဲတက္ကစီးငှားစီးသည်မှာအန္တရာယ်များလွန်းလှသည်ကိုအပေအတေ လလေးလုံးတယောက်ကတော့မသိပေ။
***
ဘားအတွင်းဝင်ဝင်လိုက်ချင်းနားထဲသို့လွင့်ပျံ့လာသည့်သီချင်းသံ။ဟိုဟိုဒီဒီမျက်စိကစားပြီး ဂျိုးကိုသူလိုက်ရှာနေမိသည်။
ဘားအတွင်းရှိလူမှန်သမျှ သူ့အဖွဲ့နှင့်သူ အဖွဲ့လိုက်စုံစုံညီညီရယ်ေမာပျော်ပါးနေကြသည်ကိုတွေ့မြင်ရသည်။သူပံုမှန်လှမ်းေလျှာက်လာရင်း လှမ်းမြင်နေရသည့်ကျောပြင်တစ်စုံသာလျှင်အဖော်ကင်းမဲ့စွာ ဘားကောင်တာတွင်ခေါင်းငိုက်စိုက်ကျကာတစ်ကိုယ်တည်းဖြစ်နေလေသည်။လဲ့လွင် ချက်ချင်းပင်လှမ်းမြင်နေရသည့်ဂျိုးရှိရာဘားေကာင်တာသို့အမြန်လျှောက်သွားကာ ခေါင်းစိုက်ကျနေပြီးအိပ်ပျော်နေသည့်ဂျိုးကိုလူပ်နိူးသည်။
"ထ ထ ဟေ့ ခင်ဗျား ထ ဂျိုးထတော့"
Advertisement
- In Serial205 Chapters
Douluo Dalu: The Legend Of Heavenly Ruler
Leon is an average high school student who likes to watch anime and read novels.
8 2432 - In Serial42 Chapters
Spirit God Shura
Johnny Rex, a certified mad scientist, attempts a hazardous experiment to prove his worth to all those who scorned him. But Fate plays a different hand, as he loses his life, even though the experiment was a success. The same hands of Fate that took his life guides his soul into another mysterious land, returning what had been taken from him, albeit with a small change hehe...Shandra, a vast continent within a immeasurably vast world, where Beasts and Demons roam unhindered, where cultivation and martial arts rule over everything… where strength defines the value of your life and future… A young man from an insignificant family in a remote corner, steps out to face the world as he aims at the peak of the world… the journey of a man known as Blood Shura, who paves his path with the blood and bones of his enemies, all the while with a single goal in his mind... Explore this Whole New World...
8 240 - In Serial61 Chapters
The Chains That Join Us
Flip Finnigan, a dysfunctional hedge-wizard with poor social skills, haunted by demons and debt, is drawn into an adventure that could save the world or lead to a disease and demon riddled destruction. Expect: -Character driven storytelling -A magic system built on poetry and occult tradition -Poetry -Adventure; including travel, combat, and riddles -Dungeons and Dragons style storytelling -The power of friendship (kind of?) -Spite. -Mild gore, some violence, and occult content Reviews and critique are highly encouraged. I am a civil and fair responder, don't be afraid to initiate a conversation. This project is complete. Edits may be performed occasionally and suggestion helper is now enabled if you feel like contributing. If you see this story posted anywhere outside of RoyalRoad, AO3, or Inkitt, please let me know as those are the only sites I currently host this story on.
8 171 - In Serial87 Chapters
The Transcenders
In a world of magic and science, peace never lasts. Has the Dark Faction returned? Is there something grander at play? Something big is about to happen. Follow the Transcenders on their journey to transcend humanity. They might just be the world's only hope. If they want to fight back thought, these mages will need to get stronger. (Chapters are released every Sunday)
8 115 - In Serial23 Chapters
Surge
In Shulvar, a world of sword and sorcery where most of the northern and the southern hemispheres are a no man’s land called the Dense Mana Zones, only a thin strip of land is left for mankind, elf-kind and dwarf-kind to share. Yet, for nearly ten years after the defeat of the tyrannical king Arkosh, peace reigned. Until emerged from the northern dense mana zone, a sanguine army of hellish creatures, half-goat, half-men, on a far greater scale than anything ever seen. Furthermore, a familiar figure is leading them…Lynch, after single-handedly ending the war ten years prior, must immerse himself in the arcane arts once more and find the hope within this hopeless struggle.
8 183 - In Serial20 Chapters
The teacher killer 「Teacher! Izuru Kamukura x Delinquent!Reader」
Just a story I decided to write to fun ^^
8 132

