《Devil Husband》32
Advertisement
"ခစ် ခစ် ဟားဟား ကိုကိုကရယ်ရတယ် တကယ့်ငပေါကြီး"
သူပြောသည့်ဟာသများကိုသဘောကျစွာတခစ်ခစ်ရယ်နေသည့်အရယ်သန်လွန်းသည့်ကလေးမလေးကိုကြည့်ကာလက်ရံုးရောယောင်ပြီးလိုက်ရယ်နေမိသည်။
"မသိတဲ့လူတွေအမြင်မှာတော့ဦးကလူဆိုးကြီးပေါ့ အမှန်ကမီးလေးပြောသလိုပဲ ရင်းနှီးတဲ့
လူေတွနဲ့ဆိုဦးကငပေါကြီး ဟဲ"
"တကယ်တော့လက်ရုံးသုခဆိုတော$ပေါကြီးမီးလေးရဲ့ မမကအသိဆုံးလေ သူကစိတ်ဖောက်ပြန်တတ်တယ် စိတ်လဲမမှန်ဘူး သူကဒေါသထွက်ရင်Hulkလိုဘီလူးဖြစ်သွားတာ သူကလူဆိုးကြီးလေ စိတ်ဆိုးရင်အကုန်ဖျက်ဆီးပစ်တာ"
ခြယ့်ဆီမှထိုစကားကြားတော့လက်ရုံးမဲ့မျက်မှောင်ကြုံ့၍မဲ့ပြုံးပြသည်။
(ဒီကောင့်ကိုမကြောက်မရွံ့သွားစပြန်တယ်ဒီဟာမလေးနဲ့လဲ)
"ဟယ် ဟုတ်လား တီတီမကြောက်ဘူးလား"
သက်လုံးပုံလေး၏အမေးကိုခြယ်ပြန်မဖြေပဲဝေ့လည်ကြောင်ပတ်နှင့်ရန်စကားအစပျိုးတာသူမဟုတ်သလိုနူတ်ဆိတ်နေေလသည်။
"ကလေးမေးနေတယ်လေ မင်းပါးစပ်မပါဘူးလား"
"...."
ခြယ် ကလေးမလေးအမေးကိုမဖြေပဲအင်တင်တင်နှင့်အူကြောင်ကြောင်လုပ်နေ၍လက်ရုံးမေနနိုင်တော့ပဲဝင်ပြောတော့သည်။
"တီတီ ကိုကိုကစိတ်ဆိုးလာရင်လူဆိုးကြီးဖြစ်သွားတယ်ဆိုတာေလအဲ့ကျတီတီကကိုကို့ကိုကြောက်လားလို့"
"ဖြေလိုက်လေ"
လက်ရုံးပြုံးစစနှင့်မေးငေါ့ပြပြီးသူလဲအဖြေကိုနားစွင့်နေသည်။သူလဲခြယ်ေဖြလာမည့်အဖြေကိုသိချင်သည်။
မကြောက်ဘူးပြောလဲဘာမှဖြစ်မှာမဟုတ်သလို ကြောက်တယ်ဆိုလဲသူဘာမှပြောမှာမဟုတ်ပေမဲ့ ခြယ်ကအတည်ပေါက်ကြီးမဖြေချင်သလိုဖြစ်နေလေသည်။ခြယ်ကတကယ်ပဲ သူ့ကိုအဲ့လောက်တောင်ကြောက်တာလားဟုသူေတွးမိနေသည်။
"အွန်းပေါ့ကြောက်တာပေါ့လို့ ကိုယ့်ယောကျာ်းဆိုတော့လဲကြောက်ရတာပေါ့ နည်းနည်းလေးကြောက်ရတာပါနော် ကိုယ့်လင်ကိုချစ်၊ကြောက်၊ရိုသေတာ ကြောက်တာမဟုတ်ဘူးနော် ချစ်လို"
"ဟယ်...တီတီကယောကျာ်းကြောက်ရတယ်ပေါ့လေ ဟားဟား"
"မကြောက်ပါဘူးလို့ချစ်ကြောက်ရိုသေတာပါဆိုနေ"
"အာ့တာလဲကြောက်တာပဲပေါ့ မီးဖေဖေကတော့မေမေ့ကိုကြောက်ရလို့သူ့သူငယ်ချင်းတေွကမယားကြောက် မယောက်ကြားကောင်လို့ခေါ်ကြတာတီတီကယောကျာ်းကြောက်ရတာဆိုတော့ဘယ်လိုခေါ်မလဲ အမ်းး မှန်းစမ်း.."
"လင်ကြောက် လောက်ကျင် အဟက်"
လက်ရုံး သက်လုံးပုံစကားနောက်မှရယ်ကျဲကျဲ
နှင့်သူ့မိန်းမကိုသူပါဝင်စသည်။
"ဟုတ်သားပဲ တီတီကလောက်ကျင်ပဲ ခစ်ခစ်"
"လက်ရုံးးး ကဲဟာ ငါ့ကိုကလေးရှေ့မာအရှက်ခွဲတယ် ဒေါက်"
မပြောမဆိုနှင့်ခေါင်းပေါ်ကျရောက်လာသည့်လက်နှင့်အတူ အခေါက်ခံလိုက်ရသည့်နေရာတစ်ဝိုက်လဲပူထူသွားသည်။ပူထူသွားသည့်နဖူးစပ်တစ်ဝိုက်အား လက်ရုံးပွတ်သပ်ရင်း သူ့အားလောက်ကျင်ဟုခေါ်ရမလားဟုရှူးရှူးရှဲရှဲဖြစ်နေသောခြယ့်အားကြည့်ကာတခွီးခွီးရယ်ပါတော့သည်။သူများရယ်တာမြင်တော့သက်လုံးပုံကပါလိုက်ရယ်လေလေတော့သည်။
"အားး မြခြယ်"
ရုတ်တရပ်လက်မောင်းသားကိုဆွဲလိမ်လာသည့်ခြယ့်ကြောင့်လက်ရုံးလန့်သွားရသည်။
ခြယ်စိတ်ဆိုးလာ၍ဆွဲမိဆွဲရာဆွဲလိမ်ပစ်သည်။
"အဲ့တာရယ်အုန်းဟာ"
"ကိုးမနာဘူးနော် ယားတာ"
"မနာရင်..."
"အ အားး နာတယ် ဟား"
လက်မောင်းသားကိုစိတ်ရှိလက်ရှိဆွဲလိမ်နေသည့်ခြယ့်လက်ကိုဆွဲဖယ်ပစ်လိုက်လို့ရပါသော်ငြားလဲ မလုပ်ပဲရယ်ကျဲကျဲနှင့်အလိမ်ဆွဲခံနေလေသည်။
အသားအနာခံ၍ပင်လိုက်စနေသေးသည်။
"သနားလို့ လွှတ်ပေးလိုက်တော့မယ်"
ခြယ်ဆွဲလိမ်ထားသည့်လက်ကိုပြန်ရုပ်လိုက်မှ လက်ရုံးနီရဲတွတ်သွားသည့်လက်မောင်းသားလေးအားပြုံးဖြဲဖြဲနှင့်ပင်ပွတ်သပ်ကြည့်နေသည်။
"စတာလေးဟာကိုနော်"
လက်ရုံးရယ်ကျဲကဲျနှင့်ပင်မကျေမနပ်ပြောသည်။
သူတို့ကိုသဘောကျစွာတခစ်ခစ်ရယ်နေသည့် သက်လုံးပုံကိုလက်ရံုးအသဲယားလွန်း၍ေခါင်းကိုဖွဖွလေးညင်သာစွာပွတ်သပ်ပေးလိုက်သည်။ကေလးကလဲအခုမှေတွ့တစ်နာရီမပြည့်ေသး
သည့်လက်ရုံးကိုခင်သည်။
ကိုကို ကိုကိုနဲ့ကပ်ချွဲပြီးေပါင်ေပါ်ကမ
ဆင်းေတာ့။ဒီလေးငါးနှစ်ကလေးကဘယ်လိုလုပ်သူ့ကိုဦးလို့မခေါ်ပဲ ကိုကိုဖြစ်နေမှန်းလက်ရုံးလဲမပြောတတ်။
အခုမှမြင်ဖူးေတွ့ဖူးေပမယ့်တရင်းတနှီးနှင့်သူ့ကိုအတော်ခင်နေသည်။
"ကိုကိုကချစ်ဖို့ကောင်းတယ် အသဲယားတယ် မွ"
လူကြီးလေးစတိုင်နှင့်လက်ရုံးပါးလေးအားဆွဲညှစ်ပြီးအာဘွားပေးလိုက်သည်။
"အမယ် ကလေးကများလူကြီးကိုချစ်ဖို့ကောင်းတယ်လုပ်နေတယ် ကလေးစုတ်လေး"
လက်ရုံး ကလေးလေးနှာခေါင်းလေးကိုဖွဖွလေးပြန်ဆွဲညှစ်လိုက်သည်။
"နော် တီတီ ကိုကိုကချစ်ဖို့ကောင်းတယ်နော်"
"အွန်းပေါ့ သူကချစ်စရာလေး"
*ဟင်းဟင်း အရင်ကတော့မုန်းစရာလေး သောက်မြင်ကပ်စရာလေးလေ*
ခြယ့်ထံမှပါချစ်ဖို့ကောင်းသည်ဟုထောက်ခံသံကြားရ၍ လက်ရုံးရှက်သွေးဖြာကာပါးလေးနှစ်ဖက်ကနီရဲတက်လာသည်။အမြဲလိုလိုသွေးကြောမျှင်စိမ်းစိမ်းလေးတွေထင်းနေတတ်သည့်ပါးလေးနှစ်ဖက်ကာအရှက်သည်းချိန်ဆိုခရမ်းချဉ်သီးလေးတွေလိုနီရဲတက်လာတတ်သည်။
အခုလဲရှက်ရမ်းရမ်းကာ သက်လုံးပုံလေး၏ဆံပင်လေးတွေကိုလက်ရုံးဆွဲဖွမိနေသည်။သက်လံုးပံုေလးကိုကြည့်ကာ
ပြံုးေပျာ်ေနသည့်လက်ရုံးကိုကြည့်ရင်းခြယ်လဲအတူလိုက်ပြုံးမိသည်။ကေလးမလေးကိုပေါင်ပေါ်တင်ကာရင်ခွင်ထဲသွင်းထားပုံမှာအဖေတယောက်ကသူ့ကလေးကိုေပွ့ဖက်ထားသည့်အလား။ခြယ်သူတို့နှစ်ယောက်ကိုကြည့်ကာအဖေဖြစ်သူကိုပင်သတိရမိသွားသည်။
လက်ရုံးလဲဖခင်တစ်ယောက်ဖြစ်ချင်မလားဟုလဲခြယ်တွေးမိသည်။ထိုသို့တွေးမိတော့စိတ်ထဲအတော်လေးဝမ်းနည်းမိသွားသည်..?
သို့သော် မျက်စိရှေ့မှာပျော်ရွှင်နေသည့်လက်ရုံးကိုမြင်တွေ့နေရတော့လဲစိတ်ဆင်းရဲမူတွေဟာတာရှည်မခံပေ။
တင်္ဒဂအတွင်းမှာပင်ဝမ်းနည်းမူအတွေးစများလွင့်ပြယ်သွားရသည်။
"ပုံပုံ သမီး ဒီကိုလာစမ်း ခုချက်ချင်းငါ့ကလေးကိုလွှတ်"
ရုတ်တရပ်သူ့ပေါင်ပေါ်တွင်ထိုင်နေသောကလေးကိုပေါင်ပေါ်မှအတင်းလာဆွဲယူခံလိုက်ရ၍ လက်ရုံးလဲအမှတ်တမဲ့ဆန်စွာသက်လုံးပုံကိုလှမ်းဆွဲထားမိသည်။
ထိုင်နေရာမှကလေးလက်ေမာင်းကိုအတင်းလှမ်းဆွဲသော လက်တစ်စုံကိုကလေးမိခင်ကခက်ထန်စွာဆွဲဖြုတ်ချပစ်သည်။
"လွှတ်စမ်း ငါတို့သမီးကို မထိနဲ့"
ကလေးလေး၏မိခင်ဖြစ်သူဟုယူဆရသူကကလေးကိုလက်ရုံးကိုယ်ပေါ်မှဆွဲခေါ်ကာသူ့နောက်တွင်ပို့ထားလိုက်သည်။မိခင်ဖြစ်သူနောက်မှလက်ရုံးကိုအားနာနေသည့်အကြည့်တို့ဖြင့်ကွယ်ဝှက်ကြည့်နေသည့်သက်လုံးပုံ။
လက်ရံုးရော ခြယ်ပါကြမ်းပေါ်ထိုင်နေရာမှထရပ်လိုက်ကြပြီး ရုတ်တရပ်ကြီးကွန်ဒိုခန်းအတွင်းဝင်ရောက်လာသည့်အမျိုးသမီးကိုအထူးတဆန်းရပ်ကြည့်နေကြသည်။
ထိုအမျိုးသမီးဝင်လာပြီးနောက် အနောက်မှလဲကွန်ဒိုလုံခြုံရေးနှစ်ဦးနှင့်သူ့အမျိုးသားဟုယူဆရသူအမျိုးသားကပါအခန်းတွင်းအလောတကြီးဝင်ရောက်လာပြီး အခန်းတွင်းဟိုကြည့်ဒီကြည့်ဖြင့်
"သမီးလေး ပုံပုံ ဘယ်တွေရောက်နေတာလဲ ဒယ်ဒီတို့ရှာတာနှံ့နေပြီ စိတ်ပူလိုက်ရတာ"
ဝင်ဝင်လာချင်းဖအေလုပ်သူမှ မအေ့နောက်ကျောတွင်မခို့တရို့ရပ်နေသည့်
သမီးဖြစ်သူဆီအပြေးသွားပြီး သမီးရှေ့တွင်ဒူးထောက်ထိုင်ချကာပြေးဖက်လေသည်။
"ငါတို့သမီးကိုဘာလို့ဒီထဲခေါ်ထားရတာလဲ
ဟမ်း ကလေးကိုဘာလုပ်မလို့လဲလူယုတ်မာကောင်ရဲ့"
ထိုအမျိုးသမီးမှလက်ရုံးထံလက်ညိုးငေါက်ငေါက်ထိုး၍ဆူပူအော်ဟစ်လေသည်။လက်ရုံးအနည်းငယ်တွေဝေစွာနှင့်ပင် ဘာမှပြန်ဖြေနိုင်ခြင်းမရှိပဲအနည်းငယ်တုံ့ဆိုင်းနေမိသည်။အတွင်းစိတ်တွင်းတွင်လဲ ကလေးကိုချစ်၍ခဏတဖြုတ်အိမ်ထဲဝင်ဆော့စေတာမိဘတွေကဒီလောက်စိုးရိမ်တကြီးသဲသဲလူပ်နေ၍သူဘယ်လိုရှင်းပြရမလဲအစရှာ၍မရပေ။ဟိုးအရင်ကသာဆိုဒီအချိန်မှာလက်ရုံးတယောက်ဆတ်ဆတ်ထိမခံစွာကတ်ကတ်လှန်အောင်ပြန်ပြဿနာရှာနေမည်ဖြစ်သော်လဲအခုတော့ဆိတ်ငြိမ်စွာဖြင့် တဆစ်ဆစ်ထိုးကိုက်နေသောနားထင်အားလက်ဖြင့်နှိပ်နေမိသည်။
လက်ရုံးဘာဆိုဘာမှပြန်မပြော၍ခြယ်မနေနိုင်တော့၍
"အမ ကလေးပျောက်သွားလို့ရှာနေတာဆိုရင်လဲအခုပြန်တွေ့နေပြီပဲဟာကိုဘာလို့မဆိုင်တဲ့လူကိုသွားအော်နေရတာလဲ"
"အော် ဟုတ်လား ကလေးကဒီအခန်းထဲဘယ်လိုရောက်နေရတာတုန်း ငါသာအချိန်မှီရောက်မလာရင်နင့်လင်လူယုတ်မာကကလေးကိုဘာလုပ်မလဲပြောလို့ရတာမဟုတ်ဘူး တခုခုဆိုငါတို့မိဘတွေပဲရင်ကျိုးရမာ ဒီလိုကောင်စားမျိုးကကလေးလဲရှောင်ချင်မှေရှာင်..ရှောင်
"တိတ်စမ်း...
ပါးစပ်ပိတ်ထား ညီမယောကျာ်းကိုဆက်စော်ကားနေမယ်ဆိုရင်ပါးချထည့်လိုက်မယ်"
ခြယ့်၏ဒေါသသံရောနှောနေသည့်အမိန့်သံပါလွန်းသည့်လေသံကြောင့်ထိုအမျိုးသမီးတိတ်ဆိတ်သွားရသည်။
သူ့ဘက်မှအပြည့်အဝရပ်တည်ပေးနေသောခြယ်ရှိနေ၍ရံုးကျေနပ်ပိတိများဖြာေဝသွားရသည်။လက်ရုံးမဖြစ်တော့၍
"ကျွန်တော်ပြောပါရစေ ကျွန်တော်သူ့ကိုအထဲခေါ်သွင်းလာတာမဟုတ်ရပါဘူး ကလေးကသူ့ဟာသူအိမ်ထဲဝင်ချင်တယ်ဆိုလို့ကျွန်တော်ခွင့်ပြုလိုက်တာပါ ကလေးကအပြင်မှာတယောက်ထဲရှိနေလို့စိတ်မချတာလဲပါတယ်ရယ်အဲ့တာ
ကြောင့်အထဲမာေနခိုင်းထားတာပါ စကားပြောဆင်ခြင်ပေးပါ ကျွန်တော်သာကလေးကိုမကောင်းတာလုပ်ဖို့ရည်ရွယ်ထားရင်ဘာလို့မိဘတွေဒီရှေ့ကဖြတ်သွားရင် ရှာရလွယ်အောင်တံခါးကြီးကိုဟောင်းလောင်းဖွင့်ထားခဲ့ပေးမာလဲ စဉ်းစားလေ"
လက်ရုံးအနည်းအကျဉ်းေတာ့ဒေါသဖြစ်နေ
နိုင်ေသာ်လဲတတ်နိုင်သမျှေဒါသကိုထိန်း စိတ်ကိုအဆံုးထိဆွဲဆန့်ကာစိတ်ရှည်လက်ရှည်ရှင်းပြသည်။အရင်စိတ်နဲ့သာဆိုအခုလိုရှင်းပြေနဖို့ေနေနသာသာသူ့လာေပြာဆိုရမလားဆိုပြီးဖွားဖက်ေတာ်နဲ့ကိုင်ဆဲလွှတ်မှာကျိန်းေသေပမယ့် ယခုတော့လက်ရံုးစိတ်ကိုအရှည်ဆုံးဆွဲဆန့်ပြီးမလုပ်ခဲ့သည့်အမှားကိုသူမလုပ်ေကြာင်းရှင်း
ပြေနရသည်။သူရှင်းပြတာကိုနားေထာင်ပြီး ထိုအမျိုးသမီးမှအနောက်ဖက်သို့လှည့်၍ အဖေဖြစ်သူလက်ကိုဆုပ်ကိုင်ကာရပ်နေသည့်သက်လုံးပုံရှိရာသို့ေခြလှမ်းနှစ်လှမ်းခန့်
ေလျှာက်၍အနားကပ်သွားပြီး ကလေး၏မေးကိုဆတ်ခနဲဆွဲကိုင်လိုက်၍မျက်နှာမော့စေကာ
"ဟုတ်လား ပုံလေးသူပြောတာဟုတ်လား မာမီ့ကိုပြော သမီးဘာသာဒီရောက်လာတာလား သူခေါ်တာလားမာမီ့ကိုဖြေ"
"မီးကကိုယ့်ဟာသူလာတာပါ ကိုကိုကမခေါ်ပါဘူး မီးကကိုယ့်ဟာသူကိုကိုနဲ့စကားပြောချင်လို့ကိုကို့ဆီလာတာပါ"
သမီးဖြစ်သူဆီကအဖြေကိုအရှင်းသားကြားလိုက်ရေတာ့ထိုအမျိုးသမီးမျက်နှာ
အေတာ့်ကိုပျက်ယွင်းသွားသည်။သို့သော်ချက်ချင်းမျက်နှာပြန်ထားလိုက်ကာ မာရေကြောရောမျက်နှာပေးဖြင့်ပင်သူေကျာေပးရပ်ထားသည့်အေနာက်ဘက်ရှိလက်ရုံးကိုတချက်စောင်းငဲ့ကြည့်ကာ
"ထားလိုက်ပါတော့ ဒါဆိုလဲ"
"အဲ့တာဆိုအမတို့ကလေးတို့ပြန်ရှာတွေ့ပြီ ပြေလည်သွားကြပြီဆိုတော့ကျွန်တော်တို့လဲအလုပ်ပြန်လုပ်ခွင့်ပြုပါဗျ"
Securityနှစ်ယောက်မှသူတို့တာဝန်တာဝန်ပြီးမြောက်သွားပြီဖြစ်၍ ထိုအမျိုးသမီး၏အရိပ်အခြည်ကိုကြည့်ကာပြန်ခွင့်ပြုဖို့ခွင့်တောင်းတော့ ထိုအမျိုးသမီးကမျက်မှာရူံ့မဲ့ကာသွားဟူသည့်သေဘာဖြင့်လက်လူပ်ပြသည်။ထိုလုံခြုံရေးနှစ်ဦးထွက်သွားပြီး
"ဟန်နီ တို့လဲသွားကြမယ် ဒီနေရာမှာကြာကြာမနေချင်ဘူး"
"ကဲ လာ ဒယ်ဒီ့မင်းသမီးလေး"
အမျိုးသားဖြစ်သူအားမျက်ရိပ်မျက်ခြည်ပြ၍ထွက်ရန်ဟန်ပြင်စဉ်သက်လုံးပုံကအနောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်ခွဲခွာခါနီးလက်ရုံးကိုနူတ်ဆက်နေချင်ဟန်နှင့်တူသည်။သူ့လက်ကိုဆုပ်ကိုင်ထားသော သူ့ဒယ်ဒီလက်ကိုဖြည်ချရန်ကြိုးစားသော်လဲဟိုကလွှတ်မပေး။
"ဒယ်ဒီ ခဏလောက်လွှတ်ပါ ကိုကို့ကိုနူတ်ဆက်ချင်လို့"
ဖခင်ဖြစ်သူဘာမှမပြောရသေးခင်မှာပင် မိခင်ဖြစ်သူက
"ဘာမှနူတ်ဆက်မနေနဲ့ နောက်လဲထပ်တွေ့စရာအကြောင်းမရှိဘူး သမီးကိုမာမီမှာထားမယ်နော် နောက်ဆိုဘယ်သွားသွားမာမီတို့ဒယ်ဒီတို့အနားမှာပဲနေ ဟိုသွားဒီသွားလျှောက်မသွားနဲ့ အခုကြည့်သမီးလုပ်ပုံကောင်းလား မာမီတို့မှာစိတ်ပူရလွန်းလို့ရဲပဲတိုင်ရမလိုရှာလိုက်ရတာနှံ့နေတာပဲ သမီးကဒီလိုလူစားမျိုးအိမ်ထဲရောက်နေတာဘယ်လောက်အန္တရာယ်များလဲသိလား တခုခုဖြစ်သွားနိုင်တယ် သူသမီးကိုတခုခုလုပ်ရင်ဘယ်လိုလုပ်မလဲ..
"ဘေဘီ ရှူး သူတို့ရှေ့တော့ဒီအကြောင်းတွေမပြောနဲ့လေကွာ"
"အို မှန်တာပြောတာပဲ"
အမျိုးသားဖြစ်သူကကာယကံရှင်ေတွေရှ့စကားေပြာဆင်ခြင်ရန်သတိပေးသော်လဲထိုအမျိုးသမီးကတော့အရေးမစိုက်စွာလက်ရုံးကိုမသတီရွံရှာသလိုအကြည့်တချက်ဖြင့်စောင်းငဲ့ကြည့်ပြီးမဲ့ရွဲပြသည်။
ထိုအပြုအမူကိုမြင်မြင်ချင်းခြယ်ဒေါသထောင်းခနဲထသွားကာ ရန်တွေ့ရန်ဟန်အပြင်မှာပင် လက်ရုံးကခြယ့်လက်ကောက်ဝတ်ကိုလှမ်းကိုင်လိုက်သည်။ခြယ် လက်ရုံးဘက်သို့အကြည့်အရောက် လက်ရုံးအပြုံးယဲ့ယဲ့လေးပြုံးပြကာ လွှတ်ထားလိုက်ပါဟူသည့်သဘောဖြင့်ခေါင်းခါပြသည်။နူတ်ဖျားမှလဲမလုပ်နဲ့ဟုတိုးလျလျ
လေးနူတ်ခမ်းလူပ်ရုံပြောသည်။ထို့ကြောင့်ခြယ်ဘာမှပြောဆိုမနေတော့ပဲ ယောကျာ်းစကားနားထောင်ကာနူတ်ဆိတ်နေလိုက်သည်။
"မာမီကလဲ ကိုကိုကဘာဖြစ်လို့လဲ ကိုကိုကအရမ်းသဘောကောင်းတာ ဂီတာလဲတီးပြပြီးသီချင်းလဲဆိုပြတယ် မီးနဲ့လဲတူတူဆော့ပေးတာ..တာ
"ထပ်မပြောနဲ့ ဒီလူရမ်းကား ဆေးသမား တဏ္ဍာရူးကောင်ကိုများညဉ်းကအကောင်းထင်နေတယ်"
သူ့မိခင်ပါးစပ်မှထွက်ကျလာသည့်စကားလုံးများအားကိုပုံလေးနားမလည်၍မျက်လုံးအဝိုင်းသားလေးဖြင့်သာမိခင်ဖြစ်သူအားပြန်ကြည့်ရှာသည်။
"ဆေးသမား တနှာရူးဆိုတာဘာလဲမာမီ မီးမသိဘူး"
"ဒီမိန်းမကွာ ကလေးရှေ့စကားအပြောအဆိုမဆင်ခြင်ဘူး ငါလုပ်လိုက်ရ"
လက်ရုံးတစ်ကိုယ်ကြားတိုးတိုးလေးရေရွှတ်မိသည်။
"ဆေးသမားတို့တဏ္ဍာရူးတို့ဆိုတာမကောင်းတဲ့လူဆိုးတွေကိုခေါ်တာ သူတို့ကလူဆိုးလူမိုက်တွေသူတို့နဲ့မပေါင်းရဘူးကြားလား သူတို့ကလူတေကိုဒုက္ခပေးတယ် သမီး"
"မာမီ ကိုကိုကလူဆိုးလူမိုက်လားဟင်"
"ဒါပေါ့သမီးရဲ့ အဲ့လိုလူနဲ့မပက်သက်ရဘူးနော်"
"ဟုတ် မာမီ အဲ့လူဆိုးကြီးကိုမီးမခေါ်တော့ဘူးနော် သူကလူတေကိုဒုက္ခပေးတဲ့မကောင်းတဲ့လူ"
"တော်တယ် လာ သွားကြမယ်ပုံလေး"
သားမိသားဖသုံးယောက်တယောက်လက်တယောက်ဆွဲကိုင်ကာကွန်ဒိုခန်းမှကျောခိုင်းထွက်သွားသောမြင်ကွင်းကိုလက်ရုံးလိုက်ကြည့်နေမိသည်။ကလေးမလေးများတချက်လောက်အနောက်သို့ပြန်လှည့်ကြည့်ပြီးသူ့ကိုများတာ့တာလှည့်ပြမလားဟူသည့်မျှော်လင့်ချက်ကလေးနှင့်။သို့သော်သူ့အမေ၏နားသွင်းစကားများကအတော်လေးထိရောက်သည်ပြောရမည်။ယောင်လို့ပင်တချက်နောက်သို့ပြန်လှည့်မကြည့်။ထိုကလေးပြောလိုက်သောနောက်ဆုံးစကားတစ်ခွန်းကြောင့်လက်ရုံးရင်ထဲလဲအောင့်သက်သွားရသည်။
*အဲ့လူဆိုးကြီးကိုမီးမခေါ်တော့ဘူးနော် သူကလူတေကိုဒုက္ခပေးတဲ့မကောင်းတဲ့လူ*
သူကဖြူဖြူစင်စင်ကလေးတယောက်ဆီကပင်အမုန်းခံရတဲ့မကောင်းဆိုးဝါးဖြစ်သွားခဲ့ရသည်။သက်လုံးပုံလေးများသူ့ကိုမုန်းသွားပြီလားဟုတွေးမိရင်းလက်ရုံးဝမ်းနည်းသွားသည်။
*သူ့မာမီပြောတာလဲမှန်တာပဲ ငါကကောင်းမှမကောင်းတာ ဟူး*
ညိုးငယ်နေသောမျက်နှာထားနှင့်သက်ပြင်း
ရှည်ကြီးတချက်မူတ်ထုတ်လိုက်သောလက်ရုံးကြောင့် ခြယ်လက်ရုံးမျက်နှာလေးကိုလက်ဝါးနှစ်ဖက်နှင့်အုပ်ကိုင်ကာ
"ကိုး ဝမ်းနည်းလို့လား"
"မဟုတ်ပါဘူး ဒီတိုင်း"
"မဟုတ်ဘူးကိုး ကွျန်မပြောမယ် ကိုးကဝမ်းနည်းနေတယ်ဆိုရင်လဲဝမ်းနည်းပစ်လို့ရတယ် ငိုချင်ရင်လဲငိုချလို့ရတယ် ကျွန်မရှိတယ် တလောကလုံးကကိုးကိုရူံ့ချနေချရင်တောင်ကျွန်မကတော့ကိုးအတွက်ရှိနေပေးမယ် ကိုးအတွက်ကျွန်မရှိတယ် ကိုးကိုကျွန်မကကာကွယ်ပေးပါ့မယ်"
"...."
လက်ရုံးဘာမှခွန်းတုံ့မပြန်ပဲခြယ့်မျက်နှာကိုသာတွေတွေစိုက်ကြည့်နေလေသည်။
ခြယ် လက်ရုံးခေါင်းလေးကိုမိခင်တယောက်ကသားဖြစ်သူကိုယုယသည့်အလားလက်ဖြင့်အသာယာပွတ်သပ်ပေးနေသည်။နူးညံ့သည့်ဆံေကသာပျော့ဆင်းဆင်းလေးတွေကိုတယုတယပွတ်သပ်ပေးနေသည့်
ခြယ့်လက်အောက်မှာလက်ရုံးကလေးတယောက်လိုငြိမ်သက်နေမိသည်။
"အခုကိစ္စကလဲကျွန်မပြောမယ် ဟိုမိန်းမကိုကကိုးကိုမိူချိုးမျှစ်ချိုးပြောချင်နေတာ ဘာမှသူပြောတဲ့စကားေတွခေါင်းထဲထည့်မနေနဲ့ ပုံစံကိုကဇောင့်ကြွားကြွားနဲ့ ငါ့ယောကျာ်းကိုပြောဆိုနေတာများလက်ကိုယားနေတာ ယောကျာ်းကမလုပ်နဲ့ဆိုလို့ မဟုတ်ရင်အဲ့ကလေးအမေကိုနားရင်းရောပါးရောရိုက်မိမာ"
"ဟဲ့ ကိုးမိန်းမကလဲစွာလိုက်တာ တကယ်ပါပဲ မှတ်မိသေးတယ် ကိုးတို့စတွေ့ထဲကသတ်ခဲ့ရတာလေ အဲ ကိုးကကားထဲမာမင်းကလမ်းပေါ်မာလေ မှတ်မိတယ်မလား ဟဲ နောက်တခါကစာအုပ်ဆိုင်မာလေ မင်းကိုးအပေါ်စာအုပ်တေပြုတ်ကျအောင်လုပ်ပြီးမတောင်းပန်ချင်တာလေ တကယ့်ဟာလေး အမှားလုပ်ပြီးမတောင်းပန်ချင်ဘူး တကယ့်ကိုးမိန်းမ ပီသတာ လိုက်လဲလိုက်တယ်အကြောတင်းတာကိုးအတိုင်းပဲ မင်းကကိုးထက်တောင်သာသေး"
ခြယ် အံ့ဩသွားသည့်ဟန်နှင့်အရောင်လက်သွားသောမျက်လုံးအစုံနှင့်လက်ရုံးကိုစိုက်ကြည့်ကာ
"ကိုးမှတ်မိတယ်ဟုတ်လား စစတွေ့တုန်းကကိစ္စကိုကိုးမမှတ်မိဘူးထင်နေတာ ကိုးကကောင်မလေးတယောက်ကိုကားပေါ်မှာဟိုဟာလုပ်နေတာကို ကျွန်မကကားေဘးကဖြတ်သွားမိတာလေ မှတ်မိတယ်ပေါ့လေ ဟုတ်လား ဟုတ်လား မျက်နှာလဲမမြင်ခဲ့ရပဲကိုးဘယ်လိုမှတ်မိလဲ"
"မှတ်မိတာပေါ့ ကိုးကမင်းအသံလေးကိုမှတ်မိနေတာ ပြီးတော့အဲ့ဆတ်ဆတ်ထိမခံစကားေပြာပုံလေယူလေသိမ်း ကိုးထုတ်မေပြာခဲ့ေပ
မယ့်မင်းနဲ့ပက်သက်တာေတွအများကြီးသိတယ်သိလား ကိုးကိုအဲ့သလိုဆတ်ဆတ်ထိမခံပြန်ပြောရဲတာမင်းပဲရှိဖူးတာ တကယ့်အဆိုးလေး ကိုးမင်းကိုစာအုပ်ဆိုင်မှာတွေ့ပြီးထဲကချစ်ခဲ့တာဒီအကြောတင်းလေးကို အသေလဲကြွေခဲ့ရတာ ချစ်လွန်းလို့သူများမဦးေအာင်မရရအောင်ယူထားရတာသိရဲ့လား"
"ယူပြီးနှိပ်စက်သိလား"
"တောင်းပန်ပါတယ်နော် မကျေနပ်ရင်ကိုးကိုပြန်လုပ်လေ တကယ်ပြောတာမင်းကြိုက်သလောက်ပြန်ရိုက်ပြန်နှိပ်စက်ကိုးခံမယ် နော် ကြိုက်တာလုပ်ပါကိုးခွင့်ပြုတယ်"
ခြယ် အောက်နူတ်ခမ်းထော်ပြပြီးမဲ့ရွဲ့ပြကာလက်ရုံးနဖူးကိုလက်ဝါးနှင့်တချပ်ပိတ်ရိုက်လိုက်ရင်း
"မရိုက်ရက်ပါဘူးနော် ရိုက်စရာလားအဖိုးတန်လေးကို ငါ့ကိုးကို ချစ်လွန်းလို့လက်ဖျားနဲ့တောင်မထိရက်ပါဘူး"
"လက်ဖျားနဲ့တော့မထိရက်ဘူးခုပဲလက်ဝါးနဲ့ချထည့်လိုက်တာ"
လက်ရုံးကျိန်းစပ်သွားသောနဖူးပြင်ကိုလက်ဖြင့်ပွတ်သပ်ရင်းရယ်ကျဲကျဲနှင့်ပြောသည်။
"ဘာလဲမကျေနပ်ဘူးလား"
"ကျေနပ်ပါတယ်ဗျာ မြခြယ်သဘော မြခြယ်ဆန္ဒ ရိုက်ချင်လဲကြိုက်သလောက်ရိုက် ကျွန်တော်ခံပါ့မယ် ဒီလူမကောင်းကောင်နှိပ်စက်သမျှကိုကိုယ့်မြခြယ်ကအများကြီးသည်းခံလာပေးတာမလို့ကိုးကလဲမြခြယ့်ပြုသမျှနုပါ့မယ်ဗျာ မင်းမလိမ္မာရင်လဲကိုးကနာနာရိုက်ပြီးဆုံးမပေးမယ်နော် အဟက်"
"ရိုက်လေရိုက် ပြီးရင်တော့ယူ့ဒယ်ဒီဦးမြတ်သုခနဲ့ရှင်းပေါ့ ဟဲ တို့ဘက်မှာဒယ်ဒီတယောက်လုံးမားမားမတ်မတ်ရှိနေတာဘယ်သူမှမကြောက်ဘူးနော်"
"ဟဲဟဲ စတာပါဗျာ ကြောက်ပါတယ် ဒယ်ဒီကလေကိုယ့်သားထက်သူ့ချွေးမကိုပိုပြီးဘက်လိုက်နေတာ ဟွန်း"
"ဒီလိုပဲဖြစ်ရမယ်လေ စိမ်းမြခြယ်တို့ကချစ်မွှေးကိုပါတာ"
"ဒါပေါ့ ကိုးရဲ့အချစ်ခံလေး ကိုးအသဲလေး ဟာကွာ ငါ့မိန်းမကိုအသဲယားလွန်းလို့ရိုက်သတ်ပစ်ချင်လိုက်တာ"
တခြားယောကျာ်းသားတွေလိုစကားလုံးနုနုရွရွ အဖွဲ့အနွဲ့လေးတွေစီကာပတ်ကုံးမပြောပြတတ်
ပေမယ့်ဒီေယာကျာ်းဆိုလိုချင်တာကိုခြယ်နားလည်သည်။
ပြောရင်းဆိုရင်းနှင့်ပင်ခြယ့်မျက်နှာကိုသူ့ရင်ခွင်အတွင်းဆွဲသွင်းကာမျက်နှာတစ်ပြင်လုံးကိုစိတ်ရှိလက်ရှိအနမ်းတွေခြွေပါတော့သည်။
"ဟဲ့ ဖြေးဖြေး ကိုးရဲ့ ကလေးလေးကျနေတာပဲ"
"ကျေးဇူးတင်ပါတယ်နော်"
"ဘာကိုလဲ ကိုးရဲ့"
"ခုနကဟိုမိန်းမရှေ့မာကိုးဘက်ကရပ်တည်ပေးခဲ့လို့"
ခြယ်ခေါင်းခါပြရင်းလက်ဝါးကာပြကာ
"အခုထိအဲ့အကြောင်းကိုတွေးမိနေတုန်းပဲလား ခေါင်းထဲကထုတ်လိုက်တော့လေ ကျေးဇူးတင်စရာမလိုဘူး ကိုးအတွက်ကျွန်မရှိတယ်လို့ပြောထားတယ်မလား"
"တလောကလုံးကကိုးကိုပုတ်ခတ်ပြောဆိုနေကြရင်တောင်မင်းကိုးဘက်မှာရှိနေရင်လုံလောက်ပြီ မင်းရှိနေရုံနဲ့တင်လုံလောက်ပြီ စွန့်ခွာမသွားပါနဲ့ဘယ်လိုအခြေအနေဖြစ်ဖြစ်ထားမသွားပါနဲ့ မင်းမရှိရင်ဒီကောင်ကရပ်တည်နိုင်ဖို့မသေချာဘူး ထားမသွားပါနဲ့ ရှိနေပေးပါ မင်းမရှိရင်ကိုးပြိုလဲကျသွားလိမ့်မယ် ကိုယ်ပြန်ရပ်တည်လာနိုင်ဖို့မင်းကိုလိုအပ်တယ် န်ော နော်"
လက်ရုံး ခြယ့်လက်ဖဝါးကိုသူ့လက်ဖဝါးများ
ဖြင့်အေပါ်မှအုပ်မိုးဆုပ်ကိုင်လျက်ဖျစ်ညှစ်ရင်း တောင်းပန်တိုးလျှိုးနေသည့်မျက်ဝန်းတို့နှင့်ထိုစကားတို့အားတဖွဖွပြောသည်။
"ကိုးကိုချစ်တယ် ကိုးနဲ့အတူရှိနေပေးသွားဖို့ကတိပေးတယ်"
လက်ရုံးသူ့ခန္ဓာကိုယ်ကိုကိုင်းညွှတ်လိုက်ကာသူ့ရှေ့တွင်ရပ်နေသည့်ခြယ့်ပုခုံးပေါ်နဖူးတင်ပြီးမျက်လုံးစုံမှိတ်ထားလိုက်သည်။
"ခဏလေးပါ ခဏလေးဒီတိုင်းလေးနေချင်လို့"
သူ့ပုခုံးပေါ်ကလေးလေးတေေယာက်လိုမျက်နှာအပ်ထားသည့်လက်ရုံးကြောင့်ခြယ့်မှာဘာလုပ်ရကိုင်ရမှန်းမသိ။ဒီအေနအထားမှာသူ၏အသက်ရှူသံကိုလဲစည်းချက်မှန်မှန်ကြားနေရပြီးအသက်ရှူလိုက်တိုင်းလေငွေးနွေးနွေးတို့ကခြယ့်ပုခုံးကိုလာရိုက်ခတ်သည်။
"ကိုးဗိုက်ဆာတယ် မနက်စာခုထိမစားရသေးလို့ခေါင်းမူးနောက်နေတယ် ခေါင်းတခြမ်းကိုက်နေတယ်"
"ဟယ် နေလို့မကောင်းဘူးလား"
ခြယ်ပျာယာသွားကာပုခုံးပေါ်မှောက်အိပ်နေသောလက်ရံုးခေါင်းေလးကိုမှေးဖျားမှအသာယာဆွဲကိုင်ပြီးခေါင်းမော့စေသည်။လက်ရံုးဧ။်နဖူး၊နားထင်တဝိုက်စိုးရိမ်စိတ်ဖြင့်လိုက်လံကိုင်တွယ်စမ်းသပ်ရင်း
"ကိုယ်တော့မပူဘူးရယ်"
"မဟုတ်ဘူး ကိုးကမနက်စာအချိန်မှန်မစားရရင်ခေါင်းကိုက်တတ်တာ အဲ့တာကြောင့်ဖြစ်တာ"
ခြယ်နံရံပေါ်ရှိနာရီကိုမော့ကြည့်မိတော့မနက်10နာရီခွဲလုပြီ။လက်ရုံးနိုးလာတာကတင်မနက် 9နာရီကျော်ဆိုတော့မနက်စာစားချိန်အတော်လွန်နေပြီ။ဒီမှာလဲစားစရာဆန်တစ်စေ့မျှပင်မရှိပေ။
လူမနေတာကြာနေပြီဖြစ်၍ ဘာဆိုဘာမှစားစရာမရှိပေ။အပြင်ထွက်တခုခုစားရင်း ဝယ်စရာရှိတာတွေဈေးဝယ်ထွက်ရမည်ဟုခြယ်စိတ်ကူးမိလိုက်သည်။
"ဗိုက်ဆာနေရင်အပြင်ထွက်ပြီးတခုခုစားကြမယ်လေနော် ခဏနော် ကျွန်မအဝတ်စားလေးလဲပါရစေ ဒီမာခဏထိုင်စောင့်နေနော် သုံးမိနစ်ပဲ"
"ဂျိုးကိုဖုန်းဆက်ခေါ်လိုက်ကြမလား ကိုးကားမောင်းတာသိတဲ့အတိုင်းပဲ သူဖုန်းလှမ်းဆက်ပြီးခေါ်မှပဲရမယ်"
"အာ့ဆိုကျွန်မဆက်လိုက်မယ်နော် ကိုးကသက်တောင့်သက်သာနေနေနော် နောက်ကိုမှီပြီးသက်သက်သာသာထိုင်ပါလားကိုးရဲ့"
"ခေါင်းလေးနည်းနည်းထိုးကိုက်ရုံပါ ကိုယ့်မြခြယ်ရယ် အဲ့လောက်ကြီးစိတ်ပူမနေပါနဲ့ မင်းလင်ကအေးဆေးပါဗျာ"
"ဟုတ်ပါပြီ"
ခြယ်အိပ်ခန်းအတွင်းပြန်ဝင်လာပြီး မနေ့ညကဘယ်နားချထားမိမှန်းမသိတဲ့ဖုန်းကိုပြန်လိုက်ရှာကာ ဖုန်းနံပါတ်တခုကိုနှိပ်လိုက်သည်။
တစ်ဖက်မှချက်ချင်းဖုန်းဖြေသံလဲပြန်ကြားလိုက်ရသည်။
***
ဂျိုးစားပွဲခံုအားအငြိမ်မေနနိုင်စွာလက်ဖြင့်တဒေါက်ဒေါက်ခေါက်ကာ ပေါ်မလာနိုင်သေးသည့်သူ့ကိုရင်တဒိတ်ဒိတ်နှင့်စောင့်မျှော်နေမိသည်။ဘောင်းဘီအိတ်ထဲမှစီးကရက်ဘူးကိုနိူက်ယူကာစိတ်ပြေလက်ပျောက်ဆေးလိပ်တစ်ဖွာနှစ်ဖွာရှူရိူက်မိနေပြန်သည်။ဂျိုးစောင့်ဆိုင်းရသည်ကိုတကယ်ပင်စိတ်မရှည်တော့။သူအများကြီးမျှော်လင့်မထားရဲ အဆုံးထိမျှော်လင့်ယုံကြည့်ထားပြီးမှဘာမှဖြစ်မလာသည့်ခံစားချက်ကိုသူအသိဆုံး။အကောင်းဆုံးကိုလဲမျှော်လင့်ထားသလိုအဆိုးဆုံးကိုလဲလက်ခံနိုင်ဖို့သူပြင်ဆင်ထားသည်။သူပထမဆံုးအချစ်မှာကြိုးစားခွင့်တောင်မရလိုက်ခဲ့ပေမယ့်ဒီတစ်ကြိမ်ကိုတော့သူကံကောင်းချင်သည်။
သူအသဲကွဲထပ်ကွဲရမှာကိုသေလုမတတ်ကြောက်နေမိသည်။လူတယောက်ကအသဲနှစ်ကြိမ်ကွဲပြီးရင်ခံစားချက်တွေကင်းမဲ့သွားတတ်သည့်ဆိုသည့်အတိုင်း ဒီတကြိမ်သူအသဲကွဲရရင်တော့ဂျိုးဘယ်သူ့ကိုမှထပ်မချစ်တော့ဖို့ရာခိုင်
ိနူန်းအပြည့်။
"ဟူး မလာသေးဘူးလားကွာ"
တယောက်ထဲကြိတ်ရေရွတ်ရင်းစိတ်ထဲမှလဲအတွေးပေါင်းစုံဝင်နေမိသည်။
*သူအပြစ်တခုခုများလုပ်ထားလို့အိမ်ပြင်ထွက်ခွင့်ပိတ်ခံရတာလား*
*မလာတော့ဖို့များဆုံးဖြတ်ထားတာလား*
*သူဆေးလိပ်ခိုးသောက်တာမိသွားလို့အိမ်ကအပြင်မလွှတ်တော့တာလား*
*ခုထိများမနိုးသေးတာလား*
ဂျိုးအတွေးပေါင်းစုံနှင့်ဖုန်းlock screenမှအချိန်ကိုကြည့်ပြီးသက်ပြင်းချမိသည်။10နာရီတောင်ထိုးလုပြီသူပေါ်မလာနိုင်သေး။
နှစ်လမ်းကျော်ကဒီအသုပ်ဆိုင်လေးကိုထွက်လာဖို့ဘယ်လောက်တောင်သူအချိန်ယူနေလဲမသိ။
ဆိုင်ရှင်အဒေါ်ကြီးကလဲရောက်နေတာနာရီဝက်မကတော့ပဲခုထိဘာမှမမှာရသေးသည့်သူ့ကိုကြည့်ကာပုပ်သိုးသိုးဖြစ်နေ၍ ဂျိုးဝတ်ကြေတန်းကြေအစုံသုပ်တစ်ပွဲအားနာပါးနာမှာထားလိုက်ရသည်။ဝတ်စားလာတာနှင့်မှမထောက်လမ်းဘေးအသုပ်ဆိုင်မှာထိုင်နေရသည့်သူ့အဖြစ်ကရယ်ချင်စရာ။
Mallတခုခုမှာတွေ့မလားလို့ချိန်းကြည့်ပေမယ့် ဟိုဟာလေးကအိမ်ကဘွားတော်ကဒီတလောအဝေးကြီးပေးမလိမ့်ဘူး အနီးနားပဲရမယ်မလာချင်မလာနဲ့ဟုအထက်စီးကချေချထား၍သူ့မှာဒီအသုပ်ဆိုင်လေးတော့လာပေးပါဟုတောင်းပန်ခယပင့်ထားရလေသည်။
"ဟေ့ ဘဲကြီး"
ပုခုံးပေါ်ကျရောက်လာသည့်ရိုက်ချက်နှင့်အတူထွက်ပေါ်လာသည့်အသံစူးစူးလေးကြောင့်ဂျိုးဝမ်းသာအားရနောက်လှည့်ကြည့်မိသည်။သူမှသူအစစ်။လလေးလုံးရောက်ရှိလာပါပြီ။
ထင်သည့်အတိုင်းခုမှအိပ်ရာနိုးလာလားမသိအိပ်ချင်မူးတူးရုပ်နှင့်အနည်းငယ်ရူပ်ပွနေသောအုန်းမုတ်ခွက်ကေလုံးလုံးလေး။
ထုံးစံအတိုင်းချယ်လ်ဆီးအသင်းဘောလုံးအကျီနှင့်။ဘယ်နေရာမှာတွေ့တွေ့ဘောလုံးအကျီတွေနဲ့ချည်းတွေ့ရတာများတာလလေးလုံးပါ။
"ရောက်လာပြီလား ကိုယ်စောင့်လိုက်ရတာကွာ"
"ခင်ဗျားကအခုကျွန်တော့်ကိုငြိုငြင်လိုက်တာလား"
"မဟုတ်ရပါဘူးဗျာ မငြိုငြင်ရဲပါဘူး ပြောပြတာပါ"
Advertisement
- In Serial19 Chapters
A noble blood sacrifice
A confident young man with a well paying job, worries about his mother and two sisters when he's away at work. They are constantly harassed and bullied by the community who accuse them of practicing witchcraft. His father was a known witch, but he made money for a lot people. Since his death the family business has dwindled. And so have the friendships. The family has had to adapt in some conventional ways, along with some questionable ones too. Leaving us to question if wrong can be right and if some wrongs are really wrong at all.
8 116 - In Serial16 Chapters
World of Warcraft: The Beholder
A young man with not so amazing talent and no achievement in life was transported in azeroth.Will this young man achieve something in his life in this blasted world or will he succumbed to power like Prince Arthas,follow this young man as he rose to greater heights in the realistic world of azeroth!When he was transported in a world that almost took his life, Elijah was driven into an corner that change both his mind and body, will he become the embodiment of the land of lordaeron or will he be the cause for its second downfall, will he begin a terrifying act that will butcher the people like the betrayer Arthas or will he be the one to unify it all again.________________________ Mature Content : Bloody scenes (I'LL leave that to your imaginations my friends)
8 137 - In Serial96 Chapters
Airi in a Thousand Worlds
Normies reincarnating into a villain or villainess, NEETs reincarnating into monsters, Normies and NEETs reincarnating into the undead, hero or inanimate object, etc etc... we've seen them all. But have you seen a goddess reincarnate into cannon fodder?! Of course! Not! Follow Airi (or her clones), a goddess of Karma, in her adventures of pushing up the hero/heroine with her blood (literally), sweat (literally?), and tears (literally)!
8 170 - In Serial23 Chapters
Moonshot
Gregarious businessman Evin Tumble is fascinated by the sudden and inexplicable appearance of a low-orbiting moon. Specifically, he's interested in shooting it down with a giant cannon. The moon is only about eight miles overhead, but it's high enough and quick enough that nobody can reach it by balloon or airship. He hires our protagonists: taciturn Iseult Morrin, cheerful Sean Whelan, and nervous Íde Ceallaigh, to help him with his obsession. As our heroes are dispersed across the continent to perform tasks for Tumble, and the moon-hunt draws closer, they become increasingly suspicious of their benefactor's motives and true nature. Moonshot is a story centred around struggling with confidence, the difficulty of being an immigrant, and the duality of truth, all clad in the trappings of an urban fantasy. It is character-driven, from the heart, and based on tropes and ideas that are missing from a lot of contemporary fantasy (a push beyond the flawless-yet-somehow-still-needs-rescuing-by-an-oafish-man heroine trope, a touch of cosmic magic based on the shared geometries of Celtic and Arab art).
8 132 - In Serial30 Chapters
the Otherworld Scientific Researcher
In the year of 2225, where technology have led humans to populate the moon and colonized Mars have reach a standstill because humans have mysteriously awoken to their psychic powers. Cultivating psychic power have become a norm and reseaching new technologies have become outdated.. Raynor, a once famous researcher have been outcasted by the world for not obtaining psychic power and has been secluded in the mountain while continuing his scientific research.. While Raynor is experimenting his warp drive, his once best friend betrayed him and sabotaged his lab while supposedly creating a black hole and destroy his lab alongside with him, the next thing he knew is he wake up in a different world, a world like the period of middle ages but is filled with magic, creatures from fantasy and.. Summoned Hero?
8 116 - In Serial29 Chapters
Yellow || Fred Weasley
"But you're right, I am Fred" "My name's Gaia Eruditus. And no, I was not born with yellow hair"She's nothing special. Okay, maybe being a metamorphmagus counts as special. But other than that, she's just an ordinary young witch. That just so happens to meet a pair of twins and gets caught with the issues of The Boy Who Lived."Yellow? It means happy"
8 148

